ဒါရ ကောဝါဒ ဆုံးမစာ
၁။ ရတနာသုံးပါး၊ ထွတ်မြတ်ထား၊ ဝတ်တွားဦးနှိမ်ကာ။
၂။ ဒါရကောဝါဒ၊ ဆိုမိန့်ဟ၊ ချိုဆိမ့်ကြ နားမှာ။
၃။ ပညာမရှိ၊ မိုက်ခေါင်ထိ၊ မသိ အရာရာ။
၄။ ပညာသုတ၊ ရှိပါမှ၊ သိရအဖြာဖြာ။
၅။ ပညာရှိအောင်၊ သတိဆောင်၊ အမောင်ကြိုးစားပါ။
၆။ လိမ်လိမ်မာမာ၊ အရာရာ၊ ပညာရှေ့သွားပါ။
၇။ ဘုရားဟောကြား၊ မြတ်တရား၊ ကြိုးစားသင်ကြပါ။
၈။ ရတနာသုံးပါး၊ မိဘများ၊ ဝပ်တွား ရိုသေကြ။
၉။ မထီမဲ့မြင်၊ ဘမိခင်၊ မင်းလျှင်မပြုနဲ့။
၁၀။ လူကြီးသူမ၊ ဆိုသမျှ၊ မင်းကမလှန်နဲ့။
၁၁။ ခေါ်လျှင်မကြား၊ ဗျာ ခင်ဗျား၊ ထိုက်ရာထူးပါကွဲ့။
၁၂။ ခင်ဗျား ကျွန်တော်၊ လူကြီးပေါ်၊ ကောင်းကောင်းနေကွဲ့၊ ပြောပါတဲ့။
၁၃။ ကိုယ့်ထက်နည်းနည်း၊ ကြီးကလည်း၊ ခေါ်လည်း ခင်ဗျားထူး။
၁၄။ ရဟန်း ကိုရင်၊ ခေါ်ပြန်လျှင်၊ အရှင်ဘုရားထူး။
၁၅။ အင်း- ဗျို- ဝူး - ဝေ၊ ဘာတုံးဟေ၊ အေးလေ ဟူ၍၊ မထူးနဲ့။
၁၆။ ဘာလဲခင်ဗျာ၊ ဘယ့်နှယ့်ဟာ၊ ဘာပြုမယ်လို့တုံး။
၁၇။ ဤသို့ နှုတ်လှန်၊ လူကြီးထံ၊ ပြန်၍ မင်းက မအော်နဲ့။
၁၈။ ဘာတုံး နင်ဗျို့၊ အေး ငါတို့၊ ပြောဆို မရိုင်းကြစေနဲ့။
၁၉။ နွားကျောင်းသားလား၊ မင်းကျောင်းသား၊ စိတ်ထားပြောဆို ယဉ်စေကွဲ့။
၂၀။ မင်းအောက်သူငယ်၊ မင်းနိုင်တယ်၊ မကျယ်လေနဲ့ကွဲ့။
၂၁။ ကိုယ့်အောက်ငယ်သော်၊ မောင်ထည့်ခေါ်၊ ကြီးသော် `ကို´ ထည့် ခေါ်ပါကွယ့်။
၂၂။ အိမ်သို့ပြန်သွား၊ လမ်းအကြား၊ ကစား၍ကွဲ့ မနေနဲ့။
၂၃။ အိမ်သို့ရောက်က၊ မိနှင့်ဘ၊ ဝပ်ချရိုသေ ရှစ်ခိုးလေ။
၂၄။ အဖေ မိဘ၊ မှာသမျှ၊ မှတ်ခဲ့ကြကွဲ့ မမေ့နဲ့။
၂၅။ ကျောင်းထဲဝင်လာ၊ ပုဆိုးဟာ၊ ပြင်ကာဝတ်ခဲ့ ကောင်းကောင်းကွယ့်။
၂၆။ ခါးတောင်းကျိုက်လျှင်၊ ကျောင်းဝိုင်းပြင်၊ ကွင်းကာရှောင်ကွဲ့ မမိုက်နဲ့။
၂၇။ ငယ်လှကိုရင်၊ တွေ့လေလျှင်၊ သံဃာတော်တဲ့ ရိုသေကွယ့်။
၂၈။ လမ်း၌သံဃာ၊ တွေ့သာခါ၊ အသာလက်အုပ် ချီလိုက်ကွဲ့။
၂၉။ ဝပ်မချသာ၊ လမ်းသွားရာ၊ တိမ်းကာရှောင်ကွယ့် လက်အုပ်နဲ့။
၃၀။ ရဟန်း ကိုရင်၊ အိပ်ရာပြင်၊ ဝင်၍ မတက်ကြလေနဲ့။
၃၁။ ရဟန်းသံဃာ၊ အနီးမှာ၊ လက်အုပ်ချီကာ ခစားကွယ့်။
၃၂။ လက်ကန်တော့ဆင်၊ စံပယ်တင်၊ ဦးလျှင် သုံးကြိမ်ချနေကွယ့်။
၃၃။ သွားဆိုကာမှ ဦးနှိမ်ချ၊ သွားကြလေကွဲ့ နောက်ဆုတ်တဲ့။
၃၄။ သင့်ရာကျတည့်၊ မျက်နှာလှည့်၊ ကြည့်ရှုလိုရာ သွားလေကွယ့်။
၃၅။ မကုန်းမတ်တတ်၊ နီးမကပ်၊ သိတတ်စေကွဲ့ မရိုင်းနဲ့။
၃၆။ ဧည့်ပရိသတ်များ ၊ ရှိခဲ့ငြား၊ တခြားမှာကွဲ့ မနေနဲ့။
၃၇။ လက်ကန်တော့တင်၊ ဝပ်ပြီးလျှင်၊ အနီးတွင်ကွဲ့ နေပါတဲ့။
၃၈။ တို့ဆိတ် ဟာကွယ်၊ ဆော့ကျီစယ်၊ မြေဝယ် ခြစ်ချုပ် မနေနဲ့။
၃၉။ တစ်စုံတစ်ရာ၊ လှူဒါန်းလာ၊ လဲလှယ်ပါကွဲ့ ကြည့်၍တဲ့။
၄၀။ မင်းသွား မောင်သွား၊ သည့်နှယ်များ၊ စကားတွက်၍ မနေနဲ့။
၄၁။ ကောင်းကောင်းထပြီး၊ လဲ၍ပြီး၊ အနီးတွင်ကွဲ့ နေပါတဲ့။
၄၂။ ဆွမ်းကွမ်းစသာ၊ ကပ်လိုပါ၊ ဒူးတုပ်ကာကွဲ့ ကပ်ပါတဲ့။
၄၃။ ရေတည်ခွက်တွင်၊ ရေထည့်လျှင်၊ ထွေးအင်နဲ့ကွဲ့ ထည့်ပါတဲ့။
၄၄။ လက်သုပ်ပုဝါ၊ အနားမှာ၊ ထားပါလေကွဲ့ တံပူနဲ့။
၄၅။ အနီးအပါးတွင်၊ လက်အုပ်ဆင်၊ ကုန်လျှင်လိုက်ကွဲ့ ဆွမ်းဟင်းတဲ့။
၄၆။ ကပ္ပိစရာ၊ ရှိခဲ့ပါ၊ အသာဆိတ်ကွဲ့ ပြတ်ရုံတဲ့။
၄၇။ ကပ္ပိယံ ကရောဟိ၊ ဆိုလို့ရှိ၊ ကပ္ပိယဘနေ ္တဆိုဆိတ်လေ။
၄၈။ ပရမ်းပတာ၊ သူ့ထက်ငါ၊ လုယက်ကာကွဲ့ မစားနဲ့။
၄၉။ ထမင်းစားရာ တစာစာ၊ များစွာစကား မပြောနဲ့ ။
၅၀။ ငြိမ်သက်သားနား၊ သတိထား၊ ကောင်းကောင်းစားကွဲ့ ဖိတ်စေနဲ့။
၅၁။ စားပြီးသောခါ စင်ကြယ်စွာ၊ ဆေးကြောပါကွဲ့ ကောင်းကောင်းတဲ့။
၅၂။ လက်ရမ်းကိုင်တွယ် ထရံကွယ်၊ ပုန်းကွယ်၍ကွဲ့ မနေနဲ့။
၅၃။ ထောင့်ကြိုထောင့်ကြား၊ ထိုအနား၊ စကားဆူလောင် မပြောနဲ့။
၅၄။ နှစ်ယောက်တစ်ပြူး၊ သုံးယောက်တစ်တွဲ၊ ထိုခန်းထဲ ရယ်ပွဲခင်း၍ မနေနဲ့။
၅၅။ သုံးရေ သောက်ရေ မရှိချေ၊ ရေကိုငင်ကွဲ့ မတွက်နဲ့။
၅၆။ အတက်အဆင်း၊ ဖြေးဖြေးနင်း၊ ကြမ်းနင်း မပြင်းကြစေနဲ့။
၅၇။ ဆရာသမား ကျိန်းစက်ငြား၊ စကားများ၍ မနေနဲ့။
၅၈။ ဒိုးဒေါက်ညိုးညံ ဗလောင်ဆံ၊ ကျိန်းပြန်လျှင်ကွဲ့ မဆော့နဲ့။
၅၉။ ထိုးခေါက်ပုတ်ခတ်၊ ရိုက်နှက်တတ်၊ သတ်ဖြတ်ခိုက်ရန် မဖြစ်နဲ့။
၆၀။ ဆဲရေးတိုင်းထွာ ဖရုသာ၊ ဘယ်နေရာမှ မပြောနဲ့။
၆၁။ လက်ရေးရေးကာ ကိုယ့်ထက်သာ၊ ခံကာရေးကွယ့် မပေါ့နဲ့။
၆၂။ အပေါ်လက်ရေး ကြည့်၍ရေး၊ ကောင်းကောင်းရေးကွယ့် မသော့နဲ့။
၆၃။ လက်ရေးရေးရင်း၊ အချင်းချင်း၊ အဖျင်းကိုကွယ့် မပြောနဲ့။
၆၄။ လက်ရေးစာများ ရေးပြီးငြား၊ နှုတ်ဖျားရအောင် ကျက်ပါကွယ့်။
၆၅။ မပျင်းမရိ၊ လုံ့လရှိ၊ စာကိုထိအောင် ဖတ်ပါကွယ့်။
၆၆။ လုံ့လရှိမှ ပညာရ၊ မုချမှတ်ကွယ့် တပည့်ရဲ့။
၆၇။ ကျောင်းအောက်ဆင်းသွား ထိုအနား၊ ကစား၍ကွဲ့ မနေနဲ့။
၆၈။ တပိုတပါး ဆရာသွား၊ တခြားမှာကွယ့် မနေနဲ့။
၆၉။ အရပ်တပါး ရောက်ပြန်ငြား၊ ကစားဆော့အော် မနေနဲ့။
၇၀။ ဆရာခေါ်က အမြန်ထ၊ လာကွဲ့ကြတဲ့ အနီးကိုတဲ့။
၇၁။ အနီးရောက်လျှင် လက်အုပ်ဆင်၊ ဦးတင်၍တဲ့ နေပါကွယ့်။
၇၂။ ဆရာသံဃာ မေးသောခါ၊ ရိုသေစွာကွယ့် လျှောက်ပါတဲ့။
၇၃။ တင်ပါ မှန်ပါ ဦးတင်ပါ၊ ပါ တစ်လုံးကို သုံးပါကွယ့်။
၇၄။ ဘူး- တယ် ကိုဖျောက်၊ ပါ ကိုလျှောက်၊ လျှောက်တတ်စေကွဲ့ တပည့်ရဲ့။
၇၅။ ဆရာပြသ ဆိုသမျှ၊ မင်းကပြန်လို့ မပြောနဲ့။
၇၆။ ပညာရှိလို ဖြည်းငြင်းဆို၊ သူ့ကိုမင်းက မတင်းနဲ့။
၇၇။ စကားဘောက်ဆတ်၊ ပြောဆိုတတ်၊ မုန်းတတ်တယ်ကွယ့် ရန်စကားတဲ့။
၇၈။ ချိုသာလည်ပတ် ပြောဆိုတတ်၊ ရန်ပြတ်စဲတဲ့ စကားကွယ့်။
၇၉။ ရေရေရာရာ ချက်ချက်ချာ၊ လိမ္မာစေကွယ့် ပါးစေကွယ့်။
၈၀။ ပညာသတိ ရှိစေဘိ၊ သိတတ်စေကွယ့် တပည့်ရဲ့။
၈၁။ အရာရာတွင် လိမ္မာလျှင်၊ ကြာခင်ဘူးကွဲ့ ကြီးပွားရဲ့။
၈၂။ စည် ကုလားတက်ခေါက်၊ ဝတ်တက်ရောက်၊ နောက်ကျရင်ကွယ့် ဒဏ်ထမ်းတဲ့။
၈၃။ နံနက်များတူ၊ မထမူ၊ တို့တူဒဏ်ကို ထမ်းဆောင်ကွယ့်။
၈၄။ ဆရာသမား၊ နိုင်လိုငြား၊ ကြိုးစားလို့ကွယ့် ဝတ်ပြုတဲ့။
၈၅။ ဆရာသခင် မေတ္တာဝင်၊ ကြာခင်ဘူးကွယ့် တတ်လိမ့်မယ်။
၈၆။ ထို့ကြောင့်ကြိုးစား၊ ငါ့ချစ်သား၊ အားပါးထုတ်၍ သင်ကြားကွယ့်။
၈၇။ စကားခေါ်ရယ်၊ ချေ သမ်းကျယ်၊ ကျယ်ငါးပါးကို ပယ်ရမယ်။
၈၈။ ကျောင်းသို့ရောက်လျှင်၊ ဆရာရှင်၊ အလျင်ဦးချ ကြရမယ်။
၈၉။ ဦးချကာလ၊ ပတိဋ္ဌိတ၊ အင်ငါးဝလုံး စုံရမယ်။
၉၀။ ဆရာသမား ၊ ပြောစကား၊ ကြားချပ် ဖြတ်သန်းကင်းရမယ်။
၉၁။ သောဝစဿာ မင်္ဂလာ၊ များစွာနှလုံး သွင်းရမယ်။
၉၂။ မျက်မှောက်တစ်သွယ်၊ မျက်ကွယ်တစ်ခြား၊ အကျင့်များ၊ ရှောင်ရှားစွန့်ပယ် ကြရမယ်။
၉၃။ တရားဟောရာ၊ ရိုသေစွာ၊ လက်အုပ်ချီကာ နာရမယ်။
၉၄။ ဂါထာရွတ်ပြီး၊ နက်ပေးပြီး၊ ကောင်းချီးသာဓု ခေါ်ရမည်။
၉၅။ အရှင်ဘုရား၊ ထိုစကား၊ များများ သုံးနိုင်ကြရမယ်။
၉၆။ ဤလိုဆုံးမ၊ သြဝါဒ အရကျက်၍ ဆောင်ရမယ်။
၉၇။ တစ်သက်ပတ်လုံး၊ ဤနည်းထုံး၊ နှလုံးထား၍ ကျင့်ရမယ်။
၉၈။ တပည့်ကျင့်တမ်း၊ ဆုံးမခန်း၊ နည်းလမ်းဤတွင် ပြီးတော့သည်။

No comments:
Post a Comment