Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Monday, February 29, 2016

လွယ်မင်းစဉ်တောင်ပေါ်က အရိပ်မပေါ် မွေတော်ဘုရား

စည်သာ (တောင်ကြီး)
 
ရှမ်းပြည် တောင်ပိုင်းမှာ ထူးဆန်းမှုတွေ ပြည့်နှက်နေတဲ့ ရှေးဟောင်း တောင် တစ်ဆူ ရှိပါတယ်။ ထို တောင်ပေါ်ဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာထဲက သမိုင်းကြောင်း အစဉ်အလာ ကြီးမားပါတယ်။
ထိုတောင်တော်က နရပတိစည်သူမင်းတရားကြီး တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် လွယ်မိုင်းစဉ် တောင်ပေါ်က အရိပ်မပေါ်တဲ့ မွေတော်ဘုရား ပင် ဖြစ်ပါတယ်။ ထူးခြားချက်များအဖြစ် ထို ဘုရားစေတီသည် ရှေးဟောင်းစေတီ ဖြစ်သဖြင့် ပင်မစေတီတော်ကြီးသည် အရိပ်မထွက်ဘဲ၊ ဘုရားအရိပ်သည် အင်းလေးကန်တွင် သွားရောက်ပေါ်သည်ဟု ဒေသခံများ အယူရှိကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်က ထိုနေရာ တစ်ဝိုက်သည် တောကြီးမျက်မည်း ဒေသဖြစ်တယ်။
ထိုနေရာကို လာရောက်ကြသော ဆန်ကုန်သည်များက ထိုစေတီကို ဖူးမျှော်ရာမှ အရိပ်မပေါ်တာကို သိရှိပြီး တဆင့် တဆင့် လာရောက်ဖူးမျှော်ရင်း အရိပ်မပေါ်သော စေတီအဖြစ် လူသိများလာကြောင်း ကျောင်းထိုင် ဆရာတော် ဦးကောသလ္လက မိန့်ပါတယ်။ ဆရာတော်ဟာ လူသူ အရောက်အပေါက် မရှိခင်ထဲက ဘုရားစေတီတော် တစ်ဝိုက်ကို ထိန်းသိမ်းလာခဲ့ပြီး၊ ယနေ့ထက်တိုင် ကျောင်းထိုင် အဖြစ် သီတင်းသုံးနေခြင်း လည်း ဖြစ်ပါတယ်။ ဆရာတော် မိန့်ကြားချက်အရ လွယ်မိုင်းစဉ် တောင် ရဲ့ ထူးခြားချက် အများအပြားကိုလည်း သိခွင့်ရခဲ့ပါတယ်။
+++

 မီးတောင်ဟောင်း တစ်လုံး
လွယ်မိုင်းစဉ် တောင်သည် မီးတောင်ငယ်ဟောင်း တစ်လုံး လည်း ဖြစ်တယ်။ တောင်ခြေတွင် ရေပူ နှင့် ရေ အေး ထွက်သော ကန်လည်း ရှိသလို၊ မီးတောင်ပေါက်ဝဂူ လည်း ရှိတယ် လို့ သိရတယ်။ ဘုရားပွဲတော် ရက်သည် ရှေးဘိုးဘွားများ သတ်မှတ်ခဲ့သော သင်္ကြန်အတက်နေ့ ဖြစ်ကြောင်း၊ ကုသိုလ်ကံ ထူးသူများ အဖို့ လွယ်မိုင်းစဉ် ဘုရား တောင်ပေါ်မှ ရောင်ခြည်တော် ကွန့်မြူးသည်ကို မြင်ရကြောင်း ကျောင်းနေ ဆရာတော် တစ်ပါးက မိန့်ပါတယ်။ “ တစ်ရက်တော့ ဘုရားကနေ ရောင်ခြည်တော် ကွန့်မြူးတာ ဖူးမြင်ရတယ်။ နေ့လည်  ၁ နာရီကနေ၊ ညနေ ၄ နာရီအထိ ပဲ၊ နောက်ပြီး ပင်မ ဘုရားကနေ ၂ ဆူ ၊ ၃ ဆူ ကို ပွားပြီး ကူးသွားတာ သေသေချာချာ မြင်ရတယ်။ အဲဒီတုန်းက ဖုန်းတွေ မရှိတော့ မရိုက်ဖြစ်ဘူး ” ဟု ကျောင်းနေ ဆရာတော် တစ်ပါးက မိန့်ပါတယ်။
Xxx
ရေပူ ရေအေး ထွက်သော ရေထွက်များ
လွယ်မိုင်းစဉ် တောင်ခြေတွင် ရေပူနှင့် ရေအေး ထွက်သော ကန်လည်း ရှိပါတယ်။ ရေပူ နှင့် ရေအေး ကန်တို့သည် မလှမ်းမကမ်း နားတွင် ပင် တည်ရှိပြီး ရေအေးကန် သည် အရမ်းအေးပြီး၊ ရေပူကန်သည် ပူနွေးနွေးလေး ရှိပါတယ်။ ရေပူကန်ကို ဆရာတော်၊သံဃာတော်များ ရေချိုးသီတင်းသုံးတော်မူကြောင်း ဆိုပါတယ်။ တောင်ခြေမှာတော့ ဒေသခံတွေက စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်နေကြပါတယ်။
ထိုရေပူရေအေး ကန် နံဘေးတွင် အခေါင်းပေါက် ပါသော ညောင်ပင်ကြီး တစ်ပင် ရှိပါတယ်။ ဆရာတော် ပြောကြားချက် အရ ထိုအပင်တွင် ရှေးယခင်က ပစ္စည်းများ သွားရောက် ငှားရမ်းလို့ ရကြောင်း ဆိုပါတယ်။ ရွာသားတွေ ပြောကြားချက်အရ ထိုညောင်ပင် အခေါင်းထဲမှ ငွေဒင်္ဂါးပြားများ ရဖူးသူပင် ရှိကြောင်း ပြောတယ်။ ထိုညောင်ခေါင်းပင် ကိုလည်း လေ့လာခဲ့ပါတယ်။
ရေပူ၊ ရေအေးကန် အနားတွင် တောင်ခြေ ကပ်လျက်တွင် ရှိတဲ့ ဂူပေါက်ကြီး တစ်ခုလည်း ရှိပါတယ်။ ထိုဂူပေါက်ကြီးသည် အပ်ချည်လုံး တစ်လုံး ချလျှင်ပင် မဆုံးကြောင်း ဆရာတော်မိန့်ပါတယ်။ ဂျပန်နိုင်ငံမှ ပညာရှင်များ ရှေးယခင်က လာရောက်လေ့လာစဉ် လွယ်မိုင်းစဉ် တောင်ဟာ ခမောက်ပုံစံ ရှိပြီး။ တောင်ခြေ တွင် ရှိသော ရေများ ရွံ့နွံများပေါ်တွင် ပေါလော ပေါ်နေကြောင်း ဆိုပါတယ်။ ထို တောင်ခြေ နေရာများ ဆီက ရေအိုင်တွေ နားကို နွား၊ ကျွဲများ ဝင်သွားလျှင်လည်း နစ်မြှုပ်ပျောက်ကွယ်သွားကြောင်း ဆိုသော်လည်း ယခုအခါမှာတော့ ရေနည်းသွားသလို၊ တောင်ခြေ ပတ်လည် တစ်ဝိုက်မှာတော့ ပန်းပင် စိုက်ပျိုးသူများလည်း အများအပြား နေထိုင်နေကြပြီ ဖြစ်ပါတယ်။
စေတီတော် ရှိသော တောင်ပေါ် တည့်တည့် နေရာတွင် အနောက်ဘက် ထောင့်၌ ယခင်က ဂူပေါက်၀ ရှိဖူးကြောင်း၊ ထိုဂူပေါက်၀ ကို ယခင်ဆရာတော်ကြီးမှ နွယ်ကြိုးများ၊ ခြုံနွယ် အမှိုက်များဖြင့် ပိတ်လိုက်ကာ ယခုအခါ အင်္ဂတေ ဖြင့် ဖို့မြေ ပြုလုပ်ပြီး ရင်ပြင်တော် တိုးချဲ့ထားသော နေရာ ဖြစ်ပါတယ်။ ရေပူခြင်းသည် မီးတောင်ငယ် ဖြစ်လို့ ကန့်ဓါတ်ဖြင့် ပူနွေးရခြင်းလည်း ဖြစ်ပါတယ်။ ကျန်းမာရေးအရ ထိုရေပူကို ချိုးပေးခြင်း ဖြင့် အနာရောဂါဘယများ ကင်းစင်စေပါတယ်။
Xxx
လွယ်မိုင်းစဉ်
လွယ်မိုင်းစဉ် သည် ရှမ်းစကား ဖြစ်ပြီး ရှုခင်းသာ ဟု အဓိပ္ပါယ် ရကြောင်း၊ တောင်ပေါ်မှ ကြည့်လျှင် တောင်ခြေ ရှုခင်းကို လှပစွာ မြင်ရသဖြင့် ထိုသို့ ခေါ်ကြောင်း ဆိုတယ်။ ယခင်က ရှမ်းတိုင်းရင်းသား များ နေထိုင်ကြပြီး၊ ယခုအခါမှာ ရှမ်းရွာ၊ ရေပူရွာ၊ တောင်ခြေရွာ၊ တောင်ဦးရွာ တို့တွင် ရှမ်း၊ ပအိုဝ်း၊ အင်းသား များ ရောနှော နေထိုင်ကြောင်း၊ အဓိက စိုက်ပျိုးရေး အသက်မွေးလုပ်ငန်းလုပ်ကြောင်း သိရတယ်။
ရေပူရွာတွင် ပအိုဝ်း အများစု နေထိုင်ကြပြီး စိုက်ပျိုးရေး လုပ်ငန်း လုပ်ကာ၊ အိမ်ခြေ ၆၈ အိမ် ရှိကြောင်း၊ ရေပူရွာတွင် ရေပူကန် ရေချိုးခန်း များမှာလည်း အပန်းဖြေ အနားယူလို့ ရပါတယ်။

Xxx

ပုဂံသမိုင်းကြောင်း ထဲက ရှေးဟောင်းဘုရားသမိုင်း
အလောင်းစည်သူ၊ နရပတိစည်သူ၊ မဏိစည်သူ၊ ရွှေကူ ဒါယကာ အဖြစ် နာမည် လေးမျိုး ဖြင့် ထင်ရှား ကျော်ကြားခဲ့သော ဘုရင်မင်းမြတ် တစ်ပါးသည် စေတီတော်ကို ပြန်လည်မွမ်းမံ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ အလောင်းစည်သူ မင်းကြီး သည် ပုဂံမင်းဆက် ၅၅ ဆက်တွင် ၄၅ ဆက် မြောက် မင်း တစ်ပါးလည်း ဖြစ်သည်။ အလောင်းစည်သူမင်း ပထမဆုံး တည်သော စေတီသည် ပုဂံတွင် ရှိသော ရွှေကူစေတီတော်ကြီး ဖြစ်သည်။ ရှမ်းပြည်နယ်တွင် အလောင်းစည်သူ တည်ထားကိုးကွယ်ခဲ့သော စေတီပေါင်း များစွာလည်း ရှိသည်။ နောက်ဆုံး တည်ခဲ့သော စေတီမှာ မြင့်မိုရ်တောင်မှ အပြန် တောင်ဘက် သပြေကိုင်းမှ ထုလုပ်ထားသော ဘုရား ၃ ဆူကို ဌာပနာ၍ တည်ထား ကိုးကွယ်ခဲ့သော အညာရှိ ရှင်ဖြူ ရှင်လှ ကဿဖ ဘုရားလည်း ဖြစ်သည်။
အလောင်းစည်သူ ၏ အဘိုး၊ အဘေးများ ဖြစ်သော သီရိဓမ္မသောကမင်း၊ ထီးလှိုင်ရှင် တို့ တည်ထားသော စေတီတော် များကို လိုက်လံပြုပြင် မွမ်းမံရန် ရှမ်းပြည်ကို ရောက်ခဲ့ပါတယ်။ ပထမအကြိမ်က မိုးနဲ၊ လင်းခေး တို့ အထိ ရောက်ရှိကာ သာသနာပြုခဲ့ပါတယ်။ နောက်ထပ် ဒုတိယအကြိမ် တက်လာစဉ်မှာ ရှမ်းပြည် တောင်ပိုင်း ၊ တောင်ကြီးမြို့နယ်တွင်းရှိ ရွှေလင်ပန်းဘုရား၊ ဂူကြိုးဘုရား ပြီးလျှင် လွယ်မိုင်းစဉ်တောင် သမိုင်းဝင် ဘုရား ၃ ဆူ ကို ပြုပြင်ရန် လာရောက်ခြင်း ဖြစ်သည်။ ထိုစေတီ ၃ ဆူသည် သီရိဓမ္မသောက မင်းတရားကြီး တည်ထားသော ရှေးဟောင်းဘုရားများ ဖြစ်ပြီး၊ ဘုရားကို စောင့်ရှောက်ရန် အစောင့်အရှောက် များကိုလည်း ထားရှိခဲ့သည်ဟု ဆိုသည်။ အလောင်းစည်သူမင်းကြီးသည် ရွှေလင်ပန်းနှင့် ဂူကြိုးများကို ပြုပြင်ပြီးနောက် လှမ်းမြင်နေရသောမှိုင်းညိုညို တောင်တန်းကို ဘာတောင်လဲ ပရိသတ် များ ကို မေးမြန်းတယ်။ မင်းစဉ် တောင်ခေါ်တယ်။ အဲဒါဆို ငါ့ဖောင်တော် အဲဒီတောင်ကို မောင်းခိုင်းတယ်။ အဲဒီ တောင်မှာ ဘုရားတည်တယ်။ တောင်ပေါ်ကနေ ဦးပေါင်းတော် ကို ချွတ်ကာ ရှေးက ဘိုးလောင်းတော် တို့တည်ထားသော စေတီရှိရာသွားစေဟု အဓိဌာန် ဖြင့် ပစ်လိုက်ရာ ပေါင်းပိုင်းဘက်တွင် ကျရောက်ကြောင်း ဆိုတယ်။ ထိုနေရာအရောက်တွင် ရှာကြည့်ရာ ဘုရားစေတီ မတွေ့ရသဖြင့် အစောင့်အရှောက် ဘိုးဘိုးကြီးများကို ခေါ်ယူမေးမြန်းကြည့်ရာ စေတီတော်ဟောင်း နေရာတွင် ဌာပနာကို ပြန်တွေ့သဖြင့် အောက်ခြေတွင် အတောင် ၂၀ တူးကာ၊ ၅ တောင်မြင့်သော ပေါင်းပိုင်း စေတီတော် ကို တည်ထားခြင်း ဖြစ်ကြောင်း သိရတယ်။ ညောင်ရွှေမြို့နယ်တွင်း ရှိ ပေါင်းပိုင်း စေတီတော် သည် ရှေးဟောင်း စေတီတော် တစ်ဆူဖြစ်ပြီး၊ တန်ဖိုးရှိသော ရတနာများ ဌာပနာ ထားကြောင်း သိရပါတယ်။
သီရိဓမ္မသောကမင်းဘုရားကြီးသည် ရှမ်း/တောင်တွင် တည်ထားသော ဘုရား ၂ ဆူ ရှိပါတယ်။ ညောင်ရွှေမြို့နယ်တွင်းရှိ ပေါင်းပိုင်းဘုရားနှင့် မြင်ထင်တောင်ဘုရား တို့ပင် ဖြစ်ပါတယ်။

Xxx

တန်ခိုးကြီး ရှေးဘုရားစေတီတော်
လွယ်မိုင်းစဉ် တောင်သည် ရှေးဟောင်း သမိုင်းဝင် ဘုရားစေတီတော် တစ်ဆူ ဖြစ်တာကြောင့် ပြန်လည် ထိန်းသိမ်းဖို့ အတွက် ခက်ခဲစွာ ကြိုးပမ်းခဲ့ရကြောင်း ဆရာတော်က မိန့်ပါတယ်။ သူများတကာ စေတနာ ဖြင့် ထည့်ဝင်သော ငွေများကိုပင် အလှူခံပြီး၊ ဘောင်ချာ ဖြတ်ပိုင်းဖြင့် အလှူမခံ ငွေမကောက်ကြောင်း၊ တတ်နိုင်သလောက် ငွေကြေးတို့ဖြင့်ပင် ရအောင် ထိန်းသိမ်း တည်ထားခြင်း ဖြစ်ကြောင်း ဆရာတော် က မိန့်ပါတယ်။ ယခင်က ပဉ္စဝဂီ ၤ၅ ဦး ကို တရားဟောနေသော နေရာတွင် ရင်ပြင်တော် အတက် ခြင်္သေ့ရုပ် တစ်ရုပ်သာ ရှိပြီး ကျန်တစ်ရုပ်မှာ ပျက်စီးနေကြောင်း ဆိုတယ်။
ပင်ပ စေတီတော် ပတ်လည်တွင် အရန်စေတီတော် ၁၈ ဆူ ရှိပြီး၊ အကုန်လုံးသည် ပင်မစေတီတော် မှ လွဲ၍ ကျန်အရန်စေတီ ဌာပနာများ အဖောက်ခံထားရကြောင်း ကျောင်းထိုင် ဆရာတော်က ပြောတယ်။ စေတီကို ခွာချရင်း ဌာပနာတိုက်ကိုတွေ့ကြောင်း၊ ဘော်ရုပ်ပွားတော်၄ ဆူ ကိုပန်းလည်တိုင်ဘေးနားတွင် တွေ့ကြောင်း၊ ထို့ပြင် ပျူစာဖြင့် ရေးသားထားသော ဘော်ပရပိုက် များကိုလည်း တွေ့ရကြောင်း မိန့်ပါတယ်။ အနံ ၅ လက်မ၊ အလျား တစ်တောင့်ထွာ ခန့် ဘော်ပြားတွင် ပျူစာဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ထိုကြောင့် ရှေးဟောင်း ပုဂံမင်းဆက် တည်ထားသော ဘုရားဆိုတာသေချာကြောင်း ဆရာတော်ဘုရားက မိန့်ကြားပါတယ်။ ထိုဌာပနာများကို စေတီတွင်း ပြန်လည် ထည့်ထားပြီး မပျက်မစီးအောင် တည်ထား ကိုးကွယ် ထိန်းသိမ်းနေရခြင်း ဖြစ်ကြောင်း မိန့်ပါတယ်။ စေတီတော်၏ အဓိက ထူးခြားချက်မှာ ပင်မ စေတီတော် သည် အရိပ်မထွက်ခြင်း ဖြစ်ပါတယ်။ မနက်ခင်းမှ ညနေခင်း တိုင်အောင် တစ်နေကုန် ထိုင်ကြည့်သော်လည်း ပင်မ ရွှေရောင် စေတီတော် အရိပ်ကို မမြင်ရဘဲ ရှိသည်မှာ ထူးခြားလွန်းလှပါတယ်။
Xxx
တောင်ပေါ်က မြင်ကွင်း
မနက်ထဲက တောင်ပေါ်တက်လာလိုက်တာ နေ့လည် ၁ နာရီခွဲအထိ ထမင်းမစားရပါဘူး။ ဆရာတော်နဲ့ တွေ့ဖို့ ထိုင်စောင့်ရင်း နေ့လည် ၂ နာရီထိုးလို့၊ စကားပြောဆိုတာ ညနေ ၃ နာရီထိ ထမင်းငတ်တယ်။ အိမ်အပြန်မှာ ပအိုဝ်းရွာ က ဆီချက်ခေါက်ဆွဲ တစ်ပွဲ ဝင်စားလိုက်လို့ အာသာပြေသွားတယ်။
တောင်ခြေရွာတွင် ရေထွက်ပေါင်း ၁၂ ခု ရှိတဲ့ ရေနွေးရွာ မှာ ရေပူ ရေထွက် ၄ ခု၊ ရေအေး ရေထွက် ၈ ခု ရှိပါတယ်။ တောင်ပေါ်ကို တက်ဖို့ ကားလမ်းဖောက်ထားပါတယ်။ တောင်ပေါ်တက်ချင်း ဒုတိယဆင့်မှာ လွယ်မိုင်းစဉ် ဘုန်းကြီးကျောင်း တည်ရှိပါတယ်။ ကားလမ်းတိုင်း ဆက်တက်သွားရင် ပင်မစေတီတော် ကို ရောက်ပါတယ်။ စေတီတော်မှ ဆက်သွားရင် ယခင် ဆရာတော် ဦးဇဝန ၏ အုတ်ဂူ နှင့် ကံကြွေးဘုရား ရှိပါတယ်။ ဆက်သွားရင် ဆုတောင်းပြည့် စေတီတော် မှာ လမ်းဆုံးပါတယ်။ ဆုတောင်းပြည့်ကနေ ရသေ့တောင် ကို လှမ်းမြင်ရပြီး တောင်ခြေမှာ စိုက်ပျိုးရေး လုပ်နေတဲ့ ရှူခင်းက အရမ်းလှပါတယ်။
ဆရာတော်မှ တဘောင်များအကြောင်းကိုလည်း မိန့်ပါသေးတယ်။ လွယ်မင်းစဉ်တောင် မြို့လယ်ခေါင်၊ အိမ်ခြေတစ်သောင်း၊ ဇရပ်တစ်ထောင် စည်ကားနောင်၊ လို့ ဆိုပါတယ်။ နောင်တစ်ချိန် ဖြစ်လာမှာကို ဆိုလိုတာပါ။ ဒါ့ပြင် စဉ့်ဟယ် အနီး ဈေးကြီး ၄ ခု တည်လတ္တံ့ လို့လည်း ဆိုပါတယ်။ ဒါက ရှေးနှစ်ပေါင်းများစွာက ဆိုခဲ့တဲ့ တဘောင်ပါ။ ယခုအချိန်မှာတော့ အေးသာယာမြို့သစ် နဲ့ စက်မှုဇုန် ကို၁၉၈၈ ခုနှစ်မှာ စတင် တည်ထားခဲ့တဲ့ အတွက် အေးသာယာ၊ ရွှေညောင်၊ အောင်သပြေ ၊ စဉ့်ဟယ် တို့တွေဟာ စည်ကားနေပါပြီ။
ရှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ကို ရောက်ဖြစ်တယ် ဆိုရင်ဖြင့် တောင်ကြီးကနေ ၁၂ မိုင်ဝေးတဲ့ ရွှေညောင်မြို့ ရှိ လွယ်မိုင်းစဉ် အရိပ်မပေါ် မွေတော် ဘုရားကို တစ်ခါတစ်ခေါက် လာရောက်လို့ ဘုရားဖူး ကုသိုလ် ဘာဝနာ ပွားများနိုင်ရန် အလို့ငှာ နိဗ္ဗာန်အကျိုးမျှော်၍ ကျွန်တော်များမှ နှိုးဆော် ရေးသားလိုက်ရပါတယ် ခင်ဗျာ။
+++

Unicode
လွယ်မင်းစဉ်တောင်ပေါ်က အရပ်မပေါ် မွေတော်ဘုရား
စည်သာ (တောင်ကြီး)
ရှမ်းပြည် တောင်ပိုင်းမှာ ထူးဆန်းမှုတွေ ပြည့်နှက်နေတဲ့ ရှေးဟောင်း တောင် တစ်ဆူ ရှိပါတယ်။ ထို တောင်ပေါ်ဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာထဲက သမိုင်းကြောင်း အစဉ်အလာ ကြီးမားပါတယ်။
ထိုတောင်တော်က နရပတိစည်သူမင်းတရားကြီး တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် လွယ်မိုင်းစဉ် တောင်ပေါ်က အရိပ်မပေါ်တဲ့ မွေတော်ဘုရား ပင် ဖြစ်ပါတယ်။ ထူးခြားချက်များအဖြစ် ထို ဘုရားစေတီသည် ရှေးဟောင်းစေတီ ဖြစ်သဖြင့် ပင်မစေတီတော်ကြီးသည် အရိပ်မထွက်ဘဲ၊ ဘုရားအရိပ်သည် အင်းလေးကန်တွင် သွားရောက်ပေါ်သည်ဟု ဒေသခံများ အယူရှိကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်က ထိုနေရာ တစ်ဝိုက်သည် တောကြီးမျက်မည်း ဒေသဖြစ်တယ်။
ထိုနေရာကို လာရောက်ကြသော ဆန်ကုန်သည်များက ထိုစေတီကို ဖူးမျှော်ရာမှ အရိပ်မပေါ်တာကို သိရှိပြီး တဆင့် တဆင့် လာရောက်ဖူးမျှော်ရင်း အရိပ်မပေါ်သော စေတီအဖြစ် လူသိများလာကြောင်း ကျောင်းထိုင် ဆရာတော် ဦးကောသလ္လက မိန့်ပါတယ်။ ဆရာတော်ဟာ လူသူ အရောက်အပေါက် မရှိခင်ထဲက ဘုရားစေတီတော် တစ်ဝိုက်ကို ထိန်းသိမ်းလာခဲ့ပြီး၊ ယနေ့ထက်တိုင် ကျောင်းထိုင် အဖြစ် သီတင်းသုံးနေခြင်း လည်း ဖြစ်ပါတယ်။ ဆရာတော် မိန့်ကြားချက်အရ လွယ်မိုင်းစဉ် တောင် ရဲ့ ထူးခြားချက် အများအပြားကိုလည်း သိခွင့်ရခဲ့ပါတယ်။
+++
မီးတောင်ဟောင်း တစ်လုံး
လွယ်မိုင်းစဉ် တောင်သည် မီးတောင်ငယ်ဟောင်း တစ်လုံး လည်း ဖြစ်တယ်။ တောင်ခြေတွင် ရေပူ နှင့် ရေ အေး ထွက်သော ကန်လည်း ရှိသလို၊ မီးတောင်ပေါက်ဝဂူ လည်း ရှိတယ် လို့ သိရတယ်။ ဘုရားပွဲတော် ရက်သည် ရှေးဘိုးဘွားများ သတ်မှတ်ခဲ့သော သင်္ကြန်အတက်နေ့ ဖြစ်ကြောင်း၊ ကုသိုလ်ကံ ထူးသူများ အဖို့ လွယ်မိုင်းစဉ် ဘုရား တောင်ပေါ်မှ ရောင်ခြည်တော် ကွန့်မြူးသည်ကို မြင်ရကြောင်း ကျောင်းနေ ဆရာတော် တစ်ပါးက မိန့်ပါတယ်။ “ တစ်ရက်တော့ ဘုရားကနေ ရောင်ခြည်တော် ကွန့်မြူးတာ ဖူးမြင်ရတယ်။ နေ့လည်  ၁ နာရီကနေ၊ ညနေ ၄ နာရီအထိ ပဲ၊ နောက်ပြီး ပင်မ ဘုရားကနေ ၂ ဆူ ၊ ၃ ဆူ ကို ပွားပြီး ကူးသွားတာ သေသေချာချာ မြင်ရတယ်။ အဲဒီတုန်းက ဖုန်းတွေ မရှိတော့ မရိုက်ဖြစ်ဘူး ” ဟု ကျောင်းနေ ဆရာတော် တစ်ပါးက မိန့်ပါတယ်။
Xxx
ရေပူ ရေအေး ထွက်သော ရေထွက်များ
လွယ်မိုင်းစဉ် တောင်ခြေတွင် ရေပူနှင့် ရေအေး ထွက်သော ကန်လည်း ရှိပါတယ်။ ရေပူ နှင့် ရေအေး ကန်တို့သည် မလှမ်းမကမ်း နားတွင် ပင် တည်ရှိပြီး ရေအေးကန် သည် အရမ်းအေးပြီး၊ ရေပူကန်သည် ပူနွေးနွေးလေး ရှိပါတယ်။ ရေပူကန်ကို ဆရာတော်၊သံဃာတော်များ ရေချိုးသီတင်းသုံးတော်မူကြောင်း ဆိုပါတယ်။ တောင်ခြေမှာတော့ ဒေသခံတွေက စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်နေကြပါတယ်။
ထိုရေပူရေအေး ကန် နံဘေးတွင် အခေါင်းပေါက် ပါသော ညောင်ပင်ကြီး တစ်ပင် ရှိပါတယ်။ ဆရာတော် ပြောကြားချက် အရ ထိုအပင်တွင် ရှေးယခင်က ပစ္စည်းများ သွားရောက် ငှားရမ်းလို့ ရကြောင်း ဆိုပါတယ်။ ရွာသားတွေ ပြောကြားချက်အရ ထိုညောင်ပင် အခေါင်းထဲမှ ငွေဒင်္ဂါးပြားများ ရဖူးသူပင် ရှိကြောင်း ပြောတယ်။ ထိုညောင်ခေါင်းပင် ကိုလည်း လေ့လာခဲ့ပါတယ်။
ရေပူ၊ ရေအေးကန် အနားတွင် တောင်ခြေ ကပ်လျက်တွင် ရှိတဲ့ ဂူပေါက်ကြီး တစ်ခုလည်း ရှိပါတယ်။ ထိုဂူပေါက်ကြီးသည် အပ်ချည်လုံး တစ်လုံး ချလျှင်ပင် မဆုံးကြောင်း ဆရာတော်မိန့်ပါတယ်။ ဂျပန်နိုင်ငံမှ ပညာရှင်များ ရှေးယခင်က လာရောက်လေ့လာစဉ် လွယ်မိုင်းစဉ် တောင်ဟာ ခမောက်ပုံစံ ရှိပြီး။ တောင်ခြေ တွင် ရှိသော ရေများ ရွံ့နွံများပေါ်တွင် ပေါလော ပေါ်နေကြောင်း ဆိုပါတယ်။ ထို တောင်ခြေ နေရာများ ဆီက ရေအိုင်တွေ နားကို နွား၊ ကျွဲများ ဝင်သွားလျှင်လည်း နစ်မြှုပ်ပျောက်ကွယ်သွားကြောင်း ဆိုသော်လည်း ယခုအခါမှာတော့ ရေနည်းသွားသလို၊ တောင်ခြေ ပတ်လည် တစ်ဝိုက်မှာတော့ ပန်းပင် စိုက်ပျိုးသူများလည်း အများအပြား နေထိုင်နေကြပြီ ဖြစ်ပါတယ်။
စေတီတော် ရှိသော တောင်ပေါ် တည့်တည့် နေရာတွင် အနောက်ဘက် ထောင့်၌ ယခင်က ဂူပေါက်ဝ ရှိဖူးကြောင်း၊ ထိုဂူပေါက်ဝ ကို ယခင်ဆရာတော်ကြီးမှ နွယ်ကြိုးများ၊ ခြုံနွယ် အမှိုက်များဖြင့် ပိတ်လိုက်ကာ ယခုအခါ အင်္ဂတေ ဖြင့် ဖို့မြေ ပြုလုပ်ပြီး ရင်ပြင်တော် တိုးချဲ့ထားသော နေရာ ဖြစ်ပါတယ်။ ရေပူခြင်းသည် မီးတောင်ငယ် ဖြစ်လို့ ကန့်ဓါတ်ဖြင့် ပူနွေးရခြင်းလည်း ဖြစ်ပါတယ်။ ကျန်းမာရေးအရ ထိုရေပူကို ချိုးပေးခြင်း ဖြင့် အနာရောဂါဘယများ ကင်းစင်စေပါတယ်။
Xxx
လွယ်မိုင်းစဉ်
လွယ်မိုင်းစဉ် သည် ရှမ်းစကား ဖြစ်ပြီး ရှုခင်းသာ ဟု အဓိပ္ပါယ် ရကြောင်း၊ တောင်ပေါ်မှ ကြည့်လျှင် တောင်ခြေ ရှုခင်းကို လှပစွာ မြင်ရသဖြင့် ထိုသို့ ခေါ်ကြောင်း ဆိုတယ်။ ယခင်က ရှမ်းတိုင်းရင်းသား များ နေထိုင်ကြပြီး၊ ယခုအခါမှာ ရှမ်းရွာ၊ ရေပူရွာ၊ တောင်ခြေရွာ၊ တောင်ဦးရွာ တို့တွင် ရှမ်း၊ ပအိုဝ်း၊ အင်းသား များ ရောနှော နေထိုင်ကြောင်း၊ အဓိက စိုက်ပျိုးရေး အသက်မွေးလုပ်ငန်းလုပ်ကြောင်း သိရတယ်။
ရေပူရွာတွင် ပအိုဝ်း အများစု နေထိုင်ကြပြီး စိုက်ပျိုးရေး လုပ်ငန်း လုပ်ကာ၊ အိမ်ခြေ ၆၈ အိမ် ရှိကြောင်း၊ ရေပူရွာတွင် ရေပူကန် ရေချိုးခန်း များမှာလည်း အပန်းဖြေ အနားယူလို့ ရပါတယ်။
Xxx
ပုဂံသမိုင်းကြောင်း ထဲက ရှေးဟောင်းဘုရားသမိုင်း
အလောင်းစည်သူ၊ နရပတိစည်သူ၊ မဏိစည်သူ၊ ရွှေကူ ဒါယကာ အဖြစ် နာမည် လေးမျိုး ဖြင့် ထင်ရှား ကျော်ကြားခဲ့သော ဘုရင်မင်းမြတ် တစ်ပါးသည် စေတီတော်ကို ပြန်လည်မွမ်းမံ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ အလောင်းစည်သူ မင်းကြီး သည် ပုဂံမင်းဆက် ၅၅ ဆက်တွင် ၄၅ ဆက် မြောက် မင်း တစ်ပါးလည်း ဖြစ်သည်။ အလောင်းစည်သူမင်း ပထမဆုံး တည်သော စေတီသည် ပုဂံတွင် ရှိသော ရွှေကူစေတီတော်ကြီး ဖြစ်သည်။ ရှမ်းပြည်နယ်တွင် အလောင်းစည်သူ တည်ထားကိုးကွယ်ခဲ့သော စေတီပေါင်း များစွာလည်း ရှိသည်။ နောက်ဆုံး တည်ခဲ့သော စေတီမှာ မြင့်မိုရ်တောင်မှ အပြန် တောင်ဘက် သပြေကိုင်းမှ ထုလုပ်ထားသော ဘုရား ၃ ဆူကို ဌာပနာ၍ တည်ထား ကိုးကွယ်ခဲ့သော အညာရှိ ရှင်ဖြူ ရှင်လှ ကဿဖ ဘုရားလည်း ဖြစ်သည်။
အလောင်းစည်သူ ၏ အဘိုး၊ အဘေးများ ဖြစ်သော သီရိဓမ္မသောကမင်း၊ ထီးလှိုင်ရှင် တို့ တည်ထားသော စေတီတော် များကို လိုက်လံပြုပြင် မွမ်းမံရန် ရှမ်းပြည်ကို ရောက်ခဲ့ပါတယ်။ ပထမအကြိမ်က မိုးနဲ၊ လင်းခေး တို့ အထိ ရောက်ရှိကာ သာသနာပြုခဲ့ပါတယ်။ နောက်ထပ် ဒုတိယအကြိမ် တက်လာစဉ်မှာ ရှမ်းပြည် တောင်ပိုင်း ၊ တောင်ကြီးမြို့နယ်တွင်းရှိ ရွှေလင်ပန်းဘုရား၊ ဂူကြိုးဘုရား ပြီးလျှင် လွယ်မိုင်းစဉ်တောင် သမိုင်းဝင် ဘုရား ၃ ဆူ ကို ပြုပြင်ရန် လာရောက်ခြင်း ဖြစ်သည်။ ထိုစေတီ ၃ ဆူသည် သီရိဓမ္မသောက မင်းတရားကြီး တည်ထားသော ရှေးဟောင်းဘုရားများ ဖြစ်ပြီး၊ ဘုရားကို စောင့်ရှောက်ရန် အစောင့်အရှောက် များကိုလည်း ထားရှိခဲ့သည်ဟု ဆိုသည်။ အလောင်းစည်သူမင်းကြီးသည် ရွှေလင်ပန်းနှင့် ဂူကြိုးများကို ပြုပြင်ပြီးနောက် လှမ်းမြင်နေရသောမှိုင်းညိုညို တောင်တန်းကို ဘာတောင်လဲ ပရိသတ် များ ကို မေးမြန်းတယ်။ မင်းစဉ် တောင်ခေါ်တယ်။ အဲဒါဆို ငါ့ဖောင်တော် အဲဒီတောင်ကို မောင်းခိုင်းတယ်။ အဲဒီ တောင်မှာ ဘုရားတည်တယ်။ တောင်ပေါ်ကနေ ဦးပေါင်းတော် ကို ချွတ်ကာ ရှေးက ဘိုးလောင်းတော် တို့တည်ထားသော စေတီရှိရာသွားစေဟု အဓိဌာန် ဖြင့် ပစ်လိုက်ရာ ပေါင်းပိုင်းဘက်တွင် ကျရောက်ကြောင်း ဆိုတယ်။ ထိုနေရာအရောက်တွင် ရှာကြည့်ရာ ဘုရားစေတီ မတွေ့ရသဖြင့် အစောင့်အရှောက် ဘိုးဘိုးကြီးများကို ခေါ်ယူမေးမြန်းကြည့်ရာ စေတီတော်ဟောင်း နေရာတွင် ဌာပနာကို ပြန်တွေ့သဖြင့် အောက်ခြေတွင် အတောင် ၂၀ တူးကာ၊ ၅ တောင်မြင့်သော ပေါင်းပိုင်း စေတီတော် ကို တည်ထားခြင်း ဖြစ်ကြောင်း သိရတယ်။ ညောင်ရွှေမြို့နယ်တွင်း ရှိ ပေါင်းပိုင်း စေတီတော် သည် ရှေးဟောင်း စေတီတော် တစ်ဆူဖြစ်ပြီး၊ တန်ဖိုးရှိသော ရတနာများ ဌာပနာ ထားကြောင်း သိရပါတယ်။
သီရိဓမ္မသောကမင်းဘုရားကြီးသည် ရှမ်း/တောင်တွင် တည်ထားသော ဘုရား ၂ ဆူ ရှိပါတယ်။ ညောင်ရွှေမြို့နယ်တွင်းရှိ ပေါင်းပိုင်းဘုရားနှင့် မြင်ထင်တောင်ဘုရား တို့ပင် ဖြစ်ပါတယ်။
Xxx
တန်ခိုးကြီး ရှေးဘုရားစေတီတော်
လွယ်မိုင်းစဉ် တောင်သည် ရှေးဟောင်း သမို်င်းဝင် ဘုရားစေတီတော် တစ်ဆူ ဖြစ်တာကြောင့် ပြန်လည် ထိန်းသိမ်းဖို့ အတွက် ခက်ခဲစွာ ကြိုးပမ်းခဲ့ရကြောင်း ဆရာတော်က မိန့်ပါတယ်။ သူများတကာ စေတနာ ဖြင့် ထည့်ဝင်သော ငွေများကိုပင် အလှူခံပြီး၊ ဘောင်ချာ ဖြတ်ပိုင်းဖြင့် အလှူမခံ ငွေမကောက်ကြောင်း၊ တတ်နိုင်သလောက် ငွေကြေးတို့ဖြင့်ပင် ရအောင် ထိန်းသိမ်း တည်ထားခြင်း ဖြစ်ကြောင်း ဆရာတော် က မိန့်ပါတယ်။ ယခင်က ပဥ္စဝဂီ င်္၅ ဦး ကို တရားဟောနေသော နေရာတွင် ရင်ပြင်တော် အတက် ခြင်္သေ့ရုပ် တစ်ရုပ်သာ ရှိပြီး ကျန်တစ်ရုပ်မှာ ပျက်စီးနေကြောင်း ဆိုတယ်။
ပင်ပ စေတီတော် ပတ်လည်တွင် အရန်စေတီတော် ၁၈ ဆူ ရှိပြီး၊ အကုန်လုံးသည် ပင်မစေတီတော် မှ လွဲ၍ ကျန်အရန်စေတီ ဌာပနာများ အဖောက်ခံထားရကြောင်း ကျောင်းထိုင် ဆရာတော်က ပြောတယ်။ စေတီကို ခွာချရင်း ဌာပနာတိုက်ကိုတွေ့ကြောင်း၊ ဘော်ရုပ်ပွားတော်၄ ဆူ ကိုပန်းလည်တိုင်ဘေးနားတွင် တွေ့ကြောင်း၊ ထို့ပြင် ပျူစာဖြင့် ရေးသားထားသော ဘော်ပရပိုက် များကိုလည်း တွေ့ရကြောင်း မိန့်ပါတယ်။ အနံ ၅ လက်မ၊ အလျား တစ်တောင့်ထွာ ခန့် ဘော်ပြားတွင် ပျူစာဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ထိုကြောင့် ရှေးဟောင်း ပုဂံမင်းဆက် တည်ထားသော ဘုရားဆိုတာသေချာကြောင်း ဆရာတော်ဘုရားက မိန့်ကြားပါတယ်။ ထိုဌာပနာများကို စေတီတွင်း ပြန်လည် ထည့်ထားပြီး မပျက်မစီးအောင် တည်ထား ကိုးကွယ် ထိန်းသိမ်းနေရခြင်း ဖြစ်ကြောင်း မိန့်ပါတယ်။ စေတီတော်၏ အဓိက ထူးခြားချက်မှာ ပင်မ စေတီတော် သည် အရိပ်မထွက်ခြင်း ဖြစ်ပါတယ်။ မနက်ခင်းမှ ညနေခင်း တိုင်အောင် တစ်နေကုန် ထိုင်ကြည့်သော်လည်း ပင်မ ရွှေရောင် စေတီတော် အရိပ်ကို မမြင်ရဘဲ ရှိသည်မှာ ထူးခြားလွန်းလှပါတယ်။
Xxx
တောင်ပေါ်က မြင်ကွင်း
မနက်ထဲက တောင်ပေါ်တက်လာလိုက်တာ နေ့လည် ၁ နာရီခွဲအထိ ထမင်းမစားရပါဘူး။ ဆရာတော်နဲ့ တွေ့ဖို့ ထိုင်စောင့်ရင်း နေ့လည် ၂ နာရီထိုးလို့၊ စကားပြောဆိုတာ ညနေ ၃ နာရီထိ ထမင်းငတ်တယ်။ အိမ်အပြန်မှာ ပအိုဝ်းရွာ က ဆီချက်ခေါက်ဆွဲ တစ်ပွဲ ဝင်စားလိုက်လို့ အာသာပြေသွားတယ်။
တောင်ခြေရွာတွင် ရေထွက်ပေါင်း ၁၂ ခု ရှိတဲ့ ရေနွေးရွာ မှာ ရေပူ ရေထွက် ၄ ခု၊ ရေအေး ရေထွက် ၈ ခု ရှိပါတယ်။ တောင်ပေါ်ကို တက်ဖို့ ကားလမ်းဖောက်ထားပါတယ်။ တောင်ပေါ်တက်ချင်း ဒုတိယဆင့်မှာ လွယ်မို်င်းစဉ် ဘုန်းကြီးကျောင်း တည်ရှိပါတယ်။ ကားလမ်းတို်င်း ဆက်တက်သွားရင် ပင်မစေတီတော် ကို ရောက်ပါတယ်။ စေတီတော်မှ ဆက်သွားရင် ယခင် ဆရာတော် ဦးဇဝန ၏ အုတ်ဂူ နှင့် ကံကြွေးဘုရား ရှိပါတယ်။ ဆက်သွားရင် ဆုတောင်းပြည့် စေတီတော် မှာ လမ်းဆုံးပါတယ်။ ဆုတောင်းပြည့်ကနေ ရသေ့တောင် ကို လှမ်းမြင်ရပြီး တောင်ခြေမှာ စိုက်ပျိုးရေး လုပ်နေတဲ့ ရှူခင်းက အရမ်းလှပါတယ်။
ဆရာတော်မှ တဘောင်များအကြောင်းကိုလည်း မိန့်ပါသေးတယ်။ လွယ်မင်းစဉ်တောင် မြို့လယ်ခေါင်၊ အိမ်ခြေတစ်သောင်း၊ ဇရပ်တစ်ထောင် စည်ကားနောင်၊ လို့ ဆိုပါတယ်။ နောင်တစ်ချိန် ဖြစ်လာမှာကိို ဆိုလိုတာပါ။ ဒါ့ပြင် စဉ့်ဟယ် အနီး စျေးကြီး ၄ ခု တည်လတ္တံ့ လို့လည်း ဆိုပါတယ်။ ဒါက ရှေးနှစ်ပေါင်းများစွာက ဆိုခဲ့တဲ့ တဘောင်ပါ။ ယခုအချိန်မှာတော့ အေးသာယာမြို့သစ် နဲ့ စက်မှုဇုန် ကို၁၉၈၈ ခုနှစ်မှာ စတင် တည်ထားခဲ့တဲ့ အတွက် အေးသာယာ၊ ရွှေညောင်၊ အောင်သပြေ ၊ စဉ့်ဟယ် တို့တွေဟာ စည်ကားနေပါပြီ။
ရှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ကို ရောက်ဖြစ်တယ် ဆိုရင်ဖြင့် တောင်ကြီးကနေ ၁၂ မိုင်ဝေးတဲ့ ရွှေညောင်မြို့ ရှိ လွယ်မိုင်းစဉ် အရိပ်မပေါ် မွေတော် ဘုရားကို တစ်ခါတစ်ခေါက် လာရောက်လို့ ဘုရားဖူး ကုသိုလ် ဘာဝနာ ပွားများနိုင်ရန် အလို့ငှာ နိဗ္ဗာန်အကျိုးမျှော်၍ ကျွန်တော်များမှ နှိုးဆော် ရေးသားလိုက်ရပါတယ် ခင်ဗျာ။
++++

No comments:

Post a Comment

Aung Hein - နည္​းပညာ