သိရ် (အေးသာယာ)
ကျွန်တော် ငယ်စဉ်တုန်းက အဖေ၊ အမေ မိဘများအပေါ် ဆိုးနွဲ့ခဲ့ဖူးတယ်။ မလိမ်မိုး မလိမ္မာ ဆိုးမိုက်တဲ့စိတ်နဲ့ မိဘတွေအပေါ် အနိုင်ကျင့် စိတ်ကောက်ခဲ့သလောက် မိဘတွေအပေါ် သနားရကောင်းမှန်း၊ စာနာရကောင်းမှန်း တစ်စက်ကလေးမှ နားမလည်ခဲ့ဘူး။ အရွယ်လေး ရောက်လာလို့ လူပျိုဖြစ်လာတော့လည်း ဘာထူးလဲ။ မပြည့်စုံမှုကို ရမယ်ရှာလို့ မိဘတွေအပေါ် စိတ်ကောက်လို့ ကောင်း တုန်း။ မိဘတွေမှာ ရှိလား မရှိလား မသိ၊ ကိုယ်ကတော့ လိုချင်တာတစ်ခုထဲဘဲ သိတယ်။ ငယ်စဉ်ကလည်း မုန့်ဆိုမုန့်၊ အရုပ်ဆို အရုပ်။ လိုချင်တာ ရအောင်ကို ယူလိုက်ရမှ ကျေနပ်တာ။ ကြီးလာတော့လည်း လိုချင်တာမရတော့ မိဘတွေကို စိတ်ကောက်လာတာတစ်ခုပဲ ထူးတယ်။ အရင်အတိုင်းပဲ။ ဒါတွေအားလုံးကို တစ်နေ့ ဝဋ် ပြန်လည် လာလိမ့်ဦးမယ်လို့ တစ်ခါကမှ ကျွန်တော် တွေးမထားဖူးဘူး။
ငယ်ငယ်တုန်းက အမေ့ပိုက်ဆံအိတ်ထဲက ငွေတစ်ကျပ်ကို အမေမသိအောင် ခိုးခဲ့ဖူးတယ်။ အဲဒီတုန်းက ရေခဲချောင်းလား၊ နို့မလိုင်ချောင်းလား မသိဘူး ဝယ်စားဖို့ ခိုးတာ။ ဒါတွေဟာ အမှတ်တမဲ့နဲ့ ပျောက်သွားလိမ့်မယ်လို့ ကလေးအတွေးနဲ့ ထင်ခဲ့ဖူးသလို၊ ကလေးတစ်ယောက်ရဲ့ ရပိုင်ခွင့် လို့လည်း တွေးခဲ့ဖူးတယ်။ အမေကတော့ ပိုက်ဆံပျောက်သွားလို့ ရှာနေမှာကတော့ သေချာတယ်။
Xxxxxx
ခုလို ကိုယ်ကိုယ်တိုင် အိမ်ထောင်ကျပြီး အမျိုးသမီးမှာ ကိုယ်ဝန်ဆောင်ချိန် မိဘမေတ္တာကို ပိုခံစားမိလာတယ်။ ကိုယ်ဝန် မဆောင်ခင်ကစပြီး ကလေးအတွက် ဂရုစိုက်လိုက်ရတာ။ ဗာဟီရများလိုက်တာ မပြောပါနဲ့တော့။ အမျိုးသမီးဆိုရင် ခံနိုင်ရည် မရှိလို့ ခဏခဏ ငြီးတွားတယ်။ ကိုးလ လွယ်ပြီး ၊ ဆယ်လ ဖွားရတဲ့ မိခင်တာဝန်၊ နှိုင်းတုလို့ မကုန်တဲ့ အမေ့ကျေးဇူးဂုဏ် တွေကို စိတ်မှာ ကြက်သီးဖြန်းဖြန်းထမျှ လေးစားရတော့တယ်။ ဒီဖြစ်စဉ်ဟာ တစ်ရက်တစ်လ ဖြစ်စဉ် မဟုတ်။ ကလလ ရည်ကြည် သန္ဓေတည်စက စပြီး ခက်မငါးဖြာ ကိုယ်လက်အင်္ဂါတွေ ဖြစ်တည်လာဖို့ အချိန်ယူရတာက ဆယ်လ။
ကလေးမမွေးခင်ထဲက စရိတ်စက ကိုကြိုတင်စုရပြီ။ မွေးစရိတ်၊ စားစရိတ်၊ သွားစရိတ်၊ လာစရိတ် ကအစ စုဆောင်းရပြီ။ လောကကြီးထဲကို လူတစ်ယောက်မွေးလာဖို့ ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်။ သန္ဓေတည်စကနေ အချိန်တန်အရွယ်ရောက်လာတဲ့ထိ ပြုစုစောင့်ရှောက်ရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ အင်အားတွေ၊ စိတ်ဓါတ်တွေ၊ မေတ္တာ ဂရုဏာတရားတွေ အများကြီးရင်းထားရတယ်။ ဒါကြောင့် မိဘတွေဟာ သားသမီးတွေအပေါ် ဘယ်လောက်တောင် မျှော်လင့်ချက်ကြီးမားခဲ့မလဲ ဆိုတာ ကျွန်တော် မှန်းဆလို့ ရသွားတယ်။ ကိုယ်ကိုယ်တိုင် မိဘ ဖြစ်လာလို့ကိုး။ ဒီစာမူလေးနဲ့ မွေးသမိခင် ကျွန်တော့်အမေကို ဦးညွတ်ကန်တော့လိုက်ရပါတယ်။ မေမေ ကျန်းခန့်သာလို့ မာပါစေ။ မေမေ မသိအောင် ယူခဲ့မိတဲ့ ငွေတစ်ကျပ်လေးရဲ့ တန်ပြန်ကို သား ပြန်ခံစားနေရပြီ မေမေ။
ခုလို တစ်နေ့ပေါ့။ ကိုယ်ကိုယ်တိုင် မိဘ ဖြစ်လာတော့မှ မိဘတို့ရဲ့မေတ္တာတရားကို နားလည်လာတော့တယ်။
ဒါ ကျွန်တော် တွေ့လိုက်ရတဲ့ အလင်းတန်း တစ်ခုပါပဲ။ ။
ကလောင် - သိရ်(အေးသာယာ)
သိရ္ (ေအးသာယာ)
ကၽြန္ေတာ္ ငယ္စဥ္တုန္းက အေဖ၊ အေမ မိဘမ်ားအေပၚ ဆိုးႏြဲ႔ခဲ့ဖူးတယ္။ မလိမ္မိုး မလိမၼာ ဆိုးမိုက္တဲ့စိတ္နဲ႔ မိဘေတြအေပၚ အႏိုင္က်င့္ စိတ္ေကာက္ခဲ့သေလာက္ မိဘေတြအေပၚ သနားရေကာင္းမွန္း၊ စာနာရေကာင္းမွန္း တစ္စက္ကေလးမွ နားမလည္ခဲ့ဘူး။ အရြယ္ေလး ေရာက္လာလို႔ လူပ်ဳိျဖစ္လာေတာ့လည္း ဘာထူးလဲ။ မျပည့္စံုမႈကို ရမယ္ရွာလို႔ မိဘေတြအေပၚ စိတ္ေကာက္လို႔ ေကာင္း တုန္း။ မိဘေတြမွာ ရွိလား မရွိလား မသိ၊ ကုိယ္ကေတာ့ လိုခ်င္တာတစ္ခုထဲဘဲ သိတယ္။ ငယ္စဥ္ကလည္း မုန္႔ဆိုမုန္႔၊ အရုပ္ဆုိ အရုပ္။ လိုခ်င္တာ ရေအာင္ကို ယူလုိက္ရမွ ေက်နပ္တာ။ ႀကီးလာေတာ့လည္း လိုခ်င္တာမရေတာ့ မိဘေတြကို စိတ္ေကာက္လာတာတစ္ခုပဲ ထူးတယ္။ အရင္အတိုင္းပဲ။ ဒါေတြအားလံုးကို တစ္ေန႔ ၀ဋ္ ျပန္လည္ လာလိမ့္ဦးမယ္လို႔ တစ္ခါကမွ ကၽြန္ေတာ္ ေတြးမထားဖူးဘူး။
ငယ္ငယ္တုန္းက အေမ့ပုိက္ဆံအိတ္ထဲက ေငြတစ္က်ပ္ကို အေမမသိေအာင္ ခိုးခဲ့ဖူးတယ္။ အဲဒီတုန္းက ေရခဲေခ်ာင္းလား၊ ႏို႔မလိုင္ေခ်ာင္းလား မသိဘူး ၀ယ္စားဖို႔ ခိုးတာ။ ဒါေတြဟာ အမွတ္တမဲ့နဲ႔ ေပ်ာက္သြားလိမ့္မယ္လို႔ ကေလးအေတြးနဲ႔ ထင္ခဲ့ဖူးသလို၊ ကေလးတစ္ေယာက္ရဲ႕ ရပိုင္ခြင့္ လို႔လည္း ေတြးခဲ့ဖူးတယ္။ အေမကေတာ့ ပိုက္ဆံေပ်ာက္သြားလို႔ ရွာေနမွာကေတာ့ ေသခ်ာတယ္။
Xxxxxx
ခုလို ကုိယ္ကိုယ္တိုင္ အိမ္ေထာင္က်ၿပီး အမ်ဳိးသမီးမွာ ကုိယ္၀န္ေဆာင္ခ်ိန္ မိဘေမတၱာကို ပိုခံစားမိလာတယ္။ ကုိယ္၀န္ မေဆာင္ခင္ကစၿပီး ကေလးအတြက္ ဂရုစိုက္လိုက္ရတာ။ ဗာဟီရမ်ားလိုက္တာ မေျပာပါနဲ႔ေတာ့။ အမ်ဳိးသမီးဆိုရင္ ခံႏုိင္ရည္ မရွိလို႔ ခဏခဏ ၿငီးတြားတယ္။ ကိုးလ လြယ္ၿပီး ၊ ဆယ္လ ဖြားရတဲ့ မိခင္တာ၀န္၊ ႏႈိင္းတုလို႔ မကုန္တဲ့ အေမ့ေက်းဇူးဂုဏ္ ေတြကို စိတ္မွာ ၾကက္သီးျဖန္းျဖန္းထမွ် ေလးစားရေတာ့တယ္။ ဒီျဖစ္စဥ္ဟာ တစ္ရက္တစ္လ ျဖစ္စဥ္ မဟုတ္။ ကလလ ရည္ၾကည္ သေႏၶတည္စက စၿပီး ခက္မငါးျဖာ ကိုယ္လက္အဂၤါေတြ ျဖစ္တည္လာဖို႔ အခ်ိန္ယူရတာက ဆယ္လ။
ကေလးမေမြးခင္ထဲက စရိတ္စက ကိုႀကိဳတင္စုရၿပီ။ ေမြးစရိတ္၊ စားစရိတ္၊ သြားစရိတ္၊ လာစရိတ္ ကအစ စုေဆာင္းရၿပီ။ ေလာကႀကီးထဲကို လူတစ္ေယာက္ေမြးလာဖို႔ ဆိုတာ လြယ္တဲ့ကိစၥေတာ့ မဟုတ္။ သေႏၶတည္စကေန အခ်ိန္တန္အရြယ္ေရာက္လာတဲ့ထိ ျပဳစုေစာင့္ေရွာက္ရတဲ့ အခ်ိန္ေတြ၊ ေငြေၾကးေတြ၊ အင္အားေတြ၊ စိတ္ဓါတ္ေတြ၊ ေမတၱာ ဂရုဏာတရားေတြ အမ်ားႀကီးရင္းထားရတယ္။ ဒါေၾကာင့္ မိဘေတြဟာ သားသမီးေတြအေပၚ ဘယ္ေလာက္ေတာင္ ေမွ်ာ္လင့္ခ်က္ႀကီးမားခဲ့မလဲ ဆိုတာ ကၽြန္ေတာ္ မွန္းဆလို႔ ရသြားတယ္။ ကိုယ္ကိုယ္တိုင္ မိဘ ျဖစ္လာလို႔ကိုး။ ဒီစာမူေလးနဲ႔ ေမြးသမိခင္ ကၽြန္ေတာ့္အေမကို ဦးညြတ္ကန္ေတာ့လိုက္ရပါတယ္။ ေမေမ က်န္းခန္႔သာလို႔ မာပါေစ။ ေမေမ မသိေအာင္ ယူခဲ့မိတဲ့ ေငြတစ္က်ပ္ေလးရဲ႕ တန္ျပန္ကို သား ျပန္ခံစားေနရၿပီ ေမေမ။
ခုလို တစ္ေန႔ေပါ့။ ကိုယ္ကိုယ္တိုင္ မိဘ ျဖစ္လာေတာ့မွ မိဘတို႔ရဲ႕ေမတၱာတရားကို နားလည္လာေတာ့တယ္။
ဒါ ကၽြန္ေတာ္ ေတြ႔လိုက္ရတဲ့ အလင္းတန္း တစ္ခုပါပဲ။ ။
++++
ကေလာင္ - သိရ္(ေအးသာယာ)
No comments:
Post a Comment