သီတင္းကၽြတ္ကာလ ဘုရားမီးပူေဇာ္ရန္ အတြက္ မီးထြန္းပြဲ ျပဳလုပ္က်င္းပဖုိ႔ အတြက္ ေတာင္ႀကီးၿမဳိ႕မွာ ရုိးရာ မီးပံုးေလးမ်ားကို လုပ္ေရာင္းေနၾကၿပီ ျဖစ္ပါတယ္။
ခု ျမင္ေတြ႔ေနရတဲ့ မီးပံုးေလးေတြကေတာ့ ဆင္ေျခေထာက္လုိ႔ ေခၚတဲ့ မီးပံုး၀ုိင္း ( ငါးလက္မ ) ရုိးရုိး မီးပံုးေလး ေတြပဲ ျဖစ္ပါတယ္။ ဒီမီးပံုးေလးေတြဟာ အေရာင္းသြက္ လူႀကဳိက္မ်ားတဲ့အတြက္ အမ်ားဆံုး ျပဳလုပ္ေရာင္းခ် ေနရတဲ့ ဒီဇုိင္းေလးလည္း ျဖစ္ပါတယ္။ တျခား ဒီဇုိင္း ေလးငါးေျခာက္မ်ဳိးေလာက္ ျပဳလုပ္ပါေသးတယ္။ အဲဒါ ေတြကေတာ့ ယုန္ရုပ္၊ ၾကယ္ရုပ္၊ ရွစ္ေျမာင့္၊ ပန္းဆဲြ၊ အသည္းပံု ဒီဇုိင္း တုိ႔ပဲ ျဖစ္ပါတယ္။ ေအာက္မွာ ယုန္ရုပ္ ေလးကို ၾကည့္ႏုိင္ပါတယ္။
သီတင္းကၽြတ္ကာလ မီးထြန္းဖုိ႔ အတြက္ ၀ါ၀င္ၿပီ ဆိုတာနဲ႔ လုပ္ငန္းစတင္ၾကရၿပီ ျဖစ္ပါတယ္။ ေတာင္ႀကီးၿမဳိ႕ ကေန ေက်းရြာမ်ား အတြက္ ျပဳလုပ္ေရာင္းခ်ေပးေနပါတယ္။ ေၾသာ္ - ရုိးရုိး မီးပံုးပ်ံ အငယ္ေလးေတြ လည္း ေရာင္းေပးပါတယ္ေနာ္။
ေအာက္ပါ ဗီဒီယုိ လင့္မွာလည္း သြားေရာက္ ၾကည့္လို႔ ရပါေသးတယ္။
ေတာင္ႀကီးအလြမ္းေျပ ရုိက္ကူး တင္ဆက္ေပးထားပါတယ္။
အားေပးမႈ အတြက္ ေက်းဇူးတင္ပါသည္။
ေ၀ဖန္ အႀကံေပးမႈမ်ားကို ႀကဳိဆုိပါသည္။
5-10-2021
×××
Unicode
သီတင်းကျွတ်ကာလ ဘုရားမီးပူဇော်ရန် အတွက် မီးထွန်းပွဲ ပြုလုပ်ကျင်းပဖို့ အတွက် တောင်ကြီးမြို့မှာ ရိုးရာ မီးပုံးလေးများကို လုပ်ရောင်းနေကြပြီ ဖြစ်ပါတယ်။
ခု မြင်တွေ့နေရတဲ့ မီးပုံးလေးတွေကတော့ ဆင်ခြေထောက်လို့ ခေါ်တဲ့ မီးပုံးဝိုင်း ( ငါးလက်မ ) ရိုးရိုး မီးပုံးလေး တွေပဲ ဖြစ်ပါတယ်။ ဒီမီးပုံးလေးတွေဟာ အရောင်းသွက် လူကြိုက်များတဲ့အတွက် အများဆုံး ပြုလုပ်ရောင်းချ နေရတဲ့ ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။ တခြား ဒီဇိုင်း လေးငါးခြောက်မျိုးလောက် ပြုလုပ်ပါသေးတယ်။ အဲဒါ တွေကတော့ ယုန်ရုပ်၊ ကြယ်ရုပ်၊ ရှစ်မြောင့်၊ ပန်းဆွဲ၊ အသည်းပုံ ဒီဇိုင်း တို့ပဲ ဖြစ်ပါတယ်။ အောက်မှာ ယုန်ရုပ် လေးကို ကြည့်နိုင်ပါတယ်။
သီတင်းကျွတ်ကာလ မီးထွန်းဖို့ အတွက် ၀ါဝင်ပြီ ဆိုတာနဲ့ လုပ်ငန်းစတင်ကြရပြီ ဖြစ်ပါတယ်။ တောင်ကြီးမြို့ ကနေ ကျေးရွာများ အတွက် ပြုလုပ်ရောင်းချပေးနေပါတယ်။ သြော် - ရိုးရိုး မီးပုံးပျံ အငယ်လေးတွေ လည်း ရောင်းပေးပါတယ်နော်။
အောက်ပါ ဗီဒီယို လင့်မှာလည်း သွားရောက် ကြည့်လို့ ရပါသေးတယ်။
တောင်ကြီးအလွမ်းပြေ ရိုက်ကူး တင်ဆက်ပေးထားပါတယ်။
အားပေးမှု အတွက် ကျေးဇူးတင်ပါသည်။
ဝေဖန် အကြံပေးမှုများကို ကြိုဆိုပါသည်။
5-10-2021
×××
No comments:
Post a Comment