Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Monday, November 25, 2013

Zombie က ရတဲ့ အတွေးတွေ

ဇွန်ဘီက ရတဲ့ အတွေးအခေါ်တွေ

သိရ်(အေးသာယာ)

တိုက်ပွဲတွေက ပုံစံ အမျိုးမျိုး ရှိကြတယ်။ ဘယ်လို ပုံစံ တိုက်ပွဲမျိုးကို ကြိုက်လဲ ဆိုတာ နှစ်သက်ရာ ရွေးချယ်ခွင့်ရှိပါတယ်။ ဘ၀ ဆိုတာ တိုက်ပွဲ။
မကောင်းဆိုးရွားတွေ သချို င်္င်းကုန်းကနေ ထလာပြီ။ အစေ့ထုတ် အပင်တွေနဲ့ ပစ်ကြ။ ကျောက်တုံးကြီးတွေ ကာရံထားကြ။ မြေမြှုပ်မိုင်းတွေထောင် နေကြာပန်းပင် တွေ စိုက်ပျိုးကြ။ ဒါမှ နေကြာပင်ကနေ ငွေတွေ ရလာပြီး  လိုချင်တာတွေ ၀ယ်လို့ ရမယ်။ အသားစား ပင်ကြီးတွေကို စိုက်ကြ။ သွားကြီးဖြဲပြီး အရည်တွေယိုနေတဲ့ အသားစား ပင်ကြီးက ဇွန်ဘီတွေကို ကြောင်ပုစွန်စားသလို ဂွပ်ကနဲ စားလိုက်ဖို့ အသင့် စောင့်ဆိုင်းနေကြတယ်။ ဒါပေမယ့် အားနည်းချက် တစ်ကောင်စားပြီးရင် ချက်ချင်း အစာမကျေလို့ နည်းနည်း စောင့်ရတယ်။ မြေမြှုပ်မိုင်းလည်း ဒီတိုင်းပဲ။ ချက်ချင်း ထောင်ပြီးတိုင်း ချက်ချင်း ကြီးထွားမလာဘူး။
ဘ၀ ဆိုတာကလည်း နေရိပ်လို၊ နေပူက စောင့်တတ်ရတယ်။ မင်္ဂလာ တရားတော်နဲ့ အညီ ရှေးကတင်ကြိုပြုခဲ့ဖူးသော ကောင်းမှု အမြဲ ရှိပါစေ ဆိုသလို ဘယ်ကိစ္စကို မဆို တင်တင်ကြိုကြိုလေး ပြုလုပ်ထားတတ်ရတယ်။ စီမံ အကွက်ချနိုင်မှ ဘ၀ အောင်ပွဲ ရတတ်တာ။ နို့မို့ရင် ဦးနှောက်ကို ဇွန်ဘီတွေ ဖေါက်စားခံရလိမ့်မယ်။
      လောကမှာ ဇွန်ဘီကောင်တွေ နေရာ အနှံ့ရှိပါတယ်။ ပုံစံအမျိုးမျိုးနဲ့ ရှိကြသလို၊ ပုံအမျိုးမျိုးနဲ့ ရောက်လာကြလိမ့်မယ်။ ရိုးရိုး ၉ ချက်ပစ်ရင် သေတဲ့ကောင်။ ဒါကတော့ ကြောက်စရာ မလိုပါဘူး။ သံခမောက်နဲ့ သတ္တုရေပုံး ဆောင်းတဲ့ကောင်။ ဒါကတော့ နည်းနည်း တွေးရတယ်။ သတ္တုရေပုံးစောင်းသွားဖို့တောင် ၁၀ ချက် ပစ်ရတယ်။ ရွဲ့သွားဖို့ နောက်ထပ် အချက် ၂၀၊ ကျွတ်သွားဖို့ အချက် ၃၀။ သေဆုံးဖို့ကတော့ ၉ ချက်။ အများကြီး ပစ်နိုင်ဖို့ တစ်ချက်ပစ် သစ်ပင်နဲ့ မလုံလောက်ရင် နှစ်ချက်ဆက်တိုက်ပစ် သစ်ပင်တွေ စိုက်၊ ငွေရလာရင် ၄ ချက် ဆက်တိုက်ပစ်တွေ စိုက်။ ရှေ့မှာ မီးအိုးတွေခံပြီးပစ်။ ဒါမှနိုင်မှာ။
လောကဓံကို ထိုင်ညည်းနေရုံနဲ့ မရဘူး။ ဇွန်ဘီတွေကတော့ လာမှာပဲ။ မနိုင်ရင် နိုင်အောင် ဘယ်လိုတိုက်ရမလဲ ဆိုတာ စဉ်းစား၊ အဖြေရှာ။ တစ်လုံးပစ် မနိုင်ရင် နှစ်လုံးပစ်တွေ စိုက်။ လေး လုံးပစ်တွေစိုက်၊ နောက်ဆုံး အချီ အကောင်တွေ အများကြီး ချီတက်လာကြပြီ ဆိုရင်တော့ ချယ်ရီဗုံးနဲ့သာ ထု။ ချယ်ရီဗုံးက လမ်းကြောင်း ၃ ခုမှာ ရှိနေတဲ့ ဇွန်ဘီတွေ အကုန်လုံးကို ရှင်းပေးလိမ့်မယ်။ လမ်းကြောင်း တစ်ခုထဲမှာ အကောင်တွေ များနေရင်တော့ ငရုတ်သီး ဗုံးနဲ့သာ ထု။ လမ်းကြောင်း ၅ ခုလုံး တပြင်လုံးမှာ အကောင်တွေ များနေရင်တော့ နျူးကလီးယား ဗုံးနဲ့သာ ထုချ။ အားလုံးကုန်ရော။
နှင်းကားကြီး စီးပြီးလာတဲ့ ကောင်တွေကို သံချောင်းတွေ ထောင်မယ်။ ဘောလုံးပျံနဲ့ လာတဲ့ကောင်တွေကို ကန္တာရ ဆူးပင်နဲ့ ထိုးဖေါက်မယ်။ ရေထဲကနေ လင်းပိုင် စီးလာတဲ့ ကောင်တွေကို ရေဘ၀ဲစာ ကျွေးလိုက်မယ်။
puzzle ပဟေဠိ ကစားနည်းကတော့ အခက်ဆုံး။ More Vases Endless ပဲ။ အလားအလာကောင်းတဲ့ ကောင်တွေကို တွေ့အောင် ရှာတတ်ရတယ်။ အချိန်ကြာလာတဲ့ အမျှ တိုက်ပွဲပိုပြင်းထန်လာသလို ပိုခက်လာတယ်။ အရေးကြီး ဆုံးအချက်က အလားအလာကောင်းကို တွက်ချက်တတ်ဖို့ပဲ။ ရိုးရိုး တွက်လို့ မရ။ အလျှင်မြန်ဆုံးနည်းနဲ့ တွက်ချက်ရတယ်။ ပုံသေနည်းနဲ့ လှေနံဓါးထစ် တွက်လို့ မရ။ မထင်မှတ်တဲ့ နေရာကနေ ဖေါက်ထွက်လာကြတော့ သေရော။ ကံကြမ္မာ ဆိုတာကလည်း ဒီတိုင်းပဲ။ မထင်မှတ်တဲ့ နေရာကနေ ဖေါက်ထွက်လာတတ်တယ်။ ဇွန်ဘီတွေ ညစ်တာ မဟုတ်ပါဘူး။ ဖြစ်တတ်တဲ့ သဘောတစ်ခု ရယ်ပါ။ အပြင်မှာ အန္တရာယ် မရှိဘူးလို့ ထင်ရတဲ့ နေရာဟာ အန္တရာယ် အကြီးဆုံး နေရာပဲ ဖြစ်နေတတ်တာကို လူတွေ မေ့နေတတ်ကြတယ်။
ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ် ဆိုတာ ကြိုတွေးတတ်ရတယ်။ ဖြစ်လာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံး အခြေအနေ ဖြစ်အောင် ဖန်တီးနိုင်စွမ်း ရှိရတယ်။ ကြောင်တောင်တောင် မကောင်းဆိုးရွားက အရုပ်ကလေး ဆော့နေသလိုလိုနဲ့ အသေခံဗုံးခွဲပြီး တိုက်ခိုက်ခံရတဲ့ အခါ အမြန်ဆုံး စီစဉ်နိုင်စွမ်း ရှိရတယ်။ နို့မို့ ပေါ်ထားတဲ့ လက်နက် အိုင်ကွန်တွေ ပျောက်ကုန်ရော။ လောကမှာ အခွင့်အရေး ဆိုတာလည်း ဒီတိုင်းပဲ။ ပေါ်ပြီးရင် ပျောက်သွားရော။ ဘယ်တော့မှ အခွင့်အရေး ဆိုတာ နှစ်ခါ မရတတ်ဘူး။ ရတုန်းမှာ ချက်ကျ လက်ကျနဲ့ အမြန်ဆုံး ဆွဲစားထားနိုင်ရမယ်။ အလှူစကားနဲ့ ပြောရရင် လက်နှေးရင် ဘာတဲ့။ ခွက်ဆေးရမယ်။
ပြောင်းလဲမှုတွေနဲ့ ကြုံလာတိုင်း မတုန်လှုပ်နဲ့။ ဇွန်ဘီမှာ အဓိက ကျတာက စိတ်ဓါတ်ပဲ။ လောကမှာလည်း စိတ်ဓါတ် ပြိုလဲသူ တစ်ယောက်ဟာ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။ ဇွန်ဘီ တစ်လျှောက်လုံးမှာ အရဆုံးက နောင်တ။ တကယ်လုပ်သင့်တာကို မလုပ်လိုက်ရတဲ့ နောင်တ နဲ့ မလုပ်သင့်တာကို လုပ်လိုက်တဲ့ နောင်တ ဆိုပြီး နှစ်မျိုး နှစ်စား ရှိပါတယ်။ ဒါကြောင့် နောင်တ မရသင့် … ၊ လုပ်သင့်တာကို ဆက်တိုက် လုပ်သွားဖို့ပါ။
ဘ၀ဟာ ဂိမ်း တစ်ခု ဆိုလည်း နောက်တစ်ခန်းကို ပြန်စသင့်၊ ပြန်စရှာပဲ မှတ်လား။ ပေါ်လာတဲ့ လက်နက်တွေကို ဘယ်နေရာမှာ ဘယ်လို အသုံးချသင့်လဲ ဆိုတာ ဦးနှောက်ကနေ စက္ကန့်ပိုင်း အတွင်း ဖျတ်ခနဲ ဖျတ်ခနဲ တွက်ချက်ပြီး ၊ လက်ကလည်း အလျှင်အမြန် လိုက်တတ်ဖို့ လိုပါတယ်။ လက်မြန်ဖို့ လိုသလို၊ အတွက်အချက် အတွေးအခေါ် ကောင်းဖို့လည်း လိုပါတယ်။ တော်တန်ရုံ ထိုင်းမှိုင်းမှု မျိုးလောက်နဲ့တော့ ၅ ခန်းတောင် အောင်မှာ မဟုတ်ပါဘူး။ ဘ၀မှာအောင်မြင်ဖို့ အတွက် ကံ၊ ဥာဏ်၊ ၀ီရိယ ဆိုတဲ့ ၃ ပါး ပြည့်စုံဖို့ လိုသလို သူတစ်ပါးထက် မသာရင်တောင် မလျော့တဲ့ လျင်မြန်မှုမျိုး ရှိရပါမယ်။ Delays is Dangerous ဆိုတဲ့ အတိုင်း တွေဝေနေခြင်းဟာ ကြောက်စရာ အန္တရာယ်ပါ၊ ဘ၀မှာ တွေဝေနေလို့ အကျိုးမရှိ၊ တက်ကျမ်း တစ်ခုက ပြောသလို ဒီခေတ်မှာ လုပ်စရာ နှစ်ခုပဲ ရှိတယ်။ ဘေးကနေ ရပ်ကြည့်ပြီး နေခဲ့မလား ၊ ငါတို့နဲ့ အတူလိုက်မလား တဲ့။
အကယ်၍ သင်ဟာ ပျင်းတတ်တဲ့ သူတစ်ယောက် ဆိုရင်တော့ ဇွန်ဘီဂိမ်းကို ကစားကြည့်ဖို့ တိုက်တွန်းပါရစေ မိတ်ဆွေ။­­
­­­­­­­­­­xxxxxx

No comments:

Post a Comment


Aung Hein - နည်းပညာ