Font

Wellcome

စည္သာဟိန္း မွ လႈိုက္လွဲစြာၾကိဳဆိုပါသည္

Thursday, November 11, 2021

ထမင်းတော့ စားပြီးပြီနော်


တစ်ခါတုန်းကအပျိုကြီးတစ်ယောက်ဟာစိတ်အပန်းဖြေတဲ့အနေနဲ့ ဘယ်သူမျှ မသိအောင်အရူးတစ်ယောက်နဲ့ ရည်းစား ဖြစ်ကြတယ်တဲ့။ လူများလည်းရိပ်မိမှာစိုးတာကြောင့် နေ့လည်ခင်းတွေဆိုရင် အရူးကိုအိမ်ခေါ်လည်ပြီးတော့ ထမင်းဟင်းစားစရာတွေ ကျွေးပြီးအကြင်နာတွေ ခိုးပေးနေကြတယ်။

အရူးကရောက်ကာစရက်တွေကသိပ်တော့ နားမလည်ဘူး။ နောက်ရက်တွေတော့ အထာနပ်သွားတယ်။ ရောက်ရောက်ချင်းထမင်းစားတယ်။ လက်ဖက်ရည်တွေ ဆေးလိပ်အဖြူတွေ သောက်ပြီးတာနဲ့ အပျိုကြီးအိပ်ခန်းထဲမှာဆော့တော့တာပဲ။ တစ်ယောက်ထဲနေတဲ့ အိမ်မို့ အိမ်နီးချင်းတွေကသိပ်တော့လည်းမရိပ်မိကြဘူး။

တစ်ရက်တော့ ရွာကအမျိုးတွေနဲ့ မိတ်ဆွေတွေ အပျိုကြီးအိမ်ကိုလာလည်တယ်။ ဧည့်သည်တွေနဲ့ ပြည့်သွားပြီးတစ်မနက်ခင်းလုံးဆူညံသွားတာပဲ။ နေ့လည်ခင်းအချိန်မှာအရူးရောက်လာတယ်။ အိမ်ရှင် အပျိုကြီးကမရှိဘူး။ ဧည့်သည်တွေကလည်းအရူးကိုလာနေကျ သူထင်ပြီးတော့ ထမင်းတွေ ဟင်းတွေ ခူးခပ်ကျွေး လိုက်ကြပြီးတော့၊ သူတို့ချင်းချင်း ဟေးလားဝါးလား စကားပြောနေကြတယ်။ အရူးကစားသောက်ပြီးတော့ အိမ်ဦးတက်ထိုင်ပြီးဆေးလိပ် ထိုင်သောက်နေလိုက်တယ်။ တွေ့နေကျ အပျိုကြီးကိုလည်းမမြင်တော့ ဘာလုပ်ရမလဲမသိဘူး ဖြစ်နေတယ်။ ဟိုလူ့ကြည့် ဒီလူ့ကြည့်နဲ့ စိတ်မရှည်တော့ဘဲအရူးထပြောလိုက်တာက

“ ထမင်းတော့ စားပြီး ပြီနော်။ ဟင်းဟင်းဟင်းသိတယ်နော်။ သဘောပေါက် ။ ထမင်းတော့ စားပြီးပြီနော် ”

ဆိုတာချည်းပဲပြောနေတော့စိတ်မရှည်ဘဲဧည့်သည်အဒေါ်ကြီးတစ်ယောက်ကလက်ကိုင်အိတ်နဲ့ ဆွဲရိုက်ပြီးမောင်းထုတ်လိုက်တယ်။

“ မင်းဟာမင်းထမင်းတော့ စားပြီးတာဘာလုပ်ပေးရဦးမလဲတော်။ အရူးမှန်းမသိလို့ ကျွေးမိပါတယ်။ အိမ်ဦးတက် ချေးပါမယ့် ကောင်”

ဆိုပြီးရိုက်တော့ ပုဆိုးတောင် မနိုင်ဘူး။ အရူးပြေးတာပြေးတာများ။ လုံးနေတာပဲ။

ထမင္းေတာ့ စားၿပီးၿပီေနာ္ (Zawgyi)

စည္သာဟိန္း

တစ္ခါတုန္းကအပ်ဳိႀကီးတစ္ေယာက္ဟာစိတ္အပန္းေျဖတဲ့အေနနဲ႔ ဘယ္သူမွ် မသိေအာင္အရူးတစ္ေယာက္နဲ႔ ရည္းစား ျဖစ္ၾကတယ္တဲ့။ လူမ်ားလည္းရိပ္မိမွာစိုးတာေၾကာင့္ ေန႔လည္ခင္းေတြဆိုရင္ အရူးကိုအိမ္ေခၚလည္ၿပီးေတာ့ ထမင္းဟင္းစားစရာေတြ ေကၽြးၿပီးအၾကင္နာေတြ ခုိးေပးေနၾကတယ္။

အရူးကေရာက္ကာစရက္ေတြကသိပ္ေတာ့ နားမလည္ဘူး။ ေနာက္ရက္ေတြေတာ့ အထာနပ္သြားတယ္။ ေရာက္ေရာက္ခ်င္းထမင္းစားတယ္။ လက္ဖက္ရည္ေတြ ေဆးလိပ္အျဖဴေတြ ေသာက္ၿပီးတာနဲ႔ အပ်ဳိႀကီးအိပ္ခန္းထဲမွာေဆာ့ေတာ့တာပဲ။ တစ္ေယာက္ထဲေနတဲ့ အိမ္မို႔ အိမ္နီးခ်င္းေတြကသိပ္ေတာ့လည္းမရိပ္မိၾကဘူး။

တစ္ရက္ေတာ့ ရြာကအမ်ဳိးေတြနဲ႔ မိတ္ေဆြေတြ အပ်ဳိႀကီးအိမ္ကိုလာလည္တယ္။ ဧည့္သည္ေတြနဲ႔ ျပည့္သြားၿပီးတစ္မနက္ခင္းလံုးဆူညံသြားတာပဲ။ ေန႔လည္ခင္းအခ်ိန္မွာအရူးေရာက္လာတယ္။ အိမ္ရွင္ အပ်ဳိႀကီးကမရွိဘူး။ ဧည့္သည္ေတြကလည္းအရူးကိုလာေနက် သူထင္ၿပီးေတာ့ ထမင္းေတြ ဟင္းေတြ ခူးခပ္ေကၽြး လိုက္ၾကၿပီးေတာ့၊ သူတို႔ခ်င္းခ်င္း ေဟးလား၀ါးလား စကားေျပာေနၾကတယ္။ အရူးကစားေသာက္ၿပီးေတာ့ အိမ္ဦးတက္ထုိင္ၿပီးေဆးလိပ္ ထုိင္ေသာက္ေနလိုက္တယ္။ ေတြ႔ေနက် အပ်ဳိႀကီးကိုလည္းမျမင္ေတာ့ ဘာလုပ္ရမလဲမသိဘူး ျဖစ္ေနတယ္။ ဟိုလူ႔ၾကည့္ ဒီလူ႔ၾကည့္နဲ႔ စိတ္မရွည္ေတာ့ဘဲအရူးထေျပာလိုက္တာက

“ ထမင္းေတာ့ စားၿပီး ၿပီေနာ္။ ဟင္းဟင္းဟင္းသိတယ္ေနာ္။ သေဘာေပါက္ ။ ထမင္းေတာ့ စားၿပီးၿပီေနာ္ ”

ဆိုတာခ်ည္းပဲေျပာေနေတာ့စိတ္မရွည္ဘဲဧည့္သည္အေဒၚႀကီးတစ္ေယာက္ကလက္ကုိင္အိတ္နဲ႔ ဆဲြရိုက္ၿပီးေမာင္းထုတ္လိုက္တယ္။

“ မင္းဟာမင္းထမင္းေတာ့ စားၿပီးတာဘာလုပ္ေပးရဦးမလဲေတာ္။ အရူးမွန္းမသိလို႔ ေကၽြးမိပါတယ္။ အိမ္ဦးတက္ ေခ်းပါမယ့္ ေကာင္”

ဆိုၿပီးရုိက္ေတာ့ ပုဆိုးေတာင္ မႏုိင္ဘူး။ အရူးေျပးတာေျပးတာမ်ား။ လံုးေနတာပဲ။

Xxx  (ၾကားခဲ့ဖူးေသာ ဟာသ တစ္ပုဒ္)

စည္သာဟိန္း

No comments:

Post a Comment


Aung Hein - နည္​းပညာ