Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Tuesday, September 27, 2022

အမျိုးသမီးများအတွက် အန္တရာယ်ကြီးသော ကိုယ်ပျောက်လူသတ်သမား



အမျိုးသမီးများအတွက် အန္တရာယ်ကြီးသော ကိုယ်ပျောက်လူသတ်သမား

From : New Myanmar Foundation

   သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်၏ တိုက်တွန်းမှုကြောင့်သာ ဆေးစစ်ခံခဲ့သည့် အသက် ၃၅ နှစ်အရွယ် မသန်းဌေး (နာမည်လွှဲ) သားအိမ်ခေါင်းကင်ဆာ ပထမအ ဆင့် ဖြစ်နေပြီ ဆိုသည့် ဆေးစစ်ချက် အဖြေရရှိချိန်တွင် ပြောစရာ စကားမရှိတော့အောင် တိတ်ဆိတ်သွားသည်။”အဲ့လိုရောဂါရှိနေမယ်လို့ တစ်ခါ မှ မတွေးခဲ့ဖူးဘူး။ ကိုယ့်အနေအထိုင် ကြောင့်လည်း ဒီလိုရောဂါဖြစ်စရာ အ ကြောင်း မရှိဘူးလို့ပဲ ထင်တာပေါ့” ဟု သူမက ပြော သည်။ အမျိုးသားဖြစ်သူမှာ အလွန်ရှုပ် ပွေသည့်အတွက် မသန်းဌေး တစ်ယောက် သည်းမခံနိုင်ဖြစ်ကာ လွန်ခဲ့ သည့် ငါးလခန့်က တရားဝင် ကွာရှင်း ပစ်နိုင်ခဲ့သော်လည်း ထိုအမျိုး သားထံမှ ကူးစက်ခံခဲ့ရသည့်ရောဂါကိုတော့ လက် မခံချင်၍ မရတော့။ နိုင်ငံတကာစစ်တမ်းများအရ အ မျိုးသမီးများတွင် အဖြစ်အများဆုံး ကင် ဆာမှာ ရင်သား ကင်ဆာပြီးလျှင် သား အိမ်ခေါင်းကင်ဆာပင်ဖြစ်ပြီး သေ ပျောက်မှုနှုန်းမှာတော့ သားအိမ်ခေါင်း ကင်ဆာက အများဆုံးဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် နှစ်စဉ် အမျိုးသမီး ၆၄ဝဝ ကျော် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားနေပြီး ၃၅ဝဝ ကျော်နှစ်စဉ် သေဆုံးနေသည်။

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေအဆင့်များတွင် ရောဂါလက္ခဏာ ဘာမှမပြတတ်၍ ကမ္ဘာပေါ်တွင် အမျိုး သမီး ၁ဝ ဦး တွင် ၈ ဦးမှာ မသိဘဲ ရောဂါပိုးမှာ ကိုယ်ဆီတွင်
ရောက်နေတတ်သည်ဟု မီးယပ်နှင့် သားဖွား ဆိုင်ရာအထူးကု ဒေါက်တာစိုးလွင်က ပြောသည်။ သားအိမ်ခေါင်ကင်ဆာအဓိက ဖြစ်ပွားရသည့်အကြောင်းရင်းမှာ HPV (Human Papilloma Virus)ပိုးကြောင့် ဖြစ်ပြီး ထိုပိုးသည် လိင်မှတစ် ဆင့်ကူးစက်တတ်သောရောဂါများတွင် အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ် သည်။ HPV ပိုးအမျိုးပေါင်း ၄ဝ ကျော် ရှိသည့်အနက် ပိုးမျိုးကွဲ ၁၆ နှင့် ၁၈မှာ သားအိမ်ခေါင်းကင်ဆာရောဂါ ၇ဝ ရာ ခိုင်နှုန်းဖြစ်စေနိုင်ပြီး ကျန်ပိုးမျိုးကွဲများ မှာ ၃ဝ ရာခိုင်နှုန်း သားအိမ်ခေါင်းကင် ဆာရောဂါ ဖြစ်စေနိုင်သည်ဟု သိရ သည်။

HPV ပိုးမျိုးကွဲတချို့သည် သား အိမ်ခေါင်းထဲ ဝင်ရောက်ပြီးနောက် ၅၄ ရာခိုင်နှုန်းမှာ တစ်နှစ်အတွင်း၊ ၉၁ ရာ ခိုင်နှုန်းမှာ နှစ်နှစ်အတွင်း ရောဂါဖြစ်ပွား ခြင်းမရှိဘဲ ခန္ဓာကိုယ်ခုခံအားက ပိုးကို တိုက်ခိုက်နိုင်ကြောင်း သို့သော်ပိုးမျိုးကွဲ ၁၆ နှင့် ၁၈ မှာ တခြား မျိုးကွဲများထက် သားအိမ်ခေါင်းအတွင်း ဆက်လက် တည်ရှိနေပြီး သားအိမ်ခေါင်း ကင်ဆာ ရောဂါအထိ ဖြစ်စေနိုင်ကြောင်း၊ HPV ပိုး သားအိမ်ခေါင်းအတွင်းဝင်ရောက်ပြီး ရောဂါလက္ခဏာမပြသည့် အမျိုးသမီး မှာ ၂ ရာခိုင်နှုန်းမှ ၄၄ ရာခိုင်နှုန်း အထိရှိကြောင်း သုတေသန တွေ့ရှိဖော် ပြချက်များအရ သိရသည်။

ထိုသို့ ကြိုတင်မသိရှိနိုင်ခြင်းနှင့် ကျန်းမာရေးအသိ အလွန်နည်းခြင်း ကြောင့် မသန်းဌေးကဲ့သို့ပင် ဆရာဝန် က တိုက်တွန်းမှသာ ဆေးစစ်ကြသလို ထိုရောဂါဖြစ်သူ မိမိပတ် ဝန်းကျင်တွင် တွေ့ရှိမှလည်း ကြောက်ရွံ့ပြီး ရောဂါ စစ်ဆေးသူတို့ ရှိသည်။ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဒေါ်အေးအေးမူက တစ်လင် တစ်မ ယားစနစ်ကျင့်သုံးလျှင် သားအိမ် ခေါင်းကင်ဆာ မဖြစ်နိုင်ဟု ယူဆချက် မှာ ယခင်က မှန်နိုင်သော်လည်း ယခု အချိန်တွင် အမျိုးသားနှင့် ကာမဆက် ဆံဖူးသူ တိုင်း ဖြစ်နိုင်သည့် အခြေအနေ ရှိနေသည်ဟု ပြောသည်။သားအိမ်ခေါင်းကင်ဆာနှင့် ပတ် သက်၍ယနေ့အချိန်အထိရောဂါ အစစ် ဆေးခံ သည့် နှုန်းမှာ မြန်မာနို င်ငံတွင် အလွန် နည်းနေသေးသည်ဟု ၎င်းက ဆက်ပြောသည်။ မကြာခင်က မြောက်ဥက္ကလာ မြို့ နယ်မှ လမ်းတစ်လမ်းတည်းနေ အမျိုး သမီး အယောက်အစိတ်ခန့် တစ်ပြိုင် တည်း ဆေးစစ်မှု ခံယူခဲ့သည်ကိုတော့ ဒေါက်တာ ဒေါ်အေးအေးမူ မမေ့။ တစ်

လမ်းတည်းနေအသက် အစိတ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် လေးဆယ် ကျော် အမျိုးသမီးတစ်ဦးတို့ သားအိမ် ခေါင်းကင်ဆာဖြစ်သည်ကို သိရှိပြီး နောက် ထိုအမျိုး သမီးများတစ်ပြိုင်တည်း ဆေးစစ်ခံခဲ့ခြင်းဖြစ်ပြီး ည ၁၂ နာရီ အထိ ကြည့်ပေးခဲ့ရကြောင်း ၎င်းက ပြောပြသည်။ ရောဂါဖြစ်သည့်အမျိုးသမီး၂ ဦး အနက် အသက်လေး ဆယ်ကျော် အမျိုး သမီးမှာ ရောဂါဖြစ်ကြောင်း သိရှိပြီး မကြာခင် ဆုံးပါးခဲ့၍ သူတို့ ပိုကြောက် လန့်ကာ ထိုသို့ လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင် သည့် အကြောင်းအရာများတွင် သား အိမ်ခေါင်းတွင် အနာရှိခြင်း၊လိင်မှ တစ်ဆင့် ကူးစက်တတ်သောရောဂါရှိခြင်း၊ လိင်စတင် ဆက်ဆံသည့် အသက်အ ရွယ်ငယ်ရွယ်ခြင်း၊ ကိုယ်တိုင်သော် လည်းကောင်း ခင်ပွန်းသော်လည်းကောင်း လိင်ဆက်ဆံဖက် များခြင်း၊ ကိုယ်ဝန် ဆောင် ချိန် များခြင်း၊ ဆေး လိပ်စီးကရက် သောက်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိခြင်း၊ မိခင်နှင့် ဆွေမျိုးများတွင် သား အိမ်ခေါင်းကင်ဆာဖြစ်ဖူးခြင်း စသည် အချက်များ အဓိက ပါဝင် သည်။ရောဂါဖြစ်ပွားလျှင်တော့ အနံ့အ သက်ရှိသော

အဖြူ ဆင်းခြင်း၊ လိင် ဆက်ဆံပြီးလျှင်သွေးဆင်းခြင်း၊ သွေးဆုံး ပြီး မှသွေးပြန်ဆင်းခြင်း၊ လိင်ဆက်ဆံရာ တွင်နာကျင်ခြင်း၊ ကိုယ်အလေး ချိန် လျော့ကျခြင်း တို့ ဖြစ် တတ်သည်ဟု သိ ရသည်။ သားအိမ်ခေါင်းကင်ဆာနှင့် ပတ် သက်ပြီး ကျန်းမာရေးစစ်ဆေးရန်နှင့် ကာကွယ်ဆေးထိုးနှံရန် လွန်ခဲ့သည့် ၇ နှစ်ခန့်မှ စ၍ မြန်မာနိုင်ငံ အတွင်း အသိ ပေးလှုံ့ဆော်မှုများ စတင်ခဲ့ပြီး နိုင်ငံအနှံ့ မဟုတ်သော်လည်း မြို့နယ်ရပ်ကွက် အ ချို့၌ အခမဲ့ ကာကွယ်ဆေးထိုးနှံပေး ခြင်းတို့ ထိုအချိန် က ဆောင်ရွက် ခဲ့သည်။ ထိုနောက်တွင်တော့ ထိုကျန်းမာ ရေး အသိပေးလှုံ့ဆော်ခြင်းများ သိပ် မတွေ့ရတော့။ ထိုရောဂါမှာ ဖြစ်ပွား လျှင်ဖြစ်ပွားချင်း မသိနိုင်၍ အမျိုးသမီး အများစု မှာ ဆေးစစ် ရန်စိတ်ကူးပင်သိပ် မရှိသလို ထိုရောဂါ၏ သေဆုံးနိုင်ခြင်း ကိုလည်း မသိရှိကြပေ။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ အမျိုးသမီးတစ်ဦးကတော့ မိသားစုထဲတွင်ဖြစ်ပွားဖူးသူမရှိသော်လည်း သ တင်းစာထဲတွင် သားအိမ်ခေါင်း ကင် ဆာ ရောဂါအကြောင်း ဖတ်မိ၍ ထို ရောဂါ ရှိမရှိသိနိုင်ရန် ရန်ကုန်ရှိ ဗဟို အမျိုးသမီးဆေးရုံ၌ လာရောက် ဆေး စစ်ခဲ့သည်။ ကျန်းမာရေး အသိရှိသော်လည်း စစ်ဆေးမှုခံယူနိုင် သည့် ရောဂါ စမ်းသပ် ပေးသော အစိုးရဆေးရုံမှာ လက်လှမ်း မီရာတွင် မရှိ၍ ရန်ကုန်သို့ တကူးတက လာရောက်၍ သူမ ဆေးစစ်ခဲ့ခြင်းဖြစ် သည်။ ထိုသို့ ဆေးသွား စစ်ရန်လည်း အမျိုးသားဖြစ်သူက တိုက်တွန်းခဲ့သည် ဟု အိမ်ထောင်သက် ဆယ်နှစ်ရှိပြီဖြစ် သည့် ထိုအမျိုးသမီးက တက်တက် ကြွကြွ ပြောသည်။ ဆေးစစ်ပြီးသော် လည်း အဖြေချက် ချင်းမရ၍ နောက် တစ်ပတ်အကြာတွင် စိုးရိမ်စိတ်ဖြင့် ဘီးလင်းမှ သူမက ပြန်လာရမည်ဟုဆိုသည်။ သားအိမ်ခေါင်ကင်ဆာကို ဗဟို အမျိုးသမီးဆေးရုံ (ရန်ကုန်)၌ တစ်ပတ် လျှင်နှစ်ကြိမ် အခမဲ့စစ်ဆေးပေးနေပြီး သားဖွားနှင့်မီးယပ် ဆရာဝန်များရှိသည့် မြို့နယ်ကျန်းမာရေး ဆေးခန်းများတွင် လည်း စစ်ဆေးပေး လျက် ရှိကြောင်း သိရသည်။ ပုဂ္ဂလိက ဆေးရုံကြီးများ တွင်တော့ စစ်ဆေးခ နှစ်သောင်းကျပ် ခန့်ဖြင့် အချိန်မရွေးစစ်ဆေးနိုင်ကာ ရောဂါ မရှိက ကာကွယ်ဆေး လွယ်ကူ စွာ ဝယ်ယူထိုးနှံနိုင်သည်။ ကာကွယ် ဆေးမှာ နှစ်မျိုးရှိပြီး တစ်လုံးလျှင် သုံး သောင်း ခုနစ်ထောင်ခန့် ဈေးရှိသည်။

”သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးတဲ့ အရွယ်အပေါ်ကာ ကွယ်နိုင်စွမ်းက မူတည်တယ်။ ပုံမှန် အားဖြင့် ကာကွယ်ဆေးက ကာကွယ်မှု ရာခိုင်နှုန်း ၉၃ ဒသမ ၂ ရာခိုင်နှုန်း ရှိတယ်”ဟု ဒေါက်တာစိုးလွင်က ပြော သည်။ ယင်းကာကွယ်ဆေးမှာ Side Effect မရှိဘဲတစ်ခါထိုးပြီးလျှင် ကိုးနှစ်၊ ၁ဝ နှစ်ခန့် ပြန်ထိုးစရာမလိုကြောင်း သိ ရသည်။ဒေါက်တာ ဒေါ်အေးအေးမူက လည်း အပျိုမိန်းကလေးများအနေဖြင့် ကာကွယ်ဆေး ကြိုတင်ထိုးထားသင့်ပြီး အိမ်ထောင်ပြုပြီးကလည်း ရောဂါကူး စက် နိုင်ခြေများသည့်အတွက် ကင်ဆာ ဖြစ်နိုင်ခြေ ရှိမရှိ စစ်ဆေးသင့်သည်ဟု သတိပေးသည်။

သားအိမ်ခေါင်းကင်ဆာဖြစ်စေ နိုင်သည့် HPV ပိုးကို အသက် ၄ဝမှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးများတွင် အများဆုံး တွေ့ရပြီး အသက် ၂ဝနှစ်မှ ၂၉ နှစ်ရှိအမျိုး သမီးငယ်များတွင်လည်း တွေ့ရှိရသည်ဟု စစ်တမ်းများ ကဆို သည်။၂ဝဝ၆ ခုနှစ်ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏လမ်းညွှန်ချက်အရ အသက် ၂၅ နှစ်မှ ၄၉နှစ်အတွင်းရှိ အိမ်ထောင်သည် အမျိုးသမီးများသည် သုံးနှစ်လျှင် တစ် ကြိမ် သားအိမ်ခေါင်း ချွဲ စစစ်ဆေးသင့် ပြီး အသက် ၅ဝ နှစ်အထက် အမျိုးသမီး များမှာ ငါးနှစ်လျှင်တစ်ကြိမ် စစ်ဆေး သင့်ကြောင်း ညွှန်ကြားထားသည်။ သားအိမ်ခေါင်း ကင်ဆာ ပထမ အဆင့် ဖြစ်နေပြီဟု ဆေးစစ်ချက်အရ သိခဲ့ရသည့် မသန်းဌေးနှင့်ဆေးအတူ အစစ်ဆေး ခံခဲ့သည့်အမျိုးသမီး ၁ဝ ဦး ခန့်တွင် ရောဂါတွေ့ရှိသူ နောက်တစ်ဦး ရှိခဲ့သည်။

”သူသိပ်ကြောက်သွားတာ။ ကိုယ် လိုပဲ မဖြစ်နိုင်ဘူးလို့ သူတွေးထားတာ ကိုး။ ရောဂါတွေက သိပ်ဆန်းပြားလွန်း တယ်။ ခုလို စောစော သိလိုက်ရတာ ကံကောင်းတယ်လို့ မှတ်ရတော့မှာပဲ” ဟု မသန်းဌေးက ပြောသည်။

မြတ်စုငြိမ်း
..............................................

လူတွေအသိများတာက သားအိမ်ကင်ဆာလို့ ခေါ်ကြတယ်။ အမှန်တကယ်တော့ သားအိမ်လည်တံကင်ဆာ (သို့) သားအိမ် ခေါင်း ကင်ဆာလို့ခေါ်ပါတယ်။ အပေါ်ပိုင်းမှာရှိတဲ့ သားအိမ်ရဲ့ ကိုယ်ထည်မဟုတ်ပါဘူး။ သားအိမ်ကိုယ်ထည်ကလည်း သူ့ဟာသူ သီးခြားကင်ဆာဖြစ်နိုင်ပါတယ်။ စာရင်းဇယားအရ မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသမီးတွေ အဖြစ်အများဆုံးကင်ဆာဖြစ်ပါတယ်။

၁။ ရောဂါဖြစ်နိုင်ချေရှိသူတွေက ဘယ်သူတွေလဲ။

ရောဂါဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်ရှိတဲ့ အုပ်စုတွေကတော့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတဲ့ အမျိုးသမီးများ၊ အိမ်ထောင် တစ်ဆက်ထက် ပို၍များတဲ့အမျိုးသမီးများ၊ သားသမီးငါးယောက်ထက်များတဲ့ မိခင်များ၊ လိင်ဆက်ဆံရာမှတဆင့် ကူးစက်တက်တဲ့ ရောဂါတစ်ခုခု ရှိခဲ့ဖူးသူများ၊ မျိုးရိုးထဲမှာ သားအိမ်ကင်ဆာဖြစ်ဖူးသူရှိသူများ၊ အမျိုးသမီးများမှာ သဘာဝအတိုင်း ဆင်းတဲ့အဖြူ မဟုတ်ဘဲ ထူးခြားပြီး ရေရှည်အဖြူဆင်းနေတဲ့ အမျိုးသမီးများ၊ အမျိုးသားများနှင့် လိင်ဆက်ဆံတဲ့အခါ သွေးစသွေးနတွေ့တဲ့ အမျိုးသမီးများလည်း အန္တရာယ်ရှိတဲ့ အုပ်စုထဲမှာပါပါတယ်။ အရက်စွဲနေတဲ့ အမျိုးသမီးများ၊ ဆေးလိပ်များများသောက်တဲ့ အမျိုးသမီးများကိုလည်း အန္တရာယ်ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒီမှာ အထူးပြောချင်တာက ဒီအုပ်စုထဲမှာပါလို့ သားအိမ်ခေါင်း ကင်ဆာ ဖြစ်ရမယ်လို့ တစ်ထစ်ချမပြောနိုင်သလို၊ ဒီအုပ်စုစာရင်းထဲက လွတ်သွားတဲ့ အမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်း ကင်ဆာ မဖြစ်တော့ဘူးလို့ မှတ်ယူလို့မရပါဘူး။ ဒါကို ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။

၂။ ရောဂါဖြစ်မှန်း ဘယ်လိုလုပ်သိမလဲ။

ကင်ဆာတွေအားလုံးဟာ အဆင့်စောတဲ့အခြေအနေမှာ နာကျင်ခြင်းစတဲ့ လက္ခဏာတွေမပြသလို့ ဒုက္ခရောက်နေကြရတာပါ။ သားအိမ်လည်တံ ကင်ဆာကလည်း ရောဂါဖြစ်မှန်း သိပ်မသိလွယ်ပါဘူး။ စောတုန်း အဆင့်မှာ အစားအသောက်လည်း မပျက်ပါဘူး ရောဂါရင့်တဲ့ အဆင့်ရောက်မှ ဝမ်းဗိုက်အောက်ပိုင်းနာတာတို့၊ ခါးနာတာတို့၊ ပေါင်ထိပ်နာတာတို့ ဖြစ်တတ်တာပါ။ အမျိုးသားနဲ့ ဆက်ဆံရင် သွေးစသွေးနတွေ့တယ်ဆိုတာကလည်း၊ ဆရာဝန်စမ်းသပ်တဲ့အခါ ရိုးရိုးမျက်စိနဲ့ မြင်နိုင်လောက်တဲ့ သဖန်းသီးများ ခွဲထားသလိုမျိုး၊ အနာလိုလို၊ အဖုလိုလိုတွေ့တဲ့အခါမှသာ သွေးထွက်ပါတယ်။ ရိုးရိုးမျက်စိနဲ့ ကြည့်လိုက်ရင် ချောမွေ့ပြီးဘာမျှ မမြင်ရဘူး။ ဒါပေမယ့် Pap-Smear လို့ခေါ်တဲ့ မှန်ပြားလေးနဲ့ သူ့မှာတွယ်ကပ်နေတဲ့ ကလာပ်စည်းလေးတွေကို ခြစ်ယူလိုက်ပြီး အဏုဇီဝမှန်ပြောင်းအောက်မှာ ကြည့်လိုက်ရင်၊ အဲဒီကလာပ် စည်းလေးတွေရဲ့ အတွင်းထဲမှာ ကလာပ်စည်း နံရံကို မကျော်သေးဘဲ ဖြစ်ပွားနေတဲ့ ကင်ဆာအဆင့်ကို တွေ့နိုင်ပါတယ်။ Pap-Smear လုပ်တဲ့နည်းဟာ သားအိမ်ခေါင်းကင်ဆာဖြစ်မှန်းကို အစောဆုံး သိနိုင်တဲ့ နည်းပါးပဲ။ ယနေ့အချိန်မှာ အားမရတဲ့အချက်တစ်ခုက ဆေးရုံတွေမှာရော၊ အပြင်ဆေးခန်းတွေမှာပါ သားအိမ်ခေါင်း ကင်ဆာသိရတဲ့အချိန်မှာ ၆၅% လောက်ဟာ အဆင့်လွန်နေတဲ့သူတွေပါပဲ။ ၃၅%ကသာ အန္တရာယ်ရှိနိုင်တဲ့ အုပ်စုထဲက လာရောက် ဆေးစစ်ရင်းနဲ့တွေ့တာပါ။ သားအိမ်ခေါင်း ကင်ဆာဖြစ်တဲ့ လူတော်တော်များများက မီးယပ်ဖြူ၊ မီးယပ်နီဆင်းတယ်။ ခါးတွေ၊ ဆီးစပ် တွေကို ခဲနာကျင်တယ်။ သွေးစသွေးနထွက်တယ်။ အစားအသောက်ပျက်လို့ ပိန်းချုံးသွားတယ်ဆိုတဲ့ သူတွေကများတယ်။ Pap-Smear စမ်းသပ်ခြင်းကို သားဖွားမီးယပ်ဆရာဝန်ထိုင်တဲ့ မည်သည့် ဆေးခန်းမှာမဆို လုပ်လို့ရနိုင်ပါတယ်။ ငွေကုန်ကြေးကျလည်း မများပါဘူး။ မှန်ပြားယူရတာလည်း မကြာပါဘူး။ မိနစ်ပိုင်းအတွင်းပြီးပါတယ်။ အဖြေကလည်း ငါးရက်မှ တစ်ပတ်အတွင်းရပါတယ်။ ပုံမှန်ဝင်ငွေရှိတဲ့ လူတိုင်းနီးပါး ဒီလောက်ကုန်ကျစရိတ်ကို တက်နိုင်ကြပါတယ်။ Pap-Smaear မှာ ကင်ဆာဖြစ်တယ်လို့ သိရရုံနဲ့ ဓာတ်ကင်လို့မရပါဘူး။ နောက်တစ်ဆင့် အသားစယူရပါတယ်။ အသာစယူတဲ့အခါမှာ တိုက်ရိုက်ပဲယူယူ၊ မှန်ပြောင်းနဲ့ ကြည့်ပြီယူယူ၊ အသားစအဖြေထွက်မှသာလျှင် သားအိမ်ခေါင်းကင်ဆာ တကယ်ဖြစ်ပြီလို့ ရာနှုန်းပြည့်ပြောနိုင်ပါတယ်။

၃။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။

ယခင်တုန်းကတည်းက သုံးလာတဲ့ စံကုထုံးတွေရှိပါတယ်။ ခေတ်မီရောဂါကုထုံး (၃)ခုရှိပါတယ်။ ပထမတစ်ခုက ခွဲစိတ်ကု သတဲ့နည်း။ စောသေးရင် သားအိမ်လည်တံလောက်ပဲဖြစ်တယ် (သို့) သားအိမ်ကိုပါ ထုတ်တယ် (သို့) သားအိမ်တင်မကဘူး သားဥ ပြွန်မျိုးဥ သားနံရည်ကျိတ်တွေတောင် အကုန်ထုတ်တဲ့နည်းရှိပါတယ်။ ဒုတိယနည်းကတော့ အခြားကင်ဆာများလိုပဲ ကင်ဆာဆေး များ နှစ်မျိုး၊ သုံးမျိုးပူးပေါင်းပြီး အကြောဆေးပေးတဲ့နည်းရှိပါတယ်။ စောစောကပြောတဲ့ သားအိမ်နှင့်တကွ သားဥပြွန်မျိုးဥ၊ သားနံ ရည် ကျိတ်တွေကို သမားရိုးကျခွဲစိတ်နည်းနဲ့ မထုတ်ဘဲ Key Hole ဆာဂျရီလို့ခေါ်တဲ့ ပေါက်သေးသေးလေးဖောက်ပြီး အဏုကြည့် မှန်ပြောင်းကို အသုံးပြုပြီး ခွဲတဲ့နည်းကို အသုံးပြုနေပါပြီ။ စင်ကာပူတို့၊ ဘန်ကောက်တို့မှာ လုပ်နေပါပြီ။ ဒီကုထုံး(၃)မျိုးထဲမှာ လူနာ ဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ အဆင့်ပေါ်မူတည်ပြီး ခွဲသင့်တဲ့လူနာခွဲတယ်။ ဓာတ်ကင်တဲ့လူနာ ဓာတ်ကင်တယ်။ တစ်ခါတစ်ရံ ဓာတ်ကင်တာရော၊ ခွဲတာရော နှစ်ခုပေါင်းလုပ်တာရှိသလို ကင်ဆာဆေးပါ ပေးရတဲ့နည်း (၃) မျိုးစလုံး ပေါင်းလုပ်ရတာလည်း ရှိပါတယ်။

၄။ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေမှန်းသိပြီးရင် ဘာတွေလုပ်မလဲ။

ဒါက သိပ်အရေးကြီးပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီလို့ ဓာတ်ခွဲခန်းအဖြေရတဲ့အခါ စိတ်ဓာတ်ကျသွားတဲ့ အမျိုးသမီး တွေ အများကြီးပါပဲ။ အမျိုးတွေ၊ ရင်းနှီးတဲ့မိတ်ဆွေတွေက တစ်ယောက်တစ်ပေါက် အကြံပေးကြတာ ဒါမျိုးဖြစ်ရင် ဓာတ်မကင်နဲ့ ရောဂါကနည်းနည်း၊ ဓာတ်ကင်တာက သေသွားမယ်၊ ဒါမျိုးဆိုရင် မခွဲနဲ့၊ ခွဲလိုက်ရင် ဆီးအိမ်ပေါက်တာတို့၊ ဆီးပြွန်ပြတ်တာတို့၊ အူမကြီးပေါက်တာတို့၊ ပြောတတ်ကြပါတယ်။ ဒါကြောင့် ဘေးစကားကို မယုံပါနဲ့။ ကုန်ကုန်ပြောရရင် သားအိမခေါင်းကင်ဆာ ရောဂါဖြစ်ပြီး ကုသမှုခံယူထားသူရဲ့ စကားကိုတောင်မယုံပါနဲ့။ ဘာလို့လဲဆိုတော့ ကင်ဆာကလာပ်စည်း အမျိုးအစားတူချင်မှ တူမယ်။ ကင်ဆာအဆင့်လည်း တူချင်မှတူမယ်။ ဒါ့ကြောင့် ကိုယ်ယုံကြည် အားကိုးလို့ အပ်နှံထားတဲ့ သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန် ဆုံးဖြတ်တဲ့ အတိုင်းလိုက်နာပါ။

၅။ အများပြည်သူအား မှာကြားချင်သော အကြံပေးချက်။

သားအိမ်ခေါင်း ကင်ဆာဟာရောဂါ လက္ခဏာတွေမပေါ်ခင် အစောဆုံး သိနိုင်တဲ့နည်းရှိပါတယ်။ အဲဒါကတော့ အသက် (၃၅) နှစ်ကျော်တဲ့ အိမ်ထောင် သားမွေးပြုဖူးသူတိုင်း တစ်နှစ်တစ်ခါ Pap-Smear ကို သတိထားပြီး စမ်းသပ်သင့်ပါတယ်၊ ငွေကုန်ကြေးကျ လည်း မများပါဘူး။
×××

No comments:

Post a Comment


Aung Hein - နည္​းပညာ