Font

Wellcome

စည္သာဟိန္း မွ လႈိုက္လွဲစြာၾကိဳဆိုပါသည္

Saturday, October 16, 2021

ပြန္ေခ်ာင္းဂူ သုိ႔ အလည္တစ္ေခါက္

 ပြန္ေခ်ာင္းဂူ သုိ႔ အလည္တစ္ေခါက္

စည္သာ(ေတာင္ႀကီး)

ရွမ္းျပည္နယ္ ေတာင္ပုိင္းမွာ လည္ပတ္စရာ ဂူေတြ အမ်ားႀကီး ျပည့္ႏွက္ေနတာပါ။ အထင္ကရ ဂူႀကီး ေတြကေတာ့ ပင္းတယဂူ (ပင္းတယ) ၊ မံုတ၀ဂူ (ေအးသာယာ)၊ ထမ္ဆမ္းဂူ(ဟိုပံုးၿမိဳ႕)၊ ထီဗြာဂူ(ပင္ေလာင္း) ကေလာေရႊဥမင္ဂူ၊ ျမင္းမထိဂူ(ကေလာ) တို႔ ေလာက္ပဲ လူသိမ်ား ပါတယ္။ အျခားဂူေတြကိုေတာ့ လူတုိင္း မသိၾက၊ မေရာက္ဖူးၾကေတာ့ပါဘူး။                                                                                                     တျခား ဂူေတြလည္း အမ်ားႀကီး က်န္ရွိေနပါေသးတယ္။ ရြာငံၿမိဳ႕နယ္ နဲ႔ ပင္ေလာင္းၿမဳိ႕နယ္ထဲမွာ လူသူ မေရာက္မေပါက္တဲ့ ေဒသေတြ၊ ေရတံခြန္၊ စိမ့္စမ္းေခ်ာင္း နဲ႔ သဘာ၀ လႈိ္ဏ္ဂူေတြ အမ်ားႀကီး က်န္ရွိပါေသးတယ္။ 

ရြာငံၿမိဳ႕နယ္တြင္းမွာ ရွားပါးငွက္ေပါင္းမ်ားစြာ ခုိေအာင္းေလ့ ရွိတဲ့ ငွက္ေသာက္ ဂူ၊ ေရတံခြန္ေအာက္ကေန ျဖတ္သန္းသြားလာရတဲ့ ဆင္လည္ေရ၀င္ဂူ စတဲ့ သဘာ၀ ဂူ ေတြ အျပင္၊ ပင္ေလာင္းေဒသမွာ ထီဗြာဂူ၊ စမ္းစမ္း ေရတံခြန္ အနီး မွာ လည္း ဂူ တစ္ဂူ တည္ရွိပါေသးတယ္။

ကၽြန္ေတာ္ အခု သြားခဲ့တဲ့ ဂူကေတာ့ ေနာင္ေထာင္ေဒသမွာ ရွိတဲ့ ပြန္ေခ်ာင္းဂူ ပဲ ျဖစ္ပါတယ္။ ပြန္ေခ်ာင္းဂူ ဟာ သဘာ၀အတုိင္းပဲ တည္ရွိေနတာ ျဖစ္ၿပီးေတာ့ ရွမ္း/ေတာင္မွာ အႀကီးဆံုးဂူႀကီး တစ္ဂူလို႔လည္း ေျပာလို႔ရပါတယ္။

Xxxxx
 

ေနာင္ေထာ၀္ကို ဘယ္လိုသြားရသလဲ၊

ေနာင္ေထာ၀္ ေဒသကို သြားဖို႔ဆိုရင္ ရွမ္းျပည္နယ္ ေတာင္ပုိင္း၊ ပအုိ၀္း ကုိယ္ပုိင္ အုပ္ခ်ဳပ္ခြင့္ရေဒသ ဆီဆုိင္ၿမိဳ႕နယ္ကို အရင္ေရာက္ေအာင္ သြားရပါတယ္။ ေတာင္ႀကီးကေန ဆီဆုိင္ ေဒသကို မုိင္ေပါင္း ၄၆ မိုင္ ကြာေ၀းပါတယ္။ ဆီဆုိင္ကိုေရာက္ရင္ ကယားျပည္နယ္ လမ္းခြဲအတုိင္း ေနာင္ေထာ၀္ ဆိုတဲ့ ဆုိင္းဘုတ္ ရွိရာကို အတြင္းဘက္ ၁၂ မုိင္ ေလာက္ ၀င္ ရပါတယ္။ 

ေနာင္ေထာင္ေဒသဟာ ပအုိ၀္းကို္ယ္ပုိင္ အုပ္ခ်ဳပ္ခြင့္ရေဒသ ထဲမွာ ပါ၀င္ၿပီး တိုးတက္ဖြံ႔ၿဖဳိးမႈ ေႏွးေကြးေနတာ ျဖစ္ပါတယ္။ ေတာင္ႀကီးကေန ေနာင္ေထာ၀္ ေဒသ ကို ဆုိင္ကယ္ နဲ႔ ၃ နာရီခြဲေက်ာ္ေလာက္ ေတာက္ေလွ်ာက္ ေမာင္းရပါတယ္။

ေတာင္ႀကီးကေန ဟုိပံုး လမ္းအတုိင္း ကယားျပည္နယ္ လမ္းခြဲကေန သြားလို႔ ရသလို၊ ေတာင္ႀကီး - ေက်ာက္တစ္လံုးႀကီး လမ္း အတိုင္း ကကၠဴ - ဘန္းယဥ္ လမ္းခြဲကေန၊ ဆုိက္ေခါင္ကုိ သြားလည္း ရပါတယ္။ ဆုိက္ေခါင္မွ တဆင့္ ဆီဆုိင္ ကို ေရာက္ပါတယ္။

ေတာင္ႀကီး- ဟိုပံုး လမ္းအတုိင္းသြားမယ္ ဆိုရင္ ဟုိပံုး၊ ေနာင္မြန္၊ ဘန္းယဥ္၊ ဆုိက္ေခါင္၊ ဆီဆုိင္ မွ ေနာင္ေထာ၀္ ျဖစ္ပါတယ္။ ေတာင္ႀကီး - ေက်ာက္တစ္လံုးႀကီး လမ္းအတုိင္းသြားမယ္ ဆိုရင္ ကံႀကီး၊ ထီဟန္းေဆြး၊ လြယ္ေကာင္းရြာႀကီး၊ ေနာင္ကား၊ ေနာင္ပစ္၊ ပံုေဆြပင္၊ ၀င္းယ၊ နားရီ၊ ဟမ္းဆီး၊ ၀ါးလွ၊ ကကၠဴ၊ ဘန္းယဥ္၊ ဆုိက္ေခါင္၊ ဆီဆုိင္ ဆိုတဲ့ ရြာေလးေတြကို ျဖတ္သန္းရတာ ျဖစ္ပါတယ္။

ေတာင္ႀကီးကေန ေနာင္ေထာ၀္ ကို မုိင္ေပါင္း ၆၀ ေက်ာ္ ကြာေ၀းပါတယ္။

xxx
Ecotourism သတ္မွတ္သင့္တဲ့ ရြာကေလး
ေနာင္ေထာင္ဟာ ပင္လယ္ေရမ်က္ႏွာျပင္ အထက္ ေပေပါင္း ၃၀၂၇ ေပ ျမင့္ပါတယ္။ ညဘက္ဆုိရင္ အင္မတန္ ေအးပါတယ္။ သူပုန္နယ္ေျမလည္း မဟုတ္၊ ၿမိဳ႕လည္း မဟုတ္နဲ႔ ေတာမက် ၿမိဳ႕မက် ျဖစ္ေနတာပါ။
ေနာင္ေထာင္ ေဒသ ကို ျပဳျပင္လုိက္မယ္ ဆုိရင္ လူသူ ပရိသတ္ ခရီးသြားေတြ စိတ္၀င္စားမယ့္ သဘာ၀ ပတ္၀န္းက်င္ေတြ အျပည့္ ရွိေနပါတယ္။ ေဒသတြင္း လည္ပတ္စရာ ေနာင္ေထာင္ေရကန္ႀကီး နဲ႔ ပြန္ေခ်ာင္းဂူ တို႔ တည္ရွိပါတယ္။ ပြန္္ေခ်ာင္းဂူကိုသြားလမ္းက အင္မတန္ၾကမ္းတမ္းပါတယ္။
ေနာင္ေထာင္ရြာအလယ္ကေန အေရွ႕ဘက္ ၇ မုိင္ ေလာက္ သြားရၿပီး၊ လမ္းကေတာ့ မတ္ေစာက္ ၾကမ္းတမ္း လြန္းပါတယ္။ ပြန္ေခ်ာင္းဂူဟာလည္း ေပေပါင္း ၄၀၀၀ ေက်ာ္ေလာက္ ရွည္လ်ားၿပီးေတာ့ အံ့ၾသစရာ ထူးဆန္းမႈေတြ နဲ႔ ျပည့္ႏွက္ ေနတဲ့ ဂူျဖစ္ပါတယ္။ ထမ္ဆန္းဂူထက္ အမ်ားႀကီး က်ယ္ၿပီး ေရွးႏွစ္သန္းေပါင္းမ်ားစြာ ထဲက တည္ရွိလာတဲ့ သဘာ၀ လႈိဏ္ဂူလည္း ျဖစ္ပါတယ္။ အတြင္းမွာ ေက်ာက္စက္ပန္းဆဲြေတြ၊ ေက်ာက္ျဖာေတြ တျခားျမင္ဖူးတာေတြ နဲ႔ မတူဘဲ အရမ္းလွပါတယ္။ ဂူထဲမွာ စမ္းေခ်ာင္း တစ္ခု ျဖတ္သန္း စီးဆင္းေနၿပီးေတာ့ အတြင္းလမ္း အဆံုးထိ ဘယ္သူမွ မေရာက္ဖူးေသးပါဘူး။ ဂူေျခရင္းမွာပြန္ေခ်ာင္းေလး ျဖတ္သန္းစီးဆင္းေနၿပီး၊ ဂူကုိလည္း ပြန္ေခ်ာင္းဂူ လို႔လည္း အလြယ္ ေခၚလိုက္တာျဖစ္တယ္။ ပြန္ေခ်ာင္းဟာ ေနာင္ေထာင္ေဒသ နဲ႔ ေမာက္မယ္ ေဒသကို တားျမစ္ေပးထားတဲ့ နယ္နိမိတ္ စည္းမ်ဥ္းေလး ပဲ ျဖစ္ပါတယ္။ ဂူကေန အထက္ကို တက္မယ္ ဆိုရင္ ဗန္းမတ္ကေန တဆင့္ ေမာက္မယ္ ကိုေရာက္ပါတယ္။ လမ္းအင္မတန္ ၾကမ္းပါတယ္။ ပြန္ေခ်ာင္းဂူ ကို ထိန္းသိမ္းဖို႔ ဆရာေတာ္ တစ္ပါးက လာေရာက္ေနထုိင္တာ ၾကာပါၿပီ။ ေနာင္ေထာင္ကေန လာဖုိ႔ လမ္းကိုလည္း သိန္း ၂၀၀၀ ေလာက္ အကုန္အက် ခံၿပီး ဆရာေတာ္ ဦးစီး ေဖာက္ထားတာ ျဖစ္တယ္။ အခု ဆုိရင္ ဂူကို ျပဳျပင္ ထိန္းသိမ္းဖို႔ နဲ႔ မီးထြန္းဖို႔ေတာင္ မတတ္ႏုိင္ေတာ့လို႔ ႏုိင္ငံေတာ္ နဲ႔ ရွမ္းျပည္နယ္ အစိုးရ ကို အကူအညီေတာင္း၊ အသိေပးခ်င္ေနတာလည္း ျဖစ္ပါတယ္။ ေနာင္ေထာင္ကေန သြားမယ္ ဆိုရင္ 4Wheel အျမင့္ကားေတြ နဲ႔ သြားရင္ အဆင္ေျပပါတယ္။ လမ္းက ၄၅ ဒီဂရီ မတ္ေစာက္ၿပီးေတာ့ ေက်ာက္တံုး ေက်ာက္စြန္း ေတာင္ကမ္းပါးယံ ကို သြားရလို႔ပဲ ကားငယ္ ေအာက္ေျခ မလြတ္ပါဘူး။
Xxx

အင္မတန္လွပတဲ့ ေက်ာက္ဂူတြင္း အလွအပ

ပြန္ေခ်ာင္းဂူကို တစ္ခါတစ္ေခါက္ ေရာက္ရွိဖုိ႔ကလည္း မလြယ္ကူလွပါဘူး။ ေရာက္မိၿပီ ဆုိရင္လည္း ဂူတြင္းကို ၀င္ျဖစ္ေအာင္ ၀င္ဖို႔ တုိက္တြန္းခ်င္ပါတယ္။ ေရာက္ၿပီးမွေတာ့ လွည့္ျပန္ရံု နဲ႔ ဘာမွ မထူးပါဘူး။ တခ်ဳိ႕ ေျမျပန္႔ က သူေတြ ဆုိရင္ လမ္းကို ျမင္တာနဲ႔ ေတာ္ၿပီ ဆက္မသြားေတာ့ဘူး ဆိုၿပီး လွည့္ျပန္သြားသူေတြလည္း ရွိတယ္ လို႔ ကားေမာင္းပို႔တဲ့ ခ်ာတိတ္ေလးက ေျပာပါတယ္။ တခ်ဳိ႕ကလည္း လာတုန္းကသာ လိုက္လာတာ ျပန္ေတာ့ အတက္လမ္းကို ကားမစီးရဲဘဲ လမ္းဆင္းေလွ်ာက္တဲ့ သူေတြလည္း ႀကံဳရတယ္လို႔ ေျပာတယ္။ ဟုတ္ပါတယ္။ လမ္းကလည္း အင္မတန္ မတ္ေစာက္ၿပီးေတာ့ ေၾကာက္စရာ ေကာင္းတာကိုး။ ဘာ အာမခံခ်က္ မွလည္း မရွိဘူး။ လမ္းေဘး တစ္ဖက္တစ္ခ်က္မွာ ျမင္ရတဲ့ ေခ်ာက္ႀကီးက နည္းတဲ့ အနက္ႀကီး မဟုတ္ဘူး။ တစ္ဖက္မွာ ေက်ာက္သားျပင္ႀကီး ျဖစ္ေနတဲ့ ေတာင္ႀကီးကုိ လွမ္းျမင္ရတယ္။ အဲဒီေတာင္ျပင္ ႀကီးက လႈိဏ္ဂူသြားရာ လမ္းေၾကာင္း တစ္ေလွ်ာက္ ျဖစ္ႏုိင္တယ္လို႔ တြက္ဆ မိတယ္။
လႈိဏ္ဂူတြင္းကို ၀င္ေရာက္ဖို႔ အတြက္ ေတာင္ေအာက္က ဂူဆရာေတာ္ထံကို သတင္းပုိ႔ၿပီး မီးစက္ႏႈိးေပးဖို႔ ေလွ်ာက္တင္ရတယ္။ မီးစက္ႏႈိးၿပီးေတာ့မွ ဂူတြင္း မီးလင္းလို႔ သြားလာလို႔ ရတာပါ။ ေပ ၁၀၀၀ ေက်ာ္ အထိ ပဲ မီးလင္းလို႔ ဆက္သြားလို႔ မရေတာ့ပါဘူး။ ေအာက္လင္းမီးေတြ၊ ဓါတ္မီးေတြ ၊ ေအာက္ဆီဂ်င္ ဘူးေတြ ပါရင္ေတာ့ အဆံုးထိ ၀င္သြားလို႔ ရႏုိင္ေကာင္းပါတယ္။ ဆရာေတာ္ မိန္႔တာက တစ္ခါက အဖဲြ႔လိုက္ ဂူတြင္းကို မနက္အေစာႀကီး၀င္သြားတာ ညေနခင္း ေစာင္းတဲ့အထိေရာက္မွ ျပန္ထြက္လာတာ ဂူအဆံုးကို မေရာက္ေသးဘူးလို႔ ေျပာတယ္။ 
ေပ ၈၀၀ ခန္႔မွာေတာ့ အခု ေနာက္မွ တည္ထားတဲ့ ဆင္းတုေတာ္နဲ႔ ရုပ္ပြားေတာ္ အခ်ဳိ႕ကို ျမင္ေတြ႔ရပါတယ္။ အဲဒီေနရာကေတာ့ ၀င္ႏုိင္သမွ် မီးအလင္းေရာင္ ေနာက္ဆံုးပါပဲ။ ေပ ၁၀၀၀ အထိ ေရာက္ေအာင္ စမ္းတ၀ါး၀ါး နဲ႔ ေလွ်ာက္သြားရတာပါ။ တခ်ဳိ႕ ေနရာေတြမွာ မီးမလင္းထား လို႔ ဘာမွ မျမင္ရေတာ့ ဖုန္းမီးအားကိုးၿပီးသြားလာေနရတယ္။ ေပ ၁၅၀၀ ေလာက္မွာ ဂူတြင္း ေရတံခြန္၊ စမ္းေခ်ာင္း တစ္ခုကို ျမင္ေတြ႔ရပါတယ္။ ဂူတြင္းမွာ ျမင္ေတြ႔ရတဲ့ ေက်ာက္စက္ပန္းဆြဲ ေတြနဲ႔ ေက်ာက္ထီးေတြက အင္မတန္ လွပတာဟာ ျပန္ေျပာျပလို႔ မတတ္ေအာင္ပါပဲ။ 
ပြန္ေခ်ာင္းဂူဟာ ေရေခ်ာင္းဂူ ျဖစ္တဲ့ အတြက္ ဂူ ပင္မလမ္းေၾကာင္း ေျမနိမ့္ပုိင္းဟာ ေရစီးဆင္းရာ လမ္းေၾကာင္း ျဖစ္တယ္လို႔ ဆုိၿပီး၊ မုိးရာသီဆိုရင္ ေရစီးဆင္းတဲ့ စမ္းေခ်ာင္း ျဖစ္သြားတယ္လို႔ ဆိုတယ္။ ေႏြရာသီ နဲ႔ ေဆာင္းရာသီမွာေတာ့ ေရမရွိတဲ့ အတြက္ လမ္းေလွ်ာက္လို႔ရပါတယ္။ ပင္မ ဗဟိုလမ္းေၾကာင္း ေဘးႏႈတ္ခမ္း သား ႏွစ္ဖက္မွာေတာ့ လူႀကီး ခါးတစ္ရပ္ေလာက္ ျမင့္တဲ့ ကုန္းျမင့္ေတြ ျဖစ္ေနပါတယ္။ ေရစီးခ်ိန္ဆိုရင္ေတာ့ အဲဒီ ကုန္းျမင့္ေပၚကေန သြားလာရမယ္ ထင္တယ္။ ေနာက္ေတာ့ ေရတံခြန္ပံုစံလိုမ်ဳိး ေက်ာက္လႊာ အထပ္ထပ္ လိုက္ ျဖစ္ေနတဲ့ ေရစီးက်တဲ့ ေနရာတစ္ခုကိုလည္း ေရာက္ေတာ့ အံ့ၾသသြားတယ္။ လူလုပ္ထားတာထက္ပုိၿပီး ပီျပင္ေနလုိ႔ပါ။
ေက်ာက္တုိင္ႀကီးေတြဟာ ဂူအမုိးေပၚကေန ေပ ၃၀ ေလာက္ အကြာက က်လာတာ ဂူေအာက္ေျခထိခမန္းပါပဲ။ တခ်ဳိ႕တေလကေတာ့ အတြဲလိုက္ အေျမွာင္းလိုက္ က်လာတာပါ။ အဲဒီ ေက်ာက္စက္ပန္းဆဲြေခ်ာင္းေတြကို လိုက္ပို႔တဲ့ ခ်ာတိတ္ေလးက လက္နဲ႔ ရွမ္းအုိးစည္ တီးသလို တီးျပတဲ့ အခါ တိန္တိန္တိန္ နဲ႔ လႈိဏ္သံျမည္ဟည္း ေနပါတယ္။ အဲဒီေက်ာက္စက္ပန္းဆဲြ ေတြကို ကၽြန္ေတာ္ အင္မတန္ႀကဳိက္ပါတယ္။ သဘာ၀ အတုိင္း ထားတာမွာ ပုိလည္း လွၿပီး၊ စိတ္၀င္စားဖုိ႔လည္း ေကာင္းပါတယ္။ ဂူအတြင္းမွာ အဆိပ္ရွိသတၱ၀ါေတြလည္း ရွိႏုိင္သလို၊ အျခားမျမင္ရတဲ့ အႏၱရာယ္ေတြလည္း ပုန္းေအာင္းေနႏိုင္တာမို႔ ျပန္လွည့္ထြက္လာလိုက္ပါတယ္။ အတြင္းထဲ ေရာက္တဲ့အခါ အသက္ရွဴမ၀သလို ခံစားရတယ္။ ဒါေပမယ့္ ေရေတြ နားေရာက္တဲ့အခါ အသက္ရွဴလို႔ ေကာင္းသြားမယ္လို႔ ခ်ာတိတ္ေလးက ေျပာပါတယ္။ အတြင္းထဲမွာ ပြင့္ေနတဲ့ ဂူေပါက္ေတြ ရွိလို႔ လားေတာ့ မသိဘူး။
ဂူတြင္း ေပ ၃၀၀၀ ေလာက္မွာ ဧရာမ ေဟာခန္းက်ယ္ႀကီး အတုိင္းပဲ ႀကီးမားက်ယ္ျပန္႔တဲ့ ဂူတြင္း အလွအပ တစ္ေနရာကိုလည္း ေရာက္ရွိႏုိင္တယ္လို႔ ဆရာေတာ္မွ မိန္႔ပါတယ္။ ေပ ၄၀၀၀ ခန္႔မွာလည္း တစ္ခါ တိုက္ ၃ လံုး ေလာက္ ေဆာက္လို႔ရတဲ့ အျမင့္ရွိတဲ့ ဂူအက်ယ္ႀကီး တစ္ခုကို ထပ္ေရာက္ပါတယ္ လို႔ ဆိုပါတယ္။ အင္မတန္ စိတ္၀င္စားဖို႔ ေကာင္းပါတယ္။ 
Xxx

တုိက္တြန္း စကား

ပြန္ေခ်ာင္းဂူကို သဘာ၀အတုိင္း ျပန္လည္ ျပင္ဆင္ျပဳျပင္ထိန္းသိမ္းဖို႔ ကုန္က်ေငြ အမ်ားႀကီး လိုအပ္မယ္လို႔ ဆရာေတာ္မွ ခန္႔မွန္းပါတယ္။ ေဒသခံမ်ားအေနနဲ႔ေတာ့ ဂူအတြင္းမွာ ေစတီတည္ျခင္း၊ သဘာ၀ ေက်ာက္ခက္ ပန္းဆဲြ မ်ားကို ဖ်က္ဆီးျခင္း၊ သဘာ၀ ေက်ာက္တုိင္မ်ားကို ၿဖဳိခ်ျခင္းမ်ား ျပဳလုပ္မည္ကိုလည္း စိုိးရိမ္ေနၾကပါတယ္။ အေရးႀကီးတာက လမ္းမေကာင္းေသးရင္ေတာင္ မီးထြန္းဖုိ႔ လိုအပ္ေနတာပါ။
ေပ ၃၀၀၀ ေလာက္အထိ အနည္းဆံုး ေရာက္ရွိသြားႏုိင္ေအာင္ မီးစက္မ်ားထြန္းထားျခင္း၊ လမ္းေျမသား ခ်ဲ႕ျခင္း တို႔ကို ျပဳလုပ္သင့္ပါတယ္။ မီးလံုးမ်ားကလည္း ေပ ၁၀၀၀ အထိ ေရာက္ဖို႔ကို ဆလိုက္မီး၊ မီးလံုးေပါင္း ၁၀၀ ေလာက္ အသံုးျပဳရတယ္လို႔ ဆုိပါတယ္။ တစ္နာရီေလာက္ မီးစက္ႏႈိးဖို႔ကလည္း ဒီဇယ္ဆီေတြလည္း လိုအပ္ ေနျပန္ပါတယ္။ ဒါေတြကို ျပန္လည္ ျပဳျပင္ထိန္းသိမ္းၿပီးေတာ့ ႏုိင္ငံျခားသားမ်ား စိတ္၀င္စားမႈ ရွိေစရန္ ျပန္လည္ ေဖာ္ထုတ္သင့္ပါေၾကာင္း တုိက္တြန္းလိုက္ရပါတယ္။
ရွမ္းျပည္နယ္ ေတာင္ပုိင္း၊ ဆီဆိုင္ၿမိဳ႕နယ္ ေနာင္ေထာ၀္ ေဒသမွာ ရွိတဲ့ ေနာင္ေထာ၀္ ေရကန္ႀကီး နဲ႔ ေနာင္ေထာ၀္ သဘာ၀ ပြန္ေခ်ာင္း လႈိဏ္ဂူႀကီးကို သက္ဆုိင္ရာ ျပည္နယ္ အစိုးရ ႏွင့္ ျပည္ေထာင္စု အစုိးရ တို႔မွ ႀကီးမွဴး၍ ျပန္လည္ ေဖာ္ထုတ္သင့္ပါေၾကာင္း၊ တင္ျပလိုက္ရပါတယ္။
×××
စည္သာ(ေတာင္ႀကီး)
+++ ပြန္ေခ်ာင္းဂူ အတြင္းပုိင္း ဓါတ္ပံုေလးမ်ားကို ဆက္လက္ ရွဳစားႏိုင္ပါသည္။
Unicode
 ပွန်ချောင်းဂူ သို့ အလည်တစ်ခေါက်
ရှမ်းပြည်နယ် တောင်ပိုင်းမှာ လည်ပတ်စရာ ဂူတွေ အများကြီး ပြည့်နှက်နေတာပါ။ အထင်ကရ ဂူကြီး တွေကတော့ ပင်းတယဂူ (ပင်းတယ) ၊ မုံတဝဂူ (အေးသာယာ)၊ ထမ်ဆမ်းဂူ(ဟိုပုံးမြို့)၊ ထီဗွာဂူ(ပင်လောင်း) ကလောရွှေဥမင်ဂူ၊ မြင်းမထိဂူ(ကလော) တို့ လောက်ပဲ လူသိများ ပါတယ်။ အခြားဂူတွေကိုတော့ လူတိုင်း မသိကြ၊ မရောက်ဖူးကြတော့ပါဘူး။                                                                                                     တခြား ဂူတွေလည်း အများကြီး ကျန်ရှိနေပါသေးတယ်။ ရွာငံမြို့နယ် နဲ့ ပင်လောင်းမြို့နယ်ထဲမှာ လူသူ မရောက်မပေါက်တဲ့ ဒေသတွေ၊ ရေတံခွန်၊ စိမ့်စမ်းချောင်း နဲ့ သဘာဝ လှို်ဏ်ဂူတွေ အများကြီး ကျန်ရှိပါသေးတယ်။
ရွာငံမြို့နယ်တွင်းမှာ ရှားပါးငှက်ပေါင်းများစွာ ခိုအောင်းလေ့ ရှိတဲ့ ငှက်သောက် ဂူ၊ ရေတံခွန်အောက်ကနေ ဖြတ်သန်းသွားလာရတဲ့ ဆင်လည်ရေဝင်ဂူ စတဲ့ သဘာဝ ဂူ တွေ အပြင်၊ ပင်လောင်းဒေသမှာ ထီဗွာဂူ၊ စမ်းစမ်း ရေတံခွန် အနီး မှာ လည်း ဂူ တစ်ဂူ တည်ရှိပါသေးတယ်။
ကျွန်တော် အခု သွားခဲ့တဲ့ ဂူကတော့ နောင်ထောင်ဒေသမှာ ရှိတဲ့ ပွန်ချောင်းဂူ ပဲ ဖြစ်ပါတယ်။ ပွန်ချောင်းဂူ ဟာ သဘာဝအတိုင်းပဲ တည်ရှိနေတာ ဖြစ်ပြီးတော့ ရှမ်း/တောင်မှာ အကြီးဆုံးဂူကြီး တစ်ဂူလို့လည်း ပြောလို့ရပါတယ်။
Xxxxx
နောင်ထောဝ်ကို ဘယ်လိုသွားရသလဲ၊
နောင်ထောဝ် ဒေသကို သွားဖို့ဆိုရင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ကို အရင်ရောက်အောင် သွားရပါတယ်။ တောင်ကြီးကနေ ဆီဆိုင် ဒေသကို မိုင်ပေါင်း ၄၆ မိုင် ကွာဝေးပါတယ်။ ဆီဆိုင်ကိုရောက်ရင် ကယားပြည်နယ် လမ်းခွဲအတိုင်း နောင်ထောဝ် ဆိုတဲ့ ဆိုင်းဘုတ် ရှိရာကို အတွင်းဘက် ၁၂ မိုင် လောက် ဝင် ရပါတယ်။
နောင်ထောင်ဒေသဟာ ပအိုဝ်းကို်ယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ထဲမှာ ပါဝင်ပြီး တိုးတက်ဖွံ့ဖြိုးမှု နှေးကွေးနေတာ ဖြစ်ပါတယ်။ တောင်ကြီးကနေ နောင်ထောဝ် ဒေသ ကို ဆိုင်ကယ် နဲ့ ၃ နာရီခွဲကျော်လောက် တောက်လျှောက် မောင်းရပါတယ်။
တောင်ကြီးကနေ ဟိုပုံး လမ်းအတိုင်း ကယားပြည်နယ် လမ်းခွဲကနေ သွားလို့ ရသလို၊ တောင်ကြီး - ကျောက်တစ်လုံးကြီး လမ်း အတိုင်း ကက္ကူ - ဘန်းယဉ် လမ်းခွဲကနေ၊ ဆိုက်ခေါင်ကို သွားလည်း ရပါတယ်။ ဆိုက်ခေါင်မှ တဆင့် ဆီဆိုင် ကို ရောက်ပါတယ်။
တောင်ကြီး- ဟိုပုံး လမ်းအတိုင်းသွားမယ် ဆိုရင် ဟိုပုံး၊ နောင်မွန်၊ ဘန်းယဉ်၊ ဆိုက်ခေါင်၊ ဆီဆိုင် မှ နောင်ထောဝ် ဖြစ်ပါတယ်။ တောင်ကြီး - ကျောက်တစ်လုံးကြီး လမ်းအတိုင်းသွားမယ် ဆိုရင် ကံကြီး၊ ထီဟန်းဆွေး၊ လွယ်ကောင်းရွာကြီး၊ နောင်ကား၊ နောင်ပစ်၊ ပုံဆွေပင်၊ ဝင်းယ၊ နားရီ၊ ဟမ်းဆီး၊ ၀ါးလှ၊ ကက္ကူ၊ ဘန်းယဉ်၊ ဆိုက်ခေါင်၊ ဆီဆိုင် ဆိုတဲ့ ရွာလေးတွေကို ဖြတ်သန်းရတာ ဖြစ်ပါတယ်။
တောင်ကြီးကနေ နောင်ထောဝ် ကို မိုင်ပေါင်း ၆၀ ကျော် ကွာဝေးပါတယ်။
xxx
Ecotourism သတ်မှတ်သင့်တဲ့ ရွာကလေး
နောင်ထောင်ဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၃၀၂၇ ပေ မြင့်ပါတယ်။ ညဘက်ဆိုရင် အင်မတန် အေးပါတယ်။ သူပုန်နယ်မြေလည်း မဟုတ်၊ မြို့လည်း မဟုတ်နဲ့ တောမကျ မြို့မကျ ဖြစ်နေတာပါ။
နောင်ထောင် ဒေသ ကို ပြုပြင်လိုက်မယ် ဆိုရင် လူသူ ပရိသတ် ခရီးသွားတွေ စိတ်ဝင်စားမယ့် သဘာဝ ပတ်ဝန်းကျင်တွေ အပြည့် ရှိနေပါတယ်။ ဒေသတွင်း လည်ပတ်စရာ နောင်ထောင်ရေကန်ကြီး နဲ့ ပွန်ချောင်းဂူ တို့ တည်ရှိပါတယ်။ ပွန််ချောင်းဂူကိုသွားလမ်းက အင်မတန်ကြမ်းတမ်းပါတယ်။
နောင်ထောင်ရွာအလယ်ကနေ အရှေ့ဘက် ၇ မိုင် လောက် သွားရပြီး၊ လမ်းကတော့ မတ်စောက် ကြမ်းတမ်း လွန်းပါတယ်။ ပွန်ချောင်းဂူဟာလည်း ပေပေါင်း ၄၀၀၀ ကျော်လောက် ရှည်လျားပြီးတော့ အံ့သြစရာ ထူးဆန်းမှုတွေ နဲ့ ပြည့်နှက် နေတဲ့ ဂူဖြစ်ပါတယ်။ ထမ်ဆန်းဂူထက် အများကြီး ကျယ်ပြီး ရှေးနှစ်သန်းပေါင်းများစွာ ထဲက တည်ရှိလာတဲ့ သဘာဝ လှိုဏ်ဂူလည်း ဖြစ်ပါတယ်။ အတွင်းမှာ ကျောက်စက်ပန်းဆွဲတွေ၊ ကျောက်ဖြာတွေ တခြားမြင်ဖူးတာတွေ နဲ့ မတူဘဲ အရမ်းလှပါတယ်။ ဂူထဲမှာ စမ်းချောင်း တစ်ခု ဖြတ်သန်း စီးဆင်းနေပြီးတော့ အတွင်းလမ်း အဆုံးထိ ဘယ်သူမှ မရောက်ဖူးသေးပါဘူး။ ဂူခြေရင်းမှာပွန်ချောင်းလေး ဖြတ်သန်းစီးဆင်းနေပြီး၊ ဂူကိုလည်း ပွန်ချောင်းဂူ လို့လည်း အလွယ် ခေါ်လိုက်တာဖြစ်တယ်။ ပွန်ချောင်းဟာ နောင်ထောင်ဒေသ နဲ့ မောက်မယ် ဒေသကို တားမြစ်ပေးထားတဲ့ နယ်နိမိတ် စည်းမျဉ်းလေး ပဲ ဖြစ်ပါတယ်။ ဂူကနေ အထက်ကို တက်မယ် ဆိုရင် ဗန်းမတ်ကနေ တဆင့် မောက်မယ် ကိုရောက်ပါတယ်။ လမ်းအင်မတန် ကြမ်းပါတယ်။ ပွန်ချောင်းဂူ ကို ထိန်းသိမ်းဖို့ ဆရာတော် တစ်ပါးက လာရောက်နေထိုင်တာ ကြာပါပြီ။ နောင်ထောင်ကနေ လာဖို့ လမ်းကိုလည်း သိန်း ၂၀၀၀ လောက် အကုန်အကျ ခံပြီး ဆရာတော် ဦးစီး ဖောက်ထားတာ ဖြစ်တယ်။ အခု ဆိုရင် ဂူကို ပြုပြင် ထိန်းသိမ်းဖို့ နဲ့ မီးထွန်းဖို့တောင် မတတ်နိုင်တော့လို့ နိုင်ငံတော် နဲ့ ရှမ်းပြည်နယ် အစိုးရ ကို အကူအညီတောင်း၊ အသိပေးချင်နေတာလည်း ဖြစ်ပါတယ်။ နောင်ထောင်ကနေ သွားမယ် ဆိုရင် 4Wheel အမြင့်ကားတွေ နဲ့ သွားရင် အဆင်ပြေပါတယ်။ လမ်းက ၄၅ ဒီဂရီ မတ်စောက်ပြီးတော့ ကျောက်တုံး ကျောက်စွန်း တောင်ကမ်းပါးယံ ကို သွားရလို့ပဲ ကားငယ် အောက်ခြေ မလွတ်ပါဘူး။
Xxx
အင်မတန်လှပတဲ့ ကျောက်ဂူတွင်း အလှအပ
ပွန်ချောင်းဂူကို တစ်ခါတစ်ခေါက် ရောက်ရှိဖို့ကလည်း မလွယ်ကူလှပါဘူး။ ရောက်မိပြီ ဆိုရင်လည်း ဂူတွင်းကို ဝင်ဖြစ်အောင် ဝင်ဖို့ တိုက်တွန်းချင်ပါတယ်။ ရောက်ပြီးမှတော့ လှည့်ပြန်ရုံ နဲ့ ဘာမှ မထူးပါဘူး။ တချို့ မြေပြန့် က သူတွေ ဆိုရင် လမ်းကို မြင်တာနဲ့ တော်ပြီ ဆက်မသွားတော့ဘူး ဆိုပြီး လှည့်ပြန်သွားသူတွေလည်း ရှိတယ် လို့ ကားမောင်းပို့တဲ့ ချာတိတ်လေးက ပြောပါတယ်။ တချို့ကလည်း လာတုန်းကသာ လိုက်လာတာ ပြန်တော့ အတက်လမ်းကို ကားမစီးရဲဘဲ လမ်းဆင်းလျှောက်တဲ့ သူတွေလည်း ကြုံရတယ်လို့ ပြောတယ်။ ဟုတ်ပါတယ်။ လမ်းကလည်း အင်မတန် မတ်စောက်ပြီးတော့ ကြောက်စရာ ကောင်းတာကိုး။ ဘာ အာမခံချက် မှလည်း မရှိဘူး။ လမ်းဘေး တစ်ဖက်တစ်ချက်မှာ မြင်ရတဲ့ ချောက်ကြီးက နည်းတဲ့ အနက်ကြီး မဟုတ်ဘူး။ တစ်ဖက်မှာ ကျောက်သားပြင်ကြီး ဖြစ်နေတဲ့ တောင်ကြီးကို လှမ်းမြင်ရတယ်။ အဲဒီတောင်ပြင် ကြီးက လှိုဏ်ဂူသွားရာ လမ်းကြောင်း တစ်လျှောက် ဖြစ်နိုင်တယ်လို့ တွက်ဆ မိတယ်။
လှိုဏ်ဂူတွင်းကို ဝင်ရောက်ဖို့ အတွက် တောင်အောက်က ဂူဆရာတော်ထံကို သတင်းပို့ပြီး မီးစက်နှိုးပေးဖို့ လျှောက်တင်ရတယ်။ မီးစက်နှိုးပြီးတော့မှ ဂူတွင်း မီးလင်းလို့ သွားလာလို့ ရတာပါ။ ပေ ၁၀၀၀ ကျော် အထိ ပဲ မီးလင်းလို့ ဆက်သွားလို့ မရတော့ပါဘူး။ အောက်လင်းမီးတွေ၊ ဓါတ်မီးတွေ ၊ အောက်ဆီဂျင် ဘူးတွေ ပါရင်တော့ အဆုံးထိ ဝင်သွားလို့ ရနိုင်ကောင်းပါတယ်။ ဆရာတော် မိန့်တာက တစ်ခါက အဖွဲ့လိုက် ဂူတွင်းကို မနက်အစောကြီးဝင်သွားတာ ညနေခင်း စောင်းတဲ့အထိရောက်မှ ပြန်ထွက်လာတာ ဂူအဆုံးကို မရောက်သေးဘူးလို့ ပြောတယ်။
ပေ ၈၀၀ ခန့်မှာတော့ အခု နောက်မှ တည်ထားတဲ့ ဆင်းတုတော်နဲ့ ရုပ်ပွားတော် အချို့ကို မြင်တွေ့ရပါတယ်။ အဲဒီနေရာကတော့ ဝင်နိုင်သမျှ မီးအလင်းရောင် နောက်ဆုံးပါပဲ။ ပေ ၁၀၀၀ အထိ ရောက်အောင် စမ်းတဝါးဝါး နဲ့ လျှောက်သွားရတာပါ။ တချို့ နေရာတွေမှာ မီးမလင်းထား လို့ ဘာမှ မမြင်ရတော့ ဖုန်းမီးအားကိုးပြီးသွားလာနေရတယ်။ ပေ ၁၅၀၀ လောက်မှာ ဂူတွင်း ရေတံခွန်၊ စမ်းချောင်း တစ်ခုကို မြင်တွေ့ရပါတယ်။ ဂူတွင်းမှာ မြင်တွေ့ရတဲ့ ကျောက်စက်ပန်းဆွဲ တွေနဲ့ ကျောက်ထီးတွေက အင်မတန် လှပတာဟာ ပြန်ပြောပြလို့ မတတ်အောင်ပါပဲ။
ပွန်ချောင်းဂူဟာ ရေချောင်းဂူ ဖြစ်တဲ့ အတွက် ဂူ ပင်မလမ်းကြောင်း မြေနိမ့်ပိုင်းဟာ ရေစီးဆင်းရာ လမ်းကြောင်း ဖြစ်တယ်လို့ ဆိုပြီး၊ မိုးရာသီဆိုရင် ရေစီးဆင်းတဲ့ စမ်းချောင်း ဖြစ်သွားတယ်လို့ ဆိုတယ်။ နွေရာသီ နဲ့ ဆောင်းရာသီမှာတော့ ရေမရှိတဲ့ အတွက် လမ်းလျှောက်လို့ရပါတယ်။ ပင်မ ဗဟိုလမ်းကြောင်း ဘေးနှုတ်ခမ်း သား နှစ်ဖက်မှာတော့ လူကြီး ခါးတစ်ရပ်လောက် မြင့်တဲ့ ကုန်းမြင့်တွေ ဖြစ်နေပါတယ်။ ရေစီးချိန်ဆိုရင်တော့ အဲဒီ ကုန်းမြင့်ပေါ်ကနေ သွားလာရမယ် ထင်တယ်။ နောက်တော့ ရေတံခွန်ပုံစံလိုမျိုး ကျောက်လွှာ အထပ်ထပ် လိုက် ဖြစ်နေတဲ့ ရေစီးကျတဲ့ နေရာတစ်ခုကိုလည်း ရောက်တော့ အံ့သြသွားတယ်။ လူလုပ်ထားတာထက်ပိုပြီး ပီပြင်နေလို့ပါ။
ကျောက်တိုင်ကြီးတွေဟာ ဂူအမိုးပေါ်ကနေ ပေ ၃၀ လောက် အကွာက ကျလာတာ ဂူအောက်ခြေထိခမန်းပါပဲ။ တချို့တလေကတော့ အတွဲလိုက် အမြှောင်းလိုက် ကျလာတာပါ။ အဲဒီ ကျောက်စက်ပန်းဆွဲချောင်းတွေကို လိုက်ပို့တဲ့ ချာတိတ်လေးက လက်နဲ့ ရှမ်းအိုးစည် တီးသလို တီးပြတဲ့ အခါ တိန်တိန်တိန် နဲ့ လှိုဏ်သံမြည်ဟည်း နေပါတယ်။ အဲဒီကျောက်စက်ပန်းဆွဲ တွေကို ကျွန်တော် အင်မတန်ကြိုက်ပါတယ်။ သဘာဝ အတိုင်း ထားတာမှာ ပိုလည်း လှပြီး၊ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ဂူအတွင်းမှာ အဆိပ်ရှိသတ္တဝါတွေလည်း ရှိနိုင်သလို၊ အခြားမမြင်ရတဲ့ အန္တရာယ်တွေလည်း ပုန်းအောင်းနေနိုင်တာမို့ ပြန်လှည့်ထွက်လာလိုက်ပါတယ်။ အတွင်းထဲ ရောက်တဲ့အခါ အသက်ရှူမဝသလို ခံစားရတယ်။ ဒါပေမယ့် ရေတွေ နားရောက်တဲ့အခါ အသက်ရှူလို့ ကောင်းသွားမယ်လို့ ချာတိတ်လေးက ပြောပါတယ်။ အတွင်းထဲမှာ ပွင့်နေတဲ့ ဂူပေါက်တွေ ရှိလို့ လားတော့ မသိဘူး။
ဂူတွင်း ပေ ၃၀၀၀ လောက်မှာ ဧရာမ ဟောခန်းကျယ်ကြီး အတိုင်းပဲ ကြီးမားကျယ်ပြန့်တဲ့ ဂူတွင်း အလှအပ တစ်နေရာကိုလည်း ရောက်ရှိနိုင်တယ်လို့ ဆရာတော်မှ မိန့်ပါတယ်။ ပေ ၄၀၀၀ ခန့်မှာလည်း တစ်ခါ တိုက် ၃ လုံး လောက် ဆောက်လို့ရတဲ့ အမြင့်ရှိတဲ့ ဂူအကျယ်ကြီး တစ်ခုကို ထပ်ရောက်ပါတယ် လို့ ဆိုပါတယ်။ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။
Xxx
တိုက်တွန်း စကား
ပွန်ချောင်းဂူကို သဘာဝအတိုင်း ပြန်လည် ပြင်ဆင်ပြုပြင်ထိန်းသိမ်းဖို့ ကုန်ကျငွေ အများကြီး လိုအပ်မယ်လို့ ဆရာတော်မှ ခန့်မှန်းပါတယ်။ ဒေသခံများအနေနဲ့တော့ ဂူအတွင်းမှာ စေတီတည်ခြင်း၊ သဘာဝ ကျောက်ခက် ပန်းဆွဲ များကို ဖျက်ဆီးခြင်း၊ သဘာဝ ကျောက်တိုင်များကို ဖြိုချခြင်းများ ပြုလုပ်မည်ကိုလည်း စိိုးရိမ်နေကြပါတယ်။ အရေးကြီးတာက လမ်းမကောင်းသေးရင်တောင် မီးထွန်းဖို့ လိုအပ်နေတာပါ။
ပေ ၃၀၀၀ လောက်အထိ အနည်းဆုံး ရောက်ရှိသွားနိုင်အောင် မီးစက်များထွန်းထားခြင်း၊ လမ်းမြေသား ချဲ့ခြင်း တို့ကို ပြုလုပ်သင့်ပါတယ်။ မီးလုံးများကလည်း ပေ ၁၀၀၀ အထိ ရောက်ဖို့ကို ဆလိုက်မီး၊ မီးလုံးပေါင်း ၁၀၀ လောက် အသုံးပြုရတယ်လို့ ဆိုပါတယ်။ တစ်နာရီလောက် မီးစက်နှိုးဖို့ကလည်း ဒီဇယ်ဆီတွေလည်း လိုအပ် နေပြန်ပါတယ်။ ဒါတွေကို ပြန်လည် ပြုပြင်ထိန်းသိမ်းပြီးတော့ နိုင်ငံခြားသားများ စိတ်ဝင်စားမှု ရှိစေရန် ပြန်လည် ဖော်ထုတ်သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ထောဝ် ဒေသမှာ ရှိတဲ့ နောင်ထောဝ် ရေကန်ကြီး နဲ့ နောင်ထောဝ် သဘာဝ ပွန်ချောင်း လှိုဏ်ဂူကြီးကို သက်ဆိုင်ရာ ပြည်နယ် အစိုးရ နှင့် ပြည်ထောင်စု အစိုးရ တို့မှ ကြီးမှူး၍ ပြန်လည် ဖော်ထုတ်သင့်ပါကြောင်း၊ တင်ပြလိုက်ရပါတယ်။
×××
စည်သာ(တောင်ကြီး) 

ပွန်ချောင်းဂူ အတွင်းပိုင်း ဓါတ်ပုံလေးများကို ဆက်လက် ရှုစားနိုင်ပါသည်။







No comments:

Post a Comment


Aung Hein - နည္​းပညာ