Font

Wellcome

စည္သာဟိန္း မွ လႈိုက္လွဲစြာၾကိဳဆိုပါသည္

Saturday, November 13, 2021

အောင်မြင်မှုအစစ်

လောကမှာ သူတပါးနှာခေါင်းပေါက်နဲ့အသက်ရှူနေကြသူတွေလည်း ရှိပါတယ်။ သူတပါးအကူအညီ နဲ့ အဆင်ပြေ နေသူများဟု ရေရှည်တည်တံ့တဲ့ အောင်မြင်မှုမျိုး မဟုတ်ပါဘူး။ သူ့မှာ ကိုယ်ပိုင်ပုံရိပ် မရှိဘူး၊ ကိုယ်ပိုင်အစွမ်းအစ ကိုလည်း မတည်ဆောက်နိုင်ဘူး။ ကိုယ်ပိုင်အရည်အချင်း မရှိတဲ့အတွက် ကော်ပီ ဘဝ နဲ့ပဲ ရုန်းကန်လှုပ်ရှား အဆုံးသတ်သွားလေ့ ရှိတယ်။ သေချာလိုက်ကြည့်ကြည့် အဲလိုလူမျိုးတွေ ဘယ်တော့မှ လူတောမတိုးရဲဘူး။ သူ့ကိုယ်ပိုင်တီထွင်မှု မဟုတ်တဲ့အတွက် စိတ်မှာ လိပ်ပြာမလုံရဘူး၊ အဲဒါကြောင့် လူကြားထဲ ထွက်လို့ လည်း မရဘူး။ လူ့ရဲ့ ကိုယ်ပိုင်အိုင်ဒီယာတွေ ပျောက်ဆုံးနေတယ်။ ကော်ပီမှ မရှိရင် သူ့ဘဝ ဘာမှ မလုပ်တတ်လောက်အောင် အထီးကျန် ဖြစ်သွားလေ့ ရှိတယ်။ (သမိုင်းဆရာမ ပြောဖူးသလို သူတပါး စကားလမ်းဆုံးတာ လူ့ဝါဂွမ်း)

အနုပညာလောကမှာလည်း ဒီလိုပဲ၊ ရုတ်တရက် ပေါ်ပြူလာ ဖြစ်သွားတာနဲ့ ပရော်ဖက်ရှင်နယ် ကျကျ လုပ်ကိုင်နေသူနဲ့ မတူဘူး။ ကိုယ်စိတ်ပါဝင်စားတဲ့လုပ်ငန်းနဲ့ ရေရှည် ရပ်တည်တော့မယ်ဆိုရင် ခရေစေ့တွင်းကျ မလေ့လာလို့ကို မရတော့ဘူး။ သူတပါးကို ဝေဖန်တော့မယ်ဆိုရင် ကိုယ်ကရော ဘယ်လောက်အပြစ်ကင်းစင်သလဲ ဆိုတာ သေချာဆန်းစစ်ဖို့ လိုမယ်။ ဟုတ်ပြီ ဒီနေ့ တင်ပြချင်တဲ့ အကြောင်းအရာလေးကတော့ အောင်မြင်ခြင်းအစစ် ဆိုတဲ့ ခေါင်းစဉ်လေးပါ။

(၁) စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ အမြဲတမ်းပျော်ရွှင်ကျေနပ်နေခြင်းပါပဲ။

ကိုယ်လုပ်တဲ့အလုပ်ထဲမှာ ပျော်ရွှင်နေတယ်ဆိုရင် ဒါအောင်မြင်မှုတစ်ခုပါပဲ။ လုပ်သားတွေ ဝန်ထမ်းတွေ ၈၀ ရာခိုင်နှုန်းလောက် ကိုယ့်လုပ်ငန်းခွင်မှာမပျော်ပိုက်ကြပါဘူး။ ဘာလို့လဲ ဆိုတော့ အခြား အလုပ်တွေကပိုကောင်းမယ် ထင်ကြလို့၊ လစာကောင်းတဲ့အလုပ်ကို ပိုမက်မောလို့၊ လက်ရှိအလုပ်ကို ငြီးငွေ့နေကြလို့၊ စိတ်ဖိစီးမှုနဲ့ အိမ်တွင်းရေး ကိစ္စတွေကြောင့်လို့ အကြမ်းဖျဉ်း ယူဆရပါမယ်။ ဒါကြောင့် ကိုယ့်ဝါသနာနဲ့ အလုပ် တစ်ထပ်ထဲ ကျတဲ့အလုပ်မျိုးဆိုရင် ပိုပြီးကျေနပ်စရာပေါ့နော်။ တချို့ စီးပွားရေးသမား တွေ အရမ်းအောင်မြင်နေပေမယ့် ပျော်ရွှင်နေတယ်လို့ ထင်ပါသလား၊ ပုဂ္ဂလိက စိတ်ခံစားမှုတွေနဲ့သာ သက်ဆိုင်ပါမယ်။ ချမ်းသာလေလေ စိုးရိမ်ပူပန်မှုက ပိုများလေလေ ပါပဲ။ မရှိတောင့်တ၊ ရှိကြောင့်ကြ ဆိုသလို လူ့လောက ရဲ့ မထူးဆန်းတဲ့ ဖြစ်မြဲဓမ္မတာတွေပါပဲ။ တရားတော်အရ ယောနိသော မနသီကာရ ဆိုတာ ရှိပါတယ်။ သင့်တော်စွာ၊ မှန်ကန်စွာ နှလုံးသွင်းခြင်းလို့ ဆိုရပါမယ်။ ယောနိသော မနသီကာရ စိတ်ထားတတ်မယ်ဆိုရင် စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ မွန်းကြပ်မှု တွေကနေ လွတ်မြောက်အောင်ရုန်းထွက်ပြီး ကြည့်တတ်မယ်ဆိုရင်တော့ ပျော်ရွှင်ခြင်းကို ခံစားရမှာ မလွဲမသွေပါပဲ။

(၂) လုပ်ငန်းလည်ပတ်နေသရွေ့ အောင်မြင်ပါတယ်။

ကျွန်တော့် အမေပြောဖူးတဲ့ စကားရှိပါတယ်။ တကယ်တော့ အောင်မြင်တယ်ဆိုတာ လုပ်ငန်းကြီးကြီးသေးသေး မဆိုင်ဘူး။ နှစ်ပေါင်းများစွာ ရေရှည်ရပ်တည်နိုင်တယ်ဆိုတာက အောင်မြင်နေတာပါပဲ။ ကိုယ့် Brand တစ်ခု ဖြစ်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ရပါတယ်။ လူသိများအောင်လည်း အများကြီး ကြိုးစားခဲ့ရပါတယ်။ နာမည်ပျက်မရှိဘဲ ရပ်တည်နိုင်တယ်ဆိုတာကလည်း အောင်မြင်ခြင်းတစ်ခုပါပဲ။ စီးပွားရေးလုပ်ငန်းရှင် ပြောပြတဲ့ အောင်မြင်ခြင်းဒဿန က တစ်မျိုးပါ၊ လုပ်သားတွေကိုပိုက်ဆံပေးပြီး ခိုင်းနိုင်တဲ့သူက သူဌေး၊ အမြဲတမ်း ငွေပေးပြီးခိုင်းနိုင်တာ၊ ထင်ပေါ်ကျော်ကြားတာက အောင်မြင်တာပဲ။ တဲ့။ အကြောင်းအရာတစ်ခု မှန်ကန်ဖို့ ရှုထောင့် တစ်ခုထဲ ကြည့်လို့ မရပါဘူး။ ဘက်ပေါင်းစုံ ကြည့်တတ်မှ မျှတတဲ့ အမြင်မျိုး ရှိလာမှာပါ။

(၃) အောင်မြင်မှုကို ငွေကြေး၊ ဂုဏ်ဓန၊ သြဇာ၊ အာဏာ၊ အခြွေအရံ တို့နဲ့ တိုင်းတာလို့ မရပါဘူး။

တကယ်တော့ အောင်မြင်မှု ဆိုတာ သတ်မှတ်ချက်တွေနဲ့ တိုင်းတာလို့ မရဘူးလို့ ထင်ပါတယ်။ ဒီလို သတ်မှတ်ချက်တွေနဲ့ ကင်းလွတ်ကျော်လွန်နေတယ်လို့ ထင်တယ်။

(၄) ပေါ်ပင်တွေ လိုက်မလုပ်ပါနဲ့

သူများအဆင်ပြေတိုင်း ကိုယ်အဆင်ပြေချင်မှ ပြေမှာပါ။ ဒါကြောင့် အချိန်ကုန်မခံဘဲနဲ့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို တစိုက်မတ်မတ် လုပ်ခဲ့မယ်ဆိုရင် တစ်နေ့ကျရင် ပန်းတိုင်ရောက်မှာ မလွဲပါပဲ။

(၅) ကိုယ်လုပ်ချင်ရာ လုပ်ခွင့်ရနေတာလည်း အောင်မြင်မှုပါပဲ။

တခါတလေ ဘဝအခြေအနေ အရ မလွဲသာဘဲ လုပ်နေရပါတယ်ဆိုတာမျိုး ရှိတတ်တယ်။ အလုပ်ထဲမှာ စိတ်က မပါဘူး။ ရန်သူငါးပါးထဲမှာတောင် မချစ်မနှစ်သက်သောသူနဲ့ နေထိုင်ရခြင်း၊ ဆိုတဲ့အချက်ပါပါတယ်။ ဒါကြောင့် ကိုယ်မကြိုက်တဲ့အလုပ်၊ စိတ်မဝင်စားတဲ့အလုပ်ကို လုပ်နေရတဲ့သူဆိုရင် ဘယ်လောက် စိတ်ဆင်းရဲမလဲ တွေးကြည့်လို့ ရပါတယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်၊ မိမိ လုပ်ချင်ရာ လုပ်ခွင့်ရနေတာကလည်း အောင်မြင်မှု ပါပဲလို့နော်။

စည်သာ(တောင်ကြီး)

13-Nov-2021

ေအာင္ျမင္မႈအစစ္

ေလာကမွာ သူတပါးႏွာေခါင္းေပါက္နဲ႔အသက္ရွဴေနၾကသူေတြလည္း ရွိပါတယ္။ သူတပါးအကူအညီ နဲ႔ အဆင္ေျပ ေနသူမ်ားဟု ေရရွည္တည္တံ့တဲ့ ေအာင္ျမင္မႈမ်ဳိး မဟုတ္ပါဘူး။ သူ႔မွာ ကုိယ္ပုိင္ပံုရိပ္ မရွိဘူး၊ ကုိယ္ပုိင္အစြမ္းအစ ကုိလည္း မတည္ေဆာက္ႏုိင္ဘူး။ ကုိယ္ပုိင္အရည္အခ်င္း မရွိတဲ့အတြက္ ေကာ္ပီ ဘ၀ နဲ႔ပဲ ရုန္းကန္လႈပ္ရွား အဆံုးသတ္သြားေလ့ ရွိတယ္။ ေသခ်ာလိုက္ၾကည့္ၾကည့္ အဲလုိလူမ်ဳိးေတြ ဘယ္ေတာ့မွ လူေတာမတုိးရဲဘူး။ သူ႔ကုိယ္ပုိင္တီထြင္မႈ မဟုတ္တဲ့အတြက္ စိတ္မွာ လိပ္ျပာမလံုရဘူး၊ အဲဒါေၾကာင့္ လူၾကားထဲ ထြက္လို႔ လည္း မရဘူး။ လူ႔ရဲ႕ ကုိယ္ပုိင္အုိင္ဒီယာေတြ ေပ်ာက္ဆံုးေနတယ္။ ေကာ္ပီမွ မရွိရင္ သူ႔ဘ၀ ဘာမွ မလုပ္တတ္ေလာက္ေအာင္ အထီးက်န္ ျဖစ္သြားေလ့ ရွိတယ္။ (သမုိင္းဆရာမ ေျပာဖူးသလို သူတပါး စကားလမ္းဆံုးတာ လူ႔၀ါဂြမ္း)

အႏုပညာေလာကမွာလည္း ဒီလိုပဲ၊ ရုတ္တရက္ ေပၚျပဴလာ ျဖစ္သြားတာနဲ႔ ပေရာ္ဖက္ရွင္နယ္ က်က် လုပ္ကိုင္ေနသူနဲ႔ မတူဘူး။ ကုိယ္စိတ္ပါ၀င္စားတဲ့လုပ္ငန္းနဲ႔ ေရရွည္ ရပ္တည္ေတာ့မယ္ဆုိရင္ ခေရေစ့တြင္းက် မေလ့လာလို႔ကို မရေတာ့ဘူး။ သူတပါးကို ေ၀ဖန္ေတာ့မယ္ဆုိရင္ ကုိယ္ကေရာ ဘယ္ေလာက္အျပစ္ကင္းစင္သလဲ ဆုိတာ ေသခ်ာဆန္းစစ္ဖုိ႔ လိုမယ္။ ဟုတ္ၿပီ ဒီေန႔ တင္ျပခ်င္တဲ့ အေၾကာင္းအရာေလးကေတာ့ ေအာင္ျမင္ျခင္းအစစ္ ဆုိတဲ့ ေခါင္းစဥ္ေလးပါ။

(၁) စစ္မွန္တဲ့ ေအာင္ျမင္မႈဆိုတာ အၿမဲတမ္းေပ်ာ္ရႊင္ေက်နပ္ေနျခင္းပါပဲ။

ကုိယ္လုပ္တဲ့အလုပ္ထဲမွာ ေပ်ာ္ရႊင္ေနတယ္ဆုိရင္ ဒါေအာင္ျမင္မႈတစ္ခုပါပဲ။ လုပ္သားေတြ ၀န္ထမ္းေတြ ၈၀ ရာခုိင္ႏႈန္းေလာက္ ကုိယ့္လုပ္ငန္းခြင္မွာမေပ်ာ္ပုိက္ၾကပါဘူး။ ဘာလို႔လဲ ဆုိေတာ့ အျခား အလုပ္ေတြကပုိေကာင္းမယ္ ထင္ၾကလို႔၊ လစာေကာင္းတဲ့အလုပ္ကို ပုိမက္ေမာလုိ႔၊ လက္ရွိအလုပ္ကို ၿငီးေငြ႔ေနၾကလို႔၊ စိတ္ဖိစီးမႈနဲ႔ အိမ္တြင္းေရး ကိစၥေတြေၾကာင့္လို႔ အၾကမ္းဖ်ဥ္း ယူဆရပါမယ္။ ဒါေၾကာင့္ ကိုယ့္၀ါသနာနဲ႔ အလုပ္ တစ္ထပ္ထဲ က်တဲ့အလုပ္မ်ဳိးဆုိရင္ ပိုၿပီးေက်နပ္စရာေပါ့ေနာ္။ တခ်ဳိ႕ စီးပြားေရးသမား ေတြ အရမ္းေအာင္ျမင္ေနေပမယ့္ ေပ်ာ္ရႊင္ေနတယ္လို႔ ထင္ပါသလား၊ ပုဂၢလိက စိတ္ခံစားမႈေတြနဲ႔သာ သက္ဆုိင္ပါမယ္။ ခ်မ္းသာေလေလ စုိးရိမ္ပူပန္မႈက ပိုမ်ားေလေလ ပါပဲ။ မရွိေတာင့္တ၊ ရွိေၾကာင့္ၾက ဆုိသလို လူ႔ေလာက ရဲ႕ မထူးဆန္းတဲ့ ျဖစ္ၿမဲဓမၼတာေတြပါပဲ။ တရားေတာ္အရ ေယာနိေသာ မနသီကာရ ဆုိတာ ရွိပါတယ္။ သင့္ေတာ္စြာ၊ မွန္ကန္စြာ ႏွလံုးသြင္းျခင္းလို႔ ဆုိရပါမယ္။ ေယာနိေသာ မနသီကာရ စိတ္ထားတတ္မယ္ဆုိရင္ စုိးရိမ္ပူပန္မႈ၊ စိတ္ဖိစီးမႈ၊ မြန္းၾကပ္မႈ ေတြကေန လြတ္ေျမာက္ေအာင္ရုန္းထြက္ၿပီး ၾကည့္တတ္မယ္ဆုိရင္ေတာ့ ေပ်ာ္ရႊင္ျခင္းကို ခံစားရမွာ မလဲြမေသြပါပဲ။

(၂) လုပ္ငန္းလည္ပတ္ေနသေရြ႕ ေအာင္ျမင္ပါတယ္။

ကၽြန္ေတာ့္ အေမေျပာဖူးတဲ့ စကားရွိပါတယ္။ တကယ္ေတာ့ ေအာင္ျမင္တယ္ဆုိတာ လုပ္ငန္းႀကီးႀကီးေသးေသး မဆုိင္ဘူး။ ႏွစ္ေပါင္းမ်ားစြာ ေရရွည္ရပ္တည္ႏုိင္တယ္ဆုိတာက ေအာင္ျမင္ေနတာပါပဲ။ ကုိယ့္ Brand တစ္ခု ျဖစ္ဖုိ႔ ႏွစ္ေပါင္းမ်ားစြာ ႀကဳိးစားတည္ေဆာက္ရပါတယ္။ လူသိမ်ားေအာင္လည္း အမ်ားႀကီး ႀကဳိးစားခဲ့ရပါတယ္။ နာမည္ပ်က္မရွိဘဲ ရပ္တည္ႏုိင္တယ္ဆုိတာကလည္း ေအာင္ျမင္ျခင္းတစ္ခုပါပဲ။ စီးပြားေရးလုပ္ငန္းရွင္ ေျပာျပတဲ့ ေအာင္ျမင္ျခင္းဒႆန က တစ္မ်ဳိးပါ၊ လုပ္သားေတြကိုပုိက္ဆံေပးၿပီး ခုိင္းႏုိင္တဲ့သူက သူေဌး၊ အၿမဲတမ္း ေငြေပးၿပီးခုိင္းႏုိင္တာ၊ ထင္ေပၚေက်ာ္ၾကားတာက ေအာင္ျမင္တာပဲ။ တဲ့။ အေၾကာင္းအရာတစ္ခု မွန္ကန္ဖုိ႔ ရွဳေထာင့္ တစ္ခုထဲ ၾကည့္လို႔ မရပါဘူး။ ဘက္ေပါင္းစံု ၾကည့္တတ္မွ မွ်တတဲ့ အျမင္မ်ဳိး ရွိလာမွာပါ။

(၃) ေအာင္ျမင္မႈကို ေငြေၾကး၊ ဂုဏ္ဓန၊ ၾသဇာ၊ အာဏာ၊ အေျခြအရံ တုိ႔နဲ႔ တုိင္းတာလို႔ မရပါဘူး။

တကယ္ေတာ့ ေအာင္ျမင္မႈ ဆိုတာ သတ္မွတ္ခ်က္ေတြနဲ႔ တုိင္းတာလို႔ မရဘူးလို႔ ထင္ပါတယ္။ ဒီလို သတ္မွတ္ခ်က္ေတြနဲ႔ ကင္းလြတ္ေက်ာ္လြန္ေနတယ္လို႔ ထင္တယ္။

(၄) ေပၚပင္ေတြ လိုက္မလုပ္ပါနဲ႔

သူမ်ားအဆင္ေျပတုိင္း ကုိယ္အဆင္ေျပခ်င္မွ ေျပမွာပါ။ ဒါေၾကာင့္ အခ်ိန္ကုန္မခံဘဲနဲ႔ ကုိယ္လုပ္စရာရွိတဲ့ အလုပ္ကို တစိုက္မတ္မတ္ လုပ္ခဲ့မယ္ဆုိရင္ တစ္ေန႔က်ရင္ ပန္းတုိင္ေရာက္မွာ မလဲြပါပဲ။

(၅) ကုိယ္လုပ္ခ်င္ရာ လုပ္ခြင့္ရေနတာလည္း ေအာင္ျမင္မႈပါပဲ။

တခါတေလ ဘ၀အေျခအေန အရ မလဲြသာဘဲ လုပ္ေနရပါတယ္ဆုိတာမ်ဳိး ရွိတတ္တယ္။ အလုပ္ထဲမွာ စိတ္က မပါဘူး။ ရန္သူငါးပါးထဲမွာေတာင္ မခ်စ္မႏွစ္သက္ေသာသူနဲ႔ ေနထုိင္ရျခင္း၊ ဆိုတဲ့အခ်က္ပါပါတယ္။ ဒါေၾကာင့္ ကုိယ္မႀကဳိက္တဲ့အလုပ္၊ စိတ္မ၀င္စားတဲ့အလုပ္ကို လုပ္ေနရတဲ့သူဆုိရင္ ဘယ္ေလာက္ စိတ္ဆင္းရဲမလဲ ေတြးၾကည့္လို႔ ရပါတယ္။ ကုိယ္၀ါသနာပါတဲ့အလုပ္၊ မိမိ လုပ္ခ်င္ရာ လုပ္ခြင့္ရေနတာကလည္း ေအာင္ျမင္မႈ ပါပဲလို႔ေနာ္။

စည္သာ(ေတာင္ႀကီး)

13-Nov-2021

 

 

 

No comments:

Post a Comment


Aung Hein - နည္​းပညာ