Font

Wellcome

စည္သာဟိန္း မွ လႈိုက္လွဲစြာၾကိဳဆိုပါသည္

Monday, November 15, 2021

စိတ်ကျေးကျွန်


စည်သာ

အလိုဆန္ဒရဲ့ခိုင်းစေမှုကို လူတိုင်း ကင်းလွတ်နိုင်မည် မထင်ချေ။ 

ပုထုဇဉ်လူသားတွေရဲ့စိတ်ဟာ အချိန်ပြည့် ကိလေသာတွေနဲ့ ရောထွေးနေတာ အဆန်းတကြယ် မပြောလိုပေမယ့် စွဲလန်းမှု ဆိုတဲ့ အနှောင်အဖွဲ့ကို အကြောင်းကိုတော့နည်းနည်းလောက်တော့ ဂရုပြုသင့်တယ် လို့ ထင်ပါတယ်။

လူသားတွေရဲ့ စိတ်ဟာ အာရုံတစ်ခုမဟုတ်တစ်ခု ခံစားနေလေ့ရှိတယ်။ လူမှုကွန်ရက်တွေမှာ ဖြစ်ဖြစ်၊ အွန်လိုင်းဂိမ်းတွေမှာ ဖြစ်ဖြစ် စွဲလန်းမှု ဖြစ်နေပြီဆိုရင် စွဲလန်းမှုရဲ့ သားကောင်၊ တနည်း စိတ်ကျေးကျွန် ဖြစ်နေပါပြီ။ မိမိ စိတ်ကို မိမိ နိုင်အောင် မထိန်းနိုင်တဲ့အတွက် စိတ်ရဲ့ ကျေးကျွန် ဖြစ်နေရတာပါ။ ဇာတ်နိပါတ် တော်တွေထဲမှာလည်း ပါရှိပါတယ်။ စစ်ပွဲတစ်ရာကို နိုင်ပါစေ စစ်မှန်သော အောင်နိုင်ခြင်း မဟုတ်သေးပါဘူး၊ မိမိရဲ့ စိတ်ကို အောင်မြင်စွာ ဆုံးမနိုင်ပြီဆိုတော့မှ စစ်မှန်သော အောင်နိုင်ခြင်း ဆိုပြီး လယ်သမားတစ်ဦးဟာ ဘုရင်ကြီးကို နားချပါတယ်။ စစ်ပွဲအောင်နိုင်ပြီး ပြန်လာတဲ့ ဘုရင်ကြီးဟာ ပေါက်တူးလွှင့်ပစ်ပြီးတော့ အောင်ပြီ ဟု ကြွေးကြော်တဲ့ လယ်သမား ရဲ့ စကားကြောင့် တရားသံဝေဂ ရသွားတယ်။

အွန်လိုင်းဂိမ်းတွေ ဆော့တယ်ဆိုရင်လည်း ဒီလိုပဲ၊ နိုင်အောင်ကစားချင်လို့ ဆွယ်ထားတဲ့ ရောင်းကုန်တွေ ဝယ်ချင်တယ်။ တကယ်တမ်း ဝယ်လိုက်လို့ ပြီးပြီလား ဆိုတော့လည်း မပြီးဘူး။ တစ်သက်လုံး ပြီးမှာ မဟုတ်ဘူး။ လောဘ ဆိုတာ ပြည့်တတ်တဲ့အမျိုးမဟုတ်လို့ တစ်သက်လုံး မပြီးတာ၊ တချို့ဆိုလည်း စားစရာ တောင် မရှိတာ ငွေနဲ့ ဝယ်ပြီး ဂိမ်းတွေ ဆော့ကြတယ်။ မဆော့ရရင်၊ မနိုင်ရင် သေတော့မယ့်အတိုင်း ခံစား ကြေကွဲရတယ်။ တကယ်တော့ မဟုတ်ဘူး။ စိတ်ရဲ့ စေခိုင်းမှုအရ ပူလောင်ကြရတာ၊ လူမှုကွန်ရက်တွေမှာလည်း ဒီတိုင်းပါပဲ။ အသေးစိတ်တော့ ဥပမာ မပေးတော့ဘူးနော်။

လောဘ၊ ရမ္မက်ဟာ လူ့စိတ်သံဠာန် ထဲမှာ နူးညံ့စွာနဲ့ ကိန်းအောင်းနေခဲ့တာပါ။ ဘဝ အဆက်ဆက် မသိမှုတွေ များပြားလာခဲ့တော့ တစ်ထိုင်ထဲနဲ့တော့ မသိနိုင်ပါဘူး။ ဒါပေမယ့် နည်းနည်းချင်းစီတော့ သိလို့ရပါတယ်။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူးဆိုပေမယ့် နှမ်းစေ့တွေ ပေါင်းလိုက်ရင်တော့ ဆီ ဖြစ်ပါတယ်။ ခုကစပြီး သတိတရား လက်ကိုင်ထားပြီး၊ စိတ်ကျေးကျွန် အဖြစ်မှ လွတ်ကင်းနိုင်ပါစေကြောင်း ဂရုပြုမိမယ်ဆိုရင် ရေးရကျိုး နပ်ပါပြီ။

(နေ့လည်စာ ထမင်းစားရင်း အတွေး)

စည်သာ(တောင်ကြီး)

16-11-2021

စိတ္ေက်းကၽြန္

စည္သာ

အလိုဆႏၵရဲ႕ခုိင္းေစမႈကို လူတိုင္း ကင္းလြတ္ႏုိင္မည္ မထင္ေခ်။

ပုထုဇဥ္လူသားေတြရဲ႕စိတ္ဟာ အခ်ိန္ျပည့္ ကိေလသာေတြနဲ႔ ေရာေထြးေနတာ အဆန္းတၾကယ္ မေျပာလိုေပမယ့္ စြဲလန္းမႈ ဆိုတဲ့ အေႏွာင္အဖြဲ႔ကို အေၾကာင္းကိုေတာ့နည္းနည္းေလာက္ေတာ့ ဂရုျပဳသင့္တယ္ လို႔ ထင္ပါတယ္။

လူသားေတြရဲ႕ စိတ္ဟာ အာရံုတစ္ခုမဟုတ္တစ္ခု ခံစားေနေလ့ရွိတယ္။ လူမႈကြန္ရက္ေတြမွာ ျဖစ္ျဖစ္၊ အြန္လိုင္းဂိမ္းေတြမွာ ျဖစ္ျဖစ္ စဲြလန္းမႈ ျဖစ္ေနၿပီဆုိရင္ စြဲလန္းမႈရဲ႕ သားေကာင္၊ တနည္း စိတ္ေက်းကၽြန္ ျဖစ္ေနပါၿပီ။ မိမိ စိတ္ကို မိမိ ႏုိင္ေအာင္ မထိန္းႏုိင္တဲ့အတြက္ စိတ္ရဲ႕ ေက်းကၽြန္ ျဖစ္ေနရတာပါ။ ဇာတ္နိပါတ္ ေတာ္ေတြထဲမွာလည္း ပါရွိပါတယ္။ စစ္ပဲြတစ္ရာကို ႏုိင္ပါေစ စစ္မွန္ေသာ ေအာင္ႏုိင္ျခင္း မဟုတ္ေသးပါဘူး၊ မိမိရဲ႕ စိတ္ကို ေအာင္ျမင္စြာ ဆံုးမႏုိင္ၿပီဆုိေတာ့မွ စစ္မွန္ေသာ ေအာင္ႏုိင္ျခင္း ဆုိၿပီး လယ္သမားတစ္ဦးဟာ ဘုရင္ႀကီးကုိ နားခ်ပါတယ္။ စစ္ပြဲေအာင္ႏုိင္ၿပီး ျပန္လာတဲ့ ဘုရင္ႀကီးဟာ ေပါက္တူးလႊင့္ပစ္ၿပီးေတာ့ ေအာင္ၿပီ ဟု ေၾကြးေၾကာ္တဲ့ လယ္သမား ရဲ႕ စကားေၾကာင့္ တရားသံေ၀ဂ ရသြားတယ္။

အြန္လုိင္းဂိမ္းေတြ ေဆာ့တယ္ဆုိရင္လည္း ဒီလိုပဲ၊ ႏုိင္ေအာင္ကစားခ်င္လို႔ ဆြယ္ထားတဲ့ ေရာင္းကုန္ေတြ ၀ယ္ခ်င္တယ္။ တကယ္တမ္း ၀ယ္လိုက္လို႔ ၿပီးၿပီလား ဆုိေတာ့လည္း မၿပီးဘူး။ တစ္သက္လံုး ၿပီးမွာ မဟုတ္ဘူး။ ေလာဘ ဆုိတာ ျပည့္တတ္တဲ့အမ်ဳိးမဟုတ္လို႔ တစ္သက္လံုး မၿပီးတာ၊ တခ်ဳိ႕ဆုိလည္း စားစရာ ေတာင္ မရွိတာ ေငြနဲ႔ ၀ယ္ၿပီး ဂိမ္းေတြ ေဆာ့ၾကတယ္။ မေဆာ့ရရင္၊ မႏုိင္ရင္ ေသေတာ့မယ့္အတုိင္း ခံစား ေၾကကဲြရတယ္။ တကယ္ေတာ့ မဟုတ္ဘူး။ စိတ္ရဲ႕ ေစခုိင္းမႈအရ ပူေလာင္ၾကရတာ၊ လူမႈကြန္ရက္ေတြမွာလည္း ဒီတုိင္းပါပဲ။ အေသးစိတ္ေတာ့ ဥပမာ မေပးေတာ့ဘူးေနာ္။

ေလာဘ၊ ရမၼက္ဟာ လူ႔စိတ္သံဠာန္ ထဲမွာ ႏူးညံ့စြာနဲ႔ ကိန္းေအာင္းေနခဲ့တာပါ။ ဘ၀ အဆက္ဆက္ မသိမႈေတြ မ်ားျပားလာခဲ့ေတာ့ တစ္ထုိင္ထဲနဲ႔ေတာ့ မသိႏုိင္ပါဘူး။ ဒါေပမယ့္ နည္းနည္းခ်င္းစီေတာ့ သိလို႔ရပါတယ္။ ႏွမ္းတစ္ေစ့နဲ႔ ဆီမျဖစ္ဘူးဆိုေပမယ့္ ႏွမ္းေစ့ေတြ ေပါင္းလိုက္ရင္ေတာ့ ဆီ ျဖစ္ပါတယ္။ ခုကစၿပီး သတိတရား လက္ကုိင္ထားၿပီး၊ စိတ္ေက်းကၽြန္ အျဖစ္မွ လြတ္ကင္းႏုိင္ပါေစေၾကာင္း ဂရုျပဳမိမယ္ဆုိရင္ ေရးရက်ဳိး နပ္ပါၿပီ။

(ေန႔လည္စာ ထမင္းစားရင္း အေတြး)

စည္သာ(ေတာင္ႀကီး)

16-11-2021

No comments:

Post a Comment


Aung Hein - နည္​းပညာ