Font
Wellcome
စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်
Saturday, November 13, 2021
အင်းဆက်တွေက အသားထက် ဗီတာမင်ဓါတ်တွေ ပိုကြွယ်ဝတယ်။
အင်းဆက်တွေ စားခြင်းကအသားတွေထက် ပရိုတိန်းနဲ့ ဗီတာမင် ပိုများပါတယ်ပဲ ပြောပြော မြန်မာနိုင်ငံရဲ့ လူနေမှု စားသောက်နေထိုင်တဲ့ပုံစံနဲ့ သိပ်အံဝင်ခွင်ကျ မဖြစ်သေးဘူးလို့ မြင်တယ်။ ဒါကြောင့် အင်းဆက်တွေ ကို ဘယ်လိုစားသောက်သင့်သလဲဆိုတာ စဉ်းစားသင့်တယ်။ ပုံဖျက်ပြီးတော့ အသင့်စားလုပ်ရောင်းမယ် ဆိုရင် တော့ မဆိုးလောက်ဘူး ထင်မယ်နော်။ မြန်မာမှာ စားတာဆိုလို့ ၀ါးပိုး နဲ့ ပုရစ်လောက်ပဲ စျေးကွက် ဝင်သေးတယ်။ နှံကောင် တောင် မရောင်းသေးဘူး။ The Swarm(2021) ဆိုတဲ့ နှံကောင်မွေးတဲ့ ဇာတ်လမ်းတစ်ကားကိုလည်း ကြည့်ဖူးတယ်။ ဇာတ်လမ်းအကျဉ်းက Single Mon ဗာဂျီနီ က ကျိုင်းကောင်တွေ မွေးတယ်။ သူ့ကလေး နှစ်ယောက်နဲ့ ခက်ခဲစွာ ရုန်းကန်ရင်း ကျိုင်းကောင်တွေ စျေးကွက်ဝင်အောင် ကြိုးစား လုပ်ကိုင်တယ်။ တစ်နေ့ မထင်မှတ်ဘဲ သူ့သွေးကို ကျိုင်းကောင်တွေ သောက်ပြီး ကြီးထွားလာတာ တွေ့လိုက်ရာ ကနေ အဖြစ်အပျက်တွေ ဆိုးရွားလာတော့တာပဲ။ ကျိုင်းကောင်တွေကို သွေးတိုက်ပြီး မွေးတဲ့ သူ့ကို သမီးဖြစ်သူ နဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ တစ်ဦးတို့က မယုံသင်္ကာ ဖြစ်လာတယ်။ နောက်ဆုံး သူမွေးခဲ့တဲ့ ကျိုင်းကောင်တွေ ဘယ်လို ဒုက္ခပြန်ပေးသလဲ ဆိုတာ ကြည့်ရပါမယ်။ (ကျွန်တော် ဒေါင်းထားတဲ့ ဇာတ်ကားလေး ပြန်ရှာတာ ဘယ်လိုမှ မတွေ့တော့ဘူး။Harddisk ကလည်း ဘယ်လိုမှ မဆန့်တော့ဘူးဗျာ။ CM မှာ ဒေါင်းလို့ ရပါတယ်။)
ခေတ်သစ်ကမ္ဘာအတွက် စားနပ်ရိက္ခာလုံလောက်ဖို့ အင်းဆက်တွေကပရိုတိန်းအရင်းအမြစ်တစ်ခု ဖြစ်လာပါတယ်။ 
အင်းဆက်များနဲ့ နေ့စဉ်အာဟာရ (မအိဖြူ) ရေးတဲ့စာအုပ် မှာ အင်းဆက်တွေ ဘာလို့စားသင့်လဲ ဒီလိုရှင်းပြထားပါတယ်။
အင်းဆက်တွင် လူကိုအထောက်အကူပြုသောအာဟာရဓါတ်များအသားဓါတ် အဆီဓါတ် သတ္တုဓါတ် အမိုင်နိုအက်ဆစ်ဓါတ် သံဓါတ် တို့ ပါဝင်တယ်။ ကျန်းမာရေးကိုအထောက်အကူပြုလို့ စားသင့်၊ ဘေးကင်းသလို နိုင်ငံတကာမှာလည်းစားသောက်ကုန်အဖြစ် သတ်မှတ်ထားတယ်။ အင်းဆက် သန်းကျော် မှာ ၁၉၀၀ ကျော် ကိုစားသုံးနေကြတယ်။ စားလို့ကောင်းတဲ့ အင်းဆက်တွေဆိုရင် ပုရစ်၊ ၀ါးပိုး၊ နှံကောင် စားကြတယ်။ အင်းဆက်ကအာဟာရဓါတ်များစွာ ကြွယ်ဝပြီး ရိုးရာအစဉ်အလာအနေနဲ့စားသုံးခဲ့တယ်။ စားနပ်ရိက္ခာမလုံလောက်မှုကိုကာကွယ်ပေးတယ်။ မြန်မာနိုင်ငံမှာတွေ့ကြုံရတာကအာဟာရချို့တဲ့ခြင်း၊ အာဟာရလွန်ကဲသွားသူများရှိပါတယ်။ အဟာရ ချို့တဲ့သူဆိုရင် သူ့အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်၊ သံဓါတ်တွေကြောင့် အထောက်အကူများစွာပြု၍ ၊ အာဟာရလွန်ကဲသွားသူအတွက် ၀ိတ်ချတဲ့အစီအစဉ် လုပ်လို့ရတယ်။ အများစုစားလာခဲ့မယ်ဆိုရင် စျေးကွက်တစ်ခုဖြစ်လာပြီးမွေးမြူရေးများလာမယ်၊ စီးပွားရေးလုပ်ငန်းတွေ ပေါ်လာမယ်။
စည်သာ
စည်သာ
No comments:
Post a Comment
Aung Hein - နည်းပညာ