ရှင်တော်ဟောတဲ့ အဆိပ်ရည်
ခွန်စည်သာဟိန်း(အေးသာယာ)
အဖေကိုသတ်တာ အဇာတသတ်။ အဖေရော အမေရောသတ်သူကို မှု ရာဇဝင်လာ ဇာတ်နိပါတ်ထဲတွင် မကြားဖူး။ ပဲခူးအထွက် တွင် ကမာနတ် ဆိုသောရွာရှိ၏။ ထိုရွာတွင် အမိသတ် အဖသတ် ကမာနတ်ဟု နာမည်ကြီးစေသော အမှုတစ်ခုဖြစ်ခဲ့၏။
ကမာနတ်ရွာမှာ သားအမိ သားအဖ (၃) ယောက်ရှိ၏။ မိခင်ကြီးမှာ ရပ်ကွက်ထဲ လှည့်လှည်ကာ ဈေးရောင်းရပြီး၊ ဖခင်ကြီးမှာ ကုန်ထမ်း၏။ သူတို့တွင် ဘဦးဆိုသော သားတစ်ယောက်ရှိ၏။ သူတို့၏ တစ်ဦးတည်းသောသား ဖြစ်သူမှာ ဘာအလုပ်မှ မလုပ်ပဲ ရပ်ကွက်ထဲ လှည့်လည်ကာ ယောင်ခြောက်ဆယ် လုပ်နေ၏။ မိဘဆီမှ ပိုက်ဆံ တောင်းကာ အရက်သောက်၏ သူငယ်ချင်း အပေါင်း အသင်းများ ထံတွင် ကပ်၍ အရက်သောက်၏။
မိဘများမှာ တစ်ဦးထဲသော သားဖြစ်သူကို ချစ်လွန်းသဖြင့် အလိုလိုက်ကာ ဘာအလုပ်မှ မလုပ်ခိုင်းရက်ပဲ။ အလိုလိုက် ထားရာ မှစ၍ ဘဦး ပျက်စီး တော့၏။ ဘဦး ငယ်စဉ်က အလွန်ဆင်းရဲ သောကြောင့် ၄ တန်းအထိသာ ကျောင်းနေခဲ့ဖူး သဖြင့် ဗဟုသုတ လည်းနည်းပါး၏။ ကျောင်းထွက်၍ လူပျိူပေါက် အရွယ်တွင် ဘဦးကား စပါယ်ယာ လိုက်ဖူး၏။ သို့သော် ရိုင်းစိုင်းလွန်းသော သူ့ စရိုက်ကြောင့် မကြာမီ အလုပ်ပြုတ်သွား၏။ ဤသို့ဖြင့် ရပ်ကွက်ထဲတွင် ဟိုစပ်စပ် ဒီစပ်စပ် အလုပ်များ လုပ်ရင်း ဘဦးခမျာ ပညာတစ်ပိုင်းနှင့် ထင်ရာစိုင်း နေတော့၏။
ပညာမတတ်သော မိဘများမှာလည်း သားဖြစ်သူကို ထိရောက်သော ဆိုဆုံးမမှုနှင့် မှန်ကန်သော ပဲ့ပြင် ထိန်းကျောင်းမှု မပေးနိုင်သောကြောင့် ဘဦး ဘဝ ပိုဆိုးတော့သည်။ မိခင်ကြီးဖြစ်သူုမှာ မိုးလင်းသည်နှင့် ဈေးဗန်းခေါင်းရွက်ကာ ဈေးရောင်း ရ၏။ ဖခင်ကြီးခမျာလည်း အချိန်ရှိသရွှေ့ ငွေရှာနေရသဖြင့် သားဖြစ်သူကို မဆုံးမအားချေ။ ကြာလာတော့ မိဘလုပ်သူတို့၏ ဆိုဆုံးမ စကားများမှာ သားဖြစ်သူ အတွက် ထိရောက်မှု မရှိ ဖြစ်လာလေ၏။ စောင်းကြိုး ဆိုသည်မှာ လျော့လွန်းလျှင် ပတ်၍ တင်းလွန်လျှင် ပြတ်တတ်သော သဘောရှိသကဲ့သို့၊ သားသမီး အပေါ် ဆိုဆုံးမ ထိန်းကွပ်မှု မှာလည်း ထိုနည်းတူစွာပင် ဖြစ်၏။
ဆိုဆုံးမကင်းမှု ကြာလာသောအခါ ဘဦးတစ်ယောက် မိဘများ အပေါ်ဝယ် အရို အသေ တန်လာခဲ့၏။ ‘ကြုံလျှင်ကစ်၊ လစ်ရင်သုတ် ’ အလုပ်ဖြင့် ဘဦး အရသာ တွေ့နေမိ၏။ သူတကာ ခိုင်းသော အလုပ်ကြမ်း ပေါင်းစုံ ကို လိုက်လုပ်ပြီး အရက်ဖိုး ရှာရ၏။ လုံးဝ မစားရ မသောက်ရသော နေ့များ တွင် မှု တွေ့ရာ လူကို မရှက်မကြောက် ငွေချေး၏။ မရလျှင် တွေ့ကရာ အလစ်သုတ်၏။ လုံးလုံး အဆင်မပြေလျှင် မိဘများထံ လက်ဖြန့် ကာ အပှုကပ်ပြန်၏။ အစရှိတော့ အနောင်နောင် ဆိုသကဲ့သို့ သူပျက်စီးတော့၏။
‘ဘယ်ခွေးမှ လူမထင်ဘူးကွ…’
အရက်သောက်လုံးကြမ်းလာသော အရက်သမားတစ်ပိုင်း ဖြစ်လာသော အခါတွင် သွေးကြွကာ တွေ့ကရာလူ ပတ်စိတ်ခေါ် တတ်လာ၏။ ပုဆိုးကျွတ်သော အခါကျွတ်၍၊ လမ်းဘေးအိပ်ရသော အခါ အိပ်ရ၏။ ထို့ကြောင့် ရှင်တော်ဘုရားက ‘သေနှင့် အရက်၊ စီးပွားဖျက်ကို တစ်စက်ကယ်မျှ၊ မသောက်ကြနှင့် ၊ရှင်တော် ဟောသည့် အဆိပ်ရည်’ ဟု ဆိုခဲ့ခြင်းပင်။
မိဘများမှာ သားဖြစ်သူကို ချစ်စိတ်တစ်ခုထဲနှင့် ခွင့်လွတ်ထား၏။ တစ်ခါတစ်ခါ သားဖြစ်သူကို ပေးလိုက်ရသောငွေကြောင့် အိမ်တွင် ဘာမှ ဝယ်စရာမကျန်တော့ သဖြင့် ဆန်ပြုတ်လေး ကို ခပ်ကျဲကျဲ ကျိူချက်ကာ လင်မယား နှစ်ယောက် မျှသောက် ရ၏။ ဤမျှ အထိ ဒုက္ခ ရောက်ခဲ့ရ သော်လည်း သားဖြစ်သူကို စိတ်မကွက်မိ။ ငြိုငြင်မှု လည်း မဖြစ်ချေ။ ဒါတောင်မှ ဟိုဟာ မဝယ်ပေးလို့ မဆင်ပေးလို့ ဆိုက တစ်ခါခါ ဘဦး ပတ်ကြမ်းတတ်သေး၏။ ဘဦး လက်ချက်ကြောင့် အိမ်တွင်လည်း မည်သည့် ပစ္စည်းတစ်ခုှမျှ အကောင်းမရှိတော့ချေ။
မိဘ နှစ်ပါးမှာ ဘဦးစိတ်ကြောင့် အရိုးနှင့် အရည်၊ မျက်ရည်နှင့် မျက်ခွက်သာ ကျန်၏။ စိတ်ထောင်းလို့ ကိုယ်ကြေ၊ စိတ်အိုတော့ ကိုယ်နွမ်း ဆိုသကဲ့သို့ နေ့နေ့ ညည ဘဦးရန်ကိုသာ တွေးကြောက်နေရရှာ၏။ ထိုအချိန် ရောက်ခါမှ ချော့မော့ ၍လည်း အကျိူးထူးမည် မထင်။ တစ်ချိန်လုံး လျော့လာခဲ့ပြီးပါမှ ရုတ်တရက် တင်းလိုက်လျှင် ပြတ်သွားတတ်သော သဘော ရှိ၏။ ထို့ကြောင့် မိဘ နှစ်ပါးခမျာ ကူကယ်ရာမဲ့ ဘဝရောက်နေရရှာပြီး၊ ဘဦးမှာတော့ ရွာအော်ကြော့လန် ဘွဲ့ကိုခံယူကာ လူအမုန်းကြီး မုန်းကြလေတော့သည်။
မိုးတအားကြီး ရွာ သော နေ့ တစ်နေ့ တွင်မိဘ နှစ်ပါး မှာ ဖျားနာ သဖြင့် အလုပ် မသွားနိုင်ကြချေ။ အားကိုးရာ ရလိုရငြားဖြင့် အိပ်နေသော ဘဦးကို နှိုးကာ ဆေးအဝယ် ခိုင်း၏။
“ဘာတုန်းဗျာ….စောစောစီးစီး ရှုပ်ရှုပ် ယှက်ယှက်’’
ကျွေးသော လက်ကို ပြန်ကိုက် ချေ၏။ အိပ်ယာ မှ နိုးထထ ချင်း ဒေါသ ဖြင့် တွေ့ ရာ မြင်ရာ များကို ဆဲဆို ကြိမ်းမောင်း တော့၏။ ပြီးမှ…..
“ကျုပ် အရက် သောက် ချင်လို့ ..။ ပိုက်ဆံ ၁၀၀၀ လောက် ပေးပါ အမေ..’’
“အဲဒီ ခွေးတောင် မသောက် တဲ့ အရည် တွေကို မသောက်ပါနဲ့ လို့ ပြောထာားတာ ၊ မရ ဘူးလား..ဘဦး’’
“ကျုပ်ဟာ ကျုပ် ပါးစပ် နဲ့ သောက် တာ ဘာဖြစ်လဲဗျာ..။ လောကမှာ ကိုယ် ဖြစ် ကိုယ် ခံ ပဲ ဟာ၊ ခင်ဗျားကြီး ခံ ရ မှာ မှ မဟုတ်တာ…”
ဆိုပြီးမကြားဝံ့ မနာသာ စကားများဖြင့် ပက်ခနဲ ပြန်ပက်တော့၏။ သူ့ဟာ သူဝုန်းဒိုင်းကြဲ ပြီးတော့ သေတင်းကုပ် ရှိရာ သို့ ကော့ပက် ကော့ပက် နှင့် ထွက်ခွါသွားလေ၏။
ဖခင်ကြီး ခမျာ နေမကောင်း သဖြင့် ဝင် မပြောရဲချေ။ မိဘ နှစ်ပါး ခမျာ သက်ပျင်း ကိုယ်စီ ချနေရုံမှ အပ ဘာမှ မတတ်နိုင်ကြ။ တအောင့်ကြာသောအခါ ဘဦး အိမ်ပြန်လာချေ၏။ အိမ်ပေါ်တက်ကတည်းက အရက်နံ့ ထောင်းခနဲ ရလိုက်သဖြင့် ဘဦး အရက် သောက် လာမှန်း မိခင်ကြီး တန်းသိ၏။ တွေ့ကရာ အိုးခွက်၊ ပန်း နက်များကို လှန်လျော ရှာဖွေကာ ဘာမှ မတွေ့ သဖြင့် ပွစိ ပွစိ ရေရွတ်နေ ပြန်၏။
“ကျုပ် ဗိုက် ဆာပြီ၊ အရက်လည်း သောက်ချင်သေးတယ်…၊ ငွေ ၁၀၀၀ ပေးစမ်းဗျာ..”
“ဟဲ့ ဘာငွေလဲ..၊ငါ့မှာ ဘာငွေမှ ရှိတာမဟုတ်ဘူး၊ မရှိဘူး အလုပ်မလုပ် နိုင်လို့ ဖျားနေတာ နင့်အမြင်ပဲ မှတ်လားဟဲ့….ဘဦး ရဲ့”
“အဲဒါတွေ ကျုပ် မသိဘူး..။ အဲဒါကြောင့်ပြောတာပေါ့…..ခင်ဗျားကြီး တို့တွေ…………………………………”
စသဖြင့် မကြားဝံ့ မနာသာ များ၊၊ နားရိုင်းစေသော စကားရိုင်း များဖြင့် ငါ ကိုင်တုတ်ကာ ဆဲဆိုတော့၏။ ဘဦးတို့ ရိုင်းချက်က ကမ်းကုန်၏။ မိဘနှစ်ပါးကို ပင် ခံဆဲနေသဖြင့် ကြားရသူ အဖို့ ရင်နာ စရာပင ဖြစ်နေတော့၏။ လက်ရဲ ဇက်ရဲ ဘဦး အကြောင်း သိထားကြသဖြင့် မည်သူမျှလည်း ဝင်မပြောရဲကြချေ။
အားရအောင် ဆဲ လို့ ဝသွားပြီ ဆိုတော့မှ အိမ်ကို ထုနှက် ကန်ကျောက် ပြန်၏။ အရက်ဝင်သွား လျှင် ဆိုးမှန်းကောင်းမှန်း မသိ၊ မှားမှန်း အမှန်မှန်း မသိ။ ဘုရားမှန်း တရားမှန်း၊ သံဃာမှန်း မသိ၊ မိဘ မှန်း၊ ဆရာ မှန်းလည်း မသိတော့ချေ။ အရှက်လည်းမရှိတော့ သည့်အပြင် မကောင်းမှု မှန်သမျှ အကုန် ကျူး လွန်ရဲ တော့၏။ ဖခင်ကြီးက မနေသာသဖြင့် ဝင်ပါရပြန်၏။
“ဟဲ့ ငါ မွေး လို့ လူဖြစ်လာတဲ့ကောင် ခွေးကောင်၊ ကျေးဇူးဆပ်နေတာလား ၊ လူပါးဝလှ ချည်လားကွဲ့…”
“……… ……… ………”
ဖခင်ကြီးက တစ်ခွန်းထဲ ထိအောင်ပြောလိုက်တော့ ဘဦး အရှိုက်ထိသွားတော့တယ်။ ရုတ်တရက် ဘာမှ မပြောနိုင်ပဲ ဖြစ်သွားပြီး ရှူးရှူး ရှားရှား ပြာသွား၏။ သွေးရူးသွေးတမ်း ပတ်ပြေးရင်း တွေ့ကရာ ထင်းခုတ်ဓါး နှင့်ပြေးပိုင်းလိုက်သဖြင့် ဖခင်ကြီး ခေါင်းပြတ်၍ သွေးငေါက်ငေါက် ပန်းကာ လဲကျသွားလေ၏။
“ဟိတ် လူမိုက် ရပ်စမ်း၊ ကျေးဇူးရှင် နင့် အဖေကိုတောင်ပြန် တသ်လိုက်တာပေါလေ၊ ဘာအားကိုးရှိလို့ နင် ဒီလောက် မိုက်ရိုင်း နေရတာလဲ ၊ ဟမ်…ပြောစမ်း…….ဖြန်း..ဖြန်း ’’
မိခင်ကြီးက မခံ မရပ်နိုင်စိတ်၊ ကရုဏာ ဒေါသစိတ်၊ အားငယ်သည့် စိတ် ဖြင့် ဘဦး ကို ပါးဆွဲရိုက်လိုက်၏။ ကိလေသာ နှင့် မောဟ အမှောင်ဖုံး နေသော ဘဦးအဖို့ ပါးရိုက်ခံရခြင်းကို ထောင်းခနဲ ဒေါသထွက်သွား၏။ အမှန် ကို မမြင်နိုင်သဖြင့် သံဝေဂ ဖြစ်ရမည့် အစား ဘဦး စိတ်ကို ဆွပေးနေသည်နှင့် ပင်တူနေတော့၏။
ဒီတော့ ဘဦးလည်းဘာမှ မပြောမဆို နှင့် မိခင်ကြီးကို ထပ်မံ ခုတ်လိုက်ပြန်၏။ မိဘ နှစ်ပါး မှာမူ ဘယ်လို ဝဋ်ကြွေး ကြောင့်မှန်း မသိ၊ တစ်ချိန်ထဲ တစ်နေရာထဲ တွင် သားဖြစ်သူ လက်ချက် ဖြင့် သေပွဲဝင် ရရှာ၏။ ဘယ်ဘဝက ကံကြမ္မာ ၏ အကျိုး ဆက်ကြောင့် မှန်း မသိ။ ကြားရ မြင်ရသည်မှာ အော့နှလုံးနာ စရာပင် ကောင်းလှ ချေသည်။ ရာဇဝင် တွင် စာ တွင်လောက်အောင်ကို ရိုင်းချက် ထူးသည့် ခေတ်ကို ရောက်နေပြီလား မသိ၊ တစ်သက် နှင့် တစ်ကိုယ် မမြင်ဘူးတာတွေ၊ မကြားဘူး တာတွေ..ကို မြင်ရ ကြားနေရတော့၏။ ထို့ကြောင့် တမူထူးခြားသော မကြုံဘူးခဲ့ သည့်ရောဂါများ၊ မုန်တိုင်းများလည်း ကြုံလာရခြင်း ပင်ဖြစ်၏။ ခေတ်၏ ပြောင်းလဲလာခြင်းမှာ လူတွေ၏ အကျင့် စာရိတ္တ နှင့် အဓိက သက်ဆိုင်သလို၊ ကမ္ဘာကြီး၏ ပြောင်းလဲလာခြင်းမှာလည်း လူတွေ၏ အကျင့်သီလများ နှင့် အများကြီး သက်ဆိုင်နေပါသည်။
ထို့ကြောင့် အများကြီး မလိုက်နာ မကျင့်သုံးနိုင်လျှင်တောင် ကံ ၅ ပါးလောက်တော့ ထိန်းကြပါဟု နှိုးဆော်နေခြင်း ဖြစ်ပါ၏။ ထို ၅ပါးလုံး မနိုင်ဘူး ဆိုလျှင်တောင် သူရာမေရိယ ကံ ဟူသော သေရည် သေရက်သောက်စားခြင်းမှ ရှောင်ကြဉ် ကြစေလို၏။ သို့မှသာ လှပသော အနဂတ် နိုင်ငံတော် အတွက် လှပသော မျိုးဆက်သစ် လူငယ် များပေါ်ထွက်လာမည် ဖြစ်ပါသောကြောင့် အဆိပ်ရည်တည်း ဟူသော အရက်ကို အမျိုးသားရေး တစ်ရပ်အနေဖြင့် တစ်မျိုးသားလုံး ဝိုင်းဝန်းတိုက်ဖျက် ကြပါစို့လို့ တိုက်တွန်းရင်း………………။
××××× ××××× ××××××× ×××××××
www.facebook.com/sitharhien
No comments:
Post a Comment