Font

Wellcome

စည္သာဟိန္း မွ လႈိုက္လွဲစြာၾကိဳဆိုပါသည္

Friday, November 24, 2017

မိုင္းရွဴး ေတာင္ေပၚ ၀မ္ကန္ ေဒသ ေဆာင္းပါးရွည္



ေလာပန္းေလာင္းမ်ား ေနထိုင္ရာ ေတာင္ေပၚေဒသ


စည္သာ(ေတာင္ၾကီး)
က်ေတာ္တုိ႔ ငယ္စဥ္ တုန္းက မက္ခဲ့တဲ့ အိပ္မက္တစ္ခု ရွိဖူးပါတယ္။ အဲဒီ အိပ္မက္ကေတာ့ ရုိးရုိး ေက်ာက္တူး သမား ဘ၀ ကေန ေက်ာက္တူးရင္းနဲ႔ ၿဗဳန္းခနဲဆို သန္းၾကြယ္သူေဌး ျဖစ္ၿပီး ခ်မ္းသာ သြားတဲ့ စိတ္ကူးယဥ္ အိပ္မက္မ်ဳိးေပါ့ဗ်ာ။
လူတုိင္းဒီလို အိပ္မက္မ်ဳိးကို မက္ၿပီးေတာ့ စိတ္ကူးယဥ္ဖူးၾကပါလိမ့္မယ္။ ကၽြန္ေတာ္ သိတတ္စအရြယ္တုန္း က ဆုိရင္လည္း ဒီလို အိပ္မက္မ်ဳိးေတြနဲ႔ ရူးသြပ္ ၿပီး စြဲလန္းခဲ့ရဖူးပါတယ္။
×××
ပတၱျမားထြက္ရာ မုိင္းရွဴးေတာင္ေပၚ
ႏုိင္ငံေက်ာ္ အဆိုေတာ္ စိုင္းထီးဆုိင္ ဆုိထားတ့ဲ သီခ်င္း တစ္ပုဒ္ ရွိပါတယ္။ တကယ္ေတာ့ ေက်ာက္တူး သမားမ်ားဟာ ေလာပန္းေလာင္းေတြပါ။ ဒီတစ္က်င္း မရရင္ ေနာက္တစ္က်င္း၊ ဇြဲလက္ မေလ်ာ့ပါဘူး။ ဆုိပဲေလ။ ေက်ာက္တူးသမားေတြ အတြက္ အားတက္စရာ သီခ်င္းေလး တစ္ပုဒ္ေပါ့ဗ်ာ။
မုိင္းရွဴးကို အခါအခြင့္သင့္တုိင္းလည္း ကၽြန္ေတာ္ ေရာက္ပါတယ္။ အထူးသျဖင့္ ၁၉၉၆ လြန္ ကာလ ေတြမွာ မုိင္းရွဴး ေခတ္ အင္မတန္ ထေနခ်ိန္ေပါ့ဗ်ာ။ မုိင္းရွဴးကို ေက်ာက္တူးရင္း နဲ႔ လည္းေကာင္း၊ ဒုကၡသည္ စခန္း ေတြကို ေရာက္ရင္း နည္း လည္းေကာင္း အၿမဲတမ္း ေရာက္ေပမယ့္လည္း ေက်ာက္တူးတဲ့ ေနရာကိုေတာ့ တခါမွ မေရာက္ဖူးဘူး။ ရြာေတြ ဆီပဲ ေရာက္တာမ်ားတယ္။ ေက်ာက္တူးတဲ့ ေနရာကလည္း လံုးခင္းတို႔၊ မိုးကုတ္ တို႔လို အျပင္လူေတြ ကိုလည္း ေပးမ၀င္ဘူးေလ။ တစ္ပုိင္တစ္ႏုိင္ လုပ္သားေတြလည္း နည္းတယ္။
မုိင္းရွဴးမွာ တစ္ပုိင္ တစ္ႏုိ္င္ လက္လုပ္လက္စားေတြကို ခ်ထားေပးတာမ်ဳိး မရွိပါဘူး။ ကုမၸဏီနဲ႔ လုပ္ကြက္ေတြ ကို မုိင္းရွဴး ေက်ာက္မ်က္ရတနာ တူးေဖာ္ေရး ဌာန မွာ စာရင္းတင္ရပါတယ္။ တင္ၿပီးေတာ့ တရား၀င္ လုပ္ပုိင္ခြင့္ ရတဲ့ လုပ္ကြက္မွာမွ လုပ္လို႔ ရပါတယ္။
လုပ္ကြက္သူေဌး (ခ) ေလာပန္း ေတြဟာ ျပင္ပ က လက္လုပ္လက္စားေတြကို တစ္ပုိင္တစ္ႏုိင္ ခ်ထားေပး လုိက္ပါတယ္။ တစ္က်င္း ဆုိရင္ က်င္း၀ က်င္းစား ေလး၊ ငါးဦး ေလာက္ ျပန္ခ်ထားေပးလိုက္တယ္။ က်င္းစား တစ္က်င္းပတ္လည္ ကို သိန္း ၅၀ ၊ ၁၀၀ စသျဖင့္ေပါ့ေလ။ ျမတ္တာလည္း ျမတ္သလို ရွံဳးတာလညး္ ရွိတာေပါ့။ က်င္း၀ေတြကေန ကုိယ့္ က်င္းအတုိင္း တူးရင္းနဲ႔ အတြင္းထဲမွာ ၾကြက္တြင္းေပါက္ ေတြလိုပဲ သြားဆံုရင္းနဲ႔ ခြဲျခား မွ်စားၾကတာေပါ့။ 
ေက်ာက္မ်က္ ရတနာ လုပ္ကြက္ နဲ႔ ကုမၸဏီ ေတြကေန ထြက္ရွိလာတဲ့ ေက်ာက္မ်က္ရတနာ ေတြကို မုိင္းရွဴး ေက်ာက္မ်က္ရတနာ တူးေဖာ္ေရး ဌာန ကို တြင္း၀ ခြန္ ေဆာင္ရပါတယ္။ ထြက္ရွိလာတဲ့ ေက်ာက္ေတြကို ဌာနကို ျပသ ရၿပီး၊ အခြန္ျဖတ္ရတယ္လို႔လည္း လက္ေထာက္ ညႊန္ၾကားေရးမွဴး ျဖစ္သူက ေျပာပါတယ္။
မုိင္းရွဴးမွာ 2016-17 ခုႏွစ္ ဘ႑ာႏွစ္ တစ္ႏွစ္တာ အတြင္း ပတၱျမားေက်ာက္မ်က္ရုိင္း ကာရက္ခ်ိန္ေပါင္း ၁၁ သိန္း ကာရက္ သာ ထြက္ရွိတယ္လို႔ ေက်ာက္မ်က္ရတနာ တူးေဖာ္ေရး ဌာန က ဆုိပါတယ္။ မုိင္းရွဴး ေက်ာက္မ်က္ရတနာ တူးေဖာ္ေရး လုပ္ငန္းမ်ားေၾကာင့္ သဘာ၀ ပတ္၀န္းက်င္ ထိခိုက္မႈ အနညး္ဆံုး ျဖစ္ၿပီး၊ ေရမ်ား ညစ္ညမ္းမႈ၊ ထိခုိက္မႈလည္း မရွိေၾကာင္း သူက ေျပာပါတယ္။
ယခင္က ေျမ စတင္ ထြက္ရွိၿပီး၊ ေနာက္ပုိင္းမွ ခဲေၾကာ ထြက္ရွိသျဖင့္ ယခုအခါ ခဲေၾကာမ်ားကို တူးေဖာ္ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

×××

လွ်ပ္စစ္မီးသြယ္တန္းျခင္းႏွင့္ လမ္းခင္းေတာ့မည္
မုိင္းရွဴးၿမိဳ႕မွ ေတာင္ေပၚမုိင္းရွဴး ဟိုဆုိင္ ေက်းရြာ အုပ္စု ျမန္မာ့ ေက်ာက္မ်က္ရတနာ ေရာင္း၀ယ္ေရး လုပ္ငန္း ဗဟို ေကာ္မတီမွ CSR ေဒသ ဖံြ႔ၿဖဳိးေရး ရန္ပံုေငြ အျဖစ္ အေမရိကန္ ေဒၚလာ တစ္သန္းကို ရွမ္းျပည္နယ္ အစုိးရထံ လႊဲေျပာင္းေပးၿပီး၊ ျမန္မာေငြ ၁၃၆၀၀ က်ပ္ျဖင့္ လွ်ပ္စစ္မီးသြယ္တန္းျခင္း သိန္းေပါင္း ၅၀၀၀ ၊ လမ္းကို သိန္းေပါင္း ၈၀၀၀၊ မုိင္းရွဴးၿမိဳ႕ ေရေလွာင္ကန္ ကို သိန္း ၆၀၀ တုိ႔ျဖင့္ ေဆာင္ရြက္ေတာ့မည္ ျဖစ္ေၾကာင္ းသိရပါတယ္။
ယခုအခါ နမ့္ေတာင္ကေန လြိဳင္ေဆာင္ေထာက္ သုိ႔ ေရာက္ရန္ ၈ မုိင္ ၃ ဖာလံု အကြာ ကို လမ္းေဖာက္ရန္ လ်ာထားၿပီး၊ ၈ မုိင္ ကို ေက်ာက္ၾကမ္းလမ္း၊ ၃ ဖာလံုကို ကတၱရာလမ္း ေဖာက္မွာ ျဖစ္ပါတယ္။ လြိဳင္ေဆာင္ေထာက္ ေတာင္ေပၚအထိ ေရာက္ရွိရန္ က်န္တဲ့ ၁ မုိင္ ၅ ဖာလံု အကြာအေ၀း ကို ကုိယ္ထူကုိယ္ထ အစီအစဥ္ ျဖင့္ ကတၱရာလမ္း ခင္းမွာ ျဖစ္ၿပီး၊ ေဒသခံမ်ား က ေမလကုန္ ၿပီးစီးႏုိင္ဖို႔ ႀကဳိးစားေဆာင္ရြက္ေနတာ ျဖစ္တယ္။ 
လွ်ပ္စစ္မီး လင္းႏုိင္ရန္ အတြက္ကုိလည္း ဧၿပီလကုန္တြင္ လြယ္ေဆာင္ေထာက္ ၿမိဳ႕အ၀င္ထိ ေရာက္ေအာင္ ဓါတ္တိုင္မ်ား စုိက္ထူျခင္း ႏွင့္ ႀကဳိးသြယ္တန္းျခင္း မ်ား ေဆာင္ရြက္ေနတာကို ျမင္ေတြ႔ရပါတယ္။ 
အခုလို လမ္းျခင္းျခင္း အေပၚမွာ ေဒသခံေတြကေတာ့ မွန္မွန္ ကန္ကန္ မခုိးမ၀ွက္တမ္း လုပ္ေပးၾကဖို႔ ေတာင္းဆိုထားၾကပါတယ္။ အရင္ေခတ္တုန္းကေတာ့ လမ္းခင္းဖို႔ ဆိုၿပီး ေငြေတြ ေကာက္လာ လိုက္တာ ခုခ်ိန္ထိ ဆုိရင္ ေရေတာင္ မေရတြက္ႏုိင္ေအာင္ ေပးခဲ့ရတယ္လို႔ ေက်ာက္မ်က္ရတနာ ေရာင္း၀ယ္သူေတြ က ေျပာပါတယ္။ 
×××



အျမင့္ေပ ၅၀၀၀ ျမင့္တဲ့ ေတာင္ေပၚေဒသကို ဆုိင္ကယ္ ဂယ္ဒီ မ်ားျဖင့္ တက္ၾကရၿပီး၊ တစ္ႀကိမ္ကို တစ္ေသာင္းယူပါတယ္။ ဆိုင္ကယ္ ဂယ္ဒီေတြကေတာ့ DT ဆုိင္ကယ္ႀကီးမ်ားျဖင့္ တက္မွသာ စိတ္ခ် ရပါတယ္။ ဆုိင္ကယ္အေသးေလးေတြျဖင့္ တက္လို႔ အဆင္မေျပႏုိင္ေတာ့ပါ။
မုိင္းရွဴးၿမိဳ႕မွ ေတာင္ေပၚ ဟိုဆုိင္ေက်းရြာအုပ္စု ကို တက္ရာမွာ နမ့္ေတာင္ေက်းရြာ အုပ္စု ကို ေရာက္ရင္ ခရီးလမ္း တစ္၀က္က်ဳိးၿပီလို႔ ေျပာလို႔ရၿပီး၊ ခရီးမုိင္ အကြာအေ၀း ၁၂ မုိင္ ရွိပါတယ္။
နမ့္ေတာင္ရြာမွ စတင္ကာ အတက္လမ္းၾကမ္း စတင္ၿပီး ေျမသားလမ္း ဖုန္မႈန္႔မ်ား ထူထပ္ေနသည္ကို ျမင္ေတြ႔ရမွာ ျဖစ္ပါတယ္။
ေျမသားလမ္းမ်ားဟာ ဖုန္မႈန္႔ ေျခာက္လက္မခန္႔ ရွိၿပီး၊ ဖုန္မ်ားဟာ ေပါင္ဒါမႈန္႔မ်ားလို႔ မႈန္႔ညက္ေနတာကို လည္း ျမင္ေတြ႔ရပါတယ္။
ေတာင္ထိပ္ S ေကြ႔ မ်ားစြာ ႏွင့္ အတက္ရွည္ မ်ားတို႔ဟာ နာမည္ႀကီး လမ္းဆုိးမ်ား ျဖစ္ၿပီး တစ္ဖက္မွာ ေခ်ာက္ကမ္းပါးၾကီးကို လွမ္းျမင္ေနရမွာ ျဖစ္ပါတယ္။
ေတာင္တက္ရာမွာ ပစၥည္းတင္ေဆာင္ေသာေလးလံုးထုိး ေထာ္လာဂ်ီ ကားႀကီးမ်ားျဖင့္လည္း တက္ေနၾကၿပီး ကားငယ္မ်ားျဖင့္လည္း အေပၚထိ ေရာက္ေအာင္ တက္ေနၾကတာလည္း ေတြ႔ရပါတယ္။
လမ္းတစ္ေလွ်ာက္မွာ ေက်းရြာေတြကို ျမင္ေတြ႔ၾကရၿပီး၊ တစ္ခါတစ္ရံ လား၊ ျမည္း၊ တို႔ျဖင့္ ကုန္စည္မ်ား တင္ေဆာင္သြားလာေနၾကတာကိုလညး္ ျမင္ေတြ႔ရပါတယ္။
မုိင္းရွဴး ရတနာေျမ ေတာင္ေပၚမွာ လုပ္ကြက္ ႏွင့္ ကုမၸဏီ ေပါင္း ၇၀၀ ေက်ာ္ ခ်ထားေပးၿပီးေတာ့ တစ္ပုိင္ တစ္ႏုိင္ မ်ား လုပ္ပုိင္ခြင့္ ခ်ထားျခင္း မရွိေၾကာင္း ေက်ာက္မ်က္ရတနာ တူးေဖာ္ေရး (မုိင္းရွဴး) မွ လက္ေထာက္ ညႊန္ၾကားေရးမွဴးက ေျပာပါတယ္။
မုိင္းရွဴး ေတာင္ေပၚ ၀မ္ကန္၊ ကုန္းျမင့္သာ၊ လြိဳင္ေဆာင္ေထာက္ တုိ႔ စေသာ ေက်းရြာမ်ား ပါ၀င္ၿပီးေတာ့ အိမ္ေျခေပါင္း ၁၈၀၀ ေက်ာ္၊ လူဦးေရ ေပါင္း ႏွစ္ေသာင္းေက်ာ္ မွီတင္းေနထုိင္ၾကတာ ျဖစ္ပါတယ္။
မုိင္းရွဴးရတနာ ေတာင္ေပၚ ေဒသဟာ ၁၉၉၁ ခုႏွစ္ ကာလမွာ စတင္ ေခတ္စားလာၿပီးေတာ့၊ ၁၉၉၃-၉၄ ခုႏွစ္ ကာလ ေတြမွာ လုပ္ပုိင္ခြင့္ ႏွင့္ လုပ္ကြက္ေတြ ခ်ထားေပးရင္း လူသိမ်ားလာၾကတာ ျဖစ္ပါတယ္။ မုိင္းရွဴး ေခတ္ေကာင္းႀကံဳတဲ့ သူမ်ားလည္း ရွိသလို၊ မုိင္းရွဴးေၾကာင့္ ဘ၀ ပ်က္သြားၾကသူေတြလည္း ဒုနဲ႔ ေဒး အမ်ားႀကီး ရွိပါတယ္။ 
မုိင္းရွဴး ရတနာေျမ ေတာင္ေပၚ ေဒသမွာ အဓိက အားျဖင့္ ေက်ာက္မ်က္ရတနာ တူးေဖာ္ေရး လုပ္ငန္း တစ္ခုထဲကိုသာ အဓိက အားထား မွီခိုလုပ္ကုိင္ၾကၿပီးေတာ့၊ က်န္ရွိေနထုိင္သူမ်ားက ေက်ာက္လုပ္ငန္း ႏွင့္ ဆက္စပ္ လုပ္ငန္းမ်ားကို စား၀တ္ေနေရး အတြက္ ေရာင္း၀ယ္ေဖာက္ကားေနတဲ့ ကုန္သည္ ႏွင့္ ေစ်းသည္ ေတြပဲ ျဖစ္ပါတယ္။ ေတာင္ေပၚ ဟိုဆုိင္ ေက်းရြာအုပ္စု ဟာ ေက်းရြာအုပ္စု နာမည္ေပါက္ တစ္ခုပဲ ရွိၿပီး၊ ျပည္ထဲေရး နာမည္ ေပါက္ ေက်းရြာမ်ား မျဖစ္ေသးတာေၾကာင့္ က်ဴးေက်ာ္ကဲ့သုိ႔ အခြင့္အေရး နည္းပါးၿပီး၊ ဘတ္ဂ်တ္မ်ား မရရွိတာေၾကာင့္ ဖြံ႔ၿဖဳိးတုိုးတက္မႈလည္း ေႏွာင့္ေႏွး ခဲ့ရတယ္လို႔ ေဒသခံမ်ားက ေျပာဆိုၾကပါတယ္။ 
××××
 

မုိင္းရွဴးေခတ္ ကုန္ၿပီလား
မုိင္းရွဴးေက်ာက္ ေရာင္း၀ယ္ေရး အေျခအေနဟာ ဧၿပီလလိုမ်ဳိး ေႏြရာသီ ေတြမွာ ေက်ာက္ေရာင္း၀ယ္ေရး ေစ်းကြက္ေအးေလ့ ရွိတယ္လို႔ တစ္ပုိင္တစ္ႏုိင္ တူးေဖာ္သူေတြ နဲ႔ ေရာင္း၀ယ္သူေတြက ဆုိပါတယ္။ 
ေႏြရာသီမွာ ေရခန္းၿပီး ေရရွားပါးတာေၾကာင့္ တစ္ပုိင္တစ္ႏုိင္ တူးေဖာ္သူမ်ားဟာ အခက္အခဲ ေတြ႔တယ္လို႔ ေျပာပါတယ္။ မုိးရာသီ ေရေပါခ်ိန္မွာ တူးေဖာ္ရတာ ေက်ာက္ပုိရတတ္ၿပီး ေစ်းေကာင္းလည္း ျပန္ရတယ္လုိ႔ သိရတယ္။ ေက်ာက္ေစ်းကြက္ေအးတာေၾကာင့္ တစ္သိန္းတန္ ေက်ာက္ဆုိရင္ ၂ ေသာင္း၊ ၃ ေသာင္း ေလာက္ပဲ ရေတာ့တယ္လို႔ ေရာင္း၀ယ္သူေတြက ေျပာပါတယ္။
ေက်ာက္သမားေတြ ေျပာေလ့ ရွိတဲ့ စကားကေတာ့ မေကာင္းေျခာက္လ၊ ေကာင္း ေျခာက္လ ဆိုတာပါပဲ။
မုိ္င္းရွဴးေက်ာက္ ေတြကို ျပည္တြင္း ၀ယ္လက္ နည္းပါးၿပီး တစ္ခါတစ္ေလ ရန္ကုန္ ကိုေရာင္းေလ့ ရွိကာ၊ အဓိက အားျဖင့္ ယုိးဒယားေစ်းကြက္ တစ္ခုကိုသာ မွီွခုိအားထားေနရေၾကာင္း ေျပာပါတယ္။
မုိင္းရွဴးမွာ အဓိက အားျဖင့္ ပတၱျမားရုိင္း တစ္မ်ဳိးထဲသာ ထြက္ရွိၿပီးေတာ့ ေျမေက်ာက္(လူးေက်ာက္)၊ ခဲေက်ာက္(စက်င္ေက်ာက္) နဲ႔ သံလြင္ေက်ာက္ စေသာ အမ်ဳိးအစား ၃ မ်ဳိး ထြက္ရွိတယ္လို႔ ဆုိပါတယ္။
မုိင္းရွဴး လုပ္ကြက္ႀကီးေတြက ထြက္ရွိတဲ့ ေက်ာက္တံုးေလးေတြက အင္မတန္ လွပါတယ္။ လံုးေခ်ာၿပီး စက်င္ ေက်ာက္ခြဲသား အေသးေတြ ဆိုရင္ အလွဆင္ရင္ ေကာင္းမယ္ လို႔ တြက္မိပါတယ္။ ေတာင္ေပၚမွာ ေတာ့ အင္မတန္မွ ကို ေရရွားပါတယ္။ ခက္ခက္ခဲခဲကို ေရသံုးစြဲရၿပီး ေရတစ္စည္ကို တစ္ေထာင္က်ပ္ ေပးရတယ္။ 
ဇကာ ေအာက္က် (အမႈန္) မ်ားကို မုိင္းရွဴး ေတာင္ေပၚ လမ္း တစ္ေလွ်ာက္မွာ ေရာင္း၀ယ္ေရး ဆိုင္ေတြ ဖြင့္ ထားျခင္း ျဖစ္ပါတယ္။ ခနဲေဆး တယ္လို႔ မုိးကုတ္မွာ အရပ္အေခၚ ဆုိပါတယ္။ ဖားကန္႔မွာေတာ့ ေရမေဆး ေက်ာက္ ရွာသမားေတြလို႔ ေခၚပါတယ္။
×××
 

လြယ္ေထာက္ေဆာင္ ၿမိဳ႕တြင္း
မုိင္းရွဴး ေတာင္ေပၚ ေဒသမွာ ၿမိဳ႕တြင္း လမ္းဟာ ေတာင္ေၾကာ ကို ပင္မ လမ္းမႀကီး ေဖာက္ထားၿပီး လမ္းတစ္ဖက္ တစ္ခ်က္ မွာေတာ့ ေခ်ာက္ကမ္းပါးႀကီး ကို ျမင္ေတြ႔ရတာ ျဖစ္တယ္။ ၿမိဳ႕တြင္းပုိင္းမွာတင္ အိမ္ေတြ ျပြတ္သိပ္ေနေအာင္ ေဆာက္ထားၿပီးေတာ့ ေအာက္ေျခ ေခ်ာက္ထဲမွာလည္း အိမ္ေလးေတြ ေသးေသးေလးေတြ ေဆာက္ထားတာ ျမင္ရပါတယ္။
ၿမိဳ႕တြင္းကေန တက္သြားလိုက္ရင္ အတက္လမ္းကေတာ့ အင္မတန္ ၾကမ္းၿပီး ၊ အတက္လည္း ႀကီးပါတယ္။ ၿမိဳ႕တြင္း လမ္းကေတာ့ ကတၱရာလမ္းေတြ ခင္းထားပါတယ္။ ၿမိဳ႕တြင္း ၀င္ခါနီးခ်ိန္မွာေတာ့ လမ္းေတြ စတင္ ေကာင္းလာတာ ျဖစ္ပါတယ္။
မုိင္းရွဴး ေတာင္ေၾကာ ေပၚမွာ ေက်ာက္တူးေနတာကို ျမဴမႈန္ ေတြ ဆုိင္းေနတဲ့ ၾကားကေန ျမင္ေတြ႔ရပါတယ္။ မုိင္းရွဴး မွာ အခြန္ရံုး၊ ဟိုဆုိင္ေက်းရြာအုပ္စု ရပ္ကြက္ရံုး နဲ႔ ေက်ာက္မ်က္ရတနာ တူးေဖာ္ေရး ဌာန ေတြကို ေတြ႔ရွိရပါတယ္။ အျခားေသာ အစုိးရ ရံုးဌာနမ်ား ကို မေတြ႔ရရွိရသျဖင့္ အစုိးရ လက္လွမ္း မမွီဘဲ ျဖစ္ခ်င္ တုိင္း ျဖစ္ေနတဲ့ ေနရာ တစ္ခု လို႔ သံုးသပ္လို႔ ရပါတယ္။
မုိင္းရွဴး ေက်ာက္မ်က္ရတနာ ေျမမွ ထြက္ရွိေသာ အခြန္ ဘ႑ာေငြမ်ားကို ႏုိင္ငံေတာ္ ဘ႑ာေတာ္ အတြင္း သုိ႔ တုိက္ရုိက္ ေရာက္ရွိႏုိင္ေစရန္ ရွမ္းျပည္နယ္ အစုိးရ မွ အေသးစိတ္ ၾကီးၾကပ္ ၾကည့္ရွဳ စစ္ေဆးၿပီးေတာ့ ျပည္သူလူထု ရဲ႕ လူေနမႈ ဘ၀ အဆင့္အတန္း ျမင့္မားေစရန္ အဆုိပါ ဘ႑ာေငြ မ်ားျဖင့္ ေဖာ္ေဆာင္ေပးသင့္ပါေၾကာင္း တင္ျပလုိက္ရပါတယ္။
×××


+++
ေဆာင္းပါးေရးသားသူ ႏွင့္ ဓါတ္ပံု - စည္သာ(ေတာင္ၾကီး)




 

 
 Unicode
 လောပန်းလောင်းများ နေထိုင်ရာ တောင်ပေါ်ဒေသ
စည်သာ(တောင်ကြီး)
ကျတော်တို့ ငယ်စဉ် တုန်းက မက်ခဲ့တဲ့ အိပ်မက်တစ်ခု ရှိဖူးပါတယ်။ အဲဒီ အိပ်မက်ကတော့ ရိုးရိုး ကျောက်တူး သမား ဘဝ ကနေ ကျောက်တူးရင်းနဲ့ ဗြုန်းခနဲဆို သန်းကြွယ်သူဌေး ဖြစ်ပြီး ချမ်းသာ သွားတဲ့ စိတ်ကူးယဉ် အိပ်မက်မျိုးပေါ့ဗျာ။
လူတိုင်းဒီလို အိပ်မက်မျိုးကို မက်ပြီးတော့ စိတ်ကူးယဉ်ဖူးကြပါလိမ့်မယ်။ ကျွန်တော် သိတတ်စအရွယ်တုန်း က ဆိုရင်လည်း ဒီလို အိပ်မက်မျိုးတွေနဲ့ ရူးသွပ် ပြီး စွဲလန်းခဲ့ရဖူးပါတယ်။
×××
ပတ္တမြားထွက်ရာ မိုင်းရှူးတောင်ပေါ်
နိုင်ငံကျော် အဆိုတော် စိုင်းထီးဆိုင် ဆိုထားတဲ့ သီချင်း တစ်ပုဒ် ရှိပါတယ်။ တကယ်တော့ ကျောက်တူး သမားများဟာ လောပန်းလောင်းတွေပါ။ ဒီတစ်ကျင်း မရရင် နောက်တစ်ကျင်း၊ ဇွဲလက် မလျော့ပါဘူး။ ဆိုပဲလေ။ ကျောက်တူးသမားတွေ အတွက် အားတက်စရာ သီချင်းလေး တစ်ပုဒ်ပေါ့ဗျာ။
မိုင်းရှူးကို အခါအခွင့်သင့်တိုင်းလည်း ကျွန်တော် ရောက်ပါတယ်။ အထူးသဖြင့် ၁၉၉၆ လွန် ကာလ တွေမှာ မိုင်းရှူး ခေတ် အင်မတန် ထနေချိန်ပေါ့ဗျာ။ မိုင်းရှူးကို ကျောက်တူးရင်း နဲ့ လည်းကောင်း၊ ဒုက္ခသည် စခန်း တွေကို ရောက်ရင်း နည်း လည်းကောင်း အမြဲတမ်း ရောက်ပေမယ့်လည်း ကျောက်တူးတဲ့ နေရာကိုတော့ တခါမှ မရောက်ဖူးဘူး။ ရွာတွေ ဆီပဲ ရောက်တာများတယ်။ ကျောက်တူးတဲ့ နေရာကလည်း လုံးခင်းတို့၊ မိုးကုတ် တို့လို အပြင်လူတွေ ကိုလည်း ပေးမဝင်ဘူးလေ။ တစ်ပိုင်တစ်နိုင် လုပ်သားတွေလည်း နည်းတယ်။
မိုင်းရှူးမှာ တစ်ပိုင် တစ်နို်င် လက်လုပ်လက်စားတွေကို ချထားပေးတာမျိုး မရှိပါဘူး။ ကုမ္ပဏီနဲ့ လုပ်ကွက်တွေ ကို မိုင်းရှူး ကျောက်မျက်ရတနာ တူးဖော်ရေး ဌာန မှာ စာရင်းတင်ရပါတယ်။ တင်ပြီးတော့ တရားဝင် လုပ်ပိုင်ခွင့် ရတဲ့ လုပ်ကွက်မှာမှ လုပ်လို့ ရပါတယ်။
လုပ်ကွက်သူဌေး (ခ) လောပန်း တွေဟာ ပြင်ပ က လက်လုပ်လက်စားတွေကို တစ်ပိုင်တစ်နိုင် ချထားပေး လိုက်ပါတယ်။ တစ်ကျင်း ဆိုရင် ကျင်းဝ ကျင်းစား လေး၊ ငါးဦး လောက် ပြန်ချထားပေးလိုက်တယ်။ ကျင်းစား တစ်ကျင်းပတ်လည် ကို သိန်း ၅၀ ၊ ၁၀၀ စသဖြင့်ပေါ့လေ။ မြတ်တာလည်း မြတ်သလို ရှုံးတာလညး် ရှိတာပေါ့။ ကျင်းဝတွေကနေ ကိုယ့် ကျင်းအတိုင်း တူးရင်းနဲ့ အတွင်းထဲမှာ ကြွက်တွင်းပေါက် တွေလိုပဲ သွားဆုံရင်းနဲ့ ခွဲခြား မျှစားကြတာပေါ့။
ကျောက်မျက် ရတနာ လုပ်ကွက် နဲ့ ကုမ္ပဏီ တွေကနေ ထွက်ရှိလာတဲ့ ကျောက်မျက်ရတနာ တွေကို မိုင်းရှူး ကျောက်မျက်ရတနာ တူးဖော်ရေး ဌာန ကို တွင်းဝ ခွန် ဆောင်ရပါတယ်။ ထွက်ရှိလာတဲ့ ကျောက်တွေကို ဌာနကို ပြသ ရပြီး၊ အခွန်ဖြတ်ရတယ်လို့လည်း လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်သူက ပြောပါတယ်။
မိုင်းရှူးမှာ 2016-17 ခုနှစ် ဘဏ္ဍာနှစ် တစ်နှစ်တာ အတွင်း ပတ္တမြားကျောက်မျက်ရိုင်း ကာရက်ချိန်ပေါင်း ၁၁ သိန်း ကာရက် သာ ထွက်ရှိတယ်လို့ ကျောက်မျက်ရတနာ တူးဖော်ရေး ဌာန က ဆိုပါတယ်။ မိုင်းရှူး ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနညး်ဆုံး ဖြစ်ပြီး၊ ရေများ ညစ်ညမ်းမှု၊ ထိခိုက်မှုလည်း မရှိကြောင်း သူက ပြောပါတယ်။
ယခင်က မြေ စတင် ထွက်ရှိပြီး၊ နောက်ပိုင်းမှ ခဲကြော ထွက်ရှိသဖြင့် ယခုအခါ ခဲကြောများကို တူးဖော်ကြခြင်း ဖြစ်ကြောင်း သိရသည်။

×××

လျှပ်စစ်မီးသွယ်တန်းခြင်းနှင့် လမ်းခင်းတော့မည်
မိုင်းရှူးမြို့မှ တောင်ပေါ်မိုင်းရှူး ဟိုဆိုင် ကျေးရွာ အုပ်စု မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း ဗဟို ကော်မတီမှ CSR ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ အဖြစ် အမေရိကန် ဒေါ်လာ တစ်သန်းကို ရှမ်းပြည်နယ် အစိုးရထံ လွှဲပြောင်းပေးပြီး၊ မြန်မာငွေ ၁၃၆၀၀ ကျပ်ဖြင့် လျှပ်စစ်မီးသွယ်တန်းခြင်း သိန်းပေါင်း ၅၀၀၀ ၊ လမ်းကို သိန်းပေါင်း ၈၀၀၀၊ မိုင်းရှူးမြို့ ရေလှောင်ကန် ကို သိန်း ၆၀၀ တို့ဖြင့် ဆောင်ရွက်တော့မည် ဖြစ်ကြောင် းသိရပါတယ်။
ယခုအခါ နမ့်တောင်ကနေ လွိုင်ဆောင်ထောက် သို့ ရောက်ရန် ၈ မိုင် ၃ ဖာလုံ အကွာ ကို လမ်းဖောက်ရန် လျာထားပြီး၊ ၈ မိုင် ကို ကျောက်ကြမ်းလမ်း၊ ၃ ဖာလုံကို ကတ္တရာလမ်း ဖောက်မှာ ဖြစ်ပါတယ်။ လွိုင်ဆောင်ထောက် တောင်ပေါ်အထိ ရောက်ရှိရန် ကျန်တဲ့ ၁ မိုင် ၅ ဖာလုံ အကွာအဝေး ကို ကိုယ်ထူကိုယ်ထ အစီအစဉ် ဖြင့် ကတ္တရာလမ်း ခင်းမှာ ဖြစ်ပြီး၊ ဒေသခံများ က မေလကုန် ပြီးစီးနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတာ ဖြစ်တယ်။
လျှပ်စစ်မီး လင်းနိုင်ရန် အတွက်ကိုလည်း ဧပြီလကုန်တွင် လွယ်ဆောင်ထောက် မြို့အဝင်ထိ ရောက်အောင် ဓါတ်တိုင်များ စိုက်ထူခြင်း နှင့် ကြိုးသွယ်တန်းခြင်း များ ဆောင်ရွက်နေတာကို မြင်တွေ့ရပါတယ်။
အခုလို လမ်းခြင်းခြင်း အပေါ်မှာ ဒေသခံတွေကတော့ မှန်မှန် ကန်ကန် မခိုးမဝှက်တမ်း လုပ်ပေးကြဖို့ တောင်းဆိုထားကြပါတယ်။ အရင်ခေတ်တုန်းကတော့ လမ်းခင်းဖို့ ဆိုပြီး ငွေတွေ ကောက်လာ လိုက်တာ ခုချိန်ထိ ဆိုရင် ရေတောင် မရေတွက်နိုင်အောင် ပေးခဲ့ရတယ်လို့ ကျောက်မျက်ရတနာ ရောင်းဝယ်သူတွေ က ပြောပါတယ်။
×××



အမြင့်ပေ ၅၀၀၀ မြင့်တဲ့ တောင်ပေါ်ဒေသကို ဆိုင်ကယ် ဂယ်ဒီ များဖြင့် တက်ကြရပြီး၊ တစ်ကြိမ်ကို တစ်သောင်းယူပါတယ်။ ဆိုင်ကယ် ဂယ်ဒီတွေကတော့ DT ဆိုင်ကယ်ကြီးများဖြင့် တက်မှသာ စိတ်ချ ရပါတယ်။ ဆိုင်ကယ်အသေးလေးတွေဖြင့် တက်လို့ အဆင်မပြေနိုင်တော့ပါ။
မိုင်းရှူးမြို့မှ တောင်ပေါ် ဟိုဆိုင်ကျေးရွာအုပ်စု ကို တက်ရာမှာ နမ့်တောင်ကျေးရွာ အုပ်စု ကို ရောက်ရင် ခရီးလမ်း တစ်ဝက်ကျိုးပြီလို့ ပြောလို့ရပြီး၊ ခရီးမိုင် အကွာအဝေး ၁၂ မိုင် ရှိပါတယ်။
နမ့်တောင်ရွာမှ စတင်ကာ အတက်လမ်းကြမ်း စတင်ပြီး မြေသားလမ်း ဖုန်မှုန့်များ ထူထပ်နေသည်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
မြေသားလမ်းများဟာ ဖုန်မှုန့် ခြောက်လက်မခန့် ရှိပြီး၊ ဖုန်များဟာ ပေါင်ဒါမှုန့်များလို့ မှုန့်ညက်နေတာကို လည်း မြင်တွေ့ရပါတယ်။
တောင်ထိပ် S ကွေ့ များစွာ နှင့် အတက်ရှည် များတို့ဟာ နာမည်ကြီး လမ်းဆိုးများ ဖြစ်ပြီး တစ်ဖက်မှာ ချောက်ကမ်းပါးကြီးကို လှမ်းမြင်နေရမှာ ဖြစ်ပါတယ်။
တောင်တက်ရာမှာ ပစ္စည်းတင်ဆောင်သောလေးလုံးထိုး ထော်လာဂျီ ကားကြီးများဖြင့်လည်း တက်နေကြပြီး ကားငယ်များဖြင့်လည်း အပေါ်ထိ ရောက်အောင် တက်နေကြတာလည်း တွေ့ရပါတယ်။
လမ်းတစ်လျှောက်မှာ ကျေးရွာတွေကို မြင်တွေ့ကြရပြီး၊ တစ်ခါတစ်ရံ လား၊ မြည်း၊ တို့ဖြင့် ကုန်စည်များ တင်ဆောင်သွားလာနေကြတာကိုလညး် မြင်တွေ့ရပါတယ်။
မိုင်းရှူး ရတနာမြေ တောင်ပေါ်မှာ လုပ်ကွက် နှင့် ကုမ္ပဏီ ပေါင်း ၇၀၀ ကျော် ချထားပေးပြီးတော့ တစ်ပိုင် တစ်နိုင် များ လုပ်ပိုင်ခွင့် ချထားခြင်း မရှိကြောင်း ကျောက်မျက်ရတနာ တူးဖော်ရေး (မိုင်းရှူး) မှ လက်ထောက် ညွှန်ကြားရေးမှူးက ပြောပါတယ်။
မိုင်းရှူး တောင်ပေါ် ဝမ်ကန်၊ ကုန်းမြင့်သာ၊ လွိုင်ဆောင်ထောက် တို့ စသော ကျေးရွာများ ပါဝင်ပြီးတော့ အိမ်ခြေပေါင်း ၁၈၀၀ ကျော်၊ လူဦးရေ ပေါင်း နှစ်သောင်းကျော် မှီတင်းနေထိုင်ကြတာ ဖြစ်ပါတယ်။
မိုင်းရှူးရတနာ တောင်ပေါ် ဒေသဟာ ၁၉၉၁ ခုနှစ် ကာလမှာ စတင် ခေတ်စားလာပြီးတော့၊ ၁၉၉၃-၉၄ ခုနှစ် ကာလ တွေမှာ လုပ်ပိုင်ခွင့် နှင့် လုပ်ကွက်တွေ ချထားပေးရင်း လူသိများလာကြတာ ဖြစ်ပါတယ်။ မိုင်းရှူး ခေတ်ကောင်းကြုံတဲ့ သူများလည်း ရှိသလို၊ မိုင်းရှူးကြောင့် ဘဝ ပျက်သွားကြသူတွေလည်း ဒုနဲ့ ဒေး အများကြီး ရှိပါတယ်။
မိုင်းရှူး ရတနာမြေ တောင်ပေါ် ဒေသမှာ အဓိက အားဖြင့် ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်း တစ်ခုထဲကိုသာ အဓိက အားထား မှီခိုလုပ်ကိုင်ကြပြီးတော့၊ ကျန်ရှိနေထိုင်သူများက ကျောက်လုပ်ငန်း နှင့် ဆက်စပ် လုပ်ငန်းများကို စားဝတ်နေရေး အတွက် ရောင်းဝယ်ဖောက်ကားနေတဲ့ ကုန်သည် နှင့် စျေးသည် တွေပဲ ဖြစ်ပါတယ်။ တောင်ပေါ် ဟိုဆိုင် ကျေးရွာအုပ်စု ဟာ ကျေးရွာအုပ်စု နာမည်ပေါက် တစ်ခုပဲ ရှိပြီး၊ ပြည်ထဲရေး နာမည် ပေါက် ကျေးရွာများ မဖြစ်သေးတာကြောင့် ကျူးကျော်ကဲ့သို့ အခွင့်အရေး နည်းပါးပြီး၊ ဘတ်ဂျတ်များ မရရှိတာကြောင့် ဖွံ့ဖြိုးတိုုးတက်မှုလည်း နှောင့်နှေး ခဲ့ရတယ်လို့ ဒေသခံများက ပြောဆိုကြပါတယ်။
××××
 

မိုင်းရှူးခေတ် ကုန်ပြီလား
မိုင်းရှူးကျောက် ရောင်းဝယ်ရေး အခြေအနေဟာ ဧပြီလလိုမျိုး နွေရာသီ တွေမှာ ကျောက်ရောင်းဝယ်ရေး စျေးကွက်အေးလေ့ ရှိတယ်လို့ တစ်ပိုင်တစ်နိုင် တူးဖော်သူတွေ နဲ့ ရောင်းဝယ်သူတွေက ဆိုပါတယ်။
နွေရာသီမှာ ရေခန်းပြီး ရေရှားပါးတာကြောင့် တစ်ပိုင်တစ်နိုင် တူးဖော်သူများဟာ အခက်အခဲ တွေ့တယ်လို့ ပြောပါတယ်။ မိုးရာသီ ရေပေါချိန်မှာ တူးဖော်ရတာ ကျောက်ပိုရတတ်ပြီး စျေးကောင်းလည်း ပြန်ရတယ်လို့ သိရတယ်။ ကျောက်စျေးကွက်အေးတာကြောင့် တစ်သိန်းတန် ကျောက်ဆိုရင် ၂ သောင်း၊ ၃ သောင်း လောက်ပဲ ရတော့တယ်လို့ ရောင်းဝယ်သူတွေက ပြောပါတယ်။
ကျောက်သမားတွေ ပြောလေ့ ရှိတဲ့ စကားကတော့ မကောင်းခြောက်လ၊ ကောင်း ခြောက်လ ဆိုတာပါပဲ။
မို်င်းရှူးကျောက် တွေကို ပြည်တွင်း ဝယ်လက် နည်းပါးပြီး တစ်ခါတစ်လေ ရန်ကုန် ကိုရောင်းလေ့ ရှိကာ၊ အဓိက အားဖြင့် ယိုးဒယားစျေးကွက် တစ်ခုကိုသာ မှီှခိုအားထားနေရကြောင်း ပြောပါတယ်။
မိုင်းရှူးမှာ အဓိက အားဖြင့် ပတ္တမြားရိုင်း တစ်မျိုးထဲသာ ထွက်ရှိပြီးတော့ မြေကျောက်(လူးကျောက်)၊ ခဲကျောက်(စကျင်ကျောက်) နဲ့ သံလွင်ကျောက် စသော အမျိုးအစား ၃ မျိုး ထွက်ရှိတယ်လို့ ဆိုပါတယ်။
မိုင်းရှူး လုပ်ကွက်ကြီးတွေက ထွက်ရှိတဲ့ ကျောက်တုံးလေးတွေက အင်မတန် လှပါတယ်။ လုံးချောပြီး စကျင် ကျောက်ခွဲသား အသေးတွေ ဆိုရင် အလှဆင်ရင် ကောင်းမယ် လို့ တွက်မိပါတယ်။ တောင်ပေါ်မှာ တော့ အင်မတန်မှ ကို ရေရှားပါတယ်။ ခက်ခက်ခဲခဲကို ရေသုံးစွဲရပြီး ရေတစ်စည်ကို တစ်ထောင်ကျပ် ပေးရတယ်။
ဇကာ အောက်ကျ (အမှုန်) များကို မိုင်းရှူး တောင်ပေါ် လမ်း တစ်လျှောက်မှာ ရောင်းဝယ်ရေး ဆိုင်တွေ ဖွင့် ထားခြင်း ဖြစ်ပါတယ်။ ခနဲဆေး တယ်လို့ မိုးကုတ်မှာ အရပ်အခေါ် ဆိုပါတယ်။ ဖားကန့်မှာတော့ ရေမဆေး ကျောက် ရှာသမားတွေလို့ ခေါ်ပါတယ်။
×××
 

လွယ်ထောက်ဆောင် မြို့တွင်း
မိုင်းရှူး တောင်ပေါ် ဒေသမှာ မြို့တွင်း လမ်းဟာ တောင်ကြော ကို ပင်မ လမ်းမကြီး ဖောက်ထားပြီး လမ်းတစ်ဖက် တစ်ချက် မှာတော့ ချောက်ကမ်းပါးကြီး ကို မြင်တွေ့ရတာ ဖြစ်တယ်။ မြို့တွင်းပိုင်းမှာတင် အိမ်တွေ ပြွတ်သိပ်နေအောင် ဆောက်ထားပြီးတော့ အောက်ခြေ ချောက်ထဲမှာလည်း အိမ်လေးတွေ သေးသေးလေးတွေ ဆောက်ထားတာ မြင်ရပါတယ်။
မြို့တွင်းကနေ တက်သွားလိုက်ရင် အတက်လမ်းကတော့ အင်မတန် ကြမ်းပြီး ၊ အတက်လည်း ကြီးပါတယ်။ မြို့တွင်း လမ်းကတော့ ကတ္တရာလမ်းတွေ ခင်းထားပါတယ်။ မြို့တွင်း ဝင်ခါနီးချိန်မှာတော့ လမ်းတွေ စတင် ကောင်းလာတာ ဖြစ်ပါတယ်။
မိုင်းရှူး တောင်ကြော ပေါ်မှာ ကျောက်တူးနေတာကို မြူမှုန် တွေ ဆိုင်းနေတဲ့ ကြားကနေ မြင်တွေ့ရပါတယ်။ မိုင်းရှူး မှာ အခွန်ရုံး၊ ဟိုဆိုင်ကျေးရွာအုပ်စု ရပ်ကွက်ရုံး နဲ့ ကျောက်မျက်ရတနာ တူးဖော်ရေး ဌာန တွေကို တွေ့ရှိရပါတယ်။ အခြားသော အစိုးရ ရုံးဌာနများ ကို မတွေ့ရရှိရသဖြင့် အစိုးရ လက်လှမ်း မမှီဘဲ ဖြစ်ချင် တိုင်း ဖြစ်နေတဲ့ နေရာ တစ်ခု လို့ သုံးသပ်လို့ ရပါတယ်။
မိုင်းရှူး ကျောက်မျက်ရတနာ မြေမှ ထွက်ရှိသော အခွန် ဘဏ္ဍာငွေများကို နိုင်ငံတော် ဘဏ္ဍာတော် အတွင်း သို့ တိုက်ရိုက် ရောက်ရှိနိုင်စေရန် ရှမ်းပြည်နယ် အစိုးရ မှ အသေးစိတ် ကြီးကြပ် ကြည့်ရှု စစ်ဆေးပြီးတော့ ပြည်သူလူထု ရဲ့ လူနေမှု ဘဝ အဆင့်အတန်း မြင့်မားစေရန် အဆိုပါ ဘဏ္ဍာငွေ များဖြင့် ဖော်ဆောင်ပေးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
+++

No comments:

Post a Comment


Aung Hein - နည္​းပညာ