ထိုခေတ်တွင် ထိုလို ချစ်သည်
ပေါ်ကြီး(အေးသာယာ)
(ယခင်က ပို့ဖူးသော်လည်း မည်သည့်မဂ္ဂဇင်းတွင်မျှ မဖော်ပြရသေးသော ၀တ္ထုတို)
မျက်လှည့်ဆရာက ကြိုးကို မြွေလုပ်လိုက်သလို၊ ဆယ်ပြားစေ့ ခေါင်းကနေ ပန်းဖြစ်သွားသလိုမျိုး ခေတ်ကို က ပြောင်းပြန်ဖြစ်သွားပြီ။ အဲ့ဒီ ကျွန်တော် နေထိုင်တဲ့ခေတ်မှာ ကိုးတောင် ၀တ် မင်းခ ယောက်ျားဆို တာ မရှိတော့ဘူး။ တကယ်..။ ကြည့်လေရာ နေရာနှံ့ အပြားမှာ အမျိုးသမီးထုကြီး မင်းမူနေတာ ထူးမဆန်းတဲ့ မြင်ကွင်း တစ်ခုပေါ့။ ဒီလိုဆို ဆရာသမား တို့က မေးချင်ကြမယ်..။
“မိန်းမ ဆိုတာ ယောင်္ကျားတွေရဲ့ ခေတ် အဆက်ဆက်တိုင်း အသုံးတော်ခံလာတဲ့ ဇိမ် ပစ္စည်း ..။”
ဟုတ်လား။ တခြားလူ သွားမပြောနဲ့ဦး..အရူးလို့ အပြောခံ နေရဦးမယ်။ လူရင်းမို့ ပြောပြတယ်မှတ်.။ ဒီခေတ်မှာ အဲလိုတွေ မဟုတ်တော့ဘူး။ နည်းနည်း ပြောပြမယ်။ ချာတိတ်လေးတွေက နားကပ် နဲ့ ဆံပင်ရှည် နဲ့။ ၀တ်ထားတဲ့ အင်္ကျီမွှေးပွ ကို ၊ ကော်လံ မှာ မာဖလာ လိုလို ကြိုးရှည်ရှည်ချ၊ ဂျင်းဘောင်းဘီ လက်တို ဖင်ကျပ်ကို ယင်းမာ ဖိနပ်တွေနဲ့..ဒါ ဒါဒီခေတ် ရဲ့ အရွေ့စတိုင်လ်။ ပုံစံတွေသာ ကွဲသွားမယ် ။ များသောအားဖြင့် ယင်းမာ နဲ့ ရင်ဟိုက် ဒီဇိုင်းက အငြိမ်။
အဲ.။ ချာတိတ်လေးတွေ လမ်းသလား ပဲများပြီဟေ့ ဆိုရင်၊ ကောင်မလေးတွေက လက်ဘက်ရည် ဆိုင်ကနေ ထိုင်ငမ်းကြရတာ။ ပြီးရင် အချင်းချင်း တွတ်ထိုး နှုတ်ခမ်းချင်း လိမ်ပြီးတော့ ဂုဏ်တုဂုဏ်ပြိုင် လုပ်သေးတာ။
အဲဒီ ဘဲကို ငါ ရအောင် လိုက်ပြမယ်၊ ဖြိုပြမယ် ကြည့်ထား မိစွာ…
အိုး
..နားစမ်းပါ ဂွက်ထော်ရာ။ ချိုင်းပလေးပါ…ငါစားပြီးသားကြီး
ဆိုတာကလာသေး။ ဟုတ်ဟုတ် မဟုတ်ဟုတ် ပေါ့။ အဲလို ယောင်္ကျားလေးတွေကို ချိုးချိုးဖဲ့ဖဲ့ ပြောကြတာ၊ အံမာ…အချိန်မတော် များ လူပြတ်တဲ့ လမ်းကြားထဲ ချာတိတ်လေး တစ်ယောက်ထဲ သွားမယ် မကြံနဲ့..။ အမျိုးသမီး အုပ်နဲ့ တွေ့ လို့ကတော့ …နားကားပြီသာမှတ်..။
အိုးလေး လှုပ်ပါဟေ့.. ။ ရေအိုးလေး လှုပ်ပါဟေ့…
အေးလို့ မလှုပ်နိုင်ဘူး၊ အေးလို့ မလှုပ်နိုင်ဘူး..ဟာဟာ့
ဆိုပြီး ခြေလှမ်းမှားအောင် ၀ိုင်းနောက်ကြတာ။ ဒီ့ထက် ပိုလာရင် အတင့်ရဲပြီး လက်ဆွဲ စကားပြောလိုပြော။ အဖြေတောင်းလိုတောင်းနဲ့ ။ သားပျို၊ သမီးပျိုလေးတွေကို လက်လွတ်စံပယ် လွှတ်ထားလို့ မရတဲ့ခေတ်ကိုး။ အကိုမောင်သားချင်း မစာနာ တချို့ မိန်းကလေးတွေက လူကို လုပ်၊ ပစ္စည်း တွေပါ ယူသွားတတ်သကိုး။
ဦးသျှစ် တစ်တင်း၊ နှမ်းတစ်တင်း ခေတ်လေ။ နေစောင်းပြီ ဆိုရင် အပျိုတော်ချော တို့အုပ်စု အလုပ်က ပြန်လာကြပြီး ယမကာ ဆိုင်မှာ ခြေချင်းလိမ် နေကြပြီ။ သောက်စားမူးရူးပြီး ငွေဖြုန်းကြ၊ တချို့ ရန်ဖြစ်ကြနဲ့ စိတ်လေစရာပဲ..။ ဗလာ ကောင်းတဲ့ အာဂ အမျိုးသမီး အချို့ဆိုရင် လက်မောင်းမှာ မင်ကြောင်ကြီးနဲ့ ဒွေးကေကြီးနဲ့ ဆေးပေါ့လိပ် ကြီးခဲလို့ လူမိုက် အံ့ကျော်ကြီး အတိုင်း၊ ကြောက်စရာ ကြီးတွေ။ သူတို့မို့ သောက်သောက်စားစား ဖြုန်းတီးရက်တယ် ။ အိမ်ကနေ ညစာ မျှော်နေကြမယ့် လင်သားနဲ့ ကလေးတွေ မျက်နှာကိုမှ မငဲ့မညှာ။ ဒါတောင်--
ကိုယ့်ငွေ နဲ့ ကိုယ့် ပါးစပ် နဲ့ သောက်တာ ဘာလုပ်ချင်လဲ အေ..
ဆိုပြီး မိုက်ကြေးက ခွဲသေးတာ..။ အဝေးကြီး မပြောနဲ့၊ ရပ်ကွက်ထဲက ဒေါ်ပြဲစိန်ကြီး ကိုပဲကြည့်။ ၀တ် လိုက်တိုင်း ကာကီရောင် အနွေးထည်၊ ရှမ်းဘောင်းဘီ လက်ပြတ်။ သောက်လိုက်တဲ့ အရက် ပါးစပ် နဲ့ ပုလင်းနဲ့ကို ဂဟေ ဆက်ထားသလား အောင့် မေ့ရတယ်။ လုပ်တာကတော့ ကူလီထမ်း။ ကြမ်းသလားတော့ မမေးနဲ့။ ခြင်္သေ့တောင် အဘားခေါ်သွားမယ်..။ သူ့ယောင်္ကျား ဝေယံ ပိန်သေး ဆိုတာလည်း နာမည် နဲ့ လိုက်အောင် ပိန်လိုက်တာများ ပြားကပ်လို့။ မိုးပြတ်လို့ ပိုးထိုးခံရတဲ့ ကန်စွန်းဥ လေးလိုပဲ။ ဘယ်ပိန်မှာပေါ့။ ဒေါ်ပြဲစိန် တို့ ကိုပိန်သေးကို ရိုက်တာများ ကျွဲရိုက်၊ နွားရိုက်။ တစ်မြန်နေ့ကတောင် သူတို့ လင်မယား ရန်ဖြစ်နေလို့ သွားဝင် ဖြန်ဖြေတာ
သေပါပြီတော်…သေပါပြီ တော်..
ဆိုအော်တော့ ဒေါ်ပြဲစိန် အသံ။ အထဲ ၀င်ကြည့်လိုက်တော့…အားလားလား ကိုပိန်သေးတို့များ အထုထောင်းခံထား လိုက်ရတာ မြင်ရက်စရာ ကိုမရှိဘူး။ ခြေထောက် နှစ်ချောင်း ထောင်ပြီးသွေးတွေများ ရွှဲနစ်အိုင်ထွန်းလို့။ ကိုယ်တွေဆို ဒူးတွေ တုန် ရင်တလှပ်လှပ် နဲ့ ပြေးဆင်းခဲ့ရတာ အိမ်လှေကား ဘယ်နှစ်ထစ်မှန်းတောင် မသိတော့ဘူးရယ်။ ဘယ်လိုအောက်ရောက် သွားမှန်းကို မသိတာ။ သေပြီကို မှတ်တာ။ နောက်နေ့ သွေးအေး သွားတော့မှ ဝေယံ ပိန်သေးကို မေးကြည့်တော့
ကျုပ် ကိုက မှားတာပါဗျာ ။ မပြဲစိန် ရဲ့ တတိယ မြောက် လင်ငယ် ဘဲဥ ကိုပေးထားတဲ့ ဆိုင်ကယ်လေး ငါ့ ခဏ ငှားစမ်းပါလို့ ပြောလိုက်မိတာပါ..
တဲ့လေ။ အဲလိုကြီးပါဆို။ ကျွန်တော့် အိမ်ဘေးက အသားဖြူဖြူ နဲ့ ချာတိတ်လေး ကိုပဲကြည့်..။ ချာတိတ်လေးက ကေတီဗီ မှာ ရိုးရိုးသားသား သီချင်းဆိုစားတာ။ ဒါကိုတောင် ရပ်ကွက်ထဲက မနာလိုသူ အချို့က ကောင်လေးကို “အပျက်ထီးလေး ဟဲ့” ဆိုပြီး အမနာပ သပုတ်လေလွင့် ကဲ့ရဲ့ကြတာ ပထမတော့ ချာတိတ်လေးက ရိုးရိုးသားသားပဲ ။ နောက်တော့မှ သူတို့ ပြောတဲ့ အတိုင်းပဲ ဖြစ်သွားရရှာတယ်။ ချာတိတ်လေးကလည်း ကျွန်တော့်ကို ရင်ဖွင့်ရှာပါတယ်.။
“ညီ က ကျန်းမာရေး မကောင်းတဲ့ အမေ့ကို ပြုစုလုပ်ကျွေး နေရတာပါ အကိုရယ်။ ဒါကို လူတွေက ရှုတ်ချကြတဲ့ အပြင်၊ မျက်လုံးစိမ်းကြီးတွေ နဲ့ ကြည့်ကြ၊ ၀ိုင်းကြဉ်ထားကြတော့ ညီလည်း ရွဲ့ပြီး မထူးဇာတ်ခင်းမိတာပေါ့။ ဆိုင်မှာ သီချင်းလာလာ ဆိုနေတဲ့ ကားအနက်ကြီးနဲ့ သွားတော်ကြီးက စပြီး ရွဲ့လာလိုက်တာ ခုထိပဲ ဆိုပါတော့။ ဟုတ်ပါတယ် ညီဟာ သူတို့ ပြောသလို အပျက်ထီးလေး ပါပဲ။ ဒါပေမယ့် တို့ အကိုရယ် စားစရာ မရှိတော့ သားကောင်ချနင်းရတဲ့ သဘော ပါပဲ…မိဘကို ညီ့ခန္ဓာကိုယ် နဲ့ လုပ်ကျွေးနေရတာ ဆိုတော့ ပိုပြီး မြတ်တယ် လို့ ညီတော့ ခံယူထားတယ်..”
တဲ့။
ဒီလို ဖြစ်ချင်တိုင်း ဖြစ်သွားကြတဲ့ အမျိုးကောင်းသားလေးတွေ ရိုက်သတ်လို့ မကုန်နိုင်အောင်
ဒုနဲ့ဒေး ပါပဲ။ ရှိသေးတယ်။ ချာတိတ်လေးတွေ ချောပြီဟေ့ ဆိုရင် မိဘတွေက ကလေးမျက်နှာ ဓါးနဲ့လှီးပြီး
ရုပ်ဆိုးစေရတယ်။ ဘာလို့လည်းဆိုတော့ သူဌေးမကြီးတွေက တော်ကောက်တတ်လွန်းလို့။ ချာတိတ်တွေ
အတွက် အလှ ဆိုတာ ဓန လည်း ဖြစ်သလို၊ အန္တရာယ်လည်း ဖြစ်စေတယ်။ အဲဒီလို ချာတိတ်ချောချောလေးတွေကို
လိုက်နေတဲ့ အမဲတွေက ရှိသေးတယ်။ တချို့ အသာတကြည် ပြောပြီး.ယူ၊ တချို့ မိန်းမတွေက တစ်ခါထဲ
ကားတင်ပြေးကြနဲ့ ကြောက်စရာပဲ။ ဒီ့ထက်ပိုဆိုးတာက ချာတိတ်လေးဘက်က အလိုမတူဘဲ ခြိမ်းခြောက်ပြီး
ခိုးယူပေါင်းသင်းမှု။ တနည်း ပန်းကောင်းအညွန့်ချိုးခံရတာပေါ့
တစ်နေ့ ချာတိတ်လေး ကျောင်းက ပြန်လာတော့ “သားမိဘတွေ ဆေးရုံမှာ” ဆိုပြီး အမျိုးသမီး တစ်ဦးက ဆိုင်ကယ် နဲ့ လိမ်လည်ခေါ်သွားရာကနေ ပျောက်သွားလိုက်တာ တစ်ပတ်ကြာတယ်။ မိဘ တွေဆို ခေါင်းမီးတောက်မတတ် ပြာတာပေါ့။ စခန်းမှာ အမှုဖွင့် နေတုန်း ချာတိတ်လေး မျက်ရည် စက်လက်နဲ့ အိမ်ပြန်ရောက်လာတယ်။
“သားကို
ဘယ်သူကြီးလည်း မသိဘူး။ ဟင့် မြို့ပြင်ကို ခေါ်သွားပြီးတော့..ဟင့်….သူလုပ်
ဒီလိုနဲ့
မိဘ တွေခမျာ တစ်ပူက နှစ်ပူ၊ တစ်ရှက်က နှစ်ရှက်
မဖြစ်ချင်တာနဲ့ အမှုကြေအေးခဲ့ရတာ ။။ နို့မို့ အမှုဖွင့်တော့လည်း သားရှင်ကပဲ မျက်နှာပျက်
သိက္ခာကျ မှာလေ။ ကွဲပြီးသား အိုးကို ပြန်ဆက်လို့ မရတော့သလို သားယောင်္ကျား ဆိုတာ မျိုးက
ဆူးပေါ် ဖက်ကျလည်း ဆူးကျိုး၊ ဖက်ပေါ် ဆူးကျလည်း ဆူးကျိုးတာပဲ မှတ်လား…။ နဂို အနေ ဖျက်လို့၊
လူပျိုရည် ပျက်ပြီးမှတော့ ဘာထူးတော့မှာလဲနော့်..အရှက်ကွဲ
နို့မို့ အနေမတတ်လို့ကတော့ လူတကာ နှပ်ချေးဖတ်မှာ မှေက်ခုံမျောကရော။ ဘ၀ပျက်ပြီး လုပ်စရာသား မရှိလို့ကတော့ အမြှောင်လင် သာ လုပ်လိုက်။ အေးဆေးပဲ..။ တချို့ဆို နံပါတ် ဂ၊ ၉ အထိ ရှိကြတယ်။ ဒါကလည်းရုပ်ခံလေး နဲ့ နဖူးရည် ဒူးရည် ရှိမှ ရကြတာဆိုတော့ အဆင်မပြေသူများကျ အောက်လိုင်း ရောက်သွားရော။ ဒီခေတ်ထဲ မိန်းမ တွေက ဒီလောက် မင်းမူနေတာ၊ အလုပ် တစ်ခုလေး ရဖို့လား…ဘယ် ..သေသွားမယ်။ လမ်းခင်းတာတောင် ထောက်ခံစာ ၉ ခု လောက် မပါဘဲနဲ့ ရဖို့ အိပ်မက် မနေနဲ့။ အုတ်ရိုက်တာလည်း မိန်းမ၊ အိမ်ဆောက်တာလည်း မိန်းမ။ ကားမောင်း၊ ဈေးရောင်း၊ ၀ပ်ရှော့။ အလှပြင်ဆိုင်၊ စားသောက်ဆိုင် အားလုံး မိန်းမ တွေ ချည်းပဲ။
ဒီတော့ ယောင်္ကျား ဘသားတွေ ဘယ်သွားသေကုန်လဲ..ဟုတ်လား။ အိမ်ရှင်ထီးတွေ ဖြစ်ကုန်တာလေ။ အေးလေ..သူတို့ လုပ်စာ ထိုင်စားနေရတော့လည်း လန့်နေရတာပေါ့။ သစ္စာ ရှိသူများကျတော့၊ ရှိကြပါတယ်။ သစ္စာ မဲ့သူများကျတော့ လင်ပြိုင်ကို ပေါ်တင်တွဲတာ…။ အဲဒါကို မကျေနပ်လို့ တိုင်မယ် မကြံနဲ့။ အမျိုးသားရေးရာ ရယ်လို့ ဘယ်ခေတ်တုန်းကမှ မရှိခဲ့ဖူးဘူး..။ မကျေနပ်ရင် လျှာကိုက်သေရုံပဲ။
ယောင်္ကျားတို့ အိနြေ္ဒ ရွှေပေးလို့ မရ ဆိုတဲ့ စကား နဲ့ အညီ အိမ်မှု ရေးရာကို ပိပြားနေအောင် လုပ်ပြီး။ အိမ်တွင်းပုန်း ဗိုင်းကောင်းကျောက်ဖိ နေရတာ။ မိဘ တွေ ကလည်း သမီးဆိုတာနဲ့ လွှတ်ထားပြီး ပစား ပေးထားတာ။ သားပျိုတွေကိုတော့ သားအညှာ အခါ မလင့်စေနဲ့ ဆိုတဲ့ အတိုင်း မိဘတွေ ၀တ္တရား ရှိတာနဲ့ အညီ လာတင်တောင်းမယ့် ပျိုမဒီကို ရွေးချယ်ပြီး၊ ၁၈ နှစ်ကျော်တာနဲ့ ခပ်မြန်မြန်ပဲ ထိမ်းမြား မင်္ဂလာပြုပေးရတယ်။ မိန်းမကောင်းတော့ ဘသား တစ်သိန်း တဲ့။ ခေတ်ကိုက လှေကား ၃ ထစ်လောက်ကို အရာ မသွင်းတဲ့ ခေတ်။ ဝေးဟေးဟေး ဆိုတာနဲ့ အိမ်ပြိုပြီလေ..။ ဒီတော့ သန်ရာသန်ရာ ကြောက်လိုက်ရတာပဲ…။
ယောင်္ကျားတို့ ဘုန်း ဆံထုံး၊ မိန်းမတို့ ဘုန်း နှစ်လုံး တဲ့လေ။ (လက်ရုံးရည် ၊ နှလုံးရည် ပြောပါတယ်) ဆိုလိုတာက ယောင်္ကျားလေးတွေဟာ မွေးထဲက ချောရင်ချော ၊ မချောရင် ပညာတတ်၊ ဒီလိုမှ မဟုတ်လို့ကတော့ ဟမ်ဟမ်း သေမယ့်သာကြံ…။ ဘယ်နေရာမှ သုံးစားလို့ကို မရတော့ဘူး။ ဒီခေတ်ပိုဆိုးပေါ့…။
အမျိုးသား ၀န်ထမ်း အလိုရှိသည် ဆိုတာ ပြစားဖို့ မဟုတ်ရင် လိမ်တာ။ တချို့တွေက ဒီလို ခေါ်ပြီးမှ ကျောက်ကပ် တွေထုတ်၊ ဥတွေထုတ်၊ အူတွေထုတ် ရောင်းတာလေ..။ တစ်ခုတော့လည်း ကောင်းသွားပါတယ်။ ယောင်္ကျားတွေ အလိုဆန္ဒ နည်းသွားတော့ ကမ္ဘာကြီး တစ်ခြမ်းပေါ့သွားတာပေါ့..။
မိန်းမတွေပဲ အလုပ်လုပ်၊ ကြိုးစားပြီး ငွေရှာ၊ တချို့သူဌေးတွေ ဖြစ်ကြနဲ့။ နောက်ဆုံးတော့ ကြက်ပွဲမှာလည်း မိန်းမတွေ၊ ဘောက်ဆင် ထိုးလည်း မိန်းမ ပွဲ၊ ဘောလုံးပွဲလည်း မိန်းမပွဲ၊ နိုက်ကလပ်မှာလည်း အပျိုမဒီတွေ။ လူပျိုမဒန်း လေးတွေက ရှိုးတိုးရှန်းတန်း ရှက်အား ပိုကြ။ ဒီထက့်ပိုရင် ချာတိတ်တွေ ဒူးနဲ့ မျက်ရည်သုတ်ကြ ဆိုတဲ့ ဇာတ်သွားတွေက ဖန်တစ်ရာတေအောင် ကြားရလွန်းလို့ အပ်ကြောင်း ထပ်နေ ရိုးအီနေပြီ။
ကျွန်တော်တို့ အလုပ်ထဲက ဘောစိ မကြီးဆိုရင် တော်တော် ဆိုးတယ်။ သူ့အိမ်မှာ ချာတိတ်လေးတွေ ချည်း လက်သပ်ပြီး ခိုးမွေးထားတာ။ ကျွန်တော့်ကိုတောင် ပြစားဖို့ အတွက် သူ့စက္ကတေရီမန်း အဖြစ် ခန့်ထားတာ။ အမ်း…ဒါတောင် လွယ်လွယ်နဲ့ ရတယ် မထင်နဲ့..နားလည်မှုနဲ့ ၀င်ရတာ။ သူ့လိုင်းနဲ့ သူပေါ့။ ကျွန်တော် ဒီမှာ အလုပ်ရဖို့အတွက် အင်တာဗျူှးာ တော်တော် ချွေးပြန်ခဲ့ရသေးတယ်။ ဘောစိမကြီးကို မှုတ်ပြရသေးတာလေ..၊ “ဘာဂျာ”ပြောပါတယ်…။ မင်း မှုတ်တတ်လား၊ ဘာဂျာ ဆိုတာနဲ့ ပါးစပ်စွမ်း ရှယ်ပြ ခဲ့ရတာ။ ဘိုလိုတွေ ရော၊ ယိုးဒယား လိုတွေရော၊ ကိုးရီးယား လိုတွေ ပါ အကွက်စုံ၊ နုတ်စုံ ခင်းပြရတာ လျှာတောင် ကြွက်တက်မတတ်။ အလုပ်ရပုံက ထားပါ။ သိပ်အရေးမပါပါဘူး။
ရုံးမှာ အနေမတတ်လို့ကတော့ မရဘူး။ ကောင်မလေး တွေကလည်း လစ်ရင် လစ်သလို …ဟမ်ဟမ်း ..သိတယ် မလား။ သူတို့ပဲ ကြည့်ကြက်ရှောင် နေရတာကိုက အလုပ်တစ်ခု။ အေးလေ။ အားနွဲ့တဲ့ ဘသားလေး ဆိုတော့နော့်။ အိမ်အပြန်ကိုလည်း တစ်ယောက်ထဲ မပြန်ရဲဘူး..။ နှုတ်ခမ်းနီ လမ်းသရဲမလေး တွေက ဆိုင်ကယ်တွေ နဲ့
“ဟေ့
ချိစ်ချိစ်…ပြန်ပြီလား…စောင့်ဦ
….
“ထမင်းချိုင့် ဆွဲကူပေးရမလား..”
“နာမည်လေး ဘယ်လို ခေါ်လဲ ချာတိတ်”
ဆိုတာမျိုးက ကြောက်ရသေး။ ဒီတော ဘောစိမကြီးကို အားကိုးရတာပေါ့။ ဘောစိမကြီးကလည်း ကျွန်တော့် အပေါ် ကောင်းရှာပါတယ်။ ကျွန်တော့်အောက်ကိုတော့ မကောင်းဘူးး အော် အောက်လက် ငယ်သားတွေ ကို မကောင်းဘူး ပြောပါတယ်။ အိမ်အပြန်ဆို ပါဂျဲရိုကား အနက်ရင့်ရင့်ကြီး နဲ့ကို လိုက်ပို့တာ..။ ရပ်ကွက်ကလည်း ဒီ ချာတိတ် မရိုးဘူးနော်.။ ဒီသူဌေး နဲ့ ဒီခွေးကတော့ကွာ ဆိုပြီး မနာလို၊ တိုရှည် တွေ ဖြစ်ကြပေါ့။
ကိုယ်တိုင်ကလည်း ကြောက်တတ်တာလေ..။ ဆွဲလားရမ်းလား လုပ်ရင် အခက်ဆိုပြီးတွေး ကြောက်ပြီး ရင်ဖိုရတာ ကိုက စိတ်လှုပ်ရှားစရာ။ ကိုယ်တွေမှာက ကောင်မလေး တွေလို ထုတ်ပြောဖို့ အခွင့်အရေး ကမရှိ။ သူတို့ပြောလာမယ့် အချိန်ကို စောင့်စား မျှော်လင့် နေရတာဆိုတော့ ရင်တော့ မောတာပေါ့။ လွန်ခဲ့တဲ့ နှစ်က ဆိုရင် ကျွန်တော့်ကို အပြိုင်လိုက်နေကြတဲ့ သူဌေးသမီး နှစ်ယောက် ရန်ဖြစ်ပြီး ချိန်းရိုက်လိုက်ကြတာ တုတ်တပြက်၊ ဓါးတစ်ပြက်ကို ရုံးရောက်၊ ဂါတ်ရောက်နဲ့ ဘာကြာသေးတာမှတ်လို့။ အဲဒီ နောက်ပိုင်းက စပြီး ကျွန်တော် လန့်သွားတယ်။ တကယ်ဆို ကောင်မလေးတွေက တက္ကသိုလ် ကျောင်းသူလေး တွေမို့ အချင်းချင်း ဘော်ဒါ ကဏ္ဍ ရိုးရိုးသားသား ခင်မိတာပါ။ သူတို့ဖက်က မရိုးမသား တာတော့ မသိဘူးလေနော့်။ ကောင်မလေး နှစ်ယောက် အတွက် နဲ့ သိက္ခာတွေ ကျပြီး ကျွန်တော့် မယ် ရှက်လိုက်တာလေ..လူကြားထဲကို မတိုးဝံ့တော့သလို၊ အဖတ်ဆည် လို့ကို မရတော့ဘူး..။ နာမည် ပျက်က ရှိသွားပြီလေ..။ အများက ခေါ်ကြတယ်…ဘာတဲ့ …အသည်းစား ဘီလူးထီး တဲ့။ လျှာနှစ်ခွ နဲ့ မြွေဟောက်ထီး တဲ့ ..။ ကြောက်လိုက်တာ..။
အများကြီး ကြုံဖူးပါတယ်။ အပျော်ကြံချင်သူတွေ။ ကျောရရုံကြံသူတွေ၊ ခြေတော်တင် ချင်သူတွေ၊ နံပါတ်ချိတ်ချင်သူ ဏှာမကြီးတွေ နဲ့ အများကြီး ကြုံဖူးတယ်။ ကိုယ့်တစ်ကိုယ်စာ ဘ၀ မပျက်ဖို့ အရေးကို အန္တရာယ် အသွယ်သွယ်၊ ဆူးတော အထပ်ထပ် ကြားကနေ ရုန်းထွက်ခဲ့ရတာလည်း အကြိမ်ကြိမ် ပြော ရင် ယုံမယ်တောင် ထင်ဘူးရယ်။
ကောင်မလေး တစ်ယောက်ဆိုရင် ကျွန်တော်နဲ့ ချစ်ကြတာ ၃ နှစ်၊ တစ်နေ့တော့ ထုံးစံ အတိုင်း စကားစလာတယ်လေ။
“နှစ် ယောက်ထဲ တစ်နေရာရာ မှာ လွတ်လွတ်လပ်လပ် တွေ့ကြရအောင်လေ….”
တဲ့။ သိတာပေါ့…။ ဒါဘာအထာလဲ ဆိုတာ နပ်ပြီးသားပဲဟာ..။ ဒါပေမဲ့ သူရဲ့ မသမာတဲ့ အကြံကို မသိသလိုလို လက်ခံလိုက်ပြီး မှိန်းလိုက်သွားတာ။ ထင်တဲ့အတိုင်းပဲ..။ ရွှေပျို့ပျို့က အနုနည်းနဲ့ မရတော့ အကြမ်းဖက်ချင်တဲ့ သဘောတွေ ပြလာတယ်။ ကျွန်တော်က အိမ်ထောင်မပြုမချင်း စိတ်အလိုကို မလိုက်ပါရစေနဲ့ တောင်းပန် တာကို တောင် သူနားမ၀င်တော့ဘူး။ ပုံစံက တကယ့်နွားသိုးကြိုးပြတ်..။
ဒီလိုနဲ့ သူရွှေငါးကျပ်သားနဲ့ အလှဲအလှယ် လုပ်ဖို့ ကမ်းလှမ်းတာကို ကျွန်တော် တူးတူးခါးခါး ငြင်းလိုက်တော့ သူတင်းပြီး ပေါက်ကွဲသွားတယ်။ ပထမက ကျွန်တော့်ကို ရွှေတစ်ပိဿာ နဲ့ မိသားဖသားပီပီ တင့်တောင့်တင့်တယ် တင်တောင်းပါ့မယ် လို့ အယုံသွင်းထားတာကို။ ဒါနဲ့ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး သူ့အကြံဆိုးကြီးကို စတင်း အကောင်အထည် ဖော်ရတော့တာ။ အောင်မလေး တော်သေးတာပေါ့ ကျွန်တော်အော် လိုက်လို့ ဟော်တယ် အစောင့်တွေ ရောက်လာပြီး ပြဿနာတတ်တာ။ အမှုတဘောင်တွေ ရင် ဆိုင်ရပြီး သူလည်း ငွေကုန်သံပြာဖြစ်၊ ကိုယ်လည်း လူရာ ကို မ၀င်တော့ဘူး။ အမှန်က သူမခေါ်ရာ လိုက်သွား မိတဲ့ ကျွန်တော့ အပြစ်တစ်ဝက်လည်းပါပါတယ်။ ပြီးမှ နောင်တတွေ ရနေမိတာ။ ဒီလိုမျိုး အဖြစ်တွေ မဖြစ်ရအောင်လို့ နောင်းလာ နောက်သားတွေ အတွက် ကျွန်တော့ အဖြစ်အပျက်တွေ အရှိရှိတိုင်း ထုတ်ပြောရတာ မရှက်ပါဘူး...တကယ် ။ ချာတိတ်ကြီး ဆင်ခြင်မိရင် ကျွန်တော် ပြောရကျိုးနပ်ပြီလို့ ပဲခံယူမိတယ်။
ပြောမယ့်သာပြောရတာပါ။
ခုနောက်ပိုင်း အချစ်ဓါးမြတွေက ပိုကြမ်းလာသလိုပဲ။ အလုပ်ကိစ္စနဲ့ နယ်စပ် ဘက်ခရီးထွက်တုန်းကပေါ့။
ကားဂိတ်ရောက်လို့ ကားပေါ်ကတောင် အဆင်းရသေးဘူး။ ကျွန်တော့်ကို လာကြိုပါတယ် ဆိုပြီးတော့
ဇွတ်ရော အတင်းရော ခေါ်ချသွားတာ။ ဘာမှ ရွေးချယ်ခွင့် တောင်မရှိဘူး။ ချက်ချင်းဖုန်းလှမ်းထောက်လိုက်
နောက်ပြီးတစ်ခါ မြို့ထဲ ထွက် လို့ မိုးလေး မဆို စလေးလောက် ချုပ်မိပါတယ်။ လမ်းကြားထဲ ရောက်တော့ ပါးစပ်ကို လက်နဲ့ ပိတ်၊ ခါးမှာ ဓါးနဲ့ထောက်ပြီး
“ခုချက်ချင်း ငါ့ အလိုကိုလိုက်၊ ငါပြောတာလုပ်အော်မယ် မကြံနဲ့ သေမယ်”
နဲ့တွေ့တာပဲ ။ ကိုယ်က ထွက်ပြေးရင်လည်း ဗိုက်ပွင့် သေဦးမယ်။ အော်ရင်လည်း အင်း မသေရင်တောင် အကြောလောက် တော့ ဆိုင်းဦးမယ်။ ဒီတော့ အပျော့ဆွဲနဲ့ ဆွဲပြီး ဂက်ပေါက်ရှာမှ လို့ တွေးမိတာ။ ဥာဏ်ကို လွှာသုံးတယ်လို့ သာပေါ့။ နောက်ဆုံးမရရအောင် သူပြောတဲ့ အတိုင်း လိုက်လုပ်ရင် အနည်းဆုံး ကုသိုလ်တော့ရပါတယ်လေ ဆိုပြီး စိတ်ကို လျှော့ချထားပြီပြီး..။ ဘယ်က ဘယ်လိုမှန်းသိဘူးဗျာ။ လှည့်ကင်းတွေ ရောက်လာတာနဲ့ အတော်ပဲ ဖြစ်သွားတယ်။ ဒါကြောင့် အကြိမ်ကြိမ် လွတ်ခဲ့တယ်လို့ပြောတာပါ။ ဘယ်လို ဗီဇ မှန်းကို သိဘူးရယ် တကယ်။ ကိုယ်မရောက်ဖူးတဲ့ ဒေသမို့ အလစ်သုတ်ခံရတာပါ။ ကိုယ့်ကို၌ ကလည်း ယောက်ျားချင်းတောင် ငေးရတဲ့ ပိုးဟပ်ဖြူလေး ဆိုတော့ ကားသိတယ် မလား…။
xxxxxxxxxxxxxxxxxxxxxxxxxxxxxx
No comments:
Post a Comment