Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Saturday, April 16, 2022

Birthday Blood Donate

 ဇီဝိတ ဒါန



ကျွန်တော့်အသက်(၃၉) နှစ် ပြည့် မွေးနေ့ အမှတ်တရ မိဘကျေးဇူး ဆပ်သည့် အနေဖြင့် မွေးလ ဧပြီလ အတွင်း အကြိမ်(၃၀) မြောက် သွေးလှူဒါန်းနိုင်ခဲ့ပါပြီ။ မွေးရက် (၃) ရက်၊ အင်္ဂါနေ့ ကျော်လွန်ပြီးမှ ဧပြီလ (၁၅) ရက် ရောက်တော့မှ တိုက်ရိုက် သွေးလှူဒါန်းခွင့် ကြုံခဲ့ရတာပါ။ ဒီတစ်ကြိမ်မှာတော့ သွေးဖောက်တဲ့ ဆရာသမား လက်စွမ်းပြလို့ နည်းနည်းတော့ အောင့်ပြီး နာတဲ့အတွက် ဇောချွေးတောင် ပြန်ပါတယ်။ ဘာမဟုတ်တဲ့ သွေးလှူဒါန်းခြင်း သွေးဖောက်ခြင်း မှာတောင် ဒီလောက် နာကျင်ရ ရင်၊ လူတိုင်း မလွဲမသွေ ကြုံကြိုက်ရမယ့် ကြောက်မက်ဖွယ် သေခြင်းတရား ကိုလည်း နှလုံးသွင်း ဆင်ခြင်မိပါတော့တယ်။ ဒီတစ်ကြိမ် မိမိ မွေးနေ့ တွင် ကုသိုလ် ကောင်းမှု များများစားစား မလုပ်နိုင်ခဲ့ပေမယ့် စိတ်ကိုဖြူစင်အောင် ထားနိုင်ဖို့ ကြိုးစားနေပါတယ်။ (၂၀၂၀ ပြည့်နှစ်၊ ၂၀၂၁ ခုနှစ်၊ တို့မှာ သွေးလှူဒါန်းနိုင်ခြင်း မရှိသည့်အတွက် ကုန်လွန်တဲ့အချိန်တွေကို နှ မြော နေမိပါတယ်။)
မိမိ ပြုခဲ့မိသမျှ သော ကုသိုလ်ကောင်းမှု အပေါင်းတို့ကို ခုနှစ်ရက် သားသမီး အပေါင်းတို့အား အမျှ ပေးဝေ ပါသည်။ သတ္တ၀ါ အပေါင်း ကျန်းမာ ချမ်းသာ ခြင်း ပြည့်စုံနိုင်ကြပါစေဗျာ။
STH
15-April-2022 (Friday)







No comments:

Post a Comment


Aung Hein - နည္​းပညာ