ကမ္ဘာ့ အထူးခြားဆုံး တောင်ပေါ်မြို့နှင့် ရေပေါ်မြို့
စည်သာ(တောင်ကြီး)
ကမ္ဘာတစ်ဝှမ်းတွင် ထူးခြားဆန်းပြားသော ရိုးရာဓလေ့များနဲ့ လူနေထိုင်ကြသော
မြို့ကလေး များစွာ ရှိကြသည့် အနက် ကျွန်ုပ်တို့ရဲ့ ရှမ်းပြည်နယ်(တောင်)၊ တောင်ကြီးခရိုင်မှာ
ကမ္ဘာ့အထူးခြားဆုံး တောင်ပေါ်မြို့နှင့် ရေပေါ်မြို့ ကလေးများ ဂုဏ်ယူဖွယ် တည်ရှိပါတယ်။
ဘာကြောင့် ကမ္ဘာ့အထူးခြားဆုံးလို့ ပြောရလဲ ဆိုရင် ပြိုင်ဘက်ကင်း (Unique) တုနှိုင်းမမှီသော
စံနှုန်းသတ်မှတ်ချက်များကြောင့်
×××
ထူးခြားသော တောင်ပေါ်မြို့
တောင်ကြီးမြို့၏ ထူးခြားချက်များကို အရင်ရှင်းပြပါမည်။ တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေပေါင်း (၄၇၁၂) ပေ မြင့်သော တောင်ပေါ်ဒေသရှိ လူအများအပြား နေထိုင်ကြသော မြို့ကြီးတစ်မြို့ ဖြစ်သည်။ ထို့ပြင် တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ မြို့တော် ဖြစ်ပြီး၊ မြို့ပြလူနေထိုင်မှုသိပ်သည်းကာ မြို့နယ်တစ်ခုလုံး လူဦးရေ၏ (၆၉ ဒဿမ ၄ ရာခိုင်နှုန်း) ရှိသဖြင့် တစ်ဝက်ကျော် ရှိသည်။ တောင်ကြီးမြို့တွင် ရပ်ကွက်ပေါင်း(၂၂) ခု ရှိကာ၊ လူဦးရေပေါင်း (၁၆၈၃၉၃) ဦး ရှိသည်။ တောင်ကြီးမြို့နယ်တွင် တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ကျောက်တစ်လုံးကြီး ဟူ၍ မြို့လေးမြို့ ပါဝင်ကာ လူဦးရေပေါင်း သုံးသိန်းရှစ်သောင်း ကျော် နေထိုင်ကြသည်။ တောင်ကြီးမြို့တွင် ဆောင်းရာသီ ချယ်ရီပန်းကလေးများ လှပစွာ ဖူးပွင့်တတ်ပြီး၊ တစ်နှစ်ပတ်လုံး ချမ်းအေးသာ ရာသီဥတု ရှိသဖြင့် နွေရှောင်အပန်းဖြေကြသည်။ တောင်ကြီးမြို့သည် ပြည်တွင်းပြည်ပ ဂုဏ်ပြုဆုများစွာ ရရှိထားပြီး၊ နိုင်ငံတကာမှလည်း လူနေထိုင်ရန် သင့်တော်သော မြို့အဖြစ် အဆင့်သတ်မှတ်ထားသော မြို့ တစ်မြို့လည်း ဖြစ်သည်။
တောင်ကြီးမြို့သည် မူလမြို့တည်စဉ်က တောင်မြောက် ၃ မိုင်၊ အရှေ့အနောက် ၂ မိုင် ခန့်သာ ရှည်လျားခဲ့ပြီး၊ နောက်ပိုင်းတွင် လူဦးရေများပြားလာကာ ကံကြီးရပ်ကွက် နှင့် ဘုရားဖြူရပ်ကွက်တို့တွင် မြို့ကွက်သစ်များ တိုးချဲ့နေထိုင်လာကြသဖြင့် မြို့ဧရိယာ ပိုမိုကျယ်ပြန့်လာသည်။ တောင်ကြီးတွင် လူမျိုးပေါင်း ၂၀ ကျော် ရှိပြီး၊ ဘာသာပေါင်းစုံ ရှိသည်။ တောင်ကြီးမြို့ကို အင်္ဂလိပ်များ တည်ခဲ့သဖြင့် မြို့တည်အဆောက်အဦး ၁၂ ခု ရှိသည်။ လက်ရှိတွင် အင်္ဂလိပ်လက်ရာ အထက(၂) ကျောင်း၊ အိမ်တော် နှင့် အခြားအဆောက်အဦများကို လေ့လာနိုင်သည်။ တောင်ကြီးဟိုတယ်၏ အရှေ့ဘက် ယခု ရဲဝန်ထမ်း အိမ်ရာဝန်း အတွင်း အုတ်ရေကန်ကြီးကိုလည်း အင်္ဂလိပ်များ တည်ဆောက်ခဲ့ပြီး၊ နဂါးရေထွက်မှ ရေများကို တောင်ခြေသို့ ရေစုကန်အတွင်း ရေထည့်ကာ မြို့ရေပေးဝေရေး ဆောင်ရွက်ခဲ့ရကြောင်း သိမှီလိုက်သူများက ဆိုသည်။ အင်္ဂလိပ်ခေတ် က တောင်ကြီးမြို့ ရေပေးဝေရေးအဖြစ် ရေတိုင်များ ပျက်စီးကုန်ပြီး ကန်ရှေ့ရပ်ကွက်တွင် ရှိခဲ့ဖူးသော တစ်တိုင်မှာ ရေမြှုပ်ပျက်စီးကာ၊ မြို့မရပ်ကွက်ထဲတွင် ရေတိုင် တစ်တိုင် သာ ကျန်ရှိတော့ကြောင်း သိရသည်။ ထိုရေတိုင်ကို မီးသတ်ပိုက်အဖြစ်လည်း အသုံးပြုခဲ့ကြောင်း သိရသည်။ အင်္ဂလိပ်များ တည်စဉ် မြေအောက်ရေနုတ်မြောင်းစနစ်၊ တောင်တက်လမ်းဖောက်စနစ် နှင့် မြို့ကွက် တည် စနစ်တို့ကြောင့် ယခုလို ဖွံ့ဖြိုးခြင်း ဖြစ်သည်။
တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံ ပွဲတော်ကြီးမှာလည်း ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသော ပွဲတော်တစ်ခု ဖြစ်သည်။ မီးပုံးပျံကြီးများမှာ ညမီးကြီး (ယမ်းမီးရောင်စုံ) နှင့် စိန်နားပန် (အောက်ဆွဲမီးပုံးငယ်များ) ဟူ၍ ညလွှတ် နှစ်မျိုး ခွဲခြားထားသည်။ ထို့ပြင် နေ့လွှတ်အရုပ်များကိုလည်း အခြေနှစ်ချောင်း၊ အခြေလေးချောင်း နှင့် အရုပ်အုပ်စု ဟူ၍ အမျိုးအစား ခွဲခြားထားသည်။
ထိုသို့ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၄၅၀၀) ကျော် မြင့်မားခြင်း၊ ထူးခြားသော မီးပုံးပျံပွဲတော်၊ မြို့ပြလူဦးရေသိပ်သည်းခြင်း၊ မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ လူနေထိုင်ရန် သင့်တော်သည် ဟု သတ်မှတ်ထားသော စစ်တမ်းများ ညီညွတ်ခြင်း စသည့် အချက်တို့ဖြင့် ယှဉ်ထိုးချိန်ဆလျှင် တောင်ကြီးမြို့သည် ပြိုင်ဘက်ကင်း ဖြစ်နေပေလိမ့်မည်။
နိုင်ငံတကာရှိ အမြင့်ပိုင်း လူနေထိုင်သော နိုင်ငံများကို လေ့လာကြည့်မည်။ (Wekipedia အရ)
ကမ္ဘာပေါ်တွင် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၅၀၀ ကျော်မှ ၁၃၀၀၀ ကျော် အထက် မြင့်သော မြို့ ကြီးများကို လေ့လာကြည့်မည်။
ကမ္ဘာပေါ်ရှိ နိုင်ငံများအလိုက် မြေမျက်နှာသွင်ပြင် အနိမ့်အမြင့် ပျှမ်းမျှအမြင့်ပေ ခန့်မှန်းစာရင်းကို ဖော်ပြပါမည်။
အာဖဂန် နစ္စတန် (6184) ပေ၊ Andorra (6549) ပေ၊ Antarctica (7546) ပေ၊ အာမေးနီးယား (5879) ပေ၊ ဘူတန် (7283)ပေ ၊ ချီလီ (6135) ပေ၊ တရုတ် (6037) ပေ၊ Ethiopia (4364) ပေ၊ Georgia (4698) ပေ၊ Greenland (5879) ပေ၊ အီရန် 4281 ပေ ၊ Kyrgyzstan (9803) ပေ၊ Lebanon (4101) ပေ၊ Lesotho (7090) ပေ၊ Mongolia (5013) ပေ၊ Nepal (10712) ပေ၊ Peru (5102) ပေ၊ Rwanda (5243) ပေ၊ Switzerland (4429) ပေ၊ Tajikistan (10453) ပေ တို့ ဖြစ်ကြသည်။ မြေမျက်နှာသွင်ပြင် ပျှမ်းမျှမြင့်သော နိုင်ငံတကာစာရင်းအရ နိုင်ငံပေါင်း ၁၅၈ နိုင်ငံတွင် အမြင့်ပေ ၄၀၀၀ ကျော်သော နိုင်ငံများကိုသာ ဖော်ပြထားခြင်းဖြစ်သည်။ နိုင်ငံများ၏ အမြင့်ဆုံး အမှတ်များကို ဖော်ပြထားခြင်းဖြစ်ပြီး လူနေမြို့များ မပါဝင်ပါ။
အမြင့်ပေ (၁၁၅၀၀) နှင့် (၁၄၈၀၀) ပေ အကြား နေထိုင်သော မြို့ကြီးများမှာ နီပေါနိုင်ငံ၊(Neapal) Dingboche မြို့ (14470) ပေ၊ Chile – Parinacota (14400) Ft, Peru Cojata (14270)Ft , Peru- Cerro de Pasco (14232)Ft , Argentina – Mina Pirquitas (14240)Ft, India – Archirik, Ladakh (14268) Ft, Peru – Macusani (14157) Ft, India – Hankar, Ladakh (14140) Ft, China – Pagri, Tibet (14100)Ft, စသဖြင့် များစွာ ရှိသည်။
ကမ္ဘာ့အမြင့်ဆုံးတောင်ပေါ်တွင် လူနေထိုင်သော မြို့ကြီးများမှာ Bolivia- El Alto (13615) Ft, Bolivia- Potosi (13419) Ft, China-Shigatse (12585) Ft, Peru -Juliaca (12549)Ft, စသဖြင့် အမြင့်ပေ (13000) ကျော်မှ (6700) ကျော် အထိ အမြင့်ပေတို့ရှိသော နိုင်ငံပေါင်း (၇၅) နိုင်ငံကျော် ပါဝင်လေသည်။ (List of Highest Large Cities) တွင် ကြည့်ရှုနိုင်။
ဇင်ဘာဘွေ
ဇင်ဘာဘွေသည် ဇမ်ဘီဇီနှင့် လင်ပိုပိုမြစ်နှစ်သွယ်ကြားရှိ မြင့်မားသောကုန်းပြင်မြင့်၏ တဘက်တချက်တွင် တည်ရှိသည်။ နိုင်ငံ၏ မြေမျက်နှာသွင်ပြင်ကို အမြင့်ပိုင်း ဗဲလ်မြက်ခင်းဒေသ၊ အလယ်ပိုင်းဗဲလ်မြက်ခင်းဒေသ၊ အနိမ့်ပိုင်း ဗဲလ်မြက်ခင်းဒေသ၊ အရှေ့ဘက်ကုန်းမြင့်ဒေသဟူ၍ အပိုင်းကြီးလေးပိုင်း ပိုင်းခြားထားသည်။
အမြင့်ပိုင်း ဗဲလ်မြက်ခင်းဒေသသည် ပေ ၄၀၀၀ အထက်ဖြစ်ပြီး နိုင်ငံ၏ အနောက်တောင်ဘက်နှင့် အရှေ့မြောက်ဘက် တန်းလျက်တည်ရှိသည်။ အရှေ့မြောက်ဘက်တွင် မြက်ခင်းပြင်သည် ပိုမိုကျယ်ပြန့်သည်။
အလယ်ပိုင်းဗဲလ်မြက်ခင်းဒေသသည် ပေ ၃၀၀၀ နှင့် ၄၀၀၀ အကြားတွင် ရှိပြီး
အမြင့်ပိုင်း ဗဲလ်မြက်ခင်းဒေသကို ရံလျက် တည်ရှိ၍ အနောက်မြောက်ဘက်တွင် အကျယ်ပြန့်ဆုံးဖြစ်သည်။
အနိမ့်ပိုင်းဗဲလ်မြက်ခင်းဒေသသည် ပေ ၃၀၀၀ အောက်ဖြစ်ပြီး မြောက်ဘက်ရှိ ဇမ်ဘီဇီမြစ်ဝှမ်း
တောင်ဘက်ရှိ ပိုမိုကျယ်ပြန့်သော လင်ပိုပိုမြစ်ဝှမ်းအရှေ့တောင်
အရှေ့ဘက်ကုန်းမြင့်ဒေသသည် ဇင်ဘာဘွေနိုင်ငံ၏ အမြင့်ဆုံးအပိုင်းဖြစ်ပြီး တောင်ထူထပ်သော အသွင်အပြင်လက္ခဏာကြောင့် ထူးခြားထင်ရှားသည်။ တောင်များသည် ပေ ၆၀၀၀ အထက်ဖြစ်ကြပြီး၊ အင်ယန်ဂါ တောင်ထိပ်မှာ ပေပေါင်း ၈၅၀၃ ပေရှိသည်။ တောင်ထူထပ်ကျဉ်းမြောင်းသော ဤဒေသသည် မိုဇမ်းဘစ်နိုင်ငံနှင့် နယ်ချင်းထိစပ်လျက် ရှိပြီး တောင်အာဖရိကကုန်းပြင်မြင့်၏ အမြင့်ဆုံးအစွန်းလည်း ဖြစ်သည်။ (Wekipedia အရ)
ကိုးရီးယား
နိုင်ငံ၏မြို့တော် ဆိုးလ်မြို့တွင် လူဦးရေ ၁၀ သန်းကျော် နေထိုင်သဖြင့်၊ ကမ္ဘာပေါ်တွင် ဒုတိယ လူဦးရေ အထူထပ်ဆုံး မြို့ ဖြစ်သည်။ ကိုးရီးယားနိုင်ငံသည် တောင်ကုန်းတောင်တန်းများ ထူထပ်သော်လည်း လူနေသော တောင်ပေါ်မြို့မှာ တောင်ကြီးမြို့လောက် မမြင့်ပေ။ မြို့တော် ဆိုးလ်မြို့ သည် 38 မီတာ (125-ပေ) သာ မြင့်သည်။ တောင်တန်း များသည် မြောက်ကိုးရီးယားနိုင်ငံသို့ ၀င်ရောက်သွယ်တန်းသွားကာ နိုင်ငံ၏ ရေနုတ်မြောင်းပိုင်းခွဲမှုကို ဖြစ်ပေါ်စေသည်။ တောင်တန်းများမှာ ပင်လယ်ရေမျက်နှာပြင် အမြင့် (၅၆၀၄) ပေ အမြင့်မှ စကာ၊ ပေ (၆၂၀၀) ကျော် အထိ မြင့်သော တောင်တန်းများ ရှိသည်။ တောင်ကိုးရီးယားတွင် အမြင့်ဆုံးဖြစ်သော CHEJU ကျွန်းရှိ မီးတောင်မှာ ပေပေါင်း (၆၃၉၈) ပေ ၊ (၁၉၅၀ မီတာ) ရှိသည်။
ဟန်လူမျိုးတို့ရဲ့ မဟာနိုင်ငံတော်လို့ အဓိပ္ပါယ်ရတဲ့ တောင်ကိုးရီးယား သမ္မတနိုင်ငံဟာ အာရှတိုက်ကုန်းမြေရဲ့ အရှေ့ပိုင်း ကိုးရီးယား ကျွန်းဆွယ် ရဲ့ တောင်ပိုင်းတွင်တည်ရှိကာ တောင်တန်းများ ထူထပ်ပြီး အပူအအေးမျှတ သော မြောက်ပိုင်းဇုန်အတွင်း ကျရောက်နေကာ ခန့်မှန်းခြေ လူဦးရေ ၅၁ ဒဿမ ၄ သန်း ရှိသည်။
အာရှကျားလေးကောင် စာရင်းဝင် တောင်ကိုးရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ဆယ်စုနှစ် လေးခုအတွင်း ကမ္ဘာပေါ်တွင် ဒုတိယ ဖြစ်ခဲ့သဖြင့် ဟန်မြစ်ဝှမ်းမှ အံ့ဖွယ်ဖြစ်ရပ်ဟု တင်စားကြကာ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် စံနမူနာပြ ဖြစ်ခဲ့သည်။
ဂျပန်
ဂျပန်နိုင်ငံသည် ကျွန်းစုနိုင်ငံဖြစ်ပြီး မီးတောင်ရှင်များ ပြည့်နှက်နေသဖြင့် သဘာဝအန္တရာယ်အများဆုံး လူနေထိုင်မှု ကျွန်းစုနိုင်ငံ ဖြစ်သည်။ ပစိဖိတ် မီးကွင်း ပေါ်တွင် တည်ရှိသောကြောင့် ဂျပန်နိုင်ငံသည် ငလျင်လှုပ်ရန် နှင့် ဆူနာမီ ဖြစ်ပေါ်ရန် အခြေအနေများပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သဘာဝဘေးအန္တရာယ် အတွက် အမြင့်မားဆုံး အန္တရာယ် ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ တောင်ကုန်းတောင်တန်းများထက် ကမ်းရိုးတန်းဒေသများတွင် လူနေထူထပ်သည်။ ဂျပန်သည် ကမ္ဘာပေါ်တွင် လူနေထိုင်မှု သိပ်သည်းမှု အများဆုံး နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။
ဂျပန်ကျွန်းများ၏မြေမျက်နှာသွင်ြ
ဂျပန်နိုင်ငံသည် အရှေ့အာရှ ပစိဖိတ်ကမ်းရိုးတန်း တလျှောက်တွင် ကျွန်းပေါင်း ၆,၈၅၂ ကျွန်း ရှိသည်။ အဓိကကျွန်းများမှာ မြောက်မှ တောင်သို့ ဟော့ကိုင်းဒိုးကျွန်း၊ ဟွန်ရှူးကျွန်း၊ ရှိကိုကူးကျွန်း နှင့် ကျူရှူးကျွန်း တို့ ဖြစ်ကြသည်။ အိုကီနာဝါ ပါဝင်သော ရူကျူးကျွန်းများမှာ ကျူရှူးကျွန်း၏ တောင်ဘက်တွင် ဆက်လျှက် တည်ရှိသည်။ ထိုကျွန်းများအားလုံးကို စုပေါင်း၍ ဂျပန်ကျွန်းစုများဟု ခေါ်ဆိုကြသည်။ ဂျပန်နိုင်ငံ၏ ၇၃ ရာခိုင်နှုန်းမှာ သစ်တောထူထပ်ပြီး တောင်ကုန်းများပြားသဖြင့် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ရန် နှင့် လူနေထိုင်ရန် မသင့်လျော်ပေ။ ဂျပန်ကျွန်းများသည် ပစိဖိတ် မီးကွင်းဟု ခေါ်သော မီးတောင်ဇုန်ပေါ်တွင် တည်ရှိသည်။ ဂျပန်နိုင်ငံတွင် မီးမငြိမ်းသေးသော မီးတောင်ပေါင်း ၁၀၈ ခု ရှိသည်။ ရာစုနှစ်အတွင်း အကြီးအကျယ် ပျက်စီးစေသော ငလျင်များနှင့် ဆူနာမီများ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ ရှိသည်။
Afghanistan အာဖဂန်နစ္စတန်
အာဖဂန်နစ္စတန် ၏ အမြင့်ဆုံးတောင် ဟိန္ဒူကူရှ် တောင်တန်းသည် အမြင့် (၇၄၉၂) မီတာ (၂၄၅၈၀) ပေ မြင့်သည်။ ဟိန္ဒူကူရ် မှ အနောက်တောင်ဘက် အထိကျယ်ပြန့်သော အကွာအဝေးတွင် baba တောင်တန်း ၏ အထွတ်အထိပ် သည် အမြင့်ဆုံး ၅၁၄၂ မီတာ (၁၆၈၇၀) ပေ သို့ ရောက်ရှိသည်။ ဟိန္ဒူကူရ် တောင်တန်းများသည် အာဖဂန် နစ္စတန်နိုင်ငံ၏ အရှေ့မြောက်မှ အနောက်တောင်ဘက် သွယ်တန်းထားပြီး တိုင်းပြည်အား အဓိကနယ်မြေ သုံးပိုင်း ပိုင်းခြားထားသည်။ နိုင်ငံ၏ သုံးပုံ နှစ်ပုံနီးပါးရှိသော အလယ်ပိုင်းကုန်းမြင့်ဒေသ၊ အနောက်တောင်ဘက် ကုန်းပြင်မြင့် သည် လေးပုံတစ်ပုံ ရှိပြီး၊ မြောက်ပိုင်းလွင်ပြင်ဧရိယာများ တို့ ပါဝင်သည်။ Country Elevation စာရင်းအရ အာဖဂန်နစ္စတန် သည် 1885 မီတာ (6184) ပေ ရှိသည်။
×××
မြန်မာနိုင်ငံတွင် ဆောင်းရာသီရေခဲလေ့ရှိပြီး အမြင့်ပေ-လေးထောင်ကျော် အထက်မြင့်မားသော တောင်ပေါ်မြို့ကလေးများကို ဆက်လက် လေ့လာကြည့်ပါမည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်တွင် ကလောမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၄၂၉၇) ပေ မြင့်ကာ၊ မြို့ပေါ်တွင် လူဦးရေ (၁၇၂၇၆) ဦး ရှိကာ၊ အိမ်ထောင်စုပေါင်း (၄၁၄၃) စု ရှိပါသည်။ ကလောမြို့နယ် တွင် ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့ တို့ ပါဝင်ကာ လူဦးရေပေါင်း တစ်သိန်းရှစ်သောင်းကျော် ရှိသည်။
တောင်ကြီးခရိုင်၊ ပင်လောင်းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၄၈၀၀) ကျော် မြင့်ကာ၊ လူဦးရေ (၁၂၆၂၉) ဦး သာ နေထိုင်သည်။ ပင်လောင်းမြို့နယ်တွင် အမြင့်ဆုံးတောင်မှာ လွယ်မောင်းတောင် ဖြစ်ပြီး အမြင့်ပေမှာ (၆၁၂၄) ပေဖြစ်သည်။ အမြင့်ဆုံးဒေသမှာ လွယ်မောင်းကျေးရွာဖြစ်ကာ အနိမ့်ဆုံးဒေသမှာ လယ်ပြင်ကြီး ကျေးရွာဖြစ်၍ အမြင့်ပေ (၁၀၄၅) ပေ ဖြစ်သည်။ ပင်လောင်းမြို့နယ်တွင် ပင်လောင်းမြို့၊ နောင်တရားမြို့၊ ပေါင်းလောင်းမြို့ ဟူ၍ ပါဝင်ပြီး၊ မြို့နယ်တစ်ခုလုံး လူဦးရေမှာ တစ်သိန်းရှစ်သောင်းကျော် ရှိသည်။
တောင်ကြီးခရိုင်ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်
တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း
(၄၀၈၂) ပေ ကျော် မြင့်ကာ၊ မြို့နယ်အတွင်း အမြင့်ဆုံးတောင်မှာ အရှေ့မြင် အနောက်မြင်တောင်
ဖြစ်ပြီး အမြင့်ပေ (၇၇၅၂) ပေ ဖြစ်သည်။ မြို့နယ်၏ အမြင့်ဆုံး ဒေသမှာ (၅၇၅၅) ပေ ရှိ ဒုတ္ထိုးရေကျေးရွာ
နှင့် အနိမ့်ဆုံး ဒေသမှာ ပေ (၄၅၂) ပေ မြင့်သော ဆည်ရွာကျေးရွာ ဖြစ်သည်။ ရွာငံမြို့နယ်တွင်
လူဦးရေပေါင်း (၈၂၀၀၀) ကျော် နေထိုင်သည်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေ
တောင်ကြီးခရိုင်၊ ရပ်စောက်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၃၀၅၀) မြင့်သည်။ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့ နှင့် ညောင်ရွှေမြို့ တို့သည် အတူတူပင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၂၉၅၁) ပေ မြင့်သည်။ တောင်ကြီးခရိုင် ဆယ်မြို့နယ်ပြီးလျှင် လွိုင်လင်ခရိုင် ဆက်လေ့လာမည်။
လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၄၄၄၇) ပေ မြင့်ကာ လွိုင်လင်မြို့ပေါ် လူဦးရေပေါင်း (၅၂၃၇၁) ဦး သာ နေထိုင်သည်။ လွိုင်လင်မြို့နယ်တွင် လွိုင်လင် နှင့် ပင်လုံ မြို့နှစ်မြို့ ပါဝင်ပြီး၊ မြို့နယ်ချုပ် လူဦးရေပေါင်း (၁၂၃ ၆၃၅) ဦး နေထိုင်သည်။
လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၃၄၅၁) ပေ မြင့်ကာ အမြင့်ဆုံးတောင်မှာ ဆင်တောင်ဖြစ်၍ ပေ (၈၁၇၃) ပေ မြင့်သည်။ လဲချားမြို့သည် ပေ (၃၁၁၆) မြင့်သည်။
မိုင်းရှူးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၂၃၀၀) ကျော် မြင့်ကာ၊ ကျောက်မျက်ရတနာ ထွက်ရှိကာ မိုင်းရှူးတောင်ပေါ်သည် ပေ () မြင့်ပါသည်။
လင်းခေးခရိုင်၊ တွင် လင်းခေး၊ မိုးနဲ၊ မိုင်းပန်၊ မောက်မယ် နှင့် ဟိုမိန်း မြို့ တို့ ပါဝင်သည်။
လင်းခေးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း မြင့်သည်။
မိုးနဲမြို့နယ် သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၃၁၇၉) မြင့်သည်။
မိုင်းပန်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၂၂၂၂) မြင့်သည်။
မောက်မယ်မြို့ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၁၆၃၀) မြင့်ကာ၊ အမြင့်ဆုံးတောင်မှာ လွိုင်လုံ တောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၅၆၀၃) မြင့်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်များမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၂၀၀၀) အောက်သာ ရှိသဖြင့် မဖော်ပြတော့ပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၃၁၁၆) ပေ မြင့်သည်။ ရှမ်းမြောက်၊ လားရှိုးခရိုင်၊ လားရှိုးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၂၈၀၆) ပေ မြင့်သည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွ
မိုးကုတ်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၃၈၀၀) ကျော် မြင့်ကာ၊ ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၃၀၀၀) ကျော်သာ မြင့်သည်။ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၃၀၀၀) အထက် မြင့်ကာ၊ နော်ဘူဘောတောင် (၄၈၂၄) ကျော် မြင့်သည်။ သံတောင်ကြီးမြို့နယ်တွင် လူဦးရေ ကိုးသောင်းကျော် သာ နေထိုင်သည်။
ချင်းပြည်နယ် ဖလမ်းခရိုင်၊ ဟားခါးခရိုင်၊ မင်းတပ်ခရိုင်၊ မတူပီခရိုင် တို့အတွင်းရှိ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၈၀၀) ကျော်မှ ပေပေါင်း (၈၀၀၀) ကျော် အမြင့်ရှိသော တောင်တန်းများပေါ် လူနေထိုင်သော မြို့ကလေးများ ရှိပေမယ့် လူဦးရေ သိပ်မများချေ။ (၂၀၁၄) သန်းခေါင်စာရင်းအရ ချင်းပြည်နယ် တစ်ပြည်နယ်လုံးတွင် လူဦးရေ ၄၇၈၈၀၁ ဦး သာ ရှိသည်။ (ယခု ငါးသိန်းကျော်သာ ရှိသည်။) မင်းတပ်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၈၆၁) ပေ မြင့်သည်။
ကချင်ပြည်နယ်တွင် ဆွမ်ပရာဘွမ်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၄၆၀၀) မြင့် သော်လည်း လူဦးရေ (၂၅၀၀) ကျော်သာ ရှိသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ပါဝင်သော ပန်ဝါမြို့ သည် ရေခဲတောင် ပေါ်တွင် တည်ရှိသဖြင့် ဆီးနှင်းများဖုံးလွှမ်းလျက် ရှိကာ တစ်နှစ်ပတ်လုံး ချမ်းအေးနေသည်။ ပန်ဝါမြို့ သည် တရုတ်မြန်မာနယ်စပ်မြို့ဖြစ်ကာ တောင်တန်းတောင်စောင်း များ ၀န်းရံထားသောကြောင့် မြေပြန့်လွင်ပြင် နည်းပါးသောမြို့ ဖြစ်သည်။ ပန်ဝါမြို့တွင် စာသင်ကျောင်း သုံးကျောင်း၊ ၂၅ ကုတင်ဆန့် ဆေးရုံကြီး၊ ဗုဒ္ဓဘာသာ ဘုရားစေတီ နှစ်ဆူဘုန်းကြီးကျောင်း တစ်ကျောင်း တို့ ရှိသည်။
×××
ထူးခြားသော ရေပေါ်မြို့
အရှေ့ဗင်းနစ်၊ အနောက် အင်းလေး ဆိုသည့်အတိုင်း ထို ရေပေါ်မြို့ နှစ်မြို့မှာ ခရီးသွားများအကြား ရေပန်းစား လျှက် ရှိလေသည်။
VENICE – Floating City and also Inle is the same. အီတလီနိုင်ငံရှိ ဗင်းနစ်မြို့သည် ရေပေါ်မြို့ ဖြစ်သလို၊ မြန်မာနိုင်ငံရှိ အင်းလေးကန် သည်လည်း ရေပေါ်မြို့ ကလေး ဖြစ်သည်။ ဗင်းနစ်သည် ကမ်းခြေမြို့မဟုတ် သလို၊ ပင်လယ်ထဲတွင် တည်ထားသော မြို့လည် မဟုတ်ပါ။ ပင်လယ်ထုံးအိုင် ဟု ခေါ်ရမည့် ပင်လယ်နှင့် ဆက်နေသော ရေပြာအိုင်ကြီးထဲတွင် မြို့တည်ထားခြင်း ဖြစ်ကာ၊ ကျွန်းစုလေးများအသွင် အင်မတန် လှပသော မြို့လေးတစ်မြို့ အဖြစ် ထင်ရှားသည်။ အီတလီနိုင်ငံ မြောက်ပိုင်းတွင် ရှိသော ဗင်းနစ်မြို့တွင် ဗိသုကာလက်ရာ များနှင့် အနုပညာလက်ရာများကြောင့် ထင်ရှားကျော်ကြားသည်။
၂၀၁၇ ခုနှစ် သတင်းတစ်ပုဒ်အရ ကမ္ဘာ့ပထမဆုံးရေပေါ်မြို့တော် ကို ပစိဖိတ်သမုဒ္ဒရာပေါ်တွင် ၂၀၂၀ ခုနှစ် တွင် တည်ဆောက်မည်ဖြစ်ကြောင်း ဖတ်ရပါတယ်။ ရေပေါ်မြို့တော်တွင် ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမည်ဖြစ်ပြီး၊ ရေပေါ်မြို့တော်တွင် စိုက်ပျိုးမွေးမြူရေး အဖွဲ့အစည်းများ၊ ဆေးရုံများနှင့် ဆေးဝါး သုတေသနဌာနများကိုလည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ၊ ပြန်လည် ဖြည့်တင်းနိုင်သော စွမ်းအင် အရင်းအမြစ်များကို အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။
သူ့ကို Seasteading Institute က တည်ဆောက်မည် ဖြစ်ကြောင်း ၊ စီမံကိန်းကို PayPal တည်ထောင်သူ Peter Thiel က ရင်းနှီးမြှုပ်နှံမည် ဖြစ်ကာ ရေပေါ်မြို့တော်ကို နိုင်ငံတကာ ရေပိုင်နက်ပေါ်တွင် တည်ဆောက်မည်ဖြစ်ကာ ကိုယ်ပိုင်ဥပဒေများ ပြဌာန်း၍ အုပ်ချုပ်မည် ဟု ဖော်ပြထားသည်။ Seasteading Institute ၏ ဥက္ကဌ ဖြစ်သူ Joe Quirk က ၂၀၅၀ ခုနှစ်တွင် ရေပေါ်မြို့တော် ထောင်ဂဏန်းခန့် အလိုရှိနေကြောင်း ပြောပါတယ်။
ထူးခြားတဲ့ အင်းလေးကန်
အင်းလေးကန်တွင် ထူးခြားချက်များစွာ ရှိပါသည်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် ရှိ အင်းလေးကန် သည် ထုံးကျောက်ရေချိုကန်ကြီး ဖြစ်ပြီး၊ ရှေးနှစ်သန်းပေါင်းများစွာကပင် ဖြစ်တည်လာသည်ဟု သိရသည်။ အဆိုပါ ရေကန်ကြီးတွင် လူနေထိုင်ခဲ့သည်မှာလည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထူးခြားချက်မှာ ကမ္ဘာပေါ်တွင် လုံးဝ မရှိသော ခြေထောက်ဖြင့် လှေလှော်ခတ်သော ဓလေ့ကို အင်းလေးတွင် မြင်တွေ့နိုင်ပါသည်။ အင်းလေးကန် ရှိ ကြီးပျင်းလာသော ကလေးငယ်လေးများပင်လျှင် လှေငယ်လေးများပေါ်တွင် မတ်တပ်ရပ်ကာ ခြေထောက်ဖြင့် လှေလှော်ခတ်ခြင်း အတတ်ပညာ ကို မသင်ကြားဘဲ တတ်မြောက်လာကြပြီ ဖြစ်သည်။
မြေမျက်နှာသွင်ပြင်
ရှမ်းပြည်နယ်(တောင်) တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် တွင် အင်းလေးကန် တည်ရှိသည်။ အင်းလေးကန် သည် ထုံးကျောက်ရေချိုကန်ကြီး ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၂၉၀၀) ကျော် အမြင့်တွင် တည်ရှိသဖြင့် တောင်ပေါ်အင်းအိုင်ကြီးတစ်ခု ဖြစ်သည်။ အင်းလေးကန် တောင်မြောက် အလျား ကိုးမိုင်ခန့် ရှည်လျားကာ၊ အကျယ်ဆုံးနေရာတွင် အရှေ့အနောက် သုံးမိုင်ခွဲခန့် ရှိသည်။
အင်းလေးကန်၏ အရှေ့ဘက် နှင့် အနောက်ဘက်တို့တွင် တောင်မြောက်သွယ်တန်းလျက်ရှိသော တောင်တန်းနှစ်ခု အကြား ခွက်ဝင်နေသော ညောင်ရွှေ ချိုင့်ဝှမ်းကြီး၏ အလယ်အနက်ရှိုင်းဆုံး အပိုင်းတွင် ကန်ကြီး တည်ရှိကာ၊ မြန်မာနိုင်ငံတွင် အင်းတော်ကြီးအိုင် ပြီးလျှင် ဒုတိယမြောက်အကြီးဆုံးရေကန်ကြီး ဖြစ်သည်။
သဘာဝ အမွေ
အင်းလေးကန်တွင် [တောနေငှက် ၂၅၅ မျိုး၊ ရေနေငှက် ၉၀ မျိုး၊ ငါးမျိုးစိတ် ၅၉ မျိုး၊လိပ် ၃ မျိုး၊ လိပ်ပြာ ၉၄ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၂၅ မျိုး၊ အခြားတွားသွားသတ္တဝါများ၊ သစ်ခွ ၁၈၄ မျိုးနဲ့ ရေညှိ ၁၂ မျိုး] … စတဲ့ ဇီဝမျိုးစိတ်တွေ ကျန်ရှိနေသေးကြောင်း ၂၀၁၅ ခုနှစ်စစ်တမ်း က ဆိုပါတယ်။ The World Wide Fund for Nature အဖွဲ့က ၎င်းဇီဝမျိုးစိတ်တွေရဲ့ သက်ရှင်ဖြစ်တည်မှုဟာ ‘လုံခြုံမှုမဲ့တဲ့အခြေအနေ’ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။
ထုံးကျောက်အရေပျော်အိုင်
အင်းလေးကန်သည် လွန်ခဲ့သော နှစ် ၁၀ သန်းခွဲ ကပင် ရှိနေပြီဟု ဆို၏။
အင်းလေးကန်ကြီး၏ အောက်ခြေတွင် စိမ့်ညို့ညို့အရောင်ရှိသော အမှုန်များသည် နွံအဖြစ် ပြောင်းလဲကာ နုန်းမြေများအဖြစ် ရှိကြသည်။ ထိုအမှုန်များတွင် ထုံးဓါတ်အများအပြားပါဝင်သဖြင့် အင်းလေးကန်သည် ထုံးကျောက် အရေပျော်အိုင်ကြီး ဖြစ်လာသည်ဟုသော ယူဆချက်မှာ ခိုင်မာသည်ဟု ပညာရှင်များ သတ်မှတ်ကြသည်။
မြို့ဟောင်းများ
ညောင်ရွှေမြို့နယ်တွင် ပျောက်ဆုံးခဲ့ရသော မြို့တော်ဟောင်းများ များစွာ
ရှိသည်။ ကောသမ္ဘီ၊ စံကား၊ မိုင်းသောက်၊ ရမ္မ၀တီ စသည့် မြို့ဟောင်းများမှာထင်ရှားသော မြို့တော်ဟောင်း
များဖြစ်သည်။ ရေချိုကန်အတွင်း လူနေထိုင်မှု နှင့် အထူးခြားဆုံးမှာ အင်းသားတို့၏ ခြေထောက်ဖြင့်
လှေလှော်ခတ်ခြင်း အတတ်ပညာပင် ဖြစ်သည်။ ထိုသို့ ခြေထောက်ဖြင့် လှေလှော်ခြင်းကို အိမ်စီးလှေငယ်များ
သာမက၊ အင်းလေးဖောင်တော်ဦးဘုရား ရုပ်ပွားတော်များ ဒေသစာရီကြွချီပူဇော်ခံပွဲတော်တွ
ဆိုရလျှင် အင်းလေးကန်သည် စက်မှုထက် လက်မှုရိုးရာအတတ် ဖြင့်သာ ရပ်တည်ကြ၏။ အင်းလေးကန်တွင် မြန်မာ့ရိုးရာ လက်မှုပညာ ပန်းဆယ်မျိုးလုံး လုပ်ကိုင်နိုင်ကြ၏။ အင်းလေးဒေသထွက် စားစရာမုန့်များ နှင့် ပန်းပဲဖိုထုတ်ပစ္စည်းများဖြစ်သော ဓါး၊ ကတ်ကြေး၊ တူ၊ မြက်ရိတ်ဓါး တို့မှာ လူကြိုက်များ၏။ အင်းလေးဒေသထွက် ကြာသင်္ကန်း၊ ကြာချည်ထည်၊ ဖျင်ထည်ဖြင့် ချုပ်သော အင်းလေးလွယ်အိတ်၊ အင်းလေးပင်နီ နှင့် အင်းပိုးထည်အ၀တ်အထည် များမှာ ကမ္ဘာကျော်သည် အထိ ထင်ရှား၏။
အင်းလေးကန်သည် ကမ္ဘာပေါ်တွင် ထင်ရှားသော ကုန်းတွင်းပိတ်ရေချိုကန်ကြီးတစ်
ယခင်တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးသော လောပိတ ရေအားလျှပ်စစ် စက်ရုံအတွက် အဓိက ရေအရင်းအမြစ် တစ်ခုလည်း ဖြစ်သည်။ ယခုအခါ အင်းလေးကန် ရေခန်းခြောက်ခြင်း ပြဿနာရပ်ကြောင့် လူဦးရေတစ်ဝက်ကျော်တို့သည် လူနေမှုဘ၀အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရပေသည်။
အင်းလေးကန်၏ ရေကန်တွင်း လူနေထိုင်မှုစနစ်၊ ခြေထောက်ဖြင့် လှေလှော်ခြင်းအတတ်၊ အင်းလေး ဖောင်တော်ဦး ဘုရား ရုပ်ပွားတော်များ ဒေသစာရီ ကြွချီအပူဇော်ခံပွဲတော်၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် များ နှင့် လက်မှုရိုးရာအတတ်ပညာ များတို့သည် Unique ပြိုင်ဘက်ကင်း ဖြစ်နေလိမ့်မည် ဖြစ်ပါသည်။
The Biggest Cities on the Great Lakes
အမေရိက နှင့် ကနေဒါ နိုင်ငံ တို့တွင် ရေကန်ကြီးများနှင့် ထိစပ်နေသော မြို့များ များစွာ ရှိသည်။ သို့သော် ထိုရေကန်ကြီးများအတွင်း လူနေထိုင်ခြင်း မဟုတ်ဘဲ၊ ထိစပ်ရာ ကမ်းခြေ ကမ်းစပ်တို့တွင် နေထိုင်ခြင်းသာ ဖြစ်ကြသည်။
Great Lakes သည် မြောက်အမေရိက၏ အရှေ့ပိုင်းအလယ်ပိုင်းတွင် တွေ့ရသောရေချိုအိုင်များအပြန်
(တိုရွန်တို သည် ကနေဒါ နိုင်ငံ၊ အွန်တိုရီယို ပြည်နယ်တွင် တည်ရှိကာ၊ နိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်၍ လူဦးရေ ၈ သန်း နီးပါးနေထိုင်သည်။ တိုရွန်တိုသည် အွန်တဲရီယိုရေကန်၏ အနောက်မြောက်ဘက်ကမ်းခြေတွင် ရှိကာ၊ အွန်တာရီအိုင် ၏ အနောက်ဘက် ခြမ်းတွင် ရှိသော ရွှေမြင်းခွာ ဒေသကို လွှမ်းခြုံထားသည်။
ချီကာဂိုသည် အမေရိကန်ပြည်ထောင်စုရှိ အီလီနွိုက်ပြည်နယ်တွင် ရှိသော မြို့ဖြစ်ကာ လူဦးရေ ၂ ဒဿမ ၇ သန်းကျော် နေထိုင်သဖြင့် နိုင်ငံ၏အကြီးဆုံး မြို့ကြီးများတွင် ပါဝင်သည်။)
×××
နိဂုံး
အချုပ်အားဖြင့် ဆိုရလျှင် တောင်ကြီးမြို့နှင့် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် တို့သည် မြန်မာနိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော ကမ္ဘာ့အမွေအနှစ်များ ပိုင်ဆိုင်ထားသလို တန်ဖိုးထားထိန်းသိမ်းရန် နိုင်ငံသားတိုင်းတွင် အားလုံး တာဝန်ရှိပါသည်။ အဆိုပါ ခရီးသွားဒေသများကို အရင်းတည်၍ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် နိုင်ငံ၏ စီးပွားရေးတိုးတက်စေရန် တစ်ဖက်တစ်လမ်းမှ ၀င်ငွေများ ရှာဖွေပေးလိမ့်မည်ဟု ယုံကြည်ပါသည်။
×××
No comments:
Post a Comment