Jpeg Files များကိုစတေကာဖောက်နည်း
ဘယ်သူမှ မသိသေးတဲ့နည်းသစ်တစ်ခုကို ကျွန်တော် တီထွင်တွေ့ထားတယ်။ ဒီနည်းက Software ၃ ခုလုံးကိုတပြိုင်ထဲအသုံးပြုပြီး path လမ်းကြောင်း၊ ပုံရိပ်ကောက်ကြောင်းဆွဲနည်းပါ။ Artcut Software ဟာဆိုရင် .plt File တို့ Bilmap file တို့လို.illu file သာသိတဲ့ ဖတ်တဲ့အတွက် Corel Draw မှာဖိုင် ပြောင်းပေးရပါတယ်။ ဖိုင်မပြောင်းပေးရင်တော့ ဖောက်တဲ့ ဆော့ဝဲလ်က Support မဖြစ်တဲ့အတွက် မရပါဘူး။ PS-3 မှာ.plt file မပါတဲ့အတွက် Corel Draw မှာ File ပြောင်းပေးခြင်းပါ။ Cartoon ပုံတစ်ပုံကိုစမ်းကြည့်ရအောင် ။ PS-3 ထဲမှာ Magic Wand tool နဲ့ အနက်ရောင်တွေကိုSelection လုပ်လိုက်တဲ့အခါမှာပုံကိုလည်းSelect လုပ်ပြီးသား ဖြစ်သွားတယ်။ ဒီနည်းကဘယ်ပုံမဆိုရပါတယ်။
အဖြူအမည်း ဖြစ်အောင် ပုံကိုအရင်ပြောင်းပေးရတယ်။Selection ဖြစ်အောင် အမည်းရောင်တွေကို စိတ်ရှည်လက်ရှည် လေးနဲ့ နည်းနည်းခြင်း တဖြည်းဖြည်းခြင်း ကုန်အောင် Select လုပ်ပေးရတယ်။ Select မလုပ်လိုက်ရရင် အဲဒီနေရာ ကျန်ခဲ့မှာပါ။ Select လုပ်ပြီးပြီဆိုမှ Pathလမ်းကြောင်းပြောင်းလို့ရမှာပါ။ PSရဲ့ အားသာချက်ကအဲဒါပါပဲ။ လမ်းကြောင်းတွေ ကောက်ကြောင်းတွေကိုMove Tool နဲ့ New Windowထဲကိုဆွဲထည့်လိုက်ပါ။ တချို့မူရင်းဖိုင်တွေကပေးမပြင်ဘဲသော့ခတ်ထားတတ်တာကြောင့်ပါ။ Ctrl+Nခေါ်လိုက်။ ပုံရောက်ရင်SelectionကိုPathလမ်းကြောင်းပြောင်းပေးရုံပါပဲ။ Make Work Path From Selection ကို နှိပ်လိုက်ရုံပါ။
Selectionမျက်စိမမှိတ်ခင် Selectionကို မြင်သာအောင် မျက်စိမှိတ်ထားပုံ
မြင်သာအောင် Layer 1 ကိုမျက်စိမှိတ်ကြည့်လိုက်။ ကောက်ကြောင်းတွေပဲသီးသန့် ကျန်ပါမယ်။ မမှိတ်လည်းဘာမှမဖြစ်ပါဘူး။ ဒီပုံကို မ Saveဘဲနဲ့ Export ကနေ Path to Illustrator နဲ့ သွားပြီးFile Name ပေးလိုက်။
Corel Draw မှာImport လုပ် { Ctrl+I} ကောက်ကြောင်းတွေ ဖြစ်တဲ့အတွက် ဘာမှ မြင်ရမှာမဟုတ်ပါဘူး။ မြင်ချင်ရင် အနက်ရောင် ပေါ်မှာRight Click ပေးကြည့်လိုက်။ ဒါကိုCoral Draw မှာ.plt file နဲ့ Save လုပ်လိုက်ပါ။ ဒါဆိုရင် Fine ပါပြီ။
Artcut/ RedsailမှာImportလုပ်ပြီးဖောက်ရန် အသင့်ပါပဲ။ လွယ်တယ်နော် ။ ဒီနည်းကJpg/Tiff/Giff ကြိုက်ရာဖိုင် …. OK ပါ။
No comments:
Post a Comment