ပင့်ကူရ (သို့မဟုတ်) ပင်းတယ
💕Sitha(Tgi)💕
ရှမ်းပြည်နယ်မှာ လည်ပတ်ဖို့ အကောင်းဆုံး နေရာတစ်ခုဖြစ်ပြီး၊ နိုင်ငံခြားသားခရီးသည်များ ဒုတိယ အများဆုံး လာရောက်လည်ပတ်လေ့ ရှိကြတဲ့ နေရာတစ်ခုက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ မြို့ပါ။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပင်းတယမြို့နယ် နှင့် ရွာငံမြို့နယ် ဆိုပြီး နှစ်မြို့နယ် ရှိပါတယ်။ ရှမ်းတောင်မှာ နိုင်ငံခြားသား ခရီးသည် တွေကို ၀င်ကြေး ကောက်တဲ့ နေရာနှစ်ခုက အင်းလေးကန်နဲ့ ဓနုဒေသ ဖြစ်တဲ့ ပင်းတယ တို့ဖြစ်ပါတယ်။
ပင်းတယမြို့ကိုရောက်တာနဲ့ ထင်ရှားတဲ့ လက္ခဏာရပ်ကတော့ ကြီးမားလှတဲ့ နှစ်ပေါင်း (၂၀၀) ကျော် သက်တမ်းရင့် ညောင်ပင်ကြီးတွေ ဖြစ်ပါတယ်။ ညောင်ပင်အကြီးစားတွေများစွာ ဒီလိုအများကြီး တွေ့မြင်ရတာ အတော်ရှားပါတယ်။ ကက္ကူဘက်မှာလဲ အဲဒီလို ညောင်ပင်ကြီးတွေနဲ့ သပြေလုံးအပင်ကြီးတွေကိုလည်း တွေ့နိုင်ပါတယ်။
နောက်ထပ် ထူးခြားချက်တစ်ခုကတော့ ရှေးဟောင်း မွေတော်စေတီတော် များဟာ လက်ရာများပုံစံချင်း ဆင်ပြီး ဘုရားရုပ်ပွားတော်၊ ဆင်းတုတော် ဟာ လက်ရာချင်း နီးစပ်ကြပါတယ်။ ရှမ်းတောင်မှာ ရှိတဲ့ ပအိုဝ်းဒေသ ကက္ကူ မွေတော်ဘုရားများ၊ အင်းလေးကန်မှာ ရှိတဲ့ အလိုတော်ပေါက်ဘုရား နှင့် အခြားမွေတော်ဘုရားများ၊ ပင်းတယ မှာ ရှိတဲ့ မွေတော် ဘုရားများဟာ ခေတ်တစ်ခေတ်ထဲလို့ ယူဆရပါတယ်။
×××
ပင်းတယ ရဲ့ အထင်ကရများ
ပင်းတယမြို့မှာ ပုန်းတလုတ်ကန်၊ ရွှေဥမင် လှိုဏ်ဂူဘုရား၊ အလယ်ဂူဘုရား၊ ဆင်ခေါင်းဘုန်းကြီးကျောင်းနဲ့ အနီးအနားမှာရှိတဲ့ ကုံလုံကျောင်း တို့ကို လည်ပတ်လို့ ရပါတယ်။ ပင်းတယ နဲ့ အနီးအနားမှာ ရှိတဲ့ ရွာငံ ကိုလည်း သွားပြီး လည်ပတ်လို့ ကောင်းတဲ့ နေရာတွေ အများကြီး ရှိပါသေးတယ်။
ပင်းတယနဲ့ရွာငံ တို့ဟာ အင်မတန် ရှုခင်းကောင်းတဲ့ မြို့နှစ်မြို့ ဖြစ်တဲ့အတွက်ကြောင့် ဓါတ်ပုံဆရာတွေက အဲဒီ ဒေသတွေမှာ ရာသီမရွေး လာရောက်ရိုက်ကူးကြပါတယ်။ နွေရာသီနဲ့ ဆောင်းရာသီ ပွင့်လင်းရာသီတွေမှာ ပင်းတယ နဲ့ ရွာငံ တစ်ကြော ရှုခင်းတွေကို ဓါတ်ပုံရိုက်လို့ အကောင်းဆုံး အချိန်တွေပါပဲ။
တောလမ်းခရီးကြမ်းများ အဖြစ် ပင်းတယ- ရစကြီ ခရီးစဉ်ကို တစ်ည၊ နှစ်ည၊ သုံးည အိပ် ခရီးစဉ်၊ ပင်းတယ- အင်းလေး ကို ၃ ညအိပ် ၄ ရက် ခရီးကြမ်း နဲ့ ရွာငံ- ပင်းတယ- ကလောကို (၂)ညအိပ် (၃)ရက် လမ်းလျှောက်နိုင်ပါတယ်။ ပင်းတယ- ကန်လှကုန်း၊ ရွှေပုထိုး ကို နေ့ချင်းပြန် ဖြစ်စေ၊ တစ်ညအိပ်မှ ငါးညအိပ် အထိ စိတ်ကြိုက် နှစ်သက်သလို လည်ပတ်နိုင်ပါတယ်။ နိုင်ငံခြားသားတွေ အကြိုက်တွေ့စေတဲ့ လမ်းလျှောက် ခရီးကြမ်း ခရီးစဉ် များလည်း ဖြစ်ပါတယ်။
×××
ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူ ဘုရား
ရှေးဟောင်းဒဏ္ဍာရီလာ အရ “ပင့်ကူရ” မှ ဆင်းသက်လာသည်ဟု ဆိုကြပြီး၊ တောင်ခြေတွင် နတ်သမီး ခုနှစ်ဖော် ရေကစားခဲ့သည်ဟု ဆိုသော ပုန်းတလုတ်ရေကန်လည်း တည်ရှိသည်။
ပင်လယ်ရေမျက်နှာပြင် အထက် ၄၉၇၀ ပေ တွင် တည်ရှိပြီး၊ ဂူရဲ့ အရှည်ဟာ ပေ ၄၉၀ ဖြစ်ပြီး၊ အမြင့်ဆုံး နေရာ ပေ ၁၅၀ မြင့်ကာ၊ ဂူထဲမှာ ဗုဒ္ဓရုပ်ပွားတော် ၈၀၀၀ ကျော် ခန့် ရှိတယ်။
ပင်းတယရွှေဥမင်သဘာဝလှိုဏ်ဂူတော်ဘုရားသည် တောင်တန်း၏ တောင်ကြောပေါ်တွင် တည်ထားခြင်းဖြစ်ကာ၊ တောင်ကြောမှာ ဂူပေါက် ၃ ပေါက် ရှိပြီး ဘယ်ဘက်အပေါက်ဝ (ဓါတ်လှေကားဘက်) ရှိတဲ့ နေရာကို အဓိက လည်ပတ်ကြပါတယ်။ ညာဘက်မှာ ကျောင်းဆောင်ကြီးနဲ့ ဘုန်းတော်ကြီးကျောင်းတွေ စေတီတော်တွေနဲ့ တခြားဂူတွေလည်း အများကြီး ရှိပါသေးတယ်။
ရွှေဥမင်လှိုဏ်ဂူတွင် ဘုရားအဆူပေါင်း (၈၀၉၄) တည်ထားပြီး၊ ပထမဆုံး တည်ထားသော ကုသိုလ်ရှင်မှာ အသောကမင်းကြီး ဖြစ်ကာ၊ ဒုတိယ ကုသိုလ်ရှင်မှာ အလောင်းစည်သူ မင်းဖြစ်ပြီး၊ ရွှေဥမင်သဘာဝလှိုဏ်ဂူသည် ပေပေါင်း(၄၉၀) ၀င်ရောက်နိုင်ကာ၊ ယခုအခါ ဓါတ်လှေကား နှစ်စင်းဖြင့် အတက်အဆင်းပြုလုပ်ပေးနေကြောင်း သိရသည်။ ပင်းတယရွှေဥမင်သဘာဝ လှိုဏ်ဂူတော် သည် အင်းလေးကန်ကဲ့သို့ပင် ထုံးကျောက်တောင်ဖြစ်ပြီး၊ နိုင်ငံတကာမှ သုတေသီများက ကျောက်စက်တိုင်ကို စမ်းသပ်ချက်အရ နှစ်သက်တမ်းအားဖြင့် နှစ်သန်းပေါင်း ၂၀၀ ကျော်ပြီ ဖြစ်ကြောင်း၊ သိရသည်။ ဂူအတွင်းထဲတွင် ဆင်ချည်တိုင်၊ မြင်းချည်တိုင်၊ ၀င်္ကပါ ဂူ ၊ ချွေးထွက်ဘုရား၊ အောင်မြေ ၊ နတ်ရေကန် တို့သည် ထင်ရှားသဖြင့် လာရောက် ကြည်ရှု ဖူးမျှော်သူ များပြားခြင်း ဖြစ်ကြောင်း သိရသည်။
“ ဒါကတော့ ရွှေဥမင် သဘာဝ လှိုဏ်ဂူတော်ဘုရားပါ။ ၀န်ထမ်းတွေအားလုံး ၄၀ ကျော်လောက် ရှိပါတယ်။ သီတင်းကျွတ်မှာဆိုရင် ဆီမီး ၉၀၀၀ ပူဇော်ပွဲ လှူကြတယ်။ အခါကြီးရက်ကြီး မှာ ဆွမ်းတော်ကြီး တင်ကြပါတယ်။ တပေါင်းပွဲမှာလည်း တပေါင်းပွဲကျင်းပပါတယ်။ ညောင်ပင်ကြီးမှာလည်း ကျင်းပတယ်။ ဓနု ရိုးရာ ပွဲတော်လည်း ကျင်းပကြပါတယ်။ ဘုရားဖူးတွေ အများအပြား လာရောက်လည်ပတ်လေ့ ရှိပါတယ်။ ”
ဟု ရွှေဥမင်သဘာဝလှိုဏ်ဂူတော်ဘုရား ဂေါပက ဘဏ္ဍာရန်ပုံငွေ ရှာဖွေရေးအဖွဲ့ ဦးစံမြ က ပြောကြားသည်။
ဒါ့အပြင် ရှေးဟောင်း လက်ရာတွေ မထိန်းသိမ်းဘဲ ပျက်စီးတာတွေ၊ ငှက်ချေးကြောင့် ပျက်စီးနေတာတွေ ရှိနေကြောင်း ဒေသခံ တချို့ကလည်းပြောပြကြပါတယ်။ သဘာဝလှိုဏ်ဂူတွေ အကြောက်ရဆုံးက ငလျင်ဒဏ် နဲ့ မိုင်းခွဲခြင်း တွေကိုပါပဲ။
သည် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင် ပင်းတယမြို့နယ်တွင် ပင်းတယ ရွှေဥမင်းလိုဏ်ဂူဘုရား တည်ရှိပြီး၊ အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တွင် ကလောမြို့နယ်၊ အနောက်နှင့်အနောက်မြောက်ဘက်တွင် ရွာငံမြို့နယ် ၊ မြောက်ဘက်တွင် ရပ်စောက်မြို့နယ်ဟူပြီး (၃)မြို့နယ်အကြားတွင် တည်ရှိနေပါတယ်။
xxx
တည်နေရာ
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ မြို့နယ် ဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၈၈၀ ပေ တွင် တည်ရှိပြီး ကျေးရွာပေါင်း (၁၂၅၉) ရွာ ရှိကာ၊ ဓနု တိုင်းရင်းသား လူမျိုးများ အဓိက အများဆုံး နေထိုင်ပြီး၊ တောင်ယာ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြတာ ဖြစ်ပါတယ်။
တောင်ကြီးကနေ သွားမယ် ဆိုရင် အောင်ပန်း လမ်းခွဲ အတိုင်း ပင်းတယ ကို ဆက်သွားရပါတယ်။
ပင်းတယမှာ အမြင့်ဆုံးတောင်ကို အရှေ့ပြင် အနောက်ပြင် တောင် ဟာ ၇၇၅၂ ပေ မြင့်ပြီး၊ ပန်းစစ်တောင်ဟာ ၆၈၃၀ ပေ မြင့်ပါတယ်။
ရှမ်းပြည်နယ် တစ်ခု လုံးမှာတော့ ရှမ်း တိုင်းရင်းသား တွေ ပျံ့နှံ့နေထိုင်ကြသလို၊ ရွာငံ၊ နောင်ချို၊ ပင်းတယ၊ ဘော်ဆိုင်း ဒေသ တွေမှာ ဓနု တိုင်းရင်းသား တွေ အများဆုံး နေထိုင်ကြတာလည်း ဖြစ်ပါတယ်။
×××
လက်ရှိ အခြေအနေ
ပင်းတယ မြို့ပေါ်မှာ လူဦးရေ နှစ်သောင်းခွဲ လောက် နေထိုင်ကြပြီးတော့ အခုဆိုရင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်နေပါပြီ။ ဗုဒ္ဓဘာသာ ရာနှုန်းပြည့် နေထိုင်ကြကာ ၊ တိုင်းရင်းသား လူမျိုးစု များ အဖြစ် ဓနု၊ တောင်ရိုး၊ ရှမ်း၊ ပအိုဝ်း၊ ပလောင် နဲ့ ဗမာ အခြားတိုင်းရင်းသား တွေလည်း နေထိုင်တာကို တွေ့ရပါတယ်။
စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီးတော့ ထွက်ကုန်များအဖြစ် အာလူး၊ မုန်လာထုပ်၊ ဂျင်း၊ နနွင်း၊ ခရမ်းချဉ်၊ ကြက်သွန်ဖြူ၊ ပဲနီလေး၊ ပဲပုတ်၊ တောင်ယာစပါး၊ ပြောင်းဖူး၊ ကြံ၊ ပန်းမုန်လာထုပ်၊ မုန်လာဥဖြူ/နီ၊ ပန်းနှမ်း၊ မုန်လာဆီ၊ ပန်းဂျုံ၊ ငရုတ်၊ ဂေါ်ရခါးသီး၊ ပိန်းဥ စသည်တို့ကို စိုက်ပျိုးပါတယ်။ ဥယျာဉ် သစ်သီး တွေမှာ သရက် ၊ လိမ္မော်၊ ပိန္နဲ၊ နဂါးမောက်၊ ဒညင်း၊ သံပရာ၊ သံပယို၊ ပင်စိမ်း သီးတို့ကို စိုက်ပြီး၊ “ ၀ ” ဥ ပင်များကိုလည်း တွေ့ရ တတ်သည်။
အခြားစီးပွားရေး အဖြစ် ထုံးဖုတ်ခြင်း၊ အုတ်ရိုက်ခြင်း၊ သဲတူးခြင်း၊ တို့ကို တွေ့ရတတ်ကာ၊ ငှက်ပျောတော ရွာ တွင် စက္ကူနှင့် စက္ကူထီး လုပ်ငန်း၊ အောယောရွာတွင် အိုးလုပ်ငန်း နှင့် ဆေးဝါး အိုးပုတ် လုပ်ငန်း၊ ခမောက် လုပ်ငန်း များကိုလည်း လုပ်ကိုင်ကြတာကို တွေ့ရပါတယ်။ ရှမ်းစက္ကူကြီးများဖြင့် ထီးလုပ်ခြင်း၊ မီးပုံးလုပ်ခြင်း၊ မီးအိမ် လုပ်ခြင်း တို့ကို နိုင်ငံခြားသား များ နှစ်သက် သဘောကျကြပါတယ်။
×××
ရိုးရာဓလေ့ ပွဲတော်များ
အထူးထင်ရှား ကျော်ကြားတာကတော့ ပင်းတယ ရွှေဥမင် လှိုဏ်ဂူ ဘုရားပွဲတော်သည် သီတင်းကျွတ်ပွဲတော် နှင့် တပေါင်းပွဲတော် တို့ကို ကျင်းပလေ့ ရှိပြီး ကြက်ပျံမကျ စည်ကားပါတယ်။ အဖိတ်နေ့မှ စတင်ကာ လပြည့်ကျော် (၁) ရက်နေ့ အထိ ကျင်းပတယ်။ တန်ခူး လဆန်း (၁) ရက် နေ့တွင် ပင်းတယ မြို့အ၀င် တမဲဘုရားဝင်း အတွင်း ကျင်းပသော တောင်ရိုး လူမျိုးတို့၏ တာတက်ပွဲမှာလည်း ထူးခြားပါတယ်။ ဒါ့အပြင် ဒိုးပစ်ပွဲဟာ လည်း မကြုံဖူးသူအဖို့ ထူးဆန်း သော တိုင်းရင်းသား ရိုးရာဓလေ့ ပွဲတော်လည်း ဖြစ်ပါတယ်။
ဓနု တို့ရဲ့ စာချိုးတွေ၊ သံချပ်တွေနဲ့ အိုးစည် တို့ဟာ တောင်ပိုင်းမှာ ထင်ရှားပါတယ်။ သံချပ်တွေကို သီချင်းတွေ အဖြစ် သီဆိုခြင်း၊ မီးပုံးပျံ ပွဲတော် မှာ သံပြိုင် ဟစ်ကြွေးခြင်းတွေ ကြောင့် လူသိများလာတာလည်း ဖြစ်ပါတယ်။ တာတက်ပွဲမှာ ပျော်ဖို့လာ၊ ပျော်ဖူးလား၊ ပျော်ဖူးလား၊ ပျော်တယ်ဟေ့ ပျော်တယ်ဟေ့။ ဆိုတဲ့ ဓနု သံချပ် ကို လူတိုင်း ကြားဖူးမှာ ဖြစ်ပါတယ်။ တာတက်ပွဲ ဆိုတာ ဓနု၊ တောင်ရိုး၊ ပအိုဝ်း တိုင်းရင်းသား လူမျိုးများရဲ့ ရိုးရာပွဲတော် တစ်ခု ဖြစ်ပြီးတော့ ၊ စိုက်ပျိုးရေး အောင်မြင်ချိန် ကျေးရွာတွင်းရှိ ဘုရားစေတီပုထိုးနှင့် ဘုန်းတော်ကြီး ကျောင်း များသို့ သွားရောက် လည်ပတ်ပြီးတော့ လှူဖွယ်ပစ္စည်းများကို စုပေါင်း လှူဒါန်းကြခြင်း၊ ဘုရားဆွမ်းတော်ကြီး ကပ်ခြင်းဓလေ့တစ်ခုပဲ ဖြစ်ပါတယ်။ တာတက်ပွဲကို ရိုးရာ အတာသင်္ကြန်အတက်နေ့မှ စတင်၍ ကဆုန် လပြည့်နေ့ အထိ လည်ပတ်ကြတာ ဖြစ်တယ်။ လှူဖွယ်များကို ပဒေသာပင် လုပ်ပြီး လှူဒါန်း ပူဇော်ပါတယ်။ ထို တာတက်ပွဲ မှာ လူပျို၊ အပျို တွေ ဆုံတွေ့ကြကာ ဖူးစာရှင် ရှာတဲ့ ပွဲတော် တစ်ခုလည်း ဖြစ်တဲ့ အတွက်ကြောင့် သူတို့တွေ အရမ်းလည်း ပျော်ကြပါတယ်။ ဟဲဟိုးမှာ ဆိုရင် အာလူးဖော်ချိန် အာလူးပေါက်ပွဲ ဆိုတာ လည်း ကြံကြံဖန်ဖန် ရှိ ပါတယ်။ ကိုယ်ကြိုက်တဲ့ ကောင်မလေးတွေ၊ ကောင်လေး တွေကို မြင်ရင် အာလူး သေးသေးလေး နဲ့ ပစ်ပေါက်ပြီး ကြည်စယ်လို့ ရပါတယ်။ ကောင်မလေးက လက်ခံတယ် ဆိုရင် ချစ်ခွင့်ပန်လို့လည်း ရပါတယ်။ တိုင်းရင်းသားတွေ ရဲ့ ချစ်စရာ ဓလေ့ ပွဲတော် များလည်း ဖြစ်ပါတယ်။
Xxx
ဓနုအိုးစည်
ဓနု အိုးစည် ရဲ့ ပုံစံက ရှမ်းအိုးစည်လို သေးသေးရှည်ရှည် မဟုတ်ဘဲ နဲ့ ၀၀တုတ်တုတ် ပုတိုတို ဖြစ်ပါတယ်။ အိုးကိုယ်ထည် အိမ်ကြီးမား တာကြောင့် အသံမြိုင်ပြီးတော့ ဟိန်းပါတယ်။ အိုးစည် ဖို ၊ မ ရှိပြီးတော့ အမ ကို ပန်းပန်ခြင်း၊ နံ့သာ လိမ်းခြင်း၊ အဖို ကို အရက်တိုက်ခြင်း ပွဲပေးခြင်း လုပ်ရပါတယ်။ ဓနုအိုးစည်ဟာ သမိုင်းကြောင်း အထောက်အထားနဲ့ တိတိကျကျ မပြောဆိုနိုင်သော်လည်း အိုးစည် တည်ဆောက်ပုံ နှင့် ပုံသဏ္ဍာန် လက်ရာ အယူအဆ များမှာ အလွန်ရှေးကျသော လက်ရာ တစ်ခု ဖြစ်ကြောင်း သိရပါတယ်။ အင်းဝ ခေတ် မတိုင်ခင်က ဟု ယူဆကြပါတယ်။ ဗုံရဲ့ ကိုယ်ထည်ကို ညောင်သား၊ ပေါက်သား နဲ့ လုပ်ထားပြီးတော့ နွား ၊ ကျွဲ သားရေဖြင့် စည်းကြပ်ပါတယ်။ ဓနုအိုးစည်ဝိုင်းကို ရိုးရာဓလေ့ပွဲတော်များ၊ မီးပုံးပျံ ပွဲတော်၊ ဘာသာရေး ၊ ဘုန်းကြီးကျောင်းတက်ပွဲတော် တွေမှာ တီးခတ်လေ့ ရှိပါတယ်။ ဓနုအိုးစည်ကို ၃လုံး ၄ လုံး အပြိုင် တီးခတ်မယ် ဆိုရင် လက်သံ ညီရင် အသံမြိုင်ဆိုင်ပြီး အရမ်း နားထောင်လို့ ကောင်းပါတယ်။ ရှမ်းပြည်နယ်မှာ ထင်ရှားကျော်ကြားတဲ့ အိုးစည် တစ်ခု အဖြစ်လည်း ထင်ရှားပါတယ်။
Xxx
လာရောက် လည်ပတ်ကြဖို့ ဖိတ်ခေါ်
သင်္ကြန်တွင်းကာလ ဖြစ်စေ၊ သီတင်းကျွတ် ရုံးပိတ်ရက်များ ဖြစ်စေ၊ ရှမ်းပြည်နယ်ကို လာရောက်လည်ပတ် ချင်တယ်ဆိုရင် ဘယ်နေရာတွေကို လည်ပတ်ရမယ်မှန်း မသိသေးဘူး ဆိုရင်တော့ ဓနုမြေမှာ တစ်ရက်လောက် တော့ လာရောက်လည်ပတ်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
Xxx
Unicode
ပင့်ကူရ (သို့မဟုတ်) ပင်းတယ
စည်သာ(တောင်ကြီး)
ရွမ်ျးပည္နယ္မွာ လည္ပတ္ဖို့ အေကာင်းဆုံး နေရာတစ္ချုဖစ်ပြီး၊ နိုင်ငျံခားသားခရီးသည္မ်ား ဒုတိယ အမ်ားဆုံး လာရောက္လည္ပတ်လေ့ ရွိကြတဲ့ နေရာတစ္ခုက ဓနုကိုယ္ပိုင်အုပ္ခ်ုပ္ခြင့်ရေဒသ ပင်းတယ မြို့ပါ။ ဓနုကိုယ္ပိုင်အုပ္ခ်ုပ္ခြင့်ရေဒသမွာ ပင်းတယမြို့နယ် နွင့် ရြာငံမြို့နယ် ဆိုပြီး နွစ်မြို့နယ် ရွိပါတယ်။ ရွမ်းတောင္မွာ နိုင်ငျံခားသား ခရီးသည် တြေကို ၀င်ကြေး ကောက္တဲ့ နေရာနွစ္ခုက အင်းလေးကန္နဲ့ ဓနုဒေသျဖစ္တဲ့ ပင်းတယ တိျု့ဖစ္ပါတယ်။
ပင်းတယမြို့ကိုရောက္တာနဲ့ ထင်ရွားတဲ့ လက္ခဏာရပ္ကေတာ့ ကြီးမားလွတဲ့ နွစ်ပေါင်း (၂၀၀) ကော်် သက္တမ်းရင့် ညောင္ပင်ကြီးတျြေဖစ္ပါတယ်။ ညောင္ပင်အကြီးစားတြေမ်ားစြာ ဒီလိုအမ်ားကြီး တြျေ့မင်ရတာ အေတ်ာရွားပါတယ်။ ကက္ကူဘက္မွာလဲ အဲဒီလို ညောင္ပင်ကြီးတြေနဲ့ သျေပလုံးအပင်ကြီးတြေကိုလည်း တြေ့နိုင္ပါတယ်။
နောက္ထပ် ထူျးခားခ်က္တစ္ခုကေတာ့ ရွေးဟောင်း မြေတ်ာစေတီတော် မ်ားဟာ လက်ရာမ်ားပုံစံခ်င်း ဆင်ပြီး ဘုရားရုပ္ပြားတော်၊ ဆင်းတုတော် ဟာ လက်ရာခ်င်း နီးစပ်ကြပါတယ်။ ရွမ်းတောင္မွာ ရွိတဲ့ ပအိုဝ်းဒေသ ကက္ကူ မြေတ္ဘာုရားမ်ား၊ အင်းလေးကန္မွာ ရွိတဲ့ အလိုတော်ပေါက္ဘုရား နွင့် အျခားမြေတ္ဘာုရားမ်ား၊ ပင်းတယ မွာ ရွိတဲ့ မြေတာ် ဘုရားမ်ားဟာ ခေတ္တစ်ခေတ္ထဲလို့ ယူဆရပါတယ်။
×××
ပင်းတယ ရဲ့ အထင္ကရမ်ား
ပင်းတယမြို့မွာ ပုန်းတလုတ္ကန်၊ ရွှေဥမင် လှိုဏ္ဂူဘုရား၊ အလယ္ဂူဘုရား၊ ဆင်ခေါင်းဘုန်းကြီးကော်င်းနဲ့ အနီးအနားမွာရွိတဲ့ ကုံလုံကော်င်း တို့ကို လည္ပတ္လို့ ရပါတယ်။ ပင်းတယ နဲ့ အနီးအနားမွာ ရွိတဲ့ ရြာငံ ကိုလည်း သြားပြီး လည္ပတ္လို့ ကောင်းတဲ့ နေရာတြေ အမ်ားကြီး ရွိပါသေးတယ်။
ပင်းတယနဲ့ရြာငံ တို့ဟာ အင္မတန် ရွုခင်းကောင်းတဲ့ မြို့နွစ်မြိျု့ဖစ္တဲ့အတြက်ကြောင့် ဓါတ္ပုံဆရာတြေက အဲဒီ ဒေသေတြမွာ ရာသီမေရြး လာရောက်ရိုက္ကူးကြပါတယ်။ နေရြာသီနဲ့ ဆောင်းရာသီ ပြင့်လင်းရာသီတြေမွာ ပင်းတယ နဲ့ ရြာငံ တစ်ကြော ရွုခင်းတြေကို ဓါတ္ပုံရိုက္လို့ အေကာင်းဆုံး အခိန်တြေပါပဲ။
တောလမ်းခရီးကြမ်းမ်ား အျဖစ် ပင်းတယ- ရစကြီ ခရီးစဥ္ကို တစ်ည၊ နွစ်ည၊ သုံးည အိပ် ခရီးစဉ်၊ ပင်းတယ- အင်းလေး ကို ၃ ညအိပ် ၄ ရက် ခရီးကြမ်း နဲ့ ရြာငံ- ပင်းတယ- ကေလာကို (၂)ညအိပ် (၃)ရက် လမ်းလွော်က်နိုင္ပါတယ်။ ပင်းတယ- ကန္လွကုန်း၊ ရွှေပုထိုး ကို နေ့ခ်င်ျးပန်ျဖစ်စေ၊ တစ်ညအိပ္မွ ငါးညအိပ် အထိ စိတ်ကြိုက် နွစ်သက်သလို လည္ပတ်နိုင္ပါတယ်။ နိုင်ငျံခားသားတြေ အကြိုက်တြေ့စေတဲ့ လမ်းလွော်က် ခရီးကြမ်း ခရီးစဉ် မ်ားလည်ျးဖစ္ပါတယ်။
×××
ပင်းတယ ရွှေဥမင် သဘာဝလှိုဏ္ဂူ ဘုရား
ရွေးဟောင်းဒဏ္ဍာရီလာ အရ “ပင့်ကူရ” မွ ဆင်းသက္လာသည်ဟု ဆိုကြပြီး၊ တောင်ျေခတြင် နတ်သမီး ခုနွစ်ဖော် ရေကစားခဲ့သည်ဟု ဆိုသော ပုန်းတလုတ်ရေကန္လည်း တည်ရွိသည်။
ပင္လယ်ရေမ်က်နျွာပင် အထက် ၄၉၇၀ ပေ တြင် တည်ရွိပြီး၊ ဂူရဲ့ အရွည်ဟာ ပေ ၄၉၀ျဖစ်ပြီး၊ အျမင့်ဆုံး နေရာ ပေ ၁၅၀ျမင့်ကာ၊ ဂူထဲမွာ ဗုဒ္ဓရုပ္ပြားတော် ၈၀၀၀ ကော်် ခန့် ရွိတယ်။
ပင်းတယေရွှဥမင်သဘာဝလှိုဏ္ဂူတ္ဘောုရားသည် တောင္တန်း၏ တောင်ကြောပေါ်တြင် တည္ထာျးခင်ျးဖစ္ကာ၊ တောင်ကြောမွာ ဂူပေါက် ၃ ပေါက် ရွိပြီး ဘယ္ဘက်ေအပါက်ဝ (ဓါတ်လွေကားဘက်) ရွိတဲ့ နေရာကို အဓိက လည္ပတ်ကြပါတယ်။ ညာဘက္မွာ ကော်င်းဆောင်ကြီးနဲ့ ဘုန်းတော်ကြီးကော်င်းတြေ စေတီတော်တြေနဲ့ တျခားဂူတြေလည်း အမ်ားကြီး ရွိပါသေးတယ်။
ရွှေဥမင္လှိုဏ္ဂူတြင် ဘုရားအဆူပေါင်း (၈၀၉၄) တည္ထားပြီး၊ ပထမဆုံး တည္ထားသော ကုသိုလ်ရွင္မွာ အေသာကမင်းကြီျးဖစ္ကာ၊ ဒုတိယ ကုသိုလ်ရွင္မွာ အေလာင်းစည်သူ မင်ျးဖစ်ပြီး၊ ရွှေဥမင်သဘာဝလှိုဏ္ဂူသည် ပေပါင်း(၄၉၀) ၀င်ရောက်နိုင္ကာ၊ ယခုအခါ ဓါတ်လွေကား နွစ္စင်ျးဖင့် အတက်အဆင်ျးပုလုပ်ပေးနေကြာင်း သိရသည်။ ပင်းတယေရွှဥမင်သဘာဝ လှိုဏ္ဂူတော် သည် အင်းလေးကန္ကဲ့သို့ပင် ထုံးကော်က်တောင်ျဖစ်ပြီး၊ နိုင်ငံတကာမွ သုတေသီမ်ားက ကော်က္စက္တိုင္ကို စမ်းသပ္ခ်က်အရ နွစ်သက္တမ်းအာျးဖင့် နွစ်သန်းပေါင်း ၂၀၀ ကော််ပျြီဖစ်ကြောင်း၊ သိရသည်။ ဂူအတြင်းထဲတြင် ဆင္ခ်ည္တိုင်၊ျမင်းခ်ည္တိုင်၊ ၀ကင်္ပါ ဂူ ၊ ချြေးထြက္ဘုရား၊ အောင်ျေမ ၊ နတ်ရေကန် တို့သည် ထင်ရွားသျဖင့် လာရောက် ကြည်ရွု ဖူးမွော််သူ မ်ာျးပာျးခင်ျးဖစ်ကြောင်း သိရသည်။
“ ဒါကေတာ့ ရွှေဥမင် သဘာဝ လှိုဏ္ဂူတ္ဘောုရားပါ။ ၀န္ထမ်းတြေအားလုံး ၄၀ ကော််လောက် ရွိပါတယ်။ သီတင်းကျတ္မြွာဆိုရင် ဆီမီး ၉၀၀၀ ပူဇ္ပေြာဲ လွူကြတယ်။ အခါကြီးရက်ကြီး မွာ ဆြမ်းတော်ကြီး တင်ကြပါတယ်။ တေပါင်းပဲမြွာလည်း တေပါင်းပဲက်ြင်းပပါတယ်။ ညောင္ပင်ကြီးမွာလည်း က်င်းပတယ်။ ဓနု ရိုးရာ ပဲတြေ္လာည်း က်င်းပကြပါတယ်။ ဘုရားဖူးတြေ အမ်ားအျပား လာရောက္လည္ပတ်လေ့ ရွိပါတယ်။ ”
ဟု ရွှေဥမင်သဘာဝလှိုဏ္ဂူတ္ဘောုရား ဂေါပက ဘဏ္ဍာရန္ပုံငြေ ရွာဖြေရးအဖြဲ့ ဦးဈံမ ကျေပာကြားသည်။
ဒါ့အျပင် ရွေးဟောင်း လက်ရာတြေ မထိန်းသိမ်းဘဲ ပ်က္စီးတာတြေ၊ ငွက်ခေ်းကြောင့် ပ်က္စီးနေတာတြေ ရွိနေကြာင်း ဒေသခံ တခို့ကလည်ျးေပျာပကြပါတယ်။ သဘာဝလှိုဏ္ဂူတြေ အေကြာက်ရဆုံးက ငလ်င္ဒဏ် နဲ့ မိုင်းချြဲခင်း တြေကိုပါပဲ။
သည် ရွမ်ျးပည်တောင္ပိုင်း၊ တောင်ကြီးခရိုင် ပင်းတယျမို့နယ္တြင် ပင်းတယ ရွှေဥမင်းလိုဏ္ဂူဘုရား တည်ရွိပြီး၊ အေရွ့ဘက်၊ တောင္ဘက်နွင့် အေနာက္ဘက္တြင် ကေလျာမို့နယ်၊ အေနာက်နွင့်အေနာက်ျေမာက္ဘက္တြင် ရြာငျံမို့နယ် ၊ျေမာက္ဘက္တြင် ရပ်စောက်ျမို့နယ်ဟျူပီး (၃)ျမို့နယ်အကြားတြင် တည်ရွိနေပါတယ်။
xxx
တည်နေရာ
ရွမ်ျးပည္နယ် တောင္ပိုင်း၊ ဓနုကိုယ္ပိုင် အုပ္ခ်ုပ္ခြင့်ရေဒသ ပင်းတယ မြို့နယ် ဟာ ပင္လယ်ရေမ်က်နျွာပင် အထက် ပေ ၃၈၈၀ ပေ တြင် တည်ရွိပြီး ကေ်းရြာပေါင်း (၁၂၅၉) ရြာ ရွိကာ၊ ဓနု တိုင်းရင်းသား လူမိုးမ်ား အဓိက အမ်ားဆုံး နေထိုင်ပြီး၊ တောင်ယာ လုပ်ငန်းနဲ့ အသက်မြေးဝမ်းကော်င်ျးပုကြတျာဖစ္ပါတယ်။
တောင်ကြီးကေန သြားမယ် ဆိုရင် အောင္ပန်း လမ်းခြဲ အတိုင်း ပင်းတယ ကို ဆက်ြသားရပါတယ်။
ပင်းတယမွာ အျမင့်ဆုံးတောင္ကို အေရျွ့ပင် အေနာက်ျပင် တောင် ဟာ ၇၇၅၂ ပျေမင့်ပြီး၊ ပန်းစစ်တောင်ဟာ ၆၈၃၀ ပျေမင့်ပါတယ်။
ရွမ်ျးပည္နယ် တစ္ခု လုံးမွာတော့ ရွမ်း တိုင်းရင်းသား တြေ ပ်ံ့နွံ့နေထိုင်ကြသလို၊ ရြာငံ၊ နောင္ခို၊ ပင်းတယ၊ ဘ္ဆောိုင်း ဒေသ တြေမွာ ဓနု တိုင်းရင်းသား တြေ အမ်ားဆုံး နေထိုင်ကြတာလည်ျးဖစ္ပါတယ်။
×××
လက်ရွိ အျေခအေန
ပင်းတယ မြို့ပေါ်မွာ လူဦးရေ နွစ်သောင်းခြဲ လောက် နေထိုင်ကြပြီးတော့ အခုဆိုရင် လမ်းပန်းဆက်ြသယ်ရေး ကောင်းမြန်နေပါပြီ။ ဗုဒ္ဓဘာသာ ရာနှုန်ျးပည့် နေထိုင်ကြကာ ၊ တိုင်းရင်းသား လူမိုးစု မ်ား အျဖစ် ဓနု၊ တောင်ရိုး၊ ရွမ်း၊ ပအိုဝ်း၊ ပေလာင် နဲ့ ဗမာ အျခားတိုင်းရင်းသား တြေလည်း နေထိုင္တာကို တြေ့ရပါတယ်။
စိုက္ပိုးရေးကို အဓိက လုပ္ကိုင်ကြပြီးတော့ ထြက္ကုန္မ်ားအျဖစ် အာလူး၊ မုန္လာထုပ်၊ ဂ်င်း၊ နနငြ်း၊ ခရမ်းခ်ဉ်၊ ကြက်ြသန်ျဖူ၊ ပဲနီလေး၊ ပဲပုတ်၊ တောင်ယာစပါး၊ျေပာင်းဖူး၊ ကြံ၊ ပန်းမုန္လာထုပ်၊ မုန္လာဥျဖူ/နီ၊ ပန်းနွမ်း၊ မုန္လာဆီ၊ ပန်းဂ်ုံ၊ ငရုတ်၊ ဂေါ်ရခါးသီး၊ ပိန်းဥ စသည္တို့ကို စိုက္ပိုးပါတယ်။ ဥယ်ာဉ် သစ်သီး တြေမွာ သရက် ၊ လိမ္မော်၊ ပိန္နဲ၊ နဂါးမောက်၊ ဒညင်း၊ သံပရာ၊ သံပယို၊ ပင္စိမ်း သီးတို့ကို စိုက်ပြီး၊ “ ၀ ” ဥ ပင္မ်ားကိုလည်း တြေ့ရ တတ်သည်။
အျခားစီးပြားရေး အျဖစ် ထုံးဖုတ်ျခင်း၊ အုတ်ရိုက်ျခင်း၊ သဲတူျးခင်း၊ တို့ကို တြေ့ရတတ္ကာ၊ ငွက်ပော်တော ရြာ တြင် စက္ကူနွင့် စက္ကူထီး လုပ်ငန်း၊ အောယောရြာတြင် အိုးလုပ်ငန်း နွင့် ဆေးဝါး အိုးပုတ် လုပ်ငန်း၊ ခေမာက် လုပ်ငန်း မ်ားကိုလည်း လုပ္ကိုင်ကြတာကို တြေ့ရပါတယ်။ ရွမ်းစက္ကူကြီးမ်ာျးဖင့် ထီးလုပ်ျခင်း၊ မီးပုံးလုပ်ျခင်း၊ မီးအိမ် လုပ်ျခင်း တို့ကို နိုင်ငျံခားသား မ်ား နွစ်သက် သေဘာက်ကြပါတယ်။
×××
ရိုးရာဓေလ့ ပြဲတ္မော်ား
အထူးထင်ရွား ကော််ကြားတာကေတာ့ ပင်းတယ ရွှေဥမင် လှိုဏ္ဂူ ဘုရားပြဲတော်သည် သီတင်းကျတ္ပြဲတြော် နွင့် တေပါင်းပြဲတော် တို့ကို က်င်းပေလ့ ရွိပြီး ကြက္ပ်ံမက် စည္ကားပါတယ်။ အဖိတ်နေ့မွ စတင္ကာ လျပည့်ကော်် (၁) ရက်နေ့ အထိ က်င်းပတယ်။ တန္ခူး လဆန်း (၁) ရက် နေ့တြင် ပင်းတယ မြို့အ၀င် တမဲဘုရားဝင်း အတြင်း က်င်းပေသာ တောင်ရိုး လူမိုးတို့၏ တာတက္ပြဲမွာလည်း ထူျးခားပါတယ်။ ဒါ့အျပင် ဒိုးပစ္ပဲဟြာ လည်း မကြုံဖူးသူအဖို့ ထူးဆန်း သော တိုင်းရင်းသား ရိုးရာဓေလ့ ပြဲတ္လောည်ျးဖစ္ပါတယ်။
ဓနု တို့ရဲ့ စာခိုးတြေ၊ သံခ်ပ်တြေနဲ့ အိုးစည် တို့ဟာ တောင္ပိုင်းမွာ ထင်ရွားပါတယ်။ သံခ်ပ်တြေကို သီခ်င်းတြေ အျဖစ် သီဆျိုခင်း၊ မီးပုံးပ်ံ ပြဲတော် မွာ သံပြိုင် ဟစ်ကြေျးခင်းတြေ ကြောင့် လူသိမ်ားလာတာလည်ျးဖစ္ပါတယ်။ တာတက္ပြဲမွာ ပေ်္ဖာို့လာ၊ ပေ်္ဖာူးလား၊ ပေ်္ဖာူးလား၊ ပေ်္တာယ်ဟေ့ ပေ်္တာယ်ဟေ့။ ဆိုတဲ့ ဓနု သံခ်ပ် ကို လူတိုင်း ကြားဖူးမျွာဖစ္ပါတယ်။ တာတက္ပြဲ ဆိုတာ ဓနု၊ တောင်ရိုး၊ ပအိုဝ်း တိုင်းရင်းသား လူမိုးမ်ားရဲ့ ရိုးရာပြဲတော် တစ္ချုဖစ်ပြီးတော့ ၊ စိုက္ပိုးရေး အောင်ျမင္ခိန် ကေ်းရြာတြင်းရွိ ဘုရားစေတီပုထိုးနွင့် ဘုန်းတော်ကြီး ကော်င်း မ်ားသို့ သြားရောက် လည္ပတ်ပြီးတော့ လွူဖြယ္ပစ္စည်းမ်ားကို စုပေါင်း လွူဒါန်းကျြခင်း၊ ဘုရားဆြမ်းတော်ကြီး ကပ်ျခင်းဓေလ့တစ္ခုပျဲဖစ္ပါတယ်။ တာတက္ပဲကြို ရိုးရာ အတာသကြင်္န်အတက်နေ့မွ စတင်၍ ကဆုန် လျပည့်နေ့ အထိ လည္ပတ်ကြတျာဖစ္တယ်။ လွူဖြယ္မ်ားကို ပေဒသာပင် လုပ်ပြီး လွူဒါန်း ပူဇ္ပောါတယ်။ ထို တာတက္ပြဲ မွာ လူပို၊ အပို တြေ ဆုံတြေ့ကြကာ ဖူးစာရွင် ရွာတဲ့ ပြဲတော် တစ္ခုလည်ျးဖစ္တဲ့ အတြက်ကြောင့် သူတို့တြေ အရမ်းလည်း ပော််ကြပါတယ်။ ဟဲဟိုးမွာ ဆိုရင် အာလူးဖ္ခောိန် အာလူးပေါက္ပြဲ ဆိုတာ လည်း ကြံကြံဖန္ဖန် ရွိ ပါတယ်။ ကိုယ်ကြိုက္တဲ့ ကောင္မေလးတြေ၊ ကောင်လေး တြေကျိုမင်ရင် အာလူး သေးသေးလေး နဲ့ ပစ်ပေါက်ပြီး ကြည္စယ္လို့ ရပါတယ်။ ကောင္မေလးက လက္ခံတယ် ဆိုရင် ခ်စ္ခြင့်ပန္လို့လည်း ရပါတယ်။ တိုင်းရင်းသားတြေ ရဲ့ ခ်စ္စရာ ဓေလ့ ပြဲတော် မ်ားလည်ျးဖစ္ပါတယ်။
Xxx
ဓနုအိုးစည်
ဓနု အိုးစည် ရဲ့ ပုံစံက ရွမ်းအိုးစည္လို သေးသေးရွည်ရွည် မဟုတ္ဘဲ နဲ့ ၀၀တုတ္တုတ် ပုတိုတျိုဖစ္ပါတယ်။ အိုးကိုယ္ထည် အိမ်ကြီးမား တာကြောင့် အသံမြိုင်ပြီးတော့ ဟိန်းပါတယ်။ အိုးစည် ဖို ၊ မ ရွိပြီးတော့ အမ ကို ပန်းပန်ျခင်း၊ နံ့သာ လိမ်ျးခင်း၊ အဖို ကို အရက္တိုက်ျခင်း ပြဲပေျးခင်း လုပ်ရပါတယ်။ ဓနုအိုးစည်ဟာ သမိုင်းကြောင်း အေထာက်အထားနဲ့ တိတိက်က် မျေပာဆိုနိုင်သ္လောည်း အိုးစည် တည်ဆောက္ပုံ နွင့် ပုံသဏ္ဍာန် လက်ရာ အယူအဆ မ်ားမွာ အလြန်ရွေးက်သော လက်ရာ တစ္ချုဖစ်ကြောင်း သိရပါတယ်။ အင်းဝ ခေတ် မတိုင္ခင္က ဟု ယူဆကြပါတယ်။ ဗုံရဲ့ ကိုယ္ထည္ကို ညောင်သား၊ ပေါက်သား နဲ့ လုပ္ထားပြီးတော့ နြား ၊ ကျြဲ သားရျေဖင့် စည်းကြပ္ပါတယ်။ ဓနုအိုးစည်ဝိုင်းကို ရိုးရာဓေလ့ပြဲတ္မော်ား၊ မီးပုံးပ်ံ ပဲတြော်၊ ဘာသာရေး ၊ ဘုန်းကြီးကော်င်းတက္ပြဲတော် တြေမွာ တီးခတ်လေ့ ရွိပါတယ်။ ဓနုအိုးစည္ကို ၃လုံး ၄ လုံး အပြိုင် တီးခတ္မယ် ဆိုရင် လက်သံ ညီရင် အသံမြိုင္ဆိုင်ပြီး အရမ်း နားထောင္လို့ ကောင်းပါတယ်။ ရွမ်ျးပည္နယ္မွာ ထင်ရွားကော််ကြားတဲ့ အိုးစည် တစ္ခု အျဖစ္လည်း ထင်ရွားပါတယ်။
Xxx
လာရောက် လည္ပတ်ကြဖို့ ဖိတ်ခေါ်
သကြင်္နြ္တင်းကာလျဖစ်စေ၊ သီတင်းကျတြ် ရုံးပိတ်ရက္မ်ာျးဖစ်စေ၊ ရွမ်ျးပည္နယ္ကို လာရောက္လည္ပတ် ခ်င္တယ္ဆိုရင် ဘယ်နေရာတြေကို လည္ပတ်ရမယ္မွန်း မသိသေးဘူး ဆိုရင်တော့ ဓနျုေမမွာ တစ်ရက်လောက် တော့ လာရောက္လည္ပတ်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
Xxx
No comments:
Post a Comment