အင်းလေးအိုင်သည် မြန်မာပြည်တွင်ရှိသော ကုန်းတွင်း အင်း အိုင်များတွင်ဒုတိယ အကြီးဆုံး ဖြစ်ပါသည်။
အင်းလေးဟုဆိုလိုက်သည်နှင့်ရွှေသားအတိဖြစ်နေသော ဖောင်တော်ဦးဘုရား ၊ လှေကို
လက်နှင့်မလှော် ခြေနှင့်ခပ်လှာ်ပုံတွေ ၊ ကျွန်းမျောတွေပေါ်မှာ စိုက်ကြ ၊ ပျိုးကြ ၊
နေထိုင်ကြပုံတွေ နှင် ရေပေါ်ဈေးတို့ကို အမှတ်ရမိကြပါသည်။
အင်းလေးဒေသ တည်နေရာအကြောင်း
အင်းလေးကန်သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေနယ်တွင် တည်ရှိသည်။ မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး ကန် ဖြစ်သည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး(၂)ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၄၄.၉ စတုရန်းမိုင်ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင် ၂၉၀၀ မိုင်တွင်တည်ရှိသည်။ အင်းလေးကန်သည် တောင်ပေါ်အင်းအိုင်ကြီး တစ်ခုဖြစ်သည်။ အင်းလေးသည် တောင်နှင့်မြောက် အလျား ကိုးမိုင်ခန့်ရှည်သည်။ အကျယ်ဆုံးနေရာ၌အရှေ့နှင့်
အနောက် သုံးမိုင်ခွဲခန့် ရှိသည်။
အတိအကျ အလား ၄ ရပ်က တောင်ပိုင်းရှမ်းပြည်၌ ပင်လုံနှင့် ဖဲခုံမြို့နယ်စပ် ညောင်ရွှေရပ်ဝယ် ပင်လယ်မျက်နှာပြင်အထက် ပေ ၂၉၅၂ အမြင့် အရှေ့မြောက်ယဉ်စွန်းတန်း ၉၇ နှင့် ၂၀ ဒီဂရီအကြား အင်းလေးကန်သာ တည်ရှိပါသည်။
လောပိတတွင်ရှိသော(တစ်ချိန်ကအရှေ့တောင်အာရှတွင်ကြီးဆုံးဖြစ်ခဲ့ဖူးသည့်)
ရေအားလျှပ်စစ်ဓါတ်ထုတ်လုပ်ရေးစက်ရုံ အတွက် အဓိကကျသော ရေအရင်းအမြစ် သဘာဝလှောင်ကန်လည်းဖြစ်သည်။
အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ တည်ဆောက်ထားသည်။ တစ်နေရာမှ တစ်နေရာသို့ လှေများ၊ စက်လှေများဖြင့် သွားလာကြသည်။ လှေကို ခြေဖြင့်လှော်ခတ်သည်။ အင်းလေးဒေသ နန်ဟူးရွာရှိ အင်းလေး ဖောင်တော်ဦးဘုရားသည်ထင်ရှားသည်။
အင်းလေးအိုင် အား ဘူမိပညာရှင်များအမြင်
အင်းလေးကန်ကို ပညာရှင်များက ကောက်ချက်အမျိုးမျိုး ချခဲ့ကြပုံမှာ
ဘူမိဘေဒ ပညာရှင်များ၏ သင်ကြားချက်အရဆိုလျှင် ရှမ်းကုန်းမြေမြင့်ဒေသသည် (Lime
stone) ခေါ် ထုံးကျောက်များ ပေါ်ကြွယ်ရာ ဒေသဖြစ်သည်။ မိုးများ
အဆက်မပြတ်ရွာသွန်းရာတွင် ထုံးကျောက်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသော
ပျော်ဝင်ကန် (solution lake) ဖြစ်သည်ဟုဆိုကြ၏။
တဖန်တစ်ချို့သော ဘူမိဘေဒ ပညာရှင်များကလည်း အင်းလေးကန်သည် ထုံးကျောက်များကို
ရေတိုက်စားခြင်းဖြင့် ရေတိုက်စားခံရသော နေရာများတွင်
ချိုင့်ဝှမ်းဖြစ်ပေါ်လာသော ထုံးကျောက်အိုင် ဟူ၍ ဆိုကြ၏
တဖန်တစ်ချို့သော ပညာရှင်များက အင်းလေးကန်၏ တဖက်တချက်ရှိ အက်ေြ့ကာင်းကြီးနှစ်ခု၏
အလယ်ထုအောက်သို့ လျှောကျမှုကြောင့် (ထုပြတ်ရွေ့ Block Faulting)
ဖြစ်ပေါ်လာသော ရေအိုင်ဟူ၍ လည်း ဆိုကြ၏။
မည်သို့ပင်ဆိုစေကာမူ အင်းလေးကန်ကြီးသည် လွန်ခဲ့သော နှစ် ၁၀ သန်းခွဲ လောက်ကပင် ရှိနေပြီဖြစ်သည်။
ထိုအချိန်ကာလ၏ ကန်ရေပြင်သည် ယခုမြေမျက်နှာပြင်ထက် ပေပေါင်း ၃၀၀ ခန့်
မြင့်သည်ဟု ဆိုသည်။ မည်မျှ ကျယ်သည် မည်မျှ နက်သည်ကိုကား ရေရေရာရာ တိတိကျကျ
မသိရှိရပေ။ သို့သော် သေချာခိုင်မာစွာ သိရသည်မှာ တဖြည်းဖြည်းနှင့်
ကျမ်းမြောင်း တိမ်ကော လာပြီ ဆိုသည့် အချက်ပင် ဖြစ်သည်။
အင်းလေးကန်၏ ထူးခြားချက်မှာ အမာခံ အောက်ကြမ်းပြင်မရှိခြင်း ဖြစ်သည်။ စိမ်းညို့ညို့
အရောင်ရှိသော အမှုန်များ စုပေါင်း၍ နွံ အဖြစ်သို့ ကူးပြောင်းသွားသော
နှုန်းမြေများ ဖြစ်လာကြသည်။ ထိုအမှုန်များတွင် ထုံးဓါတ်အများအပြားပါဝင်
သည်ကို တွေ့ရှိရသဖြင့် အင်းလေးကန် ကြီးသည် ထုံးကျောက် အရေပျော်အိုင်ကြီး
ဖြစ်လာသည်ဟူသော ယူဆချက်မှာ အတော်ပင် ခိုင်မာသည်ဟု ဆိုနိုင်ပါသည်။
၁။ နမ့်ဟူးရွာရှိ ဖောင်တော်ဦးဘုရား
၂။ အင်းတိမ်ရွာရှိ ရွှေအင်းတိမ်ဘုရားနှင့် စောင်းတော်ကြီး
၃။ ခေါင်တိုင်ရွာရှိ ရွှေမြင်တင်ဘုရာနှင့် ခေါင်းလောင်း
၄။ သန်းတောင်ရွာရှိ ရွှေသန်းတောင်ဘုရား
၅။ ဟဲယာရွာမရှိ ရွှေဂူဘုရားနှင့် ခေါင်းလောင်း
၆။ နမ့်ပန်ရွာရှိ အလိုတော်ပေါက်ဘုရား
၇။ မြသိန်းတန်ရွာရှိ မြသိန်းတန်ဘုရား
ဂ။ သလဲဦးရွာရှိ ခွဲခြမ်းစေတီ
၉။ မိုင်းသောက်ရွာရှိ ဆုတောင်းပြည့်စေတီ
၁၀။ ငါးဖယ်ချောင်းရွာရှိ ဘုန်းတော်ကြီးကျောင်း
၁၁။ဝက်သကင်ရွာရှီ ဝက်သကင်ဘုန်းတော်ကြီးကျောင်း
၁၂။ခေါင်တိုင်ကျေးရွာအနီးရှီ ရေပူရေနွေးကန်
၁၃။မင်းသားကုတ်ကျိုးဘုရား တို့ ဖြစ်ပါသည်။
အင်းလေးနယ်သူနယ်သားများ
အင်းလေးကန်တွင် နေထိုင်သောလူမျိုးများကိုအင်းသားလူမျိုးဟုခေါ်ပါသည်။
အင်းလေးကန်ကိုခြံ၍ တည်သည့်နယ်ချင်းစပ် ၄ မြို့နယ် ကန်ရေပြင်အပါအဝင်ကျေးရွာတို့၌ နေကြသူ
ပေါင်းမှာ၇ သောင်းဟု ခန့်မှန်းသည်။ ကန်းရိုးတလျောက်မို့ အင်းသားတို့ကလူများစု၊ ရှမ်းနှင့် ရော
တောင်ရိုးပအို့ပ်တို့ကလည်း အနှံ့အပြား တောင်သူဟူလည်းခေါ်ကြ ဓနုကယား ဓနုံးသားအပြင် ဗမာတို့လည်းပါဝင်ကြသည်။
အင်းလေးဟု ခေါ်ဆိုရာမှာ အင်း၄ရွာကို အတိုကောက် ခေါ်ခြင်း ဖြစ်ပါသည်။ အင်းလေးဒေသရှိ နမ့်ပန်ရွာ၊ ဝမ်လုံ (ခေါ်) ရွာကြီးဗန်းပုံ၊ နောင်တော (ခေါ်) နောင်တောင်း၊ ဟိုင်းယ(ခေါ်) ဟဲယာရွာမ ဟူသော
ကျေးရွာအုပ်စု ၄ခုကို စုပေါင်း ခေါ်ဆိုထားခြင်း ဖြစ်ပါသည်။ ထိုရွာကြီး ၄ရွာမှ အစပြု၍ အခြားရွာ
များ တစ်စတစ်စ တိုးပွားလာ ပါသည်။ ဒေသခံ အင်းသားတို့ အနေဖြင့် (၂၀)ရာစု အစပိုင်းအထိ ``အင်းလေးရွာ´´ ဟုခေါ်ဆိုမှု ရှိခဲ့ သော်လည်း နောက်ပိုင်းတွင် ``အင်းလေး´´ဟုသာ ခေါ်ကြပါသည်။
အင်းလေးကန်နှင့် ပါတ်ဝန်းကျင် ဒေသတွင် အခြေချ နေထိုင်သူများကို ``အင်းသား´´ဟု ခေါ်ကြပါသည်။ အင်းလေးရွာ စစ်တမ်းတွင် အင်းသားကို ``ငွေခွန် အစုသား´´ဟု ခေါ်ဆိုထား ပါသည်။ ရှမ်းတို့ကမူ ``မန့်နောင်´´ဟု ခေါ်ကြပါသည်။ (မန့်=မြန်မာ နောင်=ရေကန်) ပအို့ဝ်တို့ကမူ အင်းသားတို့ကို ``နောင်သား´´ဟု ခေါ်ကြပါသည်။
အင်းသားတို့မှာ တိဗက်မြန်မာ အနွယ်ဝင် ရှေးမြန်မာကြီးများ ဖြစ်ကြသည်ဟု လက်ခံထားကြသည်။
ရေပေါ်ဈေး
အင်းလေး ဖောင်တော်ဦးဘုရားသမိုင်း နှင့် အင်းလေးဒေသ၏သမိုင်းမူကွဲ ၂ ခု
ဖောင်တော်ဦးဘုရား...
ဘုရားပွဲကျင်းပနေပုံ
အင်းလေးလူ့ရိပ်မြုံဝယ် ပျံ့နှံ့တည်တံ့နေဖို့ ယင်းဒဏ္ဍာရီ ၂ ပုဒ်ကို မျိုးဆက်ဆင့်ဆင့်ပြောခဲ့သည်မှာ ယနေ့ခေတ်မျိုးဆက်အထိတိုင်အောင်ပင် ဖြစ်ပါသည်။. အေဒီ ၁၀၄၄ က ပုဂံတွင် မြန်မာ့နန်းရိုးစခဲ့သော ပထမမြို့တည်နန်းတည်ဘုရင် အနော်ရထာ၏ မြစ်တော်ကြီး ဘုရင်အလောင်းစည်သူသည် တိုင်းပြည်တနံတလျား ခရီးသွားခဲ့သည်တွင် ထားဝယ် သားတို့လည်း နောက်တော်ပါးကပါကြဆို၏။ ထားဝယ်ဆိုသည်က အောက်မြန်မာနိုင်ငံကမ်းရိုးတန်းဒေသသား တိုင်းရင်းသားတစ်မျိုးဖြစ်သည်။ အင်းလေးကန်အရောက် ထားဝယ်သားတို့အား ထိုအရပ်၌ အခြေချနေထိုင်ကြဖို့ အရပ်တစ်ခု သတ်မှတ်ပြုပေးတော်မူခဲ့သည်။ အနေအထားက ထားဝယ်သားတို့ ယခင်သူတို့နေထိုင်ကြီးပြင်းခဲ့ရာ (တင်္နသာရီ) ကမ်းရိုးတန်းအရပ်နှင့် ရေမြေအနေအထားများစွာတူသည်ဟု ထင်ဖွယ်ရာရှိပါသည်။
ဘုရင်အလောင်းစည်သူ ဖောင်တော်ကျောက်ချရာ အင်းလေးကန်မဟာတွင် ဗုဒ္ဒရုပ်ပွား ၅ ဆူနှင့် ဖောင်တော်ဦးစေတီတည်တော်မူခဲ့သည်။ ယင်းဆင်းထုတော်တို့မှာ မာလာယုကျွန်းစွယ်သို့ ဘုရင်မင်း မြတ် ဖောင်စြက်ာအရောက်တွင် ရရှိယူဆောင်ခဲ့ရာမှ ယင်းနယ်သစ်ဖွင့်ထားဝယ်သားတို့ ကိုးကွယ်ဖို့ပေးသနားခဲ့သည်ဆို၏။
ယနေ့ယခုတိုင်အောင်ပင် အင်းရေပြင်မြေပြင်အနက်၌ ကျွန်းတုံးကျွန်းသားအထပ်ထပ် မြင်နိုင်သေးသော
နေရာကား ဘုရင်မင်းမြတ်၏ နန်းတော်စိုက်ရာ ဖြစ်ပုံရသည်ဟု ယနေ့ယခုတိုင် နေထိုင်လျက် ရှိနေကြ
သည့် ထားဝယ်သား သို့မဟုတ် အင်းသားတို့က ယုံကြည်ကြပါသည်။
နန်းပန်မြို့မှ တစ်မိုင်ခန့်အဝေး၌လည်း ခွဲခြမ်း မွေတော် သည်တော်နှင့် မွေတော်တဆူ အခြားအခြေ
စိုက်နေထိုင်ကြသူများ ကိုးကွယ်ကြဖို့ စိုက်ထူလှူတော်မူခဲ့သေးသည်။ ဘုရင်သည်လည်း ဤအရပ်၌ပင် တိုင်းသူပြည်သားတို့၏ အပူဇော်ကို ခံတော်မူသတဲ့။ အင်းသားတို့ကိုယ်၌က သူတို့အချင်းချင်း ဘုံပြော
ပုံဆိုပုံအသံအမူမှအစ တူကြ၍ အင်းသားတို့က သူတို့မှာ ထားဝယ်သားတို့၏ ဘိုးဘွားဘီဘင်ဟု ဆိုချင်
ကြသည်။
နောက်ထပ် အငြင်းပွားသည့် ဒဏ္ဍာရီတစ်ခုက အင်းသားတို့ကိုယ်၌ ယုံကြည်ကြသည်မှာရေီးခေတ်
မြန်မာနိုင်ငံ ပုဂံအစမှ သူတို့ဘိုးဘွားဘီဘင်အစဉ်လိုက် အင်းလေးဖက်သို့ ဆင်းသက်နေထိုင်ခဲ့ကြသည်
မှာ ဘုရင်အလောင်းစည်သူ မရောက်မှီကတည်းကဖြစ်သည်ဟု ဆို၏။ ဘုရင်ရောက်အလာ အင်းသားတို့ကိုယ်၌က ဖောင်စင်္ကြာအတွက် ရေတပ်မတော်သားအဖြစ် အမှုထမ်းလိုပါကြောင်း ဆန္ဒလျောက်တင်လျှောက်ရာမှ သူတို့ကိုမြန်မာတံခွန် တောင်စွန်ရောက်အောင် လိုက်ပါလာပြီး ဘုရင်ကသနား၍ အခြေကျနေကြဖို့ ဒေသတစ်ရပ် ဖွင့်ခဲ့ရာ၊ ထိုမှနောင် ယခုတိုင်အောင် ထားဝယ်အမည်နှင့် တည်စဲရှိ၏။ ယနေ့တိုင်အောင် ဖော်ပြပါအသိရခက်သည့် ဒဏ္ဍာရီ ၂ ပုဒ်ကြောင့် ထားဝယ်နှင့် အင်းသားမည်သည်ကစကြောင်း မည်သူမှ ဆင်ခြေပေး မှတ်ချက်ပြုခြင်း မပြုကြတော့ချေ။
အင်းလေးဒေသဒဏ္ဍာရီ နှင့် ပျောက်ဆုံးသွားသောမြို့ကြီး
အင်းလေးကန်ကြီးသည် နှစ်သန်းပေါင်းရာပေါင်းများစွာမှ စတင်ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သောရေအိုင်ကြီး
တခုဖြစ်သဖြင့် ဖြတ်သန်းကျော်လွှား လာခဲ့သည့် အချိန်ကာလမှာကမ္ဘာနှင့်ချီ၍ပင် ခိုင်းနှိုင်းလောက်သည်။ အင်းရေပြင်သည်မာန်ဟုန်ပြင်းပြင်း ထုထည်ကြီးမားသည့် အချိန်ကာလများကို ဖြတ်သန်းခဲ့ရသလို
ထုထည်သေးငယ်သည့် ရေပြင် တိမ်တိမ်နှင့်လည်း နေခဲ့ရဖူးဟန် ရှိသည်။ လက်ဝဲလက်ယာ ကမ်းများ
နှင့် တောင်မြောက် အင်းရေပြင်သည် ဆုတ်လိုက် တက်လိုက်ဖြင့်သံသရာ လည်နေခဲ့ဟန် လည်း တူ
ပေသည်။
လွန်ခဲ့သော နှစ်၁၀၀၀ ကျော်ကလများတွင် ညောင်ရွှေမြို့သည် မပေါ်ထွန်းသေးပါ။ ညောင်ရွှေမြို့၏
မြောက်ယွန်းယွန်း လေးမိုင်ခန့်ရှိ ဗောရိဿတ် ဘုရား အနီးတွင် ရှေးဟောင်းမြို့ကြီး တစ်မြို့ ထွန်းကားခဲ့သည်။ ဧက ၉၇၀ ကျော်ကျယ်ဝန်းကြီးမားသော ထိုမြို့ကြီးကို မြို့ရိုးနှင့် ကျုံးတို့ကဝန်းရံထားပါသည်။ ထိုမြို့ကို ဒေသခံ များက “မြို့တွင်းကြီး ခေါ် ကောသမ္ဘီ(ကော့ဆမ်ပီ)” မြို့ကြီးဟုခေါ်ဆိုကြသည်။ ယခုတိုင် အချို့နေရာများတွင်
အုတ်မြို့ရိုးများ ကျန်ရစ်တည်ရှိနေဆဲ ဖြစ်သည်။ အေဒီ ၁၀၀၀ ခန့်က ထိုကောသမ္ဘီခေါ် (ကမ္ဘောဇ တိုင်းနိုင်ငံ ကြီးသည်) ကြီးမား တန်ခိုးထွားခဲ့လေသည်။
ထိုအချိန်၌ အင်းရေပြင်သည် ယခု လက်ရှိအလျား (၁၄ မှ ၁၂ ) မိုင် အနံ (၄ မှ ၅)မိုင်ထက် သေးငယ်သည်။
ရေမျက်နှာပြင်ကျင်းသော်လည်း ပို၍နက်သည်။ ဤကောသမ္ဘီမြို့ နိုင်ငံ ကြီးကို မြောက်ဘက်မှ တရုတ်တို့က
အေဒီ ၁၁၁၃ အလောင်းစည်သူမင်းလက်ထက်တွင် လာရောက်တိုက်ခိုက်ကြရာ စစ်ရှုံး၍ ကောသမ္ဘီမှ ခွာ၍
တိမ်းရှောင်သွားကြသည်။ တရုတ်တပ်များ ပြန်ဆုတ် သွားပြီးနောက်မြို့တစ်မြို့ကို ထပ်မံ တည် ကြပြန်သည်။
မြို့တည်နေရာကား ယခု မိုင်းသောက်အင်းရွာနှင့် သလဲဦးရွာ အကြားရှိ ပေပင်အင်းရွာ အနောက်ဘက်တွင်
ရမ္မဝတီမြို့သစ်ကို တည်ထောင်ခဲ့ကြသည်။ ဤဒုတိယတည်ထောင်ခဲ့သော ရမ္မဝတီမြို့သည်သဘာဝဘေး
ဒဏ် ကြောင့်ပျက်ခဲ့ရသည်။
×××
Credit
No comments:
Post a Comment