ငွေရှိတိုင်း ၀ယ်မရတဲ့အရာများ
လောကမှာ ငွေရှိတိုင်း
ဝယ်မရတဲ့အရာများစွာ ရှိပါတယ်။ ရှင်းရှင်းလင်းလင်း ခွဲပြောရရင် ရုပ်ဝတ္ထု တွေ
အားလုံး ၀ယ်လို့ ရပေမယ့် နာမ်တရားတွေ ကိုတော့ ၀ယ်ယူလို့ မရနိုင်ပါဘူး။ အဲလို
ပြောရမယ်။ ရုပ်ဝတ္ထုတွေ ဘယ်လောက်ပဲ တိုးတက်နေပါစေ၊ နာမ်တရား
နိမ့်ကျသွားပြီဆိုရင်တော့ ဂရုစိုက် သတိထားသင့်ပါတယ်။
ဒါကြောင့် အချိန်၊ ပျော်ရွှင်ခြင်း နဲ့
ကျန်းမာခြင်း တို့ကို ငွေနဲ့ ၀ယ်မရဘူး ဆိုတဲ့ ဆိုရိုးစကားလည်း ရှိပါတယ်။
အနီးစပ်ဆုံး ပြောရမယ်ဆိုရင် လက်တွေ့မိသားစုဘ၀မှာတောင်
မိသားစုဝင်အချင်းချင်း အပြန်အလှန် စာနာနားလည်မှု၊ အချင်းချင်း ယုံကြည်မှု၊
ချစ်ခြင်းမေတ္တာ နှင့် စွန့်လွှတ်အနစ်နာခံမှု ဆိုတာတွေက ငွေရှိတိုင်း ၀ယ်မရတဲ့ ကော
င်းမွန်တဲ့
သာဓက တွေပဲ ဖြစ်ပါတော့တယ်။ မိသားစုမှာ အကြီးဆုံးခေါင်းဆောင် လင်နဲ့ မယား တို့က
နားလည်မှုမရှိ၊ ယုံကြည်မှု ပျောက်ဆုံးနေခဲ့မယ်ဆိုရင် သာယာချမ်းမြေ့တဲ့ မိသားစုဘ၀လေး
ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အတ္တ၊ မာန တရားများနဲ့
တချိန်လုံး ရန်ညှိုးတွေ ဖွဲ့ပြီး တစ်ဦးအပေါ်တစ်ဦး အပြစ်ရှာနေတော့မှာပါပဲ။ စစ်မှန်တဲ့
ချစ်ခြင်းမေတ္တာ မရှိဘူးဆိုရင်လည်း အသစ်တွေ့ရင် နောက်တစ်ယောက်နောက်ကို ပါသွား တတ်တာ
သဘာဝ ပါပဲ။ ဒါက ဥပမာ ပြောပေးတာပါ။
သူငယ်ချင်း၊ မိတ်ဆွေများ
အချင်းချင်းမှာဆိုရင်လည်း ပေးဆပ်အနစ်နာခံမှု၊ လေးစားမှု၊ ကိုယ်ကျင့်တရား နှင့် နားလည်မှု
စတာတွေဟာ ငွေရှိတိုင်း ၀ယ်မတဲ့ အရာတွေပါပဲ။ အခြွေအရံ၊ အသိအကျွမ်းတွေ ဘယ်လောက်ပဲ
များများ၊ ကိုယ့်ဘေးနားမှာ ကိုယ့်အကျိုး လိုလားတဲ့ မိတ်ဆွေစစ်၊ သူငယ်ချင်းကောင်း
ဆိုတာ အင်မတန် ရှားပါတယ်။ မိတ်ဆွေအချင်းချင်းဆိုပြီး နှိပ်ကွပ်လိုက်ရမှ
လူရာဝင်ဆိုတဲ့ အကျင့်တွေကြောင့် လေးစားမှု ပျောက်ဆုံးနေတတ်တယ်။ ဒါကြောင့် မိတ်ကောင်း၊
ဆွေကောင်း၊ သူငယ်ချင်းကောင်း ဆိုတာလည်း ငွေနဲ့ဝယ်လို့မရတဲ့ အရာဆိုလည်း
မမှားဘူးပေါ့။
အလုပ်ရှင် နဲ့ အလုပ်သမား
ကြားမှာဆိုရင်လည်း သစ္စာတရား၊ အပြန်အလှန်စေတနာထားတတ်မှု၊ ဖေးမကူညီတတ်ခြင်း စတာတွေ
သိပ်အရေးပါပါတယ်။ အလုပ်ရှင်တွေက အမြဲတမ်း ကိုယ့်အပေါ် သစ္စာရှိမယ့် လုပ်သား ကို
လိုချင်တပ်မက်ကြပေမယ့် ကိုယ့်ဘက်က လုပ်သားတွေ အပေါ် ချီးမြှောက် တတ်ခြင်း ဆိုတာတော့
မေ့နေတတ်ကြတယ်။ ကိုယ့်လုပ်သားတွေ သစ္စာဖောက်သွားမှာ အလုပ်ပြောင်းသွားမှာ၊
အလုပ်ထွက်သွားမှာ အင်မတန်ကြောက်ကြတယ်။ အလုပ်မထွက်အောင် ဘယ်လို ချီးမြှောက်
ပေးကမ်းသင့်လဲဆိုတာကိုတော့ အတ္တ ပိတ်ဖုံးပြီး ကွယ်နေတတ်ပြန်တယ်။ အလုပ်သမားဘက်က
ကြည့်ရင်လည်း ကိုယ့် Skill နဲ့ မကိုက်တဲ့ Salary လစာကို မျှော်နေတတ်ကြ သူတွေ
ချည်းပဲ။ သူတစ်ပါး အောင်မြင်တာကိုပဲ မနာလို မရှုစိမ့်ဖြစ်တတ်ကြတယ်။ သူဘယ်လို
ကြိုးစား အောင်မြင်လာသလဲ မြင်အောင် မကြည့်တတ်ကြဘူး။ အလုပ်ထဲမှာလည်း မခိုမကပ်၊
စေတနာ ထားပြီး စိတ်ရင်း လုပ်ကိုင်ပေးသူ ရှိပေမယ့်ရှားတယ်။ ၀န်ထမ်းအဆင့်ဆင့်မှာဆိုလည်း
ဖေးမ ကူညီတတ်ခြင်း၊ လက်တွဲခေါ်ခြင်း၊ မသိတာ မတတ်တာ ရှိရင် ရှင်းပြပေးလိုခြင်း
စိတ်ဓါတ်နည်းပါး ကြတာတွေ့ရပြန်တယ်။ ဒါတွေက ကျွန်တော့်ကိုယ်တွေ့နဲ့ လောက သဘာဝ
ဖြစ်ပျက်နေတာလေးတွေ ယေဘူယျ အမြင်နဲ့ သုံးသပ်ပြတာပါ။
မိဘနဲ့ သားသမီး၊ ဆရာ နဲ့ တပည့်
အကြားမှာလည်း ရိုသေကိုင်းရှိုင်းမှု၊ တန်ဖိုးထား လေးစားမှု ဆိုတာတွေပေါ့ နော်။
မိဘ၀တ်၊ သားသမီးဝတ်၊ ဆရာ့ဝတ်၊ တပည့်ဝတ် စတဲ့ လောကနီတိ တွေ အားလုံး သိနေကြတာပဲ
မဟုတ်လား။ အချင်းချင်းကြားမှာ တန်ဖိုးထားမှု၊ လေးစားမှု ဆိုတဲ့ ဆက်ဆံရေး
ပျောက်ဆုံးနေခဲ့တယ်။
ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး တို့တွင်
မက နိုင်ငံရေး ကဏ္ဍများ အထိ ကျယ်ပြန့်ပါတယ်။ အများလက်မခံအရာကို အတင်းအကြပ်
လုယူလို့ရတယ်။ ဒါပေမယ့် လေးစားယုံကြည်မှုတော့ ရရှိမှာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံး
ငြိမ်းချမ်းစေဖို့ ငြိမ်းချမ်းရေးကို ၀ယ်ယူလို့ မရပါဘူး။ တခြားဘာတွေ ရှိဦးမလဲ
သိချင်ရင် ဆက်လေ့လာလို့ ရပါတယ်။
×××× အောက်က စာသားများ Credit ပါ။
(1) ပိုက်ဆံနဲ့ အစားအသောက်တွေ (Food) ကို ဝယ်လို့ရပေမယ့်၊ စားချင်စိတ် (Appetite)
ကိုဝယ်လို့မရဘူး။ (2) ဟာသတွေ (Fun) ကို ဝယ်လို့ရပေမယ့်၊ ပျော်ရွှင်ခြင်း (Joy)
ကိုဝယ်လို့မရဘူး။
(3.) မိန်းမတွေ အများကြီးကို ဝယ်လို့ရပေမယ့်၊ မေတ္တာတရား (Love) ကိုဝယ်လို့မရဘူး။
(4.) ဆေးဝါးပစ္စည်းတွေကို (Medicine) ဝယ်လို့ရပေမယ့်၊ ကျန်းမာခြင်း (Health)
ကိုဝယ်လို့မရဘူး။
(5.) စာအုပ်တွေ အများကြီး (Books) ကို ဝယ်လို့ရပေမယ့်၊ အသိပညာ (Knowledge)
ကိုဝယ်လို့မရဘူး။
(6.) အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို ဝယ်လို့ရပေမယ့်၊ မိသားစုပျော်ရွှင်ခြင်းဘဝအိမ်
နွေးထွေးအိမ် (Home) ကိုဝယ်လို့မရဘူး။
(7.) အိပ်ယာအကောင်းစားတွေ (Bed) ကို ဝယ်လို့ရပေမယ့်၊ ချိုမြိန်စွာအိပ်စက်ခြင်း
(Sleep) ကိုဝယ်လို့မရဘူး။
(8.) အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို ဝယ်လို့ရပေမယ့်၊ လေးစားမှု (Respect)
ကိုဝယ်လို့မရဘူး။
(9.) အဖိုးတန် ပစ္စည်းတွေ (Glitter)ကို ဝယ်လို့ရပေမယ့်၊ လှပတင့်တယ်မှု (Beauty)ကို ဝယ်လို့မရဘူး။
(10.) နာရီ (Clock) ကို ဝယ်လို့ရပေမယ့်၊ အချိန်(Time) ကိုဝယ်လို့မရဘူး။
(11). ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) ဖန်တီးနိုင်လိမ့်မယ်၊
မိတ်ဆွေစစ်တွေ (Friends) ကိုဝယ်လို့မရဘူး။
(12). ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်းထားနိုင်လိမ့်မယ်။
သစ္စာရှိမှု (Faithfulness) ကိုဝယ်လို့မရဘူး။
(13.) အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကိုမင်းဝယ်လို့ရချင်ရလိမ့်မယ်။
ငြိမ်းချမ်းခြင်း (Peace) ကိုဝယ်လို့မရဘူး။
(14.) အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age)
ကိုမင်းဝယ်နိုင်လိမ့်မယ်၊ လုံးဝမေ့ပျောက်ခြင်း (forgets) ကိုဝယ်လို့မရဘူး။
(15.) ငွေပုံပေးပြီးလူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကိုငွေပုံပေးပြီး
ပြန်ရှင်အောင်လုပ်လို့မရဘူး။
(16.) ငွေပုံပေးပြီးအရှက်ကွဲအောင် လုပ်လို့ရတယ်၊
အရှက်တကွဲအကျိုးနည်းဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီးသိက္ခာဆည်လို့မရဘူး။
(17.) ငွေပုံပေးပြီးမလုပ်ဖြစ်အောင် မင်းတားနိုင်လိမ့်မယ်၊လုပ်ပြီးသွားရင်တော့
ပကတိအတိုင်းဖြစ်အောင်ပြန်ကာလို့မရဘူး။
(18). ငွေပုံပေးပြီးအကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းဖို့
ခက်လိမ့်မယ်။
(19.) ဂြိုလ်တုပဲ ၀ယ်လို့ ရမယ်။ သစ်လွင်ဆန်းပြားသော လျှို့ဝှက် Tachnic နည်းပညာ
ဝယ်လို့ မရဘူး။
(20.) လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊
အရာအားလုံးရင်းနိုင်သည်ဟူသောသူနှစ်မျိုးသာရှိတယ်။
(1) တစ်မျိုးမှာမွေးကတည်းကသူများသုံးသလိုမသုံးရပဲသူများသုံးသလိုသုံးချင်သူ။
(2) အသိပညာ နှင့် အတတ်ပညာနည်းပါးပြီးပေါ့ပေါ့နေပေါ့ပေါ့စားချင်သူ။
မှတ်ချက်။ ။ ဗဟုသုတအဖြစ် မျှဝေပါသည်။
No comments:
Post a Comment