တောင်ကြီးမြို့ရှိ လူသိနည်းသော စော်ဘွားကြီးကုန်း
စည်သာ(တောင်ကြီး)
တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၄၇၁၂) ပေ မြင့်သော တောင်ပေါ်မြို့လေး တစ်မြို့ဖြစ်ပြီး၊ ခရစ်သက္ကရာဇ် ၁၈၉၄ ခုနှစ်တွင် အင်္ဂလိပ်များမှ တည်ဆောက်ခဲ့သော မြို့လေး တစ်မြို့ ဖြစ်ပါသည်။
တောင်ကြီးမြို့သမိုင်းကြောင်းမျ
×××
ညောင်ရွှေစော်ဘွား စ၀်မောင်အုန်း
ညောင်ရွှေစော်ဘွား စ၀်မောင်အုန်းသည် သီပေါမင်း၏ ညီအစ်ကို ၀မ်းကွဲ အဖြစ် မွေးစား မြှောက်စားခံရသူ ဖြစ် သည်။ မင်းတုန်းမင်းကြီးမှ စမ်းသပ်သည့် အနေဖြင့် မန္တလေး မင်းနေပြည်တော် ညီလာခံတွင် ရှမ်းပြည်မှ ညောင်ရွှေစော်ဘွား အစွမ်းအစ မေးမြန်းရာ၊ ဗဟိုရ်စင်ပေါ် တင်ရန် ပြောဆိုကာ၊ ချည်တုပ်ပြီး တင်သော သူများ အောက်မရောက်ခင် ညောင်ရွှေစော်ဘွား က ဘုရင့်ရှေ့တော်မှောက် ရောက်နေသဖြင့် ဘုရင် အံ့သြပြီး အရှေ့တံခါးမှူး အရာပေးခဲ့သည်။ မင်းတုန်းမင်းမှ ဆုတံဆိပ်အဖြစ် ယိမ်းနွဲ့ဓါးပါး အဆောင်ခါးပတ် ကို ပေးအပ် ချီးမြှင့်တော်မူသည်။ အဆိုပါ ယိမ်းနွဲ့ဓါးပါး သည် မြောက်ပိုင်း သီပေါမြို့ အဆက်အနွယ်များထံတွင် ရှိသည်ဟု လည်း သိရသည်။ ကုန်းဘောင်ခေတ်တွင် ရှမ်းပြည်နယ်မှ စော်ဘွားများသည် မင်းတုန်းမင်း ၏ ညီလာခံ တွင် သွားရောက် ခစားရခြင်း ဖြစ်သည်။
ကိုလိုနီခေတ်၊
ညောင်ရွှေစော်ဘွား စ၀်မောင်အုန်း လက်ထက်တွင် အင်္ဂလိပ်အစိုးရ နှင့် ညောင်ရွှေစော်ဘွားတို့ ညှိနှိုင်းရာမရသဖြင့်၊ ညောင်ရွှေကို တိုက်ရန် ညောင်ရွှေမြို့ အရှေ့မြောက်ထောင့်တွင် ရှိသော ရွှေညောင်ကို ကက်ကင်းယူ၍ တိုက်ရာ၊ ညောင်ရွှေစော်ဘွား စ၀်မောင်အုန်း စစ်ရှုံးသဖြင့် အင်္ဂလိပ်ဖြင့် စစ်ပြေငြိမ်းခဲ့ကြောင်း၊ သေနတ်အတို (၁၀၀) အရှည် (၁၀၀)၊ မြင်း (၁၀၀) ၊ ဒင်္ဂါး (၁၀၀၀) တောင်းယူကြောင်း သိရသည်။ ညောင်ရွှေစော်ဘွား စ၀်မောင်အုန်း ကလည်း လျော်ကြေးပေးခဲ့ပြီး စစ်ပြေငြိမ်းကြောင်း စာချုပ်ချုပ်ဆိုပြီး ရွှေညောင် နှင့် ညောင်ရွှေ ရန်ပြေသော နေရာ ဖြစ်သည့်အတွက် အမှတ်အသားအနေဖြင့် ရွှေရန်ပြေ ဘုရား တည်ခဲ့ကြောင်း သိရသည်။
အင်္ဂလိပ်အစိုးရလက်ထက် ရှမ်းပြည်နယ်ရှိစော်ဘွားများ တောင်ကြီးမြို့တွင် အစည်းအဝေးပြုလုပ်ရန် နေရာရှာဖွေရာ လက်ရှိ ကန်အောက်ရပ်ကွက်၊ မင်းကျောင်းတွင် စုရပ်အဖြစ် စုဝေးကြပြီး၊ တွေ့ဆုံခဲ့ကြသည်။ အုပ်ချုပ်သူလူတန်းစား စော်ဘွားများ စုဝေးရာ ဖြစ်သဖြင့် မင်းကျောင်းဟု ဘုန်းတော်ကြီးကျောင်း နာမည်ပေးခဲ့ခြင်းဖြစ်သည်။ ကန်အောက်ရပ်ကွက်၊ မင်းကျောင်း တောင်ဘက် တွင် ကုန်းမြင့်မို့မို့လေး တည်ရှိပြီး၊ တောင်ကြီးမြို့ အလည်တည့်တည့်တွင် တည်ရှိကာ အရှေ့အနောက် တောင်မြောက် ဘယ်နေရာ ကြည့်ကြည့် မြင်ရသော ကုန်းမို့မို့လေး ဖြစ်ပြီး၊ မြို့ရှုခင်းကို အပေါ်စီးမှ မြင်ရသောနေရာဖြစ်ကြောင်း သိရသည်။
တစ်ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း စော်ဘွားကြီးတစ်ဦး၏ အမျိုးသမီး ဆုံးပါးသွားစဉ် နယ်ကိုပြန်ယူမရသဖြင့် စော်ဘွားကြီး ကုန်းတွင် သဂြိုလ်ခဲ့ကြောင်း၊ လွမ်းစေတီကုန်းဟု ခေါ်ဆိုခဲ့ကြောင်း သိရသည်။
ညောင်ရွှေစော်ဘွား စ၀်မောင်အုန်း သည် ရှမ်းပြည်နယ်မြို့၊ တောင်ကြီးမြို့ရှိ အင်္ဂလိပ်အစိုးရမင်းများ၏ ဒါဘာပွဲ တွင် ခါးပတ်ဓါးပါး ဆောင်ယူလာသဖြင့် အင်္ဂလိပ်မျက်နှာဖြူအရာရှိများက ဒါဘာပွဲတွင် လက်နက်ယူမလာရကြောင်း ပြောဆိုရာ၊ မိဘပေးသော အဆောင်အယောင် ဖြစ်သဖြင့် ဆောင်ရမည်ဟု ပြန်လည် ချေပတုန့်ပြန်သဖြင့် အင်္ဂလိပ်များက မကျေနပ်ချေ။ အစည်းအဝေးများ နှင့် ဒါဘာပွဲ တိုင်းတွင် ယိမ်းနွဲ့ပါးဓါး ယူဆောင်လာနေသဖြင့် အင်္ဂလိပ်အရာရှိများက ကော်ဖီတွင်အဆိပ်ခတ်၍ ညောင်ရွှေစော်ဘွား စ၀်မောင်အုန်း ကို သတ်လိုက်ပြီး၊ ကန်အောက်ရပ်ကွက်ရှိ စော်ဘွားကြီးကုန်း ခေါ်သော အာဇာနည်ကုန်း တွင် မြှုပ်နှံသဂြိုလ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စော်ဘွားကြီးကုန်းတွင် အုတ်ဂူ နှစ်ခုရှိပြီး၊ တစ်ခုမှာ စော်ဘွားကြီးတစ်ဦး၏ ကြင်ယာတော် အုတ်ဂူ ဖြစ်ပြီး၊ တစ်ခုမှာ ညောင်ရွှေစော်ဘွား စ၀်မောင်အုန်း ၏ အုတ်ဂူ ဖြစ်သည်။ ရှမ်းတိုင်းရင်းသားစော်ဘွား တို့သည် အင်္ဂလိပ်အစိုးရ ကို တိုက်ခိုက်ခဲ့သော စော်ဘွားကြီးကုန်း၊ အာဇာနည်ကုန်း ဟု အသိအမှတ်ပြုပြီး၊ အာဇာနည်နေ့ များတွင် လွမ်းသူ့ပန်းခွေ ချခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
အဆိုပါ စော်ဘွားကြီးကုန်း၊ အာဇာနည်ကုန်းကို ၁၉၇၄ ခုနှစ် ပြည်သူ့ကောင်စီလက်ထက်တွင် ဖျက်သိမ်းခဲ့ပြီး ကန်အောက်ရပ်ကွက်၊ အောင်သိဒ္ဒိဓမ္မာရုံ ကို တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စော်ဘွားကြီး ဦးခေါင်းရိုးသည် အင်မတန်ကြီးမားပြီး၊ ခြေတန်၊ လက်တန်များသည် အင်မတန် ရှည်ကြောင်း၊ လက်ရှိ လူများထက် ရှည်ကြောင်း သိရသည်။ အဆိုပါ အရိုးအိုးများကို ယူဆောင်၍ စိန်ပန်းရပ်ကွက်တွင်းရှိ ယခင် သချိုင်းဟောင်း နေရာသို့ ရွေ့ပြောင်း ပေးခဲ့ကြောင်း သိရသည်။
ထို ကန်အောက်ရပ်ကွက်ရှိ ကုန်းမို့မို့လေးသည် စော်ဘွားကြီး ကြင်ယာတော် သေဆုံးခဲ့သဖြင့် လွမ်းစေတီကုန်း၊ စော်ဘွားကြီး သချိုင်း ဟု ဖြစ်လာပြီး၊ ရှမ်းပြည်နယ်၏ အာဇာနည် ဖြစ်သဖြင့် အာဇာနည်နေ့ ရောက်တိုင်း လွမ်းသူ့ပန်းခွေများကို အာဇာနည်ကုန်းတွင် လာရောက် ချထားခြင်းရှိကြောင်း သိရသည်။
မြေနေရာ ဂရမ်လျှောက်ထားရာတွင် ဆွေတော်မျိုးတော်များမှ အာဇာနည်ကုန်း
မဖျက်သင့်ကြောင်း၊ ထားသင့်ကြောင်း ပြောဆိုရာ ဆွေတော်မျိုးတော်များမှ တစ်ဖက်၊ မယက များ၊
ခယက များ တစ်ဖက် ပြောဆို ညှိနှိုင်းကြရာ စော်ဘွားကြီးသည် အာဇာနည်မှန်လျှင် သေတစ်ပန်သက်တစ်ဆုံး
အင်္ဂလိပ်ကို တိုက်ခိုက်သွားရမည် ဖြစ်ပြီး၊ အင်္ဂလိပ်ထံ လက်နက်ချ အညံ့ခံသဖြင့် အာဇာနည်
မဖြစ်ထိုက်ကြောင်း၊ ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင် မှ ဆုံးဖြတ်ခဲ့ကာ၊ အာဇာနည်ကုန်း
ကို ဖယ်ရှားကာ ဂရမ်လျှောက်ထားရယူခဲ့ခြင်းဖြစ်ေ
အဆိုပါ လွမ်းစေတီကုန်း၊ စော်ဘွားကြီးကုန်း၊ အာဇာနည်ကုန်း ဟု ခေါ်ဆိုခဲ့သော နေရာသည် ကန်အောက် ရပ်ကွက်၊ အောင်သိဒ္ဒိဓမ္မာရုံ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ ယခင်က သချိုင်းကုန်းနေရာတွင် လက်ရှိ နေအိမ်များ ပြည့်နှက်နေပြီး၊ မြို့လည်ခေါင်တွင် ရှိကြောင်း သိရသည်။
×××
စော်ဘွားကြီး အုတ်ဂူသမိုင်း
ယခင်တောင်ကြီးမြို့၊ ကုန်းမြင့်ပေါ်ရှိ ပလပ်မြေပေါ်တွင် စော်ဘွားကြီးအုတ်ဂူမြှုပ်ထားသော သချိုင်းကုန်း ဖြစ်ပြီး ကွင်းပြင်တွင် မည်သည့်အရာမျှ မရှိကြောင်း ဆိုသည်။
ရှေးအခါ က စော်ဘွားကြီး အလောင်းကို သဂြိုလ်မြှုပ်နှံရာတွင် အလောင်းကို စော်ဘွားသြဇာခံ များမှ လှည်းကို ကြိုးဖြင့်ဆွဲလာကြပြီး၊ အလောင်းကို မထမ်းရဘဲ ရင်ခွင်ပိုက်ကာ သချိုင်းချရကြောင်း ဆိုသည်။ အုတ်ဂူအတွင်းပိုင်း မြေမထိရဘဲ ကျွန်းသစ် ခေါင်းတလားကြီးကို သံချိတ်လေးချောင်းဖြင့် ဘေးနှစ်ဖက်မှ ဆွဲထားရကာ လေထဲ တွဲလောင်းထားရကြောင်း ဆိုသည်။ အုတ်ဂူကို ဖယ်ရှားရာတွင် ကြိုးပြုတ်ကျ၍ အောက်ပြုတ်ကျနေကြောင်း၊ ယခင်က ဖောက်ထွင်းပြီးသား ဖြစ်ကြောင်း၊ အုတ်ဂူနောက်ဘက်ပွင့်နေပြီး သရိုးပြန်လည်မွမ်းမံထားခြင်း ရှိကြောင်း၊ အုတ်ဂူနှစ်ခုလုံးကို ဖျက်ဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။
စော်ဘွားကြီး ညာဘက်လက်မောင်းနှင့် ဘယ်ဘက်လက်မောင်းတို့တွင် အသားတွင်း မြှုပ်နှံထားသော အင်းပြား ၄ ပြား တွေ့ရကြောင်း သိရသည်။ ညာသန်ဖြစ်၍ ရွေးစေ့ခန့်ရှိသော အင်း ၂ ပြားသည် အနည်းငယ် စုတ်ပြီး၊ ဘယ်ဘက်တွင် ရှိသော မန်ကျည်းစေ့အရွယ်ရှိ အင်း ၂ ပြား (အကြီး) တို့သည် ဆောင်ထားစဉ် စီးပွားလာဘ် လာဘ တိုးတက်ပြီး၊ လူအများ ချစ်ခင်လေးစားမှု ခံရကြောင်း သိရသည်။ ဦးတင့်ဆွေ ၏ မိတ်ဆွေများဖြစ်သော ဦးစန်းလွင် နှင့် ဦးသန်းဖေ တို့နှစ်ဦးကို ပိုက်ဆံထဲတွင် လိပ်၍ဆောင်ထားသော အင်းနှစ်ပြားကို ဖြန့်ပြလိုက်ရာ၊ ညဘက်တွင် အင်းပြားများ ထူးဆန်းစွာ ပျောက်ဆုံးခဲ့ရလေကြောင်း သိရသည်။ မိမိ နှင့် ထိုက်၍ ရသော အဆောင်ကို သူတပါးအားပြသမိသဖြင့် ပျောက်ဆုံးသွားခြင်းအတွက် များစွာစိတ်မကောင်းဖြစ်မိပြီး နောင်တ ရမိပါကြောင်း၊ ရှေးဟောင်းပစ္စည်းဖြစ်သည့်အတွက် ပြန်လည်လိုချင်ကြောင်း ဦးတင့်ဆွေ က ဆိုသည်။
×××
တောင်ကြီးမြို့သမိုင်းကြောင်း
တောင်ကြီးမြို့ကို ဂေါ်ရခါးတပ်ရင်း(၃) မှ ပါလာသော နိုင်ငံရေးအရာရှိ ဟေးဒီဘရန်းမှ တွေ့ရှိပါကြောင်း၊ ၁၈၉၂ ခုနှစ်တွင် တွေ့ကာ အဆင့်ဆင့်တင်ပြပြီး ၁၈၉၄ ခုနှစ်တွင် စတင်မြို့တည်ခဲ့ကြောင်း သိရသည်။ ဂေါ်ရခါး လေးမျိုး ရှိကာ ရှိုင်း(RAI)၊ လင်ဘု (Lin Bu)၊ ဂူရှူး၊ မော်ရဂမ် ဟူ၍ အမျိုးလေးမျိုး ရှိကာ စစ်သားများဖြစ်သည်။
တောင်ကြီးမြို့သည် ရပခ တပ် အရှေ့ဘက် မိဘမဲ့ ကလေးကျောင်း တည်ရှိရာနေရာဖြစ်ပြီး၊ လေယာဉ်ကွင်း ကို လည်း အင်္ဂလိပ်များ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အင်္ဂလိပ် စစ်တပ်နှင့် ပါလာသော ဂေါ်ရခါး စစ်သားများသည် ဆိတ်မွေး၊ နွားမွေး သဖြင့် ရေကန်ကြီးများ၊ တောတောင်များ၊ ရှိသော စိန်ပန်း၊ ရွှေတောင် ရပ်ကွက် တို့တွင် နေကြောင်း သိရသည်။ ကန်အောက်ရပ်ကွက်တွင် ရှိသော ဂေါ်ရခါး ဘုရားကျောင်း နေရာ သည် တောင်ကြီးမြို့တွင် ပထမဆုံးသော ဂရမ်မြေဖြစ်ကာ၊ ဂေါ်ရခါးဘာသာ ဂရမ်ပတ်စတီးရွာ ဟု ခေါ်ဆိုကြောင်း၊ ပထမဆုံး ဂရမ်အမည်ပေါက် ရပ်ကွက်အဖြစ် စတည်ခဲ့ကြောင်း သိရသည်။
ယခင်က ကန်အောက်ရပ်ကွက်နေရာတွင် ရေကန်ကြီးတည်ရှိပြီး၊ မြို့စည်ပင်လာချိန် ရေကန်ကြီးကို ဖြတ်ကာ လမ်းဖောက်ရာ ကန်အရှေ့ဘက်ကို ကန်ရှေ့ရပ်ကွက်၊ ကန်အနောက်ဘက်ကို ကန်အောက်ရပ်ကွက် ဟု ခေါ်တွင်ခဲ့ကြောင်း၊ ယခင်က ကန်အောက်ရပ်ကွက်သည် ဂရမ်ပတ်စတီးရွာ ဖြစ်ကြောင်း သိရသည်။
အင်္ဂလိပ်အစိုးရမင်းများမှ စော်ဘွားများကို ခေါ်ယူ၍ မိမိတို့ ကြိုက်နှစ်သက်သော နေရာများ ယူကြရန် ပြောရာ ညောင်ရွှေစော်ဘွားကြီးတွင် တပ်အင်အား ရှိသဖြင့် ရေကန်လည်း ကြိုက်နှစ်သက်သဖြင့် ရေကန်အနီးတွင် ညောင်ရွှေစော်ဘွားဟော် တည်ဆောက်ကာ၊ လက်ရှိ မြကန်သာဟု ခေါ်တွင်သော ကန်ကိုလည်း ညောင်ရွှေ ရေကန် ဟု ခေါ်တွင်ကြောင်း၊ ဟော်ကို အစွဲပြု၍ ညောင်ရွှေဟော်ကုန်း ရပ်ကွက်ဟု ခေါ်တွင်ကြောင်း သိရသည်။ မြကန်သာကန် (ခ) ညောင်ရွှေကန်သည် ၁၉၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၇၂ ခုနှစ်တွင် ရေခန်းသဖြင့် ကန်ကို ဆယ်ယူခြင်း ပြုလုပ်ခဲ့ရကြောင်း သိရသည်။
တခြားစော်ဘွားများတို့သည် ဓါးမြရန် ကြောက်သဖြင့် ရဲဌာန အနီးတွင် နေရာယူကြကြောင်း၊ ဟော်စုရပ် ခေါ်သော ယခု ဟော်ကုန်းရပ်ကွက် ဖြစ်လာကြောင်း သိရသည်။
တောင်ကြီးမြို့အစ မိုင်းသောက်က ဟူသော ဆိုရိုးအတိုင်းပင် နိုင်ငံရေးအရာရှိ
ဟေးဒီဘရန်း သည် မိုင်းပွန်မြို့ ရှိ စော်ဘွားကို sanad ပေးပြီး အပြန် တောင်ကြီးမြို့ရှိ
လက်ရှိ ၂၁၂ ကုန်းအနီးတွင် မြေပြင်အနေအထားကို ကြည့်ရှု၍ နွေရာသီအပန်းဖြေစခန်း၊ ပိုလိုမြင်းကစားရန်၊
အစိုးရအခြေစိုက်ရုံးစခန်း တည်ဆောက်ရန် စသော ရည်ရွယ်ချက် တို့ဖြင့် ညောင်ရွှေ စည်ပင်သာယာရေးနယ်နိမိတ်မှ
ထုတ်ပယ်၍ တောင်ကြီးမြို့ကို စတင်တည်ဆောက်ခြင်း ဖြစ်သည်။ ညောင်ရွှေမြို့ မိုင်းသောက်အရပ်တွင်
တပ်စွဲထားသော အင်္ဂလိပ် စစ်တပ် သည် တောင်ကြီးမြို့စတင်တည်ဆောက်ရာတွ
တောင်ကြီးမြို့တည်ပြီး (၁၅) နှစ် အကြာ (၁၉၀၉) ခုနှစ်တွင် ရသေ့ကြီး ဦးခန္ဓီ သည် တောင်ကြီးမြို့ ရောက်ရှိလာပြီး၊ ပထမဆုံးသော စေတီတော် အဖြစ် ရပ်တော်မူ ဘုရားကြီး ကို စတင်တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။
ကူလီကုန်း နေထိုင်သူများက အုတ်သယ် ကျောက်သယ် စေတနာများဖြင့် ကူညီပေးခဲ့သူများကို ရသေ့ကြီး ဦးခန္ဓီ က ပိုက်ဆံပေးရာ၊ ရပ်ကွက်နေ ပြည်သူများမှ မယူပါကြောင်း ၊ ကုသိုလ်ယူခြင်းဖြစ်ကြောင်း ပြောဆိုရာ၊ ရသေ့ကြီး ဦးခန္ဓီ မှ “မင်းတို့ဟာ ကူလီတွေ မဟုတ်ဘူး၊ ကူညီတဲ့ လူတွေ ပါကွာ” ဟု ပြောဆိုရာမှ ကူလီကုန်းမှ ကူညီကုန်း ဟု အမည်ပြောင်းလဲ ခေါ်တွင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရပ်တော်မူဘုရား အနီးရှိ ကုန်းသာကျောင်း ဆရာတော် သည် ဗေဒင်တွက်ချက်ရာ ကျောင်းမီးဘေးသင့် နိုင်သဖြင့် ယတြာခြေသည့်အနေဖြင့် ၁၉၄၀ ခုနှစ်တွင် ပေ (၅၀) အမြင့်ရှိသာ ပိတ်စ ဖြင့် စပ်ချုပ်အပ်သော မီးပုံးပျံကြီး ကို ကူညီကုန်း တောင်ပေါ်မှ လွှတ်တင်ရာ ချိန်သားကိုက်ညီမှု မရှိသဖြင့် မကြာခင် အနီးအနား ပျက်ကျသဖြင့် မီးကျိန်းမကျေဘဲ၊ ယတြာ ပျက်သည်ဟု သိရသည်။ တစ်ဖန် လပြည့်ညတွင် နောက်ထပ် စက္ကူဖြင့် မီးပုံးပျံများ ပြုလုပ်၍ လွှတ်တင်ခဲ့ရာ အောင်မြင်သော် လည်း မူလ ယတြာ ပျက်ခဲ့သဖြင့် မီးဘေးသင့်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ထိုမှ အစ မီးပုံးပျံအစ ကုန်းသာ ကျောင်း ကဟု ပြောစမှတ်တွင်ခဲ့သည်။ ၁၉၄၀ ခုနှစ် အင်္ဂလိပ်အစိုးရလက်ထက် တွင် အစောဆုံး မီးပုံးပျံ လွှတ်တင်ခြင်း မှတ်တမ်းမှာ ကုန်းသာကျောင်း တွင် ပိတ်စများ စပ်ချုပ်ထားသော မီးပုံးပျံကြီး သည် အကြီးဆုံး မီးပုံးပျံကြီး ဖြစ်ကြောင်း၊ ထိုမှ စတင်၍ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီး စတင်လာခြင်း ဖြစ်ကြောင်း သိရသည်။
၁၉၄၂ ခုနှစ် စစ်ငွေ့စစ်ရိပ် သန်းလာစဉ် တောင်ကြီးမြို့ရှိ ရပ်တော်မူ ဘုရား၊ ကူလီကုန်း (ခ) ကူညီကုန်း ရပ်ကွက် တွင် အချက်ပေး ဥသြများ ထားရှိပြီး တစ်အိမ်ထောင်လျှင် တစ်ယောက် ကင်းစောင့်၍ ဂျပန် လေယာဉ်စောင့် ကြည့်ရန် အချက်ပြစနစ် ထားရှိကြောင်း သိရသည်။ အဆိုပါ လေကြောင်းကာကွယ်ရေး အချက်ပေးစနစ် ကို ဂျပန်ထောက်လှမ်းရေးများ သိရှိသဖြင့် ကူညီကုန်း အရပ်ကို ဂျပန်လေယာဉ် ဗုံးကြဲချရာ နေအိမ်များကို မထိမှန်ဘဲ ကုန်းသာ ကျောင်းကို ဗုံးဆန် တစ်လုံးကျ၍ ကျောင်းမီးလောင်ပျက်စီးကာ ကျောင်းထိုင်ဆရာတော်လည်း ပျံလွန်တော် မူလေသည်။ ဂျပန်များ ထင်သည်မှာ အင်္ဂလိပ် လေကြောင်း ကာကွယ်ရေးစနစ်တွင် လေယာဉ်ပစ် အမြှောက်များ ရှိသည် အထင်ဖြင့် ဗုံးချခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ နေ့သည် သင်္ကြန်အကြိုနေ့၊ သောကြာနေ့၊ မနက် ၁၀ နာရီ ၀၄ မိနစ်၊ ၁၉၄၂ ခုနှစ် တွင် ဗုံးတစ်လုံး ချသဖြင့် ဘုန်းကြီးကျောင်း မီးလောင်ခဲ့ခြင်း ဖြစ်ပြီး၊ ဆရာတော်လည်း ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
×××
ဗောဓိကွင်း သမိုင်း
တောင်ကြီးမြို့၊ ကံသာရပ်၊ စံကားကွက်သစ်၊ အရှေ့အရပ်၊ကုန်းသာကျောင်း၏ အနောက်တောင်ထောင့် အရပ် မဟာမြတ်မုနိကျောင်း အရှေ့ဘက်တွင် ဗောဓိပင် သုံးပင်စီတန်းစိုက်ပျိုးထားပြီး အလွန်စောင်းနေသော မြေအနေအထားဖြင့် မြေကွက်ရှိခဲ့သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး
ထို ဗောဓိကွင်းနေရာကို အစိုးရဌာနဆိုင်ရာ ပိုင်သော မြေအဖြစ် သတ်မှတ်ခြင်းငှာ မဖြစ်သင့်ဘဲ ခေတ်အဆက်ဆက် ရည်ရွယ်ချက် အတိုင်း သာသနာ့မြေ အဖြစ် ပြန်လည်ဖြစ်မြောက်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
×××
မဟာမြတ်မုနိ ဘုရား
ရပ်တော်မူကျောင်း အနီးတွင် တည်ထားကိုးကွယ်သော မဟာမြတ်မုနိ ဘုရားသည် ရှေးယခင် ဆင်းတုတော် အငယ်ရှေ့တွင် မန္တလေး မဟာမြတ်မုနိ ပုံစံတူ ဆင်းတုတော် ထပ်မံ တည်ထားကိုးကွယ်ခဲ့သဖြင့် လက်သမား၊ ပန်းရန် ဆရာများတို့သည် မျက်စိကွယ်ခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် သက်ဆိုင်ရာအာဏာပိုင်များအား အကြံပြုလိုသည်မှာ ဆင်းတုတော် နှစ်ဆူ ကို ရှေ့နောက် ဆင့်၍ ပူဇော်မည့်အစား၊ မူလ ဆင်းတုတော် အငယ်ကို သီးခြား နေရာ တစ်ခုတွင် ပင့်ဆောင်ကိုးကွယ်လျှင် နှောင်းလူများတို့သည် ရှေးလက်ရာ ဖူးမြင်နိုင်မည်ဖြစ်ပြီး၊ သမိုင်းကြောင်း ကို ပိုမို လေ့လာနိုင်မည် ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုပါသည်။
×××
တောင်ကြီးမြို့ကြီးကို ထိန်းသိမ်းကြစေလို
ယခုအခါ တောင်ကြီးမြို့ကြီးသည် လူနေထူထပ်လာသဖြင့် သဘာဝပတ်ဝန်းကျင်၊ မြေအောက်ရေ စနစ်၊ ရေနုတ်မြောင်းစနစ်၊ ဂေဟစနစ်များ၊ ရာသီဥတု အပူအအေး တို့သည်လည်း ဖောက်လွဲဖောက်ပြန် ဖြစ်လာကြပြီး အဘက်ဘက်မှ ပျက်စီးယိုယွင်းလာပြီ ဖြစ်သည်။
တောင်ကြီးမြို့ရှိ သဲတောင်များကို ဖြိုချသဲတူးကျောက်တူးခြင်း၊ လူနေအိမ်များတိုးချဲ့ခြင်း၊ ထင်းရှူးတော၊ သဘာဝ သစ်တောများကို ဖျက်ဆီး၍ လူနေအိမ် ချဲ့ထွင်ခြင်း၊ မြို့အနောက်ဘက် တောင်စောင်း တလျှောက် လူနေအိမ် တိုးချဲ့နေကြခြင်းများ၊ မြေအောက်ရေ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းတို့ကြောင့် မြေအောက်ရေ ခန်းခြောက်ခြင်းတို့ ကြုံတွေ့နေရပြီဖြစ်ကာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးလာပြီ ဖြစ်သည်။
ရှေးယခင် နှစ်များက လူဦးရေနည်းပါးသော မြို့ကလေးသည် လူဦးရေ သင့်တင့်မျှတသဖြင့် နှစ်စဉ် ရေခဲမှတ် အောက် အေးခဲသော မြို့ကလေးသည် နောက်ပိုင်းနှစ်များတွင် ရေမခဲတော့ချေ။ တောင်ပေါ်ဒေသ ဖြစ်သည့် အလျှောက် ရေရှားပါးမှု ပြဿနာ နှစ်စဉ်ကြုံတွေ့လာနေရပြီး၊ မိုးရာသီ ရောက်လျှင် နေအိမ်များအတွင်း ရေကြီးနစ်မြှုပ်ခြင်းများလည်း ကြုံတွေ့လာနေရပြီ ဖြစ်သည်။
တောင်ကြီးမြို့တွင် ရှိသာ ရေထွက်၊ ရေကန်များ နွေရာသီမရောက်ခင် ရေခန်းခြောက်ခြင်းများ
နှစ်စဉ် ကြုံတွေ့ လာရပြီး၊ ရေထွက်ပေါင်းများစွာ မထွက်တော့ဘဲ ကောသွားခြင်းများလည်း ကြုံတွေ့လာရသည်။
ထို့ပြင် လူဦးရေ သိပ်သည်းထူထပ်ခြင်းနောက်ဆက်တွဲ
တောင်ကြီးမြို့ စိမ်းလန်းစိုပြေရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို တောင်ကြီးမြို့ တွင် မှီတင်းနေထိုင်ကြသော မြို့သူမြို့သား အပေါင်းတို့သည် စည်းကမ်းများ ကိုယ်စီလိုက်နာခြင်းဖြင့် တစ်ယောက် အပေါ်တစ်ယောက် ကူညီဆောင်ရွက်ကြမည် ဆိုလျှင် မနှေးအမြန် အောင်မြင်မှု ရရှိပြီး၊ မြို့တော် လည်း သန့်ရှင်းသာယာလာကာ ဘေးအန္တရာယ် ကင်းစေမည် ဖြစ်ပါကြောင်း ထပ်လောင်း အကြံပြုတင်ပြအပ်ပါသည်။
××× ××× ×××
No comments:
Post a Comment