သိရ်(တောင်ကြီး)
လောကမှာအောင်မြင်မှုပန်းတိုင်ဆီကိုရောက်ရှိဖို့အတွက် Self Confidence ခေါ်တဲ့ မိမိကိုယ်မိမိယုံကြည်မှု ရှိဖို့ကအရေးကြီးဆုံး ဖြစ်ပါတယ်။ မိမိကိုယ်ကိုတောင် ယုံကြည်မှု မရှိခဲ့ရင် တစ်ပါးသူကကိုယ့်ကိုယုံကြည်ဖို့ ဆိုတာခဲယဉ်းပါတယ်။ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိမှသာအရာရာတိုင်းမှာအောင်မြင်မှာ ဖြစ်ပါတယ်။
လူဆိုတာတစ်သက်မှာတစ်ခါတော့ ကံကောင်းလေ့ ရှိပါတယ်။ ကံကောင်းခြင်းတရားရောက်လာချိန်မှာအခွင့်အရေးကိုဆုပ်ကိုင် လိုက်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတဲ့အခါ လက်လွတ်ဆုံးရှုံးရတတ်ပါတယ်။
မိမိကိုယ်ကိုယုံကြည်မှု ရှိဖို့ ဘာတွေ လိုအပ်သလဲ။ အကြမ်းဖျဉ်းအားဖြင့် အတတ်ပညာ၊ အရင်းအနှီး၊ ပစ္စည်းဥစ္စာတွေ ရှိဖို့ လိုအပ်ပါတယ်။
အတတ်ပညာဆိုတာဘယ်လိုလဲ။ ကိုယ်လုပ်နေတဲ့ လုပ်ငန်းတစ်ခုကို ကျွမ်းကျင်တာ၊ ကိုယ့်လုပ်ငန်းကိုပိုင်နိုင်စွာလုပ်ကိုင်နိုင်တာအတတ်ပညာကောင်းတစ်ခုပါပဲ။ ဘုရားဟောတဲ့ အထဲမှာမိမိအတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုခြင်းဟာမွန်မြတ်သောရှင်သန်ခြင်းလို့ ဟောတော်မူခဲ့ပါတယ်။ ဖိနပ်ချုပ်တဲ့ လုပ်ငန်း ဖြစ်ပါစေ။ သမာအာဇီဝ လုပ်ငန်းတစ်ခု ဖြစ်တာမို့ ကိုယ့်ဘဝ အသက်ရှင်ရပ်တည်ဖို့အတွက် အထောက်အပံ့ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကိုပညာလို့လည်းခေါ်ပါတယ်။ လူတိုင်းဟာအသက်မွေးကျောင်းပညာတစ်ခုလောက်တော့ အနည်းဆုံးတတ်ထားသင့်ပါတယ်။ ခပ်များများတတ်ထားလည်းမမှားတာမို့ ပညာကိုအချိန်ရှိခိုက် လေ့လာဆည်းပူးသင်ယူသင့်ပါတယ်။
အရင်းအနှီးဆိုတာမှာငွေကြေးအရင်းအနှီးနဲ့ ပစ္စည်းဥစ္စာအရင်းအနှီးပေါ့။ ငွေကြေးကအနည်းငယ် လောက် ဆိုလည်း ဖြစ်ပါတယ်။ ထမင်းဆိုင် ဖွင့်ချင်သူကထမင်းအိုး၊ ဟင်းအိုး၊ ခွက်ယောက်ထိုင်ခုံတွေ လိုအပ်တာပေါ့။ ဓါတ်ပုံဆရာ က ကင်မရာကောင်းကောင်းတစ်လုံးလောက်တော့ အနည်းဆုံးလိုအပ်တာပေါ့။ ကိုယ့်မှာပစ္စည်းကောင်းကောင်းရှိထားတာနဲ့ အမျှ ကို်ယ့်လုပ်ငန်းမှာယုံကြည်မှု မြင့်တက်စေတာ ဖြစ်ပါတယ်။ ပစ္စည်းကအရည်အသွေးကောင်းလေလေ၊ ပြည့်စုံမှု ရှိလေလေကိုယ့်ရဲ့ ယုံကြည်မှုက မြင့်လေလေပဲ။
ဒါတွေကစိတ်ဓါတ်ခွန်အားနဲ့ မဆိုင်သေးဘူး။ အပေါ်ယံအကြမ်းဖျဉ်းလောက် ပြောတာပါ။ ဆိုလိုတာကဒီအချက်တွေဟာ ကြိုးစားလိုက်တာနဲ့ လူတိုင်းမှာ ပြည့်စုံနိုင်တယ်။ နောက်ထပ် လိုအပ်တာတွေလည်းရှိပါသေးတယ်။ ကလျာဏမိတ္တ လို့ ခေါ်တဲ့ မိတ်ကောင်းဆွေကောင်း၊အာစရိယခေါ်တဲ့ ဆရာသမားကောင်းတွေ ပါပဲ။ ဆရာသမားနဲ့ မိတ်ဆွေကောင်းဆိုတာကောင်းရာကိုလမ်းညွှန်ပြသပြီး၊ မကောင်းရာကိုတားမြစ်တဲ့ အတွက် ပစ္စုပ္ပန် သာမကသံသရာကောင်းကျိုးကိုပါ ပေးတတ်လို့ ဖြစ်ပါတယ်။
ယုံကြည်မှု ရှိသူတွေလုပ်တတ်တဲ့ အမူအကျင့်တွေကိုအနည်းငယ် ဖော်ပြပါမယ်။
(၁) ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်
ယုံကြည်မှု ရှိတဲ့သူတွေဟာ ပတ်ဝန်းကျင် အထင်အမြင်အယူအဆတွေကိုဂရုမစိုက်တတ်ဘူး။ ဘယ်သူတွေ ဘယ်လောက်ပဲလှောင်ပြောင်နေပါစေ၊ ကိုယ်လုပ်မယ် ဆိုတဲ့ အရာတွေ ကို ဖြစ်အောင် လုပ်တယ်။
အပြန်အလှန်အားဖြင့် ယုံကြည်မှု မရှိတဲ့သူတွေဟာသူများတွေ အမြင်တွေကိုဂရုစိုက်တတ်တယ်။ သူများဆိုတဲ့ အမြင်တွေကကိုယ့်ဘဝ ကိုလွှမ်းမိုးထားတတ်တယ်။ သူများအထင်အမြင်တွေပဲဂရုစိုက်ပါများလာတော့ ကိုယ် လုပ်လိုက်တဲ့အခါ မှားသွားမလား၊ တခုခုပြောမလားဆိုပြီးတော့ သူများအမြင်ကိုပဲအာရုံစိုက်တယ်။ သူများအမြင်ကိုပဲအာရုံစိုက်လိုက်တော့ ကိုယ့်ကိုယ်ကိုအာရုံစိုက်မှုက လုံးဝ လျော့ကျ သွားတာ ဖြစ်တယ်။ ဥပမာအားဖြင့် လူရှေ့သူရှေ့ မထွက်ရဲတာ၊ ဓါတ်ပုံမရိုက်ရဲတာ၊ အင်တာဗျူး မလုပ်ရဲတာတွေပေါ့။
(၂)ထိုးဖောက်ထွက်တတ်တယ်။
လူတိုင်းဟာကိုယ်သက်တောင့်သက်သာရှိတဲ့ နေရာမှာနေရင် ပျော်လေ့ ရှိကြတယ်။ ဒါပေမယ့် တကယ်တမ်းယုံကြည်မှု ရှိတဲ့သူတွေကအများနည်းတူနေလေ့ မရှိဘဲအသစ်ကိုရှာဖွေကြတယ်။ နေရာသစ်၊နယ်မြေသစ်၊ ပတ်ဝန်းကျင် သစ်၊ အလုပ်အကိုင်သစ် တွေကိုရှာဖွေတတ်ကြတယ်။ စွန့်စားရတာကြိုက်တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်တတ်ကြတယ်။ ဥပမာ - နယ်ဝေးမှာ သွားနေတာမျိုး၊ တစ်ယောက်ထဲခရီးသွားတာမျိုး။
ယုံကြည်မှု မရှိသူတွေကပုံသေနည်းအတိုင်း ဘဝကို ရှင်သန်တယ်။ Comfort Zone မှာပျော်နေတယ်။သူတို့ ဘဝမှာ ပြောင်းလဲမှု မရှိဘူး။ ဒီလူတွေ နဲ့ပဲတွေ့ရတာများလာတော့ အသစ်တွေကိုတွေ့ရမှာကြောက်တယ်။ လူသစ်တွေနဲ့ တွေ့ရင် ယုံကြည်မှု မရှိတော့ဘူး။
(၃) အမှားကို ဝန်ခံတတ်
ယုံကြည်မှု ရှိသူတွေကမှားတာကို ဝန်ခံတတ်တယ်။ အမှားကနေလည်းသင်ယူတတ်တယ်။ အမှားကို ဝန်ခံဖို့ ဆိုတာပြောတာတော့ လွယ်တယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ လူသားသန်းပေါင်းများစွာကတော်တော် များများလုပ်လေ့လုပ်ထမရှိကြဘူး။ ကိုယ်မှားပါတယ်ပြောဖို့ တအားရှက်ကြတယ်။ အထူးသဖြင့် မြန်မာနိုင်ငံပေါ့။ မှားတာကိုကာကွယ်ထားပြီးတော့ ဘယ်သူမှ မသိစေချင်ဘူးဆိုရင် ကိုယ့်ရဲ့ ယုံကြည်မှု မရှိတာကို ပြတာပဲ ဖြစ်ပါတယ်။ မှားတာကို ဝန်ခံတတ်ရသလို မှားတာကိုလည်း တာဝန်ယူတတ်ရမယ်။ နိုင်ငံခြားဥရောပ နိုင်ငံတွေမှာမှားတာကို ဝန်ခံတတ်ဖို့ သင်ယူကြရတယ်။
(၄)ယောနိသောမနသီကာရ (အကောင်းမြင်စိတ်)
အကောင်းမြင်တတ်တာဟာဗုဒ္ဓမြတ်စွာဟောကြားတဲ့ မင်္ဂလာတရားတော်တွေထဲမှာတစ်ခု အပါအဝင် ဖြစ်ပါတယ်။ အကောင်းမြင်တတ်တာဟာယုံကြည်မှု ရှိသူတွေရဲ့ လုပ်ရပ်ဖြစ်တယ်။
အဆိုးဘက် တအားမတွေးဘဲအကောင်းဘက်ကိုအမြဲတွေးတာယုံကြည်မှု ရှိသူတွေ အတွက် အလေ့အကျင့် ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဘယ်သူမဆိုလေ့ကျင့်ယူလို့လည်းရပါတယ်။ အမြဲတမ်းစိတ်ကို နိုးကြားစေပြီးတော့ လေ့ကျင့်နေမှ ဖြစ်မှာပါ။
(5) ပုံတူကူးမချတတ်ဘူး။
ယုံကြည်မှု ဆိုတာလွန်ကဲရင်လည်းမကောင်းပါဘူး။ ဘက်ခြေမျှတအောင် ချိန်ညှိလို့ ရပါတယ်။ ဟန်ချက်ညီအောင် ထိန်းလို့ရတဲ့ နည်းလမ်း (၃) ခုရှိပါတယ်။
ကိုယ့်ဟာကိုယ် ယုံကြည်မှု ရှိလာလေလေ၊ အောင်မြင်မှုနဲ့ နီးလာလေလေ။ ကိုယ့်ဟာကိုယ် ယုံကြည်မှ ကိုယ့်ရဲ့ အောင်မြင်မှုကိုရှာဖွေတွေ့ရှိနိုင်မှာပါ။
(၁) Prepair For your journey.သင့်ရဲ့ ခရီးအတွက် ပြင်ဆင်ပါ။
ကိုယ့်ရဲ့ဘဝခရီးမှာ ကိုယ်ဘာတွေ ရရှိခဲ့ပြီးလဲ၊ ဘာဘွဲ့တံဆိပ်တွေ ရရှိခဲ့လဲ။ဘာတွေ လိုအပ်သေးလဲ။ကိုယ့်ရဲ့ အားသာချက်ကဘာလဲ၊ ကိုယ့်ရဲ့ အားနည်းချက်ကရောဘာလဲ၊
(၂) Start for your journey. သင့်ရဲ့ ခရီးကိုစတင်ပါ။
ခရီးတစ်ခုစတင်ဖို့ အတွက် knowledge လိိုအပ်တယ်။ ကြိုးစားမှုဟာအောင်မြင်မှုပါပဲ။ ကိုယ့်ရဲ့ ပန်းတိုင် ကိုတိတိကျကျ ထားပါ။ ရေတို၊ ရေရှည်ပန်းတိုင်တွေ ရှိဖို့ လိုအပ်တယ်။ အရှုံးကိုလက်ခံရတယ်။ စိတ်ပျက် အားငယ် နေချိန်မှာအရှုံးကနေသင်ယူလေ့လာရတယ်။ အရှုံးဆိုတာကိုယ့်ဘဝ အတွက် စံကောင်းတစ်ခုပဲ။
(၃) Keep Moving forward for succed. အောင်မြင်မှုအတွက် အမြဲတမ်းရွေ့နေပါစေ။
အနောက်တိုင်းစကားတစ်ခုရှိပါတယ်။ အကယ်၍ သင် မပျံသန်းနိုင်ရင် ပြေးသွားလိုက်ပါ။ အကယ်၍ သင် ပြေးမသွားနိုင်ရင် လမ်းလျှောက်သွားပါ။ အကယ်၍ သင် လမ်းမလျှောက်နိုင်ရင် တွားသွားလိုက်ပါ။ ဘာပဲလုပ်လုပ် အရှေ့ကိုတော့ ရွေ့နေပါစေ ။ တဲ့။
ဇွဲရှိပါ။ အချိန်နဲ့ ဉာဏ်ကိုအသုံးချပါ။ အတတ်ပညာများကိုသင်ယူပါ။ မိမိကိုယ်ကိုုယုံကြည်မှု ရှိပါ။ အောင်မြင်မှု က လက်တစ်ကမ်းမှာပါ။
(- ဂျာနယ် တစ်ခုတွင် ပါပြီးသောဆောင်းပါးဖြစ်ပါတယ်။)
ကလောင် - သိရ် (တောင်ကြီး)
သိရ္(ေတာင္ႀကီး)
ေလာကမွာေအာင္ျမင္မႈပန္းတုိင္ဆီကိုေရာက္ရွိဖို႔အတြက္
Self Confidence ေခၚတဲ့ မိမိကိုယ္မိမိယံုၾကည္မႈ ရွိဖို႔ကအေရးႀကီးဆံုး ျဖစ္ပါတယ္။ မိမိကုိယ္ကိုေတာင္
ယံုၾကည္မႈ မရွိခဲ့ရင္ တစ္ပါးသူကကုိယ့္ကိုယံုၾကည္ဖို႔ ဆိုတာခဲယဥ္းပါတယ္။ကိုယ့္ကိုကုိယ္
ယံုၾကည္မႈ အျပည့္ရွိမွသာအရာရာတုိင္းမွာေအာင္ျမင္မွာ ျဖစ္ပါတယ္။
လူဆိုတာတစ္သက္မွာတစ္ခါေတာ့
ကံေကာင္းေလ့ ရွိပါတယ္။ ကံေကာင္းျခင္းတရားေရာက္လာခ်ိန္မွာအခြင့္အေရးကိုဆုပ္ကုိင္ လုိက္ဖုိ႔
ကုိယ့္ကုိကုိယ္ ယံုၾကည္မႈ မရွိတဲ့အခါ လက္လြတ္ဆံုးရွဳံးရတတ္ပါတယ္။
မိမိကုိယ္ကုိယံုၾကည္မႈ
ရွိဖို႔ ဘာေတြ လုိအပ္သလဲ။ အၾကမ္းဖ်ဥ္းအားျဖင့္ အတတ္ပညာ၊ အရင္းအႏွီး၊ ပစၥည္းဥစၥာေတြ
ရွိဖို႔ လိုအပ္ပါတယ္။
အတတ္ပညာဆိုတာဘယ္လိုလဲ။
ကုိယ္လုပ္ေနတဲ့ လုပ္ငန္းတစ္ခုကို ကၽြမ္းက်င္တာ၊ ကုိယ့္လုပ္ငန္းကိုပုိင္ႏုိင္စြာလုပ္ကုိင္ႏုိင္တာအတတ္ပညာေကာင္းတစ္ခုပါပဲ။
ဘုရားေဟာတဲ့ အထဲမွာမိမိအတတ္ပညာနဲ႔ အသက္ေမြး၀မ္းေက်ာင္းျပဳျခင္းဟာမြန္ျမတ္ေသာရွင္သန္ျခင္းလို႔
ေဟာေတာ္မူခဲ့ပါတယ္။ ဖိနပ္ခ်ဳပ္တဲ့ လုပ္ငန္း ျဖစ္ပါေစ။ သမာအာဇီ၀ လုပ္ငန္းတစ္ခု ျဖစ္တာမို႔
ကိုယ့္ဘ၀ အသက္ရွင္ရပ္တည္ဖို႔အတြက္ အေထာက္အပံ့ေကာင္းတစ္ခုလည္း ျဖစ္ပါတယ္။ ဒါကိုပညာလို႔လည္းေခၚပါတယ္။
လူတိုင္းဟာအသက္ေမြးေက်ာင္းပညာတစ္ခုေလာက္ေတာ့ အနည္းဆံုးတတ္ထားသင့္ပါတယ္။ ခပ္မ်ားမ်ားတတ္ထားလည္းမမွားတာမို႔
ပညာကိုအခ်ိန္ရွိခုိက္ ေလ့လာဆည္းပူးသင္ယူသင့္ပါတယ္။
အရင္းအႏွီးဆိုတာမွာေငြေၾကးအရင္းအႏွီးနဲ႔
ပစၥည္းဥစၥာအရင္းအႏွီးေပါ့။ ေငြေၾကးကအနည္းငယ္ ေလာက္ ဆိုလည္း ျဖစ္ပါတယ္။ ထမင္းဆုိင္ ဖြင့္ခ်င္သူကထမင္းအုိး၊
ဟင္းအုိး၊ ခြက္ေယာက္ထုိင္ခံုေတြ လိုအပ္တာေပါ့။ ဓါတ္ပံုဆရာ က ကင္မရာေကာင္းေကာင္းတစ္လံုးေလာက္ေတာ့
အနည္းဆံုးလိုအပ္တာေပါ့။ ကုိယ့္မွာပစၥည္းေကာင္းေကာင္းရွိထားတာနဲ႔ အမွ် ကို္ယ့္လုပ္ငန္းမွာယံုၾကည္မႈ
ျမင့္တက္ေစတာ ျဖစ္ပါတယ္။ ပစၥည္းကအရည္အေသြးေကာင္းေလေလ၊ ျပည့္စံုမႈ ရွိေလေလကုိယ့္ရဲ႕
ယံုၾကည္မႈက ျမင့္ေလေလပဲ။
ဒါေတြကစိတ္ဓါတ္ခြန္အားနဲ႔
မဆုိင္ေသးဘူး။ အေပၚယံအၾကမ္းဖ်ဥ္းေလာက္ ေျပာတာပါ။ ဆိုလိုတာကဒီအခ်က္ေတြဟာ ႀကဳိးစားလိုက္တာနဲ႔
လူတုိင္းမွာ ျပည့္စံုႏုိင္တယ္။ ေနာက္ထပ္ လိုအပ္တာေတြလည္းရွိပါေသးတယ္။ ကလ်ာဏမိတၱ လို႔
ေခၚတဲ့ မိတ္ေကာင္းေဆြေကာင္း၊အာစရိယေခၚတဲ့ ဆရာသမားေကာင္းေတြ ပါပဲ။ ဆရာသမားနဲ႔ မိတ္ေဆြေကာင္းဆိုတာေကာင္းရာကိုလမ္းညႊန္ျပသၿပီး၊
မေကာင္းရာကိုတားျမစ္တဲ့ အတြက္ ပစၥဳပၸန္ သာမကသံသရာေကာင္းက်ဳိးကိုပါ ေပးတတ္လို႔ ျဖစ္ပါတယ္။
ယံုၾကည္မႈ
ရွိသူေတြလုပ္တတ္တဲ့ အမူအက်င့္ေတြကိုအနည္းငယ္ ေဖာ္ျပပါမယ္။
(၁) ပတ္၀န္းက်င္ကို ဂရုမစုိက္တတ္
ယံုၾကည္မႈ
ရွိတဲ့သူေတြဟာ ပတ္၀န္းက်င္ အထင္အျမင္အယူအဆေတြကိုဂရုမစုိက္တတ္ဘူး။ ဘယ္သူေတြ ဘယ္ေလာက္ပဲေလွာင္ေျပာင္ေနပါေစ၊
ကုိယ္လုပ္မယ္ ဆိုတဲ့ အရာေတြ ကို ျဖစ္ေအာင္ လုပ္တယ္။
အျပန္အလွန္အားျဖင့္
ယံုၾကည္မႈ မရွိတဲ့သူေတြဟာသူမ်ားေတြ အျမင္ေတြကိုဂရုစုိက္တတ္တယ္။ သူမ်ားဆိုတဲ့ အျမင္ေတြကကုိယ့္ဘ၀
ကိုလႊမ္းမိုးထားတတ္တယ္။ သူမ်ားအထင္အျမင္ေတြပဲဂရုစုိက္ပါမ်ားလာေတာ့ ကုိယ္ လုပ္လိုက္တဲ့အခါ
မွားသြားမလား၊ တခုခုေျပာမလားဆိုၿပီးေတာ့ သူမ်ားအျမင္ကိုပဲအာရံုစုိက္တယ္။ သူမ်ားအျမင္ကိုပဲအာရံုစုိက္လုိက္ေတာ့
ကုိယ့္ကုိယ္ကိုအာရံုစုိက္မႈက လံုး၀ ေလ်ာ့က် သြားတာ ျဖစ္တယ္။ ဥပမာအားျဖင့္ လူေရွ႕သူေရွ႕
မထြက္ရဲတာ၊ ဓါတ္ပံုမရုိက္ရဲတာ၊ အင္တာဗ်ဴး မလုပ္ရဲတာေတြေပါ့။
(၂)ထုိးေဖာက္ထြက္တတ္တယ္။
လူတုိင္းဟာကုိယ္သက္ေတာင့္သက္သာရွိတဲ့
ေနရာမွာေနရင္ ေပ်ာ္ေလ့ ရွိၾကတယ္။ ဒါေပမယ့္
တကယ္တမ္းယံုၾကည္မႈ ရွိတဲ့သူေတြကအမ်ားနည္းတူေနေလ့ မရွိဘဲအသစ္ကိုရွာေဖြၾကတယ္။ ေနရာသစ္၊နယ္ေျမသစ္၊
ပတ္၀န္းက်င္ သစ္၊ အလုပ္အကုိင္သစ္ ေတြကိုရွာေဖြတတ္ၾကတယ္။ စြန္႔စားရတာႀကဳိက္တယ္။ ကုိယ့္ေျခေထာက္ေပၚ
ကုိယ္ ရပ္တည္တတ္ၾကတယ္။ ဥပမာ - နယ္ေ၀းမွာ သြားေနတာမ်ဳိး၊ တစ္ေယာက္ထဲခရီးသြားတာမ်ဳိး။
ယံုၾကည္မႈ
မရွိသူေတြကပံုေသနည္းအတုိင္း ဘ၀ကို ရွင္သန္တယ္။ Comfort Zone မွာေပ်ာ္ေနတယ္။သူတို႔ ဘ၀မွာ
ေျပာင္းလဲမႈ မရွိဘူး။ ဒီလူေတြ နဲ႔ပဲေတြ႔ရတာမ်ားလာေတာ့ အသစ္ေတြကိုေတြ႔ရမွာေၾကာက္တယ္။
လူသစ္ေတြနဲ႔ ေတြ႔ရင္ ယံုၾကည္မႈ မရွိေတာ့ဘူး။
(၃) အမွားကို ၀န္ခံတတ္
ယံုၾကည္မႈ
ရွိသူေတြကမွားတာကို ၀န္ခံတတ္တယ္။ အမွားကေနလည္းသင္ယူတတ္တယ္။ အမွားကို ၀န္ခံဖို႔ ဆိုတာေျပာတာေတာ့
လြယ္တယ္။ ဒါေပမယ့္ ကမာၻေပၚမွာရွိတဲ့ လူသားသန္းေပါင္းမ်ားစြာကေတာ္ေတာ္ မ်ားမ်ားလုပ္ေလ့လုပ္ထမရွိၾကဘူး။
ကိုယ္မွားပါတယ္ေျပာဖို႔ တအားရွက္ၾကတယ္။ အထူးသျဖင့္ ျမန္မာႏုိင္ငံေပါ့။ မွားတာကိုကာကြယ္ထားၿပီးေတာ့
ဘယ္သူမွ မသိေစခ်င္ဘူးဆိုရင္ ကုိယ့္ရဲ႕ ယံုၾကည္မႈ မရွိတာကို ျပတာပဲ ျဖစ္ပါတယ္။ မွားတာကို
၀န္ခံတတ္ရသလို မွားတာကိုလည္း တာ၀န္ယူတတ္ရမယ္။ ႏုိင္ငံျခားဥေရာပ ႏုိင္ငံေတြမွာမွားတာကို
၀န္ခံတတ္ဖို႔ သင္ယူၾကရတယ္။
(၄)ေယာနိေသာမနသီကာရ (အေကာင္းျမင္စိတ္)
အေကာင္းျမင္တတ္တာဟာဗုဒၶျမတ္စြာေဟာၾကားတဲ့
မဂၤလာတရားေတာ္ေတြထဲမွာတစ္ခု အပါအ၀င္ ျဖစ္ပါတယ္။ အေကာင္းျမင္တတ္တာဟာယံုၾကည္မႈ ရွိသူေတြရဲ႕
လုပ္ရပ္ျဖစ္တယ္။
အဆိုးဘက္
တအားမေတြးဘဲအေကာင္းဘက္ကိုအၿမဲေတြးတာယံုၾကည္မႈ ရွိသူေတြ အတြက္ အေလ့အက်င့္ ေကာင္းတစ္ခုလည္း
ျဖစ္ပါတယ္။ ဘယ္သူမဆိုေလ့က်င့္ယူလို႔လည္းရပါတယ္။ အၿမဲတမ္းစိတ္ကို ႏိုးၾကားေစၿပီးေတာ့
ေလ့က်င့္ေနမွ ျဖစ္မွာပါ။
(5) ပံုတူကူးမခ်တတ္ဘူး။
ယံုၾကည္မႈ
ဆိုတာလြန္ကဲရင္လည္းမေကာင္းပါဘူး။ ဘက္ေျခမွ်တေအာင္ ခ်ိန္ညွိလို႔ ရပါတယ္။ ဟန္ခ်က္ညီေအာင္
ထိန္းလို႔ရတဲ့ နည္းလမ္း (၃) ခုရွိပါတယ္။
ကုိယ့္ဟာကိုယ္
ယံုၾကည္မႈ ရွိလာေလေလ၊ ေအာင္ျမင္မႈနဲ႔ နီးလာေလေလ။ ကုိယ့္ဟာကိုယ္ ယံုၾကည္မွ ကိုယ့္ရဲ႕
ေအာင္ျမင္မႈကိုရွာေဖြေတြ႔ရွိႏုိင္မွာပါ။
(၁)
Prepair For your journey.သင့္ရဲ႕ ခရီးအတြက္ ျပင္ဆင္ပါ။
ကုိယ့္ရဲ႕ဘ၀ခရီးမွာ
ကုိယ္ဘာေတြ ရရွိခဲ့ၿပီးလဲ၊ ဘာဘြဲ႔တံဆိပ္ေတြ ရရွိခဲ့လဲ။ဘာေတြ လိုအပ္ေသးလဲ။ကုိယ့္ရဲ႕
အားသာခ်က္ကဘာလဲ၊ ကုိယ့္ရဲ႕ အားနည္းခ်က္ကေရာဘာလဲ၊
(၂)
Start for your journey. သင့္ရဲ႕ ခရီးကိုစတင္ပါ။
ခရီးတစ္ခုစတင္ဖို႔
အတြက္ knowledge လိိုအပ္တယ္။ ႀကဳိးစားမႈဟာေအာင္ျမင္မႈပါပဲ။ ကုိယ့္ရဲ႕ ပန္းတုိင္ ကိုတိတိက်က်
ထားပါ။ ေရတို၊ ေရရွည္ပန္းတုိင္ေတြ ရွိဖို႔ လိုအပ္တယ္။ အရွံဳးကိုလက္ခံရတယ္။ စိတ္ပ်က္
အားငယ္ ေနခ်ိန္မွာအရွံဳးကေနသင္ယူေလ့လာရတယ္။ အရွံဳးဆိုတာကိုယ့္ဘ၀ အတြက္ စံေကာင္းတစ္ခုပဲ။
(၃) Keep
Moving forward for succed. ေအာင္ျမင္မႈအတြက္ အၿမဲတမ္းေရြ႕ေနပါေစ။
အေနာက္တုိင္းစကားတစ္ခုရွိပါတယ္။
အကယ္၍ သင္ မပ်ံသန္းႏုိင္ရင္ ေျပးသြားလုိက္ပါ။ အကယ္၍ သင္ ေျပးမသြားႏုိင္ရင္ လမ္းေလွ်ာက္သြားပါ။
အကယ္၍ သင္ လမ္းမေလွ်ာက္ႏုိင္ရင္ တြားသြားလုိက္ပါ။ ဘာပဲလုပ္လုပ္ အေရွ႕ကိုေတာ့ ေရြ႕ေနပါေစ
။ တဲ့။
ဇြဲရွိပါ။
အခ်ိန္နဲ႔ ဥာဏ္ကိုအသံုးခ်ပါ။ အတတ္ပညာမ်ားကိုသင္ယူပါ။ မိမိကိုယ္ကုိုယံုၾကည္မႈ ရွိပါ။
ေအာင္ျမင္မႈ က လက္တစ္ကမ္းမွာပါ။
(- ဂ်ာနယ္ တစ္ခုတြင္ ပါၿပီးေသာေဆာင္းပါးျဖစ္ပါတယ္။)
Xxx Xxx
ကေလာင္ -
သိရ္ (ေတာင္ႀကီး)
No comments:
Post a Comment