Font

Wellcome

စည္သာဟိန္း မွ လႈိုက္လွဲစြာၾကိဳဆိုပါသည္

Thursday, November 11, 2021

မြင့်မိုရ်မေတ္တာ

သိရ် (အေးသာယာ)

၅ထည်မြောက် လွှားလိုက်ပြန်ပြီ။ ဒါနဲ့ဆို ကလေး သေးစို အနှီးတွေ ထပ်လှန်းထားတာ ၅ ထည်။ တခြားချေးပေတာတွေကတော့ ၆ ထည်လောက် ရှိမယ်။ နာရီကို ကြည့်လိုက်တော့ 1:35 AM ။ ညကနေ ခုချိန်ထိ တစ်ချက်မှ မအိပ်ရသေးဘူး။ ကလေးက နေ့ခင်းဆို အိပ်အိပ်နေပြီး ညညဆို နိုးလာတာ နေ့တိုင်းလိုလိုပဲ။ ၂ နာရီခြား တစ်ခါလောက် နို့ထတိုက်နေရတယ်။

တစ်နေကုန် အိပ်လာပြီး ၈ နာရီလောက်ထိ ကလေးအိပ်နေပေမယ့် ၉ နာရီကျော်လောက်မှာ ပြန်နိုးတာ မအိပ်တော့ဘဲ ဂျီကျနေ တယ်။ သေးစိုလို့ငိုတာ နေမှာဆိုပြီး အနှီးလဲပေးလိုက်ရာကစပြီး ခုချိန်ထိကို မအိပ်တော့တာ။ အနှီးလဲပေးလိုက် သေးပေါက်လိုက်၊ ပြန်လဲလိုက် ချေးပါချလိုက်နဲ့ ဟုတ်နေတာ။ သူ ချေးပါဖို့ကို အနှီးသစ်လဲပေးနေတာ ကျနေတာပဲ။ အံမယ်၊ ဗိုက်ထဲမှာလည်း နည်းနည်းမှ အစာအလျော့မခံဘူး။ သေးပေါက်လို့ ကုန်တာနဲ့ ပါးစပ်ကပြင်တော့တာပဲ။ လျှာလေးတစ်လစ်လစ်ထုတ်ပြီးတော့ နို့ရှာနေတယ်။ သူ့ပါးစပ် ကို လက်လေးနဲ့ တို့တို့ပြီးထိစကြည့်လိုက်တဲ့အခါ လက်ကိုနို့မှတ်ပြီး အငမ်းမရ လိုက်ရှာနေတာ ဆိုရင်တော့ သေချာပြီ၊ နို့ဆာလို့ပဲ။ ဒီလိုနဲ့ စို့လိုက် ပေါက်လိုက်၊ လေချဉ်တက်ခိုင်းလိုက်၊ ပြန်စို့လိုက်၊ ချေးပါချလိုက်၊ လေချဉ်တက်လိုက်နဲ့ အနှီးတွေလည်း ဘယ်နှစ်ထည် ဘယ်နှစ်ထည်မှန်းကို မသိတော့ဘူး။ သူ့အမေကတော့ ထိုင်မတိုက်နိုင်တော့လို့ အိပ်ပြီးတော့ဘဲ တိုက်ရတယ်။ ကလေးညှဉ်းလို့ အိပ်ရေးတွေပျက်တာ သုံးရက်တောင် ရှိပြီမှဘဲ။ ကလေးအမေနို့မတိုက်နိုင်တော့ ကျွန်တော်ကပဲ ကလေးကိုကိုင်ပြီးတော့မှောက်လျက် နို့တိုက်ရတယ်။ ကြာလာတော့ လက်တွေညောင်းလာပြီး ကျဉ်လာတယ်။ နို့ကတစ်ခါနှစ်ခါ စို့ရုံနဲ့လည်း မပြီးဘူး။ စို့လိုက် ထောင်လိုက် မတ်တပ်ပွေ့ချီထားပြီး လေထုတ်လိုက်၊ ပြန်စို့လိုက် လုပ်နေတာ။ မစို့ရရင်လည်း အသံဗြဲကြီးနဲ့ အော်ငိုတယ်။ ၅ကြိမ်ထက်မနည်းနို့စို့တယ်။

ဒါတောင် ကလေးက ၂၄ ရက်သားပဲ ရှိသေးတယ်။ မွေးစကတော့ လက်တစ်တောင် လောက်တောင်မပြည့်ဘူးပေါ့။ ၈ပေါင် ၁၄ အောင်စ။ ဒါပေမဲ့ မွေးမွေးချင်းမှာ မီးကင်ပြီး နို့စတိုက်ရာက နေ့တိုင်းစို့လာလိုက်တဲ့နို့။ တဖြည်းဖြည်း အရပ်ကြီးရှည်ပြီး ထွားလာလိုက် တာ တစ်တောင့်ထွာလောက်တောင် ကျော်မလားဘဲ။ အလေးချိန်ကလည်း ချက်ချင်းဆိုသလို တက်လာတယ်။ ကလေးက ခြေဆံ၊ လက်ဆံတွေ တုတ်ခိုင်ပြီး အသားလည်း ကျစ်တော့ကျန်းမာတယ်။ ခေါင်းရိုးတွေကလည်း သူများကလေးတွေလို ငိုလိုက်ရင် ပျော့စိစိ ဖြစ်မနေဘဲ မာနေတယ်။ ခြေ၊ လက်တွေက ထက်ကြီးဦးမယ့် ပုံစံ။ သူများ ၃ လသားတောင် ဒီအရွယ်လောက်ပဲ ရှိသေးတယ်လို့ သူများတွေက လာလာ ပြောပြကြတယ်။ ၅ရက်ထဲနဲ့ ချက်ကြိုးကျွေပြီး အသားမဝါတဲ့အတွက် ဆရာဝန်တွေတောင် အံ့သြတယ်။

ကလေးတစ်ယောက်မွေးတာ မလွယ်မှန်းကိုယ်တွေ့မို့သာ ယုံရတယ်။ ဒါကြောင့် အမေ့ကို ကျေးဇူးတင်လွန်းလို့ မိဘမေတ္တာတွေ ရည်မှန်းပြီး ဦးအကြိမ်ကြိမ်ချနေမိတယ်။ ကိုယ်ငယ်ငယ်တုန်းကလည်း ဒီလိုပဲ နေမှာပဲလို့ဆိုပြီး ကျွန်တော့်အမေကို သနားလာတယ်။ မိဘမေတ္တာတွေကို ထဲထဲဝင်ဝင်ကြီး စိတ်ထဲနင့်ခနဲနေအောင် နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရတော့ အမေ့ကို ပြေးတွေ့ပြီး ရှစ်ခိုးဦးချချင်နေမိတာ ပြောမပြတတ်အောင်ပဲ။ အမေကလည်း ဆေးရုံမှာတုန်းက လာတွေ့ပါတယ်။ အိမ်မှာ ကလေးကိုလာတွေ့ချင်တယ်လို့ ပြော ပြောနေတယ်။ ကျွန်တော်က ယောက္ခမအိမ်မှာ နေနေရတာဆိုတော့ ကားတစ်တန်နဲ့ ကလေးကို အမေတို့ လာကြည့်ဖို့ အဆင်မပြေဘူး။

မိဘဆိုတာ ကလေးမစင်တွေ လက်လေးသစ်လောက်တော ့အနည်းဆုံး ဗိုက်ထဲဝင်ကြရတယ်။ ကလေးအတွက်ဆိုရင်လည်း အမေဘဲ ဒိုင်ခံလုပ်ပေးရတတ်လို့ အဖေထက် အမေလုပ်သူက ပိုပင်ပန်းရတယ်။ နို့တိုက်တာက အမေတိုက်မှ ရတာဆိုတော့ ၂၄ နာရီ ပင်ပန်းတာ။ နို့ချိုတိုက်ကျွေးမှုသာ မရှိဘူးဆိုရင် မိဘမေတ္တာ ဆိုတာလည်း ရှိမှရှိပါ့မလားလို့ တွေးနေမိတယ်။

ဒါ့ပြင်ကလေးအနှီးတွေ လဲပေးရ၊ လျှော်ရပြန်တယ်။ မွေးကင်းစဆို ပိုဆိုးတယ်။ ကလေးက မပြောပြတတ်တော့ အနှီးတွေထဲ ခဏခဏ ပါချတယ်။ သေးစိုလို့ ငိုနေတာထင်တယ် ဆိုပြီး လဲပေးလိုက်ခါမှ ချေးကပါချတယ်။ ချေးဝတ်လဲမပေးတော့ဘူးကွာ ဆိုပြီး ပစ်ထားတော့လည်း ချေးတွေတင်ပါးမှာ ပေကျံ ကပ်နေလို့ ရွံပြီး အော်ငိုပြန်တယ်။ သေချာသုတ်လိမ်းသန့်စင်ပေးပြီး၊ အသစ်လဲပေးပြီးမှ သေးက ထပ်ပေါက်ချတာ။ ချေးပါ သေးပေါက်ပြီးရင်လည်း နို့ဆာလို့ ငိုပြန်တယ်။ တစ်ခါခါများ စူးစူးဝါးဝါး ထအော်လိုက်ရင် ဘာဖြစ်လို့ ဖြစ်မှန်းကို မသိဘူး။ ကလေးငိုတာက (၁) နို့ဆာလို့၊ (၂) ချေးသေးစိုနေလို့နဲ့ (၃) လေထိုးတာ ခန္ဓာကိုယ်နာကျင်တာ၊ ဆီးပူလောင်တာ ဒီ ၃ ချက်ပဲ ဖြစ်နိုင်တယ်။ မွေးကင်းစကလေးအထာတွေက ဒီလိုမျိုး၊ အဲဒါကို စိတ်သွားဆိုးလို့မရဘူး။ ကလေးဆိုတာက ဘာသိမှာလဲ၊ သိတတ်တဲ့လူကြီးတွေက စာနာနားလည်မှုနဲ့ အဖြေရှာပြီး ကလေးကို ခွင့်လွှတ်ပေးရမှာပေါ့။

ကလေးတစ်ယောက် မွေးဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ ကိုယ်ဝန်ရှိစမှာထဲက တစ်နေ့ကို သချုင်္ ိင်း ၃ ကြိမ်လောက် မျက်စောင်းထိုးနေရတယ်။ မွေးဖွားတော့လည်း အသက်နဲ့ ရင်းထားရတယ်။ မမွေးနိုင်လို့ ခွဲမယ်ဆိုရင်လည်း မိဘနှစ်ပါးလုံး တစ်ခါထဲ လက်မှတ်ထိုးထားရတယ်။တချို့များဆို ကလေးအသက်ယူမလား၊ လူကြီးအသက်ယူမလား ဆိုတဲ့ထိအောင် ဖြစ်ရတယ်။ ကျွန်တော့်  သားလေးမွေးတုန်းကဆိုရင် အင်္ဂုလိမာလသုတ္တန်တွေ ရွတ်ဆိုပူဇော်လိုက်ရတာ ဘယ်နှစ်ကြိမ်မှန်းတောင် မရေတွက်နိုင်တော့ဘူး။ စာအုပ်ကြီး တကားကားနဲ့မို့ ဆေးရုံကလူတွေက အရူးတစ်ယောက်လို ထူးထူးဆန်းဆန်းလိုက်ကြည့်နေတာ။ ကြာတော့ စာအုပ်မကြည့်ဘဲ အလွတ်တောင် ရွတ်ဖတ်နိုင်သွားတယ်လေ။ ကိုယ်ဝန်ရှိစထဲက ရှောင်လာလိုက်တဲ့ အစားအသောက်၊ ကလေးမွေးပြီးလို့ တစ်နှစ်ကျော်တဲ့ ထိကို ကလေးအတွက်ငဲ့ပြီးတော့ စားချင်ရာ မစားရပြန်ဘူး။ မမွေးခင်နဲ့မွေးပြီးပေါင်းရင် ၂နှစ်ကျော်လောက် အစားရှောင်ရတယ်။

စိတ်က ဘယ်ရောက်သွားလဲဆိုတော့ ရောမကားတွေထဲ ရောက်သွားတယ်။ ရှေးတုန်းက ဘုရင်တွေ စစ်တိုက်ကြတဲ့အခါမှာ တစ်ဖက်နဲ့ တစ်ဖက် အသေအကြေ တိုက်ခိုက်ကြတာ။ လူတွေ လူတွေ သေလိုက်ကြတာ နည်းတာမှ မဟုတ်ဘဲ။ ထိုးကြ၊ သတ်ကြ၊ ခုတ်ကြ၊ ထစ်ကြနဲ့ စိတ်ရှိလက်ရှိကို လုပ်နေကြတာ။ ရောမဇာတ်ကားတွေ တော်တော်များများဟာ ဒီလိုပဲ တွေ့ရတော့ ဟိုးအရင်တုန်းက လည်း ဒီတိုင်းပဲနေမှာပဲလို့လေ။ ဘာကိုတွေးမိတာလဲဆိုတော့ လူတစ်ယောက်မွေးဖို့သာ ခက်တာ သေဖို့ကတော့ အလွယ်လေးပါလားလို့။ ဒါက ယေဘူယျအတွေးပါ။ အဲဒါရဲ့ ဆန့်ကျင်ဘက်လည်း ဖြစ်နိုင်တာပါပဲ။

နောက်တစ်ချက်က သမိုင်းဦးဘုံမြေခေတ်က ငွေဝယ်ကျွန် မိန်းမတွေ မီးဖွားရာမှာ အတော်ဒုက္ခရောက်မှာပဲလို့ တွေးမိတယ်။ ကျောက်ခေတ်ဆို ပိုဆိုးတာပေါ့။ ကလေးက မွေးမရတဲ့အခါ ခုခေတ်လို ခွဲမွေးလို့ မရတော့ ဘယ်လို မွေးမလဲ။ မိခင်ကို စတေးပစ်ဖို့ နည်းလမ်းပဲ ရှိတော့မယ်ထင်ရဲ့။ အာဖရိကမှာ ဆိုရင် ကလေးအဖြူရောင်မွေးလာရင် သတ်ဖြတ်ပစ်ပြီး ခြေ၊ လက် အင်္ဂါတွေကို အဆောင်လုပ်ထားတတ်တယ်လို့ ဖတ်ဖူးတယ်။ အသားစားလူရိုင်းမျိုးနွယ်စုတစ်ခုမှာဆိုရင်လည်း ကလေးမွေးတာကို မကောင်းတဲ့ အယူအဆဆိုပြီး ကလေးအမေကို ခဲနဲ့လိုက်ပေါက်တတ်လို့ မိခင်ခမျာ ခက်ခက်ခဲခဲနဲ့ တစ်ယောက်ထဲ ကိုယ့်အချင်းကိုယ်ကိုက်ပြီး မွေးရ ဖွားရရှာတာကို ကြည့်ဖူးတယ်။ နောက်ပြီး မွေးပြီးရင်လည်း အစားအသောက်နဲ့ အနေအထိုင်မှာ ဒုက္ခရောက်ပြန်ရော။ ကျောက်ခေတ် ယောကျင်္ားက အလိုက်တသိနဲ့ ပြုစုရင် အကောင်းသား။ ခုခေတ်လို ရေမကိုင်ရ၊ မီးလှုံရမယ်၊ ချွေးထွက်အောင်နေရမယ်၊ အပူအစပ်တွေ အတက်စာတွေ မစားရဘူး ဆိုတာတွေ မသိဘဲ လျှောက်လုပ်နေမှ အခက်၊ ဒါကြောင့်ထင်တယ်။ အနောက်တိုင်းသုတေသီတွေက စာတမ်းတစ်စောင်မှာ လူ့သက်တမ်းကို တွက်ချက်ထားတာ ရှေးတုန်းကလူတွေ အသက် ၁၈နှစ်ဆိုတာ ပျမ်းမျှအသက်ဆိုပဲ။ ခုနောက်ပိုင်း ၂၀ ရာစုလောက်မှာမှ လူ့သက်တမ်းတွေ ပိုရှည်လာတယ်လို့လည်း ဆိုတယ်။ ၂၀၅ဝဆို လူတွေအသက်ရာကျော်ရှည်လိမ့်ဦးမယ်တဲ့။

ဘုရင့် မိဖုရားတွေကတော့ အတော်ကံကောင်းမှာပဲ။ ရွှေခွက်နဲ့ အချင်းဆေးပြီး၊ မောင်းမ မိဿံတွေ ရံရွှေတော်တွေနဲ့ အေးအေး လူလူနေရတာဆိုတော ့အရာရာတိုင်းမှာ စိတ်တိုင်းကျပြီးပြည့်စုံ နေရတာပေါ့။ ဒါတောင်မှ စင်ပြိုင်နန်းလုမယ့်သားတော်ဆိုရင် ဘယ်အရွယ်ပဲ ဖြစ်ဖြစ် စွန့်ပစ်တာပဲဖြစ်ဖြစ်၊ စတေးတာပဲဖြစ်ဖြစ် ကြုံရတတ်သေးတယ်။

ဒါပေမယ့် ဘာပဲပြောပြော လူရယ်လို့ ဖြစ်လာတဲ့အခါ အိမ်ထောင်ပြုကြရမယ်။ သားသမီးမွေးဖွားကြရမယ်။ ဒီသံသရာ ကွင်းဆက်ကြီးက ကရွတ်ခွေကင်းလျှောက်သလိုမျိုး ဘယ်တော့မှ မဆုံးနိုင်တဲ့လည်ပတ်စီးဆင်းမှုကြီးထဲမှာ မိမိ ကိုယ်တိုင်ဟာလည်း သားသမီးဖြစ်လိုက်၊ မိဘဖြစ်လိုက်နဲ့ ………

သားသမီး ဖြစ်စေ၊ မိဘပဲ ဖြစ်စေ ခံစားလိုက်ရတာက "မေတ္တာတရား" ဆိုတဲ့ အဟုန်ပဲ။ သားသမီးကလည်း မိဘကို ချစ်မြတ်နိုး စိတ်နဲ့ စွဲလန်းသလို၊ မိဘကလည်း ကိုယ်မွေးထားတဲ့ ကိုယ့်သားသမီးကို မကုန်ခမ်းနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ မြတ်နိုးနေမှာ ပါဘဲ။ 

ဘယ်မိဘမဆို မွေးလာတဲ့ ကိုယ့်သားသမီးအပေါ်မှာတော့ ကျိုးကျိုးကန်းကန်း ကြည့်မဝ၊ ရှုမဝ ပီတီတွေ ဖြာနေကြတာပါပဲ။ ကမ္ဘာပေါ်မှာ အလှဆုံးဟာ မိမိသားသမီးပါ။ ဒါကြောင့် ဗုဒ္ဓဘုရားရှင်ဟောတော်မူထားတာက မိမိတို့ရဲ့ ရင်ဝယ်သားလို သတ္တဝါ ဝေနေယျ အပေါင်းကို ချစ်ခင်စိတ်နဲ့ မေတ္တာထားပါ ဆိုပြီး မိဘမေတ္တာနဲ့ စံထားပြီး ဟောတော်မူခဲ့ပါတယ်။ မမွေးခင်ထဲက ပူပင်စိုးရိမ်လိုက်ရတာ၊ သားလေးလား၊ မီးမီးလေးလား၊ ခန္ဓာကိုယ် ခြေလက်အင်္ဂါမှစုံပါ့မလား။ "ဟဲ့ ဟိုလိုမနေနဲ့၊ ဒီလိုနေ၊ လမ်းလျှောက်ပေး၊ ဒါမှသန်မှာ၊ အပူ အစပ်တွေရှောင်၊ အိပ်ရေးတော့အပျက်မခံနဲ့" စသဖြင့် စိုးရိမ်လိုက်ရတာ။ မွေးတော့လည်း ပိုလီယို မကလို့ ဒေါင်းစင်ဒရုန်း (Down's Syndrome) ဖြစ်ခါမှ ဖြစ်ရော၊ သားသမီးဆိုတဲ့ စိတ်တစ်ခုထဲနဲ့ မိဘတွေခမျာ မစွန့်ပစ်ရက်ပြန်ဘူး။ ခြေလက်မပါလည်း ချစ်တာပဲ။ မျက်စိမမြင်လည်း ချစ်တာပဲ။ ဘာပဲ မွေးမွေး မိဘတွေခမျာ တုန်နေအောင် ချစ်လိုက်ရတာပါပဲ။ သာမန်ဆို ဘယ်ချစ်မှာလဲ။

ဒါက မြစ်ရေလို တသွင်သွင် စီးဆင်းနေတဲ့ မိဘမေတ္တာ။

မိဘဆိုတာ ကလေးမကြီးခင်ထဲကိုက သည်းခံနေရပြီ။ ကလေးအနှီးလဲတာ တစ်ခုထဲနဲ့တင် ရူးလောက်တယ်။ ကျန်တာ အနှီးတွေ လျှော်ရတယ်။ လှန်းရတယ်။ ပိုးမွှားကင်းအောင် မီးပူထိုး၊ အနှီး ခေါက်ရတယ်။ ဘေးလူတွေက စားဖို့သောက်ဖို့ ပြင်ဆင် ချက်ပြုတ် ပေးရတာနဲ့ ဒေါင်ချာကို စိုင်းရော။ ကလေးအမေခမျာ ဘာမှ မလုပ်နိုင်လို့ အိပ်ယာပေါ် လှဲနေရတာတောင် ကလေးတစ်ယောက် ထဲနဲ့ အလုပ်တွေ ရှုပ်ရှတ်ခတ်ပြီးမှ အိပ်တောင်မအိပ်နိုင်လို့ အိပ်ရေးတွေပျက်ရော။ ဒါတောင်ဘာမှ မလုပ်ဘဲ အငြိမ်းစား ပေးနားထားလို့နော်။ အလုပ်ရှိတဲ့သူဆိုရင် ဘယ့်နှယ့်နေမလဲမသိ၊ ကြီးလာရင်လည်း ဒီလိုဘဲ ဆက်သည်းခံရဦးမှာဘဲ။ ဒါကတော့ ကောင်းကောင်းဆိုးဆိုး အကောင်းဘက်ကို နားလည်ပေးနိုင်တဲ့ မိဘတွေရဲ့ ဥပေက္ခာတရား။

ဘယ်အချိန်ဖြစ်ဖြစ် မကဲ့ရဲ့မရှုတ်ချဘဲ လူတကာဝိုင်းပယ်လိုက်ချိန်မှာတောင် အပြုံးနဲ့ဆီးကြိုပြီး၊ ကျောသပ်လို့ ချော့သိပ် နှစ်သိမ့် တတ်တာ… အမေကလွဲရင် တစ်ကမ္ဘာလုံးမှာ တစ်ယောက်မှ မရှိတော့ဘူး။ သားသမီးတွေ အောင်မြင်မှုတွေရလာချိန်မှာ တီးလိုက်တဲ့ လက်ခုပ်သြဘာသံတွေထဲမှာ အမေ့လက်ခုပ်သံက အကျယ်ဆုံးပဲ။ ဒါက ထပ်တူခံစားတတ်တဲ့ မိဘ ရဲ့မုဒိတာ။ ဘယ်လိုအမှားမျိုးဘဲ ကျူးလွန်ကျူးလွန် အမေဆိုတာ သားသမီးကို ခွင့်လွှတ်လိုက်ဖို့ အဆင်သင့်ပါဘဲ။ ဒါက မိဘကရုဏာ။ ငယ်စဉ်ကတော့ အမေဆိုတာ ကျွန်တော်တို့ ဘဝအတွက် မီးရှူးတန်ဆောင်ကြီးပေါ့။ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာချိန်ရောက်တော့ ကိုယ့်သားသမီးကို နိမ့်ကျတဲ့ ကိုယ့်လိုမဖြစ်အောင် ဘယ်လိုသွန်သွင်ဆုံးမမှုမျိုးထားမလဲ။ ဆိုးသွမ်းလူငယ်မဖြစ်လာအောင် ဘာတွေ ကို ကြိုတင်ပြင်ဆင်ထားရမလဲ ဆိုတာတွေ စဉ်းစားတွေးတောလာရပြီ။ ကိုယ်တွေတုန်းက လိုအပ်ခဲ့တဲ့ ဟာကွက်တွေကို ကိုယ့်သားသမီးမှာ အမဲစက်မဖြစ်ရလေအောင်၊ မခံစားရလေအောင် ကျွန်တော့် မိဘတွေကိုယ်စား နမူနာ အတုယူ ပြီး၊ ကိုယ့်သားသမီးမှာ မဖြစ်အောင် ကြိုးစားရတော့မယ် ဆိုတဲ့ အတွေးတွေ ဝင်လာတယ်။သားသမီးတွေအတွက် မိဘဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ဟာ စံပြ နမူနာဖြစ်နေအောင်လို့လေ။

ချစ်သားရယ် ၊ သားလေးအတွက် အဖေ့ဘဝမှာ ဘာတစ်ခုမှ မလိုချင်တော့လောက်အောင် ပြည့်စုံတတ်ခဲ့ပြီပဲ။ မိဘရဲ့မေတ္တာ တရား  ညီမျှခြင်းတွေ ထဲထဲဝင်ဝင် နားလည်တတ်ခဲ့ပြီပဲ။ အိုသားရယ်… ဘာပဲဖြစ်ဖြစ် … ဆင်းရဲ၊ ချမ်းသာဆိုတာ လောကဓံရဲ့ အခိုက် အတန့် ရိုက်ပုတ်မှုတွေပါ။ မပြီးဆုံးသေးတဲ့ ပန်းချီကားတစ်ချပ်မှာ မိဘနှစ်ပါးရယ်။ ကိုယ်တို့ သားလေးနဲ့ဇနီးရယ်ဟာ ခရီးသွားတွေပါ။

နာရီကိုကြည့်လိုက်တော့ ၃ နာရီမတ်တင်း။ ရင်ထဲမှာ ခံစားချက်တွေ များပြားပြင်းထန်လာတဲ့အတွက် "သားလေးအတွက်" တစ်ခုခုတော့ ချန်ထားဖို့ လုပ်ရဦးမယ်ဆိုပြီး ဒီစာစုလေးနဲ့ သားလေးကို အမှတ်တရ ကြိုဆိုလိုက်ပါတယ်။ 17. ရက်နေ့ Aug ။ တနင်္ဂနွေ သားလေး။ မွေးဖွားပြီးတော့ မိုးတွေရွာလာတဲ့အတွက် အေးချမ်းမယ့် နိမိတ်အဖြစ် သားလေး "အံ့ဘုန်းစျာန်" ကို လှိုက်လှိုက်လှဲလှဲ အဖေ ဝမ်းမြောက်မိပါရဲ့….။

အဖေနဲ့ သားတို့ အမေ မိသားစုတွေ သက်ထက်ဆုံးတိုင် ပျော်ရွှင်နိုင်ပါစေ …။ 

11.9.2014 

3:00 AM  THU

+++  ++++++++++++++++++++

Zawgyi
 ျမင့္မိုရ္ေမတၱာ

၅ထည္ေျမာက္ လႊားလိုက္ျပန္ၿပီ။ ဒါနဲ႔ဆို ကေလး ေသးစို အႏွီးေတြ ထပ္လွန္းထားတာ ၅ ထည္။ တျခားေခ်းေပတာေတြကေတာ့ ၆ ထည္ေလာက္ ရွိမယ္။ နာရီကို ၾကည့္လိုက္ေတာ့ 1:35 AM ။ ညကေန ခုခ်ိန္ထိ တစ္ခ်က္မွ မအိပ္ရေသးဘူး။ ကေလးက ေန႔ခင္းဆို အိပ္အိပ္ေနၿပီး ညညဆို ႏိုးလာတာ ေန႔တိုင္းလိုလိုပဲ။ ၂ နာရီျခား တစ္ခါေလာက္ ႏို႔ထတိုက္ေနရတယ္။

တစ္ေနကုန္ အိပ္လာၿပီး ၈ နာရီေလာက္ထိ ကေလးအိပ္ေနေပမယ့္ ၉ နာရီေက်ာ္ေလာက္မွာ ျပန္ႏုိးတာ မအိပ္ေတာ့ဘဲ ဂ်ီက်ေန တယ္။ ေသးစိုလို႔ငိုတာ ေနမွာဆိုၿပီး အႏွီးလဲေပးလိုက္ရာကစၿပီး ခုခ်ိန္ထိကို မအိပ္ေတာ့တာ။ အႏွီးလဲေပးလိုက္ ေသးေပါက္လိုက္၊ ျပန္လဲလိုက္ ေခ်းပါခ်လိုက္နဲ႔ ဟုတ္ေနတာ။ သူ ေခ်းပါဖို႔ကို အႏွီးသစ္လဲေပးေနတာ က်ေနတာပဲ။ အံမယ္၊ ဗိုက္ထဲမွာလည္း နည္းနည္းမွ အစာအေလ်ာ့မခံဘူး။ ေသးေပါက္လို႔ ကုန္တာနဲ႔ ပါးစပ္ကျပင္ေတာ့တာပဲ။ လွ်ာေလးတစ္လစ္လစ္ထုတ္ၿပီးေတာ့ ႏို႔ရွာေနတယ္။ သူ႔ပါးစပ္ ကို လက္ေလးနဲ႔ တို႔တို႔ၿပီးထိစၾကည့္လိုက္တဲ့အခါ လက္ကိုႏို႔မွတ္ၿပီး အငမ္းမရ လိုက္ရွာေနတာ ဆိုရင္ေတာ့ ေသခ်ာၿပီ၊ ႏုိ႔ဆာလို႔ပဲ။ ဒီလိုနဲ႔ စို႔လိုက္ ေပါက္လိုက္၊ ေလခ်ဥ္တက္ခိုင္းလိုက္၊ ျပန္စို႔လိုက္၊ ေခ်းပါခ်လိုက္၊ ေလခ်ဥ္တက္လိုက္နဲ႔ အႏွီးေတြလည္း ဘယ္ႏွစ္ထည္ ဘယ္ႏွစ္ထည္မွန္းကို မသိေတာ့ဘူး။ သူ႔အေမကေတာ့ ထုိင္မတိုက္ႏိုင္ေတာ့လို႔ အိပ္ၿပီးေတာ့ဘဲ တိုက္ရတယ္။ ကေလးညွဥ္းလို႔ အိပ္ေရးေတြပ်က္တာ သံုးရက္ေတာင္ ရွိၿပီမွဘဲ။ ကေလးအေမႏုိ႔မတိုက္ႏုိင္ေတာ့ ကၽြန္ေတာ္ကပဲ ကေလးကိုကုိင္ၿပီးေတာ့ေမွာက္လ်က္ ႏို႔တိုက္ရတယ္။ ၾကာလာေတာ့ လက္ေတြေညာင္းလာၿပီး က်ဥ္လာတယ္။ ႏို႔ကတစ္ခါႏွစ္ခါ စို႔ရံုနဲ႔လည္း မၿပီးဘူး။ စို႔လုိက္ ေထာင္လုိက္ မတ္တပ္ေပြ႔ခ်ီထားၿပီး ေလထုတ္လိုက္၊ ျပန္စို႔လုိက္ လုပ္ေနတာ။ မစို႔ရရင္လည္း အသံၿဗဲႀကီးနဲ႔ ေအာ္ငိုတယ္။ ၅ႀကိမ္ထက္မနည္းႏို႔စို႔တယ္။

ဒါေတာင္ ကေလးက ၂၄ ရက္သားပဲ ရွိေသးတယ္။ ေမြးစကေတာ့ လက္တစ္ေတာင္ ေလာက္ေတာင္မျပည့္ဘူးေပါ့။ ၈ေပါင္ ၁၄ ေအာင္စ။ ဒါေပမဲ့ ေမြးေမြးခ်င္းမွာ မီးကင္ၿပီး ႏို႔စတိုက္ရာက ေန႔တုိင္းစို႔လာလိုက္တဲ့ႏို႕။ တျဖည္းျဖည္း အရပ္ႀကီးရွည္ၿပီး ထြားလာလုိက္ တာ တစ္ေတာင့္ထြာေလာက္ေတာင္ ေက်ာ္မလားဘဲ။ အေလးခ်ိန္ကလည္း ခ်က္ခ်င္းဆိုသလို တက္လာတယ္။ ကေလးက ေျခဆံ၊ လက္ဆံေတြ တုတ္ခိုင္ၿပီး အသားလည္း က်စ္ေတာ့က်န္းမာတယ္။ ေခါင္းရုိးေတြကလည္း သူမ်ားကေလးေတြလို ငုိလုိက္ရင္ ေပ်ာ့စိစိ ျဖစ္မေနဘဲ မာေနတယ္။ ေျခ၊ လက္ေတြက ထက္ႀကီးဦးမယ့္ ပံုစံ။ သူမ်ား ၃ လသားေတာင္ ဒီအရြယ္ေလာက္ပဲ ရွိေသးတယ္လို႔ သူမ်ားေတြက လာလာ ေျပာျပၾကတယ္။ ၅ရက္ထဲနဲ႔ ခ်က္ႀကိဳးေကၽြၿပီး အသားမဝါတဲ့အတြက္ ဆရာဝန္ေတြေတာင္ အံ့ၾသတယ္။

ကေလးတစ္ေယာက္ေမြးတာ မလြယ္မွန္းကုိယ္ေတြ႔မို႔သာ ယံုရတယ္။ ဒါေၾကာင့္ အေမ့ကို ေက်းဇူးတင္လြန္းလို႔ မိဘေမတၱာေတြ ရည္မွန္းၿပီး ဦးအႀကိမ္ႀကိမ္ခ်ေနမိတယ္။ ကိုယ္ငယ္ငယ္တုန္းကလည္း ဒီလိုပဲ ေနမွာပဲလို႔ဆိုၿပီး ကၽြန္ေတာ့္အေမကို သနားလာတယ္။ မိဘေမတၱာေတြကို ထဲထဲဝင္ဝင္ႀကီး စိတ္ထဲနင့္ခနဲေနေအာင္ နက္နက္ရွဳိင္းရွိဳင္း ခံစားလိုက္ရေတာ့ အေမ့ကို ေျပးေတြ႔ၿပီး ရွစ္ခုိးဦးခ်ခ်င္ေနမိတာ ေျပာမျပတတ္ေအာင္ပဲ။ အေမကလည္း ေဆးရံုမွာတုန္းက လာေတြ႔ပါတယ္။ အိမ္မွာ ကေလးကိုလာေတြ႔ခ်င္တယ္လို႔ ေျပာ ေျပာေနတယ္။ ကၽြန္ေတာ္က ေယာကၡမအိမ္မွာ ေနေနရတာဆိုေတာ့ ကားတစ္တန္နဲ႔ ကေလးကို အေမတို႔ လာၾကည့္ဖို႔ အဆင္မေျပဘူး။

မိဘဆိုတာ ကေလးမစင္ေတြ လက္ေလးသစ္ေလာက္ေတာ ့အနည္းဆံုး ဗိုက္ထဲဝင္ၾကရတယ္။ ကေလးအတြက္ဆိုရင္လည္း အေမဘဲ ဒုိင္ခံလုပ္ေပးရတတ္လို႔ အေဖထက္ အေမလုပ္သူက ပုိပင္ပန္းရတယ္။ ႏုိ႔တိုက္တာက အေမတိုက္မွ ရတာဆိုေတာ့ ၂၄ နာရီ ပင္ပန္းတာ။ ႏို႔ခ်ဳိတုိက္ေကၽြးမႈသာ မရွိဘူးဆိုရင္ မိဘေမတၱာ ဆိုတာလည္း ရွိမွရွိပါ့မလားလို႔ ေတြးေနမိတယ္။

ဒါ့ျပင္ကေလးအႏွီးေတြ လဲေပးရ၊ ေလွ်ာ္ရျပန္တယ္။ ေမြးကင္းစဆို ပိုဆိုးတယ္။ ကေလးက မေျပာျပတတ္ေတာ့ အႏွီးေတြထဲ ခဏခဏ ပါခ်တယ္။ ေသးစုိလို႔ ငိုေနတာထင္တယ္ ဆိုၿပီး လဲေပးလိုက္ခါမွ ေခ်းကပါခ်တယ္။ ေခ်းဝတ္လဲမေပးေတာ့ဘူးကြာ ဆိုၿပီး ပစ္ထားေတာ့လည္း ေခ်းေတြတင္ပါးမွာ ေပက်ံ ကပ္ေနလို႔ ရြံၿပီး ေအာ္ငိုျပန္တယ္။ ေသခ်ာသုတ္လိမ္းသန္႔စင္ေပးၿပီး၊ အသစ္လဲေပးၿပီးမွ ေသးက ထပ္ေပါက္ခ်တာ။ ေခ်းပါ ေသးေပါက္ၿပီးရင္လည္း ႏုိ႔ဆာလို႔ ငိုျပန္တယ္။ တစ္ခါခါမ်ား စူးစူးဝါးဝါး ထေအာ္လိုက္ရင္ ဘာျဖစ္လို႔ ျဖစ္မွန္းကို မသိဘူး။ ကေလးငိုတာက (၁) ႏို႔ဆာလို႔၊ (၂) ေခ်းေသးစိုေနလို႔နဲ႔ (၃) ေလထိုးတာ ခႏၶာကိုယ္နာက်င္တာ၊ ဆီးပူေလာင္တာ ဒီ ၃ ခ်က္ပဲ ျဖစ္ႏုိင္တယ္။ ေမြးကင္းစကေလးအထာေတြက ဒီလိုမ်ဳိး၊ အဲဒါကို စိတ္သြားဆိုးလို႔မရဘူး။ ကေလးဆိုတာက ဘာသိမွာလဲ၊ သိတတ္တဲ့လူႀကီးေတြက စာနာနားလည္မႈနဲ႔ အေျဖရွာၿပီး ကေလးကို ခြင့္လႊတ္ေပးရမွာေပါ့။

ကေလးတစ္ေယာက္ ေမြးဖို႔ဆိုတာ တကယ္ေတာ့ မလြယ္ပါဘူး။ ကိုယ္ဝန္ရွိစမွာထဲက တစ္ေန႔ကို သခ်ဳၤ ိင္း ၃ ႀကိမ္ေလာက္ မ်က္ေစာင္းထုိးေနရတယ္။ ေမြးဖြားေတာ့လည္း အသက္နဲ႔ ရင္းထားရတယ္။ မေမြးႏုိင္လို႔ ခြဲမယ္ဆိုရင္လည္း မိဘႏွစ္ပါးလံုး တစ္ခါထဲ လက္မွတ္ထိုးထားရတယ္။တခ်ဳိ႕မ်ားဆို ကေလးအသက္ယူမလား၊ လူႀကီးအသက္ယူမလား ဆိုတဲ့ထိေအာင္ ျဖစ္ရတယ္။ ကၽြန္ေတာ့္  သားေလးေမြးတုန္းကဆိုရင္ အဂၤုလိမာလသုတၱန္ေတြ ရြတ္ဆိုပူေဇာ္လိုက္ရတာ ဘယ္ႏွစ္ႀကိမ္မွန္းေတာင္ မေရတြက္ႏုိင္ေတာ့ဘူး။ စာအုပ္ႀကီး တကားကားနဲ႔မို႔ ေဆးရံုကလူေတြက အရူးတစ္ေယာက္လို ထူးထူးဆန္းဆန္းလိုက္ၾကည့္ေနတာ။ ၾကာေတာ့ စာအုပ္မၾကည့္ဘဲ အလြတ္ေတာင္ ရြတ္ဖတ္ႏိုင္သြားတယ္ေလ။ ကိုယ္ဝန္ရွိစထဲက ေရွာင္လာလိုက္တဲ့ အစားအေသာက္၊ ကေလးေမြးၿပီးလို႔ တစ္ႏွစ္ေက်ာ္တဲ့ ထိကို ကေလးအတြက္ငဲ့ၿပီးေတာ့ စားခ်င္ရာ မစားရျပန္ဘူး။ မေမြးခင္နဲ႔ေမြးၿပီးေပါင္းရင္ ၂ႏွစ္ေက်ာ္ေလာက္ အစားေရွာင္ရတယ္။

စိတ္က ဘယ္ေရာက္သြားလဲဆိုေတာ့ ေရာမကားေတြထဲ ေရာက္သြားတယ္။ ေရွးတုန္းက ဘုရင္ေတြ စစ္တိုက္ၾကတဲ့အခါမွာ တစ္ဖက္နဲ႔ တစ္ဖက္ အေသအေၾက တိုက္ခုိက္ၾကတာ။ လူေတြ လူေတြ ေသလုိက္ၾကတာ နည္းတာမွ မဟုတ္ဘဲ။ ထိုးၾက၊ သတ္ၾက၊ ခုတ္ၾက၊ ထစ္ၾကနဲ႔ စိတ္ရွိလက္ရွိကို လုပ္ေနၾကတာ။ ေရာမဇာတ္ကားေတြ ေတာ္ေတာ္မ်ားမ်ားဟာ ဒီလိုပဲ ေတြ႔ရေတာ့ ဟုိးအရင္တုန္းက လည္း ဒီတိုင္းပဲေနမွာပဲလို႔ေလ။ ဘာကိုေတြးမိတာလဲဆိုေတာ့ လူတစ္ေယာက္ေမြးဖို႔သာ ခက္တာ ေသဖို႔ကေတာ့ အလြယ္ေလးပါလားလို႔။ ဒါက ေယဘူယ်အေတြးပါ။ အဲဒါရဲ႕ ဆန္႔က်င္ဘက္လည္း ျဖစ္ႏုိင္တာပါပဲ။

ေနာက္တစ္ခ်က္က သမုိင္းဦးဘံုေျမေခတ္က ေငြဝယ္ကၽြန္ မိန္းမေတြ မီးဖြားရာမွာ အေတာ္ဒုကၡေရာက္မွာပဲလို႔ ေတြးမိတယ္။ ေက်ာက္ေခတ္ဆို ပိုဆိုးတာေပါ့။ ကေလးက ေမြးမရတဲ့အခါ ခုေခတ္လို ခြဲေမြးလို႔ မရေတာ့ ဘယ္လို ေမြးမလဲ။ မိခင္ကို စေတးပစ္ဖို႔ နည္းလမ္းပဲ ရွိေတာ့မယ္ထင္ရဲ႕။ အာဖရိကမွာ ဆိုရင္ ကေလးအျဖဴေရာင္ေမြးလာရင္ သတ္ျဖတ္ပစ္ၿပီး ေျခ၊ လက္ အဂၤါေတြကို အေဆာင္လုပ္ထားတတ္တယ္လို႔ ဖတ္ဖူးတယ္။ အသားစားလူရုိင္းမ်ဳိးႏြယ္စုတစ္ခုမွာဆိုရင္လည္း ကေလးေမြးတာကို မေကာင္းတဲ့ အယူအဆဆိုၿပီး ကေလးအေမကို ခဲနဲ႔လိုက္ေပါက္တတ္လို႔ မိခင္ခမ်ာ ခက္ခက္ခဲခဲနဲ႔ တစ္ေယာက္ထဲ ကိုယ့္အခ်င္းကိုယ္ကုိက္ၿပီး ေမြးရ ဖြားရရွာတာကို ၾကည့္ဖူးတယ္။ ေနာက္ၿပီး ေမြးၿပီးရင္လည္း အစားအေသာက္နဲ႔ အေနအထိုင္မွာ ဒုကၡေရာက္ျပန္ေရာ။ ေက်ာက္ေခတ္ ေယာက်ၤားက အလုိက္တသိနဲ႔ ျပဳစုရင္ အေကာင္းသား။ ခုေခတ္လို ေရမကိုင္ရ၊ မီးလႈံရမယ္၊ ေခၽြးထြက္ေအာင္ေနရမယ္၊ အပူအစပ္ေတြ အတက္စာေတြ မစားရဘူး ဆိုတာေတြ မသိဘဲ ေလွ်ာက္လုပ္ေနမွ အခက္၊ ဒါေၾကာင့္ထင္တယ္။ အေနာက္တိုင္းသုေတသီေတြက စာတမ္းတစ္ေစာင္မွာ လူ႔သက္တမ္းကို တြက္ခ်က္ထားတာ ေရွးတုန္းကလူေတြ အသက္ ၁၈ႏွစ္ဆိုတာ ပ်မ္းမွ်အသက္ဆိုပဲ။ ခုေနာက္ပုိင္း ၂၀ ရာစုေလာက္မွာမွ လူ႔သက္တမ္းေတြ ပုိရွည္လာတယ္လို႔လည္း ဆိုတယ္။ ၂၀၅၀ဆို လူေတြအသက္ရာေက်ာ္ရွည္လိမ့္ဦးမယ္တဲ့။

ဘုရင့္ မိဖုရားေတြကေတာ့ အေတာ္ကံေကာင္းမွာပဲ။ ေရႊခြက္နဲ႔ အခ်င္းေဆးၿပီး၊ ေမာင္းမ မိႆံေတြ ရံေရႊေတာ္ေတြနဲ႔ ေအးေအး လူလူေနရတာဆိုေတာ ့အရာရာတိုင္းမွာ စိတ္တိုင္းက်ၿပီးျပည့္စံု ေနရတာေပါ့။ ဒါေတာင္မွ စင္ၿပိဳင္နန္းလုမယ့္သားေတာ္ဆိုရင္ ဘယ္အရြယ္ပဲ ျဖစ္ျဖစ္ စြန္႔ပစ္တာပဲျဖစ္ျဖစ္၊ စေတးတာပဲျဖစ္ျဖစ္ ႀကံဳရတတ္ေသးတယ္။

ဒါေပမယ့္ ဘာပဲေျပာေျပာ လူရယ္လို႔ ျဖစ္လာတဲ့အခါ အိမ္ေထာင္ျပဳၾကရမယ္။ သားသမီးေမြးဖြားၾကရမယ္။ ဒီသံသရာ ကြင္းဆက္ႀကီးက ကရြတ္ေခြကင္းေလွ်ာက္သလိုမ်ဳိး ဘယ္ေတာ့မွ မဆံုးႏိုင္တဲ့လည္ပတ္စီးဆင္းမႈႀကီးထဲမွာ မိမိ ကိုယ္တုိင္ဟာလည္း သားသမီးျဖစ္လိုက္၊ မိဘျဖစ္လုိက္နဲ႔ ………

သားသမီး ျဖစ္ေစ၊ မိဘပဲ ျဖစ္ေစ ခံစားလိုက္ရတာက "ေမတၱာတရား" ဆိုတဲ့ အဟုန္ပဲ။ သားသမီးကလည္း မိဘကို ခ်စ္ျမတ္ႏိုး စိတ္နဲ႔ စဲြလန္းသလို၊ မိဘကလည္း ကုိယ္ေမြးထားတဲ့ ကုိယ့္သားသမီးကို မကုန္ခမ္းႏုိင္တဲ့ ခ်စ္ျခင္းေမတၱာေတြနဲ႔ ျမတ္ႏုိးေနမွာ ပါဘဲ။

ဘယ္မိဘမဆို ေမြးလာတဲ့ ကိုယ့္သားသမီးအေပၚမွာေတာ့ က်ဳိးက်ဳိးကန္းကန္း ၾကည့္မဝ၊ ရွဳမဝ ပီတီေတြ ျဖာေနၾကတာပါပဲ။ ကမာၻေပၚမွာ အလွဆံုးဟာ မိမိသားသမီးပါ။ ဒါေၾကာင့္ ဗုဒၶဘုရားရွင္ေဟာေတာ္မူထားတာက မိမိတို႔ရဲ႕ ရင္ဝယ္သားလို သတၱဝါ ေဝေနယ် အေပါင္းကို ခ်စ္ခင္စိတ္နဲ႔ ေမတၱာထားပါ ဆိုၿပီး မိဘေမတၱာနဲ႔ စံထားၿပီး ေဟာေတာ္မူခဲ့ပါတယ္။ မေမြးခင္ထဲက ပူပင္စိုးရိမ္လိုက္ရတာ၊ သားေလးလား၊ မီးမီးေလးလား၊ ခႏၶာကိုယ္ ေျခလက္အဂၤါမွစံုပါ့မလား။ "ဟဲ့ ဟုိလိုမေနနဲ႔၊ ဒီလိုေန၊ လမ္းေလွ်ာက္ေပး၊ ဒါမွသန္မွာ၊ အပူ အစပ္ေတြေရွာင္၊ အိပ္ေရးေတာ့အပ်က္မခံနဲ႔" စသျဖင့္ စိုးရိမ္လိုက္ရတာ။ ေမြးေတာ့လည္း ပိုလီယုိ မကလို႔ ေဒါင္းစင္ဒရုန္း (Down's Syndrome) ျဖစ္ခါမွ ျဖစ္ေရာ၊ သားသမီးဆိုတဲ့ စိတ္တစ္ခုထဲနဲ႔ မိဘေတြခမ်ာ မစြန္႔ပစ္ရက္ျပန္ဘူး။ ေျခလက္မပါလည္း ခ်စ္တာပဲ။ မ်က္စိမျမင္လည္း ခ်စ္တာပဲ။ ဘာပဲ ေမြးေမြး မိဘေတြခမ်ာ တုန္ေနေအာင္ ခ်စ္လိုက္ရတာပါပဲ။ သာမန္ဆို ဘယ္ခ်စ္မွာလဲ။

ဒါက ျမစ္ေရလို တသြင္သြင္ စီးဆင္းေနတဲ့ မိဘေမတၱာ။

မိဘဆိုတာ ကေလးမႀကီးခင္ထဲကိုက သည္းခံေနရၿပီ။ ကေလးအႏွီးလဲတာ တစ္ခုထဲနဲ႔တင္ ရူးေလာက္တယ္။ က်န္တာ အႏွီးေတြ ေလွ်ာ္ရတယ္။ လွန္းရတယ္။ ပိုးမႊားကင္းေအာင္ မီးပူထိုး၊ အႏွီး ေခါက္ရတယ္။ ေဘးလူေတြက စားဖို႔ေသာက္ဖို႔ ျပင္ဆင္ ခ်က္ျပဳတ္ ေပးရတာနဲ႕ ေဒါင္ခ်ာကို စိုင္းေရာ။ ကေလးအေမခမ်ာ ဘာမွ မလုပ္ႏုိင္လို႔ အိပ္ယာေပၚ လွဲေနရတာေတာင္ ကေလးတစ္ေယာက္ ထဲနဲ႔ အလုပ္ေတြ ရွဳပ္ရွတ္ခတ္ၿပီးမွ အိပ္ေတာင္မအိပ္ႏုိင္လို႔ အိပ္ေရးေတြပ်က္ေရာ။ ဒါေတာင္ဘာမွ မလုပ္ဘဲ အၿငိမ္းစား ေပးနားထားလို႔ေနာ္။ အလုပ္ရွိတဲ့သူဆိုရင္ ဘယ့္ႏွယ့္ေနမလဲမသိ၊ ႀကီးလာရင္လည္း ဒီလိုဘဲ ဆက္သည္းခံရဦးမွာဘဲ။ ဒါကေတာ့ ေကာင္းေကာင္းဆိုးဆိုး အေကာင္းဘက္ကို နားလည္ေပးႏုိင္တဲ့ မိဘေတြရဲ႕ ဥေပကၡာတရား။

ဘယ္အခ်ိန္ျဖစ္ျဖစ္ မကဲ့ရဲ႕မရွဳတ္ခ်ဘဲ လူတကာဝုိင္းပယ္လိုက္ခ်ိန္မွာေတာင္ အၿပံဳးနဲ႔ဆီးႀကိဳၿပီး၊ ေက်ာသပ္လို႔ ေခ်ာ့သိပ္ ႏွစ္သိမ့္ တတ္တာ… အေမကလဲြရင္ တစ္ကမာၻလံုးမွာ တစ္ေယာက္မွ မရွိေတာ့ဘူး။ သားသမီးေတြ ေအာင္ျမင္မႈေတြရလာခ်ိန္မွာ တီးလိုက္တဲ့ လက္ခုပ္ၾသဘာသံေတြထဲမွာ အေမ့လက္ခုပ္သံက အက်ယ္ဆံုးပဲ။ ဒါက ထပ္တူခံစားတတ္တဲ့ မိဘ ရဲ႕မုဒိတာ။ ဘယ္လိုအမွားမ်ဳိးဘဲ က်ဴးလြန္က်ဴးလြန္ အေမဆိုတာ သားသမီးကို ခြင့္လႊတ္လိုက္ဖို႔ အဆင္သင့္ပါဘဲ။ ဒါက မိဘကရုဏာ။ ငယ္စဥ္ကေတာ့ အေမဆိုတာ ကၽြန္ေတာ္တို႔ ဘဝအတြက္ မီးရွဴးတန္ေဆာင္ႀကီးေပါ့။ ကိုယ္ကုိယ္တိုင္ မိဘျဖစ္လာခ်ိန္ေရာက္ေတာ့ ကုိယ့္သားသမီးကို နိမ့္က်တဲ့ ကုိယ့္လိုမျဖစ္ေအာင္ ဘယ္လိုသြန္သြင္ဆံုးမမႈမ်ဳိးထားမလဲ။ ဆိုးသြမ္းလူငယ္မျဖစ္လာေအာင္ ဘာေတြ ကို ႀကိဳတင္ျပင္ဆင္ထားရမလဲ ဆိုတာေတြ စဥ္းစားေတြးေတာလာရၿပီ။ ကုိယ္ေတြတုန္းက လိုအပ္ခဲ့တဲ့ ဟာကြက္ေတြကို ကုိယ့္သားသမီးမွာ အမဲစက္မျဖစ္ရေလေအာင္၊ မခံစားရေလေအာင္ ကၽြန္ေတာ့္ မိဘေတြကုိယ္စား နမူနာ အတုယူ ၿပီး၊ ကုိယ့္သားသမီးမွာ မျဖစ္ေအာင္ ႀကိဳးစားရေတာ့မယ္ ဆိုတဲ့ အေတြးေတြ ဝင္လာတယ္။သားသမီးေတြအတြက္ မိဘျဖစ္တဲ့ ကိုယ္ကိုယ္တိုင္ဟာ စံျပ နမူနာျဖစ္ေနေအာင္လို႔ေလ။

ခ်စ္သားရယ္ ၊ သားေလးအတြက္ အေဖ့ဘဝမွာ ဘာတစ္ခုမွ မလိုခ်င္ေတာ့ေလာက္ေအာင္ ျပည့္စံုတတ္ခဲ့ၿပီပဲ။ မိဘရဲ႕ေမတၱာ တရား  ညီမွ်ျခင္းေတြ ထဲထဲဝင္ဝင္ နားလည္တတ္ခဲ့ၿပီပဲ။ အိုသားရယ္… ဘာပဲျဖစ္ျဖစ္ … ဆင္းရဲ၊ ခ်မ္းသာဆိုတာ ေလာကဓံရဲ႕ အခုိက္ အတန္႔ ရုိက္ပုတ္မႈေတြပါ။ မၿပီးဆံုးေသးတဲ့ ပန္းခ်ီကားတစ္ခ်ပ္မွာ မိဘႏွစ္ပါးရယ္။ ကုိယ္တို႔ သားေလးနဲ႔ဇနီးရယ္ဟာ ခရီးသြားေတြပါ။

နာရီကိုၾကည့္လိုက္ေတာ့ ၃ နာရီမတ္တင္း။ ရင္ထဲမွာ ခံစားခ်က္ေတြ မ်ားျပားျပင္းထန္လာတဲ့အတြက္ "သားေလးအတြက္" တစ္ခုခုေတာ့ ခ်န္ထားဖို႔ လုပ္ရဦးမယ္ဆိုၿပီး ဒီစာစုေလးနဲ႔ သားေလးကို အမွတ္တရ ႀကိဳဆုိလိုက္ပါတယ္။ 17. ရက္ေန႔ Aug ။ တနဂၤေႏြ သားေလး။ ေမြးဖြားၿပီးေတာ့ မိုးေတြရြာလာတဲ့အတြက္ ေအးခ်မ္းမယ့္ နိမိတ္အျဖစ္ သားေလး "အံ့ဘုန္းစ်ာန္" ကို လႈိက္လႈိက္လွဲလွဲ အေဖ ဝမ္းေျမာက္မိပါရဲ႕….။

အေဖနဲ႔ သားတို႔ အေမ မိသားစုေတြ သက္ထက္ဆံုးတိုင္ ေပ်ာ္ရႊင္ႏုိင္ပါေစ …။

11.9.2014

3:00 AM  THU

 +++  ++++++++++++++++++++

 

 


No comments:

Post a Comment


Aung Hein - နည္​းပညာ