ရွမ္းျပည္နယ္ေတာင္ပုိင္း က လည္ခ်င္စရာ အေကာင္းဆံုး ၿမိဳ႕ ၁၀ ၿမိဳ႕
ရွမ္းျပည္နယ္ တစ္ျပည္နယ္လံုးမွာ လည္ခ်င္စရာမ်ားႏွင့္ ျပည့္ႏွက္ေနၿပီး သူ႔သဘာ၀၊ သူ႔အလွႏွင့္သူ လွပေနတာ ျဖစ္ပါသည္။ ရွမ္းျပည္နယ္ေတာင္ပုိင္းဟု ဆိုလိုက္လွ်င္ ေတာင္ႀကီးခရုိင္၊ လြိဳင္လင္ခရုိင္ ႏွင့္ လင္းေခးခရိုင္ ဟူ၍ ခရိုင္သံုးခု ရွိပါသည္။ ရွမ္းျပည္ေတာင္ပုိင္းခရိုင္သံုးခုတြင္ ေတာင္ႀကီးခရုိင္ မွလြဲ၍ က်န္ ခရုိင္ ႏွစ္ခုမွာ နယ္ေျမအေျခအေနေၾကာင့္ သြားေရးလာေရး အခက္အခဲ ရွိၿပီး၊ ေတာင္ႀကီးခရိုင္တြင္းရွိ ၁၀ ၿမိဳ႕နယ္ မွာ လည္ပတ္ခ်င္စရာ အေကာင္းဆံုးေသာ ၿမိဳ႕မ်ား ျဖစ္ပါသည္။
ေတာင္ႀကီးခရိုင္တြင္းရွိ ၿမိဳ႕နယ္ေပါင္း ၁၀ ၿမိဳ႕နယ္တြင္ ရွိၾကေသာ သြားလာလည္ပတ္ႏုိင္ေသာ ေနရာမ်ားကို တတ္စြမ္းသေရြ႕ မိတ္ဆက္ေပးခ်င္ပါသည္။ အဆုိပါ ၿမိဳ႕နယ္ေပါင္း ၁၀ ၿမိဳ႕နယ္တို႔တြင္ တုိင္းရင္းသားေပါင္းစံု၊ ေရေျမသဘာ၀ေပါင္းစံု တုိ႔ကို သြားေရာက္လည္ပတ္ႏုိင္မည္ျဖစ္ၿပီး၊ ေရွးေဟာင္းယဥ္ေက်းမႈမ်ားကိုလည္း ေလ့လာႏုိင္မည္ျဖစ္ေပသည္။
ေတာင္ႀကီးခရိုင္တြင္ ေတာင္ႀကီးၿမိဳ႕နယ္၊ ေညာင္ေရႊၿမိဳ႕နယ္၊ ကေလာၿမဳိ႕နယ္၊ ရပ္ေစာက္ၿမဳိ႕နယ္၊ ဖယ္ခံုၿမိဳ႕နယ္၊ တုိ႔ ရွိၿပီး၊ ဓႏုကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ ရြာငံၿမဳိ႕နယ္၊ ပင္းတယၿမဳိ႕နယ္၊ ပအုိ၀္းကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရ ေဒသတြင္ ဟိုပံုးၿမိဳ႕နယ္၊ ဆီဆုိင္ၿမိဳ႕နယ္၊ ပင္ေလာင္းၿမဳိ႕နယ္တုိ႔ ပါ၀င္သည္။
၁။ ေတာင္ႀကီးၿမိဳ႕နယ္
ရွမ္းျပည္နယ္ၿမိဳ႕ေတာ္မွာ ေတာင္ႀကီးၿမိဳ႕ျဖစ္ၿပီး၊ ျမန္မာႏုိင္ငံမွာ တတိယေျမာက္ ၿမိဳ႕ေတာ္ျဖစ္ကာ၊ အသန္႔ရွင္းဆံုး စံျပဆု ရရွိထားေသာ ၿမိဳ႕ေတာ္ လည္း ျဖစ္ပါသည္။ အာဆီယံႏုိင္ငံမ်ားတြင္ ေနခ်င္စဖြယ္ ၿမိဳ႕ေတာ္ ၁၀ ခုတြင္လည္း ေတာင္ႀကီးၿမိဳ႕ပါ၀င္ၿပီး၊ ႏုိင္ငံတကာ ဆုမ်ားစြာကုိလည္း ရရွိထားေသာ ၿမိဳ႕တစ္ၿမိဳ႕ လည္း ျဖစ္ပါသည္။ ေတာင္ႀကီးၿမိဳ႕သည္ ျမန္မာတစ္ႏုိင္ငံလံုးတြင္ ေလထု အသန္႔စင္ဆံုး ၿမိဳ႕ျဖစ္ကာ၊ အပူပိုင္း ေဒသမွ ေႏြရာသီအပန္းေျဖရန္ လာေရာက္၍ ေႏြေရွာင္အပန္းေျဖရန္ သင့္ေတာ္ေသာ ၿမဳိ႕လည္းျဖစ္သည္။
ေတာင္ႀကီးၿမိဳ႕သည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပေပါင္း ၄၇၁၂ ေပ ျမင့္ေသာ ေတာင္ေပၚၿမိဳ႕ေလး တစ္ၿမိဳ႕ ျဖစ္ၿပီး၊ ထင္ရွားေသာ ပဲြေတာ္မွာ တန္ေဆာင္တုိင္ ရုိးရာမီးပံုးပ်ံပဲြေတာ္ ျဖစ္ပါသည္။ ခ်ယ္ရီၿမဳိ႕ေတာ္ အျဖစ္ နာမည္ႀကီးၿပီး၊ ေဆာင္းရာသီေႏွာင္းပုိင္းအခ်ိန္ တစ္ၿမဳိ႕လံုး ခ်ယ္ရီပန္းမ်ား ေ၀ဆာဖူးပြင့္သည္။
ေတာင္ႀကီးၿမိဳ႕နယ္တြင္ ေတာင္ႀကီးၿမိဳ႕၊ ေအးသာယာၿမဳိ႕၊ ေရႊေညာင္ၿမိဳ႕ ႏွင့္ ေက်ာက္တစ္လံုးႀကီးၿမိဳ႕ ဟူ၍ ၿမိဳ႕ေလးၿမဳိ႕ ပါ၀င္ၿပီး၊ ရပ္ကြက္ ႏွင့္ ေက်းရြာအုပ္စုေပါင္း
(၇၅) ခု
၊ ေက်းရြာေပါင္း
(၁၇၄) ရြာ ပါ၀င္သည္။ ေတာင္ႀကီးၿမိဳ႕နယ္တြင္ လူဦးေရေပါင္း သံုးသိန္းႏွစ္ေသာင္းေက်ာ္ ေနထုိင္ၾကၿပီး၊ တိုင္းရင္းသားလူမ်ဳိးေပါင္းစံု
(၁၀) မ်ဳိးခန္႔ မွီတင္းေနထုိင္ၾကသည္။
ေတာင္ႀကီးၿမိဳ႕တြင္ ထင္ရွားေသာ ေနရာမ်ားမွာ ေတာင္ႀကီးၿမိဳ႕ အေရွ႕ဘက္ေတာင္တန္းရွိ နဂါးေတာင္တန္း ေပၚမွ ထင္ရွားေသာ ေစတီေတာ္မ်ား၊ ေတာင္ခၽြန္း၊ ႏွင့္ ၿမိဳ႕ေပၚ အထင္ကရ ေနရာမ်ား ျဖစ္ပါသည္။ ေတာင္ႀကီးၿမဳိ႕ ကကၠဴသြားလမ္းတြင္ နမ့္ေဗး ေရတံခြန္ ရွိၿပီး၊ ဟုိပံုးသြားလမ္းတြင္ သဘာ၀ လႈိဏ္ဂူ အခ်ဳိ႕လည္း ရွိသည္။ ေအးသာယာၿမဳိ႕တြင္ ေရွးက်ေသာ ေနာင္အင္ေစတီေတာ္ တည္ရွိၿပီး၊ ကမာၻ႔သယံဇာတ မံုတ၀လႈိဏ္ဂူေတာ္ ကုိ လည္း သြားေရာက္ လည္ပတ္ႏုိင္ပါသည္။
ေရႊေညာင္ၿမိဳ႕တြင္ ထင္ရွားေသာ အရိပ္မေပၚ ေမြေတာ္ဘုရား၊ လြယ္မုိင္းစဥ္ ေတာင္ ေစတီေတာ္ တည္ရွိၿပီး၊ အံ့ၾသဖြယ္ရာ အခ်က္အလက္မ်ား ႏွင့္ ျပည့္စံုသျဖင့္ သြားေရာက္ေလ့လာသင့္သည္။ ထုိ႔ျပင္ ရွမ္းျပည္နယ္ တစ္ျပည္နယ္လံုးတြင္ အစုိးရအဖဲြ႔မွ Tourism Village ျပဳလုပ္ရန္ ေက်းရြာ ၁၀ ရြာကို ေရြးခ်ယ္ထားရာ၊ တစ္ခုအပါအ၀င္ ျဖစ္ေသာ ေတာင္နီေက်းရြာ လူရုိးေတာင္အနီး၊ ေနာင္ဘို ၾကာကန္သည္လည္း လွပသျဖင့္ လာေရာက္လည္ပတ္သူ မ်ားျပားခဲ့သည္။
ေက်ာက္တစ္လံုးႀကီး ၿမိဳ႕သည္ ေရွးႏွစ္ေပါင္းမ်ားစြာကပင္ ေနထုိင္ၾကၿပီး၊ ပအုိ၀္းတိုင္းရင္းသားမ်ား၏ ေဒသ ျဖစ္ၿပီး၊ တုိင္းရင္းသားမ်ား၏ ရုိးရာဓေလ့ မ်ားႏွင့္ သမုိင္းေၾကာင္းမ်ားကို ေလ့လာႏုိင္ေပသည္။ ေက်ာက္တစ္လံုးႀကီး ၿမိဳ႕တြင္ ေရွးႏွစ္ေပါင္းမ်ားစြာ က တည္ထားကုိးကြယ္ခဲ့ေသာ သမုိင္း၀င္ ေရွးေဟာင္း ေမြေတာ္ေစတီစုမ်ား တည္ရွိရာ ေမြေတာ္ကကၠဴဘုရား ကုိလည္း သြားေရာက္ လည္ပတ္ႏုိင္သည္။
၂။ ေညာင္ေရႊၿမိဳ႕နယ္
ရွမ္းျပည္နယ္ေတာင္ပုိင္းတြင္ ေရွးအက်ဆံုး ၿမိဳ႕ေတာ္ မွာ ေညာင္ေရႊၿမိဳ႕နယ္ ျဖစ္ၿပီး၊ တိမ္ျမဳပ္ေပ်ာက္ကြယ္ သြားေသာ ေရွးေဟာင္းၿမဳိ႕ေဟာင္း အေတာ္မ်ားမ်ား ေညာင္ေရႊၿမိဳ႕နယ္မွာ တည္ရွိပါတယ္။ သမုိင္းေၾကာင္းအစဥ္အလာ အရ ပ်ဴေခတ္ ကပင္ လူေနထုိင္မႈ ရွိခဲ့သျဖင့္ တန္ဖုိးမျဖတ္ႏုိင္ေသာ ရုိးရာယဥ္ေက်းမႈအေမြအႏွစ္မ်ား ႏွင့္ ေရွးေဟာင္း သမုိင္း၀င္ ျဖစ္စဥ္မ်ားကို ျပန္လည္ေလ့လာႏုိင္ေပသည္။
ေညာင္ေရႊၿမိဳ႕သည္ ေရွးက ေစာ္ဘြားအုပ္ခ်ဳပ္ေသာ ၿမိဳ႕ေတာ္ျဖစ္ကာ၊ ေညာင္ေရႊၿမိဳ႕နယ္ စည္ပင္သာယာေရး နယ္နိမိတ္ အတြင္းမွ သီးျခားထုတ္ပယ္၍ ေတာင္ႀကီးၿမိဳ႕ေတာ္ကို အဂၤလိပ္မ်ား တည္ေဆာက္ထားသည္မွာ ႏွစ္ေပါင္း တစ္ရာေက်ာ္ပင္ ရွိၿပီျဖစ္သည္။
ရွမ္းျပည္နယ္ တစ္ျပည္နယ္လံုးတြင္ ပထမအမ်ားဆံုး ျပည္ပခရီးသြားဧည့္သည္အမ်ားအျပား လာေရာက္ လည္ပတ္ေလ့ရွိသည့္ အင္းေလးကန္ တည္ရွိၿပီး၊ ျမန္မာႏုိင္ငံတြင္ ပုဂံ ၿပီးလွ်င္ ဒုတိယ အမ်ားဆံုး မျဖစ္မေန လာေရာက္ လည္ပတ္ရေသာ ေဒသ လည္း ျဖစ္သည္။
အင္းေလးကန္ ပတ္ပတ္လည္တြင္ ေတာင္တန္းမ်ားျဖင့္ ၀ုိင္းရံထားၿပီး၊ အင္းေလးကန္ အေနာက္ဘက္ ေတာင္တန္းေပၚတြင္ ေနထုိင္ေသာ ေတာင္ရုိး တုိင္းရင္းသားမ်ား ေနထုိင္ေသာ လက္ေမာင္းေကြး ေက်းရြာ ႏွင့္ အင္းတိန္ေက်းရြာအုပ္စု အနီးရွိ ေတာင္ေပၚေက်းရြာ က်ားတြန္ေက်းရြာ တုိ႔ကုိလည္း လည္ပတ္ႏုိင္သည္။
ေညာင္ေရႊၿမိဳ႕မွ ကေလာၿမိဳ႕ကို ညအိပ္လမ္းေလွ်ာက္ ခရီးစဥ္ ႏွင့္ စက္ဘီးစီး ခရီးစဥ္မ်ားလည္း သြားလာႏုိင္ၿပီး၊ ေတာင္တန္းမ်ားေပၚတြင္ သြားလာလည္ပတ္ရေသာ ခရီးစဥ္မ်ားလည္း ရွိေသးသည္။
ေညာင္ေရႊၿမိဳ႕နယ္တြင္ ေညာင္ေရႊၿမိဳ႕ေပၚ၊ အင္းေလးကန္၊ အေရွ႕ဘက္ ႏွင့္ အေနာက္ဘက္ ကန္ပတ္လမ္း၊ မုိင္းေသာက္ တံတား၊ နန္းပန္ ေလွဆိပ္ ႏွင့္ ေစ်း ၊ ေရွးေဟာင္းသမိုင္း၀င္ ေရႊအင္းတိန္ ေစတီေတာ္၊ ေရွးေဟာင္း စံကား ေက်းရြာ ၊ စံကားရြာအနီးရွိ တာေခါင္ ေရွးေဟာင္းေမြေတာ္ေစတီစု တုိ႔ကို သြားေရာက္ လည္ပတ္ႏုိင္သည္။ အင္းေလးကန္တြင္ ေဖာင္ေတာ္ဦးဘုရား၊ အလိုေတာ္ေပါက္ေစတီေတာ္၊ ယကၠန္းရံုမ်ား ေရွးေဟာင္း ေစတီမ်ား ဖူးေမွ်ာ္ႏုိင္သည္။
၃။ ကေလာၿမဳိ႕နယ္
ရွမ္းျပည္ေတာင္ပုိင္းတြင္ ဒုတိယေျမာက္ ျပည္ပခရီးသြားဧည့္သည္ စိတ္၀င္စားေသာ ၿမဳိ႕ေတာ္တစ္ခု ျဖစ္ၿပီး၊ ၿမိဳ႕ေသးငယ္ ေပမယ့္ လွပ၍ စိတ္၀င္စားစရာမ်ား ျပည့္ႏွက္ေနသည္။ ကေလာၿမဳိ႕နယ္ သည္ ထင္းရွဴးၿမဳိ႕ေတာ္ ဟု တင္စားေခၚေ၀ၚၿပီး ထင္းရွဴးပင္မ်ားစြာ ေပါက္ေရာက္ၿပီး ၿမိဳ႕တည္ေဆာက္ပံုမွာ စမတ္က်သည္ ဟု ဆုိႏုိင္သည္။ ကေလာၿမဳိ႕နယ္တြင္ လည္ပတ္ႏုိင္ေသာ ေနရာမ်ားမွာ ေတာင္ေပၚရွိ ႏွီးဘုရားႀကီး၊ ေတာင္ေပၚဗ်ဴးပြိဳင့္ရွဳခင္း တည္ရွိရာ ပေလာင္ေတာင္တန္း အလွအပ မ်ားႏွင့္ ပေလာင္တုိင္းရင္းသားမ်ား၏ ေနထုိင္မႈ ရိုးရာဓေလ့မ်ား ခံစားႏုိင္သည္။ ကေလာၿမဳိ႕ ေတာင္တန္းမ်ားေပၚတြင္ လည္ပတ္ျခင္းအားျဖင့္ အေပၚစီး ျမင္ကြင္း လွပေသာ ေတာင္တန္းဗ်ဴးပြိဳင့္ရွဳခင္းမ်ားကို စိတ္တုိင္းက် ခံစားႏုိင္မည္ ျဖစ္သည္။
ကေလာၿမဳိ႕ႏွင့္ (၆) မုိင္သာ ေ၀းေသာ ေနရာတြင္ ေအာင္ပန္းၿမဳိ႕ တည္ရွိၿပီး၊ စိုက္ပ်ဳိးေရး ၿမိဳ႕အျဖစ္ လည္းေကာင္း၊ ကုန္စည္ ကူးသန္းေရာင္း၀ယ္ေရး ၿမဳိ႕အျဖစ္ လည္းေကာင္း အဓိက ထင္ရွားေသာ ေအာင္ပန္း ၿမဳိ႕ကုိလည္း ေလ့လာႏုိင္ေပမည္။
၄။ ရပ္ေစာက္ၿမဳိ႕နယ္
ရွမ္းျပည္ေတာင္ပုိင္းတြင္ တပ္နယ္ဟု တင္စားေခၚေ၀ၚႏုိင္ၿပီး၊ ရပ္ေစာက္ ၊ ဗထူးတပ္နယ္ တြင္ တပ္ရင္းတပ္ဖဲြ႔ မ်ား တည္ရွိသည္။ ျမန္မာ့သမုိင္းတြင္ တုိင္းျပည္ႏွင့္ လူမ်ဳိး လြတ္လပ္ေရးအတြက္ ကုိယ္က်ဳိးမငဲ့ဘဲ ဇြဲသတၱိ ျဖင့္ တုိက္ခိုက္ေဆာင္ရြက္ခဲ့ေသာ ဗိုလ္မွဴးႀကီး ဗထူး ကို ခ်ီးက်ဴးဂုဏ္ျပဳေသာအားျဖင့္ ရပ္ေစာက္ၿမိဳ႕ ေျမာက္ဘက္ တစ္မုိင္အကြာေက်ာ္ရွိ တပ္နယ္ၿမိဳ႕ကို ဗထူးတပ္ၿမဳိ႕ဟူ၍ အမည္ေပး တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ ရွမ္းျပည္နယ္ ေတာင္ပုိင္းတြင္ ဗထူး ႏွင့္ ရပ္ေစာက္ ဟူေသာ ဆုိရုိးစကားတစ္ခု ရွိသည္။ ရပ္ေစာက္ ႏွင့္ ဗထူး သည္ တစ္မုိင္ေက်ာ္သာ ေ၀းကြာသျဖင့္ နီးနီးေလး ျဖစ္ေၾကာင္း၊ ဆိုလိုရင္းမွာ အဓိပၸါယ္ အတူတူပင္ ျဖစ္ေၾကာင္း ခုိင္းႏႈိင္းေသာ အရာတြင္ သံုးႏႈန္းေလ့ ရွိၾကသည္။
၅ မည္ရ ၿမိဳ႕ကေလး
ရပ္ေစာက္ၿမိဳ႕သည္ ၅ မည္ရ ၿမိဳ႕ကေလး ျဖစ္ပါတယ္။
မင္းတုန္းမင္းလက္ထက္ ကုန္းေဘာင္ ၁၁ ဆက္တြင္ ၁၀
ဆက္ေျမာက္ မင္း၊ ရပ္ေစာက္ ေစာ္ဘြားႀကီး အာယုဒီဃေက်ာ္
အုပ္စုိးခဲ့ဖူးစဥ္က ရပ္ေစာက္ကို ရႆ၀တီ ဟု ေခၚခဲ့သည္။ ရသ သည္ ၾကည္လင္ျခင္း၊ ႏူးညံ့သိမ္ေမြ႔ျခင္း ရသ ရွိၿပီး၊ ၀တီ
သည္ ျမစ္ ။ သာယာၿငိမ့္ေျငာင္းဖြယ္ စီးဆင္းေနေသာ ျမစ္ကေလး
ရွိေသာ ၿမိဳ႕ကို ရပ္ေစာက္ ၿမိဳ႕ဟု ေခၚသည္။ ထုိစဥ္က
ကုန္းေဘာင္ ၁၀ ဆက္ရ မင္း လက္ထက္တြင္ ၆ စလြယ္ရေသာ ရပ္ေစာက္ ေစာ္ဘြားႀကီး
အာယုဒီဃာေက်ာ္ လက္ထက္တြင္ ေထာင္ျပဳ ၿမိဳ႕ တစ္ၿမိဳ႕ ျဖစ္ခဲ့သည္။ ေထာင္ျပဳ ၿမိဳ႕
ဟူသည္ စစ္သည္အင္အား ေထာင္ဂဏန္း စုထားေသာ ၿမိဳ႕ေလး တစ္ၿမိဳ႕လည္း ျဖစ္သည္။
ပုဂံေခတ္ အေလာင္းစည္သူမင္း လက္ထက္တြင္
ပိႏၷဲပင္ကို ေျခမ နဲ႔ ညွပ္ၿပီး ရပ္ရင္း နဲ႔ စုိက္ခဲ့သျဖင့္ “ ရပ္စုိက္” ဟု ဦးစြာ
ျဖစ္ေပၚခဲ့ေၾကာင္း ပါးစပ္စကား ရွိသည္။ ႏုိင္ငံေတာ္ ကာကြယ္ေရး
အတြက္ စစ္သည္ ရဲမက္ ဗိုလ္ပါ မ်ား စုရံုးရေသာ ၿမိဳ႕ ျဖစ္တဲ့ အတြက္
ရပ္စု ၿမိဳ႕ ဟု လည္းေကာင္း၊ ရပ္ေစာက္ဟု ျဖစ္ေပၚလာေၾကာင္း သိရသည္။
ထုိ႔ေၾကာင့္ ပုဂံေခတ္၊ ကုန္းေဘာင္ေခတ္၊ ကိုလိုနီေခတ္ တို႔တြင္
ရပ္စုိက္၊ ရပ္စု၊ ရႆ၀တီ၊ ေယာက္ေဆာက္၊ ရပ္ေစာက္ ဟူ၍ လည္းေကာင္း အသီးသီး ေျပာင္းလဲ
လာခဲ့ေၾကာင္း ဖတ္မွတ္ေလ့လာရဖူးပါသည္။
ေနာက္ပိုင္းေခတ္တြင္ ရွမ္းလို ေလာက္ေဆာက္ ဟု
ေခၚရာမွ ဗမာမႈျပဳရင္း ေယာက္ေဆာက္ မွ တျဖည္းျဖည္း
ႏွင့္ ရပ္ေစာက္ဟူ၍ ျဖစ္ေပၚလာေၾကာင္း၊ ၅ မည္ရ ၿမိဳ႕ကေလး အျဖစ္
သိထားရဖူးပါတယ္။
ရပ္ေစာက္ၿမဳိ႕တြင္ ငွက္ႀကီးေတာင္ သာသနာ့နယ္ေျမ ေတာင္ေပၚတစ္ခု သာ လည္ပတ္စရာ ရွိသည္ဟု ဆုိႏုိင္သည္။ ေရွးေဟာင္းသမုိင္း၀င္ ေစာ္ဘြားႀကီး တည္ထားေသာ ေရႊဘုန္းပြင့္ ေစတီေတာ္လည္း တည္ရွိသည္။ ရပ္ေစာက္ၿမဳိ႕တစ္၀က္လံုးကို ရင္တစ္ျခမ္းခဲြ၍ တပ္နယ္အျဖစ္ သတ္မွတ္ေပးထားသျဖင့္ မ်ားမ်ား စားစား လည္ပတ္စရာ မရွိဘဲ တပ္နယ္အမ်ားဆံုး ၿမိဳ႕လည္း ျဖစ္သည္။
၅။ ဖယ္ခံုၿမိဳ႕နယ္
ယခင္ က ကယားျပည္နယ္တြင္ ပါ၀င္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ရွမ္းျပည္နယ္ေတာင္ပုိင္း ေတာင္ႀကီးခရုိင္ တြင္းသုိ႔ သြပ္သြင္းခံရသျဖင့္ ဖယ္ခံုၿမိဳ႕နယ္ သည္လည္း ရွမ္းျပည္ေတာင္ပုိင္းတြင္ ပါ၀င္လာသည္။
ဖယ္ခံုၿမိဳ႕သည္ အခ်ဳိ႕ က ရွမ္းဘာသာစကားျဖင့္ ဖုိင္ခြန္၊ အခ်ဳိ႕ က ဖုိက္ခြန္၊ ကယားဘာသာစကားျဖင့္ တခ်ဳိ႕ တကူေမာ္လဲ၊ တခ်ဳိ႕ က သာခြန္၊ ကယန္းဘာသာစကားျဖင့္ ပါးသူေအာက္ ဟု အမ်ဳိးမ်ဳိး သတ္မွတ္ခဲ့သည္။ ဖိုင္ခြန္ ဆုိသည္မွာ ဆည္မ်ားကိုပိတ္၍ အုပ္ခ်ဳပ္ေသာ မင္းေစာ္ဘြား၊ တကူေမာ္လဲ ဆုိသည္မွာ သဖန္းပင္ရြာ၊ ပါးသူေအာက္ ဆုိသည္မွာ မင္းမ်ဳိးမင္းႏြယ္ မ်ား ေနထုိင္သည့္ ၿမိဳ႕နယ္ဟူ၍ အဓိပၸါယ္ ဖြင့္ၾကသည္။ ေရွးက ဖယ္ခံုၿမိဳ႕နယ္တြင္ ကယားလူမ်ဳိး၊ ရွမ္းလူမ်ဳိး၊ ကယန္းလူမ်ဳိး တို႔ ေနထုိင္ၾကကာ၊ ဘီလူးေခ်ာင္းေရကို ပိတ္၍ ဆည္ျပဳလုပ္ခဲ့သျဖင့္ ဖုိင္ခြန္ ဟု ဆုိခဲ့ေၾကာင္း သိရသည္။
ဖယ္ခံုၿမိဳ႕တြင္ ေလာပိတ ဘီလူးေခ်ာင္း ေရအားလွ်ပ္စစ္စက္ရံုအတြက္ အဓိက ေရအရင္းအျမစ္ျဖစ္ေသာ မုိးၿဗဲေရေလွာင္ကန္ ကို ေလ့လာႏုိင္သလုိ၊ ေရွးေဟာင္း သမုိင္း၀င္ မုိးၿဗဲေမြေတာ္ ဓါတ္စစ္ဘုရား လည္း တည္ရွိသည္။
မိုးၿဗဲၿမိဳ႕နယ္တြင္ ကယန္းတုိင္းရင္းသား ရွစ္ေသာင္းေက်ာ္ အမ်ားဆံုးေနထုိင္ၾကကာ၊ ရွမ္းတုိင္းရင္းသား တစ္ေသာင္းေက်ာ္၊ ဗမာ ငါးေထာင္ေက်ာ္၊ ပအုိ၀္း ႏွင့္ အင္း ၂၀၀၀ ေက်ာ္ ရွိၿပီး၊ တုိင္းရင္းသားေပါင္းစံု ေနထုိင္ၾကသည္။
မုိးၿဗဲထူးျခားခ်က္မွာ ကယန္းလူမ်ဳိး (ပေဒါင္) တုိင္းရင္းသားမ်ား အမ်ားစု ေနထိုင္ၾကသျဖင့္ ကမာၻမွာပါ ထင္ရွားေသာ ကယန္း(ပေဒါင္) တုိင္းရင္းသားတုိ႔၏ ရုိးရာဓေလ့မ်ားကို ေလ့လာႏုိင္ပါသည္။ လည္ပင္း ေၾကးကြင္းစြပ္ထားေသာ ပေဒါင္တုိင္းရင္းသားဟု လူသိမ်ားေသာ ကယန္းလူမ်ဳိး(ပေဒါင္) တုိင္းရင္းသားမ်ားသည္ ရွမ္းျပည္ေတာင္ပုိင္းတြင္ ၄၀၀၀၀ ေက်ာ္၊ ကယားျပည္နယ္တြင္ ၂၀၀၀၀ ေက်ာ္ ေနထုိင္ၾကကာ လူဦးေရ ၁၃၀၀၀၀ ေက်ာ္ သာ ရွိၿပီး၊ ထိုင္း၊ ဗီယက္နမ္၊ အေမရိကန္ ၊ မင္နီဆိုးတား ျပည္နယ္ တုိ႔တြင္ ပ်ံ႕ႏွံ႔ေနထုိင္ၾကသည္။ ကယန္း လူမ်ဳိးသည္ ေတာင္ေပၚေဒသတြင္ ေနထုိင္ေသာ လူမ်ဳိးျဖစ္ၿပီး၊ ကရင္နီ လူမ်ဳိးစု ႏြယ္၀င္ လူမ်ဳိးစုခဲြ တစ္ခု ျဖစ္ကာ၊ ကယန္းလထာ၊ ကယန္းကငံ၊ ကယန္းလ၀ီ(ပေဒါင္) ၊ ကေခါင္ ဟူ၍ လူမ်ဳိးစု ခဲြမ်ား ရွိသည္။
၆။ ရြာငံၿမိဳ႕နယ္
ရွမ္းေတာင္တြင္ အလွပဆံုး ေဒသတစ္ခုျဖစ္ၿပီး၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ပင္ေလာင္းၿမိဳ႕နယ္ တုိ႔ၿပီးလွ်င္ တတိယေျမာက္ နယ္နိမိတ္ အက်ယ္ဆံုး ၿမိဳ႕နယ္တစ္ခုျဖစ္သည္။ ရြာငံၿမိဳ႕နယ္တြင္ သတၱဳ အမ်ားအျပား ထြက္ရွိၿပီး၊ သဘာ၀ ေတာေတာင္အလွအပမ်ား ၃ ပံု ၂ ပံု က်န္ရွိေသးသည္ဟု ဆုိႏုိင္သည္။ ပုဂံဘုရင္ နရသီဟပေတ့ စည္သူမင္း တုိင္းခန္းလွည့္လည္ရာ ထိုေနရာအေရာက္ ေနာက္ပါ မွဴးမတ္မ်ားကို ရပ္ငံ့ ေစာင့္ဆုိင္ေနသျဖင့္ ရပ္ငံ့ဟု မူလ ေခၚတြင္ရာမွ ေနာင္အခါ ရြာငံ ဟု အမည္တြင္လာေၾကာင္း ဆုိရုိးရွိသည္။
ျမန္မာမင္းမ်ား အုပ္ခ်ဳပ္ပံု စာရင္းအရ ရွမ္းကေမာၻဇနယ္စာရင္းတြင္ ေဘာ္နယ္၊ ရြာငံနယ္ ဟူ၍ ေဖာ္ျပထားၿပီး၊ ေဘာ္နယ္ဆုိသည္မွာ ခဲသတၱဳ၊ ေငြသတၱဳအေရာရာ သတၱဳတစ္မ်ဳိးကို ေခၚဆုိျခင္းျဖစ္ကာ ထုိသတၱဳ ထြက္ရွိရာ ေဒသကို ေဘာ္နယ္ဟု ေခၚျခင္းျဖစ္သည္။ ကေလာၿမဳိ႕နယ္ ေဘာ္ဆုိင္းေက်းရြာ တြင္လည္း သတၱဳ အမ်ားအျပား ထြက္ရွိေသးၿပီး၊ သတၱဳတြင္း တူးေဖာ္ျခင္း လုပ္ငန္းမ်ားကို ရြာငံၿမိဳ႕နယ္ ႏွင့္ ေဘာ္ဆုိင္းေဒသ တုိ႔တြင္ ျမင္ေတ႔ြရသည္။
ဓႏုကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ ရြာငံၿမဳိ႕နယ္တြင္ လည္ပတ္ႏုိင္ေသာ ေနရာမ်ားမွာ ေယာက္ေကာ္ ဘိုးဘိုးႀကီး တည္ထားေသာ မိန္းမရဲ သခင္မ ေတာင္ေတာ္၊ ျမသပိတ္ ေရျပာကန္၊ ေတာက်ယ္ ဘံုခုႏွစ္ဆင့္ ေရတံခြန္၊ ဓါတ္ပံုဆရာ မ်ား လြန္စြာႀကဳိက္ႏွစ္သက္ေသာ နာမည္ေက်ာ္ ျမင္းမူးကုန္း အလွအပ၊ တပ္ကုန္းေက်းရြာ မွ ငုတ္ေခ်ာင္း(ခ) ေရျဖဴစမ္း၊ အလယ္ေခ်ာင္ (၈)ထပ္ ေရတံခြန္၊ ေက်ာက္ေခတ္လူသားမ်ားေနထုိင္ခဲ့ေသာ ျပဒါးလင္းဂူ၊ ေရ၀င္ဂူ၊ လင္းေ၀းဂူ၊ ၀ံတြင္းဂူ၊ တလုပ္ခ်ေရတံခြန္၊ ဆည္ႀကီးက်ေရတံခြန္၊ လယ္ကုိင္းေက်ာက္ေခါင္းဂူ၊ ရွမ္းေတာင္တြင္ အျမင့္ဆံုးျဖစ္ေသာ ေပေပါင္း (၇၇၅၂) ေပ ျမင့္ေသာ ေရွ႕ျမင္ေနာက္ျမင္ေတာင္၊ တုိ႔ကို သြားေရာက္လည္ပတ္ႏုိင္ပါသည္။
ပင္းတယၿမဳိ႕နယ္၊
ဓႏုကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္းတယၿမဳိ႕တြင္ လည္ပတ္ႏုိင္ေသာ ေနရာမ်ားမွာ ပင္းတယ ေရႊဥမင္ သဘာ၀ လႈိဏ္ဂူေတာ္ ႏွင့္ နတ္သမီး ခုႏွစ္ေဖာ္ ေရခ်ဳိးခဲ့သည္ဟု ဆိုေသာ ပုန္းတလုတ္ ေရကန္ တုိ႔ကို လည္ပတ္ႏိုင္ပါသည္။ ေရႊဥမင္ သဘာ၀ လႈိဏ္ဂူေတာ္ သာသနာ့ နယ္ေျမတြင္ ေညာင္ၾကတ္ပင္၊ သေျပလံုးပင္တန္းႀကီးမ်ား စီတန္းေပါက္ေရာက္ေနသည္ကိုလည္း လွပစြာ ျမင္ေတ႔ြရသည္။
ပအုိ၀္းကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရ ေဒသတြင္ ဟိုပံုးၿမိဳ႕နယ္၊ ဆီဆုိင္ၿမိဳ႕နယ္၊ ပင္ေလာင္းၿမဳိ႕နယ္တုိ႔ ပါ၀င္ၿပီး ပအုိ၀္းတုိင္းရင္းသား အမ်ားစု ေနထုိင္ၾကသည္။ တခ်ဳိ႕ ၿမိဳ႕နယ္မ်ားတြင္ ရွမ္းတုိင္းရင္းသား အနည္းငယ္ ေရာေႏွာ ေနထုိင္ၾကၿပီး၊ ဥပမာ ဟုိပံုးၿမဳိ႕နယ္ ႏွင့္ ေတာင္ႀကီးၿမိဳ႕နယ္ အစပ္နားရွိ နမ့္ခုတ္ေက်းရြာအုပ္စု တြင္းရွိ ပုန္းအင္း ေဒသတြင္ ရွမ္းတုိင္းရင္းသား မ်ား ေနထုိင္ၾကၿပီး၊ ရုိးရာပုန္းအင္း ေလွေလွာ္ၿပဳိင္ပဲြ က်င္းပေလ့ ရွိသည္။ ဟိုပံုးၿမဳိ႕နယ္ နမ့္ခုတ္ေက်းရြာတြင္ လိုင္းကတူး ေရတံခြန္ လည္း ရွိသည္။ ဟိုပံုးၿမိဳ႕နယ္ ႏွင့္ ဆီဆုိင္ၿမိဳ႕နယ္ တို႔သည္ ေတာင္ႀကီးခရုိင္ အေရွ႕ဘက္ က်ေသာ ၿမဳိ႕နယ္ ႏွစ္ခု ျဖစ္ကာ၊ ေျမာက္မွ ေတာင္သုိ႔ သြယ္တန္းလ်က္ ရွိသည္။
ဟုိပံုးၿမဳိ႕နယ္တြင္ မဲနယ္ေတာင္တန္းေပၚရွိ အျမင့္ဆံုးေတာင္ျဖစ္ေသာ ေပေပါင္း (8250) ေပ ျမင့္ေသာ လြယ္မုိင္းေတာင္ တည္ရွိၿပီး၊ လြယ္မုိင္းေတာင္ေပၚတြင္ ရွားပါး ေတာင္ဇလပ္ ပန္းပင္မ်ား ရွင္သန္ ေပါက္ေရာက္ ၾကသည္။ မဲနယ္ေတာင္တန္းသည္ ေပေပါင္း (၈၆၀၀) ျမင့္သည္ဟု ဆိုၾကသည္။ လြယ္မုိင္း ေတာင္ေပၚတြင္ ဘုရားေျခေတာ္ရာ ရွိသည္ဟု ယံုၾကည္ၾကၿပီး၊ ေရွးယခင္ (၁၉၈၇) ခုႏွစ္တြင္ ေလယာဥ္ပ်က္က်ခဲ့ဖူးေသာ ေနရာ လည္း ရွိေၾကာင္း သိရသည္။ မဲနယ္ေတာင္တန္းေပၚရွိ လြယ္မုိင္း ေတာင္ သည္ ဟုိပံုးၿမဳိ႕နယ္၊ စံဖူးေက်းရြာတြင္ တည္ရွိသည္။ ထုိ႔ျပင္ မဲနယ္ေတာင္တန္းေပၚတြင္ တည္ရွိေသာ ေက်ာကၠျခားေက်းရြာ တြင္ ေရွးႏွစ္ေပါင္း ၁၀၀ ေက်ာ္ က တည္ေဆာက္ခဲ့ေသာ ေရွးေဟာင္း တုိင္တစ္ရာ ဘုန္းေတာ္ႀကီးေက်ာင္းကိုလည္း သြားေရာက္ ေလ့လာႏုိင္ေပသည္။
ဆီဆုိင္ၿမဳိ႕နယ္ တြင္ ရွမ္းတုိင္းရင္းသားမ်ား ေနထုိင္ေသာ ပန္လြန္ေက်းရြာ ကို ခရီးသြားလုပ္ငန္းျမွင့္တင္ ေဆာင္ရြက္သြားမည္ျဖစ္ၿပီး၊ ရွမ္းရိုးရာ အစားအစာ (၁၆) မ်ဳိးခန္႔ လုပ္ႏုိင္ေၾကာင္း သိရသည္။ ရွမ္းတုိင္းရင္းသား ႏွင့္ ပအုိ၀္းတုိင္းရင္းသားတုိ႔၏ ရုိးရာဓေလ့မ်ားႏွင့္ ပတ္၀န္းက်င္ ရွဳခင္းမ်ားကို ေလ့လာႏုိင္မည္။
ပင္ေလာင္းၿမဳိ႕နယ္
ေဒသသမုိင္းအက်ဥ္းအရ ခရစ္သကၠရာဇ္ (၁၀၄၄- ၁၇၅၂) ခုႏွစ္ ပုဂံေခတ္ ႏွင့္ ေတာင္ငူေခတ္တြင္ ပင္ေလာင္း ေဒသသုိ႔ က်ဳိက္ထို၊ က်ဳိက္ခမီ နယ္သား ကရင္မ်ား၊ သထံုနယ္သား ပအုိ၀္းမ်ား၊ ကြန္ဟူ ရွမ္းအမ်ဳိးအႏြယ္မ်ား အဆင့္ဆင့္ ေရာက္ရွိ ေနထုိင္ခဲ့ရာ ပထမဆံုး ေရာက္ရွိလာေသာ က်ဳိက္ခမီနယ္သား ကရင္မ်ားပင္ေလာင္းၿမဳိ႕ ေတာင္ဘက္ ၁၃ မုိင္ အကြာ ၀မ့္ဖာ (ဘန္႔ဘာ) ရြာကို တည္ေထာင္ခဲ့ေၾကာင္း သိရသည္။ ခရစ္သကၠရာဇ္ (၁၇၆၃- ၁၇၇၈) ခုႏွစ္ တတိယကုန္းေဘာင္မင္းဆက္ ဆင္ျဖဴမင္းလက္ထက္တြင္ ၀မ့္ဖာရြာတြင္ မုဆုိးမ၏ သမီး ျဖစ္သူ မစီးထာ(ခ) နန္းမူ ၏ ယာခင္းကို ဆင္ျဖဴတစ္ေကာင္ ၀င္ေရာက္စားေသာက္သျဖင့္ ရြာသားမ်ား သြားေရာက္ ဖမ္းဆီးရာ ဖမ္းမမိဘဲ မစီးထာ ကုိယ္တုိင္သြားေရာက္ဖမ္းဆီးမွ မိသျဖင့္၀မ့္ဖာရြာတြင္ ဆင္ျဖဴအား ထိန္းေက်ာင္းၿပီး၊ အင္း၀ဘုရင္ ဆင္ျဖဴရွင္အား သြားေရာက္ဆက္သ ခဲ့သျဖင့္ အင္း၀ဘုရင္မွ မစီးထာ အား ပင္ေလာင္းၿမိဳ႕ ျဖစ္လာမည့္ ေဒသကို အုပ္ခ်ဳပ္ရန္ ႏွင့္ အခြန္အတုတ္ေကာက္ခံေရး နယ္နိမိတ္ ပုိင္းျခား ခ်ီးျမွင့္ေပးခဲ့ေၾကာင္း သိရသည္။ မင္းေကာင္းမင္းျမတ္မ်ားေပၚထြက္လာသျဖင့္ ရွမ္းစကားပန္ေလာင္း ဟု လည္းေကာင္း၊ စႏၵကူးပင္မ်ား ေပါက္ေရာက္သည္ကိုအစဲြျပဳ၍ ကရင္ဘာသာစကား ဗန္းေလာင္း၊ စႏၵကူးေတာ ဟူေသာ စကားတုိ႔မွ ပင္ေလာင္းျဖစ္လာသည္ဟု ဆုိသည္။
ပင္ေလာင္းၿမဳိ႕နယ္သည္ ေတာင္ကုန္းေတာင္တန္း ထူထပ္ၿပီး အျမင့္ဆံုး ေတာင္မွာ လြယ္ေမာင္းေတာင္ (၆၁၂၄) ေပ ျမင့္ၿပီး၊ ပင္ေလာင္းၿမဳိ႕နယ္သည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပေပါင္း (၄၈၀၀) ေက်ာ္ ျမင့္သျဖင့္ ေဆာင္းရာသီ ေရခဲသည္အထိ ေအးသည္။ ေတာင္ႀကီးၿမဳိ႕တြင္ ေရမခဲဘဲ ပင္ေလာင္းၿမဳိ႕တြင္ ေရခဲ ေသာ ႏွစ္မ်ားစြာ ႀကံဳရဖူးသည္။
ပင္ေလာင္းၿမဳိ႕နယ္ တြင္ ပင္ေလာင္း၊ ေနာင္တရား ၊ ေပါင္းေလာင္း ဟူ၍ ၃ ၿမိဳ႕ ပါ၀င္သည္။
ပင္ေလာင္းၿမဳိ႕နယ္၊ ေပါင္းေလာင္းၿမဳိ႕တြင္ လိန္းလီတံတား၊ ဆန္းၾကယ္လွပေသာ နမ့္မြန္ႀကီး ေရတံခြန္၊ ပင္ေလာင္းၿမဳိ႕တြင္ လံုးနဂါးပတ္ ဘုရား၊ အေမႀကီး ၀ကၤပါေတာင္ ၊ ပင္ထို ေရတံခြန္၊ လူသိနည္း ေသးေသာ “ဟား” ေရတံခြန္၊ လမ္းပန္းဆက္သြယ္ေရး ခက္ခဲေသာ ဆင္းစင္း ေရတံခြန္ တုိ႔ကုိ လည္ပတ္ႏုိင္သည္။
နိဂံုး
ရွမ္းျပည္နယ္ေတာင္ပုိင္း ေတာင္ႀကီးခရုိင္တြင္းရွိ ၿမဳိ႕နယ္ ၁၀ ခု တြင္းရွိ လည္ပတ္စရာ ေနရာမ်ားကို တင္ျပ ေပးခဲ့ၿပီး ျဖစ္သည္။ ရွမ္းျပည္နယ္အလွအပ သဘာ၀ ေတာေတာင္ရွဳခင္းမ်ား ၾကည့္ရွဳခံစားႏုိင္ရန္ အတြက္ တခါတေခါက္ လာေရာက္လည္ပတ္ၾကရန္ ဖိတ္မႏၱက ျပဳအပ္ပါသည္။
Author - စည္သာ(ေတာင္ႀကီး)
Unicode
ရှမ်းပြည်နယ်တောင်ပိုင်း က လည်ချင်စရာ အကောင်းဆုံး မြို့ ၁၀ မြို့
ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးမှာ လည်ချင်စရာများနှင့် ပြည့်နှက်နေပြီး သူ့သဘာဝ၊ သူ့အလှနှင့်သူ လှပနေတာ ဖြစ်ပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်းဟု ဆိုလိုက်လျှင် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင် နှင့် လင်းခေးခရိုင် ဟူ၍ ခရိုင်သုံးခု ရှိပါသည်။ ရှမ်းပြည်တောင်ပိုင်းခရိုင်သုံးခုတွင် တောင်ကြီးခရိုင် မှလွဲ၍ ကျန် ခရိုင် နှစ်ခုမှာ နယ်မြေအခြေအနေကြောင့် သွားရေးလာရေး အခက်အခဲ ရှိပြီး၊ တောင်ကြီးခရိုင်တွင်းရှိ ၁၀ မြို့နယ် မှာ လည်ပတ်ချင်စရာ အကောင်းဆုံးသော မြို့များ ဖြစ်ပါသည်။
တောင်ကြီးခရိုင်တွင်းရှိ မြို့နယ်ပေါင်း ၁၀ မြို့နယ်တွင် ရှိကြသော သွားလာလည်ပတ်နိုင်သော နေရာများကို တတ်စွမ်းသရွေ့ မိတ်ဆက်ပေးချင်ပါသည်။ အဆိုပါ မြို့နယ်ပေါင်း ၁၀ မြို့နယ်တို့တွင် တိုင်းရင်းသားပေါင်းစုံ၊ ရေမြေသဘာဝပေါင်းစုံ တို့ကို သွားရောက်လည်ပတ်နိုင်မည်ဖြစ်ပြီး၊ ရှေးဟောင်းယဉ်ကျေးမှုများကိုလည်း လေ့လာနိုင်မည်ဖြစ်ပေသည်။
တောင်ကြီးခရိုင်တွင် တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ တို့ ရှိပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့ ပါဝင်သည်။
×××
၁။ တောင်ကြီးမြို့နယ်
ရှမ်းပြည်နယ်မြို့တော်မှာ တောင်ကြီးမြို့ဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ တတိယမြောက် မြို့တော်ဖြစ်ကာ၊ အသန့်ရှင်းဆုံး စံပြဆု ရရှိထားသော မြို့တော် လည်း ဖြစ်ပါသည်။ အာဆီယံနိုင်ငံများတွင် နေချင်စဖွယ် မြို့တော် ၁၀ ခုတွင်လည်း တောင်ကြီးမြို့ပါဝင်ပြီး၊ နိုင်ငံတကာ ဆုများစွာကိုလည်း ရရှိထားသော မြို့တစ်မြို့ လည်း ဖြစ်ပါသည်။ တောင်ကြီးမြို့သည် မြန်မာတစ်နိုင်ငံလုံးတွင် လေထု အသန့်စင်ဆုံး မြို့ဖြစ်ကာ၊ အပူပိုင်း ဒေသမှ နွေရာသီအပန်းဖြေရန် လာရောက်၍ နွေရှောင်အပန်းဖြေရန် သင့်တော်သော မြို့လည်းဖြစ်သည်။
တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၇၁၂ ပေ မြင့်သော တောင်ပေါ်မြို့လေး တစ်မြို့ ဖြစ်ပြီး၊ ထင်ရှားသော ပွဲတော်မှာ တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော် ဖြစ်ပါသည်။ ချယ်ရီမြို့တော် အဖြစ် နာမည်ကြီးပြီး၊ ဆောင်းရာသီနှောင်းပိုင်းအချိန် တစ်မြို့လုံး ချယ်ရီပန်းများ ဝေဆာဖူးပွင့်သည်။
တောင်ကြီးမြို့နယ်တွင် တောင်ကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင်မြို့ နှင့် ကျောက်တစ်လုံးကြီးမြို့ ဟူ၍ မြို့လေးမြို့ ပါဝင်ပြီး၊ ရပ်ကွက် နှင့် ကျေးရွာအုပ်စုပေါင်း (၇၅) ခု ၊ ကျေးရွာပေါင်း (၁၇၄) ရွာ ပါဝင်သည်။ တောင်ကြီးမြို့နယ်တွင် လူဦးရေပေါင်း သုံးသိန်းနှစ်သောင်းကျော် နေထိုင်ကြပြီး၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ (၁၀) မျိုးခန့် မှီတင်းနေထိုင်ကြသည်။
တောင်ကြီးမြို့တွင် ထင်ရှားသော နေရာများမှာ တောင်ကြီးမြို့ အရှေ့ဘက်တောင်တန်းရှိ နဂါးတောင်တန်း ပေါ်မှ ထင်ရှားသော စေတီတော်များ၊ တောင်ချွန်း၊ နှင့် မြို့ပေါ် အထင်ကရ နေရာများ ဖြစ်ပါသည်။ တောင်ကြီးမြို့ ကက္ကူသွားလမ်းတွင် နမ့်ဗေး ရေတံခွန် ရှိပြီး၊ ဟိုပုံးသွားလမ်းတွင် သဘာဝ လှိုဏ်ဂူ အချို့လည်း ရှိသည်။ အေးသာယာမြို့တွင် ရှေးကျသော နောင်အင်စေတီတော် တည်ရှိပြီး၊ ကမ္ဘာ့သယံဇာတ မုံတဝလှိုဏ်ဂူတော် ကို လည်း သွားရောက် လည်ပတ်နိုင်ပါသည်။
ရွှေညောင်မြို့တွင် ထင်ရှားသော အရိပ်မပေါ် မွေတော်ဘုရား၊ လွယ်မိုင်းစဉ် တောင် စေတီတော် တည်ရှိပြီး၊ အံ့သြဖွယ်ရာ အချက်အလက်များ နှင့် ပြည့်စုံသဖြင့် သွားရောက်လေ့လာသင့်သည်။ ထို့ပြင် ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် အစိုးရအဖွဲ့မှ Tourism Village ပြုလုပ်ရန် ကျေးရွာ ၁၀ ရွာကို ရွေးချယ်ထားရာ၊ တစ်ခုအပါအဝင် ဖြစ်သော တောင်နီကျေးရွာ လူရိုးတောင်အနီး၊ နောင်ဘို ကြာကန်သည်လည်း လှပသဖြင့် လာရောက်လည်ပတ်သူ များပြားခဲ့သည်။
ကျောက်တစ်လုံးကြီး မြို့သည် ရှေးနှစ်ပေါင်းများစွာကပင် နေထိုင်ကြပြီး၊ ပအိုဝ်းတိုင်းရင်းသားများ၏ ဒေသ ဖြစ်ပြီး၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ များနှင့် သမိုင်းကြောင်းများကို လေ့လာနိုင်ပေသည်။ ကျောက်တစ်လုံးကြီး မြို့တွင် ရှေးနှစ်ပေါင်းများစွာ က တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် ရှေးဟောင်း မွေတော်စေတီစုများ တည်ရှိရာ မွေတော်ကက္ကူဘုရား ကိုလည်း သွားရောက် လည်ပတ်နိုင်သည်။
×××
၂။ ညောင်ရွှေမြို့နယ်
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှေးအကျဆုံး မြို့တော် မှာ ညောင်ရွှေမြို့နယ် ဖြစ်ပြီး၊ တိမ်မြုပ်ပျောက်ကွယ် သွားသော ရှေးဟောင်းမြို့ဟောင်း အတော်များများ ညောင်ရွှေမြို့နယ်မှာ တည်ရှိပါတယ်။ သမိုင်းကြောင်းအစဉ်အလာ အရ ပျူခေတ် ကပင် လူနေထိုင်မှု ရှိခဲ့သဖြင့် တန်ဖိုးမဖြတ်နိုင်သော ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ နှင့် ရှေးဟောင်း သမိုင်းဝင် ဖြစ်စဉ်များကို ပြန်လည်လေ့လာနိုင်ပေသည်။
ညောင်ရွှေမြို့သည် ရှေးက စော်ဘွားအုပ်ချုပ်သော မြို့တော်ဖြစ်ကာ၊ ညောင်ရွှေမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းမှ သီးခြားထုတ်ပယ်၍ တောင်ကြီးမြို့တော်ကို အင်္ဂလိပ်များ တည်ဆောက်ထားသည်မှာ နှစ်ပေါင်း တစ်ရာကျော်ပင် ရှိပြီဖြစ်သည်။
ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် ပထမအများဆုံး ပြည်ပခရီးသွားဧည့်သည်အများအပြား လာရောက် လည်ပတ်လေ့ရှိသည့် အင်းလေးကန် တည်ရှိပြီး၊ မြန်မာနိုင်ငံတွင် ပုဂံ ပြီးလျှင် ဒုတိယ အများဆုံး မဖြစ်မနေ လာရောက် လည်ပတ်ရသော ဒေသ လည်း ဖြစ်သည်။
အင်းလေးကန် ပတ်ပတ်လည်တွင် တောင်တန်းများဖြင့် ဝိုင်းရံထားပြီး၊ အင်းလေးကန် အနောက်ဘက် တောင်တန်းပေါ်တွင် နေထိုင်သော တောင်ရိုး တိုင်းရင်းသားများ နေထိုင်သော လက်မောင်းကွေး ကျေးရွာ နှင့် အင်းတိန်ကျေးရွာအုပ်စု အနီးရှိ တောင်ပေါ်ကျေးရွာ ကျားတွန်ကျေးရွာ တို့ကိုလည်း လည်ပတ်နိုင်သည်။
ညောင်ရွှေမြို့မှ ကလောမြို့ကို ညအိပ်လမ်းလျှောက် ခရီးစဉ် နှင့် စက်ဘီးစီး ခရီးစဉ်များလည်း သွားလာနိုင်ပြီး၊ တောင်တန်းများပေါ်တွင် သွားလာလည်ပတ်ရသော ခရီးစဉ်များလည်း ရှိသေးသည်။
ညောင်ရွှေမြို့နယ်တွင် ညောင်ရွှေမြို့ပေါ်၊ အင်းလေးကန်၊ အရှေ့ဘက် နှင့် အနောက်ဘက် ကန်ပတ်လမ်း၊ မိုင်းသောက် တံတား၊ နန်းပန် လှေဆိပ် နှင့် စျေး ၊ ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန် စေတီတော်၊ ရှေးဟောင်း စံကား ကျေးရွာ ၊ စံကားရွာအနီးရှိ တာခေါင် ရှေးဟောင်းမွေတော်စေတီစု တို့ကို သွားရောက် လည်ပတ်နိုင်သည်။ အင်းလေးကန်တွင် ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်စေတီတော်၊ ယက္ကန်းရုံများ ရှေးဟောင်း စေတီများ ဖူးမျှော်နိုင်သည်။
×××
၃။ ကလောမြို့နယ်
ရှမ်းပြည်တောင်ပိုင်းတွင် ဒုတိယမြောက် ပြည်ပခရီးသွားဧည့်သည် စိတ်ဝင်စားသော မြို့တော်တစ်ခု ဖြစ်ပြီး၊ မြို့သေးငယ် ပေမယ့် လှပ၍ စိတ်ဝင်စားစရာများ ပြည့်နှက်နေသည်။ ကလောမြို့နယ် သည် ထင်းရှူးမြို့တော် ဟု တင်စားခေါ်ဝေါ်ပြီး ထင်းရှူးပင်များစွာ ပေါက်ရောက်ပြီး မြို့တည်ဆောက်ပုံမှာ စမတ်ကျသည် ဟု ဆိုနိုင်သည်။ ကလောမြို့နယ်တွင် လည်ပတ်နိုင်သော နေရာများမှာ တောင်ပေါ်ရှိ နှီးဘုရားကြီး၊ တောင်ပေါ်ဗျူးပွိုင့်ရှုခင်း တည်ရှိရာ ပလောင်တောင်တန်း အလှအပ များနှင့် ပလောင်တိုင်းရင်းသားများ၏ နေထိုင်မှု ရိုးရာဓလေ့များ ခံစားနိုင်သည်။ ကလောမြို့ တောင်တန်းများပေါ်တွင် လည်ပတ်ခြင်းအားဖြင့် အပေါ်စီး မြင်ကွင်း လှပသော တောင်တန်းဗျူးပွိုင့်ရှုခင်းများကို စိတ်တိုင်းကျ ခံစားနိုင်မည် ဖြစ်သည်။
ကလောမြို့နှင့် (၆) မိုင်သာ ဝေးသော နေရာတွင် အောင်ပန်းမြို့ တည်ရှိပြီး၊ စိုက်ပျိုးရေး မြို့အဖြစ် လည်းကောင်း၊ ကုန်စည် ကူးသန်းရောင်းဝယ်ရေး မြို့အဖြစ် လည်းကောင်း အဓိက ထင်ရှားသော အောင်ပန်း မြို့ကိုလည်း လေ့လာနိုင်ပေမည်။
×××
၄။ ရပ်စောက်မြို့နယ်
ရှမ်းပြည်တောင်ပိုင်းတွင် တပ်နယ်ဟု တင်စားခေါ်ဝေါ်နိုင်ပြီး၊ ရပ်စောက် ၊ ဗထူးတပ်နယ် တွင် တပ်ရင်းတပ်ဖွဲ့ များ တည်ရှိသည်။ မြန်မာ့သမိုင်းတွင် တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေးအတွက် ကိုယ်ကျိုးမငဲ့ဘဲ ဇွဲသတ္တိ ဖြင့် တိုက်ခိုက်ဆောင်ရွက်ခဲ့သော ဗိုလ်မှူးကြီး ဗထူး ကို ချီးကျူးဂုဏ်ပြုသောအားဖြင့် ရပ်စောက်မြို့ မြောက်ဘက် တစ်မိုင်အကွာကျော်ရှိ တပ်နယ်မြို့ကို ဗထူးတပ်မြို့ဟူ၍ အမည်ပေး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဗထူး နှင့် ရပ်စောက် ဟူသော ဆိုရိုးစကားတစ်ခု ရှိသည်။ ရပ်စောက် နှင့် ဗထူး သည် တစ်မိုင်ကျော်သာ ဝေးကွာသဖြင့် နီးနီးလေး ဖြစ်ကြောင်း၊ ဆိုလိုရင်းမှာ အဓိပ္ပါယ် အတူတူပင် ဖြစ်ကြောင်း ခိုင်းနှိုင်းသော အရာတွင် သုံးနှုန်းလေ့ ရှိကြသည်။
၅ မည်ရ မြို့ကလေး
ရပ်စောက်မြို့သည် ၅ မည်ရ မြို့ကလေး ဖြစ်ပါတယ်။ မင်းတုန်းမင်းလက်ထက် ကုန်းဘောင် ၁၁ ဆက်တွင် ၁၀ ဆက်မြောက် မင်း၊ ရပ်စောက် စော်ဘွားကြီး အာယုဒီဃကျော် အုပ်စိုးခဲ့ဖူးစဉ်က ရပ်စောက်ကို ရဿဝတီ ဟု ခေါ်ခဲ့သည်။ ရသ သည် ကြည်လင်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း ရသ ရှိပြီး၊ ဝတီ သည် မြစ် ။ သာယာငြိမ့်ငြောင်းဖွယ် စီးဆင်းနေသော မြစ်ကလေး ရှိသော မြို့ကို ရပ်စောက် မြို့ဟု ခေါ်သည်။ ထိုစဉ်က ကုန်းဘောင် ၁၀ ဆက်ရ မင်း လက်ထက်တွင် ၆ စလွယ်ရသော ရပ်စောက် စော်ဘွားကြီး အာယုဒီဃာကျော် လက်ထက်တွင် ထောင်ပြု မြို့ တစ်မြို့ ဖြစ်ခဲ့သည်။ ထောင်ပြု မြို့ ဟူသည် စစ်သည်အင်အား ထောင်ဂဏန်း စုထားသော မြို့လေး တစ်မြို့လည်း ဖြစ်သည်။
ပုဂံခေတ် အလောင်းစည်သူမင်း လက်ထက်တွင် ပိန္နဲပင်ကို ခြေမ နဲ့ ညှပ်ပြီး ရပ်ရင်း နဲ့ စိုက်ခဲ့သဖြင့် “ ရပ်စိုက်” ဟု ဦးစွာ ဖြစ်ပေါ်ခဲ့ကြောင်း ပါးစပ်စကား ရှိသည်။ နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်သည် ရဲမက် ဗိုလ်ပါ များ စုရုံးရသော မြို့ ဖြစ်တဲ့ အတွက် ရပ်စု မြို့ ဟု လည်းကောင်း၊ ရပ်စောက်ဟု ဖြစ်ပေါ်လာကြောင်း သိရသည်။ ထို့ကြောင့် ပုဂံခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ် တို့တွင် ရပ်စိုက်၊ ရပ်စု၊ ရဿဝတီ၊ ယောက်ဆောက်၊ ရပ်စောက် ဟူ၍ လည်းကောင်း အသီးသီး ပြောင်းလဲ လာခဲ့ကြောင်း ဖတ်မှတ်လေ့လာရဖူးပါသည်။
နောက်ပိုင်းခေတ်တွင် ရှမ်းလို လောက်ဆောက် ဟု ခေါ်ရာမှ ဗမာမှုပြုရင်း ယောက်ဆောက် မှ တဖြည်းဖြည်း နှင့် ရပ်စောက်ဟူ၍ ဖြစ်ပေါ်လာကြောင်း၊ ၅ မည်ရ မြို့ကလေး အဖြစ် သိထားရဖူးပါတယ်။
ရပ်စောက်မြို့တွင် ငှက်ကြီးတောင် သာသနာ့နယ်မြေ တောင်ပေါ်တစ်ခု သာ လည်ပတ်စရာ ရှိသည်ဟု ဆိုနိုင်သည်။ ရှေးဟောင်းသမိုင်းဝင် စော်ဘွားကြီး တည်ထားသော ရွှေဘုန်းပွင့် စေတီတော်လည်း တည်ရှိသည်။ ရပ်စောက်မြို့တစ်ဝက်လုံးကို ရင်တစ်ခြမ်းခွဲ၍ တပ်နယ်အဖြစ် သတ်မှတ်ပေးထားသဖြင့် များများ စားစား လည်ပတ်စရာ မရှိဘဲ တပ်နယ်အများဆုံး မြို့လည်း ဖြစ်သည်။
၅။ ဖယ်ခုံမြို့နယ်
ယခင် က ကယားပြည်နယ်တွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် တွင်းသို့ သွပ်သွင်းခံရသဖြင့် ဖယ်ခုံမြို့နယ် သည်လည်း ရှမ်းပြည်တောင်ပိုင်းတွင် ပါဝင်လာသည်။
ဖယ်ခုံမြို့သည် အချို့ က ရှမ်းဘာသာစကားဖြင့် ဖိုင်ခွန်၊ အချို့ က ဖိုက်ခွန်၊ ကယားဘာသာစကားဖြင့် တချို့ တကူမော်လဲ၊ တချို့ က သာခွန်၊ ကယန်းဘာသာစကားဖြင့် ပါးသူအောက် ဟု အမျိုးမျိုး သတ်မှတ်ခဲ့သည်။ ဖိုင်ခွန် ဆိုသည်မှာ ဆည်များကိုပိတ်၍ အုပ်ချုပ်သော မင်းစော်ဘွား၊ တကူမော်လဲ ဆိုသည်မှာ သဖန်းပင်ရွာ၊ ပါးသူအောက် ဆိုသည်မှာ မင်းမျိုးမင်းနွယ် များ နေထိုင်သည့် မြို့နယ်ဟူ၍ အဓိပ္ပါယ် ဖွင့်ကြသည်။ ရှေးက ဖယ်ခုံမြို့နယ်တွင် ကယားလူမျိုး၊ ရှမ်းလူမျိုး၊ ကယန်းလူမျိုး တို့ နေထိုင်ကြကာ၊ ဘီလူးချောင်းရေကို ပိတ်၍ ဆည်ပြုလုပ်ခဲ့သဖြင့် ဖိုင်ခွန် ဟု ဆိုခဲ့ကြောင်း သိရသည်။
ဖယ်ခုံမြို့တွင် လောပိတ ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံအတွက် အဓိက ရေအရင်းအမြစ်ဖြစ်သော မိုးဗြဲရေလှောင်ကန် ကို လေ့လာနိုင်သလို၊ ရှေးဟောင်း သမိုင်းဝင် မိုးဗြဲမွေတော် ဓါတ်စစ်ဘုရား လည်း တည်ရှိသည်။
မိုးဗြဲမြို့နယ်တွင် ကယန်းတိုင်းရင်းသား ရှစ်သောင်းကျော် အများဆုံးနေထိုင်ကြကာ၊ ရှမ်းတိုင်းရင်းသား တစ်သောင်းကျော်၊ ဗမာ ငါးထောင်ကျော်၊ ပအိုဝ်း နှင့် အင်း ၂၀၀၀ ကျော် ရှိပြီး၊ တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြသည်။
မိုးဗြဲထူးခြားချက်မှာ ကယန်းလူမျိုး (ပဒေါင်) တိုင်းရင်းသားများ အများစု နေထိုင်ကြသဖြင့် ကမ္ဘာမှာပါ ထင်ရှားသော ကယန်း(ပဒေါင်) တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များကို လေ့လာနိုင်ပါသည်။ လည်ပင်း ကြေးကွင်းစွပ်ထားသော ပဒေါင်တိုင်းရင်းသားဟု လူသိများသော ကယန်းလူမျိုး(ပဒေါင်) တိုင်းရင်းသားများသည် ရှမ်းပြည်တောင်ပိုင်းတွင် ၄၀၀၀၀ ကျော်၊ ကယားပြည်နယ်တွင် ၂၀၀၀၀ ကျော် နေထိုင်ကြကာ လူဦးရေ ၁၃၀၀၀၀ ကျော် သာ ရှိပြီး၊ ထိုင်း၊ ဗီယက်နမ်၊ အမေရိကန် ၊ မင်နီဆိုးတား ပြည်နယ် တို့တွင် ပျံ့နှံ့နေထိုင်ကြသည်။ ကယန်း လူမျိုးသည် တောင်ပေါ်ဒေသတွင် နေထိုင်သော လူမျိုးဖြစ်ပြီး၊ ကရင်နီ လူမျိုးစု နွယ်ဝင် လူမျိုးစုခွဲ တစ်ခု ဖြစ်ကာ၊ ကယန်းလထာ၊ ကယန်းကငံ၊ ကယန်းလဝီ(ပဒေါင်) ၊ ကခေါင် ဟူ၍ လူမျိုးစု ခွဲများ ရှိသည်။
၆။ ရွာငံမြို့နယ်
ရှမ်းတောင်တွင် အလှပဆုံး ဒေသတစ်ခုဖြစ်ပြီး၊ ရပ်စောက်မြို့နယ်၊ ပင်လောင်းမြို့နယ် တို့ပြီးလျှင် တတိယမြောက် နယ်နိမိတ် အကျယ်ဆုံး မြို့နယ်တစ်ခုဖြစ်သည်။ ရွာငံမြို့နယ်တွင် သတ္တု အများအပြား ထွက်ရှိပြီး၊ သဘာဝ တောတောင်အလှအပများ ၃ ပုံ ၂ ပုံ ကျန်ရှိသေးသည်ဟု ဆိုနိုင်သည်။ ပုဂံဘုရင် နရသီဟပတေ့ စည်သူမင်း တိုင်းခန်းလှည့်လည်ရာ ထိုနေရာအရောက် နောက်ပါ မှူးမတ်များကို ရပ်ငံ့ စောင့်ဆိုင်နေသဖြင့် ရပ်ငံ့ဟု မူလ ခေါ်တွင်ရာမှ နောင်အခါ ရွာငံ ဟု အမည်တွင်လာကြောင်း ဆိုရိုးရှိသည်။
မြန်မာမင်းများ အုပ်ချုပ်ပုံ စာရင်းအရ ရှမ်းကမ္ဘောဇနယ်စာရင်းတွင် ဘော်နယ်၊ ရွာငံနယ် ဟူ၍ ဖော်ပြထားပြီး၊ ဘော်နယ်ဆိုသည်မှာ ခဲသတ္တု၊ ငွေသတ္တုအရောရာ သတ္တုတစ်မျိုးကို ခေါ်ဆိုခြင်းဖြစ်ကာ ထိုသတ္တု ထွက်ရှိရာ ဒေသကို ဘော်နယ်ဟု ခေါ်ခြင်းဖြစ်သည်။ ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာ တွင်လည်း သတ္တု အများအပြား ထွက်ရှိသေးပြီး၊ သတ္တုတွင်း တူးဖော်ခြင်း လုပ်ငန်းများကို ရွာငံမြို့နယ် နှင့် ဘော်ဆိုင်းဒေသ တို့တွင် မြင်တွေ့ရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် လည်ပတ်နိုင်သော နေရာများမှာ ယောက်ကော် ဘိုးဘိုးကြီး တည်ထားသော မိန်းမရဲ သခင်မ တောင်တော်၊ မြသပိတ် ရေပြာကန်၊ တောကျယ် ဘုံခုနှစ်ဆင့် ရေတံခွန်၊ ဓါတ်ပုံဆရာ များ လွန်စွာကြိုက်နှစ်သက်သော နာမည်ကျော် မြင်းမူးကုန်း အလှအပ၊ တပ်ကုန်းကျေးရွာ မှ ငုတ်ချောင်း(ခ) ရေဖြူစမ်း၊ အလယ်ချောင် (၈)ထပ် ရေတံခွန်၊ ကျောက်ခေတ်လူသားများနေထိုင်ခဲ့သော ပြဒါးလင်းဂူ၊ ရေဝင်ဂူ၊ လင်းဝေးဂူ၊ ဝံတွင်းဂူ၊ တလုပ်ချရေတံခွန်၊ ဆည်ကြီးကျရေတံခွန်၊ လယ်ကိုင်းကျောက်ခေါင်းဂူ၊ ရှမ်းတောင်တွင် အမြင့်ဆုံးဖြစ်သော ပေပေါင်း (၇၇၅၂) ပေ မြင့်သော ရှေ့မြင်နောက်မြင်တောင်၊ တို့ကို သွားရောက်လည်ပတ်နိုင်ပါသည်။
ပင်းတယမြို့နယ်၊
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် လည်ပတ်နိုင်သော နေရာများမှာ ပင်းတယ ရွှေဥမင် သဘာဝ လှိုဏ်ဂူတော် နှင့် နတ်သမီး ခုနှစ်ဖော် ရေချိုးခဲ့သည်ဟု ဆိုသော ပုန်းတလုတ် ရေကန် တို့ကို လည်ပတ်နိုင်ပါသည်။ ရွှေဥမင် သဘာဝ လှိုဏ်ဂူတော် သာသနာ့ နယ်မြေတွင် ညောင်ကြတ်ပင်၊ သပြေလုံးပင်တန်းကြီးများ စီတန်းပေါက်ရောက်နေသည်ကိုလည်း လှပစွာ မြင်တွေ့ရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့ ပါဝင်ပြီး ပအိုဝ်းတိုင်းရင်းသား အများစု နေထိုင်ကြသည်။ တချို့ မြို့နယ်များတွင် ရှမ်းတိုင်းရင်းသား အနည်းငယ် ရောနှော နေထိုင်ကြပြီး၊ ဥပမာ ဟိုပုံးမြို့နယ် နှင့် တောင်ကြီးမြို့နယ် အစပ်နားရှိ နမ့်ခုတ်ကျေးရွာအုပ်စု တွင်းရှိ ပုန်းအင်း ဒေသတွင် ရှမ်းတိုင်းရင်းသား များ နေထိုင်ကြပြီး၊ ရိုးရာပုန်းအင်း လှေလှော်ပြိုင်ပွဲ ကျင်းပလေ့ ရှိသည်။ ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာတွင် လိုင်းကတူး ရေတံခွန် လည်း ရှိသည်။
ဟိုပုံးမြို့နယ် နှင့် ဆီဆိုင်မြို့နယ် တို့သည် တောင်ကြီးခရိုင် အရှေ့ဘက် ကျသော မြို့နယ် နှစ်ခု ဖြစ်ကာ၊ မြောက်မှ တောင်သို့ သွယ်တန်းလျက် ရှိသည်။
ဟိုပုံးမြို့နယ်တွင် မဲနယ်တောင်တန်းပေါ်ရှိ အမြင့်ဆုံးတောင်ဖြစ်သော ပေပေါင်း (8250) ပေ မြင့်သော လွယ်မိုင်းတောင် တည်ရှိပြီး၊ လွယ်မိုင်းတောင်ပေါ်တွင် ရှားပါး တောင်ဇလပ် ပန်းပင်များ ရှင်သန် ပေါက်ရောက် ကြသည်။ မဲနယ်တောင်တန်းသည် ပေပေါင်း (၈၆၀၀) မြင့်သည်ဟု ဆိုကြသည်။ လွယ်မိုင်း တောင်ပေါ်တွင် ဘုရားခြေတော်ရာ ရှိသည်ဟု ယုံကြည်ကြပြီး၊ ရှေးယခင် (၁၉၈၇) ခုနှစ်တွင် လေယာဉ်ပျက်ကျခဲ့ဖူးသော နေရာ လည်း ရှိကြောင်း သိရသည်။ မဲနယ်တောင်တန်းပေါ်ရှိ လွယ်မိုင်း တောင် သည် ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာတွင် တည်ရှိသည်။ ထို့ပြင် မဲနယ်တောင်တန်းပေါ်တွင် တည်ရှိသော ကျောက္ကခြားကျေးရွာ တွင် ရှေးနှစ်ပေါင်း ၁၀၀ ကျော် က တည်ဆောက်ခဲ့သော ရှေးဟောင်း တိုင်တစ်ရာ ဘုန်းတော်ကြီးကျောင်းကိုလည်း သွားရောက် လေ့လာနိုင်ပေသည်။
ဆီဆိုင်မြို့နယ် တွင် ရှမ်းတိုင်းရင်းသားများ နေထိုင်သော ပန်လွန်ကျေးရွာ ကို ခရီးသွားလုပ်ငန်းမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရှမ်းရိုးရာ အစားအစာ (၁၆) မျိုးခန့် လုပ်နိုင်ကြောင်း သိရသည်။ ရှမ်းတိုင်းရင်းသား နှင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့များနှင့် ပတ်ဝန်းကျင် ရှုခင်းများကို လေ့လာနိုင်မည်။
ပင်လောင်းမြို့နယ်
ဒေသသမိုင်းအကျဉ်းအရ ခရစ်သက္ကရာဇ် (၁၀၄၄- ၁၇၅၂) ခုနှစ် ပုဂံခေတ် နှင့် တောင်ငူခေတ်တွင် ပင်လောင်း ဒေသသို့ ကျိုက်ထို၊ ကျိုက်ခမီ နယ်သား ကရင်များ၊ သထုံနယ်သား ပအိုဝ်းများ၊ ကွန်ဟူ ရှမ်းအမျိုးအနွယ်များ အဆင့်ဆင့် ရောက်ရှိ နေထိုင်ခဲ့ရာ ပထမဆုံး ရောက်ရှိလာသော ကျိုက်ခမီနယ်သား ကရင်များပင်လောင်းမြို့ တောင်ဘက် ၁၃ မိုင် အကွာ ဝမ့်ဖာ (ဘန့်ဘာ) ရွာကို တည်ထောင်ခဲ့ကြောင်း သိရသည်။ ခရစ်သက္ကရာဇ် (၁၇၆၃- ၁၇၇၈) ခုနှစ် တတိယကုန်းဘောင်မင်းဆက် ဆင်ဖြူမင်းလက်ထက်တွင် ဝမ့်ဖာရွာတွင် မုဆိုးမ၏ သမီး ဖြစ်သူ မစီးထာ(ခ) နန်းမူ ၏ ယာခင်းကို ဆင်ဖြူတစ်ကောင် ဝင်ရောက်စားသောက်သဖြင့် ရွာသားများ သွားရောက် ဖမ်းဆီးရာ ဖမ်းမမိဘဲ မစီးထာ ကိုယ်တိုင်သွားရောက်ဖမ်းဆီးမှ မိသဖြင့်ဝမ့်ဖာရွာတွင် ဆင်ဖြူအား ထိန်းကျောင်းပြီး၊ အင်းဝဘုရင် ဆင်ဖြူရှင်အား သွားရောက်ဆက်သ ခဲ့သဖြင့် အင်းဝဘုရင်မှ မစီးထာ အား ပင်လောင်းမြို့ ဖြစ်လာမည့် ဒေသကို အုပ်ချုပ်ရန် နှင့် အခွန်အတုတ်ကောက်ခံရေး နယ်နိမိတ် ပိုင်းခြား ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ မင်းကောင်းမင်းမြတ်များပေါ်ထွက်လာသဖြင့် ရှမ်းစကားပန်လောင်း ဟု လည်းကောင်း၊ စန္ဒကူးပင်များ ပေါက်ရောက်သည်ကိုအစွဲပြု၍ ကရင်ဘာသာစကား ဗန်းလောင်း၊ စန္ဒကူးတော ဟူသော စကားတို့မှ ပင်လောင်းဖြစ်လာသည်ဟု ဆိုသည်။
ပင်လောင်းမြို့နယ်သည် တောင်ကုန်းတောင်တန်း ထူထပ်ပြီး အမြင့်ဆုံး တောင်မှာ လွယ်မောင်းတောင် (၆၁၂၄) ပေ မြင့်ပြီး၊ ပင်လောင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၄၈၀၀) ကျော် မြင့်သဖြင့် ဆောင်းရာသီ ရေခဲသည်အထိ အေးသည်။ တောင်ကြီးမြို့တွင် ရေမခဲဘဲ ပင်လောင်းမြို့တွင် ရေခဲ သော နှစ်များစွာ ကြုံရဖူးသည်။
ပင်လောင်းမြို့နယ် တွင် ပင်လောင်း၊ နောင်တရား ၊ ပေါင်းလောင်း ဟူ၍ ၃ မြို့ ပါဝင်သည်။
ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့တွင် လိန်းလီတံတား၊ ဆန်းကြယ်လှပသော နမ့်မွန်ကြီး ရေတံခွန်၊ ပင်လောင်းမြို့တွင် လုံးနဂါးပတ် ဘုရား၊ အမေကြီး ဝင်္ကပါတောင် ၊ ပင်ထို ရေတံခွန်၊ လူသိနည်း သေးသော “ဟား” ရေတံခွန်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဆင်းစင်း ရေတံခွန် တို့ကို လည်ပတ်နိုင်သည်။
နိဂုံး
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်တွင်းရှိ မြို့နယ် ၁၀ ခု တွင်းရှိ လည်ပတ်စရာ နေရာများကို တင်ပြ ပေးခဲ့ပြီး ဖြစ်သည်။ ရှမ်းပြည်နယ်အလှအပ သဘာဝ တောတောင်ရှုခင်းများ ကြည့်ရှုခံစားနိုင်ရန် အတွက် တခါတခေါက် လာရောက်လည်ပတ်ကြရန် ဖိတ်မန္တက ပြုအပ်ပါသည်။
Author - စည်သာ(တောင်ကြီး)
18-2-2020
No comments:
Post a Comment