Font

Wellcome

စည္သာဟိန္း မွ လႈိုက္လွဲစြာၾကိဳဆိုပါသည္

Saturday, October 16, 2021

ရွမ္းပုဂံ ကုိ ကယ္တင္ၾကပါ

 ရွမ္းပုဂံ ကုိ ကယ္တင္ၾကပါ

                                            💖စည္သာ(ေတာင္ႀကီး)💖

သူမ်ားႏိုင္ငံေတြ၊ အထူးသျဖင့္ အိမ္နီးခ်င္းႏုိင္ငံေတြ ထုိင္း၊ တရုတ္၊ လာအို၊ စကၤာပူ ႏုိင္ငံေတြ ဘာလို႔ ခ်မ္းသာေနၾကတာလဲ တစ္ခ်က္ ေလ့လာၾကည့္။ ထုိင္းမွာဆုိရင္ ခရီးသြားလုပ္ငန္းက ရတဲ့၀င္ေငြဟာ တျခား လုပ္ငန္းက ရတဲ့ ၀င္ေငြေတြထက္အျမင့္ဆံုးလို႔ သိထားရတယ္။ ဒါဟာ မီးခိုးေငြ႔မထြက္တဲ့စက္ရံုႀကီး ေတြ (Smokeless Industry) လုိ႔လည္း ကမာၻမွာ တင္စားလာၾကတာ ျဖစ္တယ္။

တုိ႔ႏုိင္ငံက မလုပ္ဘူးလား ေျပာရင္ အစုိးရက တက္ၾကြစြာနဲ႔ ဦးေဆာင္ၿပီးေတာ့ လုပ္ေနတာလဲ ျဖစ္တယ္။ ပါးစပ္ ကလည္း ခရီးသြားလုပ္ငန္းနဲ႔ ဖံြ႔ၿဖဳိးတုိးတက္လာေစရမယ္ လို႔လဲ တဖြဖြ ေျပာေလ့ရွိတယ္။ တကယ္တမ္း ဘာေတြ မွားေနတာလဲ၊ ခရီးသြားေဒသခ်င္းခ်င္းမွာေတာင္ ဖက္ဒရယ္ ဒီမိုကေရစနစ္ နဲ႔ မရေသးပါဘူး။ ပုဂံကို ကာကြယ္ၾကလို႔ ေျပာေနတယ္။ ရခုိင္ဘက္မွာ ေျမာက္ဦး ေစတီေတာ္ ေတြ ဗံုးဆန္ထိမွန္ၿပီးေတာ့ ၿပဳိပ်က္မယ့္ ေဘးနဲ႔ ေတြ႔တာ ဘာအသံမွ မထြက္လာဘူး။ အဆိုေတာ္ေတြ၊ သရုပ္ေဆာင္ေတြ ၊ အရပ္ဖက္ အဖြဲ႔အစည္းနဲ႔ အစုိးရ အဖြဲ႔ေတြ မသိသလို လုပ္ေဆာင္ေနၾကတယ္။ အလားတူ ရွမ္းျပည္နယ္မွာလည္း ဒီအတုိင္းပဲ။ မိုးနဲ ၿမိဳ႕ကို ေရွးေဟာင္းၿမိဳ႕နဲ႔ ခရီးသြားလာေရးၿမိဳ႕အျဖစ္သတ္မွတ္ေပးဖုိ႔ လႊတ္ေတာ္ကုိယ္စားလွယ္က တင္ျပေတာင္းဆိုရာ ျပည္ေထာင္စုအစုိးရက လတ္တေလာ ဥပေဒမရွိေသးလို႔ မသတ္မွတ္ႏုိင္ေသးေၾကာင္း၊ မသတ္မွတ္ႏုိင္လုိ႔ ရန္ပံုေငြ ဘတ္ဂ်တ္ေတြလည္း ခ်မေပးႏုိင္ေသးေၾကာင္း ေျပာပါတယ္။ ဒါဟာ ဘာလဲ။ တရားမွ်တျခင္း နဲ႔ ညီမွ်မႈ မရွိတဲ့ ျဖစ္စဥ္ေတြပါပဲ။ ျပည္မ နဲ႔ ေတာင္တန္း မွာ ရတဲ့အခြင့္အေရးေတြ မတူတာကို ျမစ္ေခ်ာင္းအင္အုိင္ ေတြ သာမက ေရွးေဟာင္းပစၥည္းေတြ ေစတီေတာ္ေတြနဲ႔ လမ္းမႀကီးေတြကို ၾကည့္ရင္ပဲ သိႏုိင္ပါတယ္။

ႏုိင္ငံတစ္ႏုိင္ငံ ဖြံ႔ၿဖဳိးတုိးတက္လာဖုိ႔ဆုိရင္ ၿငိမ္းခ်မ္းေရး နဲ႔ စီးပြားေရး ဟာ ဒြန္တြဲေနတယ္လို႔ ဆုိပါတယ္။ ေဒသတြင္းၿငိမ္းခ်မ္းေရး ရရွိသြားမယ္ ဆုိရင္ စီးပြားေရး ေကာင္းမြန္လာၿပီးေတာ့ ဖြံ႔ၿဖဳိးတုိးတက္ေရးဟာ ကၽြဲကူး ေရပါဆိုသလို ျဖစ္လာမွာမလဲြမေသြပါပဲ။ ခုေတာ့ တုိင္းရင္းသားအခ်င္းခ်င္းေတြလည္း အျပန္လွန္တုိက္ပဲြေတြ ျဖစ္ေနသလုိ၊ ေျမျမွဳပ္မိုင္းေတြ ေပါက္ကြဲမႈေၾကာင့္ အရပ္သား ထိခိုက္ေသဆံုးမႈေတြ ျမင့္တက္လာကုိလည္း စိတ္မေကာင္းစရာ ျမင္ေတြ႔ၾကားေနရတာပါ။ ဒီေန႔ မတ္၃၀ ရွမ္းတုိင္းရင္းသားမ်ား လူေပါင္းေထာင္နဲ႔ခ်ီၿပီးေတာ့ ေတာင္တက္လႈပ္ရွားမႈ လုပ္တယ္။ ေတာင္တက္တာ ကုိယ္ခႏၶာႀကံ႕ခိုင္မႈနဲ႔ က်န္းမာေရးေကာင္းပါတယ္။ ဒါေပမယ့္ ဒီအင္အားကို တိုင္းရင္းသားစည္းလံုးညီညြတ္ေရးနဲ႔အခ်င္းခ်င္း မတုိက္ခိုက္ေရး ကမ္ပိန္းလုပ္ရင္ ပိုမို သင့္ေတာ္ေလမလားေတြးမိတယ္။ ျပည္သူေတြ တခဲနက္ မေတာင္းဆိုသေရႊ႕ ကာလပတ္လံုး တိုက္ပဲြတုိင္းမွာ အရပ္သားေတြထိခိုက္နစ္နာမႈ ျဖစ္ေနဦးမွာ မလြဲမေသြပါပဲ။

×××

ရွမ္းပုဂံ

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လင္းေခးခရုိင္၊ မိုးနဲၿမိဳ႕ဟာ အညာေဒသမွာ ရွိတဲ့ ေစတီပုထိုးေပါင္း ရွစ္ေသာင္းေလးေထာင္ ေက်ာ္ေသာ ပုဂံေဒသ ကဲ့သို႔ အတုိင္း အလား ပံုသ႑ာန္တူတဲ့ ေနရာတစ္ခု ျဖစ္တာေၾကာင့္မို႔လို႔ ရွမ္းပုဂံလုိ႔လည္း တင္စားေခၚၾကပါတယ္။ ၿမိဳ႕တြင္း ေနရာအႏွံ႔မွာ ၾကည့္မလဲြ ေစတီေတာ္ မ်ား ေက်ာင္းကန္မ်ား တည္ရွိေနတာ ေတာင္ေပၚကၾကည့္ရင္ အင္မတန္မွ လွပပါတယ္။

×××

လည္ပတ္ၾကည့္ရွဳစရာ ေရွးေဟာင္းလက္ရာမ်ား
ယခင္ ေစာ္ဘြားလက္ထက္တုန္းက က်န္ရွိခဲ့တဲ့ ၿမိဳ႕အ၀င္မွာ နယ္နိမိတ္ ဧရိယာတုိင္အျဖစ္ သတ္မွတ္ ထားတဲ့ ဘယ္ညာ ၿမိဳ႕ရုိးၾကာဖူးတုိင္ကို ပထမၾကာဖူး၊ ဒုတိယၾကာဖူး နဲ႔ ၿမိဳ႕ျပင္မွာလည္း ၾကာဖူးတစ္ခု ေပါင္း သံုးေနရာ ရွိၿပီး၊ မိုးနဲၿမိဳ႕ ဆုိင္းဘုတ္ အေနာက္တြင္လည္း ၿမိဳ႕ရုိးေဟာင္း ႀကီး ႏွစ္ခုကို ဘယ္ညာမွာ ယခုတိုင္ ေတြ႔ရွိရမွာ ျဖစ္တယ္။ ဒုတိယၾကာဖူး မွ အေနာက္ဘက္သုိ႔ တစ္မိုင္ခဲြလမ္းအတုိင္း ၀င္ေရာက္သြားတဲ့အခါ လြိဳင္လင္းေက်ာင္း ကို ေရာက္ရွိေလ့လာႏုိင္ပါတယ္။ အခ်ိန္အားတဲ့အခါ သြားေရာက္ေလ့လာသင့္တဲ့ ေနရာတစ္ခု လည္း ျဖစ္ပါတယ္။ ဒုတိယၾကာဖူး အေက်ာ္နားမွာေတာ့ လမ္းမႀကီးေပၚမွာပဲ ၿမိဳ႕ဦးေမြေတာ္စု ေစတီေတာ္မ်ား ၀င္ေရာက္ ဖူးေမွ်ာ္ႏုိင္ၿပီး၊ နည္းနည္းဆက္သြားရင္ ေညာင္ကုိင္းဆက္ သစ္တံခါး ကို ထူးဆန္းစြာ ျမင္ေတြ႔ႏုိင္မွာျဖစ္ပါတယ္။ သစ္တံခါး နားတြင္ စိန္ေတာင္ေက်ာင္းရွိ ေလးမ်က္ႏွာဘုရား ေစတီေတာ္မ်ားကုိလည္း ဖူးေမွ်ာ္ႏုိင္ၿပီးေတာ့ ေအာင္သေျပ ရြာအနီးမွ အေနာက္ဘက္ လမ္းၾကားအတုိင္းသြားလိုက္တဲ့အခါ ၁၂ ပါး ဂူေတာင္ေပၚကို ၀င္ေရာက္ လည္ပတ္ႏုိင္ပါတယ္။ ေအာင္သေျပရြာကေန ကတ္ေနာက္ရြာ ေက်ာ္တဲ့အခါ ဦးသီလ ေစတီေတာ္စု မ်ား ေရာက္ရွိၿပီး၊ ၿမိဳ႕တံခါးကို ျဖတ္သန္း၍ ၿမိဳ႕တြင္း၀င္ေရာက္ရပါတယ္။ ၿမိဳ႕တြင္းမွာ ႏွစ္က်ိပ္ရွစ္ဆူ ဘုရားကို ဖူးေမွ်ာ္ႏုိင္ၿပီးေတာ့ ေတာင္ဘက္အတုိင္း လမ္းခဲြႏွစ္ခုကို ေရာက္ပါမယ္။ ဘယ္ဘက္က ေမာက္မယ္ သြား လမ္းခဲြနဲ႔ ညာဘက္က လင္းေခးသြားတဲ့ လမ္းခြဲတို႔ျဖစ္ပါတယ္။ ေမာက္မယ္ လမ္းခဲြအတုိင္း သြားတဲ့အခါ လြိဳင္ေျမဘုရား မေရာက္ခင္ လမ္းၾကားအတုိင္း တက္သြားရင္ ဆင္ေတာင္ ေမြေတာ္စု ဘုရားမ်ားကို တက္ေရာက္ ဖူးေမွ်ာ္ႏိုင္ၿပီး၊ ေတာင္ေပၚမွ ၾကည့္လွ်င္ မင္းသားေစတီ ႏွင့္ ႏွစ္က်ိပ္ရွစ္ဆူ (ေရႊေရာင္) ေစတီေတာ္ တုိ႔ကို လွမ္းျမင္ႏုိင္မွာျဖစ္ပါတယ္။ ဆင္ေတာင္ေပၚမွာ တက္ၾကည့္ရင္လည္း အင္မတန္မွ သာယာ လႊမ္းေမာဖြယ္ေကာင္းပါတယ္။ လင္းေခးလမ္းခဲြအတုိင္း သြားတဲ့အခါ ဦးေရႊေအာင္ ေစတီကို ေရာက္ၿပီး ၿမိဳ႕တံခါး ကို ျဖတ္သန္း၍ ၿမိဳ႕ျပင္ မွ ဘုရားမ်ားကို လုိက္လံဖူးေမွ်ာ္လို႔လည္း ရပါေသးတယ္။ ယခင္ေစာ္ဘြားေဟာ္နန္း ျဖစ္ခဲ့ဖူးတဲ့ ၿမိဳ႕နယ္ ေထြအုပ္ရံုးတြင္းက ႏြားရုပ္ နဲ႔ ရံုးေရွ႕က မန္လည္တုိင္ နဲ႔ ဟစ္တုိင္ တုိ႔ပဲ ျဖစ္ပါတယ္။ လည္ပတ္စရာ ေနရာေတြကေတာ့ ဒီေလာက္ပါပဲ၊ အျခားၿမိဳ႕ျပင္ လည္ပတ္စရာေတြလည္း အမ်ားႀကီး က်န္ေသးေပမယ့္ သြားမယ့္ ခရီးကေ၀းၿပီးေတာ့ ကားကလည္း ေတာင္တက္ကား ျဖစ္မွ အဆင္ေျပမွာမုိ႔လို႔ ေနာက္မွ ေရးျပပါမယ္။ ဒီတစ္ခါ တစ္ခုခ်င္းစီရဲ႕ သမုိင္းအက်ဥ္းေလးေတြ ဆက္သြားပါမယ္။

×××

ဘုရားသမုိင္းအက်ဥ္းအခ်ဳိ႕

မိုးနဲၿမိဳ႕တြင္ ေရွးေဟာင္းေက်ာင္းမ်ား၊ ေစတီေတာ္မ်ားႏွင့္ ေစတီေတာင္မ်ား အေတာ္မ်ားမ်ား ရွိပါတယ္။ ၿမိဳ႕တြင္းမွာ ကားနဲ႔သြားလို႔ရတဲ့ ေပတစ္ေထာင္ေလာက္သာ ျမင့္တဲ့ ေတာင္သံုးခု ရွိၿပီး၊ ၿမိဳ႕ျပင္တြင္ အျမင့္ဆံုး လူရုပ္ေတာင္ ရွိပါတယ္။ ဆင္ေတာင္ ေမြေတာ္စု နဲ႔ ၁၂ ပါး ဂူ ေတာင္ေတာ္ တုိ႔ျဖစ္ၿပီး၊ ေနာက္တစ္ခုက လြန္ခဲ့တဲ့တစ္လ မၾကာေသးခင္ကမွ ၿခံဳႏြယ္ပိတ္ေပါင္းမ်ားကို ရွင္းလင္းထားခဲ့တဲ့ တာေခါင္ ေမြေတာ္စု ေစတီေတာင္ ျဖစ္ပါတယ္။ ဒီေနရာမွာ နာမည္ တူတာရွိပါတယ္။ အင္းေလး စံကားသြားတဲ့ လမ္းေပၚမွာ တာေခါင္ေမြေတာ္စု ေစတီေတာ္ တစ္ခုလည္း နာမည္တူသလို၊ တည္ထားတဲ့ လက္ရာေတြလည္း တူပါတယ္။ အဲဒီေခတ္က ယြန္းရွမ္းေတြ တည္ထားတယ္ လို႔ ယူဆရၿပီးေတာ့ ေညာင္ေရႊၿမိဳ႕ဦး သမုိင္း၀င္ ေရႊေတာင္ဦး ေစတီေတာ္မွာလည္း ယြန္းရွမ္းေတြ ရဲ႕ လက္ရာဌာပနာေတြ တူးေဖာ္ ေတြ႔ရွိထားတယ္လို႔ သိထားရပါတယ္။

ဆင္ေတာင္

ဆင္ေတာင္ရဲ႕သမုိင္းအက်ဥ္းက ေတာင္ထိပ္ေပၚတြင္ ဆင္ျဖဴေတာ္သည္ အလိုလို ထြက္လာၿပီး၊ ဆိုင္ပုိင္ရွင္ ဟာ လူရုပ္ေတာင္ေပၚတြင္ ေနထုိင္သည္ဟု ဆုိပါတယ္။ လူရုပ္ေတာင္တြင္ ဆင္ပိုင္ရွင္ေနထုိင္ၿပီး၊ ဆင္ေတာင္ တြင္ ဆင္ဟာ ေနထိုင္ျခင္းျဖစ္ကာ၊ ေနာင္ပြင့္မည့္ ဘုရားရွင္ကို ပိဋကတ္ ၃ ပံုျဖင့္ ဆပ္ကပ္လွဴဒါန္းမည္ဟု ယံုၾကည္ၾကပါတယ္။ ဆင္ေတာင္တက္ရာလမ္းတစ္ေလွ်ာက္တြင္ ဘုရားရွင္ ႏွင့္ ရဟန္း ၅၀၀ တို႔၏ ဆြမ္းခံ ၾကြခ်ီေသာ ရုပ္ပြားေတာ္မ်ားကို ျမင္ေတြ႔ရၿပီးျဖစ္ၿပီး၊ ေတာင္ေပၚမွ ၾကည့္လွ်င္ မိုးနဲ လူေနရပ္ကြက္ ရွဳခင္းကို အေပၚစီးမွ ၾကည့္ရွဳခံစားႏုိင္မွာျဖစ္ပါတယ္။ ဆင္ေတာင္ ေပၚကေန ရွဳခင္းဟာ လူေနအိမ္ေျခမ်ားမ်ား ေတြ႔ႏိုင္ၿပီး၊ ၁၂ ပါး ဂူ ရွဳခင္းက ၿမိဳ႕ျပင္ လယ္ကြင္းေတြ ျမင္ကြင္းပဲ ျမင္ေတြ႔ရမွာပါ။

၁၂ ပါး ဂူေတာင္

မိုးနဲၿမိဳ႕ ဆင္ေတာင္ရဲ႕ ေျမာက္ဘက္က ေတာင္တန္းတစ္ခုျဖစ္ၿပီးေတာ့ ေအာင္သေျပရြာကေန သြားရပါတယ္။ ေဒ၀ီမင္းသမီး ၁၂ ပါး တုိ႔သည္ ဂူတြင္း ကေလးေမြးၿပီး၊ ဂူတြင္ပိတ္မိေနၾကၿပီး အျပင္မထြက္ႏုိင္သျဖင့္ မင္းသမီး ၁၁ ပါး တုိ႔၏ ကေလးငယ္မ်ားကို ဘီလူးမ စားေသာက္လိုက္တယ္လို႔ ဆုိတယ္။ ေဒ၀ီ ၁၂ ပါး တုိ႔ရဲ႕ မ်က္လံုးကို ယူေဆာင္သြားတဲ့အတြက္ အျပင္ကိုလည္း မထြက္ႏုိင္တာေၾကာင့္ ကေလးေတြ စားေသာက္ၾကရတာလို႔လဲ ဆိုပါတယ္။ ေနာက္ဆံုး ေဒ၀ီမင္းသမီး ဟာ သူ႔သားေတာ္ ကို မသတ္စားခဲ့သျဖင့္ သားေတာ္ မွ ႀကီးေဒၚမ်ားကို ျပန္လည္ရွာေဖြ ေကၽြးေမြးခဲ့တယ္လို႔ ဆုိပါတယ္။

အဲဒီေတာင္ေပၚမွာ ပစၥည္းလွဴရင္ အစံုလိုက္ (၁၂) စီ လွဴရတယ္ လို႔လည္းေျပာပါတယ္။ ေတာင္ေလွခါး ထိပ္နားမွာရွိတဲ့ မွန္နန္းေဆာင္ အနားကုိ သြားလွဴရတာပါ။ ေစတီေတာ္ ေဘးနားမွာ နတ္သမီး ၁၂ ပါးႏွင့္ စ၀္စုိင္းဆုိင္မုိင္း နတ္နန္းေဆာင္ တုိ႔ကိုလည္း ၂၀၁၁ မွာ ျပန္လည္ျပဳျပင္ထားတာေတြ႔ရတယ္။

ထူးဆန္းတာတစ္ခုက ေစတီေတာ္လမ္းၾကားနားမွာရွိတဲ့ ေဒ၀ီနတ္သမီး ၁၂ ပါး ေနခဲ့တဲ့ ဂူအတြင္း ေလ့လာ ၾကည့္ေတာ့ အင္မတန္မွ က်ဥ္းေျမာင္းၿပီး ထိုင္စရာ ေနစရာလည္း မရွိပါဘူး။ ေက်ာက္ခၽြန္ေတြနဲ႔ ကုန္းေလ်ာ ျဖစ္ေနၿပီး ေအာက္ကို ဆင္းသြားရတဲ့ ေနရာေတြပဲ ျမင္ပါတယ္။ အဲဒီေက်ာက္ခတ္ကိုလည္း သစ္သားတုတ္ နဲ႔ ထုၿပီး ဆုေတာင္းၾကေလ့ ရွိပါတယ္။ ထမ္းမြင္း လို႔ ရွမ္းဘာသာ နဲ႔ ေရးထားပါတယ္။ ဂူအျပင္ဘက္မွာ ရွိတဲ့ ေတာင္ၾကားလမ္းေလးဟာ လူတစ္ကုိယ္စာပဲ လြတ္ၿပီးေတာ့ တေရြ႕ေရြ႕လုိက္သြားရင္ ဟိုဘက္ေတာင္ေၾကာ အထိ ထြက္ေရာက္တယ္လို႔ ေျပာတယ္။ အေတာ္ထူးဆန္းဖုိ႔ ေကာင္းတယ္။ လူတစ္ကုိယ္စာ က်ဥ္းက်ဥ္းေလး အတုိင္း ဟိုဘက္ေတာင္အထိ ဘာလို႔ တိတိရိရိ ျပတ္ေနတာလဲ မစဥ္းစားတတ္ေတာ့ဘူး။ သႀကၤန္တြင္း ဆိုရင္ လူစည္ေလ့ ရွိၿပီး၊ တစ္ကုိယ္စာေလးထဲကို ၾကပ္ၾကပ္ပိတ္ပိတ္ ၀င္ေရာက္လာၾကတဲ့အတြက္ ထြက္မရ ၀င္မရ ျဖစ္တာေၾကာင့္ တစ္ဖက္အ၀င္ ဒီဘက္ကို အထြက္လို႔ သတ္မွတ္ထားၾကပါတယ္။

၁၂ ပါးဂူ ေလွခါးေစာင္းတန္းဆံုးေတာ့ တစ္ကုိယ္စာ၀င္ေပါက္ နဲ႔ အတြင္းမွာ ရုပ္ပြားေတာ္ ဖူးျမင္ရၿပီး၊ ညာဘက္ မွာလည္း တစ္ကုိယ္စာ ထြက္ေပါက္ေလးနဲ႔ ထြက္လိုက္ေတာ့ အေပၚကို ထပ္တက္တဲ့ ေလွကား ေရာက္ပါတယ္။ ဘာလို႔ တစ္ကုိယ္စာေလးပဲ ရွိတာလဲ မသိပါဘူး။ အေတာ္ထူးဆန္းပါတယ္။ ဒီ တစ္ကုိယ္စာအေပါက္ ေလး ေတြ ကေန ပစၥည္းေတြ အေပၚကုိ ဘယ္လိုသယ္ၿပီးေတာ့ ဘုရားတည္ထားတာလဲ ေမးၾကည့္ေတာ့ လက္ဆင့္ကမ္း စနစ္လို႔လည္း ေျပာပါတယ္။ ေတာင္ေပၚမွာ ရွဳခင္းသာယာၿပီးေတာ့ အေမာေျပပါတယ္။ မိုးနဲက အေတာ္ ပူေတာ့ ဂူထဲ ေရာက္ၿပီး တခ်က္စိမ့္ေအးၿပီး အေမာေျပသလို၊ ေတာင္ေပၚမွာလည္း ေလတျဖဴးျဖဴး နဲ႔ တစ္ခါ အေမာေျပ ပါတယ္။ လုိက္ပို႔တဲ့ ဦးေလးႀကီး ေျပာပံုအရ ငယ္ငယ္တုန္းက ကစားတဲ့ေနရာ၊ ရည္းစားနဲ႔ ခ်ိန္းေတြ႔တဲ့ အခါ မေမာႏုိင္ မပန္းႏုိင္ ဒီေတာင္ေပၚကို အၿမဲတက္ဆင္းေလ့ ရွိတယ္လုိ႔ ေျပာတယ္။

×××

ၿမိဳ႕လည္တြင္ မိုးနဲေစာ္ဘြား ေနာက္ဆံုး ေနထုိင္ခဲ့ရာ ေဟာ္နန္းကို ယခုအခ်ိန္မွာ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီး ဌာနရံုး အျဖစ္ ဖြင့္လွစ္ထားၿပီး၊ ေဟာ္နန္းထဲမွာ က်ဳိင္းတံုေစာ္ဘြားလက္ေဆာင္ေပးတဲ့ ႏြားရုပ္နဲ႔ ေဟာ္နန္းေရွ႕မွာ မန္လည္တုိင္ ႏွစ္တုိင္ တည္ရွိတာ ျဖစ္ပါတယ္။ ဒီ ႏြားရုပ္နဲ႔ မန္လည္တုိင္ဟာ မိုးနဲၿမိဳ႕ရဲ႕ အထိမ္းအမွတ္ ျဖစ္ၿပီးေတာ့ ခရီးသြားမ်ားက အမ်ားဆံုး လာေရာက္ ၾကည့္ရွဳရတာ ျဖစ္တယ္။
ေစာ္ဘြား ေလး၊ ငါး ဆက္ကို မွီခဲ့ေသာ မိုးနဲ ေဒသခံ အဘ ဦးဂႏၶ ေျပာျပခ်က္ အရ အဆုိပါ တုိင္သည္ မန္လည္တုိင္ ျဖစ္ၿပီး၊ ေစာ္ဘြားတို႔ရဲ႕ အေဆာင္အေယာင္ တစ္ခု ျဖစ္ေၾကာင္း၊ မင္းတုန္းမင္းႀကီး လက္ထက္တြင္ ခ်ီးျမင့္ခဲ့ေသာ ၿမိဳ႕စား အေဆာင္အေယာင္ျဖစ္ေၾကာင္း ဆုိတယ္။
မန္လည္တုိင္သည္ ေပ ၂၀ ေက်ာ္ ျမင့္ေသာ သစ္သားတုိင္ ျဖစ္ကာ၊ လက္ရွိတြင္ ထီးတစ္ဆင့္သာ ရွိေတာ့ေၾကာင္း၊ ယခင္က အေပၚတြင္ ေပ ၂၀ ေက်ာ္ေသာ ကၽြန္းတုိင္ႀကီး တစ္ျပန္ ထီးေနာက္တစ္ဆင့္ ရွိေသးေၾကာင္း၊ ေနာက္ပုိင္း ၿပဳိက်သျဖင့္ ဖ်က္ခ်ထားျခင္း ျဖစ္ေၾကာင္း  မုိးနဲ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ဦးေက်ာ္မင္းက ေျပာျပသည္။ အဆုိပါ ထီးႏွစ္ဆင့္ အထက္တြင္မွ ေဒါင္းအလံ စုိက္ထူထားျခင္း ျဖစ္ၿပီး၊ ထုိသေကၤတ သည္ ျမန္မာဘုရင္ မင္းတုန္းမင္း၏ လက္ေအာက္ခံ ၊ မုိးနဲၿမိဳ႕ ထီးႏွစ္ဆင့္ရ ေစာ္ဘြားႀကီး ျဖစ္ၿပီး၊ ရာထူး ျပယုဂ္ အေဆာင္အေယာင္ တစ္ခု သာ ျဖစ္ေၾကာင္း အဘ ဦးဂႏၶ ေျပာစကား အရ သိရသည္။
ထိုတိုင္ေဘးတြင္ ဟစ္တုိင္သေဘာမ်ဳိးေခၚေနေသာ တုိင္တစ္လံုး ထပ္ရွိၿပီး၊ ပန္းခက္မ်ားျဖင့္ ကၽြန္းျဖင့္ ထုထားေသာ အထက္တြင္ ေခါင္းေလာင္း ထားရွိကာ ေအာက္မွ ႀကဳိးျဖင့္ ဆဲြရေသာ တုိင္လည္း ရွိေသးသည္။ ရပ္ေ၀းရပ္နီးမွ လျပည့္လကြယ္မ်ားတြင္ တက္လာၾကၿပီး ေစာ္ဘြားႀကီးကိုလာကန္ေတာ့သည့္
အခါ ထိုေခါင္းေလာင္းႀကီးကို ထုိးၿပီး အသိေပးရေၾကာင္း၊ အဆုိပါ ေခါင္းေလာင္းႀကီးကို ယခုအခါ ၿမိဳ႕ခံမ်ားက အႏၱရာယ္ ရွိသျဖင့္ ျဖဳတ္သိမ္းထားျခင္း ျဖစ္ေၾကာင္း သိရသည္။ နယ္စားပယ္စားမ်ားက အခါႀကီးရက္ႀကီး မ်ားတြင္ တက္ေရာက္လာၿပီး ေစာ္ဘြားႀကီးကို တင္ျပစရာ ရွိသည္မ်ားကို တင္ျပျခင္း ၊ အမႈအခင္းမ်ားကို ေျဖရွင္းျခင္း မ်ားကို ျပဳလုပ္ျခင္း၊ ကန္ေတာ့ျခင္းမ်ားကို ျပဳလုပ္ေလ့ ရွိရာတြင္ အသံုးျပဳရသျဖင့္ ထုိေခါင္းေလာင္းႀကီး ရွိေသာ တုိင္ကို ဟစ္တုိင္ဟု ေခၚတြင္ ရျခင္း ျဖစ္ေၾကာင္း သိရတယ္။

xxx
ေရွးသမုိင္း
မိုးနဲၿမိဳ႕ဟာ ေစာ္ဘြား အဆက္ဆက္ အုပ္စုိးခဲ့တာ ျဖစ္ၿပီး၊ ရွမ္းျပည္နယ္ ေစာ္ဘြားသမုိ္င္းမွာေတာ့ မုိးနဲ ေစာ္ဘြားႀကီး ဟာ အထူးထင္ရွား ေက်ာ္ၾကားၿပီး၊ ဘုန္းမီးေနလ ထြန္းေတာက္ခဲ့တယ္လို႔ ဆုိပါတယ္။
ပုဂံႏွင့္ ေခတ္ၿပဳိင္ထြန္းကားခဲ့တယ္လို႔ ယူဆၾကၿပီး၊ မိုးနဲၿမိဳ႕သမုိင္းကို စာေပမွတ္တမ္း၊ ေပ၊ ပုရပုိက္၊ ေခါင္းေလာင္းစာ ေက်ာက္စာတို႔ စေသာ အေထာက္အထားမ်ားလည္း အင္မတန္ နည္းပါးေၾကာင္း သိရပါတယ္။ ယခုအခါမွာေတာ့ တိက်မွန္ကန္တဲ့ မိုးနဲၿမိဳ႕သမုိင္းေၾကာင္းကို အသစ္ျပန္လည္ ျပဳစုေနၿပီး၊ အခ်ိန္ယူေဆာင္ရြက္ရမွာ ျဖစ္တယ္လုိ႔ ဦးေဆာင္ဆရာေတာ္ျဖစ္တဲ့ မိုးနဲၿမိဳ႕နယ္ သံဃနာယက ဥကၠဌ ဆရာေတာ္ မွ မိန္႔ပါတယ္။

မုိးနဲၿမိဳ႕မွာ ဘုရားေစတီေတာ္ေပါင္း မည္မွ်တည္ထားခဲ့သည္ကို ယခင္ကလည္း စာရင္းအတိအက် မသိခဲ့သလို၊ ယခုအခ်ိန္မွာလည္း ဘယ္ေလာက္မ်ား ၿပဳိပ်က္ကုန္ၿပီလဲ ဆိုတဲ့ စာရင္းကိုလည္း မသိရွိႏုိင္ပါဘူး။ ဒါကို ေရွးေဟာင္းသုေတသန ထိန္းသိမ္းေစာင့္ေရွာက္ေရး ဌာန နဲ႔ ယဥ္ေက်းမႈ ၀န္ႀကီးဌာန တို႔က စနစ္တက် ေလ့လာၿပီး ရွာေဖြေဖာ္ထုတ္ စာရင္းျပဳစုဖို႔ အေရးတႀကီး လိုအပ္ပါတယ္။

×××
ကမာၻ႔အေမြအႏွစ္ စာရင္း၀င္ဖို႔ လိုအပ္ခ်က္ ရွိေနေသး
ယခင္လြန္ခဲ့တဲ့ ႏွစ္ေတြတုန္းက ယူနက္စကို အဖြဲ႔နဲ႔ ႏုိင္ငံတကာ သုေတသန အဖဲြ႔ေတြဟာ မုိးနဲၿမိဳ႕က ေရွးေဟာင္း ဘုရားေတြကို လာေရာက္ ေလ့လာခဲ့ၾကၿပီး၊ ေရွးေဟာင္း သမုိင္း၀င္ ကမာၻ႔အေမြအႏွစ္ စာရင္း၀င္ ဖုိ႔ အတြက္ လတ္တေလာ မျဖစ္ႏုိင္ေသးဘူးလို႔ သိရွိရပါတယ္။ လူေနအိမ္မ်ား၊ ရပ္ကြက္မ်ားအတြင္း တည္ရွိေနျခင္း၊ လူမ်ားေနထုိင္ျခင္းတို႔ေၾကာင့္ လြယ္ကူႏိုင္ျခင္း မရွိေသးေၾကာင္း ေျပာဆိုခဲ့ပါတယ္။
×××
မုိးနဲၿမိဳ႕နဲ႔ လင္းေခးၿမိဳ႕တုိ႔မွာ ေရွးယခင္က အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ် ယုိးဒယားကို စစ္ခ်ီတက္ရာ လမ္းေၾကာင္းအျဖစ္အသံုးျပဳခဲ့ၿပီ
း၊ စစ္ခ်ီတက္စဥ္က တည္ထားကုိးကြယ္ခဲ့တဲ့ ေစတီေတာ္ မ်ားကိုလည္း ဖူးျမင္ခဲ့ရပါေသးတယ္။ ယခုအခ်ိန္မွာေတာ့ ေစတီမ်ားကို ျပန္လည္ ျပဳျပင္မြမ္းမံခဲ့ၾကၿပီး၊ အသစ္တစ္ဖန္ ျပင္ဆင္ထားတာေတြလည္း ရွိပါတယ္။
ေနာက္တစ္ခ်က္ အေနနဲ႔ လင္းေခးနဲ႔မုိးနဲၿမိဳ႕ဟာ ခရီးသြား Trecking လုပ္ငန္း နဲ႔ Eco Tourism လို႔ ေခၚတဲ့ ကမာၻလွည့္ ခရီးသြားေတြ လာလည္ခြင့္ရမယ္ ဆုိရင္ လည္ပတ္စရာ ေနရာေကာင္းတစ္ခုလည္း ျဖစ္ပါတယ္။ လင္းေခးၿမိဳ႕ဟာ နမ့္တိန္းေခ်ာင္းေလး ေကြ႔ပတ္စီးဆင္းေနတဲ့ ၿမိဳ႕ျဖစ္ၿပီးေတာ့ သံလြင္ျမစ္အတြင္း စီး၀င္ပါတယ္။ သံလြင္ျမစ္ဟာ နယ္ျခားစည္းမ်ဥ္းအျဖစ္ ျဖတ္သန္းေနၿပီး၊ လင္းေခးၿမိဳ႕နဲ႔ ဟုိမိန္းၿမိဳ႕တုိ႔ကုိ ကန္႔သတ္ျဖတ္သန္းစီး ဆင္းေနပါတယ္။ လင္းေခးေတာင္ဘက္မွ တဆင့္ ဟိုမိန္းၿမိဳ႕ ကို ေရာက္ရင္ တစ္နာရီအတြင္း တစ္ဖက္ ယုိးဒယားႏုိင္ငံ ထဲကုိ သြားေရာက္ လည္ပတ္ႏုိင္မွာလည္း ျဖစ္ပါတယ္။ အင္မတန္ ပူေပမယ့္ ျမစ္ေခ်ာင္းေတြ ရွိတဲ့အတြက္ေၾကာင့္ သာယာတယ္လုိ႔ ေျပာလို႔ရပါတယ္။

ရွမ္းျပည္နယ္ ေတာင္ပုိင္းမွာ လြိဳင္လင္ထိသာသြားလာခြင့္ ျပဳထားၿပီး၊ တားျမစ္္နယ္ေျမဆုိရင္ ရွမ္းျပည္နယ္ အစုိးရနဲ႔ သက္ဆုိင္ရာကို အသိေပး အေၾကာင္းၾကားၿပီးမွ သြားလာခြင့္ရတာဟာ အဟန္႔အတား တစ္ခု ျဖစ္ေနေၾကာင္း ေဒသခံ တုိ႔က သံုးသပ္ ေျပာဆိုၾကပါတယ္။ တကယ္လို႔သာ သြားလာခြင့္ ရမယ္ ဆုိရင္ ပင္လံု ေက်ာက္တုိင္၊ နမ့္စန္ ၊ မုိးနဲ နဲ႔ လင္းေခး ၿမိဳ႕ တုိ႔ဟာ လည္ပတ္စရာ အလြန္ေပါၿပီး ၊ ကမာၻလွည့္ခရီးသြား ႏုိင္ငံျခားသားေတြ ႀကဳိက္ႏွစ္သက္တဲ့ ေနရာေကာင္းေတြ အမ်ားႀကီး ရွိေနတာ ျဖစ္ပါတယ္။

×××

ရွမ္းျပည္ေတာင္ပုိင္း၊ လင္းေခးခရုိင္၊ မိုးနဲၿမိဳ႕ရွိ မုိးနဲၿမိဳ႕ ရွိ ေရွးေဟာင္းသမုိင္း၀င္ ေစတီေတာ္မ်ားသည္ ၿမိဳ႕တြင္း ေစတီေတာ္မ်ားကိုသာ ထိန္းသိမ္းႏုိင္ျခင္းျဖစ္ၿပီး၊ ၿမိဳ႕ျပင္တြင္ ရွာမေတြ႔ဘဲ ပ်က္စီးေပ်ာက္ဆံုးေနေသာ ေရွးလက္ရာမ်ားစြာ က်န္ရွိေနေသးသည္ဟု သိရသည္။

မိုးနဲၿမိဳ႕သမုိင္းသည္ ဘီစီ (၅၁၉) တြင္ ပထမ မိုးနဲ၊ ဒုတိယ မိုးနဲ၊ တတိယ မုိးနဲ ဟူ၍ ေခတ္ကာလခဲြျခားထားၿပီး၊ ပထမမုိးနဲသည္ နႏၵာပူရ ၊ ရွမ္းဘာသာ နံသာပူ ဟုေခၚၿပီး၊ ဒုတိယ မုိးနဲသည္ လက္ရွိ မိုးနဲၿမိဳ႕၏ အေရွ႕ဘက္တြင္ ၇ မိုင္ အကြာတြင္ တည္ရွိသည္ဟု ဆုိၿပီး၊ လက္ရွိ မိုးနဲၿမိဳ႕သည္ တတိယ မိုးနဲၿမိဳ႕ ျဖစ္သည္ဟု အက်ဥ္းခ်ံဳး သမုိင္းေၾကာင္း ကို လႊတ္ေတာ္ကုိယ္စားလွယ္ ကေျပာျပသည္။ လက္ရွိ မုိးနဲၿမိဳ႕နယ္ အတြင္းရွိ ေစတီေတာ္ႀကီး ၄ ဆူ အပါအ၀င္ ၿမိဳ႕တြင္းရွိ ေစတီေတာ္ငယ္မ်ားကိုသာ ရွာေဖြထိန္းသိမ္းႏုိင္ေသးၿပီး၊ ၿမိဳ႕ျပင္ ေနရာမ်ားတြင္ ပ်က္စီး ေပ်ာက္ကြယ္သြားေသာ ေစတီေတာ္ မ်ားစြာ ရွိခဲ့ေၾကာင္း၊ ရွာမေတြ႔ဘဲ လက္လွမ္းမမွီဘဲ ၿခံဳႏြယ္ပိတ္ေပါင္းမ်ားျဖင့္ ေပ်ာက္ဆံုးေနေသာ ေစတီေတာ္ေပါင္းမ်ားစြာ ရွိေၾကာင္း မုိးနဲၿမိဳ႕၊ လြိဳင္ေျမရပ္ကြက္၊ ၀ိဇၨာရိယဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမွ ဦးေဆာင္ ဆရာေတာ္ သဒၶမၼေဇာတိကဓဇ ဘြဲ႔ေတာ္ရ ဆရာေတာ္ ဘဒၵႏ ၱမာဃိႏၵ ထံမွ သိရသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လင္းေခးခရိုင္၊ မိုးနဲၿမိဳ႕တြင္ ျပဳျပင္ထိန္းသိမ္းရန္ လိုအပ္ေနေသာ ေစတီေတာ္ေပါင္း ၄၄၇ ဆူ ရွိၿပီး၊ လတ္တေလာတြင္ ေရွးေဟာင္းယဥ္ေက်းမႈ ပစၥည္းျပတုိက္၊ စာေပ၊ ပရပုိက္ စာၾကည့္တုိက္ ႏွင့္ ဓမၼဗိမၼာန္ တစ္ေဆာင္ ကို တည္ေဆာက္ထားရွိရန္ စီစဥ္ေနေၾကာင္း မုိးနဲၿမိဳ႕၊ လြိဳင္ေျမရပ္ကြက္၊ ၀ိဇၨာရိယဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမွ ဦးေဆာင္ ဆရာေတာ္ သဒၶမၼေဇာတိကဓဇ ဘြဲ႔ေတာ္ရ ဆရာေတာ္ ဘဒၵႏ ၱမာဃိႏၵ ထံမွ သိရသည္။

“ မုိးနဲၿမိဳ႕မွာ ေရွးေဟာင္းေစတီေတာ္ ျပဳျပင္ထိန္းသိမ္းဖုိ႔ သိပ္အေရးႀကီးတယ္။ ဘာလို႔ဆုိရင္ သမုိင္းကို ၾကည့္မယ္ ဆုိရင္ ေစာ္ဘြား အဆက္ဆက္အုပ္ခ်ဳပ္ခဲ့တာေတြေရာ၊ ေစာ္ဘြားေခတ္က တည္ထား ကိုးကြယ္ခဲ့တဲ့ ေစတီဘုရားပုထုိး ေက်ာက္ကန္ေတြ ဆုိတာ မိုးနဲမွာအမ်ားႀကီးရွိတယ္။ ၿခံဳႏြယ္ေတြထဲ ပိတ္ဖံုးလႊမ္းေနတာ အမ်ားႀကီး က်န္ေသးတယ္။ ၿမိဳ႕ပတ္၀န္းက်င္ေလာက္ပဲ ၿမိဳ႕တြင္းေလာက္ပဲ ျမင္တယ္။ ၿမိဳ႕တြင္းရွိတဲ့ ေစတီ ဘုရားပုထုိးေတြ ဆုိတာ ပံုစံ ၁၀၅ လဲ မရွိနယ္ေျမလဲ သတ္သတ္မွတ္မွတ္မရွိဘူး။ ဒါေၾကာင့္ ထိန္းသိမ္း ျပဳျပင္ဖုိ႔ သိပ္အေရးႀကီးတယ္။ ေစာ္ဘြားေခတ္ကေတာ့ အာဏာနဲ႔ပဲ ေျမဂရမ္လည္း မလိုဘူး။ ဒီေခတ္က မသမာေလာဘ မ်ားလာေတာ့ စီးပြားေရးကလည္း အၾကပ္အတည္း၊ နည္းနည္းပါးပါး ၿငိမ္းခ်မ္းလာေတာ့ စိုက္ပ်ဳိးခ်င္ေတာ့ ယာေတြ ခ်ဲ႕လာၾကတယ္။ ယာေတြ တုိးခ်ဲ႕ေတာ့ သစ္ပင္ေတြလည္း ျပဳန္းတီးလာတယ္။ ဘုရားနယ္ေျမလည္း မသိေတာ့ဘူး။ က်ဴးေက်ာ္တယ္လဲ ေျပာလို႔မရဘူး။ ဘုရားနယ္ေျမက သတ္သတ္မွတ္မွတ္ မရွိဘူး။ ခရီးသြား လုပ္ငန္းျဖစ္လာၿပီဆုိရင္ မုိးနဲမွာ ကုိယ့္ၿမိဳ႕ခံအေနနဲ႔ မ်က္ႏွာငယ္ရမွာ စုိးရတယ္။ ဒါေၾကာင့္ ျပဳျပင္တာထက္ ထိန္းသိမ္းဖုိ႔ သိပ္အေရးႀကီးတယ္။ တခ်ဳိ႕က ျပဳျပင္ခ်င္တယ္။ အရင္ကေတာ့ ေရွးဆရာေတာ္ေခတ္ကလို ျပဳျပင္ခ်င္တယ္ဆုိရင္ ရတယ္။ ခုက ေရွးေဟာင္းသုေတသန အဖြဲ႔ေတြက လာၿပီး သတ္မွတ္သြားတဲ့ေနရာေတြ ရွိတယ္။ အဲဒီေနရာေတြကို ျပဳျပင္ဖုိ႔ အခြင့္အေရး မရဘူး။ တခ်ဳိ႕က လက္ရာေတြ ပ်က္တာရွိတယ္။ ဦးဇင္းတုိ႔ အျမင္ကေတာ့ မျပင္ေစခ်င္ဘူး။ ေရွးေဟာင္းလက္ရာ ပ်က္သြားရင္ တန္ဖုိး က်ဆင္းမယ္။ ျပဳျပင္ဖုိ႔ေတာ့ စဥ္းစားရဦးမယ္။ ”

ဟု မိုးနဲၿမိဳ႕နယ္ သံဃနာယက ဥကၠဌ ဆရာေတာ္ ဘဒၵႏ ၱမာဃိႏၵ က မိန္႔ၾကားသည္။

မိုးနဲၿမိဳ႕၊ သာသနာ့ဗိမၼာန္ျဖစ္ေျမာက္ေရးအတြက္ စာျပန္ပဲြ ႏွစ္ ၅၀ ျပည့္ အထိမ္းအမွတ္ အျဖစ္ ႀကဳိးစားခဲ့ျခင္း ျဖစ္ၿပီး၊ မုိးနဲၿမိဳ႕ရွိ ဘုန္းႀကီးေက်ာင္းေပါင္း ၄၆ ေက်ာင္း တို႔မွ တစ္ေက်ာင္းလွ်င္ တစ္လ တစ္ေသာင္းႏႈန္းျဖင့္ စုေငြ ေကာက္ခံလာသည္မွာ ၅ ႏွစ္ခန္႔ရွိၿပီျဖစ္ေၾကာင္း၊ ေစတနာသဒၵါတရားျဖင့္ လွဴဒါန္းမည့္ ပုဂၢဳိလ္ လိုအပ္ေနေၾကာင္း သိရသည္။ (၂၀၁၉ ခုႏွစ္က ျဖစ္သည္)

မိုးနဲၿမိဳ႕ကို ေရွးေဟာင္းသမုိင္း၀င္ၿမိဳ႕ ႏွင့္ ခရီးသြားလာေရး လုပ္ငန္း ဖံြ႔ၿဖဳိးတိုးတက္ေသာ ၿမိဳ႕အျဖစ္ သတ္မွတ္ေပးရန္ ျပည္ေထာင္စုအစုိးရကို တင္ျပခဲ့ေသာ္လည္း အစိုးရမွအသိအမွတ္ျပဳေပးႏုိင္ျခင္း မရွိသည့္အတြက္ နားမလည္ႏုိင္ေအာင္ ျဖစ္ရေၾကာင္း၊ မိုးနဲၿမိဳ႕ရွိ၊ ေရွးေဟာင္းအေမြအႏွစ္ေစတီေတာ္မ်ားကို ဆက္လက္ ထိန္းသိမ္းႏုိင္ရန္အတြက္ အခြန္လြတ္သာသနာ့ဂရမ္ေျမ အျမန္ဆံုး ထုတ္ေပးႏုိင္ရန္ အေရးတႀကီး လိုအပ္သည္ဟု ေဒသခံမ်ားက က ေျပာသည္။

လတ္တေလာတြင္ မိုးနဲၿမိဳ႕ရွိ ေစတီေတာ္မ်ား ျပဳျပင္ရွင္းလင္းျခင္း၊ ထိန္းသိမ္းျခင္း လုပ္ငန္းမ်ားကို သံဃာေတာ္မ်ား၊ လႊတ္ေတာ္ကုိယ္စားလွယ္၊ ရပ္မိရပ္ဖ ေဒသခံျပည္သူလူထုမ်ား စုေပါင္းအင္အားျဖင့္ တတ္စြမ္းသမွ် ၀ုိင္း၀န္းေဖာ္ေဆာင္လုပ္ကုိင္ေနၾကျခင္း ျဖစ္ေၾကာင္း၊ ေစတီႀကီး ၄ ဆူ ကိုရွင္းလင္းခဲ့ၿပီး၊ ဆက္လက္၍ မုိးနဲၿမိဳ႕ ပတ္လည္ရွိ ေစတီေတာ္မ်ားကို ဆက္လက္ရွာေဖြ၍ ထိန္းသိမ္းျခင္းလုပ္ငန္းမ်ားကို တတ္စြမ္းသမွ် တိုးခ်ဲ႕ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဦးေဆာင္ဆရာေတာ္က မိန္႔သည္။

ရွမ္းျပည္ေတာင္ပုိင္းတြင္ ရွိေသာ၊ ရွမ္းပုဂံ ဟု တင္စားေခၚေ၀ၚၾကရေသာ ဘုရားေစတီေတာ္ေပါင္း ေျမာက္မ်ားစြာ တည္ရွိသည့္ မိုးနဲၿမိဳ႕ကို ေရွးေဟာင္းသမုိင္း၀င္ၿမိဳ႕အျဖစ္ အသိအမွတ္ျပဳေပးျခင္းႏွင့္ ခရီးသြားလာေရး လုပ္ငန္း ဖံြ႔ၿဖဳိးတိုးတက္ေသာ ၿမိဳ႕အျဖစ္ ကူညီေဆာင္ရြက္ေပးပါရန္ အတြက္ ရွမ္းျပည္နယ္ လႊတ္ေတာ္ ကုိယ္စားလွယ္၊ မိုးနဲၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) မွ ဦးစုိင္းမြန္းလိန္မွ ဒုတိယသမၼတ(၁) ႏုိင္ငံေတာ္အစုိးရအဖဲြ႔၀င္ ဦးျမင့္ေဆြ ထံသုိ႔ 2018ခုႏွစ္ ဇြန္လ (၁၉)ရက္ ရက္စဲြပါ စာျဖင့္ တင္ျပခဲ့ျခင္း ျဖစ္ၿပီး၊ လတ္တေလာတြင္ သတ္မွတ္ႏုိင္ျခင္းမရွိႏုိင္ဟု အေၾကာင္းျပန္ၾကားခဲ့ျခင္း ျဖစ္သည္။

ရွမ္းသမုိင္းတြင္ မိုးနဲၿမိဳ႕ သမုိင္းသည္ မပါမျဖစ္ အေရးပါၿပီး၊ သမုိင္းေၾကာင္း အစဥ္အလာ ႀကီးမားေသာ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ကာ၊ မုိးနဲၿမိဳ႕တြင္ ရွိေသာ ေရွးေဟာင္း ေစတီေတာ္မ်ားကို ထိန္းသိမ္းျခင္းျဖင့္ ခရီးသြားလုပ္ငန္းမ်ား ဖြံ႔ၿဖဳိးတုိးတက္ေရးမ်ား လုပ္ေဆာင္ရန္ ေဒသခံမ်ားက လိုလားလွ်က္ရွိကာ၊ လက္ရွိတြင္ ေစတီေတာ္ အေတာ္မ်ားမ်ားမွာ ပ်က္စီးပံုက်ေတာ့မည့္ ေဘးႏွင့္ ရင္ဆုိင္ႀကံဳေတြ႔ေနရသည္ကို ျမင္ေတြ႔ရသည္။

Xxx  xxx

အထက္တြင္ ေျပာခဲ့သလိုပါပဲ။ ေရွးေဟာင္းသမုိင္း၀င္ ပစၥည္းမ်ားဆိုတာ လုပ္ယူဖန္တီးယူလို႔ မရပါဘူး။ ပုိက္ဆံ သာရွိရင္ ပင္လယ္ထဲ ကၽြန္းတုေတြ၊ တံတားအႀကီးစားေတြ ဖန္တီးလို႔ ရပါတယ္။ ဒီလို သမုိင္း၀င္ၿမိဳ႕အျဖစ္ ပိုက္ဆံနဲ႔ ဖန္တီးလို႔ မရပါဘူး။ ဒါေတြက ႏွစ္ေပါင္းမ်ားစြာ ျဖတ္သန္းလာတဲ့ သမုိင္း၀င္ အေမြအႏွစ္ေတြ ျဖစ္တာမို႔ ဒါကို ထိန္းသိမ္းလိုက္ျခင္းအားျဖင့္ တစ္ဖက္တစ္လမ္းကေန ၀င္ေငြ ရွာတဲ့ လုပ္ငန္းကိုလည္း အက်ဳိးခံစားခြင့္ ရရွိမွာျဖစ္ပါတယ္။ အစုိးရအေနနဲ႔ ဒီအခ်က္ေတြ ထည့္သြင္းစဥ္းစားသင့္တယ္လို႔ျမင္ပါတယ္။

မိမိတုိ႔ႏိုင္ငံရွိ ႏွစ္ေပါင္းမ်ားစြာ ထိန္းသိမ္းလာခဲ့ေသာ ေရွးေဟာင္းအေမြအႏွစ္ မ်ားကို ျပည္သူျပည္သားမ်ားက လက္ဆင့္ကမ္း ထိန္းသိမ္းၾကပါလို႔ တုိက္တြန္းရင္း ---

က်န္းမာရႊင္လန္းၾကပါေစ

Sitha(Tgi)

+++

 ရှမ်းပုဂံ ကို ကယ်တင်ကြပါ
                                            💖စည်သာ(တောင်ကြီး)💖
သူများနိုင်ငံတွေ၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေ ထိုင်း၊ တရုတ်၊ လာအို၊ စင်္ကာပူ နိုင်ငံတွေ ဘာလို့ ချမ်းသာနေကြတာလဲ တစ်ချက် လေ့လာကြည့်။ ထိုင်းမှာဆိုရင် ခရီးသွားလုပ်ငန်းက ရတဲ့ဝင်ငွေဟာ တခြား လုပ်ငန်းက ရတဲ့ ဝင်ငွေတွေထက်အမြင့်ဆုံးလို့ သိထားရတယ်။ ဒါဟာ မီးခိုးငွေ့မထွက်တဲ့စက်ရုံကြီး တွေ (Smokeless Industry) လို့လည်း ကမ္ဘာမှာ တင်စားလာကြတာ ဖြစ်တယ်။
တို့နိုင်ငံက မလုပ်ဘူးလား ပြောရင် အစိုးရက တက်ကြွစွာနဲ့ ဦးဆောင်ပြီးတော့ လုပ်နေတာလဲ ဖြစ်တယ်။ ပါးစပ် ကလည်း ခရီးသွားလုပ်ငန်းနဲ့ ဖွံ့ဖြိုးတိုးတက်လာစေရမယ် လို့လဲ တဖွဖွ ပြောလေ့ရှိတယ်။ တကယ်တမ်း ဘာတွေ မှားနေတာလဲ၊ ခရီးသွားဒေသချင်းချင်းမှာတောင် ဖက်ဒရယ် ဒီမိုကရေစနစ် နဲ့ မရသေးပါဘူး။ ပုဂံကို ကာကွယ်ကြလို့ ပြောနေတယ်။ ရခိုင်ဘက်မှာ မြောက်ဦး စေတီတော် တွေ ဗုံးဆန်ထိမှန်ပြီးတော့ ပြိုပျက်မယ့် ဘေးနဲ့ တွေ့တာ ဘာအသံမှ မထွက်လာဘူး။ အဆိုတော်တွေ၊ သရုပ်ဆောင်တွေ ၊ အရပ်ဖက် အဖွဲ့အစည်းနဲ့ အစိုးရ အဖွဲ့တွေ မသိသလို လုပ်ဆောင်နေကြတယ်။ အလားတူ ရှမ်းပြည်နယ်မှာလည်း ဒီအတိုင်းပဲ။ မိုးနဲ မြို့ကို ရှေးဟောင်းမြို့နဲ့ ခရီးသွားလာရေးမြို့အဖြစ်သတ်မှတ်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်က တင်ပြတောင်းဆိုရာ ပြည်ထောင်စုအစိုးရက လတ်တလော ဥပဒေမရှိသေးလို့ မသတ်မှတ်နိုင်သေးကြောင်း၊ မသတ်မှတ်နိုင်လို့ ရန်ပုံငွေ ဘတ်ဂျတ်တွေလည်း ချမပေးနိုင်သေးကြောင်း ပြောပါတယ်။ ဒါဟာ ဘာလဲ။ တရားမျှတခြင်း နဲ့ ညီမျှမှု မရှိတဲ့ ဖြစ်စဉ်တွေပါပဲ။ ပြည်မ နဲ့ တောင်တန်း မှာ ရတဲ့အခွင့်အရေးတွေ မတူတာကို မြစ်ချောင်းအင်အိုင် တွေ သာမက ရှေးဟောင်းပစ္စည်းတွေ စေတီတော်တွေနဲ့ လမ်းမကြီးတွေကို ကြည့်ရင်ပဲ သိနိုင်ပါတယ်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင် ငြိမ်းချမ်းရေး နဲ့ စီးပွားရေး ဟာ ဒွန်တွဲနေတယ်လို့ ဆိုပါတယ်။ ဒေသတွင်းငြိမ်းချမ်းရေး ရရှိသွားမယ် ဆိုရင် စီးပွားရေး ကောင်းမွန်လာပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ကျွဲကူး ရေပါဆိုသလို ဖြစ်လာမှာမလွဲမသွေပါပဲ။ ခုတော့ တိုင်းရင်းသားအချင်းချင်းတွေလည်း အပြန်လှန်တိုက်ပွဲတွေ ဖြစ်နေသလို၊ မြေမြှုပ်မိုင်းတွေ ပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ မြင့်တက်လာကိုလည်း စိတ်မကောင်းစရာ မြင်တွေ့ကြားနေရတာပါ။ ဒီနေ့ မတ်၃၀ ရှမ်းတိုင်းရင်းသားများ လူပေါင်းထောင်နဲ့ချီပြီးတော့ တောင်တက်လှုပ်ရှားမှု လုပ်တယ်။ တောင်တက်တာ ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ ကျန်းမာရေးကောင်းပါတယ်။ ဒါပေမယ့် ဒီအင်အားကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့အချင်းချင်း မတိုက်ခိုက်ရေး ကမ်ပိန်းလုပ်ရင် ပိုမို သင့်တော်လေမလားတွေးမိတယ်။ ပြည်သူတွေ တခဲနက် မတောင်းဆိုသရွှေ့ ကာလပတ်လုံး တိုက်ပွဲတိုင်းမှာ အရပ်သားတွေထိခိုက်နစ်နာမှု ဖြစ်နေဦးမှာ မလွဲမသွေပါပဲ။
×××
ရှမ်းပုဂံ
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့ဟာ အညာဒေသမှာ ရှိတဲ့ စေတီပုထိုးပေါင်း ရှစ်သောင်းလေးထောင် ကျော်သော ပုဂံဒေသ ကဲ့သို့ အတိုင်း အလား ပုံသဏ္ဍာန်တူတဲ့ နေရာတစ်ခု ဖြစ်တာကြောင့်မို့လို့ ရှမ်းပုဂံလို့လည်း တင်စားခေါ်ကြပါတယ်။ မြို့တွင်း နေရာအနှံ့မှာ ကြည့်မလွဲ စေတီတော် များ ကျောင်းကန်များ တည်ရှိနေတာ တောင်ပေါ်ကကြည့်ရင် အင်မတန်မှ လှပပါတယ်။
×××
လည်ပတ်ကြည့်ရှုစရာ ရှေးဟောင်းလက်ရာများ
ယခင် စော်ဘွားလက်ထက်တုန်းက ကျန်ရှိခဲ့တဲ့ မြို့အဝင်မှာ နယ်နိမိတ် ဧရိယာတိုင်အဖြစ် သတ်မှတ် ထားတဲ့ ဘယ်ညာ မြို့ရိုးကြာဖူးတိုင်ကို ပထမကြာဖူး၊ ဒုတိယကြာဖူး နဲ့ မြို့ပြင်မှာလည်း ကြာဖူးတစ်ခု ပေါင်း သုံးနေရာ ရှိပြီး၊ မိုးနဲမြို့ ဆိုင်းဘုတ် အနောက်တွင်လည်း မြို့ရိုးဟောင်း ကြီး နှစ်ခုကို ဘယ်ညာမှာ ယခုတိုင် တွေ့ရှိရမှာ ဖြစ်တယ်။ ဒုတိယကြာဖူး မှ အနောက်ဘက်သို့ တစ်မိုင်ခွဲလမ်းအတိုင်း ဝင်ရောက်သွားတဲ့အခါ လွိုင်လင်းကျောင်း ကို ရောက်ရှိလေ့လာနိုင်ပါတယ်။ အချိန်အားတဲ့အခါ သွားရောက်လေ့လာသင့်တဲ့ နေရာတစ်ခု လည်း ဖြစ်ပါတယ်။ ဒုတိယကြာဖူး အကျော်နားမှာတော့ လမ်းမကြီးပေါ်မှာပဲ မြို့ဦးမွေတော်စု စေတီတော်များ ဝင်ရောက် ဖူးမျှော်နိုင်ပြီး၊ နည်းနည်းဆက်သွားရင် ညောင်ကိုင်းဆက် သစ်တံခါး ကို ထူးဆန်းစွာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ သစ်တံခါး နားတွင် စိန်တောင်ကျောင်းရှိ လေးမျက်နှာဘုရား စေတီတော်များကိုလည်း ဖူးမျှော်နိုင်ပြီးတော့ အောင်သပြေ ရွာအနီးမှ အနောက်ဘက် လမ်းကြားအတိုင်းသွားလိုက်တဲ့အခါ ၁၂ ပါး ဂူတောင်ပေါ်ကို ဝင်ရောက် လည်ပတ်နိုင်ပါတယ်။ အောင်သပြေရွာကနေ ကတ်နောက်ရွာ ကျော်တဲ့အခါ ဦးသီလ စေတီတော်စု များ ရောက်ရှိပြီး၊ မြို့တံခါးကို ဖြတ်သန်း၍ မြို့တွင်းဝင်ရောက်ရပါတယ်။ မြို့တွင်းမှာ နှစ်ကျိပ်ရှစ်ဆူ ဘုရားကို ဖူးမျှော်နိုင်ပြီးတော့ တောင်ဘက်အတိုင်း လမ်းခွဲနှစ်ခုကို ရောက်ပါမယ်။ ဘယ်ဘက်က မောက်မယ် သွား လမ်းခွဲနဲ့ ညာဘက်က လင်းခေးသွားတဲ့ လမ်းခွဲတို့ဖြစ်ပါတယ်။ မောက်မယ် လမ်းခွဲအတိုင်း သွားတဲ့အခါ လွိုင်မြေဘုရား မရောက်ခင် လမ်းကြားအတိုင်း တက်သွားရင် ဆင်တောင် မွေတော်စု ဘုရားများကို တက်ရောက် ဖူးမျှော်နိုင်ပြီး၊ တောင်ပေါ်မှ ကြည့်လျှင် မင်းသားစေတီ နှင့် နှစ်ကျိပ်ရှစ်ဆူ (ရွှေရောင်) စေတီတော် တို့ကို လှမ်းမြင်နိုင်မှာဖြစ်ပါတယ်။ ဆင်တောင်ပေါ်မှာ တက်ကြည့်ရင်လည်း အင်မတန်မှ သာယာ လွှမ်းမောဖွယ်ကောင်းပါတယ်။ လင်းခေးလမ်းခွဲအတိုင်း သွားတဲ့အခါ ဦးရွှေအောင် စေတီကို ရောက်ပြီး မြို့တံခါး ကို ဖြတ်သန်း၍ မြို့ပြင် မှ ဘုရားများကို လိုက်လံဖူးမျှော်လို့လည်း ရပါသေးတယ်။ ယခင်စော်ဘွားဟော်နန်း ဖြစ်ခဲ့ဖူးတဲ့ မြို့နယ် ထွေအုပ်ရုံးတွင်းက နွားရုပ် နဲ့ ရုံးရှေ့က မန်လည်တိုင် နဲ့ ဟစ်တိုင် တို့ပဲ ဖြစ်ပါတယ်။ လည်ပတ်စရာ နေရာတွေကတော့ ဒီလောက်ပါပဲ၊ အခြားမြို့ပြင် လည်ပတ်စရာတွေလည်း အများကြီး ကျန်သေးပေမယ့် သွားမယ့် ခရီးကဝေးပြီးတော့ ကားကလည်း တောင်တက်ကား ဖြစ်မှ အဆင်ပြေမှာမို့လို့ နောက်မှ ရေးပြပါမယ်။ ဒီတစ်ခါ တစ်ခုချင်းစီရဲ့ သမိုင်းအကျဉ်းလေးတွေ ဆက်သွားပါမယ်။
×××
ဘုရားသမိုင်းအကျဉ်းအချို့
မိုးနဲမြို့တွင် ရှေးဟောင်းကျောင်းများ၊ စေတီတော်များနှင့် စေတီတောင်များ အတော်များများ ရှိပါတယ်။ မြို့တွင်းမှာ ကားနဲ့သွားလို့ရတဲ့ ပေတစ်ထောင်လောက်သာ မြင့်တဲ့ တောင်သုံးခု ရှိပြီး၊ မြို့ပြင်တွင် အမြင့်ဆုံး လူရုပ်တောင် ရှိပါတယ်။ ဆင်တောင် မွေတော်စု နဲ့ ၁၂ ပါး ဂူ တောင်တော် တို့ဖြစ်ပြီး၊ နောက်တစ်ခုက လွန်ခဲ့တဲ့တစ်လ မကြာသေးခင်ကမှ ခြုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းထားခဲ့တဲ့ တာခေါင် မွေတော်စု စေတီတောင် ဖြစ်ပါတယ်။ ဒီနေရာမှာ နာမည် တူတာရှိပါတယ်။ အင်းလေး စံကားသွားတဲ့ လမ်းပေါ်မှာ တာခေါင်မွေတော်စု စေတီတော် တစ်ခုလည်း နာမည်တူသလို၊ တည်ထားတဲ့ လက်ရာတွေလည်း တူပါတယ်။ အဲဒီခေတ်က ယွန်းရှမ်းတွေ တည်ထားတယ် လို့ ယူဆရပြီးတော့ ညောင်ရွှေမြို့ဦး သမိုင်းဝင် ရွှေတောင်ဦး စေတီတော်မှာလည်း ယွန်းရှမ်းတွေ ရဲ့ လက်ရာဌာပနာတွေ တူးဖော် တွေ့ရှိထားတယ်လို့ သိထားရပါတယ်။
ဆင်တောင်
ဆင်တောင်ရဲ့သမိုင်းအကျဉ်းက တောင်ထိပ်ပေါ်တွင် ဆင်ဖြူတော်သည် အလိုလို ထွက်လာပြီး၊ ဆိုင်ပိုင်ရှင် ဟာ လူရုပ်တောင်ပေါ်တွင် နေထိုင်သည်ဟု ဆိုပါတယ်။ လူရုပ်တောင်တွင် ဆင်ပိုင်ရှင်နေထိုင်ပြီး၊ ဆင်တောင် တွင် ဆင်ဟာ နေထိုင်ခြင်းဖြစ်ကာ၊ နောင်ပွင့်မည့် ဘုရားရှင်ကို ပိဋကတ် ၃ ပုံဖြင့် ဆပ်ကပ်လှူဒါန်းမည်ဟု ယုံကြည်ကြပါတယ်။ ဆင်တောင်တက်ရာလမ်းတစ်လျှောက်တွင် ဘုရားရှင် နှင့် ရဟန်း ၅၀၀ တို့၏ ဆွမ်းခံ ကြွချီသော ရုပ်ပွားတော်များကို မြင်တွေ့ရပြီးဖြစ်ပြီး၊ တောင်ပေါ်မှ ကြည့်လျှင် မိုးနဲ လူနေရပ်ကွက် ရှုခင်းကို အပေါ်စီးမှ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ ဆင်တောင် ပေါ်ကနေ ရှုခင်းဟာ လူနေအိမ်ခြေများများ တွေ့နိုင်ပြီး၊ ၁၂ ပါး ဂူ ရှုခင်းက မြို့ပြင် လယ်ကွင်းတွေ မြင်ကွင်းပဲ မြင်တွေ့ရမှာပါ။
၁၂ ပါး ဂူတောင်
မိုးနဲမြို့ ဆင်တောင်ရဲ့ မြောက်ဘက်က တောင်တန်းတစ်ခုဖြစ်ပြီးတော့ အောင်သပြေရွာကနေ သွားရပါတယ်။ ဒေဝီမင်းသမီး ၁၂ ပါး တို့သည် ဂူတွင်း ကလေးမွေးပြီး၊ ဂူတွင်ပိတ်မိနေကြပြီး အပြင်မထွက်နိုင်သဖြင့် မင်းသမီး ၁၁ ပါး တို့၏ ကလေးငယ်များကို ဘီလူးမ စားသောက်လိုက်တယ်လို့ ဆိုတယ်။ ဒေဝီ ၁၂ ပါး တို့ရဲ့ မျက်လုံးကို ယူဆောင်သွားတဲ့အတွက် အပြင်ကိုလည်း မထွက်နိုင်တာကြောင့် ကလေးတွေ စားသောက်ကြရတာလို့လဲ ဆိုပါတယ်။ နောက်ဆုံး ဒေဝီမင်းသမီး ဟာ သူ့သားတော် ကို မသတ်စားခဲ့သဖြင့် သားတော် မှ ကြီးဒေါ်များကို ပြန်လည်ရှာဖွေ ကျွေးမွေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတောင်ပေါ်မှာ ပစ္စည်းလှူရင် အစုံလိုက် (၁၂) စီ လှူရတယ် လို့လည်းပြောပါတယ်။ တောင်လှေခါး ထိပ်နားမှာရှိတဲ့ မှန်နန်းဆောင် အနားကို သွားလှူရတာပါ။ စေတီတော် ဘေးနားမှာ နတ်သမီး ၁၂ ပါးနှင့် စဝ်စိုင်းဆိုင်မိုင်း နတ်နန်းဆောင် တို့ကိုလည်း ၂၀၁၁ မှာ ပြန်လည်ပြုပြင်ထားတာတွေ့ရတယ်။
ထူးဆန်းတာတစ်ခုက စေတီတော်လမ်းကြားနားမှာရှိတဲ့ ဒေဝီနတ်သမီး ၁၂ ပါး နေခဲ့တဲ့ ဂူအတွင်း လေ့လာ ကြည့်တော့ အင်မတန်မှ ကျဉ်းမြောင်းပြီး ထိုင်စရာ နေစရာလည်း မရှိပါဘူး။ ကျောက်ချွန်တွေနဲ့ ကုန်းလျော ဖြစ်နေပြီး အောက်ကို ဆင်းသွားရတဲ့ နေရာတွေပဲ မြင်ပါတယ်။ အဲဒီကျောက်ခတ်ကိုလည်း သစ်သားတုတ် နဲ့ ထုပြီး ဆုတောင်းကြလေ့ ရှိပါတယ်။ ထမ်းမွင်း လို့ ရှမ်းဘာသာ နဲ့ ရေးထားပါတယ်။ ဂူအပြင်ဘက်မှာ ရှိတဲ့ တောင်ကြားလမ်းလေးဟာ လူတစ်ကိုယ်စာပဲ လွတ်ပြီးတော့ တရွေ့ရွေ့လိုက်သွားရင် ဟိုဘက်တောင်ကြော အထိ ထွက်ရောက်တယ်လို့ ပြောတယ်။ အတော်ထူးဆန်းဖို့ ကောင်းတယ်။ လူတစ်ကိုယ်စာ ကျဉ်းကျဉ်းလေး အတိုင်း ဟိုဘက်တောင်အထိ ဘာလို့ တိတိရိရိ ပြတ်နေတာလဲ မစဉ်းစားတတ်တော့ဘူး။ သင်္ကြန်တွင်း ဆိုရင် လူစည်လေ့ ရှိပြီး၊ တစ်ကိုယ်စာလေးထဲကို ကြပ်ကြပ်ပိတ်ပိတ် ဝင်ရောက်လာကြတဲ့အတွက် ထွက်မရ ဝင်မရ ဖြစ်တာကြောင့် တစ်ဖက်အဝင် ဒီဘက်ကို အထွက်လို့ သတ်မှတ်ထားကြပါတယ်။
၁၂ ပါးဂူ လှေခါးစောင်းတန်းဆုံးတော့ တစ်ကိုယ်စာဝင်ပေါက် နဲ့ အတွင်းမှာ ရုပ်ပွားတော် ဖူးမြင်ရပြီး၊ ညာဘက် မှာလည်း တစ်ကိုယ်စာ ထွက်ပေါက်လေးနဲ့ ထွက်လိုက်တော့ အပေါ်ကို ထပ်တက်တဲ့ လှေကား ရောက်ပါတယ်။ ဘာလို့ တစ်ကိုယ်စာလေးပဲ ရှိတာလဲ မသိပါဘူး။ အတော်ထူးဆန်းပါတယ်။ ဒီ တစ်ကိုယ်စာအပေါက် လေး တွေ ကနေ ပစ္စည်းတွေ အပေါ်ကို ဘယ်လိုသယ်ပြီးတော့ ဘုရားတည်ထားတာလဲ မေးကြည့်တော့ လက်ဆင့်ကမ်း စနစ်လို့လည်း ပြောပါတယ်။ တောင်ပေါ်မှာ ရှုခင်းသာယာပြီးတော့ အမောပြေပါတယ်။ မိုးနဲက အတော် ပူတော့ ဂူထဲ ရောက်ပြီး တချက်စိမ့်အေးပြီး အမောပြေသလို၊ တောင်ပေါ်မှာလည်း လေတဖြူးဖြူး နဲ့ တစ်ခါ အမောပြေ ပါတယ်။ လိုက်ပို့တဲ့ ဦးလေးကြီး ပြောပုံအရ ငယ်ငယ်တုန်းက ကစားတဲ့နေရာ၊ ရည်းစားနဲ့ ချိန်းတွေ့တဲ့ အခါ မမောနိုင် မပန်းနိုင် ဒီတောင်ပေါ်ကို အမြဲတက်ဆင်းလေ့ ရှိတယ်လို့ ပြောတယ်။
×××
မြို့လည်တွင် မိုးနဲစော်ဘွား နောက်ဆုံး နေထိုင်ခဲ့ရာ ဟော်နန်းကို ယခုအချိန်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အဖြစ် ဖွင့်လှစ်ထားပြီး၊ ဟော်နန်းထဲမှာ ကျိုင်းတုံစော်ဘွားလက်ဆောင်ပေးတဲ့ နွားရုပ်နဲ့ ဟော်နန်းရှေ့မှာ မန်လည်တိုင် နှစ်တိုင် တည်ရှိတာ ဖြစ်ပါတယ်။ ဒီ နွားရုပ်နဲ့ မန်လည်တိုင်ဟာ မိုးနဲမြို့ရဲ့ အထိမ်းအမှတ် ဖြစ်ပြီးတော့ ခရီးသွားများက အများဆုံး လာရောက် ကြည့်ရှုရတာ ဖြစ်တယ်။
စော်ဘွား လေး၊ ငါး ဆက်ကို မှီခဲ့သော မိုးနဲ ဒေသခံ အဘ ဦးဂန္ဓ ပြောပြချက် အရ အဆိုပါ တိုင်သည် မန်လည်တိုင် ဖြစ်ပြီး၊ စော်ဘွားတို့ရဲ့ အဆောင်အယောင် တစ်ခု ဖြစ်ကြောင်း၊ မင်းတုန်းမင်းကြီး လက်ထက်တွင် ချီးမြင့်ခဲ့သော မြို့စား အဆောင်အယောင်ဖြစ်ကြောင်း ဆိုတယ်။
မန်လည်တိုင်သည် ပေ ၂၀ ကျော် မြင့်သော သစ်သားတိုင် ဖြစ်ကာ၊ လက်ရှိတွင် ထီးတစ်ဆင့်သာ ရှိတော့ကြောင်း၊ ယခင်က အပေါ်တွင် ပေ ၂၀ ကျော်သော ကျွန်းတိုင်ကြီး တစ်ပြန် ထီးနောက်တစ်ဆင့် ရှိသေးကြောင်း၊ နောက်ပိုင်း ပြိုကျသဖြင့် ဖျက်ချထားခြင်း ဖြစ်ကြောင်း  မိုးနဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မင်းက ပြောပြသည်။ အဆိုပါ ထီးနှစ်ဆင့် အထက်တွင်မှ ဒေါင်းအလံ စိုက်ထူထားခြင်း ဖြစ်ပြီး၊ ထိုသင်္ကေတ သည် မြန်မာဘုရင် မင်းတုန်းမင်း၏ လက်အောက်ခံ ၊ မိုးနဲမြို့ ထီးနှစ်ဆင့်ရ စော်ဘွားကြီး ဖြစ်ပြီး၊ ရာထူး ပြယုဂ် အဆောင်အယောင် တစ်ခု သာ ဖြစ်ကြောင်း အဘ ဦးဂန္ဓ ပြောစကား အရ သိရသည်။
ထိုတိုင်ဘေးတွင် ဟစ်တိုင်သဘောမျိုးခေါ်နေသော တိုင်တစ်လုံး ထပ်ရှိပြီး၊ ပန်းခက်များဖြင့် ကျွန်းဖြင့် ထုထားသော အထက်တွင် ခေါင်းလောင်း ထားရှိကာ အောက်မှ ကြိုးဖြင့် ဆွဲရသော တိုင်လည်း ရှိသေးသည်။ ရပ်ဝေးရပ်နီးမှ လပြည့်လကွယ်များတွင် တက်လာကြပြီး စော်ဘွားကြီးကိုလာကန်တော့သည့်အခါ ထိုခေါင်းလောင်းကြီးကို ထိုးပြီး အသိပေးရကြောင်း၊ အဆိုပါ ခေါင်းလောင်းကြီးကို ယခုအခါ မြို့ခံများက အန္တရာယ် ရှိသဖြင့် ဖြုတ်သိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။ နယ်စားပယ်စားများက အခါကြီးရက်ကြီး များတွင် တက်ရောက်လာပြီး စော်ဘွားကြီးကို တင်ပြစရာ ရှိသည်များကို တင်ပြခြင်း ၊ အမှုအခင်းများကို ဖြေရှင်းခြင်း များကို ပြုလုပ်ခြင်း၊ ကန်တော့ခြင်းများကို ပြုလုပ်လေ့ ရှိရာတွင် အသုံးပြုရသဖြင့် ထိုခေါင်းလောင်းကြီး ရှိသော တိုင်ကို ဟစ်တိုင်ဟု ခေါ်တွင် ရခြင်း ဖြစ်ကြောင်း သိရတယ်။
xxx
ရှေးသမိုင်း
မိုးနဲမြို့ဟာ စော်ဘွား အဆက်ဆက် အုပ်စိုးခဲ့တာ ဖြစ်ပြီး၊ ရှမ်းပြည်နယ် စော်ဘွားသမို်င်းမှာတော့ မိုးနဲ စော်ဘွားကြီး ဟာ အထူးထင်ရှား ကျော်ကြားပြီး၊ ဘုန်းမီးနေလ ထွန်းတောက်ခဲ့တယ်လို့ ဆိုပါတယ်။
ပုဂံနှင့် ခေတ်ပြိုင်ထွန်းကားခဲ့တယ်လို့ ယူဆကြပြီး၊ မိုးနဲမြို့သမိုင်းကို စာပေမှတ်တမ်း၊ ပေ၊ ပုရပိုက်၊ ခေါင်းလောင်းစာ ကျောက်စာတို့ စသော အထောက်အထားများလည်း အင်မတန် နည်းပါးကြောင်း သိရပါတယ်။ ယခုအခါမှာတော့ တိကျမှန်ကန်တဲ့ မိုးနဲမြို့သမိုင်းကြောင်းကို အသစ်ပြန်လည် ပြုစုနေပြီး၊ အချိန်ယူဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဦးဆောင်ဆရာတော်ဖြစ်တဲ့ မိုးနဲမြို့နယ် သံဃနာယက ဥက္ကဌ ဆရာတော် မှ မိန့်ပါတယ်။
မိုးနဲမြို့မှာ ဘုရားစေတီတော်ပေါင်း မည်မျှတည်ထားခဲ့သည်ကို ယခင်ကလည်း စာရင်းအတိအကျ မသိခဲ့သလို၊ ယခုအချိန်မှာလည်း ဘယ်လောက်များ ပြိုပျက်ကုန်ပြီလဲ ဆိုတဲ့ စာရင်းကိုလည်း မသိရှိနိုင်ပါဘူး။ ဒါကို ရှေးဟောင်းသုတေသန ထိန်းသိမ်းစောင့်ရှောက်ရေး ဌာန နဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန တို့က စနစ်တကျ လေ့လာပြီး ရှာဖွေဖော်ထုတ် စာရင်းပြုစုဖို့ အရေးတကြီး လိုအပ်ပါတယ်။

×××
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ လိုအပ်ချက် ရှိနေသေး
ယခင်လွန်ခဲ့တဲ့ နှစ်တွေတုန်းက ယူနက်စကို အဖွဲ့နဲ့ နိုင်ငံတကာ သုတေသန အဖွဲ့တွေဟာ မိုးနဲမြို့က ရှေးဟောင်း ဘုရားတွေကို လာရောက် လေ့လာခဲ့ကြပြီး၊ ရှေးဟောင်း သမိုင်းဝင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖို့ အတွက် လတ်တလော မဖြစ်နိုင်သေးဘူးလို့ သိရှိရပါတယ်။ လူနေအိမ်များ၊ ရပ်ကွက်များအတွင်း တည်ရှိနေခြင်း၊ လူများနေထိုင်ခြင်းတို့ကြောင့် လွယ်ကူနိုင်ခြင်း မရှိသေးကြောင်း ပြောဆိုခဲ့ပါတယ်။
×××
မိုးနဲမြို့နဲ့ လင်းခေးမြို့တို့မှာ ရှေးယခင်က အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ယိုးဒယားကို စစ်ချီတက်ရာ လမ်းကြောင်းအဖြစ်အသုံးပြုခဲ့ပြီး၊ စစ်ချီတက်စဉ်က တည်ထားကိုးကွယ်ခဲ့တဲ့ စေတီတော် များကိုလည်း ဖူးမြင်ခဲ့ရပါသေးတယ်။ ယခုအချိန်မှာတော့ စေတီများကို ပြန်လည် ပြုပြင်မွမ်းမံခဲ့ကြပြီး၊ အသစ်တစ်ဖန် ပြင်ဆင်ထားတာတွေလည်း ရှိပါတယ်။
နောက်တစ်ချက် အနေနဲ့ လင်းခေးနဲ့မိုးနဲမြို့ဟာ ခရီးသွား Trecking လုပ်ငန်း နဲ့ Eco Tourism လို့ ခေါ်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေ လာလည်ခွင့်ရမယ် ဆိုရင် လည်ပတ်စရာ နေရာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ လင်းခေးမြို့ဟာ နမ့်တိန်းချောင်းလေး ကွေ့ပတ်စီးဆင်းနေတဲ့ မြို့ဖြစ်ပြီးတော့ သံလွင်မြစ်အတွင်း စီးဝင်ပါတယ်။ သံလွင်မြစ်ဟာ နယ်ခြားစည်းမျဉ်းအဖြစ် ဖြတ်သန်းနေပြီး၊ လင်းခေးမြို့နဲ့ ဟိုမိန်းမြို့တို့ကို ကန့်သတ်ဖြတ်သန်းစီး ဆင်းနေပါတယ်။ လင်းခေးတောင်ဘက်မှ တဆင့် ဟိုမိန်းမြို့ ကို ရောက်ရင် တစ်နာရီအတွင်း တစ်ဖက် ယိုးဒယားနိုင်ငံ ထဲကို သွားရောက် လည်ပတ်နိုင်မှာလည်း ဖြစ်ပါတယ်။ အင်မတန် ပူပေမယ့် မြစ်ချောင်းတွေ ရှိတဲ့အတွက်ကြောင့် သာယာတယ်လို့ ပြောလို့ရပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းမှာ လွိုင်လင်ထိသာသွားလာခွင့် ပြုထားပြီး၊ တားမြစ််နယ်မြေဆိုရင် ရှမ်းပြည်နယ် အစိုးရနဲ့ သက်ဆိုင်ရာကို အသိပေး အကြောင်းကြားပြီးမှ သွားလာခွင့်ရတာဟာ အဟန့်အတား တစ်ခု ဖြစ်နေကြောင်း ဒေသခံ တို့က သုံးသပ် ပြောဆိုကြပါတယ်။ တကယ်လို့သာ သွားလာခွင့် ရမယ် ဆိုရင် ပင်လုံ ကျောက်တိုင်၊ နမ့်စန် ၊ မိုးနဲ နဲ့ လင်းခေး မြို့ တို့ဟာ လည်ပတ်စရာ အလွန်ပေါပြီး ၊ ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသားတွေ ကြိုက်နှစ်သက်တဲ့ နေရာကောင်းတွေ အများကြီး ရှိနေတာ ဖြစ်ပါတယ်။
×××
ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့ရှိ မိုးနဲမြို့ ရှိ ရှေးဟောင်းသမိုင်းဝင် စေတီတော်များသည် မြို့တွင်း စေတီတော်များကိုသာ ထိန်းသိမ်းနိုင်ခြင်းဖြစ်ပြီး၊ မြို့ပြင်တွင် ရှာမတွေ့ဘဲ ပျက်စီးပျောက်ဆုံးနေသော ရှေးလက်ရာများစွာ ကျန်ရှိနေသေးသည်ဟု သိရသည်။
မိုးနဲမြို့သမိုင်းသည် ဘီစီ (၅၁၉) တွင် ပထမ မိုးနဲ၊ ဒုတိယ မိုးနဲ၊ တတိယ မိုးနဲ ဟူ၍ ခေတ်ကာလခွဲခြားထားပြီး၊ ပထမမိုးနဲသည် နန္ဒာပူရ ၊ ရှမ်းဘာသာ နံသာပူ ဟုခေါ်ပြီး၊ ဒုတိယ မိုးနဲသည် လက်ရှိ မိုးနဲမြို့၏ အရှေ့ဘက်တွင် ၇ မိုင် အကွာတွင် တည်ရှိသည်ဟု ဆိုပြီး၊ လက်ရှိ မိုးနဲမြို့သည် တတိယ မိုးနဲမြို့ ဖြစ်သည်ဟု အကျဉ်းချုံး သမိုင်းကြောင်း ကို လွှတ်တော်ကိုယ်စားလှယ် ကပြောပြသည်။ လက်ရှိ မိုးနဲမြို့နယ် အတွင်းရှိ စေတီတော်ကြီး ၄ ဆူ အပါအဝင် မြို့တွင်းရှိ စေတီတော်ငယ်များကိုသာ ရှာဖွေထိန်းသိမ်းနိုင်သေးပြီး၊ မြို့ပြင် နေရာများတွင် ပျက်စီး ပျောက်ကွယ်သွားသော စေတီတော် များစွာ ရှိခဲ့ကြောင်း၊ ရှာမတွေ့ဘဲ လက်လှမ်းမမှီဘဲ ခြုံနွယ်ပိတ်ပေါင်းများဖြင့် ပျောက်ဆုံးနေသော စေတီတော်ပေါင်းများစွာ ရှိကြောင်း မိုးနဲမြို့၊ လွိုင်မြေရပ်ကွက်၊ ၀ိဇ္ဇာရိယဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဦးဆောင် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တော်ရ ဆရာတော် ဘဒ္ဒန ္တမာဃိန္ဒ ထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့တွင် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသော စေတီတော်ပေါင်း ၄၄၇ ဆူ ရှိပြီး၊ လတ်တလောတွင် ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းပြတိုက်၊ စာပေ၊ ပရပိုက် စာကြည့်တိုက် နှင့် ဓမ္မဗိမ္မာန် တစ်ဆောင် ကို တည်ဆောက်ထားရှိရန် စီစဉ်နေကြောင်း မိုးနဲမြို့၊ လွိုင်မြေရပ်ကွက်၊ ၀ိဇ္ဇာရိယဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဦးဆောင် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တော်ရ ဆရာတော် ဘဒ္ဒန ္တမာဃိန္ဒ ထံမှ သိရသည်။
“ မိုးနဲမြို့မှာ ရှေးဟောင်းစေတီတော် ပြုပြင်ထိန်းသိမ်းဖို့ သိပ်အရေးကြီးတယ်။ ဘာလို့ဆိုရင် သမိုင်းကို ကြည့်မယ် ဆိုရင် စော်ဘွား အဆက်ဆက်အုပ်ချုပ်ခဲ့တာတွေရော၊ စော်ဘွားခေတ်က တည်ထား ကိုးကွယ်ခဲ့တဲ့ စေတီဘုရားပုထိုး ကျောက်ကန်တွေ ဆိုတာ မိုးနဲမှာအများကြီးရှိတယ်။ ခြုံနွယ်တွေထဲ ပိတ်ဖုံးလွှမ်းနေတာ အများကြီး ကျန်သေးတယ်။ မြို့ပတ်ဝန်းကျင်လောက်ပဲ မြို့တွင်းလောက်ပဲ မြင်တယ်။ မြို့တွင်းရှိတဲ့ စေတီ ဘုရားပုထိုးတွေ ဆိုတာ ပုံစံ ၁၀၅ လဲ မရှိနယ်မြေလဲ သတ်သတ်မှတ်မှတ်မရှိဘူး။ ဒါကြောင့် ထိန်းသိမ်း ပြုပြင်ဖို့ သိပ်အရေးကြီးတယ်။ စော်ဘွားခေတ်ကတော့ အာဏာနဲ့ပဲ မြေဂရမ်လည်း မလိုဘူး။ ဒီခေတ်က မသမာလောဘ များလာတော့ စီးပွားရေးကလည်း အကြပ်အတည်း၊ နည်းနည်းပါးပါး ငြိမ်းချမ်းလာတော့ စိုက်ပျိုးချင်တော့ ယာတွေ ချဲ့လာကြတယ်။ ယာတွေ တိုးချဲ့တော့ သစ်ပင်တွေလည်း ပြုန်းတီးလာတယ်။ ဘုရားနယ်မြေလည်း မသိတော့ဘူး။ ကျူးကျော်တယ်လဲ ပြောလို့မရဘူး။ ဘုရားနယ်မြေက သတ်သတ်မှတ်မှတ် မရှိဘူး။ ခရီးသွား လုပ်ငန်းဖြစ်လာပြီဆိုရင် မိုးနဲမှာ ကိုယ့်မြို့ခံအနေနဲ့ မျက်နှာငယ်ရမှာ စိုးရတယ်။ ဒါကြောင့် ပြုပြင်တာထက် ထိန်းသိမ်းဖို့ သိပ်အရေးကြီးတယ်။ တချို့က ပြုပြင်ချင်တယ်။ အရင်ကတော့ ရှေးဆရာတော်ခေတ်ကလို ပြုပြင်ချင်တယ်ဆိုရင် ရတယ်။ ခုက ရှေးဟောင်းသုတေသန အဖွဲ့တွေက လာပြီး သတ်မှတ်သွားတဲ့နေရာတွေ ရှိတယ်။ အဲဒီနေရာတွေကို ပြုပြင်ဖို့ အခွင့်အရေး မရဘူး။ တချို့က လက်ရာတွေ ပျက်တာရှိတယ်။ ဦးဇင်းတို့ အမြင်ကတော့ မပြင်စေချင်ဘူး။ ရှေးဟောင်းလက်ရာ ပျက်သွားရင် တန်ဖိုး ကျဆင်းမယ်။ ပြုပြင်ဖို့တော့ စဉ်းစားရဦးမယ်။ ”
ဟု မိုးနဲမြို့နယ် သံဃနာယက ဥက္ကဌ ဆရာတော် ဘဒ္ဒန ္တမာဃိန္ဒ က မိန့်ကြားသည်။
မိုးနဲမြို့၊ သာသနာ့ဗိမ္မာန်ဖြစ်မြောက်ရေးအတွက် စာပြန်ပွဲ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အဖြစ် ကြိုးစားခဲ့ခြင်း ဖြစ်ပြီး၊ မိုးနဲမြို့ရှိ ဘုန်းကြီးကျောင်းပေါင်း ၄၆ ကျောင်း တို့မှ တစ်ကျောင်းလျှင် တစ်လ တစ်သောင်းနှုန်းဖြင့် စုငွေ ကောက်ခံလာသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ စေတနာသဒ္ဒါတရားဖြင့် လှူဒါန်းမည့် ပုဂ္ဂိုလ် လိုအပ်နေကြောင်း သိရသည်။ (၂၀၁၉ ခုနှစ်က ဖြစ်သည်)
မိုးနဲမြို့ကို ရှေးဟောင်းသမိုင်းဝင်မြို့ နှင့် ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်သော မြို့အဖြစ် သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရကို တင်ပြခဲ့သော်လည်း အစိုးရမှအသိအမှတ်ပြုပေးနိုင်ခြင်း မရှိသည့်အတွက် နားမလည်နိုင်အောင် ဖြစ်ရကြောင်း၊ မိုးနဲမြို့ရှိ၊ ရှေးဟောင်းအမွေအနှစ်စေတီတော်များကို ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် အခွန်လွတ်သာသနာ့ဂရမ်မြေ အမြန်ဆုံး ထုတ်ပေးနိုင်ရန် အရေးတကြီး လိုအပ်သည်ဟု ဒေသခံများက က ပြောသည်။
လတ်တလောတွင် မိုးနဲမြို့ရှိ စေတီတော်များ ပြုပြင်ရှင်းလင်းခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်းများကို သံဃာတော်များ၊ လွှတ်တော်ကိုယ်စားလှယ်၊ ရပ်မိရပ်ဖ ဒေသခံပြည်သူလူထုများ စုပေါင်းအင်အားဖြင့် တတ်စွမ်းသမျှ ဝိုင်းဝန်းဖော်ဆောင်လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း၊ စေတီကြီး ၄ ဆူ ကိုရှင်းလင်းခဲ့ပြီး၊ ဆက်လက်၍ မိုးနဲမြို့ ပတ်လည်ရှိ စေတီတော်များကို ဆက်လက်ရှာဖွေ၍ ထိန်းသိမ်းခြင်းလုပ်ငန်းများကို တတ်စွမ်းသမျှ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော်က မိန့်သည်။
ရှမ်းပြည်တောင်ပိုင်းတွင် ရှိသော၊ ရှမ်းပုဂံ ဟု တင်စားခေါ်ဝေါ်ကြရသော ဘုရားစေတီတော်ပေါင်း မြောက်များစွာ တည်ရှိသည့် မိုးနဲမြို့ကို ရှေးဟောင်းသမိုင်းဝင်မြို့အဖြစ် အသိအမှတ်ပြုပေးခြင်းနှင့် ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်သော မြို့အဖြစ် ကူညီဆောင်ရွက်ပေးပါရန် အတွက် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်၊ မိုးနဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ ဦးစိုင်းမွန်းလိန်မှ ဒုတိယသမ္မတ(၁) နိုင်ငံတော်အစိုးရအဖွဲ့ဝင် ဦးမြင့်ဆွေ ထံသို့ 2018ခုနှစ် ဇွန်လ (၁၉)ရက် ရက်စွဲပါ စာဖြင့် တင်ပြခဲ့ခြင်း ဖြစ်ပြီး၊ လတ်တလောတွင် သတ်မှတ်နိုင်ခြင်းမရှိနိုင်ဟု အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။
ရှမ်းသမိုင်းတွင် မိုးနဲမြို့ သမိုင်းသည် မပါမဖြစ် အရေးပါပြီး၊ သမိုင်းကြောင်း အစဉ်အလာ ကြီးမားသော မြို့တစ်မြို့ ဖြစ်ကာ၊ မိုးနဲမြို့တွင် ရှိသော ရှေးဟောင်း စေတီတော်များကို ထိန်းသိမ်းခြင်းဖြင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးများ လုပ်ဆောင်ရန် ဒေသခံများက လိုလားလျှက်ရှိကာ၊ လက်ရှိတွင် စေတီတော် အတော်များများမှာ ပျက်စီးပုံကျတော့မည့် ဘေးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ကို မြင်တွေ့ရသည်။
Xxx  xxx
အထက်တွင် ပြောခဲ့သလိုပါပဲ။ ရှေးဟောင်းသမိုင်းဝင် ပစ္စည်းများဆိုတာ လုပ်ယူဖန်တီးယူလို့ မရပါဘူး။ ပိုက်ဆံ သာရှိရင် ပင်လယ်ထဲ ကျွန်းတုတွေ၊ တံတားအကြီးစားတွေ ဖန်တီးလို့ ရပါတယ်။ ဒီလို သမိုင်းဝင်မြို့အဖြစ် ပိုက်ဆံနဲ့ ဖန်တီးလို့ မရပါဘူး။ ဒါတွေက နှစ်ပေါင်းများစွာ ဖြတ်သန်းလာတဲ့ သမိုင်းဝင် အမွေအနှစ်တွေ ဖြစ်တာမို့ ဒါကို ထိန်းသိမ်းလိုက်ခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေ ရှာတဲ့ လုပ်ငန်းကိုလည်း အကျိုးခံစားခွင့် ရရှိမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဒီအချက်တွေ ထည့်သွင်းစဉ်းစားသင့်တယ်လို့မြင်ပါတယ်။
မိမိတို့နိုင်ငံရှိ နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့သော ရှေးဟောင်းအမွေအနှစ် များကို ပြည်သူပြည်သားများက လက်ဆင့်ကမ်း ထိန်းသိမ်းကြပါလို့ တိုက်တွန်းရင်း ---
ကျန်းမာရွှင်လန်းကြပါစေ
Sitha(Tgi)
+++

No comments:

Post a Comment


Aung Hein - နည္​းပညာ