စည်သာ(တောင်ကြီး)
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှေးနှစ်ထောင်ပေါင်းများစွာ ကပင်တည်ထားကိုးကွယ်ခဲ့သော မွေတော် စေတီစု စေတီတော်များ အများအပြား တည်ရှိပါတယ်။ အထူးသဖြင့် ထင်ရှားကျော်ကြားသည်မှာ ပအိုဝ်းဒေသမှ ကက္ကူ မွေတော်စေတီစုဘုရားများ၊ ညောင်ရွှေမြို့နယ် အင်းတောင်ပိုင်း စံကားဒေသမှ တာခေါင်မွေတော် စေတီစုဘုရားများ၊ ညောင်ရွှေမြို့နယ် အင်းတောင်ပိုင်းရှိ သမိုင်းဝင် ရွှေအင်းတိန် စေတီတော်များ၊ မိုးနဲမြို့ရှိ ရှေးဟောင်း စေတီတော်များ၊ ပင်းတယ ရွှေဥမှင်လှိုဏ်ဂူ စေတီတော်များ၊ ရွှေညောင်မြို့မှ အရိပ်မပေါ်မွေတော်ဘုရား လွယ်မိုင်းစဉ်တောင်တော် တို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် လူသိနည်းနေသေးသော ရှေးဟောင်းမွေတော် စေတီတော်များစွာ ကျန်ရှိနေသေးပါတယ်။ ရာဇဝင် အရ အလောင်းမင်းတရားကြီးသည် စီးတော်ယာဉ် လှေဦး၊ ဖောင်တော်ဦးတွင် ဆင်းတုတော်များကို ပင့်ဆောင်သယ်ယူလာစဉ် လမ်းတစ်လျှောက် တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းမွေတော် ဘုရားများလည်း ရှိပါသေးတယ်။
သမိုင်းဝင် ရွှေအင်းတိန်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ကျေးပေါခုံကျေးရွာအုပ်စုရှိ၊ ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်ဘုရားကို သာသနာတော်နှစ် (၂၀၀) ခုနှစ်ကျော်ခန့်တွင် ပါဋလိပုတ်ပြည်ရှင် သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး၊ အနော်ရထာမင်းမှ ရှေးဦးစွာ ပြုပြင်ထပ်ဆင့်တည်ထား၍ ၊ ထပ်မံပြုပြင်ခဲ့သော မင်းများမှာ နရပတိစည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊ မင်းခေါင်၊ ဆင်ဖြူရှင်မင်း တို့ ဖြစ်ကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်မြတ်စွာဘုရားကြီးတွင် အရန်စေတီတော် အဆူပေါင်း (၁၀၅၄) ဆူ ရှိပြီး၊ အဆူပေါင်း (၇၀၀) ကျော်ခန့်မှာ ပြုပြင်ပြီးစီးခဲ့ပြီး၊ ထပ်မံ၍ ပြုပြင်ရန် စေတီတော်ပေါင်း (၃၀၀) ကျော် ကျန်ရှိနေသေးခြင်းဖြစ်ကြောင်း ၊ တစ်နှစ်လျှင် စေတီအဆူပေါင်း (၂၅) ဆူခန့် ပြင်ဆင်ခွင့်ကို ရှေးဟောင်းသုတေသနမှ ခွင့်ပြုချက် ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ဘုရားဂေါပကအဖွဲ့မှ ကြီးကြပ်ရုံမျှသာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး က ပြောသည်။
ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်မြတ်စွာဘုရားကြီး သည် ညောင်ရွှေမြို့၊ အင်းလေးဒေသ၊ အနောက်ဘက် အင်းပတ်လမ်းအတိုင်း သွားရပြီး၊ တောင်လေးလုံးလမ်းဆုံမှ ရွှေအင်းတိန်ဘုရားကြီးသို့ (၂၂) မိုင် ကတ္တရာလမ်းဖြင့် လည်းကောင်း၊ အောင်ပန်းမြို့မှ ရွှေအင်းတိန်မြတ်စွာဘုရားကြီးသို့ (၂၄) မိုင်၊ ကတ္တရာလမ်း၊ ကျောက်ချောလမ်းဖြင့် လည်းကောင်း၊ ညောင်ရွှေမြို့မှ ရွှေအင်းတိန်မြတ်စွာဘုရားကြီးသို့ (၁၆) မိုင်၊ ရေလမ်းခရီး စက်လှေဖြင့် လည်းကောင်း ဖူးမျှော်နိုင်ကြောင်း သိရသည်။
အင်းလေးကန်၊ ဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီ ကြွချီလှည့်လည်အပူဇော်ခံပွဲ ပထမနေ့တွင် ညောင်ရွှေ မူလစံကျောင်းတော် မှ ရွှေအင်းတိန် ဘုရားကျိန်းကျောင်း တွင် တစ်ညတာ ကျိန်းစပ်အပူဇော်ခံထားရှိခြင်း ဖြစ်ပြီး၊ ရေလမ်းခရီးကျဉ်းသဖြင့် ကရဝိတ် ဖောင်တော်အငယ်ဖြင့်သာ ကြွချီခြင်းဖြစ်ကာ၊ ရေလမ်းကျယ် သော ကျေးရွာအရောက်တွင်မှ ဖောင်တော်အကြီးဖြင့် ပြောင်းလဲပင့်ဆောင်တော် မူခြင်းဖြစ်ကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်မြတ်စွာဘုရားကြီးတွင် သီတင်းကျွတ် နှင့် ကဆုန်လ တို့တွင် နှစ်စဉ် ဗုဒ္ဓပူဇနိယဆွမ်းကြီးလောင်းလှူပွဲတော် နှစ်ပွဲကျင်းပပြုလုပ်လေ့ရှိပြီး၊ သီတင်းကျွတ်လပြည့်ကျော် (၇) ရက်တွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ (၈) ရက်နေ့ တွင် ဆွမ်း၊ ဟင်းလျာတို့ဖြင့် နှစ်စဉ်နှစ်တိုင်းအစဉ်အလာမပျက် လောင်းလှူပူဇော် ကျင်းပလျက် ရှိကြောင်း သိရသည်။ ×××
တာခေါင်မွေတော်ဘုရား
စကားရှေးဟောင်းသမိုင်းဝင်ဘုရား၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၊ စကားမြို့နှင့် စကား(၅)ရက်စျေးနှင့် သာခေါင်စေတီစုများ၊ သာယာကုန်းရွာ အရက်ဖို တို့ကို လည်ပတ်နိုင်ပါတယ်။ စကားရွာမှာ ရှေးဟောင်း သမိုင်းဝင် ဘုရားပေါင်း ၁၂၀ ဆူ ရှိပြီးတော့၊ သာခေါင်ရွာ ရှေးဟောင်း သမိုင်းဝင်ဘုရားပေါင်း ၂၃၆ ဆူ ရှိကာ သာခေါင်ဆွမ်းလောင်းပွဲကို နတ်တော်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပလေ့ ရှိမြဲ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ ရှမ်း၊အင်း၊ ပအိုဝ်း တိုင်းရင်းသားများ နေထိုင်ရာ စံကားရွာ သည် တိမ်မြှုပ်နေသော ရှေးဟောင်း မြို့ဟောင်းကျေးရွာတစ်ရွာအဖြစ် ထင်ရှားပြီး၊ ရှေးဟောင်း ယဉ်ကျေးမှု ဘုရားစေတီများစွာ ရှိပါသည်။ စံကားတွင် တာခေါင်မွေတော် စေတီစု တည်ရှိပြီး၊ ကက္ကူမွေတော် ဘုရားကဲ့သို့ပင် ယွန်းရှမ်းများ၏ လက်ရာ ရှေးဟောင်းဗိသုကာ အမွေအနှစ် များကို လေ့လာနိုင်ပေသည်။ စံကားမြို့သည် အေဒီ ၁၄၇၉ ခုနှစ် တွင် ထိုင်းနိုင်ငံချင်းဟိုင်းကို အုပ်စိုးသော စော်ဘွား ညီတော် ဗရားလိုင်း ၊ နောက်ပါများက အခြေချခဲ့ကြောင်း မှတ်တမ်းအရ သိရသည်။ ခရစ်သက္ကရာဇ် ၁၇၉၀ ခုနှစ်တွင် အိမ်ခြေ ၁၉၆၀ နီးပါးရှိသော စံကားမြို့ဟာ စည်ပင် တိုးတက်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်ခန့်မှာ မိုးဗြဲရေလှောင်တမံ တည်ဆောက်ခြင်းကြောင့် စံကားမြို့တော် တစ်ဝက်ကျော် ရေဖုံးလွှမ်းခဲ့ပြီး၊ ကျေးရွာပေါင်းများစွာ ပြောင်းရွေ့ခဲ့ရပြီး စံကားအင်း နဲ့ ဖယ်ခုံအင်း ဖြစ်လာပါတယ်။ ××× လက်ကျန်အမွေအနှစ် ရှေးဟောင်းကက္ကူ မွေတော်ဘုရား
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရှိ၊ ယခင်ကကျောက်တစ်လုံးကြီး မြို့နယ်ခွဲမှာရှိသော ရှေးဟောင်းမွေတော် ကက္ကူ ဘုရားစေတီများကို မြန်မာနိုင်ငံမှာသာမကကမ္ဘာပေါ်မှာပါ ထင်ရှားကျော်ကြားတဲ့ ရှေးဟောင်းအမွေအနှစ် တစ်ခုလည်း ဖြစ်ပါသည်။ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အောင် ထိန်းသိမ်းခြင်း ပြုပြင်ခြင်းတွေနဲ့ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်းကိုတင်သွင်းနိုင်ဖို့ ကြိုးစားရမှာလည်းသမိုင်းပေး တာဝန် တစ်ရပ် ဖြစ်ပေသည်။
မွေတော် ကက္ကူသည် ပအိုဝ်းဘာသာစကား ကက်ကူ၊ ကက် = စခန်း၊ ကင်းစခန်းနှင့်၊ ကူ= နယ်ခြား ဖြစ်သည်။ နယ်ခြားစခန်းကဘုရားစေတီစုများ ဖြစ်သည်ဟု ပအိုဝ်းလို အနက်အဓိပ္ပါယ် ရှိကြောင်းသိရသည်။
မွေတော် ကက္ကူဘုရားစေတီတော် များကိုမည်သည့် ခုနှစ်ကမည်သည့် အလှူရှင်ကတည်ထားကိုးကွယ်ခဲ့သည် ကို မည်သူမှ အတိအကျ မသိရှိကြချေ။ ရှေးနှစ်ထောင်ပေါင်းမြောက်များစွာထဲကတည်ရှိလာခဲ့ပြီး၊ ပြုပြင် မွမ်းမံရာတွင်လည်းမူလအလှူရှင် အမှူးပြု၍ ဟုသာကဗ္မည်းရေးထိုးနိုင်တော့ကြောင်းသိရသည်။ ကက္ကူစေတီစုဟာ မြန်မာပြည်မှာရှိတဲ့ တခြားစေတီစုတွေနဲ့ မတူပါဘူး။ စေတီဆူပေါင်းထောင်ချီပြီး တစ်စုတစ်ဝေးထဲ တည်ရှိကာမိုးညင်းသံဗုဒ္ဓေ တို့လို ပြီးရင် မွေတော် ကက္ကူဘုရားမှာပဲရှိပါတယ်။
မွေတော် ကက္ကူဘုရားရှိရာကက္ကူနေရာသည် ဆီဆိုင်စော်ဘွားနယ်နှင့် ညောင်ရွှေစော်ဘွားပိုင်နယ် အစပ် တွင် ဖြစ်နေသောကြောင့် ရှေးယခင်ကတစ်နယ်နှစ် တစ်နယ် အစပ်ဖြစ်တဲ့ နယ်ခြားဒေသ ဖြစ်တာကြောင့် နယ်စပ်တွင် ရှိသောဘုရားလို့ ပအိုဝ်း လိုခေါ်ရာကနေကက္ကူဘုရား ဖြစ်လာပုံရသည်ဟုဆိုသည်။ လက်ရှိ ပအိုဝ်းဒေသ ပအိုဝ်းတိုင်းရင်းသား အများဆုံးနေထိုင်သော နေရာတစ်ခု ဖြစ်တာကြောင့် ကက္ကူကို ပအိုဝ်းဘာသာ စကားလို့ပဲဒေသခံတွေကယုံကြည်နေကြသည်။
မွေတော်ကက္ကူမွေတော် ဘုရားသည် နှစ်ပေါင်းထောင်ကျော် ကြာမြင့်ပြီး၊ ရှေးခေတ် ယွန်းလူမျိုးများ၏ လက်ရာဟုသက်ကြီးစကားသက်ငယ်ကြားအဖြစ် လေ့လာမှတ်သားရဖူးပါသည်။ ကက္ကူဘုရားတည်ထားကိုးကွယ်ခြင်းအစကို မြန်မာသမိုင်းဆရာစာပေပညာရှင်များရေးသားချက်များကို ခန့်မှန်းရာပုဂံခေတ် အလောင်းစည်သူမင်း(၁၁၇၄-၁၂၁၁) ဖောင်ဆိုက်ရာမှ တည်ထားကိုးကွယ်သည် ဟုသိရသည်။ ပအိုဝ်း မှတ်တမ်းများအရ နရပတိစည်သူမင်းတည်ထားသည် သို့မဟုတ် ပြန်လည် ပြုပြင် မွမ်းမံသည်ဟုဆိုပြန်၏။ ပါးစပ် ပြောရာဇဝင်များ အရမွေတော် ကက္ကူဘုရားသည် ဗုဒ္ဓဘာသာ၊ သာသနာပြုသူရဲကောင်းမင်းကြီး ဖြစ်တော်မူသော သီရိဓမ္မာသောကမင်းကြီးရဲ့ ရှစ်သောင်းလေးထောင် ၈၄၀၀၀ စေတီစုများထဲ မှ တစ်ခု ဖြစ်တယ်လို့လည်းဆိုကြပြန်သည်။
မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိဗာရာဏသီဆိုတာလိုပဲရှမ်းပြည်နယ်မှာရှိတဲ့ ရှေးဟောင်းမွေတော် ဘုရားစေတီ၊ ဂူပုထိုးတွေ အတော် များများကတော့ သီရိဓမ္မာသောကမင်းကြီးရဲ့ ကုသိုလ်တော် တွေလို့ ဆိုကြပါတယ်။ ထို့ပြင် နည်းနည်းလေးပုဂံခေတ်ကိုရောက်လာပြန်ရန် မြန်မာနှစ် ၁၁၀၀ ခုနှစ် ကျော် လောက်ကအလောင်းစည်သူမင်းလို့လည်းဆိုကြပြန်သည်။
သီရိဓမ္မာသောကမင်းကြီး၏ သာသနာပြု လုပ်ငန်းနဲ့ ဆက်စပ်နေသောထူးခြားသောအရာ ဖြစ်စဉ် ၆ ခုရှိပြီး၊ ထိုအရာများမှာ ဓါတုစေတီ၊ ပရိဘောဂစေတီ၊ ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ ကျောင်းနေရာဟောင်းနှင့် သိမ်နေရာဟောင်းတို့ပဲ ဖြစ်ကြပါသည်။ Xxx
စေတီတော် သွင်ပြင် လက္ခဏာ
ကက္ကူ မွေတော် ဘုရားမှာစေတီတော် ပေါင်း ၂၄၇၈ ဆူရှိပြီး၊ အတွင်းမှာဆုတောင်းပြည့် အာသောကာစေတီတော်ကြီးတည်ရှိကာပတ်ပတ်လည်မှာစေတီတော် ငယ်ပေါင်းအုပ်စုဖွဲ့၊ အုပ်စုဖွဲ့ကာထောင်ပေါင်းများစွာတည်ထားကိုးကွယ် ခြင်း ဖြစ်သည်။ အဆိုပါ စေတီတော်များကို ကြည့်ခြင်းဖြင့် ရှေးအနုပညာလက်ရာများ၊ ရှေးခေတ်အရုပ်များကို ကြည့်ခြင်းဖြင့် ထိုခေတ်၏ ဝတ်စားဆင်ပုံများ၊ ယဉ်ကျေးမှု အဆင့်အတန်းနှင့် နောက်ခံသမိုင်းကြောင်းတို့ကိုတစ်စိတ် တစ်ပိုင်းလေ့လာခွင့် ရမှာ ဖြစ်ပါတယ်။ +++xxx xxx
မွေတော် ကက္ကူ စေတီတော် နှင့် သဘာဝ ဘေးအန္တရာယ်
သမိုင်းဝင် မွေတော် ကက္ကူ စေတီတော်တွင် ၂၀၁၅ ခုနှစ် မေလမှာလည်းတစ်ကြိမ် လေပြင်းတိုက်ခတ်ခဲ့ပြီး၊ ၂၀၁၆ ခုနှစ် ဧပြီ ၂၂ ရက် ညဘက်မှာလည်းလေပြင်းတိုက်ခတ်မှုကြောင့် စေတီတော်ရဲ့ ၃ ပုံ ၂ ပုံလောက် ပျက်ယွင်းခဲ့ရတယ်လို့ သိရတယ်။ လွန်ခဲ့သော ၂၀၁၅ ခုနှစ် မေလတွင်လည်းတစ်ကြိမ် ဖြစ်ဖူးပြီး၊ မိုးသက်လေပြင်းကြောင့် စေတီ ၃၈ ဆူပျက်စီးခဲ့ပြီး၊ တစ်လ နှစ်လအတွင်း ပြန်လည် ပြုပြင်ခဲ့ကြောင်း ၊ ယခုအကြိမ် ပျက်စီးခြင်းသည် ဆုံးရှုံးမှုများကြောင်းသိရသည်။ Xxx
ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူ ဘုရား
ရှေးဟောင်းဒဏ္ဍာရီလာ အရ “ပင့်ကူရ” မှ ဆင်းသက်လာသည်ဟု ဆိုကြပြီး၊ တောင်ခြေတွင် နတ်သမီး ခုနှစ်ဖော် ရေကစားခဲ့သည်ဟု ဆိုသော ပုန်းတလုတ်ရေကန်လည်း တည်ရှိသည်။
ပင်လယ်ရေမျက်နှာပြင် အထက် ၄၉၇၀ ပေ တွင် တည်ရှိပြီး၊ ဂူရဲ့ အရှည်ဟာ ပေ ၄၉၀ ဖြစ်ပြီး၊ အမြင့်ဆုံး နေရာ ပေ ၁၅၀ မြင့်ကာ၊ ဂူထဲတွင် ဗုဒ္ဓဆင်းတုတော်၊ ရုပ်ပွားတော် ၈၀၀၀ ကျော် ခန့် ရှိသည်။
ပင်းတယရွှေဥမင်သဘာဝလှိုဏ်ဂူတော်ဘုရားသည် တောင်တန်း၏ တောင်ကြောပေါ်တွင် တည်ထားခြင်းဖြစ်ကာ၊ တောင်ကြောမှာ ဂူပေါက် ၃ ပေါက် ရှိပြီး ဘယ်ဘက်အပေါက်ဝ (ဓါတ်လှေကားဘက်) ရှိတဲ့ နေရာကို အဓိက လည်ပတ်ကြပါတယ်။ ညာဘက်မှာ ကျောင်းဆောင်ကြီးနဲ့ ဘုန်းတော်ကြီးကျောင်းတွေ စေတီတော်တွေနဲ့ တခြားဂူတွေလည်း အများကြီး ကျန်ရှိပါသည်။
ရွှေဥမင်လှိုဏ်ဂူတွင် ဘုရားအဆူပေါင်း (၈၀၉၄) တည်ထားပြီး၊ ပထမဆုံး တည်ထားသော ကုသိုလ်ရှင်မှာ အသောကမင်းကြီး ဖြစ်ကာ၊ ဒုတိယ ကုသိုလ်ရှင်မှာ အလောင်းစည်သူ မင်းဖြစ်ပြီး၊ ရွှေဥမင်သဘာဝလှိုဏ်ဂူသည် ပေပေါင်း(၄၉၀) ဝင်ရောက်နိုင်ကာ၊ ယခုအခါ ဓါတ်လှေကား နှစ်စင်းဖြင့် အတက်အဆင်းပြုလုပ်ပေးနေကြောင်း သိရသည်။ ပင်းတယရွှေဥမင်သဘာဝ လှိုဏ်ဂူတော် သည် အင်းလေးကန်ကဲ့သို့ပင် ထုံးကျောက်တောင်ဖြစ်ပြီး၊ နိုင်ငံတကာမှ သုတေသီများက ကျောက်စက်တိုင်ကို စမ်းသပ်ချက်အရ နှစ်သက်တမ်းအားဖြင့် နှစ်သန်းပေါင်း ၂၀၀ ကျော်ပြီ ဖြစ်ကြောင်း၊ သိရသည်။ ဂူအတွင်းထဲတွင် ဆင်ချည်တိုင်၊ မြင်းချည်တိုင်၊ ဝင်္ကပါ ဂူ ၊ ချွေးထွက်ဘုရား၊ အောင်မြေ ၊ နတ်ရေကန် တို့သည် ထင်ရှားသဖြင့် လာရောက် ကြည်ရှု ဖူးမျှော်သူများပြားခြင်း ဖြစ်ကြောင်း သိရသည်။
ဒါ့အပြင် ရှေးဟောင်း လက်ရာတွေ မထိန်းသိမ်းဘဲ ပျက်စီးတာတွေ၊ ငှက်ချေးကြောင့် ပျက်စီးနေတာတွေ ရှိနေကြောင်း ဒေသခံ တချို့ကလည်းပြောပြကြပါတယ်။ သဘာဝလှိုဏ်ဂူတွေ အကြောက်ရဆုံးက ငလျင်ဒဏ် နဲ့ မိုင်းခွဲခြင်း တွေကိုပါပဲ။ ပင်းတယမြို့သည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် တည်ရှိသည်။
ရိုးရာဓလေ့ ပွဲတော်များ
အထူးထင်ရှားကျော်ကြားသည်မှာ ပင်းတယ ရွှေဥမင် လှိုဏ်ဂူ ဘုရားပွဲတော်သည် သီတင်းကျွတ်ပွဲတော် နှင့် တပေါင်းပွဲတော် တို့ကို ကျင်းပလေ့ရှိပြီး ကြက်ပျံမကျ စည်ကားပါသည်။ အဖိတ်နေ့မှ စတင်ကာ လပြည့်ကျော် (၁) ရက်နေ့ အထိ ကျင်းပသည်။ တန်ခူး လဆန်း (၁) ရက် နေ့တွင် ပင်းတယ မြို့အဝင် တမဲဘုရားဝင်း အတွင်း ကျင်းပသော တောင်ရိုး လူမျိုးတို့၏ တာတက်ပွဲမှာလည်း ထူးခြားပါသည်။ ထို့ပြင် ဒိုးပစ်ပွဲဟာ လည်း မကြုံဖူးသူအဖို့ ထူးဆန်း သော တိုင်းရင်းသား ရိုးရာဓလေ့ ပွဲတော်လည်း ဖြစ်သည်။
ဓနု တို့ရဲ့ စာချိုးတွေ၊ သံချပ်တွေနဲ့ အိုးစည် တို့ဟာ တောင်ပိုင်းမှာ ထင်ရှားပါတယ်။ သံချပ်တွေကို သီချင်းတွေ အဖြစ် သီဆိုခြင်း၊ မီးပုံးပျံ ပွဲတော် မှာ သံပြိုင် ဟစ်ကြွေးခြင်းတွေ ကြောင့် လူသိများလာတာလည်း ဖြစ်ပါတယ်။ တာတက်ပွဲမှာ ပျော်ဖို့လာ၊ ပျော်ဖူးလား၊ ပျော်ဖူးလား၊ ပျော်တယ်ဟေ့ ပျော်တယ်ဟေ့။ ဆိုတဲ့ ဓနု သံချပ် ကို လူတိုင်း ကြားဖူးမှာ ဖြစ်သည်။ တာတက်ပွဲ ဆိုတာ ဓနု၊ တောင်ရိုး၊ ပအိုဝ်း တိုင်းရင်းသား လူမျိုးများရဲ့ ရိုးရာပွဲတော် တစ်ခု ဖြစ်ပြီးတော့ ၊ စိုက်ပျိုးရေး အောင်မြင်ချိန် ကျေးရွာတွင်းရှိ ဘုရားစေတီပုထိုးနှင့် ဘုန်းတော်ကြီး ကျောင်း များသို့ သွားရောက် လည်ပတ်ပြီးတော့ လှူဖွယ်ပစ္စည်းများကို စုပေါင်း လှူဒါန်းကြခြင်း၊ ဘုရားဆွမ်းတော်ကြီး ကပ်ခြင်းဓလေ့တစ်ခုပဲ ဖြစ်ပါတယ်။ တာတက်ပွဲကို ရိုးရာ အတာသင်္ကြန်အတက်နေ့မှ စတင်၍ ကဆုန် လပြည့်နေ့ အထိ လည်ပတ်ကြတာ ဖြစ်တယ်။ လှူဖွယ်များကို ပဒေသာပင် လုပ်ပြီး လှူဒါန်း ပူဇော်ပါတယ်။ ထို တာတက်ပွဲ မှာ လူပျို၊ အပျို တွေ ဆုံတွေ့ကြကာ ဖူးစာရှင် ရှာတဲ့ ပွဲတော် တစ်ခုလည်း ဖြစ်တဲ့ အတွက်ကြောင့် သူတို့တွေ အရမ်းလည်း ပျော်ကြပါတယ်။ ဟဲဟိုးတွင် အာလူးဖော်ချိန် အာလူးပေါက်ပွဲ ရှိပြီး၊ မိမိ ကြိုက်နှစ်သက်သော အမျိုးသမီး၊ အမျိုးသားများကို အာလူး သေးသေးလေး ပစ်ပေါက်ပြီး ကြည်စယ်လို့ ရသည်။ ကောင်မလေးက လက်ခံတယ် ဆိုရင် ချစ်ခွင့်ပန်လို့လည်း ရသည်။ တိုင်းရင်းသားများ၏ ချစ်စရာ ဓလေ့ ပွဲတော် များလည်း ဖြစ်သည်။ Xxx
မိုးနဲ (သို့မဟုတ်) ရှမ်းပုဂံ
ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့သည် အညာဒေသရှိ စေတီပုထိုးပေါင်း ရှစ်သောင်းလေးထောင်ကျော်တည်ရှိသော ပုဂံဒေသကဲ့သို့ ပုံစံတူ ဘုရားစေတီများပြည့်နှက်နေသော မြို့တစ်မြို့ ဖြစ်သည့်အတွက် ရှမ်းပုဂံ ဒေသလို့လည်းတင်စားခေါ်ဝေါ်ကြသည်။ မိုးနဲမြို့အဝင်မှ စ၍ ရှေးဟောင်း စေတီတော်များစွာ မြင်တွေ့နိုင်ပြီး၊ ရှေးဟောင်းစေတီတော်များ၊ ကျောင်းကန်များတို့ကို မိုးနဲမြို့တောင်ပေါ်မှ လှမ်းမျှော်ကြည့်ရှုလိုက်လျှင် အင်မတန်မှ လှပသော မြင်ကွင်းကို မြင်နိုင်သည်။
မိုးနဲမြို့သည် ရှမ်းပြည်နယ်တွင် ရှေးအကျဆုံးသော မြို့ဟောင်းတစ်မြို့ဖြစ်ပြီး၊ မိုးနဲမြို့ကို စော်ဘွားအဆက်ဆက် အုပ်စိုးခဲ့ကာ မိုးနဲစော်ဘွားကြီးသည် ဘုန်းမီးနေလ ထွန်းတောက်ခဲ့ကြောင်း၊ ပုဂံနှင့် ခေတ်ပြိုင် ထွန်းကားခဲ့သည်ဟု သုံးသပ်ထားကြသည်။
မိုးနဲမြို့သမိုင်းသည် ဘီစီ (၅၁၉) တွင် ပထမ မိုးနဲ၊ ဒုတိယ မိုးနဲ၊ တတိယ မိုးနဲ ဟူ၍ ခေတ်ကာလခွဲခြားထားပြီး၊ ပထမမိုးနဲသည် နန္ဒာပူရ ၊ ရှမ်းဘာသာ နံသာပူ ဟုခေါ်ပြီး၊ ဒုတိယ မိုးနဲသည် လက်ရှိ မိုးနဲမြို့၏ အရှေ့ဘက်တွင် ၇ မိုင် အကွာတွင် တည်ရှိသည်ဟု ဆိုပြီး၊ လက်ရှိ မိုးနဲမြို့သည် တတိယ မိုးနဲမြို့ ဖြစ်သည်ဟု အကျဉ်းချုံး သမိုင်းကြောင်း ကို လွှတ်တော်ကိုယ်စားလှယ် ကပြောပြသည်။ လက်ရှိ မိုးနဲမြို့နယ် အတွင်းရှိ စေတီတော်ကြီး ၄ ဆူ အပါအဝင် မြို့တွင်းရှိ စေတီတော်ငယ်များကိုသာ ရှာဖွေထိန်းသိမ်းနိုင်သေးပြီး၊ မြို့ပြင် နေရာများတွင် ပျက်စီး ပျောက်ကွယ်သွားသော စေတီတော် များစွာ ရှိခဲ့ကြောင်း၊ ရှာမတွေ့ဘဲ လက်လှမ်းမမှီဘဲ ခြုံနွယ်ပိတ်ပေါင်းများဖြင့် ပျောက်ဆုံးနေသော စေတီတော်ပေါင်းများစွာ ရှိကြောင်း မိုးနဲမြို့၊ လွိုင်မြေရပ်ကွက်၊ ၀ိဇ္ဇာရိယဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဦးဆောင် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တော်ရ ဆရာတော် ဘဒ္ဒန ္တမာဃိန္ဒ ထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့တွင် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသော စေတီတော်ပေါင်း ၄၄၇ ဆူ ရှိပြီး၊ လတ်တလောတွင် ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းပြတိုက်၊ စာပေ၊ ပရပိုက် စာကြည့်တိုက် နှင့် ဓမ္မဗိမ္မာန် တစ်ဆောင် ကို တည်ဆောက်ထားရှိရန် စီစဉ်နေကြောင်း မိုးနဲမြို့၊ လွိုင်မြေရပ်ကွက်၊ ၀ိဇ္ဇာရိယဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဦးဆောင် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တော်ရ ဆရာတော် ဘဒ္ဒန ္တမာဃိန္ဒ ထံမှ သိရသည်။
မိုးနဲမြို့သမိုင်းကိုလည်း သံဃာတော်များ၊ ပညာရှင်များ၊ ဒေသခံ ရပ်မိရပ်ဖ ပြည်သူလူထုများဖြင့် စနစ်တကျ ပြုစုနေကြောင်း သိရသည်။ မိုးနဲမြို့ရှိ ရှေးဟောင်းစေတီတော်များသည် ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ခြင်းမရှိသည့်အတွက်ယခုအခါ တစစ ပြိုပျက်လာရကြောင်း သိရသည်။ လင်းခေးခရိုင်တွင်း ပါဝင်သော လင်းခေး၊ မိုးနဲ၊ မောက်မယ် နှင့် မိုင်းပန် စသည့် မြို့နယ် လေးခုတို့သည် ပြည်ပခရီးသည်များ လေ့လာလည်ပတ်နိုင်ခြင်း မရှိသော မြို့များတွင် ပါဝင်ပြီး နယ်မြေလုံခြုံရေးအရ ကန့်သတ်ထားခြင်းဖြစ်သည်။
လည်ပတ်ကြည့်ရှုစရာ ရှေးဟောင်းလက်ရာများ
မိုးနဲမြို့တွင် လည်ပတ်နိုင်သော နေရာများမှာ (၁) မြို့ဝင်ကြာဖူးများ၊ (၂) ၁၂ ပါး တောင်ပေါ်ဂူ (၃) ဦးသီလ စေတီတော်စုများ၊ (၄) နှစ်ကျိပ်ရှစ်ဆူ ဘုရားများ၊ (၅) လွိုင်မြေဘုရား (၆) ဆင်တောင် မွေတော်စုဘုရားများ၊ (၇) ဦးရွှေအောင် စေတီ၊ (၈) စော်ဘွားဟော်နန်းရှေ့ရှိ နွားရုပ် နှင့် မာန်လည်တိုင် (ယခုထွေအုပ်ရုံး) တို့ပဲ ဖြစ်ပါသည်။
ယခင် စော်ဘွားလက်ထက်တုန်းက ကျန်ရှိခဲ့တဲ့ မြို့အဝင်မှာ နယ်နိမိတ် ဧရိယာတိုင်အဖြစ် သတ်မှတ် ထားတဲ့ ဘယ်ညာ မြို့ရိုးကြာဖူးတိုင်ကို ပထမကြာဖူး၊ ဒုတိယကြာဖူး နဲ့ မြို့ပြင်မှာလည်း ကြာဖူးတစ်ခု ပေါင်း သုံးနေရာ ရှိပြီး၊ မိုးနဲမြို့ ဆိုင်းဘုတ် အနောက်တွင်လည်း မြို့ရိုးဟောင်း ကြီး နှစ်ခုကို ဘယ်ညာမှာ ယခုတိုင် တွေ့ရှိရမှာ ဖြစ်သည်။ ဒုတိယကြာဖူး မှ အနောက်ဘက်သို့ တစ်မိုင်ခွဲလမ်းအတိုင်း ဝင်ရောက်သွားတဲ့အခါ လွိုင်လင်းကျောင်း ကို ရောက်ရှိလေ့လာနိုင်ပါသည်။ ဒုတိယကြာဖူး အကျော်နားမှာတော့ လမ်းမကြီးပေါ်မှာပဲ မြို့ဦးမွေတော်စု စေတီတော်များ ဝင်ရောက် ဖူးမျှော်နိုင်ပြီး၊ နည်းနည်းဆက်သွားရင် ညောင်ကိုင်းဆက် သစ်တံခါး ကို ထူးဆန်းစွာ မြင်တွေ့နိုင်မှာဖြစ်သည်။ သစ်တံခါး နားတွင် စိန်တောင်ကျောင်းရှိ လေးမျက်နှာဘုရား စေတီတော်များကိုလည်း ဖူးမျှော်နိုင်ပြီးတော့ အောင်သပြေ ရွာအနီးမှ အနောက်ဘက် လမ်းကြားအတိုင်းသွားလိုက်သောအခါ ၁၂ ပါး ဂူတောင်ပေါ်ကို ဝင်ရောက် လည်ပတ်နိုင်ပေသည်။ အောင်သပြေရွာကနေ ကတ်နောက်ရွာ ကျော်တဲ့အခါ ဦးသီလ စေတီတော်စု များ ရောက်ရှိပြီး၊ မြို့တံခါးကို ဖြတ်သန်း၍ မြို့တွင်းဝင်ရောက်ရသည်။ မြို့တွင်းမှာ နှစ်ကျိပ်ရှစ်ဆူ ဘုရားကို ဖူးမျှော်နိုင်ပြီးတော့ တောင်ဘက်အတိုင်း လမ်းခွဲနှစ်ခုကို ရောက်ပါမည်။ ဘယ်ဘက်က မောက်မယ် သွား လမ်းခွဲနဲ့ ညာဘက်က လင်းခေးသွားတဲ့ လမ်းခွဲတို့ဖြစ်ပါသည်။ မောက်မယ် လမ်းခွဲအတိုင်း သွားတဲ့အခါ လွိုင်မြေဘုရား မရောက်ခင် လမ်းကြားအတိုင်း တက်သွားရင် ဆင်တောင် မွေတော်စု ဘုရားများကို တက်ရောက် ဖူးမျှော်နိုင်ပြီး၊ တောင်ပေါ်မှ ကြည့်လျှင် မင်းသားစေတီ နှင့် နှစ်ကျိပ်ရှစ်ဆူ (ရွှေရောင်) စေတီတော် တို့ကို လှမ်းမြင်နိုင်မှာဖြစ်ပါတယ်။ ဆင်တောင်ပေါ်မှာ တက်ကြည့်ရင်လည်း အင်မတန်မှ သာယာ လွှမ်းမောဖွယ်ကောင်းပါတယ်။ လင်းခေးလမ်းခွဲအတိုင်း သွားတဲ့အခါ ဦးရွှေအောင် စေတီကို ရောက်ပြီး မြို့တံခါး ကို ဖြတ်သန်း၍ မြို့ပြင် မှ ဘုရားများကို လိုက်လံဖူးမျှော်လို့လည်း ရပါသေးတယ်။ ယခင်စော်ဘွားဟော်နန်း ဖြစ်ခဲ့ဖူးတဲ့ မြို့နယ် ထွေအုပ်ရုံးတွင်းက နွားရုပ် နဲ့ ရုံးရှေ့က မန်လည်တိုင် နဲ့ ဟစ်တိုင် တို့ပဲ ဖြစ်ပါတယ်။ ×××
အရိပ်မပေါ်မွေတော်ဘုရား လွယ်မိုင်းစဉ် တောင်တော်
လွယ်မိုင်းစဉ် သည် ရှမ်းစကား ဖြစ်ပြီး ရှုခင်းသာ ဟု အဓိပ္ပါယ် ရကြောင်း၊ တောင်ပေါ်မှ ကြည့်လျှင် တောင်ခြေ ရှုခင်းကို လှပစွာ မြင်ရသဖြင့် ထိုသို့ ခေါ်ကြောင်း ဆိုသည်။ ယခင်က ရှမ်းတိုင်းရင်းသား များ နေထိုင်ကြပြီး၊ ယခုအခါမှာ ရှမ်းရွာ၊ ရေပူရွာ၊ တောင်ခြေရွာ၊ တောင်ဦးရွာ တို့တွင် ရှမ်း၊ ပအိုဝ်း၊ အင်းသား များ ရောနှော နေထိုင်ကြောင်း၊ အဓိက စိုက်ပျိုးရေး အသက်မွေးလုပ်ငန်းလုပ်ကြောင်း သိရသည်။ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် လွယ်မိုင်းစဉ် တောင်တော် တည်ရှိပါသည်။
ထူးခြားချက်မှာ လွယ်မိုင်းစဉ် တောင်တော်ပေါ်တွင် တည်ထားကိုးကွယ်သော စေတီတော်စုများ၏ ပင်မ စေတီတော် အရိပ်သည် မပေါ်ဘဲ အင်းလေးကန်တွင် သွားရောက်အရိပ်ပေါ်သည်ဟုသော ယုံကြည်ချက် ကြောင့် ဒေသတွင်း ထင်ရှားသော မွေတော်ဘုရား ဖြစ်ပေသည်။
ပုဂံသမိုင်းကြောင်း ထဲက ရှေးဟောင်းဘုရားသမိုင်း
အလောင်းစည်သူ၊ နရပတိစည်သူ၊ မဏိစည်သူ၊ ရွှေကူ ဒါယကာ အဖြစ် နာမည် လေးမျိုး ဖြင့် ထင်ရှား ကျော်ကြားခဲ့သော ဘုရင်မင်းမြတ် တစ်ပါးသည် စေတီတော်ကို ပြန်လည်မွမ်းမံ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ အလောင်းစည်သူ မင်းကြီး သည် ပုဂံမင်းဆက် ၅၅ ဆက်တွင် ၄၅ ဆက် မြောက် မင်း တစ်ပါးလည်း ဖြစ်သည်။ အလောင်းစည်သူမင်း ပထမဆုံး တည်သော စေတီသည် ပုဂံတွင် ရှိသော ရွှေကူစေတီတော်ကြီး ဖြစ်သည်။ ရှမ်းပြည်နယ်တွင် အလောင်းစည်သူ တည်ထားကိုးကွယ်ခဲ့သော စေတီပေါင်း များစွာလည်း ရှိသည်။ နောက်ဆုံး တည်ခဲ့သော စေတီမှာ မြင့်မိုရ်တောင်မှ အပြန် တောင်ဘက် သပြေကိုင်းမှ ထုလုပ်ထားသော ဘုရား ၃ ဆူကို ဌာပနာ၍ တည်ထား ကိုးကွယ်ခဲ့သော အညာရှိ ရှင်ဖြူ ရှင်လှ ကဿဖ ဘုရားလည်း ဖြစ်သည်။
အလောင်းစည်သူ ၏ အဘိုး၊ အဘေးများ ဖြစ်သော သီရိဓမ္မသောကမင်း၊ ထီးလှိုင်ရှင် တို့ တည်ထားသော စေတီတော် များကို လိုက်လံပြုပြင် မွမ်းမံရန် ရှမ်းပြည်ကို ရောက်ခဲ့ပါတယ်။ ပထမအကြိမ်က မိုးနဲ၊ လင်းခေး တို့ အထိ ရောက်ရှိကာ သာသနာပြုခဲ့ပါတယ်။ နောက်ထပ် ဒုတိယအကြိမ် တက်လာစဉ်မှာ ရှမ်းပြည် တောင်ပိုင်း ၊ တောင်ကြီးမြို့နယ်တွင်းရှိ ရွှေလင်ပန်းဘုရား၊ ဂူကြိုးဘုရား ပြီးလျှင် လွယ်မိုင်းစဉ်တောင် သမိုင်းဝင် ဘုရား ၃ ဆူ ကို ပြုပြင်ရန် လာရောက်ခြင်း ဖြစ်သည်။ ထိုစေတီ ၃ ဆူသည် သီရိဓမ္မသောက မင်းတရားကြီး တည်ထားသော ရှေးဟောင်းဘုရားများ ဖြစ်ပြီး၊ ဘုရားကို စောင့်ရှောက်ရန် အစောင့်အရှောက် များကိုလည်း ထားရှိခဲ့သည်ဟု ဆိုသည်။ အလောင်းစည်သူမင်းကြီးသည် ရွှေလင်ပန်းနှင့် ဂူကြိုးများကို ပြုပြင်ပြီးနောက် လှမ်းမြင်နေရသောမှိုင်းညိုညို တောင်တန်းကို ဘာတောင်လဲ ပရိသတ် များ ကို မေးမြန်းတယ်။ မင်းစဉ် တောင်ခေါ်တယ်။ အဲဒါဆို ငါ့ဖောင်တော် အဲဒီတောင်ကို မောင်းခိုင်းတယ်။ အဲဒီ တောင်မှာ ဘုရားတည်တယ်။ တောင်ပေါ်ကနေ ဦးပေါင်းတော် ကို ချွတ်ကာ ရှေးက ဘိုးလောင်းတော် တို့တည်ထားသော စေတီရှိရာသွားစေဟု အဓိဌာန် ဖြင့် ပစ်လိုက်ရာ ပေါင်းပိုင်းဘက်တွင် ကျရောက်ကြောင်း ဆိုတယ်။ ထိုနေရာအရောက်တွင် ရှာကြည့်ရာ ဘုရားစေတီ မတွေ့ရသဖြင့် အစောင့်အရှောက် ဘိုးဘိုးကြီးများကို ခေါ်ယူမေးမြန်းကြည့်ရာ စေတီတော်ဟောင်း နေရာတွင် ဌာပနာကို ပြန်တွေ့သဖြင့် အောက်ခြေတွင် အတောင် ၂၀ တူးကာ၊ ၅ တောင်မြင့်သော ပေါင်းပိုင်း စေတီတော် ကို တည်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်တွင်း ရှိ ပေါင်းပိုင်း စေတီတော် သည် ရှေးဟောင်း စေတီတော် တစ်ဆူဖြစ်ပြီး၊ တန်ဖိုးရှိသော ရတနာများ ဌာပနာ ထားကြောင်း သိရသည်။ သီရိဓမ္မသောကမင်းဘုရားကြီးသည် ရှမ်း/တောင်တွင် တည်ထားသော ဘုရား ၂ ဆူ ရှိပါသည်။ ညောင်ရွှေမြို့နယ်တွင်းရှိ ပေါင်းပိုင်းဘုရားနှင့် မြင်ထင်တောင်ဘုရား တို့ပင် ဖြစ်ပါသည်။
Zawgyi
ရွမ္းျပည္နယ္ေတာင္ပုိင္းရွိ ေရွးေဟာင္းေမြေတာ္ ေစတီေတာ္မ်ားတည္ရွိရာ (၆) ေနရာ
စည္သာ(ေတာင္ႀကီး)
ရွမ္းျပည္နယ္ေတာင္ပုိင္းတြင္ ေရွးႏွစ္ေထာင္ေပါင္းမ်ားစြာ ကပင္တည္ထားကုိးကြယ္ခဲ့ေသာ ေမြေတာ္ ေစတီစု ေစတီေတာ္မ်ား အမ်ားအျပား တည္ရွိပါတယ္။ အထူးသျဖင့္ ထင္ရွားေက်ာ္ၾကားသည္မွာ ပအုိ၀္းေဒသမွ ကကၠဴ ေမြေတာ္ေစတီစုဘုရားမ်ား၊ ေညာင္ေရႊၿမဳိ႕နယ္ အင္းေတာင္ပုိင္း စံကားေဒသမွ တာေခါင္ေမြေတာ္ ေစတီစုဘုရားမ်ား၊ ေညာင္ေရႊၿမဳိ႕နယ္ အင္းေတာင္ပုိင္းရွိ သမုိင္း၀င္ ေရႊအင္းတိန္ ေစတီေတာ္မ်ား၊ မိုးနဲၿမဳိ႕ရွိ ေရွးေဟာင္း ေစတီေတာ္မ်ား၊ ပင္းတယ ေရႊဥမွင္လႈိဏ္ဂူ ေစတီေတာ္မ်ား၊ ေရႊေညာင္ၿမဳိ႕မွ အရိပ္မေပၚေမြေတာ္ဘုရား လြယ္မုိင္းစဥ္ေတာင္ေတာ္ တုိ႔ပဲ ျဖစ္ပါတယ္။
ဒါ့အျပင္ လူသိနည္းေနေသးေသာ ေရွးေဟာင္းေမြေတာ္ ေစတီေတာ္မ်ားစြာ က်န္ရွိေနေသးပါတယ္။ ရာဇ၀င္ အရ အေလာင္းမင္းတရားႀကီးသည္ စီးေတာ္ယာဥ္ ေလွဦး၊ ေဖာင္ေတာ္ဦးတြင္ ဆင္းတုေတာ္မ်ားကို ပင့္ေဆာင္သယ္ယူလာစဥ္ လမ္းတစ္ေလွ်ာက္ တည္ထားကုိးကြယ္ခဲ့ေသာ ေရွးေဟာင္းေမြေတာ္ ဘုရားမ်ားလည္း ရွိပါေသးတယ္။ ××
သမုိင္း၀င္ ေရႊအင္းတိန္
ရွမ္းျပည္နယ္ေတာင္ပုိင္း၊ ေညာင္ေရႊၿမိဳ႕နယ္၊ ေက်းေပါခံုေက်းရြာအုပ္စုရွိ၊ ေရွးေဟာင္းသမုိင္း၀င္ ေရႊအင္းတိန္ဘုရားကို သာသနာေတာ္ႏွစ္ (၂၀၀) ခုႏွစ္ေက်ာ္ခန္႔တြင္ ပါဋလိပုတ္ျပည္ရွင္ သီရိဓမၼာေသာကမင္းႀကီး တည္ထားကုိးကြယ္ခဲ့ျခင္းျဖစ္ၿပီး၊ အေနာ္ရထာမင္းမွ ေရွးဦးစြာ ျပဳျပင္ထပ္ဆင့္တည္ထား၍ ၊ ထပ္မံျပဳျပင္ခဲ့ေသာ မင္းမ်ားမွာ နရပတိစည္သူမင္း၊ မုိးညွင္းမင္းတရားႀကီး၊ မင္းရဲေက်ာ္စြာ၊ မင္းေခါင္၊ ဆင္ျဖဴရွင္မင္း တုိ႔ ျဖစ္ေၾကာင္း သိရသည္။
ေရွးေဟာင္းသမုိင္း၀င္ ေရႊအင္းတိန္ျမတ္စြာဘုရားႀကီးတြင္ အရန္ေစတီေတာ္ အဆူေပါင္း (၁၀၅၄) ဆူ ရွိၿပီး၊ အဆူေပါင္း (၇၀၀) ေက်ာ္ခန္႔မွာ ျပဳျပင္ၿပီးစီးခဲ့ၿပီး၊ ထပ္မံ၍ ျပဳျပင္ရန္ ေစတီေတာ္ေပါင္း (၃၀၀) ေက်ာ္ က်န္ရွိေနေသးျခင္းျဖစ္ေၾကာင္း ၊ တစ္ႏွစ္လွ်င္ ေစတီအဆူေပါင္း (၂၅) ဆူခန္႔ ျပင္ဆင္ခြင့္ကို ေရွးေဟာင္းသုေတသနမွ ခြင့္ျပဳခ်က္ ျဖင့္ ေဆာင္ရြက္ျခင္းျဖစ္ၿပီး၊ ဘုရားေဂါပကအဖဲြ႔မွ ႀကီးၾကပ္ရံုမွ်သာ ေဆာင္ရြက္ရျခင္းျဖစ္ေၾကာင္း ဘုရားေဂါပကအဖဲြ႔ အတြင္းေရးမွဴး က ေျပာသည္။
ေရွးေဟာင္းသမုိင္း၀င္ ေရႊအင္းတိန္ျမတ္စြာဘုရားႀကီး သည္ ေညာင္ေရႊၿမိဳ႕၊ အင္းေလးေဒသ၊ အေနာက္ဘက္ အင္းပတ္လမ္းအတုိင္း သြားရၿပီး၊ ေတာင္ေလးလံုးလမ္းဆံုမွ ေရႊအင္းတိန္ဘုရားႀကီးသုိ႔ (၂၂) မုိင္ ကတၱရာလမ္းျဖင့္ လည္းေကာင္း၊ ေအာင္ပန္းၿမိဳ႕မွ ေရႊအင္းတိန္ျမတ္စြာဘုရားႀကီးသုိ႔ (၂၄) မုိင္၊ ကတၱရာလမ္း၊ ေက်ာက္ေခ်ာလမ္းျဖင့္ လည္းေကာင္း၊ ေညာင္ေရႊၿမိဳ႕မွ ေရႊအင္းတိန္ျမတ္စြာဘုရားႀကီးသုိ႔ (၁၆) မုိင္၊ ေရလမ္းခရီး စက္ေလွျဖင့္ လည္းေကာင္း ဖူးေမွ်ာ္ႏုိင္ေၾကာင္း သိရသည္။
အင္းေလးကန္၊ ေဖာင္ေတာ္ဦးျမတ္စြာဘုရား ေဒသစာရီ ၾကြခ်ီလွည့္လည္အပူေဇာ္ခံပဲြ ပထမေန႔တြင္ ေညာင္ေရႊ မူလစံေက်ာင္းေတာ္ မွ ေရႊအင္းတိန္ ဘုရားက်ိန္းေက်ာင္း တြင္ တစ္ညတာ က်ိန္းစပ္အပူေဇာ္ခံထားရွိျခင္း ျဖစ္ၿပီး၊ ေရလမ္းခရီးက်ဥ္းသျဖင့္ ကရ၀ိတ္ ေဖာင္ေတာ္အငယ္ျဖင့္သာ ၾကြခ်ီျခင္းျဖစ္ကာ၊ ေရလမ္းက်ယ္ ေသာ ေက်းရြာအေရာက္တြင္မွ ေဖာင္ေတာ္အႀကီးျဖင့္ ေျပာင္းလဲပင့္ေဆာင္ေတာ္ မူျခင္းျဖစ္ေၾကာင္း သိရသည္။
ေရွးေဟာင္းသမုိင္း၀င္ ေရႊအင္းတိန္ျမတ္စြာဘုရားႀကီးတြင္ သီတင္းကၽြတ္ ႏွင့္ ကဆုန္လ တုိ႔တြင္ ႏွစ္စဥ္ ဗုဒၶပူဇနိယဆြမ္းႀကီးေလာင္းလွဴပဲြေတာ္ ႏွစ္ပဲြက်င္းပျပဳလုပ္ေလ့ရွိၿပီး၊ သီတင္းကၽြတ္လျပည့္ေက်ာ္ (၇) ရက္တြင္ ဆြမ္းဆန္စိမ္းေလာင္းလွဴျခင္း၊ (၈) ရက္ေန႔ တြင္ ဆြမ္း၊ ဟင္းလ်ာတုိ႔ျဖင့္ ႏွစ္စဥ္ႏွစ္တိုင္းအစဥ္အလာမပ်က္ ေလာင္းလွဴပူေဇာ္ က်င္းပလ်က္ ရွိေၾကာင္း သိရသည္။ ×××
တာေခါင္ေမြေတာ္ဘုရား
စကားေရွးေဟာင္းသမုိင္း၀င္ဘုရား၊ ဗုဒၶဘာသာ ဘုန္းႀကီးေက်ာင္း၊ စကားၿမိဳ႕ႏွင့္ စကား(၅)ရက္ေစ်းႏွင့္ သာေခါင္ေစတီစုမ်ား၊ သာယာကုန္းရြာ အရက္ဖို တို႔ကို လည္ပတ္ႏုိင္ပါတယ္။ စကားရြာမွာ ေရွးေဟာင္း သမုိင္း၀င္ ဘုရားေပါင္း ၁၂၀ ဆူ ရွိၿပီးေတာ့၊ သာေခါင္ရြာ ေရွးေဟာင္း သမိုင္း၀င္ဘုရားေပါင္း ၂၃၆ ဆူ ရွိကာ သာေခါင္ဆြမ္းေလာင္းပြဲကို နတ္ေတာ္လျပည့္ေန႔တြင္ ႏွစ္စဥ္က်င္းပေလ့ ရွိၿမဲ ျဖစ္ပါတယ္။
ရွမ္းျပည္နယ္ေတာင္ပုိင္း၊ ေတာင္ႀကီးခရိုင္၊ ေညာင္ေရႊၿမိဳ႕နယ္ရွိ ရွမ္း၊အင္း၊ ပအို၀္း တုိင္းရင္းသားမ်ား ေနထုိင္ရာ စံကားရြာ သည္ တိမ္ျမွဳပ္ေနေသာ ေရွးေဟာင္း ၿမိဳ႕ေဟာင္းေက်းရြာတစ္ရြာအျဖစ္ ထင္ရွားၿပီး၊ ေရွးေဟာင္း ယဥ္ေက်းမႈ ဘုရားေစတီမ်ားစြာ ရွိပါသည္။ စံကားတြင္ တာေခါင္ေမြေတာ္ ေစတီစု တည္ရွိၿပီး၊ ကကၠဴေမြေတာ္ ဘုရားကဲ့သုိ႔ပင္ ယြန္းရွမ္းမ်ား၏ လက္ရာ ေရွးေဟာင္းဗိသုကာ အေမြအႏွစ္ မ်ားကုိ ေလ့လာႏုိင္ေပသည္။ စံကားၿမဳိ႕သည္ ေအဒီ ၁၄၇၉ ခုႏွစ္ တြင္ ထိုင္းႏုိင္ငံခ်င္းဟုိင္းကို အုပ္စုိးေသာ ေစာ္ဘြား ညီေတာ္ ဗရားလိုင္း ၊ ေနာက္ပါမ်ားက အေျခခ်ခဲ့ေၾကာင္း မွတ္တမ္းအရ သိရသည္။ ခရစ္သကၠရာဇ္ ၁၇၉၀ ခုႏွစ္တြင္ အိမ္ေျခ ၁၉၆၀ နီးပါးရွိေသာ စံကားၿမဳိ႕ဟာ စည္ပင္ တိုးတက္ခဲ့ပါတယ္။ ၁၉၇၀ ခုႏွစ္ခန္႔မွာ မိုးၿဗဲေရေလွာင္တမံ တည္ေဆာက္ျခင္းေၾကာင့္ စံကားၿမဳိ႕ေတာ္ တစ္၀က္ေက်ာ္ ေရဖံုးလႊမ္းခဲ့ၿပီး၊ ေက်းရြာေပါင္းမ်ားစြာ ေျပာင္းေရြ႕ခဲ့ရၿပီး စံကားအင္း နဲ႔ ဖယ္ခံုအင္း ျဖစ္လာပါတယ္။ ××× ×××
လက္က်န္အေမြအႏွစ္ ေရွးေဟာင္းကကၠဴ ေမြေတာ္ဘုရား
ရွမ္းျပည္နယ္ေတာင္ပုိင္း၊ ေတာင္ႀကီးၿမိဳ႕နယ္ရွိ၊ ယခင္ကေက်ာက္တစ္လံုးႀကီး ၿမိဳ႕နယ္ခြဲမွာရွိေသာ ေရွးေဟာင္းေမြေတာ္ ကကၠဴ ဘုရားေစတီမ်ားကို ျမန္မာနိုင္ငံမွာသာမကကမာၻေပၚမွာပါ ထင္ရွားေက်ာ္ၾကားတဲ့ ေရွးေဟာင္းအေမြအႏွစ္ တစ္ခုလည္း ျဖစ္ပါသည္။ ကမာၻ႔ အေမြအႏွစ္ စာရင္း၀င္ ေအာင္ ထိန္းသိမ္းျခင္း ျပဳျပင္ျခင္းေတြနဲ႔ ကမာၻ႔ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ စာရင္းကိုတင္သြင္းႏုိင္ဖို႔ ႀကဳိးစားရမွာလည္းသမုိင္းေပး တာ၀န္ တစ္ရပ္ ျဖစ္ေပသည္။
ေမြေတာ္ ကကၠဴသည္ ပအုိ၀္းဘာသာစကား ကက္ကူ၊ ကက္ = စခန္း၊ ကင္းစခန္းႏွင့္၊ ကူ= နယ္ျခား ျဖစ္သည္။ နယ္ျခားစခန္းကဘုရားေစတီစုမ်ား ျဖစ္သည္ဟု ပအို၀္းလုိ အနက္အဓိပၸါယ္ ရွိေၾကာင္းသိရသည္။
ေမြေတာ္ ကကၠဴဘုရားေစတီေတာ္ မ်ားကိုမည္သည့္ ခုႏွစ္ကမည္သည့္ အလွဴရွင္ကတည္ထားကိုးကြယ္ခဲ့သည္ ကို မည္သူမွ အတိအက် မသိရွိၾကေခ်။ ေရွးႏွစ္ေထာင္ေပါင္းေျမာက္မ်ားစြာထဲကတည္ရွိလာခဲ့ၿပီး၊ ျပဳျပင္ မြမ္းမံရာတြင္လည္းမူလအလွဴရွင္ အမွဴးျပဳ၍ ဟုသာကဗၼည္းေရးထိုးႏုိင္ေတာ့ေၾကာင္းသိရသည္။ ကကၠဴေစတီစုဟာ ျမန္မာျပည္မွာရွိတဲ့ တျခားေစတီစုေတြနဲ႔ မတူပါဘူး။ ေစတီဆူေပါင္းေထာင္ခ်ီၿပီး တစ္စုတစ္ေ၀းထဲ တည္ရွိကာမိုးညင္းသံဗုေဒၶ တို႔လို ၿပီးရင္ ေမြေတာ္ ကကၠဴဘုရားမွာပဲရွိပါတယ္။
ေမြေတာ္ ကကၠဴဘုရားရွိရာကကၠဴေနရာသည္ ဆီဆုိင္ေစာ္ဘြားနယ္ႏွင့္ ေညာင္ေရႊေစာ္ဘြားပုိင္နယ္ အစပ္ တြင္ ျဖစ္ေနေသာေၾကာင့္ ေရွးယခင္ကတစ္နယ္ႏွစ္ တစ္နယ္ အစပ္ျဖစ္တဲ့ နယ္ျခားေဒသ ျဖစ္တာေၾကာင့္ နယ္စပ္တြင္ ရွိေသာဘုရားလို႔ ပအုိ၀္း လိုေခၚရာကေနကကၠဴဘုရား ျဖစ္လာပံုရသည္ဟုဆိုသည္။ လက္ရွိ ပအို၀္းေဒသ ပအို၀္းတိုင္းရင္းသား အမ်ားဆံုးေနထုိင္ေသာ ေနရာတစ္ခု ျဖစ္တာေၾကာင့္ ကကၠဴကို ပအို၀္းဘာသာ စကားလို႔ပဲေဒသခံေတြကယံုၾကည္ေနၾကသည္။
ေမြေတာ္ကကၠဴေမြေတာ္ ဘုရားသည္ ႏွစ္ေပါင္းေထာင္ေက်ာ္ ၾကာျမင့္ၿပီး၊ ေရွးေခတ္ ယြန္းလူမ်ဳိးမ်ား၏ လက္ရာဟုသက္ႀကီးစကားသက္ငယ္ၾကားအျဖစ္ ေလ့လာမွတ္သားရဖူးပါသည္။ ကကၠဴဘုရားတည္ထားကုိးကြယ္ျခင္းအစကို ျမန္မာသမုိင္းဆရာစာေပပညာရွင္မ်ားေရးသားခ်က္မ်ားကို ခန္႔မွန္းရာပုဂံေခတ္ အေလာင္းစည္သူမင္း(၁၁၇၄-၁၂၁၁) ေဖာင္ဆိုက္ရာမွ တည္ထားကုိးကြယ္သည္ ဟုသိရသည္။ ပအို၀္း မွတ္တမ္းမ်ားအရ နရပတိစည္သူမင္းတည္ထားသည္ သို႔မဟုတ္ ျပန္လည္ ျပဳျပင္ မြမ္းမံသည္ဟုဆိုျပန္၏။ ပါးစပ္ ေျပာရာဇ၀င္မ်ား အရေမြေတာ္ ကကၠဴဘုရားသည္ ဗုဒၶဘာသာ၊ သာသနာျပဳသူရဲေကာင္းမင္းႀကီး ျဖစ္ေတာ္မူေသာ သီရိဓမၼာေသာကမင္းႀကီးရဲ႕ ရွစ္ေသာင္းေလးေထာင္ ၈၄၀၀၀ ေစတီစုမ်ားထဲ မွ တစ္ခု ျဖစ္တယ္လို႔လည္းဆိုၾကျပန္သည္။
မင္းမသိ ျဗဟၼဒတ္၊ ျပည္မသိဗာရာဏသီဆိုတာလိုပဲရွမ္းျပည္နယ္မွာရွိတဲ့ ေရွးေဟာင္းေမြေတာ္ ဘုရားေစတီ၊ ဂူပုထိုးေတြ အေတာ္ မ်ားမ်ားကေတာ့ သီရိဓမၼာေသာကမင္းႀကီးရဲ႕ ကုသုိလ္ေတာ္ ေတြလို႔ ဆိုၾကပါတယ္။ ထို႔ျပင္ နည္းနည္းေလးပုဂံေခတ္ကိုေရာက္လာျပန္ရန္ ျမန္မာႏွစ္ ၁၁၀၀ ခုႏွစ္ ေက်ာ္ ေလာက္ကအေလာင္းစည္သူမင္းလို႔လည္းဆိုၾကျပန္သည္။
သီရိဓမၼာေသာကမင္းႀကီး၏ သာသနာျပဳ လုပ္ငန္းနဲ႔ ဆက္စပ္ေနေသာထူးျခားေသာအရာ ျဖစ္စဥ္ ၆ ခုရွိၿပီး၊ ထိုအရာမ်ားမွာ ဓါတုေစတီ၊ ပရိေဘာဂေစတီ၊ ေရတြင္းေဟာင္း၊ ေရကန္ေဟာင္း၊ ေက်ာင္းေနရာေဟာင္းႏွင့္ သိမ္ေနရာေဟာင္းတို႔ပဲ ျဖစ္ၾကပါသည္။ Xxx
ေစတီေတာ္ သြင္ျပင္ လကၡဏာ
ကကၠဴ ေမြေတာ္ ဘုရားမွာေစတီေတာ္ ေပါင္း ၂၄၇၈ ဆူရွိၿပီး၊ အတြင္းမွာဆုေတာင္းျပည့္ အာေသာကာေစတီေတာ္ႀကီးတည္ရွိကာပတ္ပတ္လည္မွာေစတီေတာ္ ငယ္ေပါင္းအုပ္စုဖြဲ႔၊ အုပ္စုဖဲြ႔ကာေထာင္ေပါင္းမ်ားစြာတည္ထားကိုးကြယ္ ျခင္း ျဖစ္သည္။ အဆုိပါ ေစတီေတာ္မ်ားကို ၾကည့္ျခင္းျဖင့္ ေရွးအႏုပညာလက္ရာမ်ား၊ ေရွးေခတ္အရုပ္မ်ားကို ၾကည့္ျခင္းျဖင့္ ထုိေခတ္၏ ၀တ္စားဆင္ပံုမ်ား၊ ယဥ္ေက်းမႈ အဆင့္အတန္းႏွင့္ ေနာက္ခံသမုိင္းေၾကာင္းတို႔ကိုတစ္စိတ္ တစ္ပုိင္းေလ့လာခြင့္ ရမွာ ျဖစ္ပါတယ္။ +++xxx xxx
ေမြေတာ္ ကကၠဴ ေစတီေတာ္ ႏွင့္ သဘာ၀ ေဘးအႏၱရာယ္
သမိုင္း၀င္ ေမြေတာ္ ကကၠဴ ေစတီေတာ္တြင္ ၂၀၁၅ ခုႏွစ္ ေမလမွာလည္းတစ္ႀကိမ္ ေလျပင္းတုိက္ခတ္ခဲ့ၿပီး၊ ၂၀၁၆ ခုႏွစ္ ဧၿပီ ၂၂ ရက္ ညဘက္မွာလည္းေလျပင္းတုိက္ခတ္မႈေၾကာင့္ ေစတီေတာ္ရဲ႕ ၃ ပံု ၂ ပံုေလာက္ ပ်က္ယြင္းခဲ့ရတယ္လို႔ သိရတယ္။ လြန္ခဲ့ေသာ ၂၀၁၅ ခုႏွစ္ ေမလတြင္လည္းတစ္ႀကိမ္ ျဖစ္ဖူးၿပီး၊ မုိးသက္ေလျပင္းေၾကာင့္ ေစတီ ၃၈ ဆူပ်က္စီးခဲ့ၿပီး၊ တစ္လ ႏွစ္လအတြင္း ျပန္လည္ ျပဳျပင္ခဲ့ေၾကာင္း ၊ ယခုအႀကိမ္ ပ်က္စီးျခင္းသည္ ဆံုးရွံဳးမႈမ်ားေၾကာင္းသိရသည္။ Xxx xxx
ပင္းတယ ေရႊဥမင္ သဘာ၀လႈိဏ္ဂူ ဘုရား
ေရွးေဟာင္းဒ႑ာရီလာ အရ “ပင့္ကူရ” မွ ဆင္းသက္လာသည္ဟု ဆုိၾကၿပီး၊ ေတာင္ေျခတြင္ နတ္သမီး ခုႏွစ္ေဖာ္ ေရကစားခဲ့သည္ဟု ဆိုေသာ ပုန္းတလုတ္ေရကန္လည္း တည္ရွိသည္။
ပင္လယ္ေရမ်က္ႏွာျပင္ အထက္ ၄၉၇၀ ေပ တြင္ တည္ရွိၿပီး၊ ဂူရဲ႕ အရွည္ဟာ ေပ ၄၉၀ ျဖစ္ၿပီး၊ အျမင့္ဆံုး ေနရာ ေပ ၁၅၀ ျမင့္ကာ၊ ဂူထဲတြင္ ဗုဒၶဆင္းတုေတာ္၊ ရုပ္ပြားေတာ္ ၈၀၀၀ ေက်ာ္ ခန္႔ ရွိသည္။
ပင္းတယေရႊဥမင္သဘာ၀လႈိဏ္ဂူေတာ္ဘုရားသည္ ေတာင္တန္း၏ ေတာင္ေၾကာေပၚတြင္ တည္ထားျခင္းျဖစ္ကာ၊ ေတာင္ေၾကာမွာ ဂူေပါက္ ၃ ေပါက္ ရွိၿပီး ဘယ္ဘက္အေပါက္၀ (ဓါတ္ေလွကားဘက္) ရွိတဲ့ ေနရာကို အဓိက လည္ပတ္ၾကပါတယ္။ ညာဘက္မွာ ေက်ာင္းေဆာင္ႀကီးနဲ႔ ဘုန္းေတာ္ႀကီးေက်ာင္းေတြ ေစတီေတာ္ေတြနဲ႔ တျခားဂူေတြလည္း အမ်ားႀကီး က်န္ရွိပါသည္။
ေရႊဥမင္လႈိဏ္ဂူတြင္ ဘုရားအဆူေပါင္း (၈၀၉၄) တည္ထားၿပီး၊ ပထမဆံုး တည္ထားေသာ ကုသုိလ္ရွင္မွာ အေသာကမင္းႀကီး ျဖစ္ကာ၊ ဒုတိယ ကုသုိလ္ရွင္မွာ အေလာင္းစည္သူ မင္းျဖစ္ၿပီး၊ ေရႊဥမင္သဘာ၀လႈိဏ္ဂူသည္ ေပေပါင္း(၄၉၀) ၀င္ေရာက္ႏုိင္ကာ၊ ယခုအခါ ဓါတ္ေလွကား ႏွစ္စင္းျဖင့္ အတက္အဆင္းျပဳလုပ္ေပးေနေၾကာင္း သိရသည္။ ပင္းတယေရႊဥမင္သဘာ၀ လႈိဏ္ဂူေတာ္ သည္ အင္းေလးကန္ကဲ့သုိ႔ပင္ ထံုးေက်ာက္ေတာင္ျဖစ္ၿပီး၊ ႏုိင္ငံတကာမွ သုေတသီမ်ားက ေက်ာက္စက္တုိင္ကို စမ္းသပ္ခ်က္အရ ႏွစ္သက္တမ္းအားျဖင့္ ႏွစ္သန္းေပါင္း ၂၀၀ ေက်ာ္ၿပီ ျဖစ္ေၾကာင္း၊ သိရသည္။ ဂူအတြင္းထဲတြင္ ဆင္ခ်ည္တုိင္၊ ျမင္းခ်ည္တုိင္၊ ၀ကၤပါ ဂူ ၊ ေခၽြးထြက္ဘုရား၊ ေအာင္ေျမ ၊ နတ္ေရကန္ တုိ႔သည္ ထင္ရွားသျဖင့္ လာေရာက္ ၾကည္ရွဳ ဖူးေမွ်ာ္သူမ်ားျပားျခင္း ျဖစ္ေၾကာင္း သိရသည္။
ဒါ့အျပင္ ေရွးေဟာင္း လက္ရာေတြ မထိန္းသိမ္းဘဲ ပ်က္စီးတာေတြ၊ ငွက္ေခ်းေၾကာင့္ ပ်က္စီးေနတာေတြ ရွိေနေၾကာင္း ေဒသခံ တခ်ဳိ႕ကလည္းေျပာျပၾကပါတယ္။ သဘာ၀လႈိဏ္ဂူေတြ အေၾကာက္ရဆံုးက ငလ်င္ဒဏ္ နဲ႔ မုိင္းခဲြျခင္း ေတြကုိပါပဲ။ ပင္းတယၿမဳိ႕သည္ ရွမ္းျပည္ေတာင္ပုိင္း ေတာင္ႀကီးခရိုင္၊ ဓႏုကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ တြင္ တည္ရွိသည္။
ရုိးရာဓေလ့ ပြဲေတာ္မ်ား
အထူးထင္ရွားေက်ာ္ၾကားသည္မွာ ပင္းတယ ေရႊဥမင္ လႈိဏ္ဂူ ဘုရားပြဲေတာ္သည္ သီတင္းကၽြတ္ပဲြေတာ္ ႏွင့္ တေပါင္းပြဲေတာ္ တုိ႔ကို က်င္းပေလ့ရွိၿပီး ၾကက္ပ်ံမက် စည္ကားပါသည္။ အဖိတ္ေန႔မွ စတင္ကာ လျပည့္ေက်ာ္ (၁) ရက္ေန႔ အထိ က်င္းပသည္။ တန္ခူး လဆန္း (၁) ရက္ ေန႔တြင္ ပင္းတယ ၿမိဳ႕အ၀င္ တမဲဘုရား၀င္း အတြင္း က်င္းပေသာ ေတာင္ရုိး လူမ်ဳိးတို႔၏ တာတက္ပြဲမွာလည္း ထူးျခားပါသည္။ ထို႔ျပင္ ဒုိးပစ္ပဲြဟာ လည္း မႀကံဳဖူးသူအဖို႔ ထူးဆန္း ေသာ တုိင္းရင္းသား ရုိးရာဓေလ့ ပြဲေတာ္လည္း ျဖစ္သည္။
ဓႏု တုိ႔ရဲ႕ စာခ်ဳိးေတြ၊ သံခ်ပ္ေတြနဲ႔ အုိးစည္ တို႔ဟာ ေတာင္ပုိင္းမွာ ထင္ရွားပါတယ္။ သံခ်ပ္ေတြကို သီခ်င္းေတြ အျဖစ္ သီဆိုျခင္း၊ မီးပံုးပ်ံ ပြဲေတာ္ မွာ သံၿပဳိင္ ဟစ္ေၾကြးျခင္းေတြ ေၾကာင့္ လူသိမ်ားလာတာလည္း ျဖစ္ပါတယ္။ တာတက္ပြဲမွာ ေပ်ာ္ဖုိ႔လာ၊ ေပ်ာ္ဖူးလား၊ ေပ်ာ္ဖူးလား၊ ေပ်ာ္တယ္ေဟ့ ေပ်ာ္တယ္ေဟ့။ ဆုိတဲ့ ဓႏု သံခ်ပ္ ကို လူတုိင္း ၾကားဖူးမွာ ျဖစ္သည္။ တာတက္ပြဲ ဆိုတာ ဓႏု၊ ေတာင္ရုိး၊ ပအို၀္း တိုင္းရင္းသား လူမ်ဳိးမ်ားရဲ႕ ရုိးရာပြဲေတာ္ တစ္ခု ျဖစ္ၿပီးေတာ့ ၊ စိုက္ပ်ဳိးေရး ေအာင္ျမင္ခ်ိန္ ေက်းရြာတြင္းရွိ ဘုရားေစတီပုထုိးႏွင့္ ဘုန္းေတာ္ႀကီး ေက်ာင္း မ်ားသုိ႔ သြားေရာက္ လည္ပတ္ၿပီးေတာ့ လွဴဖြယ္ပစၥည္းမ်ားကို စုေပါင္း လွဴဒါန္းၾကျခင္း၊ ဘုရားဆြမ္းေတာ္ႀကီး ကပ္ျခင္းဓေလ့တစ္ခုပဲ ျဖစ္ပါတယ္။ တာတက္ပဲြကို ရုိးရာ အတာသႀကၤန္အတက္ေန႔မွ စတင္၍ ကဆုန္ လျပည့္ေန႔ အထိ လည္ပတ္ၾကတာ ျဖစ္တယ္။ လွဴဖြယ္မ်ားကို ပေဒသာပင္ လုပ္ၿပီး လွဴဒါန္း ပူေဇာ္ပါတယ္။ ထို တာတက္ပဲြ မွာ လူပ်ဳိ၊ အပ်ဳိ ေတြ ဆံုေတြ႔ၾကကာ ဖူးစာရွင္ ရွာတဲ့ ပြဲေတာ္ တစ္ခုလည္း ျဖစ္တဲ့ အတြက္ေၾကာင့္ သူတို႔ေတြ အရမ္းလည္း ေပ်ာ္ၾကပါတယ္။ ဟဲဟိုးတြင္ အာလူးေဖာ္ခ်ိန္ အာလူးေပါက္ပြဲ ရွိၿပီး၊ မိမိ ႀကဳိက္ႏွစ္သက္ေသာ အမ်ဳိးသမီး၊ အမ်ဳိးသားမ်ားကို အာလူး ေသးေသးေလး ပစ္ေပါက္ၿပီး ၾကည္စယ္လို႔ ရသည္။ ေကာင္မေလးက လက္ခံတယ္ ဆိုရင္ ခ်စ္ခြင့္ပန္လုိ႔လည္း ရသည္။ တိုင္းရင္းသားမ်ား၏ ခ်စ္စရာ ဓေလ့ ပြဲေတာ္ မ်ားလည္း ျဖစ္သည္။
မိုးနဲ (သုိ႔မဟုတ္) ရွမ္းပုဂံ
ရွမ္းျပည္ေတာင္ပုိင္း လင္းေခးခရိုင္ မိုးနဲၿမဳိ႕သည္ အညာေဒသရွိ ေစတီပုထိုးေပါင္း ရွစ္ေသာင္းေလးေထာင္ေက်ာ္တည္ရွိေသာ ပုဂံေဒသကဲ့သို႔ ပံုစံတူ ဘုရားေစတီမ်ားျပည့္ႏွက္ေနေသာ ၿမဳိ႕တစ္ၿမဳိ႕ ျဖစ္သည့္အတြက္ ရွမ္းပုဂံ ေဒသလို႔လည္းတင္စားေခၚေ၀ၚၾကသည္။ မုိးနဲၿမဳိ႕အ၀င္မွ စ၍ ေရွးေဟာင္း ေစတီေတာ္မ်ားစြာ ျမင္ေတ႔ြႏုိင္ၿပီး၊ ေရွးေဟာင္းေစတီေတာ္မ်ား၊ ေက်ာင္းကန္မ်ားတုိ႔ကို မုိးနဲၿမဳိ႕ေတာင္ေပၚမွ လွမ္းေမွ်ာ္ၾကည့္ရွဳလိုက္လွ်င္ အင္မတန္မွ လွပေသာ ျမင္ကြင္းကို ျမင္ႏုိင္သည္။
မုိးနဲၿမဳိ႕သည္ ရွမ္းျပည္နယ္တြင္ ေရွးအက်ဆံုးေသာ ၿမဳိ႕ေဟာင္းတစ္ၿမဳိ႕ျဖစ္ၿပီး၊ မိုးနဲၿမဳိ႕ကို ေစာ္ဘြားအဆက္ဆက္ အုပ္စုိးခဲ့ကာ မုိးနဲေစာ္ဘြားႀကီးသည္ ဘုန္းမီးေနလ ထြန္းေတာက္ခဲ့ေၾကာင္း၊ ပုဂံႏွင့္ ေခတ္ၿပဳိင္ ထြန္းကားခဲ့သည္ဟု သံုးသပ္ထားၾကသည္။
မိုးနဲၿမိဳ႕သမုိင္းသည္ ဘီစီ (၅၁၉) တြင္ ပထမ မိုးနဲ၊ ဒုတိယ မိုးနဲ၊ တတိယ မုိးနဲ ဟူ၍ ေခတ္ကာလခဲြျခားထားၿပီး၊ ပထမမုိးနဲသည္ နႏၵာပူရ ၊ ရွမ္းဘာသာ နံသာပူ ဟုေခၚၿပီး၊ ဒုတိယ မုိးနဲသည္ လက္ရွိ မိုးနဲၿမိဳ႕၏ အေရွ႕ဘက္တြင္ ၇ မိုင္ အကြာတြင္ တည္ရွိသည္ဟု ဆုိၿပီး၊ လက္ရွိ မိုးနဲၿမိဳ႕သည္ တတိယ မိုးနဲၿမိဳ႕ ျဖစ္သည္ဟု အက်ဥ္းခ်ံဳး သမုိင္းေၾကာင္း ကို လႊတ္ေတာ္ကုိယ္စားလွယ္ ကေျပာျပသည္။ လက္ရွိ မုိးနဲၿမိဳ႕နယ္ အတြင္းရွိ ေစတီေတာ္ႀကီး ၄ ဆူ အပါအ၀င္ ၿမိဳ႕တြင္းရွိ ေစတီေတာ္ငယ္မ်ားကိုသာ ရွာေဖြထိန္းသိမ္းႏုိင္ေသးၿပီး၊ ၿမိဳ႕ျပင္ ေနရာမ်ားတြင္ ပ်က္စီး ေပ်ာက္ကြယ္သြားေသာ ေစတီေတာ္ မ်ားစြာ ရွိခဲ့ေၾကာင္း၊ ရွာမေတြ႔ဘဲ လက္လွမ္းမမွီဘဲ ၿခံဳႏြယ္ပိတ္ေပါင္းမ်ားျဖင့္ ေပ်ာက္ဆံုးေနေသာ ေစတီေတာ္ေပါင္းမ်ားစြာ ရွိေၾကာင္း မုိးနဲၿမိဳ႕၊ လြိဳင္ေျမရပ္ကြက္၊ ၀ိဇၨာရိယဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမွ ဦးေဆာင္ ဆရာေတာ္ သဒၶမၼေဇာတိကဓဇ ဘြဲ႔ေတာ္ရ ဆရာေတာ္ ဘဒၵႏ ၱမာဃိႏၵ ထံမွ သိရသည္။
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လင္းေခးခရိုင္၊ မိုးနဲၿမိဳ႕တြင္ ျပဳျပင္ထိန္းသိမ္းရန္ လိုအပ္ေနေသာ ေစတီေတာ္ေပါင္း ၄၄၇ ဆူ ရွိၿပီး၊ လတ္တေလာတြင္ ေရွးေဟာင္းယဥ္ေက်းမႈ ပစၥည္းျပတုိက္၊ စာေပ၊ ပရပုိက္ စာၾကည့္တုိက္ ႏွင့္ ဓမၼဗိမၼာန္ တစ္ေဆာင္ ကို တည္ေဆာက္ထားရွိရန္ စီစဥ္ေနေၾကာင္း မုိးနဲၿမိဳ႕၊ လြိဳင္ေျမရပ္ကြက္၊ ၀ိဇၨာရိယဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမွ ဦးေဆာင္ ဆရာေတာ္ သဒၶမၼေဇာတိကဓဇ ဘြဲ႔ေတာ္ရ ဆရာေတာ္ ဘဒၵႏ ၱမာဃိႏၵ ထံမွ သိရသည္။
မုိးနဲၿမဳိ႕သမုိင္းကုိလည္း သံဃာေတာ္မ်ား၊ ပညာရွင္မ်ား၊ ေဒသခံ ရပ္မိရပ္ဖ ျပည္သူလူထုမ်ားျဖင့္ စနစ္တက် ျပဳစုေနေၾကာင္း သိရသည္။ မုိးနဲၿမဳိ႕ရွိ ေရွးေဟာင္းေစတီေတာ္မ်ားသည္ ျပန္လည္ျပဳျပင္ထိန္းသိမ္းႏုိင္ျခင္းမရွိသည့္အတြက္ယခုအခါ တစစ ၿပဳိပ်က္လာရေၾကာင္း သိရသည္။ လင္းေခးခရုိင္တြင္း ပါ၀င္ေသာ လင္းေခး၊ မုိးနဲ၊ ေမာက္မယ္ ႏွင့္ မိုင္းပန္ စသည့္ ၿမဳိ႕နယ္ ေလးခုတို႔သည္ ျပည္ပခရီးသည္မ်ား ေလ့လာလည္ပတ္ႏုိင္ျခင္း မရွိေသာ ၿမဳိ႕မ်ားတြင္ ပါ၀င္ၿပီး နယ္ေျမလံုၿခံဳေရးအရ ကန္႔သတ္ထားျခင္းျဖစ္သည္။
လည္ပတ္ၾကည့္ရွဳစရာ ေရွးေဟာင္းလက္ရာမ်ား
မုိးနဲၿမဳိ႕တြင္ လည္ပတ္ႏုိင္ေသာ ေနရာမ်ားမွာ (၁) ၿမဳိ႕၀င္ၾကာဖူးမ်ား၊ (၂) ၁၂ ပါး ေတာင္ေပၚဂူ (၃) ဦးသီလ ေစတီေတာ္စုမ်ား၊ (၄) ႏွစ္က်ိပ္ရွစ္ဆူ ဘုရားမ်ား၊ (၅) လြိဳင္ေျမဘုရား (၆) ဆင္ေတာင္ ေမြေတာ္စုဘုရားမ်ား၊ (၇) ဦးေရႊေအာင္ ေစတီ၊ (၈) ေစာ္ဘြားေဟာ္နန္းေရွ႕ရွိ ႏြားရုပ္ ႏွင့္ မာန္လည္တုိင္ (ယခုေထြအုပ္ရံုး) တုိ႔ပဲ ျဖစ္ပါသည္။
ယခင္ ေစာ္ဘြားလက္ထက္တုန္းက က်န္ရွိခဲ့တဲ့ ၿမိဳ႕အ၀င္မွာ နယ္နိမိတ္ ဧရိယာတုိင္အျဖစ္ သတ္မွတ္ ထားတဲ့ ဘယ္ညာ ၿမိဳ႕ရုိးၾကာဖူးတုိင္ကို ပထမၾကာဖူး၊ ဒုတိယၾကာဖူး နဲ႔ ၿမိဳ႕ျပင္မွာလည္း ၾကာဖူးတစ္ခု ေပါင္း သံုးေနရာ ရွိၿပီး၊ မိုးနဲၿမိဳ႕ ဆုိင္းဘုတ္ အေနာက္တြင္လည္း ၿမိဳ႕ရုိးေဟာင္း ႀကီး ႏွစ္ခုကို ဘယ္ညာမွာ ယခုတိုင္ ေတြ႔ရွိရမွာ ျဖစ္သည္။ ဒုတိယၾကာဖူး မွ အေနာက္ဘက္သုိ႔ တစ္မိုင္ခဲြလမ္းအတုိင္း ၀င္ေရာက္သြားတဲ့အခါ လြိဳင္လင္းေက်ာင္း ကို ေရာက္ရွိေလ့လာႏုိင္ပါသည္။ ဒုတိယၾကာဖူး အေက်ာ္နားမွာေတာ့ လမ္းမႀကီးေပၚမွာပဲ ၿမိဳ႕ဦးေမြေတာ္စု ေစတီေတာ္မ်ား ၀င္ေရာက္ ဖူးေမွ်ာ္ႏုိင္ၿပီး၊ နည္းနည္းဆက္သြားရင္ ေညာင္ကုိင္းဆက္ သစ္တံခါး ကို ထူးဆန္းစြာ ျမင္ေတြ႔ႏုိင္မွာျဖစ္သည္။ သစ္တံခါး နားတြင္ စိန္ေတာင္ေက်ာင္းရွိ ေလးမ်က္ႏွာဘုရား ေစတီေတာ္မ်ားကုိလည္း ဖူးေမွ်ာ္ႏုိင္ၿပီးေတာ့ ေအာင္သေျပ ရြာအနီးမွ အေနာက္ဘက္ လမ္းၾကားအတုိင္းသြားလိုက္ေသာအခါ ၁၂ ပါး ဂူေတာင္ေပၚကို ၀င္ေရာက္ လည္ပတ္ႏုိင္ေပသည္။ ေအာင္သေျပရြာကေန ကတ္ေနာက္ရြာ ေက်ာ္တဲ့အခါ ဦးသီလ ေစတီေတာ္စု မ်ား ေရာက္ရွိၿပီး၊ ၿမိဳ႕တံခါးကို ျဖတ္သန္း၍ ၿမိဳ႕တြင္း၀င္ေရာက္ရသည္။ ၿမိဳ႕တြင္းမွာ ႏွစ္က်ိပ္ရွစ္ဆူ ဘုရားကို ဖူးေမွ်ာ္ႏုိင္ၿပီးေတာ့ ေတာင္ဘက္အတုိင္း လမ္းခဲြႏွစ္ခုကို ေရာက္ပါမည္။ ဘယ္ဘက္က ေမာက္မယ္ သြား လမ္းခဲြနဲ႔ ညာဘက္က လင္းေခးသြားတဲ့ လမ္းခြဲတို႔ျဖစ္ပါသည္။ ေမာက္မယ္ လမ္းခဲြအတုိင္း သြားတဲ့အခါ လြိဳင္ေျမဘုရား မေရာက္ခင္ လမ္းၾကားအတုိင္း တက္သြားရင္ ဆင္ေတာင္ ေမြေတာ္စု ဘုရားမ်ားကို တက္ေရာက္ ဖူးေမွ်ာ္ႏိုင္ၿပီး၊ ေတာင္ေပၚမွ ၾကည့္လွ်င္ မင္းသားေစတီ ႏွင့္ ႏွစ္က်ိပ္ရွစ္ဆူ (ေရႊေရာင္) ေစတီေတာ္ တုိ႔ကို လွမ္းျမင္ႏုိင္မွာျဖစ္ပါတယ္။ ဆင္ေတာင္ေပၚမွာ တက္ၾကည့္ရင္လည္း အင္မတန္မွ သာယာ လႊမ္းေမာဖြယ္ေကာင္းပါတယ္။ လင္းေခးလမ္းခဲြအတုိင္း သြားတဲ့အခါ ဦးေရႊေအာင္ ေစတီကို ေရာက္ၿပီး ၿမိဳ႕တံခါး ကို ျဖတ္သန္း၍ ၿမိဳ႕ျပင္ မွ ဘုရားမ်ားကို လုိက္လံဖူးေမွ်ာ္လို႔လည္း ရပါေသးတယ္။ ယခင္ေစာ္ဘြားေဟာ္နန္း ျဖစ္ခဲ့ဖူးတဲ့ ၿမိဳ႕နယ္ ေထြအုပ္ရံုးတြင္းက ႏြားရုပ္ နဲ႔ ရံုးေရွ႕က မန္လည္တုိင္ နဲ႔ ဟစ္တုိင္ တုိ႔ပဲ ျဖစ္ပါတယ္။ ×××
အရိပ္မေပၚေမြေတာ္ဘုရား လြယ္မုိင္းစဥ္ ေတာင္ေတာ္
လြယ္မုိင္းစဥ္ သည္ ရွမ္းစကား ျဖစ္ၿပီး ရွဳခင္းသာ ဟု အဓိပၸါယ္ ရေၾကာင္း၊ ေတာင္ေပၚမွ ၾကည့္လွ်င္ ေတာင္ေျခ ရွဳခင္းကို လွပစြာ ျမင္ရသျဖင့္ ထိုသို႔ ေခၚေၾကာင္း ဆိုသည္။ ယခင္က ရွမ္းတုိင္းရင္းသား မ်ား ေနထုိင္ၾကၿပီး၊ ယခုအခါမွာ ရွမ္းရြာ၊ ေရပူရြာ၊ ေတာင္ေျခရြာ၊ ေတာင္ဦးရြာ တုိ႔တြင္ ရွမ္း၊ ပအို၀္း၊ အင္းသား မ်ား ေရာေႏွာ ေနထိုင္ေၾကာင္း၊ အဓိက စုိက္ပ်ဳိးေရး အသက္ေမြးလုပ္ငန္းလုပ္ေၾကာင္း သိရသည္။ ေတာင္ႀကီးၿမဳိ႕နယ္၊ ေရႊေညာင္ၿမဳိ႕တြင္ လြယ္မုိင္းစဥ္ ေတာင္ေတာ္ တည္ရွိပါသည္။
ထူးျခားခ်က္မွာ လြယ္မုိင္းစဥ္ ေတာင္ေတာ္ေပၚတြင္ တည္ထားကိုးကြယ္ေသာ ေစတီေတာ္စုမ်ား၏ ပင္မ ေစတီေတာ္ အရိပ္သည္ မေပၚဘဲ အင္းေလးကန္တြင္ သြားေရာက္အရိပ္ေပၚသည္ဟုေသာ ယံုၾကည္ခ်က္ ေၾကာင့္ ေဒသတြင္း ထင္ရွားေသာ ေမြေတာ္ဘုရား ျဖစ္ေပသည္။
ပုဂံသမုိင္းေၾကာင္း ထဲက ေရွးေဟာင္းဘုရားသမုိင္း
အေလာင္းစည္သူ၊ နရပတိစည္သူ၊ မဏိစည္သူ၊ ေရႊကူ ဒါယကာ အျဖစ္ နာမည္ ေလးမ်ဳိး ျဖင့္ ထင္ရွား ေက်ာ္ၾကားခဲ့ေသာ ဘုရင္မင္းျမတ္ တစ္ပါးသည္ ေစတီေတာ္ကို ျပန္လည္မြမ္းမံ တည္ထားကုိးကြယ္ခဲ့ျခင္း ျဖစ္သည္။ အေလာင္းစည္သူ မင္းႀကီး သည္ ပုဂံမင္းဆက္ ၅၅ ဆက္တြင္ ၄၅ ဆက္ ေျမာက္ မင္း တစ္ပါးလည္း ျဖစ္သည္။ အေလာင္းစည္သူမင္း ပထမဆံုး တည္ေသာ ေစတီသည္ ပုဂံတြင္ ရွိေသာ ေရႊကူေစတီေတာ္ႀကီး ျဖစ္သည္။ ရွမ္းျပည္နယ္တြင္ အေလာင္းစည္သူ တည္ထားကိုးကြယ္ခဲ့ေသာ ေစတီေပါင္း မ်ားစြာလည္း ရွိသည္။ ေနာက္ဆံုး တည္ခဲ့ေသာ ေစတီမွာ ျမင့္မုိရ္ေတာင္မွ အျပန္ ေတာင္ဘက္ သေျပကုိင္းမွ ထုလုပ္ထားေသာ ဘုရား ၃ ဆူကို ဌာပနာ၍ တည္ထား ကုိးကြယ္ခဲ့ေသာ အညာရွိ ရွင္ျဖဴ ရွင္လွ ကႆဖ ဘုရားလည္း ျဖစ္သည္။
အေလာင္းစည္သူ ၏ အဘုိး၊ အေဘးမ်ား ျဖစ္ေသာ သီရိဓမၼေသာကမင္း၊ ထီးလႈိင္ရွင္ တို႔ တည္ထားေသာ ေစတီေတာ္ မ်ားကို လိုက္လံျပဳျပင္ မြမ္းမံရန္ ရွမ္းျပည္ကို ေရာက္ခဲ့ပါတယ္။ ပထမအႀကိမ္က မိုးနဲ၊ လင္းေခး တို႔ အထိ ေရာက္ရွိကာ သာသနာျပဳခဲ့ပါတယ္။ ေနာက္ထပ္ ဒုတိယအႀကိမ္ တက္လာစဥ္မွာ ရွမ္းျပည္ ေတာင္ပိုင္း ၊ ေတာင္ႀကီးၿမိဳ႕နယ္တြင္းရွိ ေရႊလင္ပန္းဘုရား၊ ဂူႀကဳိးဘုရား ၿပီးလွ်င္ လြယ္မုိင္းစဥ္ေတာင္ သမုိင္း၀င္ ဘုရား ၃ ဆူ ကို ျပဳျပင္ရန္ လာေရာက္ျခင္း ျဖစ္သည္။ ထိုေစတီ ၃ ဆူသည္ သီရိဓမၼေသာက မင္းတရားႀကီး တည္ထားေသာ ေရွးေဟာင္းဘုရားမ်ား ျဖစ္ၿပီး၊ ဘုရားကို ေစာင့္ေရွာက္ရန္ အေစာင့္အေရွာက္ မ်ားကိုလည္း ထားရွိခဲ့သည္ဟု ဆိုသည္။ အေလာင္းစည္သူမင္းႀကီးသည္ ေရႊလင္ပန္းႏွင့္ ဂူႀကဳိးမ်ားကို ျပဳျပင္ၿပီးေနာက္ လွမ္းျမင္ေနရေသာမႈိင္းညဳိညဳိ ေတာင္တန္းကို ဘာေတာင္လဲ ပရိသတ္ မ်ား ကို ေမးျမန္းတယ္။ မင္းစဥ္ ေတာင္ေခၚတယ္။ အဲဒါဆို ငါ့ေဖာင္ေတာ္ အဲဒီေတာင္ကို ေမာင္းခုိင္းတယ္။ အဲဒီ ေတာင္မွာ ဘုရားတည္တယ္။ ေတာင္ေပၚကေန ဦးေပါင္းေတာ္ ကို ခၽြတ္ကာ ေရွးက ဘုိးေလာင္းေတာ္ တုိ႔တည္ထားေသာ ေစတီရွိရာသြားေစဟု အဓိဌာန္ ျဖင့္ ပစ္လုိက္ရာ ေပါင္းပုိင္းဘက္တြင္ က်ေရာက္ေၾကာင္း ဆိုတယ္။ ထိုေနရာအေရာက္တြင္ ရွာၾကည့္ရာ ဘုရားေစတီ မေတြ႔ရသျဖင့္ အေစာင့္အေရွာက္ ဘိုးဘိုးႀကီးမ်ားကို ေခၚယူေမးျမန္းၾကည့္ရာ ေစတီေတာ္ေဟာင္း ေနရာတြင္ ဌာပနာကို ျပန္ေတြ႔သျဖင့္ ေအာက္ေျခတြင္ အေတာင္ ၂၀ တူးကာ၊ ၅ ေတာင္ျမင့္ေသာ ေပါင္းပုိင္း ေစတီေတာ္ ကို တည္ထားျခင္း ျဖစ္ေၾကာင္း သိရသည္။
ေညာင္ေရႊၿမိဳ႕နယ္တြင္း ရွိ ေပါင္းပုိင္း ေစတီေတာ္ သည္ ေရွးေဟာင္း ေစတီေတာ္ တစ္ဆူျဖစ္ၿပီး၊ တန္ဖိုးရွိေသာ ရတနာမ်ား ဌာပနာ ထားေၾကာင္း သိရသည္။ သီရိဓမၼေသာကမင္းဘုရားႀကီးသည္ ရွမ္း/ေတာင္တြင္ တည္ထားေသာ ဘုရား ၂ ဆူ ရွိပါသည္။ ေညာင္ေရႊၿမိဳ႕နယ္တြင္းရွိ ေပါင္းပိုင္းဘုရားႏွင့္ ျမင္ထင္ေတာင္ဘုရား တို႔ပင္ ျဖစ္ပါသည္။
xxxx
ကေလာင္ - စည္သာ(ေတာင္ႀကီး)
No comments:
Post a Comment