ဆရာႀကီး ဦးဖိုးလတ္က တ၊ ပို႔၊ တြဲ ဟူေသာ သံုးပုဒ္ ေပါင္းစပ္ၿပီး တပို႔တြဲ ဆိုတာဟာ ထန္းဖူး၊ ထန္းခုိင္တို႔ ေအာက္သို႔ တြဲေေလာင္း ကုိင္းညႊတ္ေအာင္ က်ေသာ လ၊ ထန္းရည္နင္းလ ဟု အဓိပၸါယ္ ရတယ္လို႔ ျမန္မာဓေလ့အရ ယူဆၾကၿပီး၊ ေနေရာင္ပ်ဳိးရာ အရပ္သုိ႔ ေျပးသြားေစတတ္ေသာေၾကာင့္ တပမာ၀ယ မွ တပို႔ခြဲ၊ တပို႔ခြဲမွ တပို႔တြဲ ျဖစ္လာကာ အလြန္ခ်မ္းေအးလြန္းလွသျဖင့္ ေနေရာင္ ရွိရာ အရပ္ သို႔ ေျပးၿပီး ေနပူဆာ လႈံရေသာလ ဟု လည္းေကာင္း၊ ဒုတိယ ေက်ာ္ေအာင္စံထား ဆရာေတာ္ဘုရားက တပို႔တြဲလ ကို လယ္ယာလုပ္ ကိရိယာ ထမ္းပုိးမ်ားကို ဆြဲထားေလ့ ရွိေသာေၾကာင့္ ထမ္းပိုးဆဲြ၊ ထမ္းပိုးတဲြ ဟူေသာ စကားမွ ျဖစ္ေပၚလာသည္ဟု လည္းေကာင္း အနက္ဖြင့္ထားၾကေလသည္။
တပို႔တြဲလသည္ ေဆာင္းေႏွာင္း ေဆာင္းအကုန္ပိုင္း ျဖစ္တာေၾကာင့္ အေအးတကာ့ အေအးဆံုးအခ်ိန္ကာလတြင္ ဘုရားရွင္သည္ လက္ေတာ္ ေအးသျဖင့္ မီးကင္ရသည္ဟု ယူဆကာ မီးအလွဴပဲြ၊ မီးဖုန္းပြဲကို က်င္းပၾကျခင္း ျဖစ္သည္။
ဘုရားမီးပူေဇာ္ရာတြင္ ထင္းအျဖစ္ အသံုးျပဳေသာ ရွားသား သည္ ယခုအခါ အလြန္နည္းပါး လာၿပီ ျဖစ္သျဖင့္ ဆီးျဖဴသား၊ သနပ္ခါးသား ႏွင့္ ေရတမာ၊ ေတာင္တမာ သား တို႔ကို မိမိတို႔၏ ေန႔နံ ၿဂိဳလ္တုိင္ ေရွ႕တြင္ ထင္းေခ်ာင္းမ်ားကို အသက္ေစ့ မီးပူေဇာ္တတ္ၾကေသာ ဓေလ့ ရွိပါတယ္။
ဗမာတို႔ရဲ႕ တပို႔တဲြလ ထမနဲ ထုိးပဲြ
ျမန္မာလူမ်ဳိးတို႔ရဲ႕ ဓေလ့အရ ဆယ့္ႏွစ္လ ရာသီပြဲေတာ္မွာ ထမနဲ ထုိးပဲြဟာ တစ္ခု အပါအ၀င္ ျဖစ္ပါတယ္။ ထိုလမွာ အပူစာမ်ားျဖစ္တဲ့ ႏွမ္း၊ ေကာက္ညွင္း၊ ေျမပဲ၊ ဂ်င္း တို႔ကို တ၀စားသံုးထားျခင္း အားျဖင့္ က်န္ေသာ လ မ်ားတြင္ အပူဒဏ္ကို တစ္ႏွစ္ပတ္လံုး ခံႏုိင္ရည္ ရွိၿပီး မဖ်ားေတာ့ဘူးဟု ယံုၾကည္ ၾကတာေၾကာင့္ ထမနဲမ်ားကို စားၾကျခင္း ျဖစ္ၿပီး၊ ထမနဲ ထိုးျခင္းသည္လည္း အစုလိုက္ အဖဲြ႔လိုက္၊ ေပါင္းစည္း လုပ္ကိုင္ရျခင္း၊ အားႏွင့္ အင္ႏွင့္ ထုိးရသျဖင့္ က်န္းမာ ႀကံ႕ခိုင္မႈ ရွိျခင္း၊ ရာသီစာ ျဖစ္သျဖင့္ စားသံုးလွ်င္ က်န္းမာေရး ေကာင္းမြန္ျခင္း၊ ေပ်ာ္ရႊင္ဖြယ္ ျဖစ္ျခင္း တို႔ကိုပါ ခံစားရေစမွာ ျဖစ္ပါတယ္။
ရုိးရာ ေကာက္သစ္စားပဲြ ျဖစ္ၿပီး၊ ရိတ္သိမ္းၿပီးတဲ့ ေကာက္ပဲသီးႏွံ ဆန္သစ္မ်ားနဲ႔ ခ်က္လုပ္ကာ ေပ်ာ္ပါးစြာ ခ်က္ျပဳတ္စားေသာက္ၾကျခင္း လည္း ျဖစ္ပါသည္။
ရွမ္းတိုင္းရင္းသား တို႔ရဲ႕ပြဲစြတ္လို
ရွမ္းတိုင္းရင္းသားေတြဟာလည္း ဗုဒၶဘာသာ၀င္မ်ား ျဖစ္တာေၾကာင့္ ဘုရားရွင္ကို မီးပူေဇာ္ေသာ ပြဲကို ရွမ္းအေခၚ ပဲြစြတ္လို ဟု ေခၚၿပီး မီးအလွဴပဲြကို လျပည့္ညမွာ က်င္းပေလ့ ရွိတတ္ၾကတယ္။ ထိုေန႔တြင္ ယာဂု ထိုးျခင္း၊ ထမနဲ(ရွမ္းမနဲ) ထုိးျခင္း ႏွင့္ အိမ္နားနီးခ်င္းမ်ားကို လုပ္ၿပီး ေ၀ျခင္း တို႔ကို ျပဳလုပ္ေလ့ ရွိတတ္ ၾကေၾကာင္း သိရသည္။ ယခင္က ရွမ္းအိုးစည္မ်ားျဖင့္ တီးခတ္ေလ့ ရွိတတ္ၾကၿပီး ရွမ္းလူငယ္ ေမာင္မယ္ မ်ားတို႔က ရုိးရာ အကအလွ မ်ားျဖင့္ ေပ်ာ္ရႊင္စြာ မီးပူေဇာ္ေလ့ ရွိတတ္ၾကလုိ႔ သိရတယ္။
ယခုေခတ္တြင္မူ တစ္ပိုင္တစ္ႏုိင္ လုပ္ၾကၿပီး ယာဂုမ်ားကို ေ၀ျခင္းတို႔ကို ရွမ္းျပည္နယ္ ရွိ ၿမိဳ႕နယ္ တုိင္းတြင္ ျပဳလုပ္တတ္ၾကေၾကာင္း သိရသည္။
ပအို၀္းတုိင္းရင္းသားတို႔ရဲ႕ ေမခရဲ ပဲြ
ပအုိ၀္းတိုင္းရင္းသားတို႔သည္လည္းပဲ ဘုရားရွင္ကို ရည္မွန္းၿပီးေတာ့ မီးပူေဇာ္တဲ့ အလွဴပြဲကို က်င္းပေလ့ ရွိၾကၿပီး၊ ေမခရဲပဲြ လို႔ ေခၚဆိုၾကပါတယ္။ ပအို၀္း တိုင္းရင္းသားမ်ားဟာ သထံုျပည္၊ ရွမ္းျပည္နယ္ ေတာင္ပိုင္း နဲ႔ ေျမာက္ပိုင္းတို႔တြင္ အနည္းငယ္စီ ပ်ံ႕ႏွံ႔ေနထုိင္ၾကတာ ျဖစ္တယ္။
ေမခရဲပဲြလို႔ ေခၚတဲ့ ဘုရားရွင္ကို မီးပူေဇာ္ေသာ ဓေလ့သည္ အထက္ပါ တင္ျပထားသည့္ အတုိင္းပင္ ျဖစ္ၿပီး၊ ပအုိ၀္း လူပ်ဳိႏွင့္ အပ်ဳိ တို႔ဟာ အုိးစည္မ်ား တီးလို႔ ကခုန္ၾကကာ ေပ်ာ္ရႊင္စြာ ဘုရားရွင္ကုိ မီးပူေဇာ္ေလ့ ရွိတတ္ၾကပါတယ္။ ပအို၀္း ကိုယ္ပုိင္ အုပ္ခ်ဳပ္ခြင့္ရ ေဒသေတြ ျဖစ္တဲ့ ပင္ေလာင္း၊ ဟုိပံုး ႏွင့္ ဆီဆိုင္ ၿမိဳ႕တို႔ အျပင္ ေက်ာက္တစ္လံုး ႀကီး ေဒသ ေတြမွာ ဒီလို ေရွးရုိးရာ ပဲြေတာ္ ေလးေတြ ယခုထက္တုိင္ က်င္းပေလ့ ရွိဆဲပဲ ျဖစ္ပါတယ္။
ရွမ္းေျမာက္ပိုင္းက တအာန္းတုိင္းရင္းသားမ်ား ထင္းျဖဴပဲြ
ရွမ္းျပည္နယ္ ေျမာက္ပုိင္းမွာေနထုိင္တဲ့ (ပေလာင္) တအာင္း တုိင္းရင္းသားေတြမွာလည္း ဒီမီးလွဴပဲြ ေတာ္ကို က်င္းပၾကၿပီး၊ အယူအဆ အနည္းငယ္ ကဲြျပားတာကို ျမင္ေတြ႔ရျပန္တယ္။ ေျမာက္ပိုင္းမွာေတာ့ ဒီပဲြကို ထင္းျဖဴမီးရွဳိ႕ပဲြေတာ္လို႔ ေခၚေ၀ၚၾကၿပီး တစ္ႏွစ္တစ္ႀကိမ္ က်င္းပျခင္း ျဖစ္သည္။ ပရိနိဗၺာန္ ျပဳသြားေတာ္ မူေသာ ဘုရားရွင္၏ အရုိးေတာ္ကို မီးရွဳိ႕ပူေဇာ္ျခင္း ဟု မွတ္ယူကာ အရုိးေတာ္ အျဖစ္ ထင္းျဖဴ ကို သတ္မွတ္ မီးရွဳိ႕ၾကျခင္းလည္း ျဖစ္ေၾကာင္း သိရသည္။ ဘုရားရွင္ ပရိနိဗၺာန္ ျပဳသြားျခင္းကို သိမွီကုိးကြယ္ ႏုိင္သူေတြ ရွိသလို၊ မမွီသူေတြလည္း ရွိတာေၾကာင့္ အကုန္လံုး မွီေအာင္ ႏွစ္စဥ္ ႏွစ္တုိင္း ထိုပဲြကို က်င္းပၾကျခင္း ျဖစ္တယ္လို႔ ပေလာင္၊ တအာင္း တိုင္းရင္းသား တို႔က ယံုၾကည္ၾကတယ္။ မ်ားေသာ အားျဖင့္ ပေလာင္ တုိင္းရင္းသားမ်ားသည္ ေတာင္ေပၚမ်ားတြင္ ေနထုိင္ၾကၿပီး၊ ၉၉ ရာခုိင္ႏႈန္းသည္ ေထရ၀ါဒ ဗုဒၶဘာသာ ၀င္မ်ား ျဖစ္ၾကသည္။
မီးရွဳိ႕ရာတြင္လည္း အသီးသီးရာတြင္ ခ်ဥ္ေသာအသီးၿပီး မီးရွဳိ႕ရင္ ေပါက္တတ္ေသာ တအာင္း အေခၚ (ရယုိပင္) အသားကို မီးရွဳိ႕ၾကၿပီး၊ ေတာင္တမာကိုလည္း သံုးတတ္ၾကေၾကာင္း သိရသည္။ ထို ရယုိ ပင္သည္ မီးရွဳိ႕ရာတြင္ ေပါက္တာရယ္၊ အတြင္းသားက ျဖဴေဖြးေနတာေၾကာင့္ ၾကည့္လို႔ လွတာရယ္ေၾကာင့္ သံုးျခင္း ျဖစ္ကာ၊ ရယိုအကိုင္းသည္ ေျဖာင့္ေသာေၾကာင့္ သံုးတတ္ျခင္း ျဖစ္သည္။ သစ္ကိုင္း ေျဖာင့္မွ ေကာင္းတယ္ဟု မွတ္ယူကာ ေကာက္ေနလွ်င္ ေနာက္ဘ၀တြင္ စိတ္မေျဖာင့္ စိတ္ေကာက္ ျဖစ္မွာ စုိးေသာေၾကာင့္ ဟု ယူဆ တတ္ၾကသည္။
ထုိပဲြကို တပို႔တြဲ လျပည့္ည တြင္ ဘုရားရင္ျပင္ေတာ္၊ ဘုန္းႀကီးေက်ာင္း၀င္း တုိ႔တြင္ မီးပံုရွဳိ႕ ျခင္း မ်ားကို ျပဳလုပ္တတ္ၾကၿပီး၊ ေျမာက္ပုိင္းရွိ ၿမိဳ႕တိုင္း၊ ရြာတိုင္းတြင္ က်င္းပတတ္ေၾကာင္း သိရသည္။ ယခင္က ထုိ မီးရွဳိ႕ပြဲကို အႀကီးအက်ယ္ က်င္းပ တာမ်ဳိး ရွိတတ္ၿပီး၊ ထင္းသားမ်ားကို အျမင့္ႀကီး ဆဲြထားကာ တစ္ဖက္ ႏွင္ ့တစ္ဖက္ အၿပိဳင္ဆဲြတာမ်ဳိး၊ ၇ ရက္ ၇ ည သုိ႔မဟုတ္ ၃ ရက္ ၃ ည ပဲြႀကီး ၀ွဲခ်ီးက်င္းပတတ္ၾကသည္။ အပ်ဳိ၊ လူပ်ဳိ မ်ား တစ္ဖက္ႏွင့္ တစ္ဖက္ အၿပိဳင္ ဆဲြျခင္း၊ စကားရည္လုျခင္း၊ အိမ္ေထာင္သည္ ႏွင့္ အပ်ဳိ အၿပိဳင္ ဆဲြျခင္း တို႔ကို ေဘးတြင္ အိုးစည္ ဗံုေမာင္းမ်ား တီးမႈတ္ကခုန္ၾကၿပီး ေပ်ာ္ရႊင္စြာ က်င္းပၾကျခင္းလည္း ျဖစ္သည္။
မိမိတို႔ရဲ႕ တိုင္းရင္းသား လူမ်ဳိး ေတြရဲ႕ အေမြအႏွစ္ေတြကို မိမိတို႔ အခ်င္းခ်င္းသာ ျပန္လည္ ေစာင့္ေရွာက္ ထိန္းသိမ္း ၾကရမွာ ျဖစ္ပါတယ္။
ရွမ္းျပည္ရွိ က်န္ေသာ တုိင္းရင္းသား လူမ်ဳိးမ်ားတြင္ အဆုိပါ မီးပူေဇာ္ေသာ ဓေလ့ မ်ားရွိတတ္ၾကၿပီး၊ မတူညီေသာ တုိင္းရင္းသား လူမ်ဳိးစုမ်ား အၾကား အနည္းငယ္ ကြဲျပားေသာ ဓေလ့ မ်ားျဖင့္ မိမိတို႔ တိုင္းရင္းသား လူမ်ဳိးစု အလိုက္ အသီးသီး က်င္းပေနၾကျခင္းသာ ျဖစ္တယ္ ဆိုတာ တင္ျပရင္းနဲ႔ ရွမ္းျပည္နယ္က ရိုးရာဓေလ့ေဟာင္း တစ္ခုျဖစ္တဲ့ ရွားမီးပူေဇာ္ပဲြ အေၾကာင္းကို တင္ျပရင္း နဲ႔ နိဂံုးခ်ဳပ္လိုက္ရပါတယ္။
စည္သာ(ေတာင္ႀကီး)
#ရွားမီးပူေဇာ္ျခင္း
#တပုိ႔တဲြလျပည့္ညဘုရားမီးပူေဇာ္
#15_Feb_2022
Unicode
တပို့တွဲလပြည့်နေ့ မှာကျင်းပတဲ့ မီးဖုန်းပွဲတော်(သို့မဟုတ်) ရှမ်းပြည်က ရှားမီးပူဇော်ပွဲ
စည်သာ(တောင်ကြီး)
မြန်မာလို တပို့တွဲ လပြည့်နေ့ ညဘက်မှာ ရှမ်းပြည်မှာ ကျင်းပလေ့ ရှိတဲ့ပွဲတော်က ရှားမီးပူဇော်ပွဲလို့ ခေါ်တဲ့၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကို အအေးဓါတ် လွန်မြောက်စေဖို့ မီးပူဇော်တဲ့ ပွဲတော် တစ်ခု ပါပဲ။ မြတ်စွာဘုရား တာဝတိ ံသာနတ်ပြည်က ဆင်းသက်ကြွချီ လာသော တန်ဆောင်မုန်းလပြည့်နေ့ ကိုလည်း လူ့ပြည်ကနေ မီးစောင်းတန်းတွေနဲ့ မီးပုံးပျံတွေနဲ့ ပူဇော်ရာကနေ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖြစ်ပေါ်လာခဲ့တယ်လို့ ကျမ်းစာတွေထဲမှာ ဖတ်ဖူးပါတယ်။ ဒီလိုပါပဲ အလွန် ချမ်းအေး လွန်းလှတဲ့ တပို့တွဲ လ မှာဆောင်းအကုန်ပိုင်း ဖြစ်တာကြောင့် ဘုရားရှင်ကို မီးပုံလှူဒါန်းပြီး ဘုရားမီးပူဇော်သော ရိုးရာ ဓလေ့ကို ရှမ်းပြည်နယ်မှာ ယနေ့ ထက်တိုင် ထင်ရှား မြင်တွေ့ကြရမှာပဲ ဖြစ်ပါတယ်။
ဆရာကြီး ဦးဖိုးလတ်က တ၊ ပို့၊ တွဲ ဟူသော သုံးပုဒ် ပေါင်းစပ်ပြီး တပို့တွဲ ဆိုတာဟာ ထန်းဖူး၊ ထန်းခိုင်တို့ အောက်သို့ တွဲေလောင်း ကိုင်းညွှတ်အောင် ကျသော လ၊ ထန်းရည်နင်းလ ဟု အဓိပ္ပါယ် ရတယ်လို့ မြန်မာဓလေ့အရ ယူဆကြပြီး၊ နေရောင်ပျိုးရာ အရပ်သို့ ပြေးသွားစေတတ်သောကြောင့် တပမာဝယ မှ တပို့ခွဲ၊ တပို့ခွဲမှ တပို့တွဲ ဖြစ်လာကာ အလွန်ချမ်းအေးလွန်းလှသဖြင့် နေရောင် ရှိရာ အရပ် သို့ ပြေးပြီး နေပူဆာ လှုံရသောလ ဟု လည်းကောင်း၊ ဒုတိယ ကျော်အောင်စံထား ဆရာတော်ဘုရားက တပို့တွဲလ ကို လယ်ယာလုပ် ကိရိယာ ထမ်းပိုးများကို ဆွဲထားလေ့ ရှိသောကြောင့် ထမ်းပိုးဆွဲ၊ ထမ်းပိုးတွဲ ဟူသော စကားမှ ဖြစ်ပေါ်လာသည်ဟု လည်းကောင်း အနက်ဖွင့်ထားကြလေသည်။
တပို့တွဲလသည် ဆောင်းနှောင်း ဆောင်းအကုန်ပိုင်း ဖြစ်တာကြောင့် အအေးတကာ့ အအေးဆုံးအချိန်ကာလတွင် ဘုရားရှင်သည် လက်တော် အေးသဖြင့် မီးကင်ရသည်ဟု ယူဆကာ မီးအလှူပွဲ၊ မီးဖုန်းပွဲကို ကျင်းပကြခြင်း ဖြစ်သည်။
ဘုရားမီးပူဇော်ရာတွင် ထင်းအဖြစ် အသုံးပြုသော ရှားသား သည် ယခုအခါ အလွန်နည်းပါး လာပြီ ဖြစ်သဖြင့် ဆီးဖြူသား၊ သနပ်ခါးသား နှင့် ရေတမာ၊ တောင်တမာ သား တို့ကို မိမိတို့၏ နေ့နံ ဂြိုလ်တိုင် ရှေ့တွင် ထင်းချောင်းများကို အသက်စေ့ မီးပူဇော်တတ်ကြသော ဓလေ့ ရှိပါတယ်။
ဗမာတို့ရဲ့ တပို့တွဲလ ထမနဲ ထိုးပွဲ
မြန်မာလူမျိုးတို့ရဲ့ ဓလေ့အရ ဆယ့်နှစ်လ ရာသီပွဲတော်မှာ ထမနဲ ထိုးပွဲဟာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ထိုလမှာ အပူစာများဖြစ်တဲ့ နှမ်း၊ ကောက်ညှင်း၊ မြေပဲ၊ ဂျင်း တို့ကို တဝစားသုံးထားခြင်း အားဖြင့် ကျန်သော လ များတွင် အပူဒဏ်ကို တစ်နှစ်ပတ်လုံး ခံနိုင်ရည် ရှိပြီး မဖျားတော့ဘူးဟု ယုံကြည် ကြတာကြောင့် ထမနဲများကို စားကြခြင်း ဖြစ်ပြီး၊ ထမနဲ ထိုးခြင်းသည်လည်း အစုလိုက် အဖွဲ့လိုက်၊ ပေါင်းစည်း လုပ်ကိုင်ရခြင်း၊ အားနှင့် အင်နှင့် ထိုးရသဖြင့် ကျန်းမာ ကြံ့ခိုင်မှု ရှိခြင်း၊ ရာသီစာ ဖြစ်သဖြင့် စားသုံးလျှင် ကျန်းမာရေး ကောင်းမွန်ခြင်း၊ ပျော်ရွှင်ဖွယ် ဖြစ်ခြင်း တို့ကိုပါ ခံစားရစေမှာ ဖြစ်ပါတယ်။
ရိုးရာ ကောက်သစ်စားပွဲ ဖြစ်ပြီး၊ ရိတ်သိမ်းပြီးတဲ့ ကောက်ပဲသီးနှံ ဆန်သစ်များနဲ့ ချက်လုပ်ကာ ပျော်ပါးစွာ ချက်ပြုတ်စားသောက်ကြခြင်း လည်း ဖြစ်ပါသည်။
ရှမ်းတိုင်းရင်းသား တို့ရဲ့ပွဲစွတ်လို
ရှမ်းတိုင်းရင်းသားတွေဟာလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်တာကြောင့် ဘုရားရှင်ကို မီးပူဇော်သော ပွဲကို ရှမ်းအခေါ် ပွဲစွတ်လို ဟု ခေါ်ပြီး မီးအလှူပွဲကို လပြည့်ညမှာ ကျင်းပလေ့ ရှိတတ်ကြတယ်။ ထိုနေ့တွင် ယာဂု ထိုးခြင်း၊ ထမနဲ(ရှမ်းမနဲ) ထိုးခြင်း နှင့် အိမ်နားနီးချင်းများကို လုပ်ပြီး ဝေခြင်း တို့ကို ပြုလုပ်လေ့ ရှိတတ် ကြကြောင်း သိရသည်။ ယခင်က ရှမ်းအိုးစည်များဖြင့် တီးခတ်လေ့ ရှိတတ်ကြပြီး ရှမ်းလူငယ် မောင်မယ် များတို့က ရိုးရာ အကအလှ များဖြင့် ပျော်ရွှင်စွာ မီးပူဇော်လေ့ ရှိတတ်ကြလို့ သိရတယ်။
ယခုခေတ်တွင်မူ တစ်ပိုင်တစ်နိုင် လုပ်ကြပြီး ယာဂုများကို ဝေခြင်းတို့ကို ရှမ်းပြည်နယ် ရှိ မြို့နယ် တိုင်းတွင် ပြုလုပ်တတ်ကြကြောင်း သိရသည်။
ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ မေခရဲ ပွဲ
ပအိုဝ်းတိုင်းရင်းသားတို့သည်လည်းပဲ ဘုရားရှင်ကို ရည်မှန်းပြီးတော့ မီးပူဇော်တဲ့ အလှူပွဲကို ကျင်းပလေ့ ရှိကြပြီး၊ မေခရဲပွဲ လို့ ခေါ်ဆိုကြပါတယ်။ ပအိုဝ်း တိုင်းရင်းသားများဟာ သထုံပြည်၊ ရှမ်းပြည်နယ် တောင်ပိုင်း နဲ့ မြောက်ပိုင်းတို့တွင် အနည်းငယ်စီ ပျံ့နှံ့နေထိုင်ကြတာ ဖြစ်တယ်။
မေခရဲပွဲလို့ ခေါ်တဲ့ ဘုရားရှင်ကို မီးပူဇော်သော ဓလေ့သည် အထက်ပါ တင်ပြထားသည့် အတိုင်းပင် ဖြစ်ပြီး၊ ပအိုဝ်း လူပျိုနှင့် အပျို တို့ဟာ အိုးစည်များ တီးလို့ ကခုန်ကြကာ ပျော်ရွှင်စွာ ဘုရားရှင်ကို မီးပူဇော်လေ့ ရှိတတ်ကြပါတယ်။ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေ ဖြစ်တဲ့ ပင်လောင်း၊ ဟိုပုံး နှင့် ဆီဆိုင် မြို့တို့ အပြင် ကျောက်တစ်လုံး ကြီး ဒေသ တွေမှာ ဒီလို ရှေးရိုးရာ ပွဲတော် လေးတွေ ယခုထက်တိုင် ကျင်းပလေ့ ရှိဆဲပဲ ဖြစ်ပါတယ်။
ရှမ်းမြောက်ပိုင်းက တအာန်းတိုင်းရင်းသားများ ထင်းဖြူပွဲ
ရှမ်းပြည်နယ် မြောက်ပိုင်းမှာနေထိုင်တဲ့ (ပလောင်) တအာင်း တိုင်းရင်းသားတွေမှာလည်း ဒီမီးလှူပွဲ တော်ကို ကျင်းပကြပြီး၊ အယူအဆ အနည်းငယ် ကွဲပြားတာကို မြင်တွေ့ရပြန်တယ်။ မြောက်ပိုင်းမှာတော့ ဒီပွဲကို ထင်းဖြူမီးရှို့ပွဲတော်လို့ ခေါ်ဝေါ်ကြပြီး တစ်နှစ်တစ်ကြိမ် ကျင်းပခြင်း ဖြစ်သည်။ ပရိနိဗ္ဗာန် ပြုသွားတော် မူသော ဘုရားရှင်၏ အရိုးတော်ကို မီးရှို့ပူဇော်ခြင်း ဟု မှတ်ယူကာ အရိုးတော် အဖြစ် ထင်းဖြူ ကို သတ်မှတ် မီးရှို့ကြခြင်းလည်း ဖြစ်ကြောင်း သိရသည်။ ဘုရားရှင် ပရိနိဗ္ဗာန် ပြုသွားခြင်းကို သိမှီကိုးကွယ် နိုင်သူတွေ ရှိသလို၊ မမှီသူတွေလည်း ရှိတာကြောင့် အကုန်လုံး မှီအောင် နှစ်စဉ် နှစ်တိုင်း ထိုပွဲကို ကျင်းပကြခြင်း ဖြစ်တယ်လို့ ပလောင်၊ တအာင်း တိုင်းရင်းသား တို့က ယုံကြည်ကြတယ်။ များသော အားဖြင့် ပလောင် တိုင်းရင်းသားများသည် တောင်ပေါ်များတွင် နေထိုင်ကြပြီး၊ ၉၉ ရာခိုင်နှုန်းသည် ထေရဝါဒ ဗုဒ္ဓဘာသာ ဝင်များ ဖြစ်ကြသည်။
မီးရှို့ရာတွင်လည်း အသီးသီးရာတွင် ချဉ်သောအသီးပြီး မီးရှို့ရင် ပေါက်တတ်သော တအာင်း အခေါ် (ရယိုပင်) အသားကို မီးရှို့ကြပြီး၊ တောင်တမာကိုလည်း သုံးတတ်ကြကြောင်း သိရသည်။ ထို ရယို ပင်သည် မီးရှို့ရာတွင် ပေါက်တာရယ်၊ အတွင်းသားက ဖြူဖွေးနေတာကြောင့် ကြည့်လို့ လှတာရယ်ကြောင့် သုံးခြင်း ဖြစ်ကာ၊ ရယိုအကိုင်းသည် ဖြောင့်သောကြောင့် သုံးတတ်ခြင်း ဖြစ်သည်။ သစ်ကိုင်း ဖြောင့်မှ ကောင်းတယ်ဟု မှတ်ယူကာ ကောက်နေလျှင် နောက်ဘဝတွင် စိတ်မဖြောင့် စိတ်ကောက် ဖြစ်မှာ စိုးသောကြောင့် ဟု ယူဆ တတ်ကြသည်။
ထိုပွဲကို တပို့တွဲ လပြည့်ည တွင် ဘုရားရင်ပြင်တော်၊ ဘုန်းကြီးကျောင်းဝင်း တို့တွင် မီးပုံရှို့ ခြင်း များကို ပြုလုပ်တတ်ကြပြီး၊ မြောက်ပိုင်းရှိ မြို့တိုင်း၊ ရွာတိုင်းတွင် ကျင်းပတတ်ကြောင်း သိရသည်။ ယခင်က ထို မီးရှို့ပွဲကို အကြီးအကျယ် ကျင်းပ တာမျိုး ရှိတတ်ပြီး၊ ထင်းသားများကို အမြင့်ကြီး ဆွဲထားကာ တစ်ဖက် နှင် ့တစ်ဖက် အပြိုင်ဆွဲတာမျိုး၊ ၇ ရက် ၇ ည သို့မဟုတ် ၃ ရက် ၃ ည ပွဲကြီး ဝှဲချီးကျင်းပတတ်ကြသည်။ အပျို၊ လူပျို များ တစ်ဖက်နှင့် တစ်ဖက် အပြိုင် ဆွဲခြင်း၊ စကားရည်လုခြင်း၊ အိမ်ထောင်သည် နှင့် အပျို အပြိုင် ဆွဲခြင်း တို့ကို ဘေးတွင် အိုးစည် ဗုံမောင်းများ တီးမှုတ်ကခုန်ကြပြီး ပျော်ရွှင်စွာ ကျင်းပကြခြင်းလည်း ဖြစ်သည်။
မိမိတို့ရဲ့ တိုင်းရင်းသား လူမျိုး တွေရဲ့ အမွေအနှစ်တွေကို မိမိတို့ အချင်းချင်းသာ ပြန်လည် စောင့်ရှောက် ထိန်းသိမ်း ကြရမှာ ဖြစ်ပါတယ်။
ရှမ်းပြည်ရှိ ကျန်သော တိုင်းရင်းသား လူမျိုးများတွင် အဆိုပါ မီးပူဇော်သော ဓလေ့ များရှိတတ်ကြပြီး၊ မတူညီသော တိုင်းရင်းသား လူမျိုးစုများ အကြား အနည်းငယ် ကွဲပြားသော ဓလေ့ များဖြင့် မိမိတို့ တိုင်းရင်းသား လူမျိုးစု အလိုက် အသီးသီး ကျင်းပနေကြခြင်းသာ ဖြစ်တယ် ဆိုတာ တင်ပြရင်းနဲ့ ရှမ်းပြည်နယ်က ရိုးရာဓလေ့ဟောင်း တစ်ခုဖြစ်တဲ့ ရှားမီးပူဇော်ပွဲ အကြောင်းကို တင်ပြရင်း နဲ့ နိဂုံးချုပ်လိုက်ရပါတယ်။
No comments:
Post a Comment