Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Tuesday, July 19, 2022

မုံတ၀လှိုဏ်ဂူတော်ကြီး

 တောင်ကြီးမြို့နယ်၊ မုံတ၀ဂူ

 

 #မုံတ၀ဂူ

 ရှမ်းပြည်နယ်တောင်ပိုင်းမှာ အကြီးဆုံးသော ဂူကြီး ဖြစ်ပါတယ်။

 ဂူအတွင်းပိုင်းမှာ ရေတံခွန်တွေလည်း တည်ရှိပြီး အောက်လမ်းအတိုင်း ဆင်းသွားမယ် ဆိုရင် ရေတံခွန် ကို ဖြတ်ကျော် ရပါမယ်။ ကျဉ်းမြောင်းတဲ့ နေရာကို ကျော်ဖြတ်လိုက်မယ် ဆိုရင် အထဲမှာ အင်မတန် လှပတဲ့ နတ်သမီး ရေကန်ကို ရော က် ရှိနိုင်ပါတယ်။

Photo By Sitha(TGI)



 
တောင်ကြီးသားမှန်ရင် မုံတ၀ဂူ ကို ရောက်ဖူးကြပါတယ်။ ဒါပေမယ့် ဒီနေ့ အထိ တစ်ကြိမ်မျှ မရောက်ဖူးသေးသူတွေလည်း ရှိတယ်လို့ သိရတယ်။ တောင်ကြီးမှ ကားလမ်းအတိုင်း သွားမယ် ဆိုရင် ၁၅ မိနစ် နဲ့ ရောက်ရှိနိုင်ပါပြီ။ ယခုကားလမ်းဖောက်ထားတာ သိပ်မကြာသေးပါဘူး၊ တောင်ဆင်းလမ်း အတိုင်း သွားလိုက်မယ်ဆိုရင် ခနလေးနဲ့ သွားရောက်လည်ပတ်နိုင်ပါတယ်။




 
ရှမ်းပြည်နယ်တောင်ပိုင်းမှာ မုံတ၀လှိုဏ်ဂူတော်ကြီးဟာ အကြီးဆုံး သဘာ၀ လှိုဏ်ဂူကြီး ဖြစ်ပါတယ်။ အတွင်း ထဲကို ဘယ်လောက် ရှည်လျားသလဲဆိုတာ ဘယ်သူမျှ မသိကြပါဘူး။ ယခင်က လှိုဏ်ဂူထိန်းသိမ်းရေး အဖွဲ့ ပြောပြချက် အရ လှိုဏ်ဂူကို သုံးလေးရက် သွားတာတောင် လမ်းမဆုံးသေးဘဲ မိုင် ၂၀ ခန့် ခရီးပေါက်ခဲ့တယ် ဆိုတယ်။ အရှေ့တောင်ဘက် ယွန်းယွန်း ဦးတည် သွားလာနေတယ်လို့ ဆိုတယ်။ မုံတ၀ လှိုဏ်ဂူတော် ဟာ ထူးခြားချက်တွေ ရှိပါတယ်။ အရင်က ကျောင်းသားကလေးငယ်တွေ စုံတွဲတွေ လာလည်ရင် ဂူထဲမှာ မဖွယ်မရာ လုပ်မိရင် ရေကြီးခြင်း၊ နတ်ဖွက်ခြင်းနဲ့ သေဆုံးသူတွေလည်း ရှိတယ်လို့ သိရပါတယ်။



























No comments:

Post a Comment


Aung Hein - နည္​းပညာ