Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Sunday, October 17, 2021

ကန့်လန့်ကာ နောက်ကွယ်က ဘ၀တွေ (တစ်မျက်နှာဝတ္ထုတို)

 ကန့်လန့်ကာ နောက်ကွယ်က  တွေ

သိရ် (အေးသာယာ)

 နှစ်ဟောင်းကုန်လို့ နှစ်သစ် အကူး ဆောင်းလယ် ရက်တစ်ရက်ရဲ့ နေ့လည်ခင်း အလုပ် အားလပ်ချိန် လေးမှ လုပ်ဖေါ်ကိုင်ဖက် တစ်စုနဲ့ ခမ်းလီ ရွှေဆိုင် အနီးနားက လမ်းဘေး ကဖေးဆိုင် တစ်ဆိုင် ထိုင်ဖြစ်ကြတယ်။

တောင်ပေါ် ဆောင်းရက်တွေ မကုန် နိုင်သေးတာမို့ အချမ်းပြေ မီးထိုင်လှုံရင်း၊ လက်ဘက်ရည် ထိုင်သောက်ရင်း ပတ်န်းကျင်ကို ဟိုဟိုဒီဒီ အဓိပ္ပါယ် မဲ့ လိုက်ကြည့်နေရင်း၊ အဲဒီ အချိန်မှာ ထူးဆန်းတဲ့ မြင်ကွင်း တစ်ခု သွားတွေ့ရတယ်။ ခမ်းလီ ရွှေ ဆိုင် မြောက်ဘက်ခြမ်း လမ်းကြားလေးထဲက အိမ်တွေဟာ ငှက်ပျောသီး မှည့်တွေ၊ စားကြွင်းစားကျန် တွေကို ခြံတံခါး သံတိုင်တွေမှာ ချိတ်ထားလေ့ ရှိသလို၊ တချို့ အိမ်တွေက လမ်းဘေးမှာတင် စွန့်ပုံထားလေ့ ရှိတာကိုး။ ခပ်လှမ်းလှမ်း အိမ်တစ်အိမ် ရှေ့မှာ စွန့်ပုံထားတဲ့ ထမင်းကျန် စားစာ အပုံလေးကို ခွေးလေး တစ်ကောင်၊ လာနမ်းလိုက် ထွက်သွားလိုက်၊ ခွေးကြီး တစ်ကောင် လာနမ်းလိုက် ထွက်သွားလိုက် နဲ့ လမ်းဘေး ခွေးတွေ ဇီဇာကြောင်ပုံကို ကြည့်ကောင်းကောင်း နဲ့ ဘာရယ် မဟုတ် ထိုင်ကြည့်ရင်း ပြုံးနေမိတယ်။ အမှတ်တမဲ့ ပါပဲ။ စကားပြောနေရင်း ရေနွေးငှဲ့ရင်း၊ ဟိုလုပ်ဒီလုပ် နဲ့ ထမင်းပုံ ကိစ္စကို မေ့လောက်ပြီ ဆိုတော့မှ ပြန်ကြည့်လိုက်တော့ လူတစ်ယောက်ဟာ ဘယ်သူ့မှ မကြည့်ဘဲ ကြွပ်ကြွပ်အိတ် ထဲကို အဲဒီ ထမင်းသိုးတွေ ကဲ့ယူ သပ်ထည့် လိုက်ပြီးတော့ ထွက်သွားတယ်။ လူက အရူး မဟုတ်ပါဘူး။ လူကောင်းပါပဲ ။။

စိတ်င်စားလို့ လိုက်ကြည့်မိတော့ ကုရင်မ ရေထွက်ကိုသွားတဲ့ လိုင်းကားဂိတ်နားက ဓါတ်တိုင်အောက်နားလေးမှာ ရှိတဲ့ ကျန်ကလေး နှစ်ယောက် ကို ထမင်းသွားကျွေးနေတာ မြင်လိုက်ရတယ်။ ခရီးသွားရင်း စရိတ်ပြတ်သွားတယ် ထင်ပါရဲ့။ အထုပ်အပိုးတွေကို ချရင်း ကလေး နှစ်ယောက်ကလည်း ခေါင်းမဖေါ်တမ်းစားတယ်။ အဖေ ကိုယ်တိုင်ကလည်း စားပြနေတော့ လိုက်စားတာပေါ့။ အဖေကတော့ ယ်လာတာလို့ လိမ်ကျွေးတာလားတော့ မသိဘူး။

ဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်တော် တော်တော်လေး ရင်နင့်သွားတယ်။ သားသမီး တိုင်း အတွက် မိဘတွေဟာ သူရဲကောင်း တွေပါပဲတဲ့။ ဒါကြောင့် သူတို့ အတွက် သနားသွားပြီး မသိမသာလေး ပိုက်ဆံသွားလှူတော့ ထိုသူက-

“ကျွန်တော် သူတောင်းစား မဟုတ်ပါဘူး..”

တဲ့လေ။

အခုလို ခွေးတောင် မစားတဲ့ ထမင်းသိုးကို စားနေရတဲ့ မိသားစုတွေ မြန်မာပြည်မှာ ဘယ်လောက်များများ နေပြီလဲ။ လူတွေ ဘာကြောင့် ကိုယ်ချင်းစာ တရားမဲ့ ကုန်လဲ ဆိုတာ တွေးတောရင်း……..

သိရ် (အေးသာယာ)

+++


No comments:

Post a Comment


Aung Hein - နည်းပညာ