လွှတ်သာ လွှတ်ချလိုက်ပါတော့
တစ်ချိန်က
အညာဘက်က ရွာလေး တစ်ရွာမှာ သာသနာတော်မှာ မပျော်ပိုက်တော့ပဲ လူထွက်ချင်နေတဲ့
ကျောင်းထိုင် ဆရာတော် တစ်ပါး ရှိလေရဲ့။ ကျောင်းမှာက ကျောင်းထိုင်စရာ
နောက်ထပ် ကိုယ်တော်လူပို မရှိတော့ လူထွက်ဖို့ အခက်တွေ့နေတော့တာပေါ့။
ဆရာတော်ဟာ ဘယ်လောက်ထိ လူထွက်ချင်လည်း ဆိုလည်း အခန်းထဲ ဂလန့်တွေချပြီး အကျီ
ၤပုဆိုးတွေ စမ်းဝတ် ကြည့်ရတာအမော။ လူထွက်ရင် အဆင်ပြေအောင်လို့လေ။
တစ်ရက်ကျတော့ ဆွမ်းဘုန်းပေးပြီးတော့ “စားပြီးတစ်ရေး ဘုန်းကြီးဆေး” လုပ်ဖို့
အခန်းထဲကိုဝင်၊ တံခါးတွေ သေချာပိတ်လိုက်တယ်။ သင်္ကန်းတွေကိုချွတ်၊
ပုဆိုးတွေ စပို့ရှပ် လက်ရှည်တွေ ဝတ်၊ နှုတ်ခမ်းမွှေး အတုကိုတပ်လို့
မှန်ရှေ့မှာ ကိုယ့်ပုံကိုယ်ပြန်ကြည့်ရင်း စိတ်ကူးတွေ ယဉ်နေတုန်း-
“ဆရာတော်ဘုရား၊ ကျောင်းတကာမ လာပါတယ်ဘုရား”
ဆိုတော့ ကမန်းကတန်း အဝတ်တွေချွတ်လို့ သင်္ကန်းကို လဲလိုက်တယ်။ ငါ့များ
ရိပ်မိသွားပြီလား ဆိုပြီး မလုံမလဲ နဲ့ အပြေးတပိုင်း အပြင်ထွက်
တွေ့လိုက်တယ်။ အပြင်ရောက်တော့ ကျောင်းတကာမ ကလည်း ဆရာတော်ကို ဝတ်ဖြည့်တယ်။
ဝတ်ဖြည့်ပြီးလို့ မော့ကြည့်လိုက်တော့ ရယ်ပါလေရော။ ဆရာတော်ကလည်း
သူ့ကြည့်ပြီး မပြောမဆို နဲ့ ထရယ်တော့ ငါဘာများ မှားနေလဲလို့
တစ်ကိုယ်လုံးကို သေချာပြန် စစ်ကြည့်တော့လည်း အားလုံး အိုကေ ပါပဲ။ ဧကသီရော၊
သင်းပိုင်ရော စုံနေတာပဲဟာ။ အကြာကြီး ရယ်နေတော့ ဘာလို့ ရယ်တာလဲလို့ မေးတော့
ကျောင်းတကာမ ခမျာ ပြန်တောင် မဖြေနိုင်ဘူး။ လက်ညှိုးလေးပဲ ထိုး၊
ထိုးပြနိုင်တော့တယ်။ မျက်နှာကို လက်နဲ့စမ်းကြည့်တော့မှ နှုတ်ခမ်းမွှေးတုကို
စမ်းမိပြီး
“အော် ဒါကြောင့်ကိုး”
ဆိုပြီး ချက်ချင်းပဲ
ထိုင်ရာကနေ ဆရာတော် ထပြေးတယ်။ တကာမကလည်း ဆရာတော်ဘုရား ရှက်သွားပြီ ဆိုတာ
သိတာနဲ့ ချက်ချင်း ထလိုက်ဆွဲတာ။ နောက်ဆုံး ဆရာတော် လည်း ကြံရာမရ တော့ဘဲ
နှစ်ထပ်ကျောင်းဆောင်ကြီး ပေါ်ကနေ ပြတင်းပေါက်ဆီ ပြေးခုန်ချတော့၊ တကာမ ကလည်း
ဆွဲမိဆွဲရာ လှမ်းဆွဲလိုက်တော့ အောက်ခံ သင်းပိုင် ကို ဆွဲမိပြီး
ကျွတ်သွားတယ်။ ကျောင်းတကာမ က -
ဆရာတော်ဘုရား၊ စိတ်ထိန်းတော်မူပါ ဘုရား၊ အဖန် ငါးရာ ငါးကမ္ဘာ ပါဘုရား
ဆိုပြီး
ဆရာတော့် ခြေထောက်ကို လှမ်းဆွဲထားတော့ အပေါ်လည်း မတင်၊ အောက်ကိုလည်း
မရောက်နဲ့ လေထဲမှာ တန်းလန်းကြီး။ ဆရာတော် လည်း ရှက်ရှက်နဲ့ပဲ နောက်ဆုံး
ပြောချလိုက်တာက
“ခုချိန်ရောက်မှတော့ မထူးတော့ပါဘူး တကာမကြီး၊ ကျုပ်ကို လွှတ်သာ ချလိုက်ပါတော့ဗျာ..”
တဲ့လေ။
××
စည်သာ(တောင်ကြီး)
No comments:
Post a Comment