ရှမ်းပြည်နယ်တောင်ပိုင်းတွင်
ဆောင်းကုန်ပိုင်း အအေးပိုလာပြီး မြူနှင်းများ ကျဆင်း
စည်သာ(တောင်ကြီး)
ရှမ်းပြည်နယ်တောင်ပိုင်း
ခရိုင်(၃) ခု တွင် ဆောင်းကုန်ပိုင်း အအေးပိုလာပြီး မြူနှင်းများ ကျဆင်းခဲ့ကြောင်း သက်ဆိုင်ရာ
ဒေသခံများထံမှ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းတွင် သတင်းများ ရရှိပါသည်။
ရှမ်း/တောင်ရှိ
တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင် တို့တွင် လွန်ခဲ့သော ၂ ရက်က မိုးများ
ရွာသွန်း ခဲ့ခြင်းကြောင့် အချို့မြို့များတွင် မြူများ ၃ ရက်တာ ကျဆင်းခဲ့ပြီး၊ တချို့မြို့များတွင်
ယနေ့မနက်ပိုင်း မိုးအုံ့နေခြင်း များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တောင်ပေါ်ဒေသများဖြစ်သော
ပင်လယ်ရေမျက်နှာပြင် အထက် ပေများသော မြို့များတွင် မြူနှင်းများ ကျဆင်းခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့တွင်
ဆောင်းကုန်ပိုင်း အအေးသိသိသာသာ ပိုလာပြီး၊ လပြည့်နေ့ နောက်ပိုင်းတွင် ချမ်းအေးလာကာ၊
အအေးဒဏ် ကြောင့် ယနေ့ မနက်ပိုင်း ခပ်စောစော အချိန်မှစကာ ၉ နာရီခွဲ အချိန်ထိ မြူနှင်းများ
ကျဆင်းလာသည်ကို မြင်တွေ့ရသည်။
တောင်ကြီးခရိုင်တွင်
ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ညောင်ရွှေ နှင့် တောင်ကြီးမြို့များတွင် ယနေ့ မနက်ပိုင်း မြူနှင်းများ
ကျဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။
“ အောင်ပန်းမှာ
မနေ့ မနက်အစောပိုင်းတုန်းက မြူကျတာ ကားတွေ တောင်သွားလို့ မရဘူး။ မီးထိုးပြီး မောင်းနေရတယ်။
ဒီနေ့ မနက်ပိုင်းမှာ လည်း ကလော မှာ မြူကျပြန်တယ်။ အေးတာတော့ ရက်စက်တယ် ။ မိုးလေးကလည်း
ရွာထားတော့ အအေးပိုလာတာ ဖြစ်မယ်။ ”
ဟု ကလောမြို့မှ
ကိုသိန်းဇော်က ပြောသည်။
ထို့ပြင်
လွိုင်လင်ခရိုင်တွင် လွိုင်လင်၊ ပင်လုံ၊ မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီး နှင့် နမ့်စန်မြို့တို့တွင်လည်း
အအေးဒဏ် ပိုခြင်းကြောင့် မြူနှင်းများ ကျဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။ လွိုင်လင်၊
ပင်လုံနှင့် မိုင်းရှူး မြို့ များသည် ပင်လယ်ရေ မျက်နှာပြင် အထက် ပေများသော မြို့များ
ဖြစ်သဖြင့် အအေးဒဏ် မြင့်မားကြောင်း သိရသည်။
“ လွိုင်လင်နဲ့
ပင်လုံ က အဓိက အေးတာပဲ။ နမ့်စန်လည်း အေးတာပေါ့လေ။ ဒီနှစ်က လွိုင်လင်နဲ့ ပင်လုံမှာ ရေခဲတဲ့နှစ်ပေါ့။
ထူးထူးခြားခြား မိုးရွာတာ မိုးသီးတွေတောင် ကျတဲ့ နှစ်လည်း ဖြစ်တာပေါ့။ ဒီမနက်မှာ ပင်လုံ
မှာ မြူတွေ ကျဆင်းနေတယ်။ အရမ်းအေး တယ်။ မိုးက လွန်ခဲ့တဲ့ ၂ ရက်လောက်က ရွာတယ်။ မနေ့ကလည်း
တစ်နေကုန် ရွာနေတယ်။ ဒီမနက် မြူတွေ ကျပြီး တော်တော် အေးတယ်။ ဒီမနက် မိုးနည်းနည်းရွာပြီး
မိုးအုံ့နေတယ်။ ”
ဟု ပင်လုံမြို့မှာ
ကိုမောင်းပေး က ပြောသည်။
ထို့ပြင်
မိုင်းရှူးမြို့တွင်လည်း မနေ့က မိုးရွာသွန်းမှုကြောင့် ယနေ့ မနက် မိုးအုံ့နေကြောင်း၊
အချို့နေရာ မြူကျ နေကြောင်း၊ အအေးဒဏ် သိသိသာသာ ပိုလာကြောင်း မိုင်းရှူးမြို့မှ နန်းဆိုင်ဟိန်းက
ပြောသည်။
ထို့ပြင်
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဆီဆိုင်နှင့် ဆိုက်ခေါင် မြို့တို့တွင်လည်း မြူများ
ကျဆင်းကာ အအေးဒဏ် ပိုလာကြောင်း ဒေသခံများက ပြောကြားသည်။
ရှမ်း/တောင်
ခရိုင် ၃ ခု တွင် လင်းခေးခရိုင်ထက် စာလျှင် တောင်ကြီးခရိုင်နှင့် လွိုင်လင် ခရိုင်
တို့တွင် အအေးဒဏ် ပိုများ ခဲ့ကြောင်း သိရသည်။
Xx
Writter
-
စည်သာ(တောင်ကြီး)
တောင်ကြီးတွင်
မြူနှင်းများ ၂၈ ရက် မနက်ပိုင်း ကျဆင်းနေပုံ
ဓါတ်ပုံ
- စည်သာ(တောင်ကြီး)
No comments:
Post a Comment