Font

Wellcome

စည္သာဟိန္း မွ လႈိုက္လွဲစြာၾကိဳဆိုပါသည္

Sunday, October 17, 2021

သမုိင္း၀င္ ကူႀကဳိးဘုရား

 သမုိင္း၀င္ ကူႀကဳိးဘုရား

စည္သာ (ေတာင္ႀကီး)

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၈၈၂ ခုႏွစ္ခန္႔က တည္ထားကုိးကြယ္ခဲ့ေသာ ေရွးေဟာင္း သမုိင္း၀င္ ေစတီေတာ္ တစ္ဆူ ရွမ္းျပည္ ေတာင္ပုိင္းမွာ ရွိပါတယ္။
နီးလွ်က္နဲ႔ ေ၀း ဆိုသလိုပါပဲ။ ကၽြန္ေတာ္ဟာ ေအးသာယာ မွာ ေနလာတာ ႏွစ္ေပါင္း ၂၀ နီးပါး ရွိေပမယ့္ ဒီ ေတာင္ေပၚ ေစတီေလးကို တစ္ခါတစ္ေခါက္ ေရာက္ျဖစ္ဖို႔ ခဲယဥ္းေနပါေတာ့တယ္။ အခု တစ္ေခါက္မွာ ေတာ့ မျဖစ္ျဖစ္ေအာင္ သြားမယ္ ဆိုၿပီးေတာ့ လြယ္မုိင္းစဥ္ ေတာင္ေပၚ က အျပန္မွာ ေနာက္တစ္ခါ ကူႀကဳိး ေစတီေတာ္ ကို ေရာက္ေအာင္ သြားပါေတာ့တယ္။
Xxx
ေရွးေဟာင္း သမုိင္း၀င္ ေစတီေတာ္
ေရွးေဟာင္း ေမြေတာ္ ဘုရားသြားရာလမ္းဟာ မေကာင္းေသးပါဘူး။ ကုန္းဆင္း ကုန္းတက္ေတြနဲ႔ လမ္းကလည္း ပ်က္ေနပါေသးတယ္။ ေအာင္သေျပ ကူႀကဳိးေစတီေတာ္ သို႔ ဆိုိတဲ့ လမ္းညႊန္ ဆုိင္းဘုတ္ ကေန ရြာတြင္း ကို အနည္းငယ္ေလာက္ ၀င္သြားရပါတယ္။
ေအာင္သေျပမွာ စြယ္ေတာ္ဘုရား နဲ႔ ကူႀကဳိးေစတီေတာ္ တို႔ဟာ နီးကပ္ၿပီးေတာ့ လွမ္းျမင္ေနရပါတယ္။ ကူႀကဳိး ေတာင္ေပၚဟာ ေပေပါင္း ၈၀၀ ခန္႔ တက္ရၿပီးေတာ့ လူတက္လမ္း စႀကၤန္ နဲ႔ ကားလမ္း ရွိပါတယ္။ ကားလမ္းအတုိင္း ပတ္ၿပီး တက္မယ္ဆိုရင္ျဖင့္ လူတက္စႀကၤန္လမ္းကို အဂၤလိပ္ အကၡရာ S ပံုစံ ေျမြလိမ္ ေျမြေကာက္ ပတ္ၿပီး ျဖတ္ၿပီးေတာ့ တက္ရတာ ကဗ်ာ ဆန္ေနပါတယ္။
ေတာင္ႀကီးၿမိဳ႕နယ္ ေအာင္သေျပမွာ တည္ရွိပါတာ ျဖစ္တဲ့အတြက္ လမ္းခြဲကေန ၀င္သြားရင္ နည္းနည္းသြားရပါတယ္။ ကူႀကဳိးဘုရားဟာ ေရွးေဟာင္း သမုိင္း၀င္ ေစတီေတာ္ တစ္ဆူျဖစ္ၿပီး၊ အရိပ္မေပၚ ေမြေတာ္ ဘုရား လြယ္မို္င္းစဥ္ ေတာင္ေပၚ နဲ႔ သမုိင္းေၾကာင္း ဆက္စပ္လ်က္ ရွိပါတယ္။
ေရွးေဟာင္းေမြေတာ္ ကူႀကဳိးဘုရား ဒါယကာသည္ နရပတိစည္သူမင္းႀကီး ျဖစ္ကာ ေကာသကၠရာဇ္ (၄၂၈) ခု ၀ါဆို လဆန္း (၈) ရက္ေန႔ ၾကာသေပးေန႔ ဖြားျမင္၍ (၄၅၄) ခုႏွစ္တြင္ မင္းအျဖစ္ ရရွိၿပီး၊ (၄၅၇) ခုႏွစ္ တြင္ ေဖာင္စၾကၤာယာဥ္ျဖင့္ တုိင္းခန္းလွည့္လည္စဥ္ လြန္ခဲ့ေသာ ႏွစ္ေပါင္း (၈၈၂) ခုႏွစ္ က ဓါတ္ေတာ္ အစစ္ ေမြေတာ္ အစစ္ မ်ားျဖင့္ ထုိ ကူႀကဳိး ေမြေတာ္ ေစတီေတာ္ ကုိ တည္ထားကုိးကြယ္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ သိရသည္။ နရပတိစည္သူမင္းႀကီးသည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၉၁၁ ခုႏွစ္က ေမြးဖြား၍ အသက္ (၁၀၁) ႏွစ္ တုိင္ေအာင္ ေနထုိင္ခဲ့ၿပီး၊ နတ္ရြာစံလြန္ေသာ သက္ေတာ္ရွည္ သာသနာျပဳ မင္းတရားႀကီး တစ္ပါး ျဖစ္ေၾကာင္း သိရသည္။
Xxx
သမုိင္းအက်ဥ္း
ကူႀကဳိးေမြေတာ္ဘုရား ဒါယကာ နရပတိစည္သူမင္းတရားႀကီးသည္ ေဖာင္ေတာ္စၾကၤာျဖင့္ တုိင္းခန္း လွည့္လည္စဥ္ ေဖာင္ေတာ္ပိတ္ အရပ္သည္ ဥတၱရဒီသာ ေျမာက္အရပ္သုိ႔ ေဖာင္ေတာ္သား တစ္သိန္း ႏွင့္ အတူ တကြ ဆန္တက္ၾကြခ်ီေတာ္မူခဲ့ရာ သမာေဒ၀ နတ္အေပါင္းတို႔က သင္းပ်ံ႕ေမႊးႀကဳိင္ေသာ ရနံ႔မ်ဳိးစံု အၿမိန္အရသာ တုိ႔ျဖင့္ တကြ ယူေဆာင္ခဲ့၍ နရပတိစည္သူမင္းႀကီးအား ခရီးဦးႀကဳိျပဳၾကၿပီးလွ်င္ “ အရွင္ဘုရား ဤအရပ္တြင္ ေစတီဘုရား တည္ထားခဲ့ပါ ” ဟု ေလွ်ာက္ထား ေတာင္းပန္ၾကေလေသာ္ မင္းႀကီးက ေကာင္ပါၿပီ ဟူ၍ ၀န္ခံမႈ ျပဳၿပီးလွ်င္ ရတနာ ေရႊပန္းေတာင္းကို ဓိဌာန္လွ်က္ လႊတ္ေတာ္မူရာ ရတနာ ပန္းေတာင္းသည္ အေတာင္ရွိေသာ ငွက္ကဲ့သုိ႔ ထူးကဲစြာ အထက္ ေကာင္းကင္သို႔ ထန္းခုႏွစ္ဆင့္မွ် ပ်ံတက္၍ (ယခု ကူႀကဳိး ေမြေတာ္ ဘုရား တည္ထားလွ်က္ ရွိေသာ ေတာင္ေတာ္ျမတ္တြင္ က်ေရာက္ေလေသာ္ ထုိက်ေရာက္ေသာ ေနရာမွာပင္ ဌာပနာတုိက္တြင္း အနက္ သန္ေတာင္ ၁၃ ေတာင္ တူးေဖာ္ေစၿပီးမွ ေျပျပစ္ေခ်ာေမာစြာ ျပင္ဆင္၍ ရတနာေက်ာက္မ်ဳိးစံု (၈) ျပည္ တစ္ခြက္ ႏွင့္ ဓါတ္ေတာ္ အစစ္ ေမြေတာ္ အစစ္ တစ္ဆူ ႏွင့္ တကြ သြတ္သြင္းၿပီးမွ ေကာက္ဖ်ာႀကီး သံုးထပ္ ပိတ္ဖံုးထားၿပီးလွ်င္ သန္ေတာင္ ၁၅ ေတာင္ ရွိေသာ ေစတီေတာ္ ကို တည္ထားေတာ္ မူခဲ့ေလေၾကာင္း သမုိင္းတြင္ ပါရွိသည္။ မင္းႀကီး ေဖာင္စၾကၤာယာဥ္ျဖင့္ လွည့္လည္လာစဥ္ လူေရာ နတ္ပါ ကူညီ ႀကဳိဆိုေသာေၾကာင့္ ဤဘုရားရွင္ ကို ကူႀကဳိေမြေတာ္ ဘုရား ဟူ၍ သမုတ္ေတာ္ မူခဲ့ေလေၾကာင္း ၊ ေနာင္အခါတြင္ ကာလ ေရြ႕ေလ်ာကာ ကူႀကဳိး ေမြေတာ္ ဘုရားဟူ၍ ေခၚတြင္ခဲ့ေၾကာင္း သိရသည္။
မင္းႀကီးသည္ ဘုရားတည္ၿပီးေတာ့ ျမတ္ေသာ စိတ္အႀကံျဖင့္ အဓိဌာန္ ခဲ့ပါတယ္။ ငါတည္ထားေသာ ကူႀကဳိ ေမြေတာ္ ဘုရား ရွင္ကို ျပဳျပင္မြမ္းမံေသာသူ ဆြမ္း၊သကၤန္း၊ ေရခ်မ္း၊ ပန္း၊ ဆီမီး၊ ေပါက္ေပါက္၊ ၾကက္လွ်ာ၊ ထီး၊ တံခြန္၊ ကုကၠား၊ မုေလး၊ ပြား၊ တံမ်က္၊ တံလင္ လွဴ၍ ရွိခုိးပူးေဇာ္ လွဴဒါန္းေသာ သူတို႔သည္ ေနာင္အခါ ငါကဲ့သုိ႔ ေဖာင္စၾကၤာ ရ၍ အဆံုးစြန္ေသာ ကုိယ္၏ အျဖစ္ႏွင့္ နိဗၺာန္တရားေတာ္ျမတ္ကို ရေစသတည္း ဟု အဓိဌာန္ျပဳခဲ့ေၾကာင္း သိရသည္။
Xxx
ေရွးေဟာင္း ေစတီေတာ္ ျဖစ္တာေၾကာင့္ ေတာင္ေပၚ ကို ေရာက္သြားစဥ္မွာ စိတ္ထဲမွာ ၾကည္ႏူး ခ်မ္းသာ မႈ ကို စတင္ခံစားလာရပါတယ္။ ေတာင္ေပၚ တက္လမ္းဟာ လူသြားလမ္းအတုိင္း တက္မယ္ ဆုိရင္ စိတ္လႈပ္ရွား စရာ ေကာင္းၿပီးေတာ့၊ ေပေပါင္း ၈၀၀ ခန္႔ ျမင့္မယ္လို႔ ခန္႔မွန္းရပါတယ္။
ေတာင္ေျခမွာလည္း ေစတီေတာ္ေပါင္း မ်ားစြာကို ဖူးျမင္ရပါေသးတယ္။ ေတာင္ေပၚက ဘုရား သည္သာ ေရွးေဟာင္း ေစတီေတာ္ ျဖစ္တာေၾကာင့္ အဓိက ထား ဖူးေမွ်ာ္ျဖစ္ပါတယ္။ မူလ ေစတီေတာ္ ကို အရန္ ေစတီေပါင္း ၁၈ ဆူ တည္ထားၿပီး၊ ေရွးပံုစံ အတုိင္း ထားရွိတယ္လို႔ေက်ာင္းထိုင္ ဆရာေတာ္ဘုရား ဦးကၠႏၵာ၀ုဓ မွ မိ္န္႔ၾကားပါတယ္။ ထူးျခားခ်က္မွာ အုတ္တံတုိင္း ခတ္ရန္ ေစတီေတာ္ နံေဘး မွာ ေျမတူးရာတြင္ ေရွးေဟာင္း ပုဂံေခတ္ လက္ရာ အုတ္ခြက္ ဘုရား အမ်ားအျပား တူးေဖာ္ ေတြ႔ရွိတယ္ လို႔ ဆိုပါတယ္။ ယခု ထိတုိ္င္ေအာင္ မတူးေဖာ္ဘဲ နဂိုမူလအတုိင္းဘဲ ထားရွိတယ္လို႔ မိ္န္႔ပါတယ္။ 
ေဖာင္ေတာ္ဆုိက္ ထားရွိရာ ေဒသ သည္ ယခုအခါ ေအးသာယာ ၿမိဳ႕သစ္၊ စက္မႈဇုန္ သြားရာလမ္း အနီး မွာ ေစတီေတာ္ တည္ထား ပါတယ္။ ထုိေဖာင္ေတာ္ဆုိက္ ကို အရင္ဆံုး ေရာက္ရွိတယ္ လို႔ ဆုိတဲ့အတြက္ ယခင္ အခါ က ထုိေနရာ မ်ားသည္ ေရမ်ား ဖံုးလႊမ္းေနေသာ ေနရာအျဖစ္ ခန္႔မွန္း ရပါတယ္။ ဒါကေတာ့ ကၽြန္ေတာ္ စိတ္ကူးနဲ႔ ခန္႔မွန္း ၾကည့္တာပါ။
ယခုအခါမွာ ေဖာင္ေတာ္ဆုိက္ ေစတီေတာ္ ကိုလည္း ျပန္လည္ ျပဳျပင္ထားရွိၿပီး အမ်ားျပည္သူ ဖူးေမွ်ာ္ ႏို္င္္ရန္ ကားလမ္းမႀကီး နံေဘးမွာပင္ တည္ရွိပါတယ္။
ေညာင္ေရႊၿမိဳ႕နယ္ နန္းသီတာ ရွိ ေပါရိသတ္ ဘုရား၊ ကူႀကဳိးဘုရား ႏွင့္ လြယ္မိုင္းစဥ္ဘုရား တို႔သည္ သမုိင္းေၾကာင္းခ်င္း ဆက္စပ္လ်က္ ရွိေၾကာင္း သိရပါတယ္။
ေတာင္ႀကီးၿမိဳ႕ကို တစ္ခါတစ္ေခါက္ ေရာက္ျဖစ္တယ္ ဆုိရင္ ထုိေနရာမ်ားကို ၀င္ေရာက္ ဖူးေမွ်ာ္ ေလ့လာ ႏုိင္ေစရန္ အတြက္ တင္ျပလိုက္ရပါတယ္။

+++
Sorry - I could not find the photo. (ဓါတ္ပံု ရွာမေတြ႔ေတာ့လုိ႔ပါ)
+++
လွန်ခဲ့သော နှစ်ပေါင်း ၈၈၂ ခုနှစ်ခန့်က တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်း သမိုင်းဝင် စေတီတော် တစ်ဆူ ရှမ်းပြည် တောင်ပိုင်းမှာ ရှိပါတယ်။
နီးလျှက်နဲ့ ဝေး ဆိုသလိုပါပဲ။ ကျွန်တော်ဟာ အေးသာယာ မှာ နေလာတာ နှစ်ပေါင်း ၂၀ နီးပါး ရှိပေမယ့် ဒီ တောင်ပေါ် စေတီလေးကို တစ်ခါတစ်ခေါက် ရောက်ဖြစ်ဖို့ ခဲယဉ်းနေပါတော့တယ်။ အခု တစ်ခေါက်မှာ တော့ မဖြစ်ဖြစ်အောင် သွားမယ် ဆိုပြီးတော့ လွယ်မိုင်းစဉ် တောင်ပေါ် က အပြန်မှာ နောက်တစ်ခါ ကူကြိုး စေတီတော် ကို ရောက်အောင် သွားပါတော့တယ်။
Xxx
ရှေးဟောင်း သမိုင်းဝင် စေတီတော်
ရှေးဟောင်း မွေတော် ဘုရားသွားရာလမ်းဟာ မကောင်းသေးပါဘူး။ ကုန်းဆင်း ကုန်းတက်တွေနဲ့ လမ်းကလည်း ပျက်နေပါသေးတယ်။ အောင်သပြေ ကူကြိုးစေတီတော် သို့ ဆိိုတဲ့ လမ်းညွှန် ဆိုင်းဘုတ် ကနေ ရွာတွင်း ကို အနည်းငယ်လောက် ဝင်သွားရပါတယ်။
အောင်သပြေမှာ စွယ်တော်ဘုရား နဲ့ ကူကြိုးစေတီတော် တို့ဟာ နီးကပ်ပြီးတော့ လှမ်းမြင်နေရပါတယ်။ ကူကြိုး တောင်ပေါ်ဟာ ပေပေါင်း ၈၀၀ ခန့် တက်ရပြီးတော့ လူတက်လမ်း စင်္ကြန် နဲ့ ကားလမ်း ရှိပါတယ်။ ကားလမ်းအတိုင်း ပတ်ပြီး တက်မယ်ဆိုရင်ဖြင့် လူတက်စင်္ကြန်လမ်းကို အင်္ဂလိပ် အက္ခရာ S ပုံစံ မြွေလိမ် မြွေကောက် ပတ်ပြီး ဖြတ်ပြီးတော့ တက်ရတာ ကဗျာ ဆန်နေပါတယ်။
တောင်ကြီးမြို့နယ် အောင်သပြေမှာ တည်ရှိပါတာ ဖြစ်တဲ့အတွက် လမ်းခွဲကနေ ဝင်သွားရင် နည်းနည်းသွားရပါတယ်။ ကူကြိုးဘုရားဟာ ရှေးဟောင်း သမိုင်းဝင် စေတီတော် တစ်ဆူဖြစ်ပြီး၊ အရိပ်မပေါ် မွေတော် ဘုရား လွယ်မို်င်းစဉ် တောင်ပေါ် နဲ့ သမိုင်းကြောင်း ဆက်စပ်လျက် ရှိပါတယ်။
ရှေးဟောင်းမွေတော် ကူကြိုးဘုရား ဒါယကာသည် နရပတိစည်သူမင်းကြီး ဖြစ်ကာ ကောသက္ကရာဇ် (၄၂၈) ခု ၀ါဆို လဆန်း (၈) ရက်နေ့ ကြာသပေးနေ့ ဖွားမြင်၍ (၄၅၄) ခုနှစ်တွင် မင်းအဖြစ် ရရှိပြီး၊ (၄၅၇) ခုနှစ် တွင် ဖောင်စင်္ကြာယာဉ်ဖြင့် တိုင်းခန်းလှည့်လည်စဉ် လွန်ခဲ့သော နှစ်ပေါင်း (၈၈၂) ခုနှစ် က ဓါတ်တော် အစစ် မွေတော် အစစ် များဖြင့် ထို ကူကြိုး မွေတော် စေတီတော် ကို တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သိရသည်။ နရပတိစည်သူမင်းကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၉၁၁ ခုနှစ်က မွေးဖွား၍ အသက် (၁၀၁) နှစ် တိုင်အောင် နေထိုင်ခဲ့ပြီး၊ နတ်ရွာစံလွန်သော သက်တော်ရှည် သာသနာပြု မင်းတရားကြီး တစ်ပါး ဖြစ်ကြောင်း သိရသည်။
Xxx
သမိုင်းအကျဉ်း
ကူကြိုးမွေတော်ဘုရား ဒါယကာ နရပတိစည်သူမင်းတရားကြီးသည် ဖောင်တော်စင်္ကြာဖြင့် တိုင်းခန်း လှည့်လည်စဉ် ဖောင်တော်ပိတ် အရပ်သည် ဥတ္တရဒီသာ မြောက်အရပ်သို့ ဖောင်တော်သား တစ်သိန်း နှင့် အတူ တကွ ဆန်တက်ကြွချီတော်မူခဲ့ရာ သမာဒေဝ နတ်အပေါင်းတို့က သင်းပျံ့မွှေးကြိုင်သော ရနံ့မျိုးစုံ အမြိန်အရသာ တို့ဖြင့် တကွ ယူဆောင်ခဲ့၍ နရပတိစည်သူမင်းကြီးအား ခရီးဦးကြိုပြုကြပြီးလျှင် “ အရှင်ဘုရား ဤအရပ်တွင် စေတီဘုရား တည်ထားခဲ့ပါ ” ဟု လျှောက်ထား တောင်းပန်ကြလေသော် မင်းကြီးက ကောင်ပါပြီ ဟူ၍ ဝန်ခံမှု ပြုပြီးလျှင် ရတနာ ရွှေပန်းတောင်းကို ဓိဌာန်လျှက် လွှတ်တော်မူရာ ရတနာ ပန်းတောင်းသည် အတောင်ရှိသော ငှက်ကဲ့သို့ ထူးကဲစွာ အထက် ကောင်းကင်သို့ ထန်းခုနှစ်ဆင့်မျှ ပျံတက်၍ (ယခု ကူကြိုး မွေတော် ဘုရား တည်ထားလျှက် ရှိသော တောင်တော်မြတ်တွင် ကျရောက်လေသော် ထိုကျရောက်သော နေရာမှာပင် ဌာပနာတိုက်တွင်း အနက် သန်တောင် ၁၃ တောင် တူးဖော်စေပြီးမှ ပြေပြစ်ချောမောစွာ ပြင်ဆင်၍ ရတနာကျောက်မျိုးစုံ (၈) ပြည် တစ်ခွက် နှင့် ဓါတ်တော် အစစ် မွေတော် အစစ် တစ်ဆူ နှင့် တကွ သွတ်သွင်းပြီးမှ ကောက်ဖျာကြီး သုံးထပ် ပိတ်ဖုံးထားပြီးလျှင် သန်တောင် ၁၅ တောင် ရှိသော စေတီတော် ကို တည်ထားတော် မူခဲ့လေကြောင်း သမိုင်းတွင် ပါရှိသည်။ မင်းကြီး ဖောင်စင်္ကြာယာဉ်ဖြင့် လှည့်လည်လာစဉ် လူရော နတ်ပါ ကူညီ ကြိုဆိုသောကြောင့် ဤဘုရားရှင် ကို ကူကြိုမွေတော် ဘုရား ဟူ၍ သမုတ်တော် မူခဲ့လေကြောင်း ၊ နောင်အခါတွင် ကာလ ရွေ့လျောကာ ကူကြိုး မွေတော် ဘုရားဟူ၍ ခေါ်တွင်ခဲ့ကြောင်း သိရသည်။
မင်းကြီးသည် ဘုရားတည်ပြီးတော့ မြတ်သော စိတ်အကြံဖြင့် အဓိဌာန် ခဲ့ပါတယ်။ ငါတည်ထားသော ကူကြို မွေတော် ဘုရား ရှင်ကို ပြုပြင်မွမ်းမံသောသူ ဆွမ်း၊သင်္ကန်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ ပေါက်ပေါက်၊ ကြက်လျှာ၊ ထီး၊ တံခွန်၊ ကုက္ကား၊ မုလေး၊ ပွား၊ တံမျက်၊ တံလင် လှူ၍ ရှိခိုးပူးဇော် လှူဒါန်းသော သူတို့သည် နောင်အခါ ငါကဲ့သို့ ဖောင်စင်္ကြာ ရ၍ အဆုံးစွန်သော ကိုယ်၏ အဖြစ်နှင့် နိဗ္ဗာန်တရားတော်မြတ်ကို ရစေသတည်း ဟု အဓိဌာန်ပြုခဲ့ကြောင်း သိရသည်။
Xxx
ရှေးဟောင်း စေတီတော် ဖြစ်တာကြောင့် တောင်ပေါ် ကို ရောက်သွားစဉ်မှာ စိတ်ထဲမှာ ကြည်နူး ချမ်းသာ မှု ကို စတင်ခံစားလာရပါတယ်။ တောင်ပေါ် တက်လမ်းဟာ လူသွားလမ်းအတိုင်း တက်မယ် ဆိုရင် စိတ်လှုပ်ရှား စရာ ကောင်းပြီးတော့၊ ပေပေါင်း ၈၀၀ ခန့် မြင့်မယ်လို့ ခန့်မှန်းရပါတယ်။
တောင်ခြေမှာလည်း စေတီတော်ပေါင်း များစွာကို ဖူးမြင်ရပါသေးတယ်။ တောင်ပေါ်က ဘုရား သည်သာ ရှေးဟောင်း စေတီတော် ဖြစ်တာကြောင့် အဓိက ထား ဖူးမျှော်ဖြစ်ပါတယ်။ မူလ စေတီတော် ကို အရန် စေတီပေါင်း ၁၈ ဆူ တည်ထားပြီး၊ ရှေးပုံစံ အတိုင်း ထားရှိတယ်လို့ကျောင်းထိုင် ဆရာတော်ဘုရား ဦးက္ကန္ဒာဝုဓ မှ မိ်န့်ကြားပါတယ်။ ထူးခြားချက်မှာ အုတ်တံတိုင်း ခတ်ရန် စေတီတော် နံဘေး မှာ မြေတူးရာတွင် ရှေးဟောင်း ပုဂံခေတ် လက်ရာ အုတ်ခွက် ဘုရား အများအပြား တူးဖော် တွေ့ရှိတယ် လို့ ဆိုပါတယ်။ ယခု ထိတို်င်အောင် မတူးဖော်ဘဲ နဂိုမူလအတိုင်းဘဲ ထားရှိတယ်လို့ မိ်န့်ပါတယ်။
ဖောင်တော်ဆိုက် ထားရှိရာ ဒေသ သည် ယခုအခါ အေးသာယာ မြို့သစ်၊ စက်မှုဇုန် သွားရာလမ်း အနီး မှာ စေတီတော် တည်ထား ပါတယ်။ ထိုဖောင်တော်ဆိုက် ကို အရင်ဆုံး ရောက်ရှိတယ် လို့ ဆိုတဲ့အတွက် ယခင် အခါ က ထိုနေရာ များသည် ရေများ ဖုံးလွှမ်းနေသော နေရာအဖြစ် ခန့်မှန်း ရပါတယ်။ ဒါကတော့ ကျွန်တော် စိတ်ကူးနဲ့ ခန့်မှန်း ကြည့်တာပါ။
ယခုအခါမှာ ဖောင်တော်ဆိုက် စေတီတော် ကိုလည်း ပြန်လည် ပြုပြင်ထားရှိပြီး အများပြည်သူ ဖူးမျှော် နို်င််ရန် ကားလမ်းမကြီး နံဘေးမှာပင် တည်ရှိပါတယ်။
ညောင်ရွှေမြို့နယ် နန်းသီတာ ရှိ ပေါရိသတ် ဘုရား၊ ကူကြိုးဘုရား နှင့် လွယ်မိုင်းစဉ်ဘုရား တို့သည် သမိုင်းကြောင်းချင်း ဆက်စပ်လျက် ရှိကြောင်း သိရပါတယ်။
တောင်ကြီးမြို့ကို တစ်ခါတစ်ခေါက် ရောက်ဖြစ်တယ် ဆိုရင် ထိုနေရာများကို ဝင်ရောက် ဖူးမျှော် လေ့လာ နိုင်စေရန် အတွက် တင်ပြလိုက်ရပါတယ်။

+++

No comments:

Post a Comment


Aung Hein - နည္​းပညာ