Font
Wellcome
စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်
Friday, November 12, 2021
အုံးလွဲခြင်း အကြောင်း
တစ်နေ့ ကျွန်တော် အုန်းလွဲသည်။
အထိုင်များခြင်း၊ ဝမ်းမမှန်ခြင်းနှင့် ခေါင်း ဆက်တိုက် အငုံ့လွန်ခြင်း တို့ကြောင့် ဖြစ်နိုင်သည်။ ခေါင်းအုံး နေလှန်းခြင်းကို ၃ ရက် ပြုလုပ်လည်း မပျောက်။ ဝမ်းမှန်အောင် ဂရုစိုက်ပြီး အနေထိုင်ဆင်ခြင်သော်လည်း မပျောက်။ တတ်ကျွမ်းသမျှ နှိပ်ပေးကြသော်လည်း မသက်သာခဲ့။
ကျွန်တော် နှင့် ခင်သော အင်းသားတစ်ယောက်နှင့် တွေ့တော့မှ အဆင်ပြေသွားသည်။ စကားပြောနေရင်းနဲ့ ဘာဖြစ်တာလဲ ဟု သူက မေးရင်းနှင့် ပြောမိတော့ စောစောကတော့ မပြောဘူး ဆိုပြီး မျက်နှာချင်းဆိုင် ထိုင်ခိုင်းတယ်။ ပခုံးသားတွေကို အရင်ဆုံး အကြောလျှော့ပေးပြီးတော့မှ အနောက်ကနေ နှိပ်ပေးတယ်။ လက်ကိုလည်း မြှောက်လိုက်ချလိုက် လုပ်ခိုင်းတယ်။ ဖြစ်နေတာက ဘယ်ဘက်ကလည်း ဆိုပြီး ဖြစ်နေတဲ့ ဘက်က လက်ကို လုပ်ခိုင်းတာ။ ကျွန်တော်က ဘယ်ဘက်မှာ ဖြစ်နေတာ ဆိုတော့ ဘယ်လက်ကို မြှောက်လိုက် ချလိုက် လုပ်နေရတယ်။ စိတ်ထဲမှာတော့ မယုံသလိုပဲ။ 
ပြီးတော့မှ မျက်နှာချင်းဆိုင် လှည့်လိုက်ပြီး “သူများတွေလို ဖြစ်နေတဲ့ နေရာကို မနှိပ်ဘူး၊ တခြားနေရာကို နှိပ်ပြမယ်၊ မလန့်ပါနဲ့”
ဆိုပြီး ကျွန်တော့်ဘယ်ဘက်ပခုံးကြားထဲက လက်ပြင်ညှပ်ရိုး ချိုင့်ထဲကို နှိုက်ပြီး ထိမထိ မေးတယ်။ စိတ်ထဲမှာ ရယ်ချင်သလိုလို ဖြစ်မိပြီး ဘယ်လိုမှ မခံနိုင်ဘူး။ ဒီလူ လုပ်နေတာ ဟုတ်ရော ဟုတ်ရဲ့လား၊ သေတော့မှာပဲ ဆိုပြီး စိုးရိမ်နေတာ။ လက်ကိုလည်း မြှောက်လိုက်ချလိုက် လုပ်ခိုင်းပြန်တယ်။
နာပေမယ့်လည်း အားနာတော့ လုပ်ရတာပါပဲ။ လက်ကို အပေါ်မြှောက်ကို မမြှောက်နိုင်ဘူး။ ဇွတ်ပေပြီး မြှောက်လိုက် ချလိုက် လုပ်လိုက်တော့ နည်းနည်း သက်သာလာ သလိုလိုပါပဲ။ အချက် ၃၀ ေလောက် လုပ်ပြီးတော့ သိသိသာသာလေး ပျောက်သွားတယ်။ အရှင်းကြီး ပျောက်သွားတာ မဟုတ်ပေမယ့် ခံနိုင်လာတယ်။ ဆက်ပြီး မြှောက်ချလိုက်တာ ပြောရင်ယုံမလားတော့ မသိ တစ်ထိုင်တည်း သက်သာသွားတယ်။ နေလို့ထိုင်လို့လည်း သိသိသာသာကြီး ကောင်းသွားတယ်။ ဒီတော့မှ သူ့အစွမ်းကိုသိရတယ်။ သူက ပြောပြပါတယ်။
“ငါ ငယ်ငယ်တုန်းက အုန်းလွဲတာပေါ့။ အဖိုးက မြင်ပြီး ဘာဖြစ်နေတာလဲ ဆိုပြီး ပြောတယ်။ အင်းသားသံနဲ့ အုန်းကျ တာထင်တယ် လို့ ပြောလိုက်တော့ သူ့ရှေ့ရို ထိုင်ခိုင်းတယ်။ အခု မင်းကို လုပ်သလိုမျိုး လည်း လုပ်ပြတယ်။ အဲဒီကစပြီး တတ်သွားတာပေါ့ကွာ”
“လူတော််တော်များများကို ငါခုလို လုပ်ပေးဖူးတယ်။ တချို့ဆို ရက်ရှည်ခံစားနေရတာတွေတောင် ပျောက်တယ်။ တချို့များ ပန်းကန်ဆေးပြီး ခါလိုက်တော့ ရင်ဘတ်ထဲက အောင့်ခနဲ ဖြစ်ပြီး စကားတောင် မပြောနိုင်ဘူး။ ဖြစ်နေတဲ့ ပုံစံအတိုင်းလေး ငြိမ်ငြိမ်လေး နေရတာ။ အဲဒါလည်း ပျောက်တာပဲ”
“ပွဲစားတစ်ယောက် ဆိုရင် လူက ၀၀ တုတ်တုတ်ကြီး။ အုန်းလွဲနေတာ တစ်ပတ်လောက် ရှိပြီတဲ့။ ကျွန်တော် ကူညီပေးမယ် ဆိုပြီး အရင်ဆုံး အကြောလျှော့ ပေးတယ်။ မသက်သာတော့ ငြီးတယ်။ ဟုတ်မှလည်း လုပ်ပါကွာ။ ဆရာ ၃ ယောက်တောင် ပြပြီးပြီတဲ့။ ဆေးတွေလည်း စုံနေပြီတဲ့လေ။ နောက်တော့ သူ့ရှေ့ကို ရပ်လိုက်ပြီး လက်ပြင်ညှပ်ရိုးကို နှိုက်မယ် လုပ်တော့ ခင်ဗျား ဘာလုပ်ဖို့တုန်း ဆိုပြီး ရန်တွေ့တယ်။ ဒေါသကလည်း ထွက်နေပြီလေ။ အကြော့လျော့ထားတာ မပျောက်တဲ့ အပြင် စိတ်ကလည်း တိုနေတော့ ရန်ရှာတာပေါ့။ အစ်ကိုကြီးလို့ ကျွန်တော်က အစ်ကိုကြီးရဲ့ လခစား အလုပ်သမားလည်း မဟုတ်ဘူး။ ခုလို ဆေးကုပေးနေတာ ငွေရချင်လို့လည်း မဟုတ်ဘူး။ အစ်ကိုကြီးကိုကောင်းစေချင်လို့ လုပ်ပေးတာ ဆိုတော့ အေး လုပ်ကွာ၊ မင်းကြိုက်သလိုသာ လုပ်တော့ ဆိုပြီး  အဲတော့မှ ငြိမ်ခံတာ”
“မကြာပါဘူး၊ ပျောက်လည်း ပျောက်သွားတော့ မင်းကို အထင်သေးမိတာ ခွင့်လွှတ်ပါကွာ ဆိုပြီး ပြန်တောင်းပန်တယ်လေ။ ကြုံရတာတွေ ပြောပါတယ်။ အများကြီးပါပဲ။ ငါကုပေးလိုက်လို့ ပျောက်သွားဖူးတယ်။ သစ်ပင်တစ်ပင်လိုပေါ့ကွာ။ ရေသောက်မြစ်က အောက်မှာ ရှိသလိုပေါ့။ လူမှာလည်း ဒီလိုပဲ၊ အကြောစုံတာက ခြေဖဝါးပဲ။ ပြီးရင် အလယ်ကြောရိုးနဲ့ ညှပ်ရိုးတွေပဲ”
လို့ ရှင်းပြပေးခဲ့ပါတယ်။
+++
အုန်းလွဲခြင်း (သို့မဟုတ်) ဇက်ခိုင်ခြင်း
 Credit:
+++
အိပ်သည့်အခါ ဇက်လိမ်၍ အိပ်မိခြင်း (သို့မဟုတ်) အသေးစားထိမိ၊ ခိုက်မိခြင်းတို့ကြောင့် လည်ပင်း ကြွက်သားများ နာကျင်ခြင်း (သို့) ဒဏ်ပိခြင်းများ ဖြစ်သည့်အခါ ဇက်နာ၊ ဇက်ခိုင်၊ အုန်းလွဲတတ်သည်။ ကွန်ပျူတာရှေ့ထိုင်ကာ မော်နီတာကို ကြာကြာငုံကြည့်ရခြင်း၊ လည်တိုင်ရိုး အနေအထားစံလွဲစေသည့် အပြုအမူတို့ကို ပြုမိခြင်း (ခေါင်းကြာကြာငုံ့ကာ အလုပ်လုပ်ခြင်း၊ ဇက်နှင့်ကုပ် အအေးမိခြင်း) စသည် တို့ကြောင့်လည်း ထိုသို့ဖြစ်နိုင်သည်။ 
ဇက်သာမက ခေါင်း၊ ပခုံး၊ လက်မောင်းများပါ နာနိုင်ပြီးခေါင်းလှည့်၊ ခေါင်းငုံ့ ဇက်လှန်ရသည့်အခါ ပိုဆိုးတတ်သည်။ လည်ပင်းကျောရိုးဆစ်များ
ရောင်ခြင်း၊ လည်ပင်းအရိုး ကျီးပေါင်းတက်ခြင်းတို့ကြောင့် ဖြစ်စေ၊ ဖျားခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်စေလည်း အလားအလာတူပင် ဖြစ်တတ်သည်။
ဆရာဝန်နှင့်အရင်ပြရန်
ထိခိုက်ဒဏ်ရာရပြီးနောက် ဇက်ခိုင်လာလျှင်။
ဇက်ခိုင်ပြီး လက်မောင်း၊ လက်တံတို့တွင် ထုံကျင်ချိနဲ့ လာလျှင် (သို့) ကိုယ်အလေးချိန်လျော့လျှင် (သို့) ဖျားလာလျှင်။
မိမိဘာသာ ဆောင်ရွက်နိုင်သော ကိစ္စရပ်များ
လည်ပင်းလေ့ကျင်ခန်းကို လုပ်နိုင်သလောက် ညင်ညင်သာသာလေး စလုပ်ကြည့်ပါ။
ဒဏ်ရာဖြစ်သွားသော အရွတ်၊ ကြွက်သားများ အတုန်၊ အရောင် လျော့စေရန်ရေနွေးဖြင့် ရေချိုးပါ။ ဇက်ပေါ်တွင် ရေနွေးပုလင်း၊ ရေနွေးဖတ် ကပ်နိုင်သည်။ 
လည်ပင်းအောက်တွင် ပါဝင်ခုခံပေးနိုင်သော ခေါင်းအုံးဖြင့် အိပ်ပါ။ မိမိဘာသာလည်း အလားတူခေါင်းအုံးဖြစ်အောင် လုပ်၍လည်းရသည်။ ခေါင်းအုံးအလယ်မှ ကန့်လန့်ဖြတ်ပဝါ ပတ်တီးစသည်တို့ဖြင့် စည်းလိုက်ပါ။ ခေါင်းအုံးက လိပ်ပြာပုံဖြစ်သွားလိမ့်မည်။ သိမ်သွားသော အလယ်ကောင်ရှိ ချိုင့်ထဲတွင် နောက်စေ့ ထည့်အိပ်ပါ။ လိပ်ပြာတောင်ပံ တစ်ဖက်ပမာမို့မောက်နေသော ခေါင်းအုံးအစိတ်အပိုင်းက နောက်စေ့နှင့် ကျောပြင်ကြားလွတ်နေသော လည်ပင်းရိုး အကွေးဧရိယာထဲ ရောက်သွားကာ လည်ဆစ်ရိုးတို့ကိုထောက်ခံပ့ံပိုး ပေးထားပါလိမ့်မည်။
Credit:
ဒေါက်တာသန်းထွဋ်
အိမ်သားသမားတော် စာအုပ်မှကောက်နုတ်ထားပါသည်။
+++
ရောဂါမဟုတ်သော ဝေဒနာတစ်ခုဖြစ်ပါသည်။ အုန်းလွဲခြင်းသည် လူအ တော်များများဖြစ်ဖူးသော ဝေဒနာတစ်ခုဖြစ်သည်။ အိပ်ရာပေါ်တွင် အိပ်ပျော် နေစဉ် ခေါင်းနှင့် လည်ပင်းအနေအထား မမှန်ကန်မှု (Postural Defect) ကြာရှည်စွာ ခေါင်းငုံ့လျက်ဖြစ်စေငဲ့စောင်းလျက်ဖြစ်စေ နေမိရာမှ ဖြစ်လေ့ရှိပါသည်။ ဖြစ်လေ့ဖြစ်ထ ရှိသော ဝေဒနာတစ်ခုဖြစ်ရာသာမန်အားဖြင့် အရေးမကြီးဟု ထင်ရသော်လည်း ဤဝေဒနာဖြစ်ပျက် လာပုံကို လည်းကောင်း၊ ကာကွယ်နိုင် ပုံကိုလည်းကောင်း၊ စနစ်တကျကုပုံကိုလည်းကောင်း သိရှိနားလည်မှု မရှိကြသဖြင့် တစ်ရက်နှစ်ရက်နှင့် ပျောက်ရမည့်အစား
တပတ်နှစ်ပတ်မှ တလအထိ ဝေဒနာကို ကြာရှည်စွာ ခံစားရခြင်းများ ရှိလေသည်။
အချို့သော လူနာများသည် ခေါင်းအုံးကို နေလှန်း၍ အုန်းခြင်းဖြင့်လည်း ကောင်း၊ ရေနွေးကပ်ပေးခြင်း ဖြင့်လည်းကောင်း၊ အကိုက်အခဲပျောက်ဆေး များကို သုံးခြင်းဖြင့် လည်းကောင်း အမှတ်မထင် သက်သာပျောက်ကင်းမှု ရတတ်ကြ သော်လည်းအုန်းလွဲသူတိုင်းထိုသို့ ပြုလုပ်၍ ပျောက်ကင်း ကြသည် မဟုတ်ချေ။အထက်ဖေါ်ပြပါနည်းများမှ တနည်းနည်းကို သော်လည်း ကောင်း နှစ်နည်းသုံးနည်းကိုသော် လည်းကောင်းပြုလုပ်ပြီးမှ သက်သာမှု မရခြင်း၊ (သို့) ပို၍နာကျင်ခြင်းဖြစ်လာသဖြင့် အကြောအဆစ် ဆေးကုဌာန သို့ ရောက်လာကြသူများမှာ မနည်းလှပါ။
အကြောင်းမှာ အနှိပ်သည်၏ ကုသနည်းမမှန်၍သော်လည်းကောင်း၊ လည်ပင်းနှင့်ပတ် သက်၍ သတိပြု ဆင်ခြင်ရမည်များကို မသိ၍သော်လည်း ကောင်း၊ စနစ်မကျ ကုသနည်းကို သိရှိထားခြင်း
မရှိ၍သော်လည်းကောင ်း ဖြစ်နိုင်ပေသည်။အုန်းလွဲခြင်းကို ကျား၊မ အသက်အရွယ်မရွေးဖြစ်တတ်ပါသည်။ ဤဝေဒနာ အကြောင်းသိရှိပါက လူနာကိုယ်တိုင် ကုသရလွယ်ကူ၍ အပျောက်မြန်လေသည်။ ဆေးရုံဆေးခန်းသို့သွားရန်မလိုပေ။လည်ပင်းကြွက်သားများတည်ရှိပုံ(A natomy of Neck) လည်ပင်းရိုးများ (Cervical Vertebrae) ကိုဗဟိုပြုလျက် ကြွက်သားများသည် အဘက်ဘက်မှ လည်ပင်းအား အညီအမျှ ဖွဲ့စည်းထိန်း ကျောင်းထားကြသည်ဖြစ်၏။
ယင်းကြွက်သားများ၏ ရုန်းဆွဲခြင်းကြောင့် လည်ပင်းလှုပ်ရှားမှုများ ဖြစ်ရလေသည်။ဝေဒနာဖြစ်ရခြင်းအကြောင်းအရင်းမျ ားခေါင်းအုံးထူထူမြင့်မြင့်ကိုလညး ်ကောင်း၊ ခေါင်းအအုံးမာမာကို လည်းကောင်းကြာရှည်စွာ အသုံးချ အိပ်စက်ခြင်း။ သစ်သားတန်းပေါ်၌ဖြစ်စေ၊ ပက်လက်ကုလားထိုင်လက်တန်းပေါ်၌ဖြစ ်စေ ပစ္စည်းထုပ်ပေါ်၌ ဖြစ်စေ ဖြစ်သလိုအိပ်စက်ခဲ့ခြင်း။စာရေး စာဖတ်ခြင်း၊ လက်နှိပ်စက်ရိုက်ခြင်း၊ ဆန်ရွေးခြင်းကဲ့သို့သော အလုပ်များကိုကြာရှည်စွာခေါင်းငုံ့ လည်စောင်းလျက် အလုပ်လုပ်မိခြင်း။ အမှတ်မထင် ဗြုန်းစားလှည့်ကြည့်မိရာမှ လည်ပင်းပခုံးကြွက်သားများ မျက်သွားခြင်း။ ရောဂါ လက္ခဏာများ လည်ပင်းလှည့်မရခြင်း ဇက်စောင်းခြင်း လည်ပင်းနှင့် ပခုံးကြွက်သားများ နာခြင်း၊ အောင့်ခြင်း၊ ကိုက်ခြင်း။ ဇက်ကြော၊ ပခုံးကြောများ တင်းတောင့်နေခြင်း။ ခေါင်းငုံ့မရခြင်း၊ ခေါင်းငုံ့က ပိုနာခြင်း။ (ရောဂါလက္ခဏာများအရ လူနာ၏မျက်နှာပုံပန်းသည် မာနကြီးသူ၏ ပုံမျိုးဖြစ်နေတတ်ပေသည်။)အုန်းလွဲခြင်းဟူသည်အုန်းလွဲခြင်းသည် အထက်တွင်
တင်ပြခဲ့ပြီး ဖြစ်သည့်အတိုင်း ရောဂါမဟုတ် သော ဝေဒနာတမျိုးဖြစ်လေသည်။
ခေါင်းနှင့် လည်ပင်းအား စနစ်တကျ အနားယူသော အနေအထားဖြင့်အိပ်စက်မှုမပြုခြင်း၊ အလုပ်တခုခုကို အကြောင်းပြုပြီး လည်ပင်းကြွက်သားများ မညီမမျှတာဝန်ထမ်းဆောင် စေခြင်းတို့ကြောင့် လည်ပင်းကြွက်သားအချို့ တင်းတောင့်လာကြခြင်း(Spasm) ဖြစ်ပြီး ဇက်ခိုင်လာခြင်းကို အုန်းလွဲခြင်းဟု ခေါ်ပါသည်။ ကြွက်သားများ တင်းလာသဖြင့် ကြွက်သားများအတွင်းရှိ အာရုံ ကြောများအား ညှစ်မိရာမှ နာကျင်ခြင်းဖြစ်ရလေသည်။
ကုသနည်းများ
(က) အနားယူခြင်း။ ။
အထက်တွင် ဖော်ပြထားသည့်အတိုင်း အုန်းလွဲခြင်းဖြစ်နေချိန်တွင် လည်ပင်းနှင့် ပခုံးကြွက်သားတို့သည် တင်းတောင့်ခြင်းဖြစ်နေကြရာ အားဖြင့်နှိပ်ခြင်း၊ နင်းခြင်း၊ ချိုးလှည့်ခြင်းအား ဖြင့် ကြွက်သားများ နာကျင်သွားနိုင်ပေသည်။ ထိုအခါတရက်နှစ်ရက်နှင့် ပျောက်ကင်းရမည့်အစား တပတ်နှစ်ပတ်ထိကုသမှု ခံယူရတော့မည်ဖြစ်သည်။ သို့ဖြစ်ရာ ဤဝေဒနာရှင်များအဖို့ အနားယူရန် အရေးကြီး ပေသည်။ အနားယူခြင်းဆိုသည်မှာ စာရေးစာဖတ်ခြင်းကဲ့သို့ ခေါင်းငုံ့ပြီး အလုပ်မလုပ်ရခြင်း၊မျက်နှာကို ငုံ့ခြင်း မော့ခြင်းမရှိစေပဲ တည့်တည့်အနေအ ထားရှိစေခြင်း၊လည်ပင်းစောင်း၍မနေစေရန် မှန်ကြည့်လျက် ပြုပြင်ပေးခြင်း၊ အနင်းအနှိပ်မခံရခြင်း၊ ခေါင်းအုံးမြင့်မြင့်မားမားဖြင့် မအိပ်စက်ခြင်း၊ ပက်လက်ကုလားထိုင်တွင်မထိုင်ရခြင်းတို့ ဖြစ်လေသည်။အနားယူခြင်းကို ကုသနည်းကောင်းတစ်ခုအနေဖြင့် စွဲမြဲစွာ မှတ်ယူသင့် ပါသည်။
(ခ) အပူပေးခြင်း။ ။
ရောဂါစဖြစ်သည့်နေ့မှစ၍ အပူပေးခြင်းကို ပြုလုပ်နိုင်ပါသည်။ ရေနွေးအိတ်၊ရေနွေးပုလင်း၊ အုတ်ပူ၊ ဆားကျပ်ထုပ် စသည့် အပူတမျိုးမျိုးအား လည်ပင်းနောက်ပိုင်း သို့ လည်းကောင်း၊ လက်ပြင်နှင့် လက်မောင်းများသို့လည်းကောင်း ကပ်ပေးပါ။ဝေဒနာအဖြစ် များလျင်များသလို အကြိမ်များများ ကပ်ပေးပါ။ ဤရောဂါရှင်များအား အကြောအဆစ်ဆေးကုဌာန၌S.W.D သို့ RH များဖြင့် အပူပေး လေ့ရှိသည်။ ဆေးရုံတွင် တစ်နေ့ တကြိမ်သာ စက်ဖြင့်အပူပေးပြီး ကျန်သော အချိန်များတွင် ရေနွေးကပ်စေပါသည်။ အပူပေးခြင်းဖြင့် တင်းနေသော ကြွက်သားများ ပျော့လာမည်။ အနာသက်
သာမည်။ ခိုင်နေသော လည်ပင်းအား အနည်းငယ်လှုပ်ရှားမှု ပြုလုပ်လာနိုင်မည်ဖြစ်သည်။
(ဂ) လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း။ ။
ဝေဒနာများစွာ ခံစားနေရသော ပထမ တစ်ရက်နှစ်ရက်တွင် လေ့ကျင့်ခန်းပြုလုပ်မပေးပဲအနားယူခြင်း၊ အပူပေးခြင်းလောက်သာ ပြုလုပ်ပေးသင့်ပါသည်။ထိုနောက် အပူပေးပြီးတိုင်း လည်ပင်းကို ဟိုဘက်သည်ဘက် တဖြည်းဖြည်းလှည့်ပေးရမည်။ တခြားသော လည်ပင်းလှုပ်ရှားမှုများ (ဥပမာ- ငုံ့ခြင်း) အား လုံး၀ မပြုလုပ်ရပေ။ လည်ပင်းလှည့်သောအခါ ပခုံးနှင့် ကိုယ်ပါ လိုက်ပါလှည့်မသွားစေရန် လက်ဖြင့်ခုံကို ကိုင်ထားလျက် လည်ပင်း သက်သက်ကိုသာ ဗယ်ညာလှည့်ပေးရမည်။လည်ပင်းကို ပထမနေ့တွင် မနာခင်အထိသာ လှည့်ပေးရမည်။ နာသည်အထိ လှည့်ပေးခြင်းဖြင့်လည်ပင်းကြွက်သားများ ပို၍တင်းလာပြီး သက်သာတိုးတက်မှု မရဖြစ်တတ် သည်။ နောက်ရက်များ၌ ရောဂါအခြေအနေကိုကြည့်ပြီး တဖြည်းဖြည်းတိုး၍ လည့်ပေးရမည်။ လည်ပင်းလှည့်ခြင်းကို အတော်အတန်ပြုလုပ်၍ ရလာသောအခါ လည်ပင်း၊ ခေါင်းမော့ခြင်း နှင့် ဘေးသို့ စောင်းခြင်း (နားရွက်နှင့် ပခုံးသို့ထိခြင်း) များတဖြည်းဖြည်း ပြုလုပ်ပေးပါ။ အခြားသော လှုပ်ရှားမှုများအားလုံး အတော်အတန်တိုးတက်မှု ရလာပြီး နာကျင်မှုလည်းများစွာ သက်သာမှုရလာသောအခါတွင်မှ ခေါင်းငုံ့ခြင်းကိုတဖြည်းဖြည်း ချင်း လေ့ကျင့်ယူရမည် ဖြစ်သည်။
သိပ်နာသည်အထိ မပြုလုပ်ရပေ။
လည်ပင်းလေ့ကျင့်ခန်းများအား ရောဂါအခြေအနေအရ တနေ့လျင် ၁၀ခါ သုံးကြိမ်နှင့် အထက် ပြုလုပ်ပေးနိုင်သည်။လည်ပင်းအားစိုက်လှည့်ခြင်း လည်ပင်းလှုပ်ရှားမှုများ အဘက်ဘက်သို့ အတော်အတန်ပြုလုပ်လာနိုင် သောအခါ အားစိုက်၍လှည့်ရသော လေ့ကျင့်ခန်းများသို့ တဆင့်တက် လှမ်းပြုလုပ်ရပေမည်။ ဤသို့ ပြုလုပ်ခြင်းဖြင့်ရောဂါကြောင့် အင်အား လျော့ပါးသွားသော ကြွက်သားများပြန်၍ သန်စွမ်း လာကြရန် ဖြစ်သည်။ ယင်းလည်ပင်းကြွက်သားများ ထာဝရသန်စွမ်းနေကြ မှသာ ဤရောဂါ ဝေဒနာမှာ ကာလကြာရှည်စွာ သက်သာပျောက်ကင်းနိုင်ပါမည်။အကြောင်း မှာ လည်ပင်းကြွက်သားမသန်စွမ်းက လည်ပင်းရိုးများ အချင်းချင်း ကွာဟမနေကြဘဲလျော့ကျ ပူးကပ်နေမည်ဖြစ်ရာ အာရုံကြောအား ဖိမိညှပ်မိ နိုင်မည် ဖြစ်သည်။
လေ့ကျင့်ခန်းပြုလုပ်နည်း
(က) လည်ပင်းလှည့်ခြင်း ဥပမာ လည်ပင်းအား ဘယ်ဘက်သို့ လှည့်ကြည့်သည် ဖြစ်အံ့၊ လူနာသည် လည်ပင်းမလှည့်မီ သူ၏ဗယ်ဘက်မေးစေ့အား ညာဘက်သို့ တွန်းထားရမည်။ ထိုနောက် တွန်းထားသောလက်အား ဆန့်ကျင်လျက် ခေါင်းကို ဗယ်ဘက်သို့ အားစိုက်လှည့်ပေးရမည်။ တွန်းထားသော လက်သည် လည်ပင်းလှည့်နေစဉ် တချိန်လုံးတွန်းထားပါ။ လည်ပင်းလှည့်ရာတွင် တဖြည်းဖြည်းချင်း တသမတ်တည်းလှည့်ရမည်။ ရပ်လိုက် လှည့်လိုက်မလုပ်ရ။ အားဖြင့် ဆောင့်၍လှည့်ခြင်း ၊ ဖြုန်းစားလှည့်ခြင်းမပြုလုပ်ရ။ လည်ပင်းသည် ဗယ်ဘက်သို့ တဆုံးလှည့်ပြီးသောအခါ ဗယ်လက်ကို ဖယ်လိုက်ပြီး ညာလက်ဖနောင့်ဖြင့် ညာဘက်မေးအား ဗယ်ဘက်သို့ တွန်းထားလျက် ညာဘက်သို့ တဖြည်းဖြည်းချင်းပြန်လှည့်ပေးပါ ။ဤသို့ဖြင့် တဘက်လျင် လေးငါးကြိမ် ပြုလုပ်ပေး ရမည်။ တနေ့ သုံးကြိမ် ပြုလုပ်ပေးပါ။
(ခ) လည်ပင်းစောင်းခြင်း ဥပမာ လည်ပင်းအား ညာဘက်သို့ စောင်းလိုသည်ဖြစ်အံ့၊ လူနာသည် ခေါင်းကို ဗယ်ဘက်သို့ အတန်ငယ်စောင်းထားပြီး ညာဘက်လက်ဖဝါးဖြင့် ညာဘက်နားရွက်၏ အထက်နားသို့ တွန်းထားပေးပါ။ ထိုနောက် တွန်းထားသော လက်ကို ဆန့်ကျင်လျက် လည်ပင်းကို ညာဘက်သို့ တဖြည်းဖြည်းချင်း စောင်းပေးပါ။ ဤသို့ဖြင့် ခေါင်းကို ညာဘက် စောင်းပြီးသောအခါ ညာဘက်နားရွက် အထက်နားသို့ ညာဘက်လက် ဖဝါးဖြင့် တွန်းထားလျက် ဗယ်ဘက်သို့ ပြန်စောင်းပေးပါ။ တဘက် ငါးကြိမ် ပြုလုပ်ပေးရမည်။ တနေ့သုံးကြိမ် ပြုလုပ်ပေးပါ။
(ဂ) ခေါင်းငုံ့ခြင်း၊ မော့ခြင်း ပထမဦးစွာ ခေါင်းကို အရှေ့ဘက်သို့ အနည်းငယ် ၄၅ဒီဂရီခန့် ငုံ့ထားပါ။ မနာခင်အထိသာ ငုံ့ထားပေးပါ။ ထိုနောက်လက်ဖဝါး နှစ်ခုအား တခုပေါ်တခုကပ်လျက် လက်နောက်ပစ်ပြီး နောက်စိကို အုပ်၍ တွန်းထားပါ။ ထိုနောက် တွန်းထားသည့် လက်ဖဝါးကို ဆန့်ကျင်လျက် ခေါင်းကို တဖြည်းဖြည်းချင်း မော့ပေးရမည်။ အတတ်နိုင်ဆုံးမော့ပြီးသောအခါ နောက်စေ့မှ လက်များကိုဖယ်လိုက် ပြီးမော့ထားသော မေးစေ့အောက်၌ အပေါ်သို့ တွန်းတင်သည့် အနေအထားဖြင့်ထားပါ။ ထိုနောင် ယင်းတွန်းတင်ထားသော လက်နှစ်ဘက်အားဆန့်ကျင်လျက် ခေါင်းကိုတဖြည်းဖြည်းချင်း ငုံ့ ပေးပါ။ ပထအဆုံးအနေအထားအထိ ပြန်ငုံ့ပေးရမည်။ လေးငါးကြိမ်ထိ ငုံ့မော့ပေးပါ။ တနေ့ သုံးကြိမ်ပြုလုပ်ပေးပါ။ အုန်းလွဲ သောလူနာများသည် များသောအားဖြင့် လည်ပင်းဆွဲပေးရန် မလိုအပ်ပါ။
ရှောင်ရန် ဆောင်ရန်များ
၁-ခေါင်းအုံးထူထူမအုံးရ။ ခေါင်းအုံးမ မာစေရ။ ခေါင်းအုံးပါးပါး ပျော့ပျော့ဖြင့် အိပ်ပါ။
၂-ပက်လက်ကုလားထိုင် မထိုင်ရ။
၃-ခေါင်းငုံ့ အလုပ်မလုပ်ရ။ အကယ်၍ စာဖတ်ခြင်း၊ စာရေးခြင်း ပြုလုပ်လိုက ခေါင်းမငုံ့စေ
ဘဲ စာအုပ်ကို မျက်နှာရှိရာ နေရာအထိ မြှင့်တင်လျက် ဖတ်ပါ၊ ရေးပါ။
၄-နင်းခြင်း၊ နှိပ်ခြင်း၊ လည်ပင်းချိုးခြင်း မပြုလုပ်ရ။
၅-ခေါင်းကို တတ်နိုင်သရွေ့ မော့ခြင်း၊ ငုံ့ခြင်း၊ စောင်းခြင်း မဖြစ်စေပဲ ရှေ့သို့ တည့်တည့်ြကည့်လျက် အနေအထားဖြင့် နေပါ။အနားယူခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းများကို တိတိကျကျ လိုက်နာကျင့်သုံးပါ။ မိမိဘာသာပြုလုပ်ကြည့်၍ တပတ်အတွင်းသက်သာပျောက်ကင်းမှု မရှိက ဆေးရုံသို့ သွားရောက်ပြသရမည်ဖြစ်ပါသည်။သူငယ်ချင်းများအားလုံး ကာယသုခ စိတ္တသုခ ပြည့်ဝကြပါစေ။
Ref:
ပိုပိုဇော်
(သဘာဝအားအင်)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
No comments:
Post a Comment
Aung Hein - နည္​းပညာ