မြားနတ်မောင် -လူဝန်ဆောင်မှု
ကျွန်တော်က မလုပ်ဘူး ဆိုလည်း အရှင်း၊ လုပ်ပြီဟေ့ ဆိုလည်း လုံးဝ အရှင်း
(အလုပ်ပြောပါတယ်..) ကျွန်တော်တို့ အဖွဲ့တွေ စုမိချိန် အလုပ်တစ်ခု
လုပ်မယ်ဆိုတော့ အားလုံး အံ့သြသွားကြတယ်။ မအံ့သြဘဲ နေရိုးလား၊ လုပ်တဲ့
အလုပ်က--
"မြားနတ်မောင်-အချစ်ဝန်ဆောင်မှု လုပ်ငန်း"
"သင့်ဘ၀မှာ ပညာရေးအတွက်ကြောင့် အချစ်ရေး လစ်လပ်မှုရှိနေပါလား။ စီးပွါးရေး
ကို အချိန်ပေးလိုက်သောကြောင့် အိမ်ထောင်ဘက် ရှာချိန် မရှိ၊ ရှာခွင့်
မသာဘဲ အတိ ဒုက္ခ ရောက်နေပါလား။ ဘယ်လို အကြောင်းကြောင့်ပဲ လိုလို လက်တွဲဖေါ်
အစစ်အမှန် လိုချင်ခဲ့ရင် မြားနတ်မောင် ၀န်ဆောင်မှု ကိုသာ အမြန်ဆုံး
ကြွလှမ်းခဲ့ပါလို့ တိုက်တွန်း နှိုးဆော်လိုက်ချင်ပါတယ်"
ကြော်ငြာ ကိုက အလန်း။ ဆွဲဆောင်မှု အပြည့်။ ဒီလုပ်ငန်းကို ကျွန်တော်တို့
ဘော်ဒါတွေ ၄ ယောက် စုလုပ်ဖြစ်တာပါ။ ကျော်စွာရယ်၊ စုမွန် ရယ်၊
ဝတ်ရည်ရယ်ပေါ့။ အားလုံး စိတ်တူကိုယ်တူ တွေပါပဲ ။
ဟုတ်ကဲ့၊ လုပ်ငန်း စစချင်း တစ်လအတွင်းမှာပဲ အင်တာနက် ကနေ လူတင်ဒါ
ခေါ်ယူမှုကြောင့် စုံတွဲ ၉၀ တိတိ အိုကေ သွားကြတဲ့ အပြင် ၃ တွဲ တိတိ မင်္ဂလာ
ဆောင်ဖြစ်အောင် မရမက တွန်းပို့ပြီး အောင်သွယ်တော်လုပ် အစွံထုတ်ပေး
နိုင်ခဲ့ပါတယ်.။ ဒါတွေဟာ ကျွန်တော်တို့ အောင်မြင်မှုတွေ ပါပဲ။
အင်တာနက် ထဲမှာပဲ ငါတို့ကို လူသိများလို့ မဖြစ်သေးဘူး။ အပြင်မှာလည်း
ထင်ပေါ်ကျော်ကြား၊ ရေပန်းစားအောင် လုပ်ရမယ်ကွ...
ကျော်စွာက စပင့်ပေးတယ်။ ဒါကို ၀တ်ရည်က
ရေပန်းစားချင်တာများကွာ၊ အလွယ်လေးပါ..။ ရေပန်းဥယျာဉ်မှာ ပါးစပ်လေး ဟ
ပြီးသွားထိုင် စားလိုက်ရုံပေါ့ကွ
ရုပ်တည်နဲ့ အရွန်းဖေါက်တယ်။
ငါက အကောင်းပြောနေတာ၊ ခုခေတ်က နိုင်ငံတကာ နဲ့ ယှဉ်မှ ရတော့မယ်လေ။
အင်တာနေရှင် နယ် နဲ့ မယှဉ်ရင်..ရင်
တော်ပါတော့ဟယ်။ ဓါတ်ပြားဟောင်းတွေ၊ ခုလည်း ရုံးခန်း တစ်ခန်းသီးသန့်
ဖွင့်ထားတာပဲဟာ၊ ငါတို့ လည်း ကြိုးစားနေကြတာပဲဟာ
စုမွန်က ၀င် အဖြေပေးတယ်။ သူတို့ မိန်းကလေး နှစ်ယောက် က အချက်အလက်(data)
စုဆောင်းရေး သမား။ ကျွန်တော် တို့ နှစ်ယောက် က ရုံးမှာ အဲဗား
ထိုင်လုပ်နေရတဲ့ အထိုင်သမားတွေ။ ကျွန်တော်တို့ အလုပ်က များများစားစား
မလိုဘူး ။ ကွန်ပျူတာ ၅ လုံးလောက်ရှိရင် ပြီးပြီ။ ကျန်တာ ဖုန်း နဲ့
ဆိုင်ကယ် နဲ့ အလုပ်လုပ်သွားကြတာပါပဲ။ အဲဒီ အချိန်မှာ
ဝင်ခဲ့ လို့ ရပါလား ခင်ဗျာ
သြော် ရပါတယ်ရှင့်၊ ကြွပါ၊ ထိုင်ပါ၊ ဘာများ ကူညီ ပေးရမလဲ
အသံမပေးဘာမပေး နဲ့ လူတစ်ယောက် ၀င်ချလာတယ်။ ပြီး မပြောမဆို နဲ့
သွားအားလုံးပေါ်အောင် ပြုံးဖြဲလိုက်ပြီး မှုန်ကုပ်ကုပ် နဲ့
ဟီး ကျွန်တော် မိန်းမ လိုချင်လို့
ပြောမယ့် ပြောတော့လည်း ဒဲ့ ပါလား။ သူ့လေသံက နည်းနည်း အောက်သံ ၀ဲနေတော့
"မိန်းမ လိုချင်" ဆိုတာကို "မိန်းမ -- -ိုးချင်" လို့ ကြီး ကြားနေရတော့
နားထဲ မသက်မသာ။ ကောင်မလေး နှစ်ယောက်ကလည်း ရယ်ချင်ပေမယ့်လည်း
မရယ်ရဲဘဲ...လက်ဝါးလေး အုပ်ထားရင်း ခိုးရယ်ရတယ်။
ဆရာသမားက ဇက်တွေ စောင်း၊ လက်တွေ အချင်းချင်း အသားလွတ်ကြီး ပွတ်နေတယ်။
သူ့ရှက်ကန်ကန် တာကလည်း တစ်မျိုးကြီး ပါလားနော်။ ပုဆိုးကြားထဲ
လက်ကြီးထည့်ပွတ်နေတာ ဆိုတော့ မသိရင် ဆေးလိပ်လိပ် နေသလိုလို၊ ဘာလိုလို။
တွေးသာ မြင်ကြည့်။
"အကို မိန်းမ လိုချင်တယ် ဆို အမှတ်ပေး အကဲဖြတ် ဒိုင် လုပ်ပါလား"
"ဘာဆိုင် လို့လည်း ကွ.."
"ဆိုင်တာပေါ့ အကိုရယ်၊ ဒိုင်ဆိုတော့ ဟဲဟဲ သိတယ်မလား။ သမာသမတ် ကျကျနဲ့
ပါးစပ်ထဲ ရှိတာတွေ လည်း လျှောက်ပြောခွင့်ရမယ်။ ကိုယ် ကြိုက်တဲ့
ကောင်မလေးကိုလည်း ကြိတ်မှန်းခွင့်၊ ရွေးချယ်ခွင့်လည်း ရှိတာပေါ့ဗျာ..၊
နောက်တာပါ အကိုရာ ၊ ဒါနဲ့ အကိုက ဘာလုပ်တုန်း..."
"ဖါလုပ်တယ်" "ဗျာ"
"အော်အော်...ကတ္ထူစက္ကူဖါတွေ စက်မှုဇုန်ုမှာ လုပ်ရောင်းတယ်လို့ ပြောတာပါ...။
လေသွားလို့ပါ ဟီး .."
"တော်သေးတာပေါ့ဗျာ...စက္ကူကယ်ပေလို့ ၊ ဒါနဲ့ ဖါလုပ်တာ ကြာပြီလား ..."
"ကြာပြီ ၊ နှဏ် ၂၀ လောက်ရှိနေပြီ"
"ဗျာဗျာ၊ တော်တော် ရင့်နေပြီပဲ ဒါဆို အကိုက ဂျိုးကြီးပဲ၊ လုပ်သက်
ပြောပါတယ်..။ ဒါနဲ့ အကိုက ဖါ ဘယ်လိုလုပ်"
"လှေထိုးကြီးကြီး ရိုးရိုးပဲလုပ် ပါတယ်..၊ ပုံမှန် ပါပဲ"
"ဗျာ၊ ဟုတ်လှချည် လား အကို ရယ်၊ အကို့ကို လေးစားပြီးရင်း လေးစားရင်း
ပါပဲ အကိုရယ်၊ ဒါဆို အကိုက လုပ်ငန်းရှင်ပေါ့နော်..။
ငွေရှင်ကြေးရှင်ပေါ့နော်..."
ကိုယ်က သူ့နောက်ကြောင်း ရာဇ၀င်တွေ သိချင်တော့ လိမ္မာယဉ်ကျေးစွာ
မေးမြန်းစကားနှိုက်ရတာပါပဲ။ သကောင့်သားက စိတ်မရှည်တော့ဘူး။
"အင်းပေါ့။။ အာ၊ ငွေ မရှိရင် မင်းက ဘာလုပ်ပေးမှာမို့လဲ"
"ပန်းရံ လုပ်ပါလား လို့ အကြံပေးမလို့ပါ ၊ ရပါတယ် အခမဲ့ ပေးတာပါ "
"ကျေးဇူးပဲကွာ၊ ဘာကွ လူကို ပန်းရံ လုပ်မယ့် ကောင်စားများ မှတ်နေလား..။
ငါငယ်ငယ်က မဆလာ နယ်ပြီး၊ အုတ်ထမ်းခဲ့ဘူးတယ်..။ အဲလေ ယောင်ပြီး
ပေါ်ကုန်ပါပြီကွာ..။ မင်းတို့က ပေါက်ကရတွေ လျှောက်မေးမှာလား၊ ငါ့ကို
အဖေါ်ရှာပေးမှာလား.."
"ဒီ အတွက်တော့ ၊ မပူပါနဲ့ ၊ အဖေါ်တွေ အံဆွဲထဲမှာ ဒါဇင်လိုက်ရှိပါတယ်။ ဘဝ
လက်တွဲဖေါ် ပြောပါတယ်..။ ဟဲဟဲ ဒီမှာကြည့်"
အောင်မြင်ခဲ့ဘူးတဲ့ စုံတွဲပုံတွေ ထုတ်ပြရတယ် ။နောက်ပြီး ကြော်ငြာ ထားတဲ့
အပျိုကြီး ဓါတ်ပုံတွေကို၊ ကိုယ်ရေးရာဇ၀င် နဲ့ အတူ ရှင်းပြရတယ်။
"အကိုက ဘယ်လိုမျိုးကြိုက်လဲ၊ ဘယ်လိုဆိုက်ကို လိုချင်တာလဲ အသက် ငယ်မလား၊
ကြီးမလား။ ပိန်တာကြိုက်လား၊ ၀တာကြိုက်လား။ ဘာလူမျိုးကို လိုချင်သေးလဲ ။
ပညာ အရည်အချင်းနဲ့လား ၊ ရုပ်ချော ၊ ဥစ္စာပေါလား ..."
"မင်းပြောတာနဲ့ ငါတောင် ခေါင်းမူးသွားပြီ၊ ကားဝယ်တုန်းကတောင် ဒီလောက်
စိတ်မရှုပ်ဖူးဘူး ။ ငါလည်း မရွေးတတ်တော့ဘူးကွာ။ ဘာညားညားကွာ ၊ ကောင်းမယ့်
ဟာလေးပဲပေး"
"ကောင်းမယ့်ဟာ..။ အင်းကောင်းမယ့်ဟာ ဆိုရင်တော့ ၀တ်ရည်ရေ နင်တို့ပဲ
ရွေးပေးလိုက်ပါဟာ...၊ နင်တို့က မိန်းမချင်းဆိုတော့ အဲဒီကောင်းမယ့်ဟာကို
ငါ့ထက်ပို သဘောပေါက်လောက်တယ်.."
"ဘာလဲ...ဘာလဲ။ အကျင့်စာရိတ္တ ကို ထည့်ပြောဦးလေ...အရင်းဖျား မရှိ.."
တောင်ပြောမြောက်ပြော ဗျတ်ဗျတ်နဲ့ စာရွက်တွေ လှန်ပြီး ၀တ်ရည်က
ဓါတ်ပုံတွေကို အသေအချာ ရှင်းပြပေးတယ်။ ကိုယ့် ဆရာက ရုပ်သာ ဆိုးတာ၊
အသက်ကလည်း မငယ်ဘူး ။ ချေးကများသေး ဆိုတော့ ခက်တာပေါ့။
"ဒါက အပျိုကြီး ထားခင်ခင်၊ ဒိုင်းခင်ခင် ရဲ့ မြစ်တော်စပ်တယ်။ ဘွဲ့ရ
ပညာတတ်ပဲ၊ ရုပ်ရည် လည်းရှိ၊ ဥစ္စာ လည်း ရှိတယ်။ အရွယ်လွတ်သွားလို့သာ
ဒီစာအုပ်ထဲ ရောက်လာတာ။ အရင်ကတော့ သူလည်း ၀ိုင်းဝိုင်းလည်ပဲ။
ဟုတ်မဟုတ်တော့ မသိဘူး။ သူ့ကြောင့် ရူးသွားတဲ့ လူက ၉ယောက်၊ နိုင်ငံခြား
ထွက်သွားတဲ့ လူက ၃၅ ယောက် ၊ အသဲကွဲပြီး အရက်သမား ဖြစ်တာ ၃ ယောက် နဲ့
ဘုန်းကြီးဝတ်သွားတဲ့ ကိုယ်တော် ၅ ပါးလည်း ရှိခဲ့ဖူးသတဲ့။..သူ့ကို
ရည်ရွယ်ပြီး ရေးထားတဲ့ သီချင်းတွေ ကတော့ တစ်ပြည်သူ မရွှေထားတို့ ၊ ထားမမ
တို့ပေါ့လေ...။ စိတ်ဝင်စားလား....."
သကောင့်သားက ဓါတ်ပုံကို စားတော့ ၀ါးတော့ မတတ် စူးစိုက်ကြည့်လိုက်ပြီး၊
မသိမသာလေး တံတွေး ဂလုလိုက်သေးတယ်။ ပြီးမှ အီးညှောင့်ညှောင့် လေသံ နဲ့--
""အင်း၊ အဆင်လေးကတော့ မဆိုးပါဘူး။ နိပ်ပါတယ်။ ဒါပေမယ့် စိတ်တော့
မရှိပါနဲ့ ၊ ညီမလေး တို့လို ဆိုဒ်ကော မရှိဘူးလား ဟီး .."
အလုပ်သဘော အရ ဆိုတော့ ရိသဲ့သဲ့ ပြောမှန်း သိလျက်နဲ့လည်း
ခေါင်းငုံ့ခံနေရတာပါပဲ ။ ၀တ်ရည်ကလည်း နှုတ်ခမ်းမဲ့ရွံ့ပြီး မျက်စောင်းတွေ
ထိုးတာပေါ့။ ဗျတ်ဗျတ် ဗျတ် ဆိုပြီး စာရွက်တွေ လှန်လိုက်ပြီး တစ်နေရာ
အရောက်-သူကတော့ ဘွဲ့ရပညာတတ်ပေမယ့် ဆင်းရဲတယ်။ အသက်ကတော့ ၁၈ နှစ်တိတိ။
အမေအိုကြီးကို ဈေးရောင်းပြီး လုပ်ကျွေးနေတယ်။ ရုပ်ရည်ကတော့ ရှင်မြင်
တဲ့အတိုင်းပဲ၊ ဖွေးဖွေး လိုလို ၊ နန်းခင်ဇေယျာ လိုလို ပဲ။ ရည်းစား
မထားဖူးသေးတဲ့ အပျိုနုနုထွတ်ထွတ်။ တင်တောင်း စရိတ်က မြင့်တယ်နော်...၁၀၀"
" ရပါတယ်..ပါမွှား ပါမွှား..ဟဲဟဲ ..ကိုယ့် အတွက်ကတော့ အသေးသုံးလေးပဲ"
ဒီလိုနဲ့ နှစ်ဖက်စလုံးကို ချိတ်ပေး လိုက်ပြီး၊ ပေးတွေ့လိုက်တယ်။
ပြန်ခါနီးတော့ ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြလိုက်တယ်။
" မိတ်ဆွေ-- အလုပ်အပ်လျှင် စရန် ငွေ တစ်ဝက် တော့ မစ ခဲ့ပါ ခင်ဗျာ.."
အားလုံး အဆင်ပြေသွားတယ်ပဲ ဆိုပါစို့။ အချိန်ဆွဲ မနေတော့ပဲ ၃ ပတ်
အတွင်းမှာပဲ မင်္ဂလာဆောင်ပွဲကျင်းပဖြစ်လိုက်တာ ကျွန်တော် တို့ လုပ်ဆောင်မှု
တော် လို့ပေါ့ဗျ ။ ဒါပေမယ့် ဒီ ငနဲ ကြီး သိမသွားတဲ့ အချက် နှစ်ချက်
ရှိသေးတယ်။
ကျွန်တော်တို့ စပ်ပေးလိုက်တဲ့ လင်မယား ၃ တွဲလုံး ၆ လ မခံဘဲ ကွဲသွားကြပြီ
ဆိုတာရယ်။ အိုကေ နေတဲ့ စုံတွဲ ၉၀ ဆိုတာ လုပ်ဇာတ် ကျောင်းသား/သူ စုံတွဲတွေ
ဆိုတာ သိမသွားရှာဘူး။
ဒီ့ထက် ဆိုးတာက ဆရာသမား .ယူလိုက်တဲ့ မိန်းမပျိုလေးက လင်သေသွားရှာတဲ့
တစ်ခုလပ်မလေး ဆိုတာကို ကျွန်တော်တို့ အဖွဲ့ ကောင်မလေး ကိုယ်တိုင်ကသာ
ထုတ်မပြောခဲ့ရင် ဘယ်သူမှ မသိနိုင်ဘူး ။ ကောင်မလေး ကလည်း
ဘယ်ပြောပါ့မလဲနော်.။ သူ့စားအိုးတော့ သူဘယ်ခွဲပ့ါမလဲ နော့်...။ နွားမ
ရွံ့ပိတ်ကို ပတ်တီးချ လိုက်တဲ့ အကြောင်း ဆရာသမားသာ သိရင် ဘယ်လို နေမလဲ
မသိ...။ ကျွန်တော် တို့ အဖွဲ့သားတွေ ဆိုတာလေ...ရယ်လိုက်ရတာမှ အူကို
တက်ကရော...။ ။။
xxxxxxxxxxxxxxxxx
No comments:
Post a Comment