My Blogs

Find on Facebook

တခြား ဘလောက်လေးတွေ သွားဖတ်လို့ ရပါတယ်။

တင်ခဲ့ပြီးသော ဆောင်းပါးများ အစဉ်လိုက် ဖတ်ရန် (ခေါင်းစဉ်ကို နှိပ်၍ ဖတ်နိုင်သည်။)

Monday, February 29, 2016

ဗုဒ္ဓကျမ်းပေါင်းများစွာကို လွှင့်တင်ထားသော ၀က်ဆိုက်နှင့် မိုဘိုင်း ဆော့ဖ်ဝဲလ် များ ရှိလာသော်လည်း သိရှိသူ နည်းပါးနေသေး

၇ ရက်သားသမီးများ ကုသိုလ်အလို့ငှာ ဖတ်ရှုအဆင်ပြေချောမွေ့စေရန် ဓမ္မဒါန စာရိုက်တင်ပေးပါသည်။ ပြန်လည် ဝေငှခြင်းဖြင့် လက်ဆင့်ကမ်းကြပါကုန်လော့ သူတော်စင် အပေါင်းတို့ ၊ စည်သာဟိန်း ။  EMG ၂၆-၁-၂၀၁၆
ဗုဒ္ဓကျမ်းပေါင်းများစွာကို လွှင့်တင်ထားသော ၀က်ဆိုက်နှင့် မိုဘိုင်း ဆော့ဖ်ဝဲလ် များ ရှိလာသော်လည်း သိရှိသူ နည်းပါးနေသေး
ဗုဒ္ဓကျမ်းစာပေါင်းများစွာကို လွှင့်တင်ထားသော ၀က်ဆိုက်နှင့် မိုဘိုင်းဆော့ဖ်ဝဲလ် များစွာ ရှိလာသော်လည်း သိရှိသူနည်းပါးနေသေးကြောင်း သိရသည်။ ယင်းဝက်ဘ်ဆိုက် မှာ www.kbrl.gov.mm ဖြစ်သည်။
ယင်းဝက်ဘ်ဆိုက်မှာ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ ကမ္ဘာအေး ဗုဒ္ဓသုတေသနစာကြည့်တိုက် ကို အခြေခံ၍ ဒစ်ဂျစ်တယ် ဗားရှင်းအဖြစ် ဖန်တီးပေးထားကြောင်း သိရသည်။ Myanmar Computer Company(MCC) က ရေးဆွဲလှူဒါန်းထားခြင်း ဖြစ်ပြီး ဗုဒ္ဓကျမ်းဂန်ပေါင်းများစွာကို eBook  အဖြစ်ရယူ ဖတ်ရှုနိုင်ကြောင်း သိရသည်။
ယင်းဝက်ဘ်ဆိုက်တွင် ဆဋ္ဌမူပိဋကတ်သုံးပုံ ပါဠိတော် ဖြစ်သည့် ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာ တို့ကို မြန်မာပြန်၊ အင်္ဂလိပ် ဘာသာပြန် တို့ဖြင့် ရရှိနိုင်ပြီး၊ သာသနာရေး ၀န်ကြီးဌာနမှ ထုတ်ဝေထားသော စာမေးပွဲ ဆိုင်ရာ စာအုပ်များ၊ ဓမ္မပဒ စာအုပ်များ၊ ဗုဒ္ဓ၀င် ကျမ်း စာအုပ်များ၊ အဘိဓမ္မာစာအုပ်များ၊ ဘုရားသမိုင်း စာအုပ်များ၊ ၀ိပဿနာစာအုပ်များ၊ အထုပ္ပတ္တိ ဆိုင်ရာ စာအုပ်များ၊ အဘိဓါန် ဆိုင်ရာ စာအုပ်များကို စုံလင်စွာ ဖတ်ရှုလေ့လာနိုင်ကြောင်း သိရသည်။
အင်္ဂလိပ် ဘာသာဖြင့် ပြုစုထားသော ဗုဒ္ဓစာပေများကိုလည်း ရရှိနိုင်ပြီး တရားတော်များကို MP3 အသံဖိုင်ဖြင့် ရရှိနိုင်သည်။ သာသနာရေးဝန်ကြီးဌာနပိုင် စာအုပ်များ အပြင် ပြင်ပ ဆရာတော်ကြီးများ ၊ ပညာရှင်များ၏ စာအုပ်များလည်း ပါဝင်နေသောကြောင့် ထိုစာအုပ်များကို ၀က်ဘ်ဆိုက်ပေါ် လွှင့်တင်ခွင့်ပြုနိုင်ရန်နှင့် ဆွေးနွေးရန် ရှိပါက ညွှန်ကြားရေးမှူး(ပြည်ပသာသနာပြုဌာနခွဲ၊ ကမ္ဘာအေးကုန်းမြေ) သို့ လာရောက်ဆက်သွယ်နိုင်သည်ဟု သိရသည်။
Andriod  ဖုန်းများ အတွက် မိုဘိုင်း ဆော့ဖ်ဝဲတွင် Myanmar Tripitaka  မှာ ဖိုင် အရွယ်အစား 5.22 MB သာ ရှိပြီး စုစုပေါင်း - ၄၉ ကျမ်းကို မြန်မာဘာသာပြန်ဖြင့် ထည့်သွင်းပေးထားကြောင်း သိရသည်။  ထို့အတူ Abhidhamma အဘိဓမ္မာ မိုဘိုင်း ဆော့ဖ်ဝဲ  မှာ ဖိုင် အရွယ်အစား 4.34 MB ရှိပြီး အဘိဓမ္မာ ကိုးပိုင်း ပါဝင်သည်။ 
နေမျိုးထွန်း
Sources; Eleven Media ၊ From Daily Newspaper- Jan-6

No comments:

Post a Comment