Font

Wellcome

စည္သာဟိန္း မွ လႈိုက္လွဲစြာၾကိဳဆိုပါသည္

Friday, November 12, 2021

စိတ်တိုလွယ်ခြင်း


ကျွန်တော့် စိတ်မှာ ဒေါသဖြစ်လွယ်၊ စိတ်တိုလွယ်ပြီး ကိစ္စ အတော်များများကို သံသယဖြစ်ပွါးနေရခြင်းရဲ့ အကြောင်းကို လေ့လာကြည့်လိုက်တော့ အောက်ပါ အချက်များကို တွေ့လိုက်ရတယ်။

1) အိပ်ရေးပျက်လွန်းမှုများခြင်း

2) နေ့စဉ် အထိုင်များခြင်း

3) ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း

4) လိင်စိတ် လွန်ကဲခြင်း

5) စာပေဖတ်ရှုမှု မရှိခြင်း နှင့်

6) ဂိမ်း အလွန်အမင်း ကစားမှု တို့ကြောင့်

ဆိုတာကို လေ့လာ တွေ့ရှိရပါတယ်။

လူတစ်ယောက်ရဲ့ ပုံမှန် အိပ်ချိန် အတိုင်းအတာကို မရရှိတဲ့အခါ ခန္ဓာကိုယ်ဇီဝ ဖြစ်စဉ်တွေ ပြောင်းလဲပြီး၊ စိတ်တိုလွယ်ကြောင်း အသက်တိုတတ်ကြောင်း အနောက်တိုင်း သူတေသီများရဲ့ လေ့လာသုတေသန ပြုချက်များအရ သိရပါတယ်။ စမ်းသပ်ချက်များက ခွေး ၁၀ ကောင်နှင့် စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ၅ ကောင်စီ ကို တစ်အုပ်စုဖွဲ့ပြီး၊ တစ်ဖွဲ့ကို အစားကောင်းကောင်း ကျွေးပြီး မအိပ်ခိုင်းပါဘူး။ တစ်ဖွဲ့ကိုတော့ အစားမကျွေးပဲ အိပ်ခိုင်းထားပါတယ်။ တစ်လလောက်ကြာတဲ့ အခါ မအိပ်ရတဲ့ ခွေး ၅ ကောင်အနက် ဖျားခြင်း၊ သေဆုံးခြင်း စတာတွေ ဖြစ်ပေါ်ပေမယ့် အစာမစားရပေမယ့် အိပ်ရေးဝတဲ့ ခွေးတွေဟာ ဘာမှ ထူးခြားမှု သိပါမရှိဘူး ဆိုတာ သိခဲ့ရပါသတဲ့။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် အိပ်စက်ခြင်းရဲ့ အရေးပါပုံကို သိမြင်လောက်ပြီလို့ ယူဆပါတယ်။

ဒါကြောင့် ပုံမှန် အိပ်ချိန်ရအောင် ညှိယူရပါမယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ အိပ်ချိန်ချင်း မတူကြပါဘူး။ အိပ်စက်လိုက်လို့ စိတ်မှာ လန်းလန်းဆန်းဆန်း နဲ့ ပျော်ပျော်ရွှင်ရွှင် နိုးထ လာတယ် ဆိုရင် ဒါဟာ သင့်ရဲ့ အကောင်းမွန်ဆုံး အိပ်ချိန်ပါပဲ။ လူတစ်ယောက်ဟာ ၃ ဆက်တိုက် ထိတော့ အိပ်ရေး ပျက်ခံနိုင်ပါတယ်။ တစ်ရက်ကို နာရီနည်းနည်း စီ အိပ်ရေးပျက်သွားရုံနဲ့ သိပ်မသိသာပါဘူး။ အကြွေးမှတ်ထားလို့ ရတယ် ဆိုတဲ့ သဘောပါပဲ။ အဲ အိပ်ရေး အပျက်များ ရင်တော့ မရတော့ဘူး။ စိတ်ကိုထိခိုက်စေပြီး စိတ်မရှည်တော့ဘူး။ အကြွေးများသွားသူလိုပေါ့။ အဲဒီအခါမှာ တိုးရင်းပေါင်း အကြွေးဆပ်တဲ့ အနေနဲ့ တစ်ရက်လောက် ဖြစ်ဖြစ် အိပ်ရေးဝတဲ့ထိ အိပ်ရေး မဝမခြင်း အိပ်စက်သင့်ပါတယ်။ ၁၂ နာရီလည်း ဖြစ်နိုင်သလို ၂၄ နာရီလည်း ဖြစ်နိုင်တယ်။ မွေးကင်းစ ကလေးငယ် တစ်ယောက် အိပ်ချိန်ဟာ ၁၈ နာရီ ရှိပါတယ်။ အရွယ်ရောက်လာရင် ၁၂ နာရီပါ။ သာမာန် လူတစ်ယောက်အနေနဲ့ အနည်းဆုံး အိပ်ချိန် ၈ နာရီ ရှိသင့်ပါတယ်။

အထိုင်များပြီ ဆိုမှတော့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးမယ် ဆိုတာ သေချာပါတယ်။ အထိုင်များခြင်းဟာ ရောဂါပေါင်းစုံရဲ့ ဇစ်မြစ် ဖြစ်နေတတ်ပါတယ်။ သုတေသန ပြုချက်အရ လူတစ်ယောက် စားသုံးလိုက်တဲ့ ကယ်လိုရီတွေ ပြန်လည် ချေဖျက်နိုင်ဖို့ အတွက် တစ်ရက်ခြေလှမ်း ၂ သောင်းလောက် လမ်းလျှောက်သင့်တယ်လို့ ဆိုထားပါတယ်။ လမ်းမလျှောက်နိုင်ဘူးဆိုရင် အိမ်ရှင်းတာတို့ ၊ ခြံရှင်းတာတို့၊ အဝတ်လျှော်၊ မီးဖိုချောင်ကိစ္စ လုပ်တာတို့စတဲ့ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပေးသင့်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ နေ့စဉ် ရက်ဆက်ဆိုသလို အထိုင်များသူ တစ်ယောက်ဆိုရင် ကယ်လိုရီတက်လို့ ကိုယ်အလေးချိန် များလာပြီး ၀ လာနိုင်ပါတယ်။ နဂိုပိန်သူ တစ်ယောက် ဆိုရင်တော့ ဇက်ကြောတက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်ကျရောဂါ ဖြစ်ခြင်းတို့ကို ခံစားဖို့ အလားလာ များပါတယ်။ ဒီနေရာမှာ ကျင့်စဉ်တစ်ရပ် အနေနဲ့ ထိုင်ခြင်းကိုတော့ မရည်ရွယ်ပါဘူး။ အမှုမဲ့ အမှတ်မဲ့ ထိုင်နေခြင်းမျိုးကို ဆိုလိုခြင်းပါ။ ယောဂ ကျင့်စဉ် ထိုင်ခြင်းကတော့ ခန္ဓာကိုယ်ပုံစံနဲ့ အသက်ရှုမှုတွေကြောင့် ကျန်းမာရေး အတွက် သိပ်ကို ကောင်းပါတယ်။ တရားထိုင်ခြင်းဟာလည်း စိတ်ထွက်ပေါက် ဖြစ်စေတဲ့ အတွက် ရောဂါ အတော်များများကို သက်သာစေကြောင်း တွေ့ရှိထားပြီး ဖြစ်ပါတယ်။

လိင်စိတ်လွန်ကဲခြင်းနဲ့ ဂိမ်းဆော့များခြင်း တို့ဟာလည်း လူ့စိတ်ကို အရိုင်းစိတ် ပေါက်စေတတ်ပါတယ်။ ဂိမ်းဆော့ ခြင်းကြောင့် စိတ်အလိုမကျခြင်း၊ ဒေါသဖြစ်ခြင်း၊ ရှုံးနိမ့်ခြင်းကြောင့် မကျေမချမ်း ဖြစ်ခြင်း တို့ကို ခံစားရစေပါတယ်။ သတ်တဲ့၊ ဖြတ်တဲ့ ဂိမ်းများကို ကစားရင် ပိုဆိုးပါတယ်။ ဂိမ်းကစားများတဲ့ ကလေး အများစု ဟာ စိတ်မရှည်ကြတာ များပါတယ်။ လူကြီးကိုလည်း လူကြီးမှန်းမသိ၊ ရွယ်တူချင်းချင်းလည်း လေးစားသမှု မရှိတော့တာ သတ်ဖြတ်ဂိမ်းများ ဆော့ကစား ခြင်းကြောင့်ပါ။

နောက်ထပ် ပံ့ပိုးတဲ့ အခြားအကြောင်းရင်း တစ်ခုကတော့ ပတ်ဝန်းကျင် ရိုင်းစိုင်းမှု ပါ။ လူတစ်ယောက်ဟာ ရိုင်းစိုင်းတဲ့ ပတ်ဝန်းကျင်ကို ရောက်သွားခဲ့ရင် အရိုင်းစိုင်း တစ်ယောက် ဖြစ်သွားဖို့ အတွက် ၉၀ ရာနှုန်း သေချာနေပါတယ်။ ဒါ ဘာကြောင့် ဒီလောက်သေချာ နေလည်း ဆိုရင် ကိုယ်တွေ့ကြောင့်ပါ။ ကျွန်တော်တို့ဟာ ဆိတ်ငြိမ် ရပ်ကွက် တစ်ခုကနေ အမှတ်မထင် ပြောင်းရွှေ့ခဲ့ရပြီး၊ ရွာတစ်ရွာ ဆီကို ရောက်သွားတယ်။ အဲဒီရွာကလူတွေက အေးချမ်းကြပေမယ့် အိမ်မျက်စောင်းထိုးက ကုရင်မ တစ်ယောက်ကတော့ အရက်ကို အားအား ရှိ အချိတ်တိုင်း သောက်ပြီး ရပ်ကွက်ကိုလည်း အော်အော်ဆဲနေလေ့ ရှိပါတယ်။ တစ်ရက်၊ တစ်လ ဆိုရင် ပြောစရာ မရှိပါဘူး။ နှစ်တွေ ကြာလာတဲ့ အထိ ဒီဆဲဆိုသံ တွေ ကြားတာများလာတော့ ကြားရသူရဲ့ စိတ်တွေ ကြမ်းတမ်းလာတယ်။ ပြောရဲလား ဆိုတော့ ဆေးလက်မှတ်ရှိတယ် ဆိုလို့ သွားလည်း မပြောရဲဘူး။ ခံပေါ့။ နောက်ပြီး သူ့အိမ်ဘေးက ဝိုင်းလွတ်ထဲမှာလည်း ညနေ ညနေပိုင်းဆိုရင် ရွာသူရွာသားတွေ ပိုက်ကျော်ခြင်း လာလာခတ်လေ့ရှိတယ်။ လူငယ်တွေ ဆိုတော့ သိတဲ့အတိုင်း အားရပါးရ အော်ဟစ်ခြင်း၊ စိတ်လိုက်မာန်ပါ ဆဲဆိုခြင်း တွေ ရှိတယ်။ ဆိုတော့ ဒီအသံတွေကို နေ့စဉ်နဲ့ အမျှ ကြားနေရတော့ စိတ်ရိုင်းပေါက်ဖို့ အတွက် အကြောင်းအထောက်အပံ့ တစ်ခု ဖြစ်တယ် ဆိုတာ သေချာနေပါတော့တယ်။

စာဖတ်အားနည်းလာရင် ဘာဖြစ်လာလည်း ဆိုတော့ တုံး အ လာတတ်တယ်။ ခံစားချက်များလွန်းတဲ့ အခါ စိတ်ဟာ ထွက်ပေါက်မရှိပဲ မွန်းကျပ်နေတတ်တယ်။ ဒါကို တချို့တလေက ယမကာ နဲ့ ထွက်ပေါက်ရှာတတ်ကြတယ်။ မိန်းကလေးတွေ ဆိုလည်း စိတ်ထွက်ပေါက် ရှာတဲ့အနေနဲ့ လုပ်မိလုပ်ရာ လုပ်တတ်ကြတယ်။ အမှန်က စာဖတ်လိုက်ရုံနဲ့ အကျိုးများစွာ ဖြစ်ထွန်းစေပါတယ်။ စိတ်တည်ငြိမ်စေတယ်။ အာရုံစူးစိုက်မှု အားကောင်းတဲ့ အတွက် အခြားအကြောင်းအရာ တွေကို တွေးနေဖို့ အခွင့် မသာဘူး။ အာရုံစူးစိုက်မှု အားကောင်းလာတာနဲ့ တပြိုင်နက် သမာဓိတည်လာပြီဆိုရင် အဆိုးအကောင်း၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား လာနိုင်ပြီး မိမိကိုယ်မိမိ ပြန်လေ့လာ သုံးသပ်နိုင်တယ်။ စာဖတ်ခြင်းဟာ တစ်ထိုင်ထဲနဲ့ ဗဟုသုတ အများကြီးကို ရစေတဲ့ အတွက် လူ ရာ, ထောင် ပေါင်းများစွာနဲ့ စကားပြောခြင်းလည်း မြည်ပါတယ်။ ကိုယ်မသိတာတွေ သိလာသလို၊ မိမိ ခံစားနေရတဲ့ ရုပ်ဖြစ်စဉ်၊ နာမ်ဖြစ်စဉ်တွေကို စာထဲမှာ တွေ့တွေ့ လာရတယ်။ စာဖတ်ပုံခြင်း တူပေမယ့် ခံယူနှလုံးသွင်း ဆင်ခြင်ပုံခြင်း မတူနိုင်ပါဘူး။ စာအုပ်တစ်အုပ်ကို ပဲ ပထမအကြိမ် ဖတ်တဲ့ အတွေးနဲ့ ဒုတိယ အကြိမ် ဖတ်တဲ့ အတွေး မတူပါဘူး။ ဒါ ဘာကြောင့်လဲ ဆိုရင် မိမိ အတွေ့အကြုံ ရယ် မိမိ ဉာဏ်ပညာ ရယ်ကြောင့် အပြောင်းအလဲ ဖြစ်ရခြင်းပါ။ တင်စားရမယ် ဆိုရင် ကောင်းကင်ကြီးကို ထွက်ကြည့်ရသလိုပဲ။ ကျွန်တော်တို့ ကောင်းကင်ကြီးကို မွေးစက အခု အချိန်ထိ အကြိမ်ကြိမ် မြင်ဖူးနေတာပဲ။ ငယ်ရွယ်စဉ်ကတော့ ကောင်းကင်ကြီး ကြည့်ပြီး စိတ်ကူးယဉ်တယ်။ လူလတ်ပိုင်းရောက်လာတော့ သဘာဝ အလှကို ခံစားတယ်။ ရင့်ကျက်လာတဲ့ လူတစ်ယောက် အတွက်ကတော့ သံဝေဂတရား  ဖြစ်ပွါးမှာပဲ။ အပြောကျယ်လှတဲ့ ကောင်းကင်ကြီးကို ရှုမြင်ပုံခြင်း မတူကြသလို၊ စာအုပ်စာပေ ဖတ်ရှုပုံခြင်းလည်း မတူနိုင်ပါဘူး။ စာဖတ်ခြင်းဟာလည်း စိတ်ထွက်ပေါက်ဖြစ်တတ်တဲ့ အတွက် ဖိစီးမှု လျှော့ချပေးပါတယ်။

အားလုံးကို ခြုံငုံပြီး ပြောရမယ် ဆိုရင် ဘယ်အရာကို မှ လွန်လွန်ကျူးကျူး မပြုလုပ်သင့်ကြောင်း ဆိုတဲ့ အချက်ကို တွေ့ရတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

ကလောင် - သိရ် (အေးသာယာ)

စိတ္တိုလြယ္ျခင္း Zawgyi

ကၽြန္ေတာ့္ စိတ္မွာ ေဒါသျဖစ္လြယ္၊ စိတ္တိုလြယ္ၿပီး ကိစၥ အေတာ္မ်ားမ်ားကို သံသယျဖစ္ပြါးေနရျခင္းရဲ႕ အေၾကာင္းကို ေလ့လာၾကည့္လိုက္ေတာ့ ေအာက္ပါ အခ်က္မ်ားကို ေတြ႔လိုက္ရတယ္။

1)     အိပ္ေရးပ်က္လြန္းမႈမ်ားျခင္း

2)     ေန႔စဥ္ အထိုင္မ်ားျခင္း

3)     ကိုယ္လက္လႈပ္ရွားမႈ နည္းပါးျခင္း

4)     လိင္စိတ္ လြန္ကဲျခင္း

5)     စာေပဖတ္ရွဳမႈ မရွိျခင္း ႏွင့္

6)     ဂိမ္း အလြန္အမင္း ကစားမႈ တို႔ေၾကာင့္

ဆိုတာကို ေလ့လာ ေတြ႔ရွိရပါတယ္။

လူတစ္ေယာက္ရဲ႕ ပံုမွန္ အိပ္ခ်ိန္ အတုိင္းအတာကို မရရွိတဲ့အခါ ခႏၶာကိုယ္ဇီ၀ ျဖစ္စဥ္ေတြ ေျပာင္းလဲၿပီး၊ စိတ္တိုလြယ္ေၾကာင္း အသက္တိုတတ္ေၾကာင္း အေနာက္တိုင္း သူေတသီမ်ားရဲ႕ ေလ့လာသုေတသန ျပဳခ်က္မ်ားအရ သိရပါတယ္။ စမ္းသပ္ခ်က္မ်ားက ေခြး ၁၀ ေကာင္ႏွင့္ စမ္းသပ္ခဲ့တာ ျဖစ္ပါတယ္။ ၅ ေကာင္စီ ကို တစ္အုပ္စုဖြဲ႔ၿပီး၊ တစ္ဖဲြ႔ကို အစားေကာင္းေကာင္း ေကၽြးၿပီး မအိပ္ခိုင္းပါဘူး။ တစ္ဖြဲ႔ကိုေတာ့ အစားမေကၽြးပဲ အိပ္ခိုင္းထားပါတယ္။ တစ္လေလာက္ၾကာတဲ့ အခါ မအိပ္ရတဲ့ ေခြး ၅ ေကာင္အနက္ ဖ်ားျခင္း၊ ေသဆံုးျခင္း စတာေတြ ျဖစ္ေပၚေပမယ့္ အစာမစားရေပမယ့္ အိပ္ေရး၀တဲ့ ေခြးေတြဟာ ဘာမွ ထူးျခားမႈ သိပါမရွိဘူး ဆိုတာ သိခဲ့ရပါသတဲ့။ ဒီအခ်က္ကို ၾကည့္ျခင္းအားျဖင့္ အိပ္စက္ျခင္းရဲ႕ အေရးပါပံုကို သိျမင္ေလာက္ၿပီလို႔ ယူဆပါတယ္။

ဒါေၾကာင့္ ပံုမွန္ အိပ္ခ်ိန္ရေအာင္ ညွိယူရပါမယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ဟာ အိပ္ခ်ိန္ခ်င္း မတူၾကပါဘူး။ အိပ္စက္လိုက္လို႔ စိတ္မွာ လန္းလန္းဆန္းဆန္း နဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ႏိုးထ လာတယ္ ဆိုရင္ ဒါဟာ သင့္ရဲ႕ အေကာင္းမြန္ဆံုး အိပ္ခ်ိန္ပါပဲ။ လူတစ္ေယာက္ဟာ ၃ ဆက္တိုက္ ထိေတာ့ အိပ္ေရး ပ်က္ခံႏုိင္ပါတယ္။ တစ္ရက္ကို နာရီနည္းနည္း စီ အိပ္ေရးပ်က္သြားရံုနဲ႔ သိပ္မသိသာပါဘူး။ အေၾကြးမွတ္ထားလို႔ ရတယ္ ဆိုတဲ့ သေဘာပါပဲ။ အဲ အိပ္ေရး အပ်က္မ်ား ရင္ေတာ့ မရေတာ့ဘူး။ စိတ္ကိုထိခုိက္ေစၿပီး စိတ္မရွည္ေတာ့ဘူး။ အေၾကြးမ်ားသြားသူလုိေပါ့။ အဲဒီအခါမွာ တိုးရင္းေပါင္း အေၾကြးဆပ္တဲ့ အေနနဲ႔ တစ္ရက္ေလာက္ ျဖစ္ျဖစ္ အိပ္ေရး၀တဲ့ထိ အိပ္ေရး မ၀မျခင္း အိပ္စက္သင့္ပါတယ္။ ၁၂ နာရီလည္း ျဖစ္ႏုိင္သလို ၂၄ နာရီလည္း ျဖစ္ႏုိင္တယ္။ ေမြးကင္းစ ကေလးငယ္ တစ္ေယာက္ အိပ္ခ်ိန္ဟာ ၁၈ နာရီ ရွိပါတယ္။ အရြယ္ေရာက္လာရင္ ၁၂ နာရီပါ။ သာမာန္ လူတစ္ေယာက္အေနနဲ႔ အနည္းဆံုး အိပ္ခ်ိန္ ၈ နာရီ ရွိသင့္ပါတယ္။

အထိုင္မ်ားၿပီ ဆိုမွေတာ့ ကိုယ္လက္လႈပ္ရွားမႈ နည္းပါးမယ္ ဆိုတာ ေသခ်ာပါတယ္။ အထုိင္မ်ားျခင္းဟာ ေရာဂါေပါင္းစံုရဲ႕ ဇစ္ျမစ္ ျဖစ္ေနတတ္ပါတယ္။ သုေတသန ျပဳခ်က္အရ လူတစ္ေယာက္ စားသံုးလုိက္တဲ့ ကယ္လိုရီေတြ ျပန္လည္ ေခ်ဖ်က္ႏိုင္ဖို႔ အတြက္ တစ္ရက္ေျခလွမ္း ၂ ေသာင္းေလာက္ လမ္းေလွ်ာက္သင့္တယ္လို႔ ဆိုထားပါတယ္။ လမ္းမေလွ်ာက္ႏိုင္ဘူးဆိုရင္ အိမ္ရွင္းတာတို႔ ၊ ၿခံရွင္းတာတို႔၊ အ၀တ္ေလွ်ာ္၊ မီးဖိုေခ်ာင္ကိစၥ လုပ္တာတို႔စတဲ့ကိုယ္လက္လႈပ္ရွားမႈေတြ လုပ္ေပးသင့္ပါတယ္။ ဒီလုိမွ မဟုတ္ပဲ ေန႔စဥ္ ရက္ဆက္ဆိုသလို အထုိင္မ်ားသူ တစ္ေယာက္ဆိုရင္ ကယ္လိုရီတက္လို႔ ကိုယ္အေလးခ်ိန္ မ်ားလာၿပီး ၀ လာႏုိင္ပါတယ္။ နဂိုပိန္သူ တစ္ေယာက္ ဆိုရင္ေတာ့ ဇက္ေၾကာတက္ျခင္း၊ စိတ္တိုလြယ္ျခင္း၊ စိတ္က်ေရာဂါ ျဖစ္ျခင္းတို႔ကို ခံစားဖို႔ အလားလာ မ်ားပါတယ္။ ဒီေနရာမွာ က်င့္စဥ္တစ္ရပ္ အေနနဲ႔ ထုိင္ျခင္းကိုေတာ့ မရည္ရြယ္ပါဘူး။ အမႈမဲ့ အမွတ္မဲ့ ထိုင္ေနျခင္းမ်ဳိးကို ဆိုလိုျခင္းပါ။ ေယာဂ က်င့္စဥ္ ထုိင္ျခင္းကေတာ့ ခႏၶာကိုယ္ပံုစံနဲ႔ အသက္ရွဳမႈေတြေၾကာင့္ က်န္းမာေရး အတြက္ သိပ္ကို ေကာင္းပါတယ္။ တရားထိုင္ျခင္းဟာလည္း စိတ္ထြက္ေပါက္ ျဖစ္ေစတဲ့ အတြက္ ေရာဂါ အေတာ္မ်ားမ်ားကို သက္သာေစေၾကာင္း ေတြ႔ရွိထားၿပီး ျဖစ္ပါတယ္။

လိင္စိတ္လြန္ကဲျခင္းနဲ႔ ဂိမ္းေဆာ့မ်ားျခင္း တို႔ဟာလည္း လူ႕စိတ္ကို အရိုင္းစိတ္ ေပါက္ေစတတ္ပါတယ္။ ဂိမ္းေဆာ့ ျခင္းေၾကာင့္ စိတ္အလိုမက်ျခင္း၊ ေဒါသျဖစ္ျခင္း၊ ရွဳံးနိမ့္ျခင္းေၾကာင့္ မေက်မခ်မ္း ျဖစ္ျခင္း တို႔ကို ခံစားရေစပါတယ္။ သတ္တဲ့၊ ျဖတ္တဲ့ ဂိမ္းမ်ားကို ကစားရင္ ပိုဆိုးပါတယ္။ ဂိမ္းကစားမ်ားတဲ့ ကေလး အမ်ားစု ဟာ စိတ္မရွည္ၾကတာ မ်ားပါတယ္။ လူႀကီးကိုလည္း လူႀကီးမွန္းမသိ၊ ရြယ္တူခ်င္းခ်င္းလည္း ေလးစားသမႈ မရွိေတာ့တာ သတ္ျဖတ္ဂိမ္းမ်ား ေဆာ့ကစား ျခင္းေၾကာင့္ပါ။

ေနာက္ထပ္ ပံ့ပိုးတဲ့ အျခားအေၾကာင္းရင္း တစ္ခုကေတာ့ ပတ္၀န္းက်င္ ရိုင္းစုိင္းမႈ ပါ။ လူတစ္ေယာက္ဟာ ရုိင္းစုိင္းတဲ့ ပတ္၀န္းက်င္ကို ေရာက္သြားခဲ့ရင္ အရိုင္းစုိင္း တစ္ေယာက္ ျဖစ္သြားဖို႔ အတြက္ ၉၀ ရာႏႈန္း ေသခ်ာေနပါတယ္။ ဒါ ဘာေၾကာင့္ ဒီေလာက္ေသခ်ာ ေနလည္း ဆိုရင္ ကိုယ္ေတြ႔ေၾကာင့္ပါ။ ကၽြန္ေတာ္တို႔ဟာ ဆိတ္ၿငိမ္ ရပ္ကြက္ တစ္ခုကေန အမွတ္မထင္ ေျပာင္းေရႊ႕ခဲ့ရၿပီး၊ ရြာတစ္ရြာ ဆီကို ေရာက္သြားတယ္။ အဲဒီရြာကလူေတြက ေအးခ်မ္းၾကေပမယ့္ အိမ္မ်က္ေစာင္းထိုးက ကုရင္မ တစ္ေယာက္ကေတာ့ အရက္ကို အားအား ရွိ အခ်ိတ္တိုင္း ေသာက္ၿပီး ရပ္ကြက္ကုိလည္း ေအာ္ေအာ္ဆဲေနေလ့ ရွိပါတယ္။ တစ္ရက္၊ တစ္လ ဆိုရင္ ေျပာစရာ မရွိပါဘူး။ ႏွစ္ေတြ ၾကာလာတဲ့ အထိ ဒီဆဲဆိုသံ ေတြ ၾကားတာမ်ားလာေတာ့ ၾကားရသူရဲ႕ စိတ္ေတြ ၾကမ္းတမ္းလာတယ္။ ေျပာရဲလား ဆိုေတာ့ ေဆးလက္မွတ္ရွိတယ္ ဆိုလို႔ သြားလည္း မေျပာရဲဘူး။ ခံေပါ့။ ေနာက္ၿပီး သူ႔အိမ္ေဘးက ၀ုိင္းလြတ္ထဲမွာလည္း ညေန ညေနပိုင္းဆိုရင္ ရြာသူရြာသားေတြ ပိုက္ေက်ာ္ျခင္း လာလာခတ္ေလ့ရွိတယ္။ လူငယ္ေတြ ဆိုေတာ့ သိတဲ့အတုိင္း အားရပါးရ ေအာ္ဟစ္ျခင္း၊ စိတ္လိုက္မာန္ပါ ဆဲဆိုျခင္း ေတြ ရွိတယ္။ ဆိုေတာ့ ဒီအသံေတြကို ေန႔စဥ္နဲ႔ အမွ် ၾကားေနရေတာ့ စိတ္ရိုင္းေပါက္ဖုိ႔ အတြက္ အေၾကာင္းအေထာက္အပံ့ တစ္ခု ျဖစ္တယ္ ဆိုတာ ေသခ်ာေနပါေတာ့တယ္။

စာဖတ္အားနည္းလာရင္ ဘာျဖစ္လာလည္း ဆိုေတာ့ တံုး အ လာတတ္တယ္။ ခံစားခ်က္မ်ားလြန္းတဲ့ အခါ စိတ္ဟာ ထြက္ေပါက္မရွိပဲ မြန္းက်ပ္ေနတတ္တယ္။ ဒါကို တခ်ဳိ႕တေလက ယမကာ နဲ႔ ထြက္ေပါက္ရွာတတ္ၾကတယ္။ မိန္းကေလးေတြ ဆိုလည္း စိတ္ထြက္ေပါက္ ရွာတဲ့အေနနဲ႔ လုပ္မိလုပ္ရာ လုပ္တတ္ၾကတယ္။ အမွန္က စာဖတ္လိုက္ရံုနဲ႔ အက်ဳိးမ်ားစြာ ျဖစ္ထြန္းေစပါတယ္။ စိတ္တည္ၿငိမ္ေစတယ္။ အာရံုစူးစုိက္မႈ အားေကာင္းတဲ့ အတြက္ အျခားအေၾကာင္းအရာ ေတြကို ေတြးေနဖို႔ အခြင့္ မသာဘူး။ အာရံုစူးစုိက္မႈ အားေကာင္းလာတာနဲ႔ တၿပိဳင္နက္ သမာဓိတည္လာၿပီဆိုရင္ အဆုိးအေကာင္း၊ အမွားအမွန္ကို ေ၀ဖန္ပိုင္းျခား လာႏုိင္ၿပီး မိမိကိုယ္မိမိ ျပန္ေလ့လာ သံုးသပ္ႏုိင္တယ္။ စာဖတ္ျခင္းဟာ တစ္ထုိင္ထဲနဲ႔ ဗဟုသုတ အမ်ားႀကီးကို ရေစတဲ့ အတြက္ လူ ရာ, ေထာင္ ေပါင္းမ်ားစြာနဲ႔ စကားေျပာျခင္းလည္း ျမည္ပါတယ္။ ကိုယ္မသိတာေတြ သိလာသလို၊ မိမိ ခံစားေနရတဲ့ ရုပ္ျဖစ္စဥ္၊ နာမ္ျဖစ္စဥ္ေတြကို စာထဲမွာ ေတြ႔ေတြ႔ လာရတယ္။ စာဖတ္ပံုျခင္း တူေပမယ့္ ခံယူႏွလံုးသြင္း ဆင္ျခင္ပံုျခင္း မတူႏိုင္ပါဘူး။ စာအုပ္တစ္အုပ္ကို ပဲ ပထမအႀကိမ္ ဖတ္တဲ့ အေတြးနဲ႔ ဒုတိယ အႀကိမ္ ဖတ္တဲ့ အေတြး မတူပါဘူး။ ဒါ ဘာေၾကာင့္လဲ ဆိုရင္ မိမိ အေတြ႔အႀကံဳ ရယ္ မိမိ ဥာဏ္ပညာ ရယ္ေၾကာင့္ အေျပာင္းအလဲ ျဖစ္ရျခင္းပါ။ တင္စားရမယ္ ဆိုရင္ ေကာင္းကင္ႀကီးကို ထြက္ၾကည့္ရသလိုပဲ။ ကၽြန္ေတာ္တို႔ ေကာင္းကင္ႀကီးကို ေမြးစက အခု အခ်ိန္ထိ အႀကိမ္ႀကိမ္ ျမင္ဖူးေနတာပဲ။ ငယ္ရြယ္စဥ္ကေတာ့ ေကာင္းကင္ႀကီး ၾကည့္ၿပီး စိတ္ကူးယဥ္တယ္။ လူလတ္ပိုင္းေရာက္လာေတာ့ သဘာ၀ အလွကို ခံစားတယ္။ ရင့္က်က္လာတဲ့ လူတစ္ေယာက္ အတြက္ကေတာ့ သံေ၀ဂတရား  ျဖစ္ပြါးမွာပဲ။ အေျပာက်ယ္လွတဲ့ ေကာင္းကင္ႀကီးကို ရွဳျမင္ပံုျခင္း မတူၾကသလို၊ စာအုပ္စာေပ ဖတ္ရွဳပံုျခင္းလည္း မတူႏုိင္ပါဘူး။ စာဖတ္ျခင္းဟာလည္း စိတ္ထြက္ေပါက္ျဖစ္တတ္တဲ့ အတြက္ ဖိစီးမႈ ေလွ်ာ့ခ်ေပးပါတယ္။

အားလံုးကို ၿခံဳငံုၿပီး ေျပာရမယ္ ဆိုရင္ ဘယ္အရာကို မွ လြန္လြန္က်ဴးက်ဴး မျပဳလုပ္သင့္ေၾကာင္း ဆိုတဲ့ အခ်က္ကို ေတြ႔ရတယ္ဆိုတာ တင္ျပလိုက္ရပါတယ္။

xxxxxxx

 

ကေလာင္ - သိရ္ (ေအးသာယာ)

No comments:

Post a Comment


Aung Hein - နည္​းပညာ