Font

Wellcome

စည္သာဟိန္း မွ လႈိုက္လွဲစြာၾကိဳဆိုပါသည္

Tuesday, May 3, 2022

နွေရာသီအပူရှောင် နမ့်ဗေး ရေတံခွန်မှာ ရေကူးကြမယ်


စည်သာ(တောင်ကြီး)

တစ်ခါတစ်လေ မိသားစု အပန်းဖြေခရီးပဲဖြစ်ဖြစ်၊ မြို့နဲ့မလှမ်းမကမ်း ကလေးငယ်များရော လူကြီးတွေပါ ရေကစားလို့ ကောင်းမယ့် နေရာလေးတစ်ခု၊ အပြန်မှာ ဘုရားဖူးလို့ရမယ့် နေရာလေးကို ခေါင်းခြောက်ခံအောင် ထိုင်စဉ်းစားနေစရာ မလိုပါဘူး။ ဆိုင်ကယ်လေးနဲ့ တစ်ပိုင်တစ်နိုင် သွားရောက်လည်ပတ်လို့လဲ ရပါသေးတယ်။

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ ကက္ကူမွေတော် ဘုရားစေတီစု အနီးနားမှာ ရှိတဲ့ နမ့်ဗေး ရေတံခွန်ဟာ တဖြေးဖြေးနဲ့ လူသိများလာပြီး၊ ယခုဆိုရင် လပြည့်လကွယ်နေ့များမှာ လူတိုးမပေါက်အောင် စည်ကားလျှက် ရှိတယ်လို့ သိရပါတယ်။

ယခင်က အဲဒီ နမ့်ဗေး ရေတံခွန်လေးဟာ လူသူအရောက်အပေါက်နည်းပေမယ့်၊ လူမှုကွန်ရက်မှာ ကျော်ကြားလာပြီး နောက်ပိုင်းမှာတော့ လာရောက်လည်ပတ်သူ အထူးများပြားလာတာကြောင့် အခုဆိုရင်တော့ ရေတံခွန်ကို ပြင်ဆင်မှုများ ပြုလုပ်ထားတာ အရင်ကနဲ့ မတူတော့ဘဲ ၊ တမူထူးခြား ပြောင်းလဲလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ရှမ်းတောင် ကျောက်တစ်လုံးကြီး လမ်းကြောနဲ့ ဟိုပုံး-ဆီဆိုင် လမ်းကြောဆိုပြီး တောင်မြောက် သွယ်တန်း နေတဲ့ လမ်းကြောနှစ်ခုမှာ သွားရောက်လည်ပတ်စရာနေရာတွေ တော်တော်များများ ရှိပါတယ်။ နောက်ပိုင်း ဟိုပုံး ရေထွက်မှာ ရေတိမ်လို့ ရေကစားလို့ ကောင်းပေမယ့် နမ့်ခုတ်နားမှာလဲ ရေတံခွန်တစ်ခု ပေါ်လာပြီး၊ သွားရောက် လည်ပတ်သူတွေ များလာတယ်လို့ သိရတယ်။ ဒါပေမယ့် လူသူအရောက်အပေါက်နည်းနေသေး လို့ ရေနစ်ခဲ့ရင် ဒုက္ခဖြစ်ခဲ့ရင် ကူညီမယ့်သူမရှိဘဲ အသက်ဘေးနဲ့ ရင်ဆိုင်နိုင်ရပြီး၊ နမ့်ဗေး ရေတံခွန်မှာတော့ အဲဒီလို အဖြစ်မျိုး မကြုံနိုင်ဘဲ ရေတံခွန် ထိန်းသိမ်းစောင့်ရှောက်တဲ့အဖွဲ့ကနေ ရေမကူးတတ်တဲ့သူတွေကို ရေနက်တဲ့ နေရာတွေ မသွားကြဖို့နဲ့၊ ဂရုစိုက်ရမယ့် နေရာတွေကို သတိထားကြဖို့ အစောင့်အရှောက် လုံခြုံရေး ၃ ဦးနဲ့ လှည့်လည် ကြည့်ရှုပေးနေပြီး၊ မတော်တဆ လာရောက်လည်ပတ်သူဧည့်သည်ရေနစ်ခဲ့ရင်လဲ ဝီစီမှုတ်လိုက်ပြီးတော့ အဖွဲ့လိုက် ကယ်ဆယ်ရေးစနစ်ကိုလဲ ပြင်ဆင်ထားတာဖြစ်ပါတယ်။ နမ့်ဗေး ရေတံခွန် ယာဉ်ဝင်ကြေး ကောက်ခံလာပြီး နောက်ပိုင်းမှာတော့ လမ်းကိုကျောက်ချောခင်းပေးခြင်း၊ ရေတံခွန်ထဲကို မနီလာ ကြိုးတွေနဲ့ တန်းထားပြီး၊ ဆီပုံးအဝါရောင်တွေ ချည်ထားပေးခြင်းအားဖြင့် ရေမကူးတတ်တဲ့သူတွေ ကြိုးတန်းကို ဆွဲပြီး လမ်းလျှောက်လို့ ရအောင်လဲ လုပ်ထားပေးပါတယ်။

×××

နမ့်ဗေးကို ဘယ်လိုသွားမလဲ

တောင်ကြီးကနေ ကျောက်တစ်လုံးကြီး လမ်းအတိုင်း သွားရပါမယ်။ ကက္ကူအထိ ရောက်အောင် ပထမ သွားရပါမယ်။ တောင်ကြီးကနေ ရွာစဉ်အတိုင်း ပြောရမယ်ဆိုရင် နောင်ကား၊ နောင်ပစ်၊ နားဟီး၊ ဟမ်းဆီး ကျော်တာနဲ့ ကက္ကူမွေတော် စေတီစုကို ကျော်သွားရပါမယ်။ ကက္ကူမှ ဆက်သွားရင် လွယ်ဆောင်ကျေးရွာ သွားလမ်းအတိုင်း သွားရပါမယ်။ ကက္ကူဘုရားအတွင်းလမ်းကို ဝင်သွားလိုက်ပြီး ဘယ်ဘက်ကို ချိုးသွားရင် ဘန်းယဉ်သွားတဲ့လမ်းကို ရောက်ပြီးတော့၊ ကက္ကူဘုရား ညာဘက် လမ်းအတိုင်းသွားလိုက်မယ်ဆိုရင် ဆိုက်ခေါင် သွားတဲ့လမ်း ဖြစ်ပါတယ်။ အဲဒီလမ်းအတိုင်းသွားလိုက်မယ်ဆိုရင် လွယ်ဆောင်ကျေးရွာကို ကျော်ပြီးတာနဲ့ လမ်းဆုံကို ရောက်ရှိမှာဖြစ်ပါတယ်။ အဲဒီလမ်းဆုံကတော့ လွယ်ဆောင်ရွာ လမ်းခွဲ ဖြစ်ပြီး ဆိုက်ခေါင်သို့ (၉မိုင်၁ဖာလုံ) ကက္ကူဘုရား (၄မိုင် ၃ဖာလုံ) ဆိုတဲ့၊ လမ်းပြဆိုင်းဘုတ်ကိုလဲ ညွှန်ပြထားပြီး၊ လမ်းနှစ်ဖက်စလုံးမှာ စာသားတွေနဲ့ ညွှန်ပြထားတာကို တွေ့ရပါမယ်။

အဲဒီ လွယ်ဆောင်ကျေးရွာလမ်းခွဲကနေ ဆိုက်ခေါင်လမ်းအတိုင်း နည်းနည်းလေး သွားလိုက်မယ်ဆိုရင် ၁၅ မိနစ် သာသာလောက်မှာ လမ်းညာခြမ်းမှာ ကက္ကူကျေးရွာအုပ်စု၊ နမ့်ဗေးကျေးရွာ ဆိုင်းဘုတ်ကို တွေ့ရမှာဖြစ်ပြီးတော့ နမ့်ဗေး ရေတံခွန်သို့ ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီဆိုင်းဘုတ်အတိုင်း နမ့်ဗေးရွာအတွင်းကို တစ်မိုင်ကျော် နှစ်မိုင်လောက် ထပ်သွားရပါသေးတယ်။ နမ့်ဗေးအဝင်လမ်းဟာ အတော်ဆိုးပြီးတော့ မြေသားမှုန့် တွေ ညက်နေပြီး၊ ဆိုင်ကယ်နဲ့ သွားလာရအဆင်မပြေဖြစ်ပါတယ်။ အခန့်မသင့်ရင် လျောပါသွားပြီးတော့ မှောက်လဲတတ်ပါတယ်။ ကျွန်တော်က အပြန်မှာတော့ ရွာတွင်းလမ်းကို ပတ်ပြန်ပြီးတော့ စာသင်ကျောင်း နံဘေးမှာ ထွက်လိုက်မယ်ဆိုရင် အဲဒီ မြေသားအမှုန့် အဝင်လမ်း ဒုက္ခကို ကျော်ကွင်းနိုင်မှာ ဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်။ ရေတံခွန်ရောက်ခါနီးမှာ ချောင်းကူးတံတားလေးကို ခေါင်မိုးပါတဲ့တံတားလေး ထိုးထားပြီး စိတ်ကူးယဉ် ဆန်ဆန်လေး ဖြစ်နေပါတယ်။ တံတားကို ကျော်လိုက်ရင် ချောင်းမကြီး တစ်ဖက်တစ်ချက်ကို ကြည့်ရှုလို့ရပါတယ်။ အဲဒီချောင်းကနေ ချောင်းဖျားကို ဆန်တက်လိုက်ပြီး ဘယ်ဘက်ကို ကွေ့လိုက်မယ် ဆိုရင် မောင်းတန်ဂိတ်ထိုးထားတဲ့ နမ့်ဗေး ရေတံခွန်ကို မဆိုင်းမတွ ရောက်ရှိစေမှာဖြစ်ပါတယ်။ နွေရာသီတွေမှာ သွားလည်မယ်ဆိုရင်တော့ အင်မတန် ရေဆော့ကစားလို့ ကောင်းတဲ့အချိန်ကောင်းပဲ ဖြစ်ပါတယ်။

×××

ထူးခြားတဲ့ နမ့်ဗေး ရေတံခွန်

ဒီနမ့်ဗေး ရေတံခွန်လေးကို လာရောက်လည်ပတ်ကြသူတိုင်းဟာ စိတ်ကျေနပ်မှုတစ်ခု ရရှိစေမှာဖြစ်ကြောင်း စာရေးသူ အာမခံပါတယ်။ မသွားရောက်ဖူးသူတွေလဲ နွေရာသီ အချိန်မှီသွားရောက်လည်ပတ်ကြဖို့ တိုက်တွန်း လိုပါတယ်။ မိသားစုလိုက်၊ သူငယ်ချင်းများအ ဖွဲ့လိုက်သွားရောက် လည်ပတ်မယ်ဆိုရင် အင်မတန် ပျော်ရွှင်စရာ ကောင်းတဲ့ခရီးလေးတစ်ခု ဖြစ်နေမှာပါ။

နမ့်ဗေး ရေတံခွန်မှာ ရှိတဲ့ ကျောက်ရိုးတွေက သဘာဝကျောက်ရိုးတွေဖြစ်ပြီးတော့၊ ရှေးနှစ်သန်းပေါင်းများစွာ ထဲက ကျောက်ရိုးတွေ ဖြစ်တည်လာခဲ့ကြတဲ့ လက္ခဏာရှိပါတယ်။ သစ်ရိပ်ဝါးရိပ် တောကြီးဂနိုင် ဖြစ်နေတော့ စိမ့်စမ်းရေတမျှ အေးမြပြီး စိတ်ကို ကြည်လင်စေပါတယ်။

အခုဆိုရင်လဲ စားသောက်ဆိုင်၊ မုန့်ဆိုင်လေးတွေနဲ့ စည်ကားနေပြီးတော့ ရေတံခွန်ကိုလဲ ပြင်ဆင်ထားတာတွေ ကြောင့် အင်မတန်မှ ရေကူးလို့လဲ အဆင်ပြေပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ရေမကူးတတ်သူများ၊ ရေမကူးဖူး သူများ ရေနက်ပိုင်းကို မသွားကြဖို့ လိုသလို၊ ရေကူးရာမှာ လာသမျှ လူတွေက အဝတ်တွေ မချွတ်ဘဲ ကူးတာမျိုး၊ ဖိနပ်ကြီးတွေ မချွတ်ဘဲ ကူးကြတာမျိုးတွေကြောင့် ရေနစ်တတ်ပါတယ်။ ရေနစ်ပြီဆိုရင်လဲ ထူထူထဲထဲ ဝတ်ဆင်ထားတဲ့ အဝတ်တွေနဲ့ကြောင့် ကယ်ဆယ်ရ အင်မတန် ခက်ပါတယ်။ ဒါကြောင့် ရေဆင်းကူးမယ်ဆိုရင် အတတ်နိုင်ဆုံး ရေကူးဝတ်စုံ မရှိရင်တောင်မှ ပါးလွှာတဲ့ဝတ်စုံဝတ်ဆင်ပြီး ရေကူးရင် အဆင်ပြေနိုင်ပါတယ်။

လာရောက်လည်ပတ်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့အမှိုက်များကို မိမိတို့ ပြန်လည်သိမ်းဆည်းသော နည်းလမ်းဖြင့် ပတ်ဝန်းကျင်ကို ကူညီပေးရာလဲ ရောက်ပါတယ်။

×××

ကုသိုလ်လဲရ ၊ ဝမ်းလဲ ၀

အပြန်မှာ ကက္ကူမွေတော် စေတီတော်စုကို ဝင်ရောက်လည်ပတ်ဖူးမျှော်နိုင်ပြီးတော့ ညောင်ပင်ကြီးတွေနဲ့လဲ ဓါတ်ပုံရိုက်လို့ရပါတယ်။ ကက္ကူစျေးထဲမှာ လည်ပတ်စားသောက်ရင်းနဲ့ အိမ်အတွက် စားသောက်စရာလေးတွေ လဲ ဝယ်ခြမ်းပြုလို့ စျေးသုံးလို့လဲ ရပါသေးတယ်။ အရင်တုန်းက ကက္ကူကျေးရွာ အနီးတစ်ဝိုက်မှာ နေကြာပန်း ခင်းများ၊ မုန်ညင်းခင်းများ စိုက်ပျိုးထားလို့ အင်မတန်မှ လှပတဲ့ရှုခင်း တွေကို သွားရောက်ကြည့်လို့ရပါသေးတယ်။

တောင်ကြီးမှတွက်ရင် ကျောက်တစ်လုံးကြီး လမ်းကြောင်းနဲ့ ဟိုပုံး-ဆီဆိုင် လမ်းကြောင်း နှစ်ခုဟာ မျဉ်းပြိုင်နှစ်ခု လိုသွယ်တန်းနေတာကို Gmap မြေပုံထဲ ရှာကြည့်လို့့ရပါတယ်။ အဲဒီလမ်းကြောင်းနှစ်ခုကို ကူးသန်းဖို့အတွက် လမ်းဆုံကတော့ ကက္ကူဟာ ဆုံချက်တစ်ခု ဖြစ်ပါတယ်။ ကက္ကဘုရား အရှေ့ဘက် လမ်းကြားကနေ လမ်းခွဲအတိုင်း သွားလိုက်မယ်ဆိုရင် ဘန်းယဉ်ကို ရောက်ပြီး၊ ကက္ကူအကျော် လမ်းအတိုင်းသွားမယ်ဆိုရင် ဆိုက်ခေါင်ကို ရောက်ရှိတာဖြစ်ပါတယ်။

×××

လိုအပ်ချက်တွေ ရှိနေသေး

နမ့်ဗေးအဝင် လမ်းမကြီးဟာဖုန်ထူပြီး မှုန့်ညက်နေတဲ့ မြေမှုန်တွေကြောင့် ဆိုင်ကယ်မောင်းရတာ အင်မတန် ခက်ခဲစေပါတယ်။ အဲဒီဖုန်မှုန့်တွေကို ခပ်ထုတ်ပြီးတော့ ကျောက်ချောလမ်း ခင်းလိုက်မယ်ဆိုရင်တော့ သွားလာရ လွယ်ကူသွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက နမ့်ဗေး ကျေးရွာအဝင်လမ်းခွဲကနေ ရွာတွင်းသွားရာလမ်းတစ်လျှောက် ဆိုင်းဘုတ်ငယ်ငယ် လေးတွေပဲ ထောင်ထားပြီးတော့ တကယ်လို့  လမ်းမသိသူတွေက မသွားတတ် မလာတတ်တာမို့ နည်းနည်းကြီးပြီး ထင်သာမြင်သာ ရှိစေမယ့် ဓါတ်ပုံတွေနဲ့ လမ်းညွှန်ပေးထားမယ်ဆိုရင်တော့ ပိုပြီး အဆင်ပြေ နိုင်မယ်လို့တော့ ထင်ပါတယ်။ အဲဒီ အနီးတစ်ဝိုက် ကျေးရွာက လူတွေစုပေါင်းပြီးတော့ အဝင်လမ်းလေး သာယာလှပသွားအောင် စုပေါင်းပြင်ဆင်လိုက်မယ်ဆိုရင်တော့ အတိုင်းထက်အလွန် ဆိုသလိုပါပဲ ကောင်းမွန်သွားမှာ အမှန်ဖြစ်ပါတယ်။

×××

လပြည်လကွယ်နေ့ရက်များတွင် ကက္ကူအနီးရှိ နမ့်ဗေး ရေတံခွန်သို့ လာရောက်လည်ပတ်ကြသူ၊ အပူရှောင် ရေကစားကြသူများ ပိုမိုများပြားလာနေကြောင်း နမ့်ဗေး ရေတံခွန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ၊ မွေတော်ကက္ကူဘုရား အကျော် နားရှိ၊ နမ့်ဗေးကျေးရွာ တွင် ရှိသော နမ့်ဗေး ရေတံခွန်သို့ လပြည့်လကွယ် နေ့ရက်များတွင် အပူရှောင်သော အားဖြင့် လာရောက်လည်ပတ်ရေဆော့ကစားကြသူ အထူးများပြားလာကြောင်း နမ့်ဗေး ရေတံခွန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၃ ရက် တန်ခူးလကွယ်နေ့တွင် နမ့်ဗေးရေတံခွန်သို့ လူဦးရေ ၂၀၀ ကျော်မှ ၃၀၀ ခန့် လာရောက် လည်ပတ်ခဲ့ကြပြီး၊ တစ်နေ့တစ်ခြား လူသိများလာပြီး၊ နွေရာသီ ရေနည်းချိန် ရေဆော့ကစား၍ အကောင်းဆုံး အချိန်ပင်ဖြစ်ကြောင်း၊ သိရသည်။

နမ့်ဗေး ရေတံခွန် ထိန်းသိမ်းစောင့်ရှောက်သောအဖွဲ့ဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိစေရန်၊ ပစ္စည်းများ မပျောက်စေရန်၊ ရေနစ်သူများအား ကူညီကယ်ဆယ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရေတံခွန် ထိန်းသိမ်းစောင့်ရှောက်သောအဖွဲ့ကို ကျေးရွာသားများဖြင့် ဖွဲ့စည်းထားပြီး၊ နမ့်ဗေးရေတံခွန် လာရောက် လည်ပတ်သူများကို ယာဉ်ဝင်ကြေး ကောက်ခံထားပြီး၊ ရရှိလာသော ရန်ပုံငွေဖြင့် ကျေးရွာအဝင်လမ်း ခင်းခြင်း နှင့် ရေတံခွန် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားကြောင်း သိရသည်။

“ အခါကြီး ရက်ကြီးတွေ လာကြတယ်။ လူတော်တော်များများ လာကြတယ်။ လုံခြုံရေး ၃ ယောက် ထားတယ်။ ဂိတ်ကြေး ကောက်တဲ့ လုံခြုံရေးထားတယ်။ ရှေ့က ရေနစ်သူ ကယ်ဆယ်ရေး ၃ ယောက်ထားတယ်။ ရေမနစ်အောင် ရေမကူးတတ်တဲ့သူတွေ မသွားဖို့ ပြောပေးဖို့ ၃ ယောက်ထားတယ်။ ရေနစ်ရင် ဝင်ကယ်ရင် ဝီစီ လဲ ထားပါတယ်။ တစ်ယောက်ဆို မကယ်နိုင်ဘူးလေ။ အဝကြီးဆိုရင် လူတွေ ဝိုင်းကယ်ဖို့ လုပ်ထားတယ်။ အဓိက အခက်အခဲက လမ်းပေ့ါ။ လာတဲ့သူတွေက ပြောတယ်။ ရေတံခွန် နာမည်တော့ ကြီးလာပြီ။ လမ်းတော့ ဆိုးတယ်၊ ဘာညာ လမ်းပြင်ဖို့ လိုတယ်။ အိမ်ခြေနည်းတော့ အလွယ်တကူ ပြင်မယ်။ ကျောက်ချောလမ်း ဒါပေမယ့် နွေရာသီ ဖုန်တွေ တအား များတော့ ဒုက္ခ ရောက်တယ်။ မိုးတွင်း စီမံကိန်းမရှိတော့ဘူး။ ရေကြီးတော့ ပိတ်သွားပြီ။ ဘယ်ချိန်လဲဆိုရင် တန်ဆောင်တိုင် နောက်ပိုင်းမှာပေ့ါ။ ဒီငွေနဲ့ လမ်းတွေ ခင်းပေးတယ်။ သန့်စင်ခန်း၊ အဝတ်လဲခန်းတွေ၊ ရေတံခွန်မှာ တားထားတဲ့ ကြိုးတွေ ရေဘူးတွေ အဲလို ဂိတ်ကြေးနဲ့ပဲ ယူပြီး လုပ်ပေးတယ်။ ”

ဟု နမ့်ဗေးကျေးရွာမှ ခွန်အောင်ဖေ က ပြောကြားသည်။

တစ်နှစ်တွင် နွေရာသီ ရေနည်းချိန်သာ ဆော့ကစား၍ရပြီး၊ မိုးရာသီ ရေကြီးသဖြင့် ရေတံခွန်ပိတ်လိုက်ကြောင်း၊ အခြားရာသီများတွင် ရေနောက်ကျိနေသဖြင့် ဆော့ကစား၍ မရကြောင်း သိရသည်။

×××

ဒါကြောင့်မို့နွေရာသီ အပူရှောင်ချင်သူများ အနေနဲ့ နမ့်ဗေးရေတံခွန်ကို လာရောက် လည်ပတ်နိုင်ကြစေဖို့ ၊ရပ်ဝေး ရပ်နီးမှ ဧည့်သည်အပေါင်းတို့ကို ဖိတ်မန္တက ပြုအပ်ပါတယ်။

xx

စည်သာ(တောင်ကြီး)

3- 5- 2019 

×××

ေႏြရာသီအပူေရွာင္ နမ့္ေဗး ေရတံခြန္မွာ ေရကူးၾကမယ္

စည္သာ(ေတာင္ႀကီး)

တစ္ခါတစ္ေလ မိသားစု အပန္းေျဖခရီးပဲျဖစ္ျဖစ္၊ ၿမိဳ႕နဲ႔မလွမ္းမကမ္း ကေလးငယ္မ်ားေရာ လူႀကီးေတြပါ ေရကစားလို႔ ေကာင္းမယ့္ ေနရာေလးတစ္ခု၊ အျပန္မွာ ဘုရားဖူးလို႔ရမယ့္ ေနရာေလးကို ေခါင္းေျခာက္ခံေအာင္ ထုိင္စဥ္းစားေနစရာ မလိုပါဘူး။ ဆုိင္ကယ္ေလးနဲ႔ တစ္ပုိင္တစ္ႏုိင္ သြားေရာက္လည္ပတ္လို႔လဲ ရပါေသးတယ္။

ရွမ္းျပည္ေတာင္ပုိင္း၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေက်ာက္တစ္လံုးႀကီးၿမိဳ႕နယ္ခဲြ ကကၠဴေမြေတာ္ ဘုရားေစတီစု အနီးနားမွာ ရွိတဲ့ နမ့္ေဗး ေရတံခြန္ဟာ တေျဖးေျဖးနဲ႔ လူသိမ်ားလာၿပီး၊ ယခုဆုိရင္ လျပည့္လကြယ္ေန႔မ်ားမွာ လူတုိးမေပါက္ေအာင္ စည္ကားလွ်က္ ရွိတယ္လို႔ သိရပါတယ္။

ယခင္က အဲဒီ နမ့္ေဗး ေရတံခြန္ေလးဟာ လူသူအေရာက္အေပါက္နည္းေပမယ့္၊ လူမႈကြန္ရက္မွာ ေက်ာ္ၾကားလာၿပီး ေနာက္ပုိင္းမွာေတာ့ လာေရာက္လည္ပတ္သူ အထူးမ်ားျပားလာတာေၾကာင့္ အခုဆုိရင္ေတာ့ ေရတံခြန္ကို ျပင္ဆင္မႈမ်ား ျပဳလုပ္ထားတာ အရင္ကနဲ႔ မတူေတာ့ဘဲ ၊ တမူထူးျခား ေျပာင္းလဲလာတာကို ေတြ႔ရမွာ ျဖစ္ပါတယ္။

ရွမ္းေတာင္ ေက်ာက္တစ္လံုးႀကီး လမ္းေၾကာနဲ႔ ဟိုပံုး-ဆီဆုိင္ လမ္းေၾကာဆုိၿပီး ေတာင္ေျမာက္ သြယ္တန္း ေနတဲ့ လမ္းေၾကာႏွစ္ခုမွာ သြားေရာက္လည္ပတ္စရာေနရာေတြ ေတာ္ေတာ္မ်ားမ်ား ရွိပါတယ္။ ေနာက္ပုိင္း ဟိုပံုး ေရထြက္မွာ ေရတိမ္လို႔ ေရကစားလို႔ ေကာင္းေပမယ့္ နမ့္ခုတ္နားမွာလဲ ေရတံခြန္တစ္ခု ေပၚလာၿပီး၊ သြားေရာက္ လည္ပတ္သူေတြ မ်ားလာတယ္လုိ႔ သိရတယ္။ ဒါေပမယ့္ လူသူအေရာက္အေပါက္နည္းေနေသး လို႔ ေရနစ္ခဲ့ရင္ ဒုကၡျဖစ္ခဲ့ရင္ ကူညီမယ့္သူမရွိဘဲ အသက္ေဘးနဲ႔ ရင္ဆုိင္ႏုိင္ရၿပီး၊ နမ့္ေဗး ေရတံခြန္မွာေတာ့ အဲဒီလို အျဖစ္မ်ဳိး မႀကံဳႏုိင္ဘဲ ေရတံခြန္ ထိန္းသိမ္းေစာင့္ေရွာက္တဲ့အဖဲြ႔ကေန ေရမကူးတတ္တဲ့သူေတြကို ေရနက္တဲ့ ေနရာေတြ မသြားၾကဖုိ႔နဲ႔၊ ဂရုစုိက္ရမယ့္ ေနရာေတြကုိ သတိထားၾကဖုိ႔ အေစာင့္အေရွာက္ လံုၿခံဳေရး ၃ ဦးနဲ႔ လွည့္လည္ ၾကည့္ရွဳေပးေနၿပီး၊ မေတာ္တဆ လာေရာက္လည္ပတ္သူဧည့္သည္ေရနစ္ခဲ့ရင္လဲ ၀ီစီမႈတ္လိုက္ၿပီးေတာ့ အဖဲြ႔လိုက္ ကယ္ဆယ္ေရးစနစ္ကိုလဲ ျပင္ဆင္ထားတာျဖစ္ပါတယ္။ နမ့္ေဗး ေရတံခြန္ ယာဥ္၀င္ေၾကး ေကာက္ခံလာၿပီး ေနာက္ပိုင္းမွာေတာ့ လမ္းကိုေက်ာက္ေခ်ာခင္းေပးျခင္း၊ ေရတံခြန္ထဲကို မနီလာ ႀကဳိးေတြနဲ႔ တန္းထားၿပီး၊ ဆီပံုးအ၀ါေရာင္ေတြ ခ်ည္ထားေပးျခင္းအားျဖင့္ ေရမကူးတတ္တဲ့သူေတြ ႀကဳိးတန္းကို ဆဲြၿပီး လမ္းေလွ်ာက္လို႔ ရေအာင္လဲ လုပ္ထားေပးပါတယ္။

×××

နမ့္ေဗးကို ဘယ္လိုသြားမလဲ

ေတာင္ႀကီးကေန ေက်ာက္တစ္လံုးႀကီး လမ္းအတုိင္း သြားရပါမယ္။ ကကၠဴအထိ ေရာက္ေအာင္ ပထမ သြားရပါမယ္။ ေတာင္ႀကီးကေန ရြာစဥ္အတုိင္း ေျပာရမယ္ဆုိရင္ ေနာင္ကား၊ ေနာင္ပစ္၊ နားဟီး၊ ဟမ္းဆီး ေက်ာ္တာနဲ႔ ကကၠဴေမြေတာ္ ေစတီစုကို ေက်ာ္သြားရပါမယ္။ ကကၠဴမွ ဆက္သြားရင္ လြယ္ေဆာင္ေက်းရြာ သြားလမ္းအတုိင္း သြားရပါမယ္။ ကကၠဴဘုရားအတြင္းလမ္းကို ၀င္သြားလိုက္ၿပီး ဘယ္ဘက္ကို ခ်ဳိးသြားရင္ ဘန္းယဥ္သြားတဲ့လမ္းကို ေရာက္ၿပီးေတာ့၊ ကကၠဴဘုရား ညာဘက္ လမ္းအတုိင္းသြားလိုက္မယ္ဆုိရင္ ဆိုက္ေခါင္ သြားတဲ့လမ္း ျဖစ္ပါတယ္။ အဲဒီလမ္းအတုိင္းသြားလိုက္မယ္ဆုိရင္ လြယ္ေဆာင္ေက်းရြာကို ေက်ာ္ၿပီးတာနဲ႔ လမ္းဆံုကို ေရာက္ရွိမွာျဖစ္ပါတယ္။ အဲဒီလမ္းဆံုကေတာ့ လြယ္ေဆာင္ရြာ လမ္းခဲြ ျဖစ္ၿပီး ဆုိက္ေခါင္သုိ႔ (၉မုိင္၁ဖာလံု) ကကၠဴဘုရား (၄မုိင္ ၃ဖာလံု) ဆိုတဲ့၊ လမ္းျပဆုိင္းဘုတ္ကုိလဲ ညႊန္ျပထားၿပီး၊ လမ္းႏွစ္ဖက္စလံုးမွာ စာသားေတြနဲ႔ ညႊန္ျပထားတာကို ေတြ႔ရပါမယ္။

အဲဒီ လြယ္ေဆာင္ေက်းရြာလမ္းခဲြကေန ဆုိက္ေခါင္လမ္းအတုိင္း နည္းနည္းေလး သြားလိုက္မယ္ဆုိရင္ ၁၅ မိနစ္ သာသာေလာက္မွာ လမ္းညာျခမ္းမွာ ကကၠဴေက်းရြာအုပ္စု၊ နမ့္ေဗးေက်းရြာ ဆုိင္းဘုတ္ကို ေတြ႔ရမွာျဖစ္ၿပီးေတာ့ နမ့္ေဗး ေရတံခြန္သုိ႔ ဆိုတဲ့ ဆုိင္းဘုတ္ကို ေတြ႔ရမွာျဖစ္ပါတယ္။ အဲဒီဆုိင္းဘုတ္အတုိင္း နမ့္ေဗးရြာအတြင္းကို တစ္မုိင္ေက်ာ္ ႏွစ္မုိင္ေလာက္ ထပ္သြားရပါေသးတယ္။ နမ့္ေဗးအ၀င္လမ္းဟာ အေတာ္ဆုိးၿပီးေတာ့ ေျမသားမႈန္႔ ေတြ ညက္ေနၿပီး၊ ဆုိင္ကယ္နဲ႔ သြားလာရအဆင္မေျပျဖစ္ပါတယ္။ အခန္႔မသင့္ရင္ ေလ်ာပါသြားၿပီးေတာ့ ေမွာက္လဲတတ္ပါတယ္။ ကၽြန္ေတာ္က အျပန္မွာေတာ့ ရြာတြင္းလမ္းကို ပတ္ျပန္ၿပီးေတာ့ စာသင္ေက်ာင္း နံေဘးမွာ ထြက္လိုက္မယ္ဆုိရင္ အဲဒီ ေျမသားအမႈန္႔ အ၀င္လမ္း ဒုကၡကို ေက်ာ္ကြင္းႏုိင္မွာ ျဖစ္တယ္ဆုိတာ သိလိုက္ရပါတယ္။ ေရတံခြန္ေရာက္ခါနီးမွာ ေခ်ာင္းကူးတံတားေလးကို ေခါင္မိုးပါတဲ့တံတားေလး ထုိးထားၿပီး စိတ္ကူးယဥ္ ဆန္ဆန္ေလး ျဖစ္ေနပါတယ္။ တံတားကို ေက်ာ္လိုက္ရင္ ေခ်ာင္းမႀကီး တစ္ဖက္တစ္ခ်က္ကို ၾကည့္ရွဳလို႔ရပါတယ္။ အဲဒီေခ်ာင္းကေန ေခ်ာင္းဖ်ားကို ဆန္တက္လိုက္ၿပီး ဘယ္ဘက္ကို ေကြ႔လိုက္မယ္ ဆုိရင္ ေမာင္းတန္ဂိတ္ထုိးထားတဲ့ နမ့္ေဗး ေရတံခြန္ကို မဆုိင္းမတြ ေရာက္ရွိေစမွာျဖစ္ပါတယ္။ ေႏြရာသီေတြမွာ သြားလည္မယ္ဆုိရင္ေတာ့ အင္မတန္ ေရေဆာ့ကစားလို႔ ေကာင္းတဲ့အခ်ိန္ေကာင္းပဲ ျဖစ္ပါတယ္။

×××

ထူးျခားတဲ့ နမ့္ေဗး ေရတံခြန္

ဒီနမ့္ေဗး ေရတံခြန္ေလးကို လာေရာက္လည္ပတ္ၾကသူတုိင္းဟာ စိတ္ေက်နပ္မႈတစ္ခု ရရွိေစမွာျဖစ္ေၾကာင္း စာေရးသူ အာမခံပါတယ္။ မသြားေရာက္ဖူးသူေတြလဲ ေႏြရာသီ အခ်ိန္မွီသြားေရာက္လည္ပတ္ၾကဖုိ႔ တုိက္တြန္း လိုပါတယ္။ မိသားစုလိုက္၊ သူငယ္ခ်င္းမ်ားအ ဖဲြ႔လိုက္သြားေရာက္ လည္ပတ္မယ္ဆုိရင္ အင္မတန္ ေပ်ာ္ရႊင္စရာ ေကာင္းတဲ့ခရီးေလးတစ္ခု ျဖစ္ေနမွာပါ။

နမ့္ေဗး ေရတံခြန္မွာ ရွိတဲ့ ေက်ာက္ရုိးေတြက သဘာ၀ေက်ာက္ရုိးေတြျဖစ္ၿပီးေတာ့၊ ေရွးႏွစ္သန္းေပါင္းမ်ားစြာ ထဲက ေက်ာက္ရုိးေတြ ျဖစ္တည္လာခဲ့ၾကတဲ့ လကၡဏာရွိပါတယ္။ သစ္ရိပ္၀ါးရိပ္ ေတာႀကီးဂႏုိင္ ျဖစ္ေနေတာ့ စိမ့္စမ္းေရတမွ် ေအးျမၿပီး စိတ္ကို ၾကည္လင္ေစပါတယ္။

အခုဆုိရင္လဲ စားေသာက္ဆုိင္၊ မုန္႔ဆုိင္ေလးေတြနဲ႔ စည္ကားေနၿပီးေတာ့ ေရတံခြန္ကုိလဲ ျပင္ဆင္ထားတာေတြ ေၾကာင့္ အင္မတန္မွ ေရကူးလို႔လဲ အဆင္ေျပပါတယ္။ တစ္ခုေတာ့ ရွိပါတယ္။ ေရမကူးတတ္သူမ်ား၊ ေရမကူးဖူး သူမ်ား ေရနက္ပုိင္းကို မသြားၾကဖုိ႔ လိုသလုိ၊ ေရကူးရာမွာ လာသမွ် လူေတြက အ၀တ္ေတြ မခၽြတ္ဘဲ ကူးတာမ်ဳိး၊ ဖိနပ္ႀကီးေတြ မခၽြတ္ဘဲ ကူးၾကတာမ်ဳိးေတြေၾကာင့္ ေရနစ္တတ္ပါတယ္။ ေရနစ္ၿပီဆုိရင္လဲ ထူထူထဲထဲ ၀တ္ဆင္ထားတဲ့ အ၀တ္ေတြနဲ႔ေၾကာင့္ ကယ္ဆယ္ရ အင္မတန္ ခက္ပါတယ္။ ဒါေၾကာင့္ ေရဆင္းကူးမယ္ဆုိရင္ အတတ္ႏုိင္ဆံုး ေရကူး၀တ္စံု မရွိရင္ေတာင္မွ ပါးလႊာတဲ့၀တ္စံု၀တ္ဆင္ၿပီး ေရကူးရင္ အဆင္ေျပႏုိင္ပါတယ္။

လာေရာက္လည္ပတ္သူမ်ားအေနျဖင့္ အတတ္ႏုိင္ဆံုး မိမိတို႔အမႈိက္မ်ားကို မိမိတုိ႔ ျပန္လည္သိမ္းဆည္းေသာ နည္းလမ္းျဖင့္ ပတ္၀န္းက်င္ကို ကူညီေပးရာလဲ ေရာက္ပါတယ္။

×××

ကုသိုလ္လဲရ ၊ ၀မ္းလဲ ၀

အျပန္မွာ ကကၠဴေမြေတာ္ ေစတီေတာ္စုကို ၀င္ေရာက္လည္ပတ္ဖူးေမွ်ာ္ႏုိင္ၿပီးေတာ့ ေညာင္ပင္ႀကီးေတြနဲ႔လဲ ဓါတ္ပံုရုိက္လို႔ရပါတယ္။ ကကၠဴေစ်းထဲမွာ လည္ပတ္စားေသာက္ရင္းနဲ႔ အိမ္အတြက္ စားေသာက္စရာေလးေတြ လဲ ၀ယ္ျခမ္းျပဳလုိ႔ ေစ်းသံုးလို႔လဲ ရပါေသးတယ္။ အရင္တုန္းက ကကၠဴေက်းရြာ အနီးတစ္၀ုိက္မွာ ေနၾကာပန္း ခင္းမ်ား၊ မုန္ညင္းခင္းမ်ား စိုက္ပ်ဳိးထားလို႔ အင္မတန္မွ လွပတဲ့ရွဳခင္း ေတြကို သြားေရာက္ၾကည့္လုိ႔ရပါေသးတယ္။

ေတာင္ႀကီးမွတြက္ရင္ ေက်ာက္တစ္လံုးႀကီး လမ္းေၾကာင္းနဲ႔ ဟိုပံုး-ဆီဆုိင္ လမ္းေၾကာင္း ႏွစ္ခုဟာ မ်ဥ္းၿပိဳင္ႏွစ္ခု လိုသြယ္တန္းေနတာကို Gmap ေျမပံုထဲ ရွာၾကည့္လို႔႔ရပါတယ္။ အဲဒီလမ္းေၾကာင္းႏွစ္ခုကို ကူးသန္းဖုိ႔အတြက္ လမ္းဆံုကေတာ့ ကကၠဴဟာ ဆံုခ်က္တစ္ခု ျဖစ္ပါတယ္။ ကကၠဘုရား အေရွ႕ဘက္ လမ္းၾကားကေန လမ္းခဲြအတုိင္း သြားလိုက္မယ္ဆုိရင္ ဘန္းယဥ္ကို ေရာက္ၿပီး၊ ကကၠဴအေက်ာ္ လမ္းအတုိင္းသြားမယ္ဆုိရင္ ဆုိက္ေခါင္ကို ေရာက္ရွိတာျဖစ္ပါတယ္။

×××

လိုအပ္ခ်က္ေတြ ရွိေနေသး

နမ့္ေဗးအ၀င္ လမ္းမႀကီးဟာဖုန္ထူၿပီး မႈန္႔ညက္ေနတဲ့ ေျမမႈန္ေတြေၾကာင့္ ဆုိင္ကယ္ေမာင္းရတာ အင္မတန္ ခက္ခဲေစပါတယ္။ အဲဒီဖုန္မႈန္႔ေတြကို ခပ္ထုတ္ၿပီးေတာ့ ေက်ာက္ေခ်ာလမ္း ခင္းလိုက္မယ္ဆုိရင္ေတာ့ သြားလာရ လြယ္ကူသြားမွာ ျဖစ္ပါတယ္။

ေနာက္တစ္ခုက နမ့္ေဗး ေက်းရြာအ၀င္လမ္းခဲြကေန ရြာတြင္းသြားရာလမ္းတစ္ေလွ်ာက္ ဆုိင္းဘုတ္ငယ္ငယ္ ေလးေတြပဲ ေထာင္ထားၿပီးေတာ့ တကယ္လို႔  လမ္းမသိသူေတြက မသြားတတ္ မလာတတ္တာမို႔ နည္းနည္းႀကီးၿပီး ထင္သာျမင္သာ ရွိေစမယ့္ ဓါတ္ပံုေတြနဲ႔ လမ္းညႊန္ေပးထားမယ္ဆုိရင္ေတာ့ ပုိၿပီး အဆင္ေျပ ႏုိင္မယ္လို႔ေတာ့ ထင္ပါတယ္။ အဲဒီ အနီးတစ္၀ုိက္ ေက်းရြာက လူေတြစုေပါင္းၿပီးေတာ့ အ၀င္လမ္းေလး သာယာလွပသြားေအာင္ စုေပါင္းျပင္ဆင္လိုက္မယ္ဆုိရင္ေတာ့ အတုိင္းထက္အလြန္ ဆုိသလိုပါပဲ ေကာင္းမြန္သြားမွာ အမွန္ျဖစ္ပါတယ္။

×××

လျပည္လကြယ္ေန႔ရက္မ်ားတြင္ ကကၠဴအနီးရွိ နမ့္ေဗး ေရတံခြန္သုိ႔ လာေရာက္လည္ပတ္ၾကသူ၊ အပူေရွာင္ ေရကစားၾကသူမ်ား ပုိမုိမ်ားျပားလာေနေၾကာင္း နမ့္ေဗး ေရတံခြန္ ထိန္းသိမ္းေစာင့္ေရွာက္ေရး အဖဲြ႔ထံမွ သိရသည္။

ရွမ္းျပည္နယ္ေတာင္ပုိင္း၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေက်ာက္တစ္လံုးႀကီးၿမိဳ႕နယ္ခဲြ၊ ေမြေတာ္ကကၠဴဘုရား အေက်ာ္ နားရွိ၊ နမ့္ေဗးေက်းရြာ တြင္ ရွိေသာ နမ့္ေဗး ေရတံခြန္သုိ႔ လျပည့္လကြယ္ ေန႔ရက္မ်ားတြင္ အပူေရွာင္ေသာ အားျဖင့္ လာေရာက္လည္ပတ္ေရေဆာ့ကစားၾကသူ အထူးမ်ားျပားလာေၾကာင္း နမ့္ေဗး ေရတံခြန္ ထိန္းသိမ္းေစာင့္ေရွာက္ေရး အဖဲြ႔ထံမွ သိရသည္။

ဧၿပီလ ၃ ရက္ တန္ခူးလကြယ္ေန႔တြင္ နမ့္ေဗးေရတံခြန္သုိ႔ လူဦးေရ ၂၀၀ ေက်ာ္မွ ၃၀၀ ခန္႔ လာေရာက္ လည္ပတ္ခဲ့ၾကၿပီး၊ တစ္ေန႔တစ္ျခား လူသိမ်ားလာၿပီး၊ ေႏြရာသီ ေရနည္းခ်ိန္ ေရေဆာ့ကစား၍ အေကာင္းဆံုး အခ်ိန္ပင္ျဖစ္ေၾကာင္း၊ သိရသည္။

နမ့္ေဗး ေရတံခြန္ ထိန္းသိမ္းေစာင့္ေရွာက္ေသာအဖဲြ႔ျဖင့္ သဘာ၀ပတ္၀န္းက်င္ ပ်က္စီးမႈမရွိေစရန္၊ ပစၥည္းမ်ား မေပ်ာက္ေစရန္၊ ေရနစ္သူမ်ားအား ကူညီကယ္ဆယ္ေပးေရး လုပ္ငန္းမ်ား ေဆာင္ရြက္ႏုိင္ရန္အတြက္ ေရတံခြန္ ထိန္းသိမ္းေစာင့္ေရွာက္ေသာအဖဲြ႔ကို ေက်းရြာသားမ်ားျဖင့္ ဖဲြ႔စည္းထားၿပီး၊ နမ့္ေဗးေရတံခြန္ လာေရာက္ လည္ပတ္သူမ်ားကို ယာဥ္၀င္ေၾကး ေကာက္ခံထားၿပီး၊ ရရွိလာေသာ ရန္ပံုေငြျဖင့္ ေက်းရြာအ၀င္လမ္း ခင္းျခင္း ႏွင့္ ေရတံခြန္ ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို ေဆာင္ရြက္ထားေၾကာင္း သိရသည္။

“ အခါႀကီး ရက္ႀကီးေတြ လာၾကတယ္။ လူေတာ္ေတာ္မ်ားမ်ား လာၾကတယ္။ လံုၿခံဳေရး ၃ ေယာက္ ထားတယ္။ ဂိတ္ေၾကး ေကာက္တဲ့ လံုၿခံဳေရးထားတယ္။ ေရွ႕က ေရနစ္သူ ကယ္ဆယ္ေရး ၃ ေယာက္ထားတယ္။ ေရမနစ္ေအာင္ ေရမကူးတတ္တဲ့သူေတြ မသြားဖုိ႔ ေျပာေပးဖုိ႔ ၃ ေယာက္ထားတယ္။ ေရနစ္ရင္ ၀င္ကယ္ရင္ ၀ီစီ လဲ ထားပါတယ္။ တစ္ေယာက္ဆို မကယ္ႏုိင္ဘူးေလ။ အ၀ႀကီးဆုိရင္ လူေတြ ၀ုိင္းကယ္ဖုိ႔ လုပ္ထားတယ္။ အဓိက အခက္အခဲက လမ္းေပ့ါ။ လာတဲ့သူေတြက ေျပာတယ္။ ေရတံခြန္ နာမည္ေတာ့ ႀကီးလာၿပီ။ လမ္းေတာ့ ဆိုးတယ္၊ ဘာညာ လမ္းျပင္ဖုိ႔ လိုတယ္။ အိမ္ေျခနည္းေတာ့ အလြယ္တကူ ျပင္မယ္။ ေက်ာက္ေခ်ာလမ္း ဒါေပမယ့္ ေႏြရာသီ ဖုန္ေတြ တအား မ်ားေတာ့ ဒုကၡ ေရာက္တယ္။ မုိးတြင္း စီမံကိန္းမရွိေတာ့ဘူး။ ေရႀကီးေတာ့ ပိတ္သြားၿပီ။ ဘယ္ခ်ိန္လဲဆုိရင္ တန္ေဆာင္တုိင္ ေနာက္ပုိင္းမွာေပ့ါ။ ဒီေငြနဲ႔ လမ္းေတြ ခင္းေပးတယ္။ သန္႔စင္ခန္း၊ အ၀တ္လဲခန္းေတြ၊ ေရတံခြန္မွာ တားထားတဲ့ ႀကဳိးေတြ ေရဘူးေတြ အဲလို ဂိတ္ေၾကးနဲ႔ပဲ ယူၿပီး လုပ္ေပးတယ္။ ”

ဟု နမ့္ေဗးေက်းရြာမွ ခြန္ေအာင္ေဖ က ေျပာၾကားသည္။

တစ္ႏွစ္တြင္ ေႏြရာသီ ေရနည္းခ်ိန္သာ ေဆာ့ကစား၍ရၿပီး၊ မုိးရာသီ ေရႀကီးသျဖင့္ ေရတံခြန္ပိတ္လုိက္ေၾကာင္း၊ အျခားရာသီမ်ားတြင္ ေရေနာက္က်ိေနသျဖင့္ ေဆာ့ကစား၍ မရေၾကာင္း သိရသည္။

×××

ဒါေၾကာင့္မို႔ေႏြရာသီ အပူေရွာင္ခ်င္သူမ်ား အေနနဲ႔ နမ့္ေဗးေရတံခြန္ကို လာေရာက္ လည္ပတ္ႏုိင္ၾကေစဖုိ႔ ၊ရပ္ေ၀း ရပ္နီးမွ ဧည့္သည္အေပါင္းတုိ႔ကို ဖိတ္မႏၱက ျပဳအပ္ပါတယ္။

xx

စည္သာ(ေတာင္ႀကီး)

3- 5- 2019

No comments:

Post a Comment


Aung Hein - နည္​းပညာ