မိဘကျေးဇူး မြင့်မိုရ်ဦး
မိကို ဝဲလက် ဖအားလက်ယာ
ပခုံးမှာပင် နှစ်,ရာတင်လျက်
နေ့စဉ်လုပ်ကျွေး ပြုစုပေးလည်း
တုဝေးမမှီ နတ်ပန်းချီသို့
အနှီကျေးဇူး မြင့်မိုရ်ဦးကို
အထူးသိတတ် တန်ပြန်ဆပ်ရန်
အသက်ရှင်စဉ် မိဖခင်အား
ထိပ်တင်ရှစ်ခိုး လွန်မြတ်နိုးနှင့်
ရိုကျိုးပျပ်ဝပ် ရွှေတောင်ထွဋ်လား
ဘုရားတစ်ဆူ ဂူကျောင်းသဖွယ်
စိတ်ဝယ်မှတ်ယူ ဆည်းကပ်ပူဇော်
အရော်အရွဲ ကိုယ်ငတ်လည်းလေ
အမြဲရှာကြံ ရအောင်ဖန်၍
ကောင်းမွန်စားဦး ခဲဘွယ်ထူးတို့
ခပ်ခူးပြင်ဆင် ကျွေးမွေးစဉ်မှာ
ငြိုငြင်မရှိ ပကတိပြုံး
ပီတိဖုံးကွယ် ချိနုံးနယ်သော်
လက်နယ်ခြေဆုပ် အပူထုတ်လို့
နှုတ်ဖြင့် မပြော သူ့သဘောမှာ
လိုက်သိစွာပင် ထပ်ကာမပြတ်
ချဉ်ခြင်းတပ်မျှ ပေးဆပ်စွန့်လှူ
စိတ်ကြည်ဖြူစွာ ရေပူရေအေး
လိုရာကျွေး၍ တလေးတစား
ကြည်နူးပွားရင်း စိတ်ထားယူတတ်
ကုသိုလ်ဖက်နီး ဆုလာဘ်ချီးမြှင့်
ဖြည့်ဆည်းခွင့်ဆုံ ခွင့်ထူးကြုံပ
မိစုံဖခင် နှစ်ပါးကြင်အား
ဘဝင်နှလုံး အစဉ်ပြုံးအောင်
အမုန်းမြိုသိပ် အရိပ်တကြည့်
စောင့်ရှောက်ကြည့်ပြန် ကိုယ်ရိခံပေါင်း
ဦးခေါင်းညွှတ်ရုံ စိတ်တော်သိလောက်
ဂါရဝရှိဖို့ ဦးထွတ်သို့တင်
သိစဉ်ခိုက်မှာ စလုပ်ပါလော့……..
<မိဘသေမှ မငိုကျွေးကြပါနှင့်…….>
မငိုကျွေးပါနှင့် ချစ်ဆွေ။
Sitha(TGI)
No comments:
Post a Comment