Font

Wellcome

စည္သာဟိန္း မွ လႈိုက္လွဲစြာၾကိဳဆိုပါသည္

Saturday, September 30, 2023

မြူတွေ ဆိုင်းတဲ့ မြို့လေး အလွမ်း

 

မြူတွေ ဆိုင်းတဲ့ မြို့လေး အလွမ်း
 

 
 
 ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၇၁၂ ပေ ကျော် မြင့်တဲ့ မြို့ကလေး၊
(၁၂) ရာသီ မြူနှင်းကျတယ်၊ အင်္ဂလိပ်တွေ တည်ခဲ့တဲ့ မြို့လေးပေါ့။ ရိုးသားတဲ့ ဒေသခံတွေကြောင့် အေးချမ်းသာယာတယ်။ စကားပြောရင် ဩ ၊ သြော လို့ ပြောတယ်။ ရှမ်း၊ ပအိုဝ်း၊ အင်း၊ ဓနု ၊ တောင်ရိုး၊ ပလောင်၊ တိုင်းရင်းသား တွေ စုံလင်တယ်။ ခုဆိုရင် မြို့တည်နှစ်ပေါင်း ၁၃၀ နှစ် တိုင်တော့မှာလေ။
အစားအသောက်ခုံမင်နှစ်ခြိုက်တဲ့ မြို့လေးပေါ့။ အိပ်ယာနိုးတိုင်း အရှေ့ဘက် တောင်တန်းကြီးတွေမြင်ရတယ်။ ဆောင်းရာသီမှာ ရေမချိုး၊ အနွေးထည် မချွတ်တမ်း ဝတ်ဆင်တယ်။ မွေးလာထဲက မီးပုံးပျံ ပိုး ပါလာလို့ မီးရှူး၊ ခိုပျံ လောက်တော့ ခလေးတောင် မှ လုပ်တတ်တယ်။
တောင်ပေါ်သားမှန်ရင် ဝက်သားချဉ် ၊ ဟင်းထုပ်၊ ငါးထမင်းနယ် ကြိုက်ရမယ်။ တောင်ပေါ်မှာမွေးရင် တောင်ချွန်းတော့ အနည်းဆုံး ရောက်ဖူးရမယ်။
အဆိုတော်မြို့ကလေးလို့ တင်စားရင်လည်း မမှားပါဘူး။
မနက် ထိုဟူးနွေး၊ ည ရေနွေး နဲ့ လူတိုင်း ကြီးပျင်းလာမှာပဲ။
ဆယ်စုနှစ် တစ်ခုပြီးတစ်ခု ကျော်ပြီးတိုင်းမှာလေ ၊ မြို့လေး အပြိုင်းအရိုင်း ကြီးပျင်းလာလိုက်တာ သူ့ဝတ်စုံနဲ့ သူ့ လက်တန် မဆန့်တော့ချေ ။
ဟိုးယခင်က ဆိုရင် မြို့အရှေ့ဘက်တောင်တန်းမှာ ချယ်ရီပင်တန်းတွေနဲ့ ၁၉၈၀ ခုနှစ်လောက်အထိ ရေခဲသေးတယ် ဆိုတာ ခုတော့ ပုံပြင်တစ်ပုဒ်အလား။
ခုများတော့ နွားသွေးစုပ်တဲ့ မွှားတွေလို အိမ်ခြေတိုးတက်လာလိုက်တာ
အောက်ကပင် လှမ်းမြင်ရတဲ့အထိ ပေါ့။
တချို့ကလည်း တစ်နှစ်ပတ်လုံး အဲကွန်း တွေ လွှတ်ထားတယ်လို့ တင်စား
ဆောင်းမနက်တွေ ပါးစပ် က အငွေ့ထွက်တယ်။
တန်ဆောင်တိုင် ညတွေ မိုးလင်းပေါက်အထိ လူတိုင်းကဲဖူးကြမှာပဲနော့်။
တချို့ဒေသတွေတော့မသိလောက်ပါဘူး။ ထိုဟူးလောင်း ဆိုတာ ဘယ်လို အရသာ ရှိလဲ ဆိုတာ၊ စျေးနေ့တွေ ဆိုရင် မေမေ နဲ့ စျေးခြင်းဆွဲလို့ မနက်စောစော ထ ၊ သီးနှံစုံ စားသောက်ရတာ ပျော်စရာဓလေ့ပါပဲ။ အချိုပွဲ ခေါက်ပုပ်၊ ခွက်ပြင်နော်။ ပွဲရာသီ ဆိုရင် ကောက်ညှင်းကျည်တောက် စားရတယ်။ ရှမ်းရိုးရာ ဝက်ဖက်အုမ်း နဲ့ ငါးပေါင်း တကယ်ကောင်းလို့ ပီဇာနဲ့ မလဲနိုင်၊ အင်းသားမှန်လှေလှော်တတ်သလို၊ တောင်ပေါ်သားမှန်ရင် မီးပုံးပျံ ကော်ကပ်တတ်ရမယ်နော့်။ မီးအဖွဲ့နာမည်တွေ အလွတ်ကျက်စရာ မလို၊ ဂျောင်းဂျောင်းပြေး အကုန်သိ ၊ ငြင်းခုန်ခဲ့ရတဲ့အချိန်တွေ နှမြောမိ ။
ဒီလို မိခင်မြို့ကလေးမှာ ချစ်စရာ သားငယ်လေးလဲ ရှိသတဲ့လေ။
ခုဆိုရင် လူပျိုပေါက် အရွယ် (၃၅) နှစ် ပြည့်ရောပေါ့။
အေးသာယာဆိုတဲ့ မြို့လေး ၊ တောင်ကြီးမှ မွေးဖွားပေးခဲ့တယ်။
ခရိုင်တွင်း ၊ ပြည်နယ်တွင်းမှာ ဖွံ့ဖြိုးဆုံး မြို့ကလေး ။
မြို့ကလေး ဒဏ်ရာကို သူ့ဘာသူ ကျောသပ် နှစ်သိမ့်နေလေရဲ့။
နီယွန်မီးရောင်အောက် ဆောင်းညတွေဟာ
ဟိုးအရင်လိုပဲ တိတ်ဆိတ်ငြိမ်သက်စွာ ကျော်ဖြတ်ရဦးမှာပါလား ။
တောင်ကြီးမြို့ (၁၂၉) နှစ် နှင့် အေးသာယာမြို့ (၃၅) နှစ်
မြို့တည်နှစ်များ အမှတ်တရ လွမ်းခြင်း
စကားလုံး အသုံးအနှုန်း မှားယွင်းခဲ့ပါက သည်းခံပေးကြပါရန်
သိရ်(တောင်ကြီး)
စက် ၂၆ ရက်၊
 
 ဇော်ဂျီ
 
 ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ ၄၇၁၂ ေပ ေက်ာ္ ျမင့္တဲ့ ၿမိဳ႕ကေလး၊
(၁၂) ရာသီ ျမဴႏွင္းက်တယ္၊ အဂၤလိပ္ေတြ တည္ခဲ့တဲ့ ၿမိဳ႕ေလးေပါ့။ ႐ိုးသားတဲ့ ေဒသခံေတြေၾကာင့္ ေအးခ်မ္းသာယာတယ္။ စကားေျပာရင္ ဩ ၊ ေၾသာ လို႔ ေျပာတယ္။ ရွမ္း၊ ပအိုဝ္း၊ အင္း၊ ဓႏု ၊ ေတာင္႐ိုး၊ ပေလာင္၊ တိုင္းရင္းသား ေတြ စုံလင္တယ္။ ခုဆိုရင္ ၿမိဳ႕တည္ႏွစ္ေပါင္း ၁၃၀ ႏွစ္ တိုင္ေတာ့မွာေလ။
အစားအေသာက္ခုံမင္ႏွစ္ၿခိဳက္တဲ့ ၿမိဳ႕ေလးေပါ့။ အိပ္ယာႏိုးတိုင္း အေရွ႕ဘက္ ေတာင္တန္းႀကီးေတြျမင္ရတယ္။ ေဆာင္းရာသီမွာ ေရမခ်ိဳး၊ အေႏြးထည္ မခြၽတ္တမ္း ဝတ္ဆင္တယ္။ ေမြးလာထဲက မီးပုံးပ်ံ ပိုး ပါလာလို႔ မီးရႉး၊ ခိုပ်ံ ေလာက္ေတာ့ ခေလးေတာင္ မွ လုပ္တတ္တယ္။
ေတာင္ေပၚသားမွန္ရင္ ဝက္သားခ်ဥ္ ၊ ဟင္းထုပ္၊ ငါးထမင္းနယ္ ႀကိဳက္ရမယ္။ ေတာင္ေပၚမွာေမြးရင္ ေတာင္ခြၽန္းေတာ့ အနည္းဆုံး ေရာက္ဖူးရမယ္။
အဆိုေတာ္ၿမိဳ႕ကေလးလို႔ တင္စားရင္လည္း မမွားပါဘူး။
မနက္ ထိုဟူးေႏြး၊ ည ေရေႏြး နဲ႔ လူတိုင္း ႀကီးပ်င္းလာမွာပဲ။
ဆယ္စုႏွစ္ တစ္ခုၿပီးတစ္ခု ေက်ာ္ၿပီးတိုင္းမွာေလ ၊ ၿမိဳ႕ေလး အၿပိဳင္းအ႐ိုင္း ႀကီးပ်င္းလာလိုက္တာ သူ႔ဝတ္စုံနဲ႔ သူ႔ လက္တန္ မဆန႔္ေတာ့ေခ် ။
ဟိုးယခင္က ဆိုရင္ ၿမိဳ႕အေရွ႕ဘက္ေတာင္တန္းမွာ ခ်ယ္ရီပင္တန္းေတြနဲ႔ ၁၉၈၀ ခုႏွစ္ေလာက္အထိ ေရခဲေသးတယ္ ဆိုတာ ခုေတာ့ ပုံျပင္တစ္ပုဒ္အလား။
ခုမ်ားေတာ့ ႏြားေသြးစုပ္တဲ့ မႊားေတြလို အိမ္ေျခတိုးတက္လာလိုက္တာ
ေအာက္ကပင္ လွမ္းျမင္ရတဲ့အထိ ေပါ့။
တခ်ိဳ႕ကလည္း တစ္ႏွစ္ပတ္လုံး အဲကြန္း ေတြ လႊတ္ထားတယ္လို႔ တင္စား
ေဆာင္းမနက္ေတြ ပါးစပ္ က အေငြ႕ထြက္တယ္။
တန္ေဆာင္တိုင္ ညေတြ မိုးလင္းေပါက္အထိ လူတိုင္းကဲဖူးၾကမွာပဲေနာ့္။
တခ်ိဳ႕ေဒသေတြေတာ့မသိေလာက္ပါဘူး။ ထိုဟူးေလာင္း ဆိုတာ ဘယ္လို အရသာ ရွိလဲ ဆိုတာ၊ ေစ်းေန႔ေတြ ဆိုရင္ ေမေမ နဲ႔ ေစ်းျခင္းဆြဲလို႔ မနက္ေစာေစာ ထ ၊ သီးႏွံစုံ စားေသာက္ရတာ ေပ်ာ္စရာဓေလ့ပါပဲ။ အခ်ိဳပြဲ ေခါက္ပုပ္၊ ခြက္ျပင္ေနာ္။ ပြဲရာသီ ဆိုရင္ ေကာက္ညႇင္းက်ည္ေတာက္ စားရတယ္။ ရွမ္း႐ိုးရာ ဝက္ဖက္အုမ္း နဲ႔ ငါးေပါင္း တကယ္ေကာင္းလို႔ ပီဇာနဲ႔ မလဲႏိုင္၊ အင္းသားမွန္ေလွေလွာ္တတ္သလို၊ ေတာင္ေပၚသားမွန္ရင္ မီးပုံးပ်ံ ေကာ္ကပ္တတ္ရမယ္ေနာ့္။ မီးအဖြဲ႕နာမည္ေတြ အလြတ္က်က္စရာ မလို၊ ေဂ်ာင္းေဂ်ာင္းေျပး အကုန္သိ ၊ ျငင္းခုန္ခဲ့ရတဲ့အခ်ိန္ေတြ ႏွေျမာမိ ။
ဒီလို မိခင္ၿမိဳ႕ကေလးမွာ ခ်စ္စရာ သားငယ္ေလးလဲ ရွိသတဲ့ေလ။
ခုဆိုရင္ လူပ်ိဳေပါက္ အ႐ြယ္ (၃၅) ႏွစ္ ျပည့္ေရာေပါ့။
ေအးသာယာဆိုတဲ့ ၿမိဳ႕ေလး ၊ ေတာင္ႀကီးမွ ေမြးဖြားေပးခဲ့တယ္။
ခ႐ိုင္တြင္း ၊ ျပည္နယ္တြင္းမွာ ဖြံ႕ၿဖိဳးဆုံး ၿမိဳ႕ကေလး ။
ၿမိဳ႕ကေလး ဒဏ္ရာကို သူ႔ဘာသူ ေက်ာသပ္ ႏွစ္သိမ့္ေနေလရဲ႕။
နီယြန္မီးေရာင္ေအာက္ ေဆာင္းညေတြဟာ
ဟိုးအရင္လိုပဲ တိတ္ဆိတ္ၿငိမ္သက္စြာ ေက်ာ္ျဖတ္ရဦးမွာပါလား ။
ေတာင္ႀကီးၿမိဳ႕ (၁၂၉) ႏွစ္ ႏွင့္ ေအးသာယာၿမိဳ႕ (၃၅) ႏွစ္
ၿမိဳ႕တည္ႏွစ္မ်ား အမွတ္တရ လြမ္းျခင္း
စကားလုံး အသုံးအႏႈန္း မွားယြင္းခဲ့ပါက သည္းခံေပးၾကပါရန္
သိရ္(ေတာင္ႀကီး)
စက္ ၂၆ ရက္၊ 
 

No comments:

Post a Comment


Aung Hein - နည္​းပညာ