Font

Wellcome

စည္သာဟိန္း မွ လႈိုက္လွဲစြာၾကိဳဆိုပါသည္

Saturday, October 16, 2021

ထမ္ဆန္းလႈိဏ္ဂူ

ထမ္ဆန္းလႈိဏ္ဂူ

စည္သာ(ေတာင္ႀကီး)

မေရာက္တာ ၾကာၿပီ ျဖစ္တဲ့ ဟုိပံုးၿမိဳ႕နယ္ ထဲက ထမ္ဆန္းလႈိဏ္ဂူ ကို သြားလည္လိုက္တယ္။ တစ္ေန႔ တစ္ေန႔ အလုပ္ေတြ မ်ားေနတာနဲ႔ သြားမယ္ ဆိုလိုက္တုိင္း မသြားျဖစ္တာနဲ႔ မအားတာနဲ႔ ႀကံဖန္ၿပီးေတာ့ သြားမယ့္ ခရီးစဥ္ ေတြ ပ်က္ေနတာ မ်ားလာေတာ့ လူလည္း စိတ္ဓါတ္က်လာတယ္။ 
ေၾသာ္ ဒါေတာင္ ကေလး တစ္ေယာက္ပဲ ေမြးထားေသးလို႔ပါလား။ ကေလးေတြ အမ်ားႀကီး ေမြးထားတဲ့ မိသားစု ေတြ ဘယ္လို မ်ား လုပ္မလဲ လို႔ ေတြးမိတယ္။ ကုိယ့္မွာေတာ့ ဒီသားေလး တစ္ေယာက္ပဲ ရွိတာ။ တစ္ေယာက္ထဲကိုေတာင္ ႏုိင္ေအာင္ မထိန္းႏုိင္ဘူး ျဖစ္ေနတယ္။ ေန႔လည္း သား၊ ညလည္း သား ေလး နဲ႔ ရွိသမွ် အခ်ိန္ေတြ သူ႔ကုိပဲ ပံုေပးလုိက္ရေတာ့တယ္။ ကုိယ့္အတြက္ အခ်ိန္ဆိုတာ မရွိေတာ့ဘူး။ 
ဒီတစ္ေခါက္ သြားမယ့္ ခရီးကလည္း မေ၀းလြန္း မနီးလြန္း လို႔ပဲ ေျပာရမယ္ ထင္တယ္ဗ်။ ပအုိ၀္း ကုိယ္ပုိင္ အုပ္ခ်ဳပ္ခြင့္ရ ေဒသ ဟိုပံုးၿမိဳ႕နယ္ တြင္းရွိ ထမ္ဆန္းလႈိဏ္ဂူ ႏွင့္ ေရႊတိဂံု ပံုစံတူ ဘုရား တို႔ပဲ ျဖစ္ပါတယ္။
ရွမ္းျပည္ ေတာင္ပုိင္းမွာ ေတာင္ႀကီးကေန သြားမယ္ ဆုိရင္ မျဖစ္မေန ေက်ာ္ျဖတ္သြားရၿပီး၊ အၿမဲတမ္း ျမင္ေတြ႔ေနလွ်က္ နဲ႔ မေရာက္ျဖစ္တဲ့ ေနရာေလး တစ္ခုပဲ ျဖစ္ပါတယ္။ ဟိုပံုးအေက်ာ္၊ မိုင္းပြန္ အ၀င္ ေတာင္ၾကားလမ္းမွာ ထမ္ဆမ္းဂူ နဲ႔ ေရႊတိဂံု ပံုတူကို လမ္းေပၚ ကားေပၚ ကေနလည္း ဖူးျမင္ေတြ႔ရွိ ႏုိင္ပါ တယ္။ အရင္တုန္းက ဒီေနရာေတြက အင္မတန္ ေျခာက္ျခားစရာ ေကာင္းတဲ့ အႏၱရာယ္ ရွိတဲ့ မေကာင္းဆုိးရြား နယ္ေျမ ေတြ လို႔ ေဒသခံ ေတြက ယံုၾကည္ၾကပါတယ္။ အခုေတာ့ ေအးခ်မ္းခဲ့ပါၿပီ။
×××
 
ထမ္ဆန္းလႈိဏ္ဂူကို ဘယ္လုိ သြားမလဲ
ေတာင္ႀကီးၿမိဳ႕ကေန သဘာ၀ ထမ္ဆန္းလႈိဏ္ဂူ ကို ၂၈ မုိင္ ေလာက္ ေမာင္းရပါတယ္။ ဟိုပံုးကေန တဆင့္ လြိဳင္လင္ သြားလမ္း အတုိင္း သြားလိုက္ရင္ မုိင္းပြန္ ေတာင္တန္း မေရာက္ခင္မွာ ထမ္ဆန္းဂူကို ေရာက္ရွိမွာ ျဖစ္ပါတယ္။ ထမ္ဆန္း ေရႊတိဂံုပံုတူ ဘုရားကို အရင္ေရာက္ရွိၿပီး၊ မလွမ္းမကမ္းမွာေတာ့ ထမ္ဆန္းဂူ ကို ေရာက္ပါတယ္။ မုိင္းပြန္ မွတဆင့္ လြိဳင္လင္ ကို ဆက္သြားႏုိင္ပါတယ္။
×××
ထမ္ဆန္း ေရႊတိဂံုပံုတူ
ဟိုပံုးအေရွ႕ဘက္၊ မုိင္းပြန္ အေနာက္ဘက္ ၿမိဳ႕ႏွစ္ၿမိဳ႕ ၾကားခံေနရာတြင္ ထမ္ဆန္းေရႊတိဂံုပံုတူ ေစတီေတာ္ တစ္ဆူကို တည္ထားကုိးကြယ္ပါသည္။ ဟိုပံုးကေန လာရင္ ဟုိပံုးကိုရင္ေလးေက်ာင္း အတြင္း ၀င္တဲ့ ရြာက ဟုိတိရြာ၊ ဆက္သြားရင္ ရြာသစ္၊ ေနာင္ခါးရြာ၊ ထမ္ဆန္းရြာ ကို ေရာက္ပါတယ္။ ထမ္ဆန္းရြာကေန ျမင္ရတဲ့ အတုိင္း အေပၚကို တက္လိုက္ရင္ ေမတၱာခမ္းတန္ ဓမၼဗိမၼာန္ ကို ေရာက္ၿပီး ထမ္ဆန္းေရႊတိဂံု ပံုတူ ေစတီေတာ္ ကို ဖူးေမွ်ာ္ႏုိင္ပါတယ္။ ေက်ာင္းေပၚ မတက္ဘဲ လမ္းမအတိုင္း ဆက္သြားရင္ မိုင္းပြန္လမ္း အတိုင္း ဂူ ရွိရာ ကို ေရာက္ႏုိင္ပါတယ္။
လြန္ခဲ့တဲ့ ၁၀ ႏွစ္ ေလာက္တုန္းက ထမ္ဆန္းေရႊတိဂံု ေစတီ တည္ရွိရာ ေနရာဟာ သဲေတာင္၊ ခ်ဳိင့္၀ွမ္း ။သစ္ေတာမ်ား ထူထပ္စြာေပါက္ေရာက္ၿပီး၊ လူဆုိး၊ သူခိုး၊ ဓါးျမမ်ား ခိုေအာင္းရာ  နယ္ေျမ ျဖစ္ခဲ့တယ္ လို႔ ကားသမား မ်ား ေျပာၾကားခ်က္အရသိရတယ္။ ၿဗိတိသွ် အဂၤလိပ္တို႔ အုပ္စုိးတဲ့ ကာလမွာ အဂၤလိပ္ စစ္တပ္ ခုိေအာင္းတဲ့ ေနရာျဖစ္ၿပီး၊ ဂ်ပန္ေခတ္ အေရာက္မွာလည္း ဖက္ဆစ္ ဂ်ပန္ စစ္သားေတြ ေနထုိင္ရာ စစ္စခန္း တစ္ခုလည္း ျဖစ္ခဲ့ပါတယ္။ ထမ္ဆန္းဂူ နား တစ္၀ုိက္သည္ နာမည္ဆုိးျဖင့္ ေက်ာ္ေဇာသတင္းႀကီးၿပီး ေဘးရန္ အႏၱရာယ္ရွိေသာ မေကာင္းဆိုးရြား၊ မိစာၦ သဘက္မ်ား ပုန္းခုိ တည္ရွိရာ ေၾကာက္မက္ဖြယ္ရာေနရာ တစ္ခု အျဖစ္ လူအမ်ားက ထိတ္လန္႔ခဲ့ၾကသည္ဟု ေဒသခံေတြက ယံုၾကည္ခ်က္ ရွိခဲ့တယ္။  သို႔ေပမယ့္ လြန္ခဲ့တဲ့ ၈ ႏွစ္ေက်ာ္ခန္႔ ၁၃၇၁ ခုႏွစ္ က ေမတၱာခမ္းတန္ ကိုရင္ေလး ရွင္ေပါရိသမွ ဦးေဆာင္ၿပီး လုပ္အားေပး ကာယကံ ကုသိုလ္ရယူလိုၾကတဲ့ ေဒသေပါင္းစံု မွ အမ်ားတကာ ျပည္သူ အေပါင္း တို႔က ခုတ္ထြင္ ရွင္းလင္းေပးၿပီး၊ သာယာေအာင္ ျပဳလုပ္ႏုိင္သျဖင့္ ေဘးအႏၱရာယ္ မ်ားေသာ ေနရာအျဖစ္မွ ေအးခ်မ္းၾကည္လင္ စိတ္ခ်မ္းေျမ႕ၿပီး ေကာင္းက်ဳိးခ်မ္းသာ တို႔ျဖင့္ ျပည့္စံုႏုိင္သည့္ ေနရာအျဖစ္သို႔ ေျပာင္းလဲ ေပးႏုိင္ခဲ့ၿပီ ျဖစ္ပါတယ္။
စာေပ ေ၀ါဟာရတြင္ ေက်ာင္းကန္ဘုရား ဟူေသာ စကားစုတို႔သည္ စိတ္ႏွလံုး ၾကည္ႏူးမႈကို ျဖစ္ေစေသာ အရာမ်ား ျဖစ္ပါတယ္။ ထမ္ဆန္းေရႊတိဂံု ပံုတူ ေစတီေတာ္တြင္ ထူးျခားခ်က္မ်ား အျဖစ္ ေမတၱာခမ္းတန္ တုိင္ ၂၀၀ ေက်ာ္ ေက်ာင္းေတာ္ႀကီး ၊ ေပ ၃၀၀×၇၀၀ က်ယ္၀န္းတဲ့ ေရကန္ႀကီး၊ ႏွင့္ ရန္ကုန္မွ ေရႊတိဂံု ေစတီေတာ္ ျမတ္ႀကီး ႏွင့္ ပံုစံ တူ ျဖစ္ေသာ ဘုရားတစ္ဆူ တို႔ကို အစဥ္လိုက္ တည္ထား ျခင္း ျဖစ္ပါတယ္။
ဆရာေတာ္၊ သံဃာေတာ္ ျမတ္မ်ား သီတင္းသံုးေနထုိင္ႏုိင္ရန္ ေက်ာင္းေတာ္ ၊ အမ်ားျပည္သူ ၇ ရက္သား သမီး အေပါင္း ေ၀ေနယ် ကုသိုလ္ပြားမ်ား ႏုိင္ရန္ ေစတီေတာ္ ၿပီးလွ်င္ လိုအပ္သည္မွာ ေရကန္ျဖစ္တယ္။ ေရကန္ႀကီး ေတြဟာ ပူျပင္းခ်ိန္မွာ လူေတြရဲ႕ စိတ္ႏွလံုးကို ေအးျမေစတာ ျဖစ္ပါတယ္။ ေနာက္ထပ္ ထူးျခားမႈ တစ္ခုကေတာ့ ျမင့္မိုရ္ေတာင္ႀကီးကို ေဒသတြင္း ဗိသုကာ ပညာရွင္ေတြနဲ႔ တည္ထား ေနတာ ၿပီးစီးေတာ့မွာ ျဖစ္တယ္။ ျမင့္မိုရ္ေတာင္ဟာ အေတာ္ျမင့္ပါတယ္။ အေပၚစီးကေန ၾကည့္ရင္ ေစတီေတာ္ ကိုလည္းေကာင္း၊ တစ္ဖက္က ေမတၱာခမ္းတန္ ေက်ာင္းေတာ္ ကိုလည္းေကာင္း ျမင္ေတြ႔ႏုိင္ပါတယ္။
 ေစတီရွိရာကုန္းေတာ္ေပၚကို တက္ေရာက္လွ်င္ ေမတၱာခမ္းတန္ ေက်ာင္းေတာ္၊ ျမင့္မုိရ္ေတာင္ေတာ္၊ ေရကန္ႀကီးနဲ႔ ေနာက္ တစ္ဖက္က ေရႊတိဂံု ပံုစံတူ ဘုရား ေစတီေတာ္ ကို အစဥ္လိုက္ ဖူးျမင္ႏုိင္မွာ ျဖစ္ပါတယ္။ ထုိကုန္းေျမသည္ သဲေတာင္ကုန္းေနရာလည္း ျဖစ္တယ္။ ထိုသဲေတာင္ကုန္းေနရာမွာ ေရကန္ တည္ဖို႔ဆိုတာ ဘယ္လိုမွ စဥ္းစားႏုိင္စြမ္း မရွိေပ။ သဲထဲ ေရသြန္ဆိုေသာ စကားလည္း ရွိပါတယ္။ သဲထဲ ေရသြန္သလို အလဟႆ ျဖစ္သည့္ သေဘာ မျဖစ္ရေလေအာင္ သဲေတာင္ေပၚတြင္ သဲထဲေရကန္ တည္ရန္ ပထမဦးဆံုး စမ္းသပ္သည့္ အေနျဖင့္ ေပ ၁၀၀ ပတ္လည္ ရွိေသာ ေရကန္ကို စက္ယႏၱရား အားျဖင့္ တူးပါတယ္။ ေရကန္ထဲမွာ ေျမႀကီးေတြကို ထည့္ၿပီး ကားမ်ားျဖင့္ အႀကိမ္ႀကိမ္၊ အဖန္ဖန္ အျပန္အလွန္ နင္းေျချခင္း ႀကိတ္နယ္ျခင္း၊ သဲ နဲ႔ ေျမႀကီးေတြကို ေရာသမ ေမႊလိုက္တဲ့ အခါ သဲေတာင္ ေပၚက ေရကန္ ေအာင္ျမင္ပါတယ္။ စမ္းသပ္ ေအာင္ျမင္ၿပီးေနာက္မွ ေပ ၃၀၀× ၇၀၀ ပတ္လည္ အက်ယ္ ရွိတဲ့ေရကန္ႀကီးကို ျမင့္မိုရ္ ေတာင္ေအာက္ေျခတြင္ ၂လ အခ်ိန္အတြင္း တူးေဖာ္ထားရာ ယေန႔တုိင္ မခမ္းေျခာက္ဘဲ တည္ရွိ ေနပါတယ္။ ေရကန္နားကို ေရာက္တဲ့ အခါ အေမာအပန္းေတြ ေျပေပ်ာက္ၿပီး ေအးစိမ့္သြားပါေတာ့တယ္။
အံ့ၾသဘြယ္ရာ ေမတၱာခမ္းတန္ ဓမၼာရံု အင္မတန္ က်ယ္၀န္ၿပီး၊ သစ္တစ္ပင္လံုး လံုးပတ္အရွည္ ရွိသည့္ အတုိင္း သစ္လံုးတုိင္မ်ားနဲ႔ ေဆာက္ထားကာ သစ္အမ်ဳိးအစား မ်ားမွာ ကၽြန္း၊ အင္၊ စကား၊ အင္ၾကင္း၊ သစ္အယ္၊ ပိုးစာ ပင္ ဆိုၿပီး စံုလွပါတယ္။ ဓမၼရံုႀကီးရဲ႕ တုိင္ေပါင္းမွာ ၁၁၂ တိုင္၊ ၀ရံတာတုိင္ေပါင္း ၁၁၀ တိုင္၊ စုစုေပါင္း ၂၂၂ တိုင္ ရွိပါတယ္။
ေရႊတိဂံုပံုစံတူ ေစတီေတာ္မွာ တစ္ဆယ့္ရွစ္လက္မလွ်င္ တစ္ေတာင္ ပမာဏ ရွိေသာအတုိင္းအတာ ျဖင့္ ဥာဏ္ေတာ္ အျမင့္ တစ္ရာ့ရွစ္ (၁၀၈) ေတာင္ ရွိေတာ္မူပါသည္။
×××
ထမ္ဆန္းဂူ
ေရႊတိဂံုဘုရား ေဂါပက အဖဲြ႔ထံ ေမးျမန္းခ်က္အရ ထမ္ဆန္းဆိုသည္မွာ ရွမ္းစကား ျဖစ္ၿပီး၊ ဆန္းသည္ ဆင္ ဟု အဓိပၸါယ္ ရေၾကာင္း၊ ဆန္းသည္ တစ္နည္းအားျဖင့္ ဂူ ဟုလည္း ဆုိေၾကာင္း၊ ဆင္ဂူ၊ (သို႔မဟုတ္) အရွင္ဂူ ဟုလည္း ဆိုေၾကာင္း ဆိုပါတယ္။ ဒါေပမယ့္ တစ္ခါတစ္ေလ ထမ္ဆမ္းလို႔ ေရးသလို၊ ထမ္ဆန္း လို႔ လည္း ေရးသားထားတာ ေတြ႔ရလုိ႔ ဘယ္ဟာ အမွန္လဲေတာ့ မသိရပါ။
ထမ္ဆန္းဂူ ဟာ သဘာ၀ လႈိဏ္ဂူ ကို လူသား ေတြ ျပန္လည္ ျပဳျပင္ထားတဲ့ ဂူတစ္ခုလည္း ျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ ဒီလို မ်ဳိး သဘာ၀ ေတြကိုသဘာ၀အတုိင္း မထားဘဲ လူသားေတြ ျပန္လည္ ျပဳျပင္လိုက္တာကို တခ်ဳိ႕ ေဒသခံ မ်ားႏွင့္ သဘာ၀ ကို ခ်စ္ျမတ္ႏုိးသူေတြကေတာ့ စိတ္ႏွလံုးခ်မ္းေျမ႕ႏုိင္ျခင္း မရွိပါဘူး။ သဘာ၀အတုိင္းေလး ပဲ ထားရွိၿပီး၊ ခံစားလိုၾကသူေတြ မ်ားပါတယ္။
အခုဆိုရင္လည္း ဂူအတြင္းပိုင္း ကို ျပဳျပင္ေရး လုပ္ေဆာင္မႈေတြ မၿပီးေသးပါဘူး။ ေပ ၂၀၀၀ ခန္႔ ၀န္းက်င္ မွာ ဂူအတြင္းပိုင္း လမ္းသား ျပဳျပင္ေရး၊ ခ်ဲ႕ထြင္ျခင္းေတြကို ဆက္လက္လုပ္ေဆာင္ေနတာကို ျမင္ေတြ႔ ခဲ့ရ ပါတယ္။ ဂူထဲကို ၀င္ခါနီးေတာ့ ကိုရင္ေလး နဲ႔ သူ႔တပည့္သားမ်ားကို ျမင္ေတြ႔ရပါတယ္။ 
ထမ္ဆန္းဂူ ဟိုဘက္အျခမ္းမွာ ထမင္းလည္း ေကၽြးပါတယ္။ ဒီမွာက ကုိယ္ထူကုိယ္ထ စနစ္ပါပဲ။ ကုိယ့္ ထမင္း ကုိယ္ခူး၊ ကုိယ့္ပန္းကန္ ကုိယ္ေဆး ရပါတယ္။ ဆန္ကေတာ့ ဆန္ၾကမ္းပါ၊ ပဲႀကီးကို မုန္ညင္းထုပ္ အႀကီး နဲ႔ ေရာခ်က္ထားတဲ့ ဟင္းရည္ေတြကို ေကာ္ပံုး ဇလားအမဲႀကီး နဲ႔ ထည့္ထားတာ ပထမေတာ့ မစားခ်င္ဘူး။ ေနာက္ေတာ့လည္း စားစရာ မရွိ၊ ဗိုက္ကဆာလာေတာ့ စားရတာပါပဲ။ ငရုတ္သီးေၾကာ္ ကိုလညး္ ပန္းကန္နဲ႔ ထည့္ထားေပးပါတယ္။ 
စားၿပီးေတာ့ စားဖုိေဆာင္နားမွာ အမွတ္တရ ပစၥည္းေတြ ေရာင္းေနတာကိုလည္း လွည့္ၾကည့္လုိက္ ေသးတယ္။ ယာကြန္ဥ ဆိုလားပဲ အေျပာေကာင္းတာနဲ႔ စားၾကည့္လိုက္တယ္။ ယာကြန္ လက္ဖက္ေျခာက္ ရဲ႕ အပင္ရဲ႕ အျမစ္ ၊ ဥ လို႔ ဆိုၿပီး၊ ေဆးဖက္၀င္ေၾကာင္း၊ ေသြးတိုး၊ ဆီးခ်ဳိ၊ ႏွလံုး၊ ေက်ာက္ကပ္ ေတြကို သန္႔စင္ ေပးေၾကာင္း၊ ေျပာပါတယ္။ စားၾကည့္လိုက္ေတာ့ အရသာ က ပန္းသီး လိုပဲ။ ေအးစိမ့္ေနၿပီး ခ်ဳိ ေနတာ ေတြ႔ရတယ္။ ဒါနဲ႔ ၅၀၀ ဖိုး အားေပးလိုက္ပါတယ္။ ကိုယ္လည္း တစ္ခါမွ မစားဖူးဘူး။ သူေျပာလို႔ သာ စားဖူးတာ ဘာနဲ႔ တည့္လဲ မတည့္လဲ ဆိုတာ မသိရဘူး။ 
×××
ထမ္ဆမ္းလႈိဏ္ဂူကို ေရရွည္တည္တံ့ေစရန္ ဆက္လက္ထိန္းသိမ္းၾကဖုိ႔ တုိက္တြန္း ႏႈိးေဆာ္လိုက္ပါသည္။
xxx  ကေလာင္ - စည္သာ (ေတာင္ႀကီး)
++++

ထမ်ဆန်းလှိုဏ်ဂူ

မရောက်တာ ကြာပြီ ဖြစ်တဲ့ ဟိုပုံးမြို့နယ် ထဲက ထမ်ဆန်းလှိုဏ်ဂူ ကို သွားလည်လိုက်တယ်။ တစ်နေ့ တစ်နေ့ အလုပ်တွေ များနေတာနဲ့ သွားမယ် ဆိုလိုက်တိုင်း မသွားဖြစ်တာနဲ့ မအားတာနဲ့ ကြံဖန်ပြီးတော့ သွားမယ့် ခရီးစဉ် တွေ ပျက်နေတာ များလာတော့ လူလည်း စိတ်ဓါတ်ကျလာတယ်။
သြော် ဒါတောင် ကလေး တစ်ယောက်ပဲ မွေးထားသေးလို့ပါလား။ ကလေးတွေ အများကြီး မွေးထားတဲ့ မိသားစု တွေ ဘယ်လို များ လုပ်မလဲ လို့ တွေးမိတယ်။ ကိုယ့်မှာတော့ ဒီသားလေး တစ်ယောက်ပဲ ရှိတာ။ တစ်ယောက်ထဲကိုတောင် နိုင်အောင် မထိန်းနိုင်ဘူး ဖြစ်နေတယ်။ နေ့လည်း သား၊ ညလည်း သား လေး နဲ့ ရှိသမျှ အချိန်တွေ သူ့ကိုပဲ ပုံပေးလိုက်ရတော့တယ်။ ကိုယ့်အတွက် အချိန်ဆိုတာ မရှိတော့ဘူး။
ဒီတစ်ခေါက် သွားမယ့် ခရီးကလည်း မဝေးလွန်း မနီးလွန်း လို့ပဲ ပြောရမယ် ထင်တယ်ဗျ။ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဟိုပုံးမြို့နယ် တွင်းရှိ ထမ်ဆန်းလှိုဏ်ဂူ နှင့် ရွှေတိဂုံ ပုံစံတူ ဘုရား တို့ပဲ ဖြစ်ပါတယ်။
ရှမ်းပြည် တောင်ပိုင်းမှာ တောင်ကြီးကနေ သွားမယ် ဆိုရင် မဖြစ်မနေ ကျော်ဖြတ်သွားရပြီး၊ အမြဲတမ်း မြင်တွေ့နေလျှက် နဲ့ မရောက်ဖြစ်တဲ့ နေရာလေး တစ်ခုပဲ ဖြစ်ပါတယ်။ ဟိုပုံးအကျော်၊ မိုင်းပွန် အဝင် တောင်ကြားလမ်းမှာ ထမ်ဆမ်းဂူ နဲ့ ရွှေတိဂုံ ပုံတူကို လမ်းပေါ် ကားပေါ် ကနေလည်း ဖူးမြင်တွေ့ရှိ နိုင်ပါ တယ်။ အရင်တုန်းက ဒီနေရာတွေက အင်မတန် ခြောက်ခြားစရာ ကောင်းတဲ့ အန္တရာယ် ရှိတဲ့ မကောင်းဆိုးရွား နယ်မြေ တွေ လို့ ဒေသခံ တွေက ယုံကြည်ကြပါတယ်။ အခုတော့ အေးချမ်းခဲ့ပါပြီ။
×××
ထမ်ဆန်းလှိုဏ်ဂူကို ဘယ်လို သွားမလဲ
တောင်ကြီးမြို့ကနေ သဘာဝ ထမ်ဆန်းလှိုဏ်ဂူ ကို ၂၈ မိုင် လောက် မောင်းရပါတယ်။ ဟိုပုံးကနေ တဆင့် လွိုင်လင် သွားလမ်း အတိုင်း သွားလိုက်ရင် မိုင်းပွန် တောင်တန်း မရောက်ခင်မှာ ထမ်ဆန်းဂူကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ထမ်ဆန်း ရွှေတိဂုံပုံတူ ဘုရားကို အရင်ရောက်ရှိပြီး၊ မလှမ်းမကမ်းမှာတော့ ထမ်ဆန်းဂူ ကို ရောက်ပါတယ်။ မိုင်းပွန် မှတဆင့် လွိုင်လင် ကို ဆက်သွားနိုင်ပါတယ်။
×××
ထမ်ဆန်း ရွှေတိဂုံပုံတူ
ဟိုပုံးအရှေ့ဘက်၊ မိုင်းပွန် အနောက်ဘက် မြို့နှစ်မြို့ ကြားခံနေရာတွင် ထမ်ဆန်းရွှေတိဂုံပုံတူ စေတီတော် တစ်ဆူကို တည်ထားကိုးကွယ်ပါသည်။ ဟိုပုံးကနေ လာရင် ဟိုပုံးကိုရင်လေးကျောင်း အတွင်း ဝင်တဲ့ ရွာက ဟိုတိရွာ၊ ဆက်သွားရင် ရွာသစ်၊ နောင်ခါးရွာ၊ ထမ်ဆန်းရွာ ကို ရောက်ပါတယ်။ ထမ်ဆန်းရွာကနေ မြင်ရတဲ့ အတိုင်း အပေါ်ကို တက်လိုက်ရင် မေတ္တာခမ်းတန် ဓမ္မဗိမ္မာန် ကို ရောက်ပြီး ထမ်ဆန်းရွှေတိဂုံ ပုံတူ စေတီတော် ကို ဖူးမျှော်နိုင်ပါတယ်။ ကျောင်းပေါ် မတက်ဘဲ လမ်းမအတိုင်း ဆက်သွားရင် မိုင်းပွန်လမ်း အတိုင်း ဂူ ရှိရာ ကို ရောက်နိုင်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် လောက်တုန်းက ထမ်ဆန်းရွှေတိဂုံ စေတီ တည်ရှိရာ နေရာဟာ သဲတောင်၊ ချိုင့်ဝှမ်း ။သစ်တောများ ထူထပ်စွာပေါက်ရောက်ပြီး၊ လူဆိုး၊ သူခိုး၊ ဓါးမြများ ခိုအောင်းရာ  နယ်မြေ ဖြစ်ခဲ့တယ် လို့ ကားသမား များ ပြောကြားချက်အရသိရတယ်။ ဗြိတိသျှ အင်္ဂလိပ်တို့ အုပ်စိုးတဲ့ ကာလမှာ အင်္ဂလိပ် စစ်တပ် ခိုအောင်းတဲ့ နေရာဖြစ်ပြီး၊ ဂျပန်ခေတ် အရောက်မှာလည်း ဖက်ဆစ် ဂျပန် စစ်သားတွေ နေထိုင်ရာ စစ်စခန်း တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ထမ်ဆန်းဂူ နား တစ်ဝိုက်သည် နာမည်ဆိုးဖြင့် ကျော်ဇောသတင်းကြီးပြီး ဘေးရန် အန္တရာယ်ရှိသော မကောင်းဆိုးရွား၊ မိစ္ဆာ သဘက်များ ပုန်းခို တည်ရှိရာ ကြောက်မက်ဖွယ်ရာနေရာ တစ်ခု အဖြစ် လူအများက ထိတ်လန့်ခဲ့ကြသည်ဟု ဒေသခံတွေက ယုံကြည်ချက် ရှိခဲ့တယ်။  သို့ပေမယ့် လွန်ခဲ့တဲ့ ၈ နှစ်ကျော်ခန့် ၁၃၇၁ ခုနှစ် က မေတ္တာခမ်းတန် ကိုရင်လေး ရှင်ပေါရိသမှ ဦးဆောင်ပြီး လုပ်အားပေး ကာယကံ ကုသိုလ်ရယူလိုကြတဲ့ ဒေသပေါင်းစုံ မှ အများတကာ ပြည်သူ အပေါင်း တို့က ခုတ်ထွင် ရှင်းလင်းပေးပြီး၊ သာယာအောင် ပြုလုပ်နိုင်သဖြင့် ဘေးအန္တရာယ် များသော နေရာအဖြစ်မှ အေးချမ်းကြည်လင် စိတ်ချမ်းမြေ့ပြီး ကောင်းကျိုးချမ်းသာ တို့ဖြင့် ပြည့်စုံနိုင်သည့် နေရာအဖြစ်သို့ ပြောင်းလဲ ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
စာပေ ဝေါဟာရတွင် ကျောင်းကန်ဘုရား ဟူသော စကားစုတို့သည် စိတ်နှလုံး ကြည်နူးမှုကို ဖြစ်စေသော အရာများ ဖြစ်ပါတယ်။ ထမ်ဆန်းရွှေတိဂုံ ပုံတူ စေတီတော်တွင် ထူးခြားချက်များ အဖြစ် မေတ္တာခမ်းတန် တိုင် ၂၀၀ ကျော် ကျောင်းတော်ကြီး ၊ ပေ ၃၀၀×၇၀၀ ကျယ်ဝန်းတဲ့ ရေကန်ကြီး၊ နှင့် ရန်ကုန်မှ ရွှေတိဂုံ စေတီတော် မြတ်ကြီး နှင့် ပုံစံ တူ ဖြစ်သော ဘုရားတစ်ဆူ တို့ကို အစဉ်လိုက် တည်ထား ခြင်း ဖြစ်ပါတယ်။
ဆရာတော်၊ သံဃာတော် မြတ်များ သီတင်းသုံးနေထိုင်နိုင်ရန် ကျောင်းတော် ၊ အများပြည်သူ ၇ ရက်သား သမီး အပေါင်း ဝေနေယျ ကုသိုလ်ပွားများ နိုင်ရန် စေတီတော် ပြီးလျှင် လိုအပ်သည်မှာ ရေကန်ဖြစ်တယ်။ ရေကန်ကြီး တွေဟာ ပူပြင်းချိန်မှာ လူတွေရဲ့ စိတ်နှလုံးကို အေးမြစေတာ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားမှု တစ်ခုကတော့ မြင့်မိုရ်တောင်ကြီးကို ဒေသတွင်း ဗိသုကာ ပညာရှင်တွေနဲ့ တည်ထား နေတာ ပြီးစီးတော့မှာ ဖြစ်တယ်။ မြင့်မိုရ်တောင်ဟာ အတော်မြင့်ပါတယ်။ အပေါ်စီးကနေ ကြည့်ရင် စေတီတော် ကိုလည်းကောင်း၊ တစ်ဖက်က မေတ္တာခမ်းတန် ကျောင်းတော် ကိုလည်းကောင်း မြင်တွေ့နိုင်ပါတယ်။
 စေတီရှိရာကုန်းတော်ပေါ်ကို တက်ရောက်လျှင် မေတ္တာခမ်းတန် ကျောင်းတော်၊ မြင့်မိုရ်တောင်တော်၊ ရေကန်ကြီးနဲ့ နောက် တစ်ဖက်က ရွှေတိဂုံ ပုံစံတူ ဘုရား စေတီတော် ကို အစဉ်လိုက် ဖူးမြင်နိုင်မှာ ဖြစ်ပါတယ်။ ထိုကုန်းမြေသည် သဲတောင်ကုန်းနေရာလည်း ဖြစ်တယ်။ ထိုသဲတောင်ကုန်းနေရာမှာ ရေကန် တည်ဖို့ဆိုတာ ဘယ်လိုမှ စဉ်းစားနိုင်စွမ်း မရှိပေ။ သဲထဲ ရေသွန်ဆိုသော စကားလည်း ရှိပါတယ်။ သဲထဲ ရေသွန်သလို အလဟဿ ဖြစ်သည့် သဘော မဖြစ်ရလေအောင် သဲတောင်ပေါ်တွင် သဲထဲရေကန် တည်ရန် ပထမဦးဆုံး စမ်းသပ်သည့် အနေဖြင့် ပေ ၁၀၀ ပတ်လည် ရှိသော ရေကန်ကို စက်ယန္တရား အားဖြင့် တူးပါတယ်။ ရေကန်ထဲမှာ မြေကြီးတွေကို ထည့်ပြီး ကားများဖြင့် အကြိမ်ကြိမ်၊ အဖန်ဖန် အပြန်အလှန် နင်းခြေခြင်း ကြိတ်နယ်ခြင်း၊ သဲ နဲ့ မြေကြီးတွေကို ရောသမ မွှေလိုက်တဲ့ အခါ သဲတောင် ပေါ်က ရေကန် အောင်မြင်ပါတယ်။ စမ်းသပ် အောင်မြင်ပြီးနောက်မှ ပေ ၃၀၀× ၇၀၀ ပတ်လည် အကျယ် ရှိတဲ့ရေကန်ကြီးကို မြင့်မိုရ် တောင်အောက်ခြေတွင် ၂လ အချိန်အတွင်း တူးဖော်ထားရာ ယနေ့တိုင် မခမ်းခြောက်ဘဲ တည်ရှိ နေပါတယ်။ ရေကန်နားကို ရောက်တဲ့ အခါ အမောအပန်းတွေ ပြေပျောက်ပြီး အေးစိမ့်သွားပါတော့တယ်။
အံ့သြဘွယ်ရာ မေတ္တာခမ်းတန် ဓမ္မာရုံ အင်မတန် ကျယ်ဝန်ပြီး၊ သစ်တစ်ပင်လုံး လုံးပတ်အရှည် ရှိသည့် အတိုင်း သစ်လုံးတိုင်များနဲ့ ဆောက်ထားကာ သစ်အမျိုးအစား များမှာ ကျွန်း၊ အင်၊ စကား၊ အင်ကြင်း၊ သစ်အယ်၊ ပိုးစာ ပင် ဆိုပြီး စုံလှပါတယ်။ ဓမ္မရုံကြီးရဲ့ တိုင်ပေါင်းမှာ ၁၁၂ တိုင်၊ ဝရံတာတိုင်ပေါင်း ၁၁၀ တိုင်၊ စုစုပေါင်း ၂၂၂ တိုင် ရှိပါတယ်။
ရွှေတိဂုံပုံစံတူ စေတီတော်မှာ တစ်ဆယ့်ရှစ်လက်မလျှင် တစ်တောင် ပမာဏ ရှိသောအတိုင်းအတာ ဖြင့် ဉာဏ်တော် အမြင့် တစ်ရာ့ရှစ် (၁၀၈) တောင် ရှိတော်မူပါသည်။
×××
ထမ်ဆန်းဂူ
ရွှေတိဂုံဘုရား ဂေါပက အဖွဲ့ထံ မေးမြန်းချက်အရ ထမ်ဆန်းဆိုသည်မှာ ရှမ်းစကား ဖြစ်ပြီး၊ ဆန်းသည် ဆင် ဟု အဓိပ္ပါယ် ရကြောင်း၊ ဆန်းသည် တစ်နည်းအားဖြင့် ဂူ ဟုလည်း ဆိုကြောင်း၊ ဆင်ဂူ၊ (သို့မဟုတ်) အရှင်ဂူ ဟုလည်း ဆိုကြောင်း ဆိုပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ထမ်ဆမ်းလို့ ရေးသလို၊ ထမ်ဆန်း လို့ လည်း ရေးသားထားတာ တွေ့ရလို့ ဘယ်ဟာ အမှန်လဲတော့ မသိရပါ။
ထမ်ဆန်းဂူ ဟာ သဘာဝ လှိုဏ်ဂူ ကို လူသား တွေ ပြန်လည် ပြုပြင်ထားတဲ့ ဂူတစ်ခုလည်း ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဒီလို မျိုး သဘာဝ တွေကိုသဘာဝအတိုင်း မထားဘဲ လူသားတွေ ပြန်လည် ပြုပြင်လိုက်တာကို တချို့ ဒေသခံ များနှင့် သဘာဝ ကို ချစ်မြတ်နိုးသူတွေကတော့ စိတ်နှလုံးချမ်းမြေ့နိုင်ခြင်း မရှိပါဘူး။ သဘာဝအတိုင်းလေး ပဲ ထားရှိပြီး၊ ခံစားလိုကြသူတွေ များပါတယ်။
အခုဆိုရင်လည်း ဂူအတွင်းပိုင်း ကို ပြုပြင်ရေး လုပ်ဆောင်မှုတွေ မပြီးသေးပါဘူး။ ပေ ၂၀၀၀ ခန့် ဝန်းကျင် မှာ ဂူအတွင်းပိုင်း လမ်းသား ပြုပြင်ရေး၊ ချဲ့ထွင်ခြင်းတွေကို ဆက်လက်လုပ်ဆောင်နေတာကို မြင်တွေ့ ခဲ့ရ ပါတယ်။ ဂူထဲကို ဝင်ခါနီးတော့ ကိုရင်လေး နဲ့ သူ့တပည့်သားများကို မြင်တွေ့ရပါတယ်။
ထမ်ဆန်းဂူ ဟိုဘက်အခြမ်းမှာ ထမင်းလည်း ကျွေးပါတယ်။ ဒီမှာက ကိုယ်ထူကိုယ်ထ စနစ်ပါပဲ။ ကိုယ့် ထမင်း ကိုယ်ခူး၊ ကိုယ့်ပန်းကန် ကိုယ်ဆေး ရပါတယ်။ ဆန်ကတော့ ဆန်ကြမ်းပါ၊ ပဲကြီးကို မုန်ညင်းထုပ် အကြီး နဲ့ ရောချက်ထားတဲ့ ဟင်းရည်တွေကို ကော်ပုံး ဇလားအမဲကြီး နဲ့ ထည့်ထားတာ ပထမတော့ မစားချင်ဘူး။ နောက်တော့လည်း စားစရာ မရှိ၊ ဗိုက်ကဆာလာတော့ စားရတာပါပဲ။ ငရုတ်သီးကြော် ကိုလညး် ပန်းကန်နဲ့ ထည့်ထားပေးပါတယ်။
စားပြီးတော့ စားဖိုဆောင်နားမှာ အမှတ်တရ ပစ္စည်းတွေ ရောင်းနေတာကိုလည်း လှည့်ကြည့်လိုက် သေးတယ်။ ယာကွန်ဥ ဆိုလားပဲ အပြောကောင်းတာနဲ့ စားကြည့်လိုက်တယ်။ ယာကွန် လက်ဖက်ခြောက် ရဲ့ အပင်ရဲ့ အမြစ် ၊ ဥ လို့ ဆိုပြီး၊ ဆေးဖက်ဝင်ကြောင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ် တွေကို သန့်စင် ပေးကြောင်း၊ ပြောပါတယ်။ စားကြည့်လိုက်တော့ အရသာ က ပန်းသီး လိုပဲ။ အေးစိမ့်နေပြီး ချို နေတာ တွေ့ရတယ်။ ဒါနဲ့ ၅၀၀ ဖိုး အားပေးလိုက်ပါတယ်။ ကိုယ်လည်း တစ်ခါမှ မစားဖူးဘူး။ သူပြောလို့ သာ စားဖူးတာ ဘာနဲ့ တည့်လဲ မတည့်လဲ ဆိုတာ မသိရဘူး။
×××
ထမ်ဆမ်းလှိုဏ်ဂူကို ရေရှည်တည်တံ့စေရန် ဆက်လက်ထိန်းသိမ်းကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါသည်။
xxx
ကလောင် - စည်သာ (တောင်ကြီး)ထမ်ဆန်းလှိုဏ်ဂူ

ကလောင် - စည်သာ (တောင်ကြီး)

No comments:

Post a Comment

Aung Hein - နည္​းပညာ