Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Sunday, October 31, 2021

ဖုန်းနဲ့ ကွန်ပျူတာ ဘာကွာသလဲ

 ဖုန်းနဲ့ ကွန်ပျူတာ ဘာကွာသလဲ ဆိုတာ နည်းနည်းလေး ဆွေးနွေးထားပါတယ်။




Monday, October 25, 2021

Sunday, October 24, 2021

Saturday, October 23, 2021

Friday, October 22, 2021

Wednesday, October 20, 2021

The Buddha

 ဘုရားပုံတော်မှ စုစည်းဖော်ပြလိုက်ပါတယ်။ Souces - Google

Tuesday, October 19, 2021

မိုးလေကင်းလွတ် သီတင်းကျွတ်ပြီ

 မိုးလေကင်းလွတ် သီတင်းကျွတ်ပြီ 

 Sitha(Tgi)

How to Make a Zawgyi-Unicode Switch on Blogspot

 Blogspot တွင် Zawgyi - Unicode ပြောင်းသော ခလုတ် ထည့်နည်း

ရှမ်းပြည်နယ်တောင်ပိုင်း က လည်ချင်စရာ အကောင်းဆုံး မြို့ ၁၀ မြို့

  ရှမ်းပြည်နယ်တောင်ပိုင်း က လည်ချင်စရာ အကောင်းဆုံး မြို့ ၁၀ မြို့

Sunday, October 17, 2021

ရွှင်လန်းကြပါစေ

 17- Oct 

ယနေ့အတွက်တော့ နားဦးမည်။

နောက်ရက်များမှာ ဆက်လက် တင်ပေးသွားပါမည်။ တချို့ ၀တ္ထုတို လေးများဟာ မဂ္ဂဇင်း ပို့ဖို့ ရည်ရွယ်ထားတာ ဖြစ်တဲ့အတွက် မတင်သေးတာပါ။ တင်လို့ ရသမျှ အားလုံး ဆက်လက်တင်ပေးသွားပါမည်။

ရွှင်လန်းကြပါစေ

Sitha Hein

ဒါရ ကောဝါဒ ဆုံးမစာ

ဒါရ ကောဝါဒ ဆုံးမစာ

Jpeg Files များကိုစတေကာဖောက်နည်း

 Jpeg Files များကိုစတေကာဖောက်နည်း

 
စည်သာ

ဖီးကြမ်းငှက်ပျောသီး နှင့် ကြက်ဥ အမှုတော်ကြီး

ဖီးကြမ်းငှက်ပျောသီး နှင့် ကြက်ဥ အမှုတော်ကြီး

စည်သာ(တောင်ကြီး)

စကားလုံးသက်သက်

 စကားလုံးသက်သက်

သိရ်(တောင်ကြီး)

အိပ်မက်များကို ထုဆစ်ခဲ့သူ (သို့မဟုတ်) စွယ်စုံရအနုပညာရှင်

 အိပ်မက်များကို ထုဆစ်ခဲ့သူ (သို့မဟုတ်) စွယ်စုံရအနုပညာရှင်

စည်သာ(တောင်ကြီး)

မိုင်းကိုင်သို့ လေ့လာရေးတစ်ခေါက်

 မိုင်းကိုင်သို့ လေ့လာရေးတစ်ခေါက်

Photo- Crd
 

စည်သာ(တောင်ကြီး)

သမိုင်းဝင် ပင်လုံဆိုသော မြို့ကလေးဆီသို့ တစ်ခေါက်

 သမိုင်းဝင် ပင်လုံဆိုသော မြို့ကလေးဆီသို့ တစ်ခေါက်

စည်သာ(တောင်ကြီး)

အင်းလေးကန်ကသံယောဇဉ်တံတား

 အင်းလေးကန်ကသံယောဇဉ်တံတား

စည်သာ(တောင်ကြီး)

နမ့်တိန်းချောင်း ဖြတ်စီးနေတဲ့ ရှမ်းပြည်နယ်ရဲ့ အလယ်ဗဟို မှ သံရိုင်းထွက်တဲ့ မြို့ကလေး

 နမ့်တိန်းချောင်း ဖြတ်စီးနေတဲ့ ရှမ်းပြည်နယ်ရဲ့ အလယ်ဗဟို မှ သံရိုင်းထွက်တဲ့ မြို့ကလေး

စည်သာ(တောင်ကြီး)

အထက်သို့ မြင့်တက်လာသော မြို့လေး

 အထက်သို့ မြင့်တက်လာသော မြို့လေး

                                 စည်သာ(တောင်ကြီး)

ငါးမည်ရ မြို့ကလေး

ငါးမည်ရ မြို့ကလေး 

စည်သာ(တောင်ကြီး)

ကမ္ဘာ့ အထူးခြားဆုံး တောင်ပေါ်မြို့နှင့် ရေပေါ်မြို့

 ကမ္ဘာ့ အထူးခြားဆုံး တောင်ပေါ်မြို့နှင့် ရေပေါ်မြို့


 စည်သာ(တောင်ကြီး)

ကိုဗစ် က ပေးတဲ့ ဝေဒနာ

 ကိုဗစ် က ပေးတဲ့ ဝေဒနာ


 စည်သာ(တောင်ကြီး)

တောင်ကြီးမြို့ရှိ လူသိနည်းသော စော်ဘွားကြီးကုန်း

 တောင်ကြီးမြို့ရှိ လူသိနည်းသော စော်ဘွားကြီးကုန်း

စည်သာ(တောင်ကြီး)

နတ်ဆေးပန်းချီ ပွဲတော် (သို့) တောင်ကြီး တန်ဆောင်တိုင် ပွဲတော်

 နတ်ဆေးပန်းချီ ပွဲတော် (သို့) တောင်ကြီး တန်ဆောင်တိုင် ပွဲတော်

                                                စည်သာ(တောင်ကြီး)

ရှေးဟောင်း ကက္ကူ မွေတော်ဘုရား

 ရှမ်းပြည်နယ် တောင်ပိုင်းက လက်ကျန်အမွေအနှစ် ရှေးဟောင်း ကက္ကူ မွေတော်ဘုရား 


စည်သာ(တောင်ကြီး)

တောင်ကြီးမြို့ ဂုဏ်ဆောင် စူဠာမုနိလောကချမ်းသာစေတီတော်

တောင်ကြီးမြို့ ဂုဏ်ဆောင်စူဠာမုနိလောကချမ်းသာစေတီတော်

စည်သာ(တောင်ကြီး)

မိအေး အခါခါ ရှက် (ဟာသ၀တ္ထုတို)

မိအေး အခါခါ ရှက် 

 ပေါ်ကြီး(အေးသာယာ)

မြားနတ်မောင် -လူဝန်ဆောင်မှု (ဟာသ၀တ္ထုတို)

  မြားနတ်မောင် -လူန်ဆောင်မှု

ပေါ်ကြီး(အေးသာယာ)

ကန့်လန့်ကာ နောက်ကွယ်က ဘ၀တွေ (တစ်မျက်နှာဝတ္ထုတို)

 ကန့်လန့်ကာ နောက်ကွယ်က  တွေ

သိရ် (အေးသာယာ)

ကျိုးကြေသွားတဲ့ ဆည်းဆာချိန်

 ကျိုးကြေသွားတဲ့ ဆည်းဆာချိန် 

 

                                သိရ် (အေးသာယာ)

ထိုခေတ်တွင် ထိုလို ချစ်သည် (ဟာသ၀တ္ထု)

ထိုခေတ်တွင် ထိုလို ချစ်သည်

 ပေါ်ကြီး(အေးသာယာ)

စိတ်အန်ဖတ် (အချစ်ခံစားမှု ၀တ္ထုတို)

စိတ်အန်ဖတ်

သိရ်(အေးသာယာ)

သမိုင်းဝင် ကူကြိုးဘုရား

 သမိုင်းဝင် ကူကြိုးဘုရား

စည်သာ (တောင်ကြီး)

Saturday, October 16, 2021

ရှမ်းပုဂံ ကို ကယ်တင်ကြပါ

 ရှမ်းပုဂံ ကို ကယ်တင်ကြပါ

ပင့်ကူရ (သို့မဟုတ်) ပင်းတယ

ပင့်ကူရ (သို့မဟုတ်) ပင်းတယ 

💕Sitha(Tgi)💕

ထမ်ဆန်းလှိုဏ်ဂူ

ထမ်ဆန်းလှိုဏ်ဂူ

 

စည်သာ(တောင်ကြီး)

ပွန်ချောင်းဂူ သို့ အလည်တစ်ခေါက်

 ပွန်ချောင်းဂူ သို့ အလည်တစ်ခေါက်

စည်သာ(တောင်ကြီး)

တရားထိုင်ပါ

 

" တရားအားထုတ်နေရင်း...ရှုမှတ်တာ ကြာလာတော့ ..ဘာဖြစ်လို့ ပျင်းလာတာလဲ....ဆိုသူတို့ အတွက်...."

••••••••••••••••••••••••••••••



ဝိပဿနာ အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေ တို့ အနက် အများအားဖြင့် ဖြစ်လေ့ရှိကြတာက တရားရှုမှတ်ကြတဲ့ အခါ ရှုမှတ်ရင်း အချိန် ကြာလာတော့ ပျင်းလာတဲ့အခါ ကြုံကြဖူးမှာပါ။အဲဒီလို ဖြစ်တဲ့အချိန်မှာ တရားအားထုတ်နေတာကို ရပ်ပစ်လိုက်ချင်တဲ့ စိတ်တွေ ပေါ်မိတတ်ကြပါတယ်။ ဒါတွေဟာ တရားအားထုတ်သူ တော်တော်များများမှာ ဖြစ်လေ့ဖြစ်ထ ရှိကြပါတယ်။
ဥပမာ...
ကမ္မဋ္ဌာန်းတရား တစ်ခုတည်းကို ပဲ ဂရုတစိုက် ရှုမှတ်နေရင်း က စိတ်တွေလွင့်သွားလိုက်၊ ရှုနေတဲ့ ကိုယ့် ကမ္မဋ္ဌာန်း ကို ပြန်မှတ်လိုက်နဲ့ ကြာတော့ ငြီးငွေ့ လာပါတယ်၊ ဒါတွေ ကို ပဲ ပြန်ပြန်ရှုနေ၊ ပြန်ပြန်မှတ်နေရပါလား ဆိုပြီး ပျင်းလာတတ်ကြပါတယ်။
အဲဒီလိုနဲ့ ...
ရှေ့ ဆက်ပြီး ဆက်လက်အားထုတ်ရင်း မိမိ ရှုမှတ်နေတာဟာ မှန်သလား၊ မှားသလား ဆိုတာတွေ နဲ့ ဒွိဟ စိတ်တွေ ဖြစ်ပေါ်ကြတဲ့ ဓမ္မမိတ်ဆွေ များလည်းရှိကောင်းရှိကြမှာပါပဲ။
အဲဒီလို တရားအားထုတ် နေရင်း ငြီးငွေ့ ပျင်းတဲ့စိတ် ဘာကြောင့်ဖြစ်လာတာလဲ၊ ဘယ်လိုရှုမှတ်ရင် အဆင်ပြေမလဲ ဆိုတာကို ဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင် ဆေကိန္ဒ ရဲ့  ဝိပဿနာသင်တန်း ရဲ့အမေးအဖြေ ကဏ္ဍတွေထဲက ဖြေကြားထားတာလေးကိုတွေ့ တော့ ဓမ္မမိတ်ဆွေတို့ အတွက် အသုံးတည့်မယ်ထင်လို့  ကောက်နှုတ်ပြီး ဖေါ်ပြလိုက်ပါတယ်။
တရား အားထုတ်တယ်....တရားရှုတယ် ..ဆိုတာ
"သတိ" ထားပြီး ရှုရတာဖြစ်ပါတယ်။
အဲဒီ " သတိ " ဆိုတာ နဲ့ ပါတ်သက်ပြီး ....
"တရားအားထုတ်သူတိုင်း..မရှိရင်မဖြစ်...အရေးကြီးဆုံး" ဆိုတဲ့ ခေါင်းစဉ်နဲ့  ( ၂ဝ၁၆၊ နိုဝင်ဘာ ၁ဝ-ရက်နေ့  ) က ရေးသားတင်ပြခဲ့ဖူးပါသေးတယ်။

"သတိ"ဆိုတာ" အတု၊ အစစ် " နှစ်မျိုးရှိပါတယ်။
အကုသိုလ်စိတ် ဖြစ်စေနိုင်တဲ့အာရုံမျိုးတွေကို အမှတ်ရနေရင်..
အမှတ်ရပြီး အကုသိုလ် ဖြစ်ရင် “မိစ္ဆာသတိ” ခေါ်တဲ့ "သတိအတု" ပါ။
ကုသိုလ်ဖြစ်တဲ့ "သတိ"ကသာ "သတိအစစ်" ပါ။ သမ္မာသတိ ဖြစ်ပါတယ်။
ဒါနသတိ၊
သီလသတိ၊
သမထသတိ၊
ဝိပဿနာသတိ ....ဆိုပြီး ခွဲပြီး ပြောရရင် ......
" ဝိပဿနာသတိ "ကသာ ဉာဏ်နဲ့ ယှဉ်တွဲမှု အားကောင်းလို့၊ အမှန်အတိုင်း အမှတ်ရမှု သဘောဖြစ်လို့ "သမ္မာသတိ"ပဲ ဖြစ်ပါတယ်။
တချို့ ပုဂ္ဂိုလ်တွေမှာလည်း အမှတ်သညာ သတိ တွေ ကောင်းကြပါတယ်။ ဘယ်မှာ သတိကောင်းလဲ ဆိုရင် မိမိ သိချင်တဲ့ အာရုံ ကို မရအရ ပုံဖော်ယူနေတာ၊ အထူးသဖြင့် တရားအားထုတ်တဲ့ အချိန်မှာ ကိုယ်လိုချင်တဲ့ အာရုံကို အတင်းလိုက်ပြီး ကြည့်နေတာတွေဟာ...
လောဘစိတ်၊ "မိစ္ဆာသတိ" ဖြစ်နေပါတယ်။
တချို့ ကလည်း အခုဖြစ်လက်ရှိ ဖြစ်နေဆဲ ရုပ်နာမ်အာရုံ တွေ ရဲ့ သဘော ကို သေခြာအောင် ၊ သိအောင် မကြည့်ဘဲ နဲ့ ..
ပူတဲ့၊ နာတဲ့၊ ကျင်တဲ့၊ တင်းတဲ့ အတွက်ကြောင့် ပေါ်လာတဲ့ နာကျင်တဲ့ဝေဒနာ ကို မကြိုက်တဲ့ အတွက် သက်သာရာ ရလို ရကြောင်း အတင်း ဖျောက်ဖျက်နေတာဟာ...
ဒေါသစိတ်-" မိစ္ဆာသတိ" ပဲ ဖြစ်ပါတယ်။
ပြီးတော့...
အဲဒီလို "အာရုံ"ကို ပုံပေါ်အောင် လိုက်ရှာနေတာတွေ၊မကြိုက်တဲ့ ဝေဒနာတွေ ကို ဖျောက်ဖျက်ပစ်နေတာတွေ ဟာ စိတ်ကို ပျာယာခတ်စေ ပါတယ်။ အဲဒီလို ဖြစ်လာတော့ ဓမ္မမိတ်ဆွေ တို့  မှာ ဘယ်လို ဖြစ်လဲဆိုတော့..
တင်းကြပ်နေတယ်။
ဝေဝါးနေတယ်။
မပီပြင်ဘူး။
ပင်ပန်းတယ်။
ရှုပ်ထွေးတယ်။
နောက်ကျိတယ်။
မဝေခွဲနိုင်ဘူး...ဆိုတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေဟာလည်း " မိစ္ဆာသတိ " ရဲ့" သတ္တိ " တွေပါပဲ။
"သတိအစစ်" ရဲ့ သဘောက စောင့်ကြည့်နေရုံ ၊ ဖြစ်တိုင်း ဖြစ်တိုင်း အာရုံရဲ့ သဘောကို သိလာအောင် စောင့်ကြည့်နေရုံပါပဲ။
စိတ်အေးချမ်းတယ်၊ တည်ငြိမ်တယ်၊ မပင်မပန်း သက်တောင့်သက်သာ ကြည်ကြည်လင်လင် ကြည့်နေနိုင်ပါတယ်။
ဟိုဟာ မြင်ရမှ၊ ဒီဟာ မြင်ရမှ ကျေနပ်တယ်။ ဒီဟာ ဆိုရင်လဲ မကြိုက်ဘူး၊ ဟိုဟာကိုလည်း မကြိုက်ဘူးဆိုတာလဲ မရှိပါဘူး။
တွေဝေ ဝိုးဝါးမှုတွေလည်း မရှိပါဘူး။
သတိလေးနဲ့ စောင့်ကြည့်ရင် သိစရာတွေကို သိလာပါတယ်။
ဓမ္မမိတ်ဆွေ ယောဂီ အနေနဲ့  အေးအေးဆေးဆေး နေသာသလို ....
မျှမျှ တတ ထိုင်ချင်ထိုင်၊ ရပ်ချင်ရပ်၊ သွားချင်သွား၊ လျောင်း ချင်လျောင်း၊ ဒါမှမဟုတ် လုပ်နေကျအလုပ်တွေကို လုပ်ရင်း ကိုင်ရင်း သတိလေး ထားပေးရပါတယ်။ မပင်ပန်းပါဘူး။
အဲဒီလိုဆိုတော့..
မသိသေးတဲ့ သဘောတွေကို သိလာပါတယ်။ ဓမ္မသဘောတွေ ကို ပီပီပြင်ပြင် မြင်လာပါတယ်။
ပျင်းရိမှုဆိုတာ မဖြစ်ပါဘူး။ ဒီသဘောက ဝိပဿနာ သမ္မာသတိ လို့ ခေါ်တဲ့ "သတိအစစ်" ရဲ့ သဘောပါ။
ဓမ္မမိတ်ဆွေ တို့ အနေနဲ့ သတိ"အစစ် နဲ့ အတု " အခုလို နားလည်ဖို့ လိုအပ်ပါတယ်။ ပြန်ပြီး ဆန်းစစ်ကြည့်သင့်ပါတယ်။
အဲဒါကြောင့်..
ပျင်းနေတယ်ဆိုတာဟာ "သတိအတု" ကြောင့် ဆိုတာ သိလောက်ပါပြီ။
သမ္မာသတိ-သတိအစစ် ဖြစ်ရင် ဝီရိယအစစ်- သမာဓိအစစ် သေခြာပေါက် ဖြစ်တဲ့အတွက်ကြောင့် တရားအားထုတ်ရင်း ပျင်းလာတယ် ဆိုတာ ဖြစ်တော့မှာ မဟုတ်ပါဘူး လို့ အသိပေရင်း ဒီစာစု နဲ့  ဓမ္မဒါနပြုလိုက်ပါတယ်။

( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)

Credit -  ခန္ဓာ-၅ပါးတစ်ဦး
×××
 

၁၅ မိနစ် တရားထိုင်နည်း

တစ်နေ့လျှင် (၁၅)မိနစ်ခန့် တရားထိုင် ကြည့်ပါ။ ထူးခြားသော အကျိုးကျေးဇူး များ၊ ထူးခြားသော ကံကောင်းမှုများ၊ သင့်ထံသို့ ဧကန်အမြန် ရောက်ရှိလာပေလိမ့်မည်။အမျိုးသား ယောဂီ များမှာ တင်ပလ္လင်ခွေ ထိုင်လျှက်လည်းကောင်း၊ အမျိုးသမီး ယောဂီ များမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ၊ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။ ဘယ်လက်ဝါးကို အောက်ကထား၍ ညာလက်ဝါး ကို အပေါ်က ထားရမည်။
ယောဂီ၏ မျက်စိကိုလည်း တစ်ချို့မှိတ်လျှက်၊ တစ်ချို့ဖွင့်လျှက်၊ တစ်ချို့က မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည်။နှာသီးဝအဖျားတွင် ထွက်လေ၀င်လေတို့၏ ထိခတ်တိုးဝှေ့ရာ (ဖုသနဋ္ဌာန၊ နာသိက ကသိဏ)အရပ်ကလေးကို အသာအယာ သတိကပ်၍ ရှာဖွေရမည်။
တွေ့ရှိပါက ယခု လှုပ်သွားသည်မှာ ထွက်လေကြောင့်ဟု သိလျှင် လှုပ်သည်သိသည်နှင့် တစ်ပြိုင်နက် ထွက်လေဟု သိမှတ်ထားပါ။ တစ်ဖန် ၀င်လေကြောင့် လှုပ်သွားသောအခါတွင်လည်း ၀င်လေဟု မှတ်လိုက်ခြင်းသည် အာနာပါန ကမ္မဋ္ဌာန်းတရား အားထုတ်သည် မည်ပါတော့သည်။
ဤပုံအတိုင်း အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တိုင်း အားထုတ်တိုင်း တစ်ကြိမ်ထိုင်လျှင် အနည်းဆုံး (၁၅)မိနစ်ခန့် တရားထိုင်ပါ။“အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သတိကပ်၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏။ ထွက်သက်ကို ထုတ်၏။ သတိ ကပ်၍သာလျှင် ၀င်သက်ကို ဖြစ်စေ၏။ ၀င်သက်ကို ရှိုက်ရှူ၏”(ဤကား သတိမြဲရာ ပထမာ အစီအစဉ်ဖြစ်ပါသည်။)
“ထွက်သက်လေကို ရှည်ရှည်ထုတ်သော ယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ထုတ်သည်ဟု ကောင်းစွာသိ၏။ ၀င်သက်လေကို ရှည်ရှည်ရူသော ယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ရှုရှိုက်သည်ဟု ကောင်းစွာ သိ၏”
“ထွက်သက်လေကို တိုတိုထုတ်သော ယောဂီပုဂ္ဂိုလ်သည် တိုတိုထုတ်သည်ဟု ကောင်းစွာသိ၏။ ၀င်သက်လေကို တိုတိုရှုရှိုက်သော ယောဂီပုဂ္ဂိုလ်သည် တိုတိုရှုရှိုက်သည်ဟု ကောင်းစွာသိ၏”(ဤကား ဒုမှာ တို ရှည်သိ အစီအစဉ်ဖြစ်ပါသည်။)
“အလုံးစုံသော ထွက်သက်ဝင်သက်တို့၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို ထင်ရှားစေလျှက် (ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်လင်းစေလျှက်) ထွက်သက်လေကို ထုတ်၏။ ၀င်သက်လေကို ရှိုက်ရှု၏”(ဤကား သုံးချက်သိမှာ တတိယာ သို့မဟုတ် လုံးစုံလင်းရာ တ-၌သာ အစီအစဉ်ဖြစ်ပါသည်။)
“အရှိုက်အရှု ပြင်းသောကြောင့် ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်၊ ၀င်သက်လေတို့ကို ငြိမ်းအေးစေလျှက်၊ ချုပ်ပျောက်စေလျှက် ထွက်လေကို ထုတ်မည်၊ ၀င်လေကို ရှုရှိုက်မည်ဟု ကျင့်၏”(ဤကား စ-မှာ ငြိမ်းစေဘိ အစီအစဉ်ဖြစ်ပါသည်။)
“ရံခါအတွင်း၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအပြင်၌ (အပြင်ကို ထုတ်၍) ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။
ရံခါအတွင်းအပြင် နှစ်ဌာနလုံး၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။”(ဤသည်မှာ အာနာပါနသမထလေးဆင့်လုံးကို ပေါင်း၍ဟောထားခြင်းဖြစ်ပါသည်)
“ထွက်သက် လေ၊ ၀င်သက် လေ ဟူသော ကာယ၌ ဖြစ်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍ နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။(ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပဿနာရှုမှတ်ပွားများရပုံ ဖြစ်ပါသည်။)
ထိုကဲ့သို့ အားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား သတိတရား ထင်မြဲလာတော့သည်။ ထိုသတိ၏ သောတာပတ္တိမဂ်ဉာဏ်ကို ရခြင်းငှါ၊ အဆင့်ဆင့် ရင့်ကျက်ခြင်းငှါ ဖြစ်လာလျှင် ယောဂီပုဂ္ဂိုလ်သည် တဏှာ၊ ဒိဋ္ဌိနှစ်ပါးကို အမှီသဟဲပြုစရာမလိုဘဲ နေနိုင်စွမ်းရှိလာတော့သည်။
ထိုအခါ တစ်လောကလုံးတွင် သို့မဟုတ် ခန္ဓာငါးပါးဟူသော လောကတွင် ‘ငါ့ကိုယ်’ ဟူ၍လည်းကောင်း၊ ‘ငါ၏ဥစ္စာ’ ဟူ၍လည်းကောင်း တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်းမရှိ အတ္တဒိဋ္ဌိပြုတ်လေတော့သည်။”(ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပဿနာရှုမှတ်ပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်အား မဂ်ဖိုလ်ရ၍ အရိယာဖြစ်ပုံကို ပြပါသည်။)
အထက်ပါ ဖော်ပြချက်မှာ သတိပဋ္ဌာန သုတ်တော် တွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အာနာပါနကျင့်စဉ် အစီအစဉ်ဖြစ်ပါသည်။
ဝိပဿနာပိုင်း ရှုမှတ်ပုံများ
သမထဆိုတာ တနေရာတည်းကို စိုက်ရှုတာပါ၊ ၀ိပဿနာ ဆိုတာ ခန္ဓာကိုယ် တခုလုံးကို ဖြန့်ရှူတာလို့ မြေဇင်းဆရာတော်ကြီးက မိန့်တော်မူပါတယ်။ သမထယာနိကသမားအတွက် စတုတ္ထအဆင့်ကျင့်စဉ်မှာ ပဋိဘာဂအလင်းနိမိတ်ရရှိပြီး ဥပစာဆိုက်သွားပြီဆိုရင် ၀ိပဿနာကို စတင်အားထုတ်ရှုမှတ်နိုင်ပါတယ်။
ဝိပဿနာရှုမှတ်ရာတွင် ရုပ်ကို ရှုမှတ်ရမှာလား၊ နာမ်ကို ရှုမှတ်ရမှလားလို့ မေးစရာရှိပါတယ်။ စာပေမှာတော့ သမထယာနိကလမ်းစဉ်နဲ့ အားထုတ်သူများအတွက် နာမ်ကို ရှုမှတ်ပွားများရမယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမထအားထုတ်မှု အားကောင်း၍ သမာဓိ ရင့်သန်နေတဲ့အတွက်ကြောင့်ပါ။ ၀ိပဿနာသက်သက်ရှုမှတ် ပွားများသူများသူတွေကိုတော့ ရုပ်ကို ရှုမှတ်ဖို့ တိုက်တွန်းထားပါတယ်။
ရှုနည်း (၃) မျိုး
(၁) သမထအားထုတ်စဉ်က ရရှိခဲ့တဲ့ ပဋိဘာဂ အလင်းနိမိတ် နဲ့ ခြေဖျားကနေ ငယ်ထိပ်အထိ တကိုယ်လုံး သတိမလွတ်စေဘဲ ရှုခြင်း။
(၂) ခြေဖျားမှ ချက် ၊ ချက်မှ လည်မျို၊ လည်မျိုမှ ငယ်ထိပ်ထိ သုံးပိုင်း ပိုင်း၍ အပြန်ပြန် အလှန်လှန် ရှုမှတ်ခြင်း။
(၃) လက်လေးသစ် သို့မဟုတ် တံတောင်လောက်စီ ပိုင်းပြီး ရှုမှတ်ခြင်း
ဆိုပြီး ရှုမှတ်နည်း (၃) မျိုးရှိပါတယ်။
ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် ရှုနည်းသုံးမျိုး ကွဲပြားသကဲ့သို့ အရှုမှတ်ခံ အာရုံအလိုက် ရှုပွားရာ အစွန်းသုံးပါးကိုလည်း သိသင့်ပါတယ်။
(၁) မြင်ရင် မြင်တယ် ကြားရင် ကြားတယ် လို့မှတ်ခြင်း၊
(၂) မိမိ ခန္ဓာကိုယ် ရဲ့ ငယ်ထိပ်, ခြေတောက်, လက်စတဲ့ နေရာတွေမှာ တဖွားဖွား ဖြစ်ပျက်နေတာတွေကိုမှတ်ခြင်း၊
(၃) နှလုံးအိမ်ကို ရှုမှတ်ခြင်း ဆိုပြီး အစွန်းသုံးပါးရှိပါတယ်။
ဗုဒ္ဓါနုဿတိပွားများပုံ
အရဟံ လို့ စိတ်ထဲက ဆိုပြီး ၀င်လေကို ရှူသွင်းပါ၊ အရဟံလို့ စိတ်ကဆိုပြီး ထွက်လေကို ပြန်ထုတ်ပါ၊ မိမိစိတ် ငြိမ်လာပြီ ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော်အရောက် အာရုံပြုပြီး ‘ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား’ ဆိုပြီး ၀င်လေ ထွက်လေ တိုင်းမှာ ရှူမှတ်ပေးပါ ။
ဒီလိုနည်းနဲ့ အချိန်ရသလောက် ပွားများပေးပါ။ ဘုရားရှင်အပေါ်မှာ ကြည်ညိုတဲ့စိတ်တွေ များလာလေ တရားအလုပ် လုပ်ရတာ ချောမွေ့ လွယ်ကူလေပါပဲ။
မေတ္တာ ဘာဝနာ ပွားများပုံ
‘အားလုံးသော သတ္တ၀ါတွေ’ ၀င်လေ တစ်ချက်၊ ‘ချမ်းသာကြပါစေ’ ထွက်လေ တစ်ချက် ဒီပုံစံနဲ့ မေတ္တာဘာဝနာ ပွားများနိုင်ပါတယ်။ ကိုယ် ပွားများချင်တဲ့ပုံစံနဲ့ ပွားများနိုင်ပါတယ်။ ၀င်လေ ထွက်လေ ကပ်ပြီး ပွားများတာက သမာဓိ ပိုရလွယ်ပါတယ်။
မရဏဿတိ (သေခြင်းတရား ဆင်ခြင်ပုံ)
‘တစ်နေ့ သေရမှာ ပါတကား.. တစ်နေ့ သေရမှာပါ တကား’ လို့ ဉာဏ်ကနေ မြင်လာအောင် ဉာဏ်မှာ ထင်လာအောင် ဆင်ခြင်ရပါမယ်။
အသုဘ ဘာဝနာ (စက်စုပ်ရွံရှာဖွယ် အဖြစ် ပွားများပုံ)
‘ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်စုပ် စရာကြီး ပါတကား’ လို့ ခန္ဓာကိုယ်ကို သုံးပိုင်း ပိုင်းပြီး ပွားများရပါမယ်။ ပထမဆုံး ပုခုံးအထက် ဦးခေါင်းပိုင်းကို အရင် ကြည့်ရပါမယ်၊ မျက်စိကိုမှိတ် စိတ်ကို ဦးခေါင်းကို ပို့ထား၊ ‘ငါ့ရဲ့ ခန္ဓာကိုယ် စုက်ဆုပ် စရာကြီး ပါတကား’ လို့ စိတ်ကဆိုပြီး ဦးခေါင်းထဲက ဦးဏှောက်တွေ အမြှေးတွေ မြင်လာတဲ့ အထိ ပွားများပေးပါ။
ဒုတိယ.. ခါးကနေ ပုခုံးအထိ ခန္ဓာကိုယ် အလယ်ပိုင်းကို စိတ်နဲ့ကြည့်ပြီး ‘ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်ဆုပ်စရာကြီး ပါတကား’ လို့ စိတ်က ဆင်ခြင်ပွားများပြီး အတွင်းပိုင်း အူတွေ, အသည်းတွေ, ကျောက်ကပ်တွေ တစ်ပုံစီ တစ်ပုံစီ မြင်အောင် ကြိုစားပွားများပါ။
တတိယ.. ခါးအောက်ပိုင်းအကုန် ခြေထောက်အထိ စိုက်ကြည့် ပွားများပါ။ ခန္ဓာကိုယ်ကို တွယ်တာလွန်း အားကြီးရင် တရားအလုပ်မှာ နှောင့်နှေးတတ်ပါတယ်။ နာမည်ကြီး ခေမာထေရီကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ပေါ်မှာ တပ်မက်မှု ကင်းအောင် အသုဘ ဘာဝနာကို ပွားများ ကြရပါတယ်။
ဒီလေးမျိုးကို အချိန်ရတဲ့သူ ရက်များများ အားထုတ်မယ့် သူတွေ ကြိုးစားအားထုတ် ပွားများသင့်ပါတယ်။ ရက်တွေ အများကြီး အချိန်မပေးနိုင်ရင်တောင် တရားမရှုမှတ်မီ အချိန်ပိုင်းလောက် ဗုဒ္ဓါနုဿတိနဲ့ မေတ္တာဘာဝနာကို ၁၀-မိနစ် သို့မဟုတ် ၁၅-မိနစ် ပွားများ သင့်ပါတယ်။မေတ္တာစွမ်းအားဟာ တကယ့်ကို ကြီးမားလှပါတယ်။နေ့စဉ် (၁၅) မိနစ်ခန့် ဝိပဿနာမြတ်တရားအား ကျင့်ကြံပွားများ အားထုတ်နိုင်ကြပါစေ ။
အာနာပါနမှ ဝိပဿနာသို့
အာနာပါန ဂဏနာ = ရေတွက်နည်း…အာနာပါနဿတိကမ္မဋ္ဌာန်း မှစိတ်အထိုင်မကျဘဲ ဖြစ်နေပါကရေတွက်တဲ့နည်းလေး သုံးကြည့်ပါ။အာနာပါနဿတိကမ္မဋ္ဌာန်း လုပ်ငန်းခွင် အစီအစဉ်တို့တွင် ဤအာနာပါန ကမ္မဋ္ဌာန်းကိုစတင်အားသစ်လိုသော အားထုတ်စ အာဒိကမ္မိက အမျိုးကောင်းသား အမျိုးကောင်းသ္မီး သည် ရေတွက်ခြင်းဂဏနာနည်းဖြင့် ဤအာနာပါနကမ္မဋ္ဌာန်းကို စတင်၍ နှလုံးသွင်းပါ။
ဂဏေန္တေန စ ပဉ္စနံ္န ဟေဋ္ဌာ န ဌပေတဗ္ဗံ။ဒသနံ္န ဥပရိ န နေတဗ္ဗံ။အန္တရာ ခဏ္ဍံ န ဒေဿတဗံ္ဗ။(၀ိသုဒ္ဓိ၊၁၊၂၇၀။)
ဝင်သက်လေ-ထွက်သက်လေကို ရေတွက်သော ယောဂါဝစရပုဂ္ဂိုလ်သည် ငါးခုကုန်သော ၀င်သက်လေထွက်သက်လေတို့၏အောက်၌ မတည်စေအပ်၊ ငါးခုအောက် လျော့၍ မရေတွက်အပ်။ဆယ်ခုကုန်သောဝင်သက်လေ-ထွက်သက်လေတို့၏ အထက်၌ မဆောင်အပ်၊ ဆယ်ခုထက်လည်း ပို၍ မရေတွက်အပ်။ တစ်သုံး-ငါး – ဤသို့ စသည်ဖြင့် အကြားအကြား၌ ရေတွက်ခြင်း ပြတ်သည်ကို မပြအပ်။
တစ်နည်းဆိုသော် နှစ်ရက်သုံးရက်အတွင်း၌ ရေတွက်ခြင်း ဂဏနာနည်းကို အသုံးမပြုသေးဘဲ ၀င်သက်လေ ထွက်သက်လေ အာရုံ၌ သတိမြဲအောင် ကြိုးစားကြည့်ပါ။ နှစ်ရက် သုံးရက် အတွင်း၌ ၀င်သက်လေ ထွက်သက်လေ အာရုံ၌ သတိမြဲခဲ့သော်ရေတွက်ခြင်း ဂဏနာနည်းကို အသုံးမပြုတော့ဘဲ အရှည်-အတိုကို သိအောင် အားထုတ်ခြင်းစသော ပထမအာနာပါနစတုက္က အစီအရင်အတိုင်း ကြိုးစားပါ။
အကယ်၍ နှစ်ရက် သုံးရက် အတွင်း၌ ၀င်သက်လေ ထွက်သက်လေ အာရုံ၌ သတိက မကပ်ဘဲ ရှေးရှုမတည်ဘဲ ရှိနေခဲ့သော် တစ်ဖန် ရေတွက်ခြင်း ဂဏနာနည်းကို အသုံးပြုပါ။ထိုသို့ ရေတွက်ခြင်း ဂဏနာနည်းကို အသုံးပြုရာ နှလုံးသွင်းရာ၌ အကြားအကြား၌ ပြတ်တောက်ခြင်း မရှိစေရ။
အကြောင်းကား ဤသို့တည်း။ ငါးခုကုန်သော ၀င်သက်လေ-ထွက်သက်လေတို့၏ အောက်၌ ရေတွက်ခြင်းကို တည်စေသော ငါးခုအောက် ယုတ်လျော့၍ ရေတွက်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန် ၀ယ် ကျဉ်းမြောင်းသော ရေတွက်ခြင်း အစီအရင်ဟူသော အရာဌာန၌ စိတ်၏ဖြစ်ခြင်းသည် တုန်လှုပ်၏၊
ကျဉ်းမြောင်းသော နွားခြံ၌ပိတ်လှောင်ခံရသော နွားအပေါင်းကဲ့သို့ တုန်လှုပ်နေတတ်၏။ တစ်ဖန် ဆယ်ခုကုန်သော ၀င်သက်လေ-ထွက်သက်လေတို့၏ အထက်၌ ရေတွက်ခြင်း ဂဏနာနည်းကို ဆောင်နေသော ဆယ်ခုထက် ပို၍ ရေတွက်နေသောယောဂါဝစရပုဂ္ဂိုလ်၏ စိတ်ဖြစ်ခြင်းသည်လည်း ရေတွက်ခြင်း သင်္ချာကိုသာလျှင် မှီ၍ ဖြစ်နေတတ်၏၊
ဝင်သက်လေ ထွက်သက်လေ အာရုံ၌ ဘာဝနာ စိတ် မဖြစ်တော့ဘဲ ရေတွက်ခြင်း သင်္ချာနောက်သို့သာ အစဉ်လိုက်၍စိတ်ဖြစ်နေတတ်၏။အကြားအကြား၌ ရေတွက်ခြင်း ကျိုးမှု ပေါက်မှု ပြတ်မှုကို ဖော်ပြနေသောယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် —- “ငါ၏ ကမ္မဋ္ဌာန်း သည် ဆုံးခန်းတိုင်အောင် အထွတ်အထိပ်သို့ ရောက်သည် ဖြစ်ပါအံ့လော၊ မဖြစ်ပါအံ့လော”ဟု စိတ်သည် တုန်လှုပ်နေတတ်၏။
ထိုကြောင့် ဤဆိုအပ်ခဲ့ပြီးသော ငါးခုအောက်ယုတ်လျော့၍ ရေတွက်ခြင်း ဆယ်ခုထက်ပို၍ ရေတွက်ခြင်း အကြားအကြား၌ရေတွက်မှု ကျိုးပြတ်ခြင်းတည်းဟူသော သုံးမျိုးသော အပြစ်တို့ကို ရှောင်ကြဉ်၍ရေတွက်အပ်ပေသည်။(၀ိသုဒ္ဓိ၊၁၊၂၇၀။)
ရေတွက်ပုံ –
ဝင်လေထွက်လေ—-တစ်၊
ဝင်လေထွက်လေ—-နှစ် မှစ၍
ဝင်လေထွက်လေ—-ရှစ် ထိဆိုလျှင် သင့်မြတ်လှပါတယ် ။
ရေတွက်တဲ့ အာနာပါနဿတိကမ္မဋ္ဌာန်း မှစိတ်အထိုင်ကျလာလျင် ရေတွက်နည်းကိုလွှတ် နိုင်ပါပြီ။နဂိုရှုသည့်အတိုင်းပြန်ရှုပါ ။
{ ဖားအောက်တောရဆရာတော် }
Credit to Bhikkhu’sDhamma

Friday, October 15, 2021

သျှမ်းရိုးရာ ဓလေ့

 Photos

ရွှင်လန်းချမ်းမြေ့ပါစေ

 ရွှင်လန်းကြပါစေ

မင်္ဂလာရှိသော နေ့လေး တစ်နေ့ ဖြစ်ပါစေ။

ကျန်းမာ ချမ်းသာကြပါစေ၊ ရွှင်လန်းချမ်းမြေ့ပါစေ ဗျာ။

Photo - ပုန်းအင်း ဒေသ လှေလှော်ပြိုင်ပွဲမှာ ရှမ်းမလေး တစ်ဦးကို ရိုက်ထားခြင်း ဖြစ်ပါတယ်။



Wednesday, October 6, 2021

ရှမ်း သမိုင်းအကျဉ်း

 

ရှမ်းအမျိုးသားတို့သမိုင်းအကျဉ်

 ᠌᠌᠌
  ရှမ်းဆိုတာ မြန်မာနဲ့ အခြားလူမျိုးတစ်ချို့က သူတို့ကိုခေါ်တဲ့အမည်ပါ။ သူတို့ရဲ့ မူရင်းနာမည် တိုင်း (Tai) ဖြစ်ပါတယ်။ ရှမ်းတွေကိုယ်၌ကလည်း သူတို့ကိုယ်သူတို့ Tai(တိုင်း)လူမျိုးလို့ပဲ ပြောကြပါတယ်။ ရှေးမြန်မာစာအရေးအသားမှာ ရှမ်းကို သျှံ (သို့) သျှမ် လို့ရေးပါတယ်။ အဓိပ္ပါယ်မှာ လွတ်လပ်ခြင်းလို့ ရတယ်။ ရှမ်းနှင့် တိုင်းဟာ လူမျိုးတစ်မျိုးတည်းကိုခေါ်တဲ့ အမည်နှစ်မျိုးဖြစ်ပြီး အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်တယ်။

 

ရှမ်း(သို့) တိုင်းတို့ ဟာ မြန်မာတို့ကဲ့သို့ပင် မောင်းဂွတ် (Mongoloid) လူမျိုးကြီးမှ ဆင်းသက်ခဲ့ကြပြီး တရုတ်နိုင်ငံ အနောက်ပိုင်းမှာ အနှစ် ၂၀၀၀ ခန့်အတူ နေထိုင်ခဲ့ကြပေမယ့် ပြောဆိုတဲ့ ဘာသာစကားအရ မြန်မာတို့က တိဗက်နှင့်နီးစပ်လို့ တိဘက်တိုဘာမင်အုပ်စုဖြစ်ပြီး ရှမ်း(သို့) တိုင်းတို့က တရုတ်နှင့်နီးစပ်တဲ့အတွက် ထိုင်းတရုတ်အုပ်စုဝင်ဖြစ်တယ်။
မြန်မာတို့ဟာ မြန်မာအပါအ၀င် ဓနု၊ တောင်ရိုး၊ အင်းသား၊ ရခိုင်၊ ထားဝယ် စတဲ့လူမျိုးစု အများအပြားပါဝင်တဲ့ လူမျိုးကြီးတစ်မျိုးဖြစ်သလို ရှမ်း(သို့) တိုင်းတို့ဟာလည်း တိုင်းနေ၊ တိုင်းမောဝ်၊ တိုင်းဒွဲ၊ တိုင်းချင်း၊ တိုင်းပါး၊ တိုင်းလုံ စသည်ဖြင့် လူမျိုးနွယ်စု အများအပြားပါဝင်တဲ့ လူမျိုးကြီးတစ်မျိုးဖြစ်လို့ သူတို့ကိုယ်သူတို့ ဂုဏ်ယူကြတယ်။ ယခုအခါ ရှမ်း(သို့) တိုင်းလူမျိုးတို့ဟာ မြန်မာပြည်အရှေ့မြောက်ပိုင်းတစ်ခွင်မှာ ပျံ့နှံ့နေထိုင်ကြပြီး လာအိုနှင့် ထိုင်းတို့ဟာ ရှမ်း(သို့) တိုင်း လူမျိုးများနဲ့ အနွယ်တူ လူမျိုးများ တည်ထောင်ထားကြတဲ့ နိုင်ငံတွေဖြစ်တယ်။

#ရှေးဟောင်းရာဇ၀င်ထဲက ရှမ်း (သို့) တိုင်း
ရှမ်း(သို့) တိုင်းတို့ဟာ တရုတ်တို့နဲ့ လူမျိုးအရရော၊ ဘာသာစကားအရပါ သီးခြားလူမျိုးဖြစ်တယ်။ တရုတ်ပြည်မှာ တရုတ်တို့ အင်ပါယာ မထူထောင်မီ ဘီစီ ၂၀၀၀ ခန့်ကပင် နေထိုင်ခဲ့ကြပြီး စူ(Tsu) နှင့် ပန် (Pang) နိုင်ငံကိုထူထောင်ခဲ့ကြတယ်။ ဘီစီ ၈၈၀ မှာ တရုတ်အင်ပါယာပင် စူနိုင်ငံလက်အောက် ကျရောက်ခဲ့တယ်။ ဘီစီ ၇၀၀ မှာ စူနိုင်ငံ ဘုရင်ဖြစ်လာမယ့် ခွန်ဆေဟွန်ကို မွေးတယ်။ နို့စို့အရွယ်မှာပင် မိဘများဆုံးပါးသွားလို့ ကျားဖြူတစ်ကောင်နှင့် ကျားငါးဆယ်တို့ ကျွေးမွေးစောင့်ရှောက်ခဲ့ကြတယ်လို့ ဆိုတယ်။ ခွန်ဆေဟွန်ဟာ ကျားနို့ကို သောက်သုံးရလို့ အလွန်ထူးချွန်ထက်မြက်ပြီး စူနိုင်ငံဘုရာင်ဖြစ်လာတယ်။ ဒါကြောင့် ရှမ်း(သို့) တိုင်းတို့က ကျားစာ မိမိတို့ကို အမြဲစောင့်ရှောက်တယ်လို့ ယုံကြည်လာကြတယ်။ ကျားကို ရှမ်း(သို့) တိုင်းလူမျိုးတို့ရဲ့ အမျိုးသားအထိမ်းအမှတ် သင်္ကေတအဖြစ် သဘောထားခဲ့ကြတယ်။ ရှမ်းတို့ပြောတဲ့ စ၀်ခွန်မိန်းခေါ် ကိုးမြို့ရှင်ဆိုတာ ကျားမင်းနတ်အစောင့်အရှောက်ကို ဆိုလိုတာဖြစ်တယ်။

#နန်ချောင် (Nan Chao) နိုင်ငံ
ရှမ်း(သို့) တိုင်းတို့ဟာ ခရစ်နှစ်အစလောက်ကပင် ယခုယူနန်နယ်မှာ နေထိုင်ခဲ့ကြတယ်။ ၆ ရာစုအလယ်လောက်မှာ နိုင်ငံတည်ထောင်နိုင်လောက်အောင် အင်အားကြီးလာကြရာ တရုတ်က သူတို့ကို နန်ဆော (သို့) နန်ချောင်လို့ ခေါ်တယ်။ မြို့တော်မှာ တာလီဖြစ်ပြီး အနီးအနားနိုင်ငံများကို အမြဲမပြတ် စစ်ခင်း၍ စစ်နိုင်ငံတစ်ခုဖြစ်လာခဲ့တယ်။ ယခု အာသံ၊ မြန်မာ၊ ထိုင်း၊ လော၊ ဗီယက်နမ်တို့မှာ ရှိကြတဲ့ လူမျိုးအသီးသီးက နန်ချောင်တို့ကို ခံ့ညားကြရတယ်။ အေဒီ ၆၄၉ မှ ၁၂၃၅ အထိ ရှည်ကြခဲ့တဲ့ နန်ချောင်နိုင်ငံကို မင်းဆက် ၃၂ ဆက် အုပ်စိုးခဲ့ပြီး ခိုလိုဖုန်း (အေဒီ ၇၄၈-၇၇၈) မှာ တန်ခိုးအကြီးဆုံးဘုရင် ဖြစ်လာတယ်။ 

မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပျူနိုင်ငံများကို အေဒီ ၈၃၂ မှာ တစ်ကြိမ်နှင့် ၈၃၅ မှာ တစ်ကြိမ် ၀င်ရောက်ဖျက်ဆီးခဲ့တယ်။ တိဗက်နှင့် တရုတ်တို့အလယ်မှာ ရှမ်း(သို့) တိုင်းတို့ ဇာတိသွေးဇာတိမာန် ပြသခဲ့တဲ့ ကာလပါပဲ။ နောင်အခါ မြန်မာဖြစ်လာကြမယ့် ချိအန်လူမျိုးတို့ဟာ နန်ချောင်တို့ လက်အောက် ကျရောက်ခဲ့ပြီးမှ အေဒီ ၉ ရာစုအလယ်လောက်မှာ မြန်မာနိုင်ငံအလယ်ပိုင်းသို့ဝင်ရောက်ခိုလှုံခဲ့ကြတာဖြစ်တယ်။ မှန်နန်းရာဇ၀င်မှာပါတဲ့သူရဲကောင်းမင်း ပျူစောထီးဟာ ရှမ်းမင်းသားတစ်ပါးဖြစ်တယ်။ ပျူစောထီး၊ ထီးယဉ်မင်း၊ ယဉ်မင်းပိုက်၊ ပိုက်သေဉ်လည်၊သေဉ်လည်ကြောင်၊ ကြောင်တူရစ်လို့ အမည်ပေးပုံဟာ နန်ချောင်မင်းဆက်မှ စီနူလို့၊ လိုရှဲန်၊ ရှဲန်လိုပီ၊ ပီလိုခို၊ ခိုလိုဖုန်း၊ ဖုန်းကျောက်ယီ၊ ယီမွန်ဆွန်လို့ နာမည်ပေးပုံတွေ တူနေတဲ့အတွက် အဲဒီမင်းတွေဟာ နန်ချောင်မင်းအဆက်အနွယ် ရှမ်းမင်းတွေဖြစ်ရမယ်လို့ ယူဆကြတယ်။ 

၉ ရာစုမှာ နန်ချောင်တို့ တန်ခိုးသြဇာ စတင်ကျဆင်းတယ်။ ၁၃ ရာစုမှာ မွန်ဂိုတို့ တန်ခိုးကြီးလာပြီး ၁၂၅၀ မှာ နန်ချောင်မြို့တော် တာလီဖူးကို သိမ်းယူလို့ နန်ချောင်ပျက်တယ်။ ရှမ်း(သို့) တိုင်းလူမျိုးတို့ဟာ တောင်ဖက်သို့ ပြိုဆင်းခဲ့ကြပြီး ဗီယက်နမ်သို့ တစ်စု၊ ထိုင်းနိုင်ငံဇင်းမယ်၊ သောက္ကတဲ၊ အယုဒ္ဓယသို့ တစ်စုနှင့် တိုင်းလုံး ခေါ်ရှမ်းကြီးတို့မှာ မြန်မာပြည်အထက်ပိုင်း အလယ်ပိုင်းမျ အာသံအထိ ပြန့်သွားကြတယ်။

#ကမ္ဘောဇ
နန်ချောင်တို့ တန်ခိုးထွားချိန် အေဒီ ၉၅၇ မှာ ကမ္ဘောဒီးယား မင်းသားတစ်စုဟာ နောက်လိုက်လူသူ အများအပြားနှင့်အတူ မောနိုင်ငံကို လာရောက်အုပ်ချုပ်ခဲ့ကြတယ်။ ဒါကြောင့် ရှမ်းပြည်ကို ကမ္ဘောဇလို့်လည်း ခေါ်တွင်ခဲ့တယ်။

#မောရှမ်းပြည်
ရှေးခေတ်မြန်မာရာဇ၀င်မှာ ရှမ်းတို့တန်ခိုးကြီးတဲ့နိုင်ငံကို မောရှမ်းပြည်လို့ခေါ်ပြီး ယခု သိန္နီ၊ ဗန်းမော်၊ မိုးညင်း၊ မိုးကောင်း၊ မိုးမိတ်၊ ကလေးဝ၊ ၀န်းသို၊ မိုးခိုင်၊ လက်ပံ၊ နောင်မွန်၊ ညောင်ရွှေ၊ မိုးဗြဲ၊ မိုင်းမော၊ မိုးနဲ၊ ကျိုင်းတောင်း၊ ကျိုင်းခမ်း၊ မောက်မယ်၊ မိန်းလ၊ မိန်းဆိုင်၊ မိန်းယန်း၊ မိုးကုတ်၊ မိုင်းလုံ၊ သုံးဆယ် စတဲ့ ဒေသတွေ ပါဝင်ခဲ့ပါတယ်။ အေဒီ ၂ ရာစုမှာ မောပြည်ကို တောင်ငါးလုံး၊ ခွန်တုံ ခေါ် စာလုံဟုမ်မိန်း စတင်မင်းတို့ အုပ်စိုးခဲ့တယ်။ 

၁၀၈၅ မှာ ပုဂံပြည့်ရှင် အနော်ရထာမင်းစောဟာ နန်ချောင်မြို့တော် တာလီသို့ စွယ်တော်ပင့်ရန် သွားရာမှအပြန် (မှန်နန်းရာဇ၀င်တွင် တရုတ်ဥတည်ဘွားထံမှ ဟုဆို) မောစော်ဘွားက နှစ်ပြည်ထောင်ချစ်ကြည်ရေးကို ရည်မျှော်ပြီး သမီးတော်စောမွန်လှကို အနော်ရထာသို့ ဆက်သခဲ့တယ်။ စောမွန်လှဟာ ပုဂံထီးနန်းမှာ အနေအထိုင်ကောင်းပေမယ့် အထင်လွဲခံရပြီး မောပြည်သို့အပြန် သီပေါအနီး ဘော်ကြိုမှာ ကံကုန်ခဲ့တယ်။ လမ်းခရီးမောပြည်အစပ်မှာ ရွှေစာရံဘုရားကို တည်ခဲ့တယ်။ စောမွန်လှဟာ ပုဂံရာဇ၀င်မှာ ပထမဆုံးအထင်ကရဖော်ပြခံရတဲ့ ရှမ်းလူမျိုးဖြစ်တယ်လို့ ဆိုရပါမယ်။
မြန်မာတို့က မြန်မာအစ တကောင်းကလို့ ဆိုပေမယ့် ရှမ်းတို့က တကောင်းကို သူတို့တည်ခဲ့တာဆိုတယ်။ ရှမ်းဘာသာနဲ့ တာကောင်လို့ခေါ်ပြီး အိုးစည်ကူးတို့မြို့လို့ အဓိပ္ပါယ်ရကြောင်းဆိုပါတယ်။ ရှမ်းမင်းအစ ဘိန္နကလို့လည်း ဆိုစကားရှိတယ်။ တကောင်းအဘိရာဇာရဲ့ အဆက်အနွယ် ဘိန္နကဟာ ရွှေလီမြစ်အထက်ပိုင်း လက်ျာဖက်ကမ်းရှိ မိန်းမောအရပ်မှာ ရှမ်းတစ်ဆယ့်ကိုးခရိုင်ကို တည်ထောင်ခဲ့တယ်။ ဒါကြောင့် ရှမ်းပြည်ထောင်အစမိန်းမော ကလို့လည်း ဆိုစကားရှိပြန်တယ်။

#ရှမ်းညီနောင်သုံးဦး
အခါတပါး ဘိန္နကမြို့စား စော်ဘွားကြီးလွန်လျှင် သားတော်ကြီး အရိုက်အရာဆက်ခံတယ်။ ညီအငယ် သိင်္ဂဗိုလ်မှာ အလုပ်အကျွေးများနှင့်အတူ မြင်စိုင်းအရပ်သို့ တိမ်းရှောင်ခဲ့ပြီး သူကြွယ်သမီးနှင့် အိမ်ထောင်ကျရာမှ ရာဇသင်္ကြန်၊ အသင်္ခယာ နှင့် သီဟသူသားသုံးပါးထွန်းကားခဲ့တယ်။ ငယ်စဉ်ကပင် ပုဂံပြည့်ရှင် နရသီဟပတေ့ထံဆက်သရာ မင်းက အပါးတော်မှာ ခစားစေတယ်။

#ရှမ်းညီနောင်တို့ဟာ ပေးသမျှတာဝန်ကို 

မလစ်ဟင်းရအောင် ဆောင်ရွက်နိုင်လို့ ဘုရင်က ဆုလာဘ်ချီးမြှင့်တာကို ခံကြရတယ်။ သားတော် ကျော်စွာမင်းလက်ထက်မှာတော့ အကြီးရာဇသင်္ကြန်ကို မြင်စိုင်း၊ အလတ် အသင်္ခယာကို မက္ခယာ၊ ညီအငယ် သီဟသူကို ပင်လယ်မြို့များကို အသီးသီးပေးသနားတယ်။ ကျော်စွာမင်းဟာ မိဘုရာစောကို အရေးမပေးနေတာကြောင့် မိဘုရားစောက ရှမ်းညီနောင်သုံးဦးနှင့် ပေါင်းပြီး ကျော်စွာမင်းကို နန်းချကာ သားတော်စောနစ်ကို နန်းတင်ခဲ့တယ်။ အဲဒီအခါ ပုဂံထီးနန်းရဲ တန်ခိုးအာဏာဟာ လယ်ကွင်းဆယ့်တစ်ခရိုင်ကို အုပ်စိုးထားတဲ့ ရှမ်းညီနောင်သုံးဦး လက်သို့ ကျရောက်သွားတော့တယ်။ ပုဂံဘုရင်မှာ ရှမ်းညီနောင်သုံးဦးရဲ့ သြဇာမျှသာ ဖြစ်ခဲ့ရတယ်။ ၁၃၈၁ မှာ မွန်ဂိုတပ်များ မြင်စိုင်းကို ချီတက်တိုက်ခိုက်တယ်။ ရှမ်းညီနောင်တို့ရဲ့ ပရိယာယ်ကြောင့် ပြန်လည်ဆုတ်ခွာ သွားကြတယ်။

#ရှမ်းမင်းများခေတ်
၁၃၁၂ မှာ သီဟသူ ပင်းယကိုတည်တယ်။ တစ်စီးရှင်သီဟသူလို့ အမည်တွင်တယ်။ တစ်စီးရှင်သီဟသူရဲ့သားတော် အသင်္ခယာစောယွန်းက ၁၃၁၅ မှာ စစ်ကိုင်းကိုတည်တယ်။ ထိုအခါ ပင်းယနှင့် စစ်ကိုင်းနှင့် အပြိုင်အုပ်စိုးကြတယ်။ ၁၃၆၄ မှာ ပင်းယမင်း (၇) ဆက်မြောက် နရသူက စစ်ကိုင်းကို အုပ်စိုးတဲ့ မင်းပြောက်ဟာ မင်းမျိုးမဟုတ်လို့ဆိုပြီး မောရှမ်းမင်းသိုချည်ဘွားအား စစ်ကိုင်းကို လာရောက်တိုက်ရန် ဖိတ်ခေါ်ချက်အရ မောရှမ်းတို့ လာတိုက်လို့ စစ်ကိုင်းရောပင်းယပါ ပျက်တယ်။ ပင်းယနရသူကို မောရှမ်းတို့ခေါ်သွားလို့ မောပါမင်းလို့ တွင်တယ်။ မြန်မာရာဇ၀င်မှာ ပင်းယနှင့် စစ်ကိုင်းခေတ်များကို ရှမ်းတို့ ကြီးစိုးတဲ့ခေတ်လို့ အသိအမှတ်ပြုကြတယ်။

၁၃၆၄ မှာပဲ သတိုးမင်းဖျား အင်းဝကိုတည်တယ်။ သတိုးမင်းဖျားဟာ စစ်ကိုင်းကိုတည်ခဲ့တဲ့ အသင်္ခယာစောယွန်းရဲ့ သမီးတော် စိုးမင်းကိုယ်တော်ကြီးနဲ့ တကောင်းနွယ်ရိုး သတိုးဆင်ထိန်းတို့မှ မွေးတဲ့သားဖြစ်တယ်။ ရှမ်းသွေးပါတဲ့မင်းပါ။ သတိုးမင်းဖျားကို ဆက်ခံခဲ့တဲ့ မင်းကြီးစွာစော်ကဲဟာလည်း နရသီဟပတေ့ခေါ် တရုတ်ပြေးမင်းသားတော် ပြည်စားသီဟသူနှင့် သင်္ဂဗိုလ်သမီး တစီးရှင်သီဟသူတို့ရဲ့ နှမတော်တို့မှ ဆင်းသက်လာသူဖြစ်လို့ ရှမ်းသွေးမကင်းသူဖြစ်တယ်။ သို့ပေမယ့် သတိုးမင်းဖျားတည်တဲ့ ပထမအင်းဝခေတ်ကို မြန်မာတို့ကြီးစိုးတဲ့ခေတ်လို့သာ မြန်မာရာဇ၀င်မှာ သိမှတ်ကြတယ်။ 
ဟံသာဝတီနဲ့ အနှစ်လေးဆယ်စစ်ကို တိုက်တဲ့ 
မင်းခေါင်ရဲ့သားတော် မြန်မာစစ်သူရဲကောင်း မင်းရဲကျော်စွာရဲ့မယ်တော်ဟာ ရှမ်းမင်းသမီးတစ်ပါးဖြစ်တယ်လို့ ဆိုတာလည်းရှိပါတယ်။ ၁၅၂၇ မှာ မိုးညှင်း စလုံသား သိုဟန်ဘွားအင်းဝရွှေနန်းကို တက်၍မင်းပြုတယ်။ သိုဟန်ဘွားဟာ ဘုရားပုထိုးစေတီတို့ကို ဖျက်တယ်။ ကျမ်းဂန်စာပေတို့ကို မီးရှို့တယ်။ ရဟန်းသံဃာတို့ကို သတ်ဖြတ်တယ်လို့ မြန်မာရာဇ၀င်များက ရေးတယ်။ ရှမ်းစာရေးဆရာ Chao Tzang Yawnghwe က မူ ၁၇၅၀ ကျော်နှစ်များက မွန်လူမျိုးမျာ။နှင့် သူတို့ရဲ့ဘာသာတရားယဉ်ကျေးမှုတို့ကို အလောင်းဘုရားပြုလုပ်ခဲ့တာနဲ့စာ ရင် မဆိုးလှသေးပါဖူးလို့ ရေးပါတယ်။ ခက်တာက သိုဟန်ဘွား လုပ်ခဲ့တာကို လူတွေသိသလောက် အလောင်းဘုရားလုပ်ခဲ့တာကို သိအောင် မလုပ်ကြတာပါပဲ။ 

သိုဟန်ဘွားကို မင်းကြီးရန်နောင်လုပ်ကြံလိုက်ပြီးနောက် အုန်းပေါင်ခုံမှိုင်းကို နန်းတင်ခဲ့ကြတယ်။ အဲဒီနောက် မိုးဗြဲနရပတိနှင့် စစ်ကိုင်းစည်သူကျော်ထင်တို့ အင်းဝမှာ ဆက်လက်မင်းပြုခဲ့ကြတယ်။ အဲဒီမင်းတွေဟာလည်း ရှမ်းမင်းတွေပဲဖြစ်တယ်။ အင်းခေတ်မှာ ကျော်ကြားတဲ့ မိဖုရားစောဥမ္မာနှင့် မင်းဆက်ငါးသွယ် ရှင်ဘို့မယ်တို့ဟာလည်း ရှမ်းမင်းသမီးတွေပဲ ဖြစ်ကြတယ်။ ၁၅၅၄ မှာ ဒုတိယမြန်မာနိုင်ငံကို တည်ထောင်သူ ဘုရင့်နောင်က အင်းကိုချီတက်သိမ်းပိုက်ခဲ့လို့ ပထမအင်းဝခေတ် နိဂုံးချုပ်ခဲ့တယ်။

ပုဂံအပျက် ၁၂၈၈ မှ ၁၅၅၄ ထိ ကာလရခိုင်နှင့် မွန်ဒေသအချို့မှ အပဖြစ်တဲ့ မြန်မာပြည်တစ်ခုလုံးကို ရှမ်း(သို့) တိုင်းလူမျိုးတို့ ကြီးစိုးခဲ့တယ်လို့ ယူဆတယ်။ အဲဒီကာလက မြန်မာတို့ရဲ့ သြဇာဟာ အင်းဝလက်အောက်ခံအနေနဲ့ ပြည်နှင့်တောင်ငူနယ်ကလေးတွေလောက်မှာသာ ရှိခဲ့တယ်။ သို့ဖြင့် ပုဂံအနော်ရထာမင်းလက်ထက် ၁၁ ရာစုမှ ကုန်းဘောင်ဆက်နောက်ဆုံးဘုရင် သီပေါမင်း ပါတော်မူတဲ့အထိ မြန်မာရာဇ၀င်ကို လေ့လာကြည့်လျှင် ပင်းယ၊ စစ်ကိုင်းနှင့် ပထမအင်းဝခေတ်ပျက်တဲ့ ၁၅၅၄ အထိ နှစ်ပေါင်း ၂၅၀ ခန့် ရှမ်းတို့ တန်ခိုးသြဇာကြီးခဲ့တဲ့ကာလလို့ ဆိုရမယ်။ ကျန်တဲ့ကာလတစ်လျှောက်လုံးမှာတော့ ရှမ်းတွေဟာ မြန်မာဘုရင်လက်အောက်ခံ ပဏ္နာဆက်နိုင်ငံ (Vassal State) အဖြစ်နဲ့သာ ရပ်တည်ခဲ့ရတယ်။ သို့သော်လည်း ရှမ်းစော်ဘွားများအနေနဲ့ ကိုယ့်နယ်မှာကိုယ် လွတ်လွတ်လပ်လပ် စီမံအုပ်ချုပ်ခွင့်ရှိပါတယ်။ ကုန်းဘောင်ခေတ် မင်းများလက်ထက် ရှမ်းပြည်အုပ်ချုပ်ရေးမှာ အများအားဖြင့် နယ်များကိုစော်ဘွား၊ နယ်လတ်များကို မြို့စားနှင့် နယ်ငယ်များကို ငွေခွန်မှူးများ ထားရှိအုပ်ချုပ်ခဲ့တယ်။

၁၈၈၅ နိုဝင်ဘာ ၂၀ မှာ သီပေါမင်းပါတော်မူတယ်။ မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှနယ်ချဲ့စနစ်အောက် ကို ကျရောက်ခဲ့တယ်။ ၁၈၉၀ မှာ ရှမ်းပြည်တစ်ခုလုံးကို အင်္ဂလိပ်လက်အောင်ခံအဖြစ် သိမ်းယူတယ်။ ကြိုတင်ကတိပြုထားတဲ့ အတိုင်း ရှမ်းစော်ဘွားများအား ၎င်းတို့ နယ်မြေအသီးသီးကို ဆက်လက်အုပ်ချုပ်စေတယ်။

~Ref:ကျော်သက်ဟန် ၊ Mingalarbar Magazine, Vol. 6, No. 1, May- Oct 2014 မှ တိုက်ရိုက်ကူးယူဖော်ပြပါသည်။ &Credit Lwin Pyin
×××

သျှမ်း နှင့်  ရှမ်း ဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်

==============================

စကားလေး အဖြစ် နည်းနည်း ရှင်းပြချင် ပါတယ် …
လူတွေ များသောအားဖြင့် ရေးနေကြတဲ့ *ရှမ်း* ဆိုတဲ့ စကားလုံးမှာ *ရ*ကောက် နဲ့ ရေးတဲ့ (ရှမ်း) ကိုရှေးက သျှမ်းပညာရှိ တွေလည်း မနှစ်သက်ကြဘူးလို့ သိရပါတယ်… 
အဓိပ္ပါယ်ကတော့ ခိုက်ရန်ဖြစ်ခြင်း ရိုက်ပုတ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်သောကြောင့်ဟု ဆိုပါတယ်
(အရှင်သုခမိန္ဒ၏ ရှမ်းတိုင်းရင်းသားတို့၏ကိုးကွယ်ယုံကြည်မှု နဲ့ ဓလေ့ထုံးစံများ  ရှမ်းအဓိပ္ပါယ် ဖွင့်ဆိုချက်မှ)

ရှေးလူကြီးတွေ မနှစ်သက်ကြတဲ့အကြောင်းကို လေ့လာမိ သလောက် ပြောရမယ်ဆိုရင် *ရ* ကောက် အက္ခရာနဲ့ ရေးတဲ့ (ရှမ်း) ဆိုတဲ့ စကားလုံးမှာ လောကီနည်းလမ်း နဲ့ စိစစ် ကြည့်တော့ *ရ*ကောက်ဆိုတဲ့ အက္ခရာကို ၁၄လုံး မြောက် *စိတြနက္ခတ်* ကပိုင်ပါတယ် အဲဒီ နက္ခတ်ဟာ အမျိုးအားဖြင့် ခွဲရင် (ဒေသွန္ဒြိ - သူတောင်းစား သူယုတ်နက္ခတ်) ဆိုတဲ့ အမျိုးအစား ဖြစ်ပါတယ်…

ဒါကြောင့် ရကောက် အက္ခရာနဲ့ ရေးတဲ့ (ရှမ်း) ဆိုသည့် အသုံးအနှုံးဟာ *ဆင်းရဲခြင်း - ဘုန်းတခိုးတေဇာ ယုတ်နိမ့်ခြင်း -ခိုက်ရန်ဖြစ်ခြင်း ဆုတ်ယုတ်ခြင်း စတဲ့ အဓိပ္ပါယ် အကျိုး သက်ရောက်ပါတယ်…

*သ*နဲ့ ရေးတဲ့ သျှမ်းဆိုသည့် အက္ခရာကို စိစစ်ကြည့်ရင် *သ* အက္ခရာဟာ ၁၃လုံးမြောက် *ဟဿ      တ  နက္ခတ်* နဲ့ ၂၄လုံးမြောက် *သတ္တဘိသျှ* နက္ခတ်ကပိုင်ပါတယ်… ဟဿ  တ*နက္ခတ်ဟာ အမျိုးအစားအားဖြင့် ရာဇမင်းနက္ခတ် ဖြစ်ပြီး *သတ္တဘိသျှနက္ခတ်*ဟာ ဒေဝီမိဖုရား အမျိုးအစား ဖြစ်ပါတယ်…

ဒါကြောင့် သျှမ်းဆိုသည့်အက္ခရာရဲ့ အဓိပ္ပါယ်အကျိုး သက်ရောက်မှုက ဘုန်းတခိုးသြဇာအာဏာသက်ရောက်
ခြင်း ထွန်းတောက်ခြင်း စိုးမိုးခြင်း အခြံအရံများခြင်းဆိုတဲ့ အဓိပ္ပါယ်ကို သက်ရောက်စေကြောင်း သိရှိရပါတယ်…

ထို့ကြောင့် ဒို့သျှမ်းတွေနဲ့ ပတ်သက်တဲ့ အဆောက်အဦး ပါတီ အဖွဲ့အစည်း ဆိုင်းဘုတ် နာမည်စတာတွေမှာ ( ရှမ်း) ဆိုသည့် အသုံးအနှုံး အရေးအသားအစား (သျှမ်း) ဆိုသည့် အသုံးအနှုံး ကို ပြောင်းလဲ သုံးစွဲကြစေချင် ကြောင်း သမ္မာဆန္ဒ ဖြင့်သာ ပြောကြားလိုက်ပါသည် ။

( ပါဠိဖြင့်ဆိုရင်လည်း *သာမ - ညီညွတ်ခြင်း *မှ* သျှာမ *သျှမ်း* ) သျှမ်းတို့ အကျိုးကို ရှေးရှုလျက် … နိဂုံးချုပ်အပ် ပါသည် ။

မ်ꨮꨲ သုင်ꨁꨣꨳ ပီꨳꨓွင်ꨵ ꨁိုဝ်းတꨯးꨟဝ်း

#Jai Wann Leng Hsai

သျှမ်းဆိုတာက "သက္ကတဘာသာ" အားဖြင့် "သျှာမ"လို့ ခေါ်တယ်။ "သျှာမ"မှာ "မ-သတ်"လိုက်တော့ "သျှမ်း"ဖြစ်လာတာ။ "သျှမ်း"ဆိုတာ ရွှေရောင်။ ဥပမာအားဖြင့် "သုဝဏ္ဏသာမ"ပေါ့။ "သုဝဏ္ဏသာမ" ရွှေရောင်လို ဝင်းဝါနေတဲ့ သတိုးသား။ အသားအရေတွေက ရွှေလို ဝင်းဝါနေတာတဲ့။

အဲဒီလိုပါဘဲ "သျှမ်း"ဆိုတာ ရွှေလိုဝင်းဝါနေတဲ့ ရွှေရောင်ရှိရောင်ကဲ့သို့ အသားအရေရှိတဲ့ လူမျိုးကို "သျှမ်းလို့ ခေါ်တာ။

 

အောက်စ်ဖို့ဒ်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဓမ္မသာမိ၏ ရွှေရတုမွေးနေ့ အထိမ်းအမှတ်    စာအုပ်မှ

မဟန ဥက္ကဋ္ဌ  ဗန်းမော်ဆရာတော်ကြီး     ဘဒ္ဒန္တကုမာရာဘိဝံသ၏ သြဝါဒကထာ ကောက်နုတ်ချက် ဖြစ်​ပါတယ်​။


#နမ့်ခုံးလုံ
 

အာသာ ဖြေခြင်း

 

#အမျိုးသမီးတကိုယ်​​ရေအာသာ​ဖြေခြင်း...

********************************



မြန်​မာမိန်းက​လေးအများစုမ​မေးရဲ၊မ​ပြောရဲသည့်​အ​ကြောင်းရာများကို ပညာ​ပေး​ဆောင်းပါးအဖြစ်​​ရေးထားသည်​။

မိန်းခ​လေး​တွေတစ်​ကိုယ်​ရည်​အာသာ​ဖြေပါများရင်
လူအများစု​ပြောကြတဲ့ မျက်​စိမှုန်​သွားမယ်​၊၀က်​ခြံ​ပေါက်​မယ်​၊အားအင်​ချိနဲသွားမယ်​ဆိုပြီး ယုံကြည့်​မှုလွဲမှား​နေတာ​တွေ အများကြီးရှိပါတယ်​။
အာသာ​ဖြေခြင်းဆိုတာဘာလဲ Wikipedia မှာ​တော့ လိင်​စိတ်​​ကျေနပ်​​စေဖို့ မိမိကိုယ်​တိုင်​ သို့မဟုတ်​ တခြားသူရဲ့ လိင်​အင်္ဂါကို နှိုးဆွခြင်​အားဖြင့်​ အထွပ်​ထိပ်​​ရောက်​​စေခြင်း လို့​ပြောပါတယ်​။
အာသာ​ဖြေခြင်း လို့​ပြောလိုက်​ရင်​ အမျိုးသား​တွေအတွက်​​တော့ အထူးတလည်​ကိစ္စမဟုတ်​​တော့ပါဘူး။ ဒါပင်​မဲ့ အမျိုးသမီး​တွေမှာ​တော့ လက်​ခံဖို့ ခက်​ခဲကြပါတယ်​။ အပြစ်​တခုလုပ်​သလိုမျိုး သို့မဟုတ်​ မ​ကောင်းတဲ့ မိန်းမ ရဲ့ အပြုအမူလို့ ထင်​​နေကြပါတယ်​။ ယခု​ခေတ်​မှာ​တော့ ဘယ်​ကိစ္စမဆို ပွင့်​ပွင့်​လင်းလင်း​ပြောဆိုနားလည်​ရမယ့်​အချိန်​​ရောက်​လာပါပြီ။
ဒါပင်​မဲ့ ဒီလိုဖြစ်​မလာပါဘူး။ မိန်းက​လေအများစုက ဒီကိစ္စနဲ့ပတ်​သတ်​ပြီး ​ဆွေး​နွေးဖို့ကို ငြင်းဆန်း​နေကြတုန်းပါ။
အဓိကပြသနာက​တော့ ​ဆွေး​နွေးတဲ့အခါ ဘယ်​လို​ပြောဆိုမလဲ အသုံးနှုံး ဘလိုသုံးမလဲဆိုတာဖြစ်​ပါတယ်​။အ​နောက်​နိုင်​ငံ​တွေမှာ ​တော့ ​ဆွေး​နွေမှု​တွေက တဦးချင်းဆီ ရဲ့ လိင်​မှုဘ၀ ကိုလိုက်​ပြီး တိုင်​ပင်​လို့ရပါတယ်​။ အာသာ​ဖြေခြင်းကိုဘလိုလုပ်​မလဲ ဆိုတာကို​ဆွေး​နွေးပြီး အာသာ​ဖြေခြင်းက မိမိနဲ့ မိမိရဲ့ လိင်​မှုဘ၀မှာဘလို သက်​​ရောက်​မှုရှိတာကို မ​ဆွေး​နွေးလို့မရပါဘူး။
အခြားကြီးမားတဲ့ အယူဆ အလွဲ​တွေလဲရျိပါတယ်​။ 
မိန်းက​လေး ​တွေက အာသာမ​ဖြေရဘူး လို့ လူတိုင်းက သတ်​မှတ်​ထားခြင်းပါ။ 
တကယ်​​တော့ မိန်းက​လေး​တွေလဲ အာသာ​ဖြေပါတယ်​။
ပြီး​တော့ အာသာ​ဖြေခြင်းလုပ်​တဲ့မိန်းက​လေး​တွေမှာ ကိုယ်​ကိုယ်​ကို ယုံကြည့်​မှု့ ပိုရှိတတ်​ပါတယ်​။

တချို့​မေးခွန်း​တွေရှိပါတယ်​။

အာသာ​ဖြေတာ နာကျင်​မှုရှိပါလား။
နည်းနည်းဂရုစိုက်​မယ်​ဆို လုံးဝ မနာပါဘူး။

အပြစ်​ဖြစ်​လား။ 
လုံးဝမဖြစ်​ပါ။

ကျန်းမာ​ရေးကိုထိခိုက်​နိုင်​လား။
မထိခိုက်​ပါ။
ကိုယ်​၀န်​လဲရမှာမဟုတ်​ပါဘူး။

အာသာ​ဖြေခြင်းရဲ့ အကျိုးများ
စိတ်​ဖိစီးမှု့ ​လျော့​စေမယ်
နှစ်​ချိုက်​စွာအိပ်​​စေမယ်
စိတ်​ရွှင်​လန်း​စေမယ်
ရာသီလာချိန်​ နာကျင်​မှုကိုသက်​သာ​စေမယ်
သွေးလည်​ပတ်​မှု​ကောင်းမယ်
မိမိကိုယ်​ကို ယုံကြည်​မှုရှိ​စေမယ်
မိမိအ​ဖော်​နဲ့ ပိုပြီး​ကျေနပ်​မှု​ရှိ​စေမယ်
ပို​ကျေနပ်​စရာ​ကောင်းတဲ့ လိင်​မှုဘ၀ရ​စေပါတယ်​။

အာသာ​ဖြေခြင်းနှင့်​ပတ်​သတ်​တဲ့ သိထားသင်​သည့်​အရာများ
မိမိကိုယ်​တိုင်​ရဲ့ကိုယ်​ပိုင်​ဆုံးဖြတ်​ချက်​သာဖြစ်​တယ်​။
အာသာ​မ​ဖြေခင်​နဲ့ ​ဖြေပြီးရင်​ လက်​ကို သန့်​ရှင်းစွာထားရမယ်​။
ထိခိုက်​နာကျင်​မှု့မရှိ​အောင်​ဂရုပြုရမယ်​။
ယောနိထဲတစုံတခုမထည့်​ခင်​ လုံ​လောက်​စွာ ​ချော​မွေ​နေဖို့ သတိပြုပါ။
ဘယ်​နစ်​ကြိမ်​လုပ်​မယ်​ဆိုတာ မိမိကိုယ်​တိုင်​ဆုံးဖြတ်​ပါ။အရမ်းများရင်​​တော့ မ​ကောင်းနိုင်​ပါဘူး။
မှန်​ကန်​တဲ့ အသိပညာများရှာ​ဖွေ​လေ့လာထားပါ။
မိန်းက​လေးအများစုက အာသာ​ဖြေရမှာကို ရှက်​ရွံတယ်​ ၊စိုးရိမ်​တယ်​၊ အဓိကက လူအများစုက လက်​မခံဘူးလို့ ​တွေးမိလို့ပါ။
မိန်းက​လေးတ​ယောက်​ရဲ့ မိမိခန္ဓာကိုယ်​ကို နားလည်​ ဖွင့်​ထုတ်​ခြင်းကို ဖိနိပ်​မထားသင့်​ပါဘူး။
ဒါ​ကြောင်း စိုရိမ်​မ​နေပါနဲ့ ​တွေးပူမ​နေပါနဲ့ ကိုယ်​ခန္ဓာကိုယ်​ကို ကိုယ်​ပိုင်​ပါတယ်။
တကိုယ်​​ရေအာသာ​ဖြေခြင်း(၁၈နှစ်​ပြည့်​မှဖက်​ပါ) အပိုင်း-၃

ဒီတခါ​တော့အမျိုးသမီး​တွေရဲ့ အ​ကြောင်းပါ။ရှက်​တတ်​ပြီးစိတ်​မ၀င်​စားသူ​တွေ​ကျော်​သွားပါ။ လိင်​အသိပညာ​ပေးအ​နေနှင့်​ ​ရေးသားခြင်းသာဖြစ်​ပါတယ်​။
အမျိုးသမိး​တွေရဲ့ အာသာ​ဖြေပုံ​တွေက​တော့ မိန်းမကိုယ်​ နှုတ်​ခမ်းသား​လေး​တွေကိုပွတ်​သပ်​ခြင်းနဲ့ မိန်းမကိုယ်​နှုတ်​ခမ်းဝထိပ်​ရှိ အ​စေ့ကို လက်​ညှိုးသို့မဟုတ်​ လက်​ခလယ်​ လက်​​ချောင်း​တွေနဲ့ လှုံ့​ဆော်​ကြပါတယ်​။တခါတရံလက်​​ချောင်း​တွေကို အတွင်းထဲထိုးထည့်​ပြီး G spot လို့​ခေါတဲ့ ​ယောနိအ​ရှေ့ဘက်​နံရံက အာရုံခံစားမှု​ကောင်းတဲ့​နေရာ​လေးကိုလှုံ့​ဆော်​တတ်​ကြပါတယ်​။တုန်​ခါစက်​ ​တွေနဲ့ လိင်​တံတု​တွေကိုလဲ အသုံးပြုတတ်​ကြပါတယ်​။
အများစုက ကျန်​တဲ့လက်​တဖက်​နဲ့ ရင်းသားနဲ့ နို့သီး​ခေါင်း​တွေကို ခပ်​ဖွဖွညှစ်​ပြီး လှုံ့​ဆော်​မှုကိုခံစားကြပါတယ်​။ တချို့မှာ​တော့ စအိုနဲ့ ပိုပြီး သာယာတတ်​ကြပါတယ်​။မိန်းက​လေးအများစုက​တော့ ​ချောဆီသပ်​သပ်​မသုံးကြပါဘူး မိန်​မကိုယ်​ကထွက်​တဲ့ သဘာဝ​ချောဆီနဲပဲ အဆင်​​ပြေကြပါတယ်​။ တခါတရံ အတွင်းထဲ ထိုးသွင်းမှု​တွေလုပ်​ရင်​​တော့ ​ချောဆီသုံးကြတာလဲရှိပါတယ်​။
အာသာ​ဖြေတဲ့ ခန္ဓာကိုယ်​အ​နေထား​တွေက ပက်​လက်​အိပ်​​ခြင်း၊​မှောက်​အိပ်​ခြင်း၊ ထိုင်​​နေခြင်း၊ ​ဆောင့်​​ကြောင့်​ထိုင်​ခြင်း၊ဒူး​ထောက်​ခြင်း သို့ မက်​တပ်​ရပ်​လျှက်​ စသဖြင့်​ အ​နေထားအမျိုးမျိုးမှာလုပ်​လို့ရပါတယ်​။
တခါတရံ ​ခေါင်းအုံး အိပ်​ရာခင်း​စောင်း သို့ အ၀တ်​​ခေါက်​စတာ​တွေနဲ့ နှုတ်​ခမ်းသား​တွေကို ဖိပွတ်​တာမျိုးလဲရှိပါတယ်​။ပရီ​ဘောဂပစ္စည်း​တွေရဲ့ ​စောင်း​တွေ​ဒေါင့်​​တွေကလဲ့ အာသာ​ဖြေစရာဖြစ်​​နေတတ်​ပါတယ်​။
အချို့မိန်းက​လေး​တွေက ပွတ်​သပ်​တာမျိုးမဟုတ်​ဘဲ့ အင်္ဂါ ​ပေါ်ကိုဖိအား​ပေးခြင်းနဲ့လဲ ​ကျေနပ်​မှုရ​စေတတ်​ပါ​သေးသည်​။ထိုင်​ခုံမှာထိုင်​ပြီး ​ခြေ​ထောက်​ချိတ်​ထိုင်​​နေကာ ​ပေါင်​နှစ်​ဘက်​ ကို ညစ်​လိုက်​တဲ့အခါ လိင်​အင်္ဂါ​ပေါ်ကို ဖိအားသက်​​ရောက်​ပြီး​ကျေနပ်​မှုရ​စေနိုင်​တယ်​။ အခြားလူ​တွေ အနီးရှိ​နေရင်​​တောင်​မသိသာ​စေလိုက်​ပါဘူး။
ယောကျား​လေးများအတိုင်း မိန်းက​လေးများအာသာ​ဖြေတဲ့အခါ အပြာပုံ များဇာတ်​ကားများကြည့်​၍၄င်း၊ လိင်​စိတ်​နိုးထ​စေတဲ့ အ​တွေများအဖြစ်​ပျက်​များ​ပြန်​​တွေး ရင်း နဲ့ အာသာ​ဖြေတတ်​ကြပါတယ်​။
2007 ခုနစ်​မှာ သု​သေသန​တွေအရ ​ယောကျာ်း​လေး 97% နဲ့ မိန်းက​လေး80% ဟာ တကိုယ်​​ရေအာသာ​ဖြေခြင်းကိုပြုလုပ်​ကြပါတယ်​။အဲဒါ​ကြောင့်​သင့်​အ​နေနဲ့တစ်​ကိုယ်​​ရေအာသာ​ဖြေ
ရတဲ့အရသာကိုနှစ်​သက်​စွဲလန်း​နေတယ်​ဆိုရင်​မစိုးရိမ်​ပါနဲ့။
ဆက်​လုပ်​ပါ။ဒါဟာအရွယ်​​ရောက်​ပြီးကျန်းမာသန်​စွမ်းတဲ့မိန်
ခ​လေးတိုင်းလုပ်​ကိုလုပ်​​လေ့ရှိတဲ့အပြုအမူတစ်​ခုပါ။လိင်​စိတ်
လျော့နည်းပြီးတစ်​ကိုယ်​ရည်​အာသာမ​ဖြေဖူးမှသာကျန်းမာ​ရေး
ပြသနာရှိ​နေနိုင်​တာပါ။

အာသာ​ဖြေတယ်​ဆိုတာ ပုံမှန်​အပြုမူတခုဖြစ်​ပါတယ်​။ လိင်​မှတဆင့်​ကူးစက်​​ရောဂါနဲ့ မလိုအပ်​ဘဲ ကိုယ်​၀န်​ရတာကိုတားဆီး​ပေးနိုင်​သလို လိင်​ဆက်​ဆံတဲ့ အခါ ​ကျေနပ်​မှုအပြည့်​အ၀ရဖို့ အ​ထောက်​ကူ​ပေးပါတယ်​။

Tuesday, October 5, 2021

မြန်မာနိုင်ငံရှိ တိုင်းရင်းသား ၁၃၅ မျိုး

 မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သော တိုင်းရင်းသားများ၊







၁။ ဗမာ        -        ၉မျိုး
၂။ ကချင်      -        ၁၂မျိုး
၃။ ကယား     -        ၉မျိုး
၎။ ကရင်       -        ၁၁မျိုး
၅၊ ချင်း         -        ၅၃မျိုး
၆။ မွန်          -        ၁မျိုး
၇။ ရခိုင်         -        ၇မျိုး
၈။ ရှမ်း           -        ၃၃မျိုး
………………………………………………………………
စုစုပေါင်း    -       ၁၃၅မျိုး
………………………………………………………………

#ဗမာ        -        ၉မျိုး
၁။ ဗမာ
၂။ ထားဝယ်
၃။ မြိတ်
၎။ယော
၅။ ရဘိန်း
၆။ ကဒူး (ခုံးကူး)
၇။ဂဏန်း
၈။ ဆလုံ
၉။ ဖုန်း (ဖွန်)

#ကချင်      -        ၁၂မျိုး
၁။ ကချင်
၂။ ကရို
၃ ။ ဒလောင်
၎။ ဂျိန်းဖော
၅။ ဂေါ်ရစ်
၆ ။ခခု
၇။ ဒုရင်
၈။ မရု(လော်ဂေါ်)
၉။ ရဝမ်
၁၀။ လရှီ(လာချစ်)
၁၁။ အဇီး
၁၂ ။ လီဆူး

#ကယား     -        ၉မျိုး

၁။  ကယား
၂။ ဇယိမ်း
၃။ ကယမ်း (ပဒေါင်)
၎။ ဂေခို
၅။ ဂေဘား
၆။ ပရဲ(ကယော)
၇။ မနူမနော်
၈။ ယင်းတလဲ
၉။ ယင်းတော်။

#ကရင်       -        ၁၁မျိုး

၁။ ကရင်
၂။ ကရင်ဖြူ
၃။ပလေကီး (ပလေချီ)
၎။ မွန်ကရင်
၅။ စကော(ကရင်)
၆။ တလှေပွာ
၇။ ပကူး
၈။ ဘွဲ
၉။ မောနေပွား
၁၀။ မိုးပွာ
၁၁။ ပိုး(ကရင်)

#ချင်း         -        ၅၃မျိုး
၁။ ချင်း
၂။ မယ်တိုင် (ကသဲ)
၃။ ဆလိုင်း
၎။ ကလင်တော(လူရှေ)
၅။ ခမီ
၆။ အောဝခမီ
၇။ ခေါနှိုး
၈။ ခေါင်စို
၉။ ခေါင်ဆိုင်ချင်း
၁၀။ ခွာဆင်းမ်
၁၁။ ခွန်လီ (ခေဧ) ဆင်မ်
၁၂။ ဂန်ဘဲ
၁၃။ ဂွေးတဲ
၁၄။ ငွန်း
၁၅။ ဆီစာန်
၁၆။ဆင်ထန်
၁၇။ ဆိုင်းတန်
၁၈။ ဇာတောင်
၁၉။ ဇိုထုံး
၂၀။ ဇိုဖေ
၂၁။ ဇို
၂၂။ ဇန်ညှပ်(ဇန်နိယပ်)
၂၃။ တပေါင်
၂၄။ တီးတိန် (တဲဒင်မ်)
၂၅။ တေဇန်
၂၆။ တိုင်ချွန်း
၂၇။ တာ့ ဒိုး
၂၈။ တောရ်
၂၉။ ဒင်မ်
၃၀။ ဒိုင်(ယင်ဒူး)
၃၁။ နာဂ
၃၂။ တန်ဒူး
၃၃။ မာရင်
၃၄။ ပနမ်း
၃၅။ မကန်း
၃၆။ မဟူ
၃၇။ မီရမ် (ခေါ်) မရာ
၃၈။ မီအဲ
၃၉။ မွင်း
၄၀။ လူရှိုင်း (လူရှေ)
၄၁။ ဟွာလ်ငို
၄၂။ လေးမြို
၄၃။ လင်တဲ့
၄၄။ လောက်ထူ
၄၅။ လိုင်
၄၆။ လိုင်ဇို
၄၇။ ပါကင်းမ်(ခေါ်)မရို
၄၈။ အနူး
၄၉။ အနန်
၅၀။ အူပူ
၅၁။ လျင်းတု
၅၂။ အရှိုချင်း (မြေပြန့်)
၅၃။ ရောင်ထု

#မွန်          -        ၁မျိုး
၁။ မွန်

#ရခိုင်         -        ၇မျိုး

၁။  ရခိုင်
၂။ ကမန်
၃။ ခမွီး
၎။ ဒိုင်းနက်
၅။ မရမာကြီး၊
၆။ မြို
၇။ သက်

#ရှမ်း           -        ၃၃မျိုး
၁။  ရှမ်းလူမျိုး
၂။ ယွန်းလူမျိုး (လာအို)
၃။ ကြီ
၄။ ဖျင်
၅။ သအို
၆။ စနော
၇။ ပလေး
၈။ အင်
၉။ စုံ (ဆံ)
၁၀။ခမူ
၁၁။ ကော် ( အခါအိ)
၁၂။ ကိုးကန့်
၁၃။ ခန္တီးရှမ်း
၁၄။  ဂုံ(ခွန်)
၁၅။ တောင်ရိုး
၁၆။ ပ လောင်
၁၇။ မြောင်ဇီး
၁၈။ ယင်းကြား
၁၉။ ယင်းနက်
၂၀။ ဓနု
၂၁။ ရှမ်းကြီး
၂၂။ လားဟူ
၂၃။ လွယ်လ
၂၄။ အင်းသား
၂၅။ အိုက် ဆွယ်
၂၆။ ပအိုဝ့် 

၂၇။ တိုင်းလွယ်
၂၈။ တိုင်းလျမ်
၂၉။ တိုင်းလုံ
၃၀။ တိုင်းလေ့
၃၁။ မိုင်းသာ
၃၂။ မောရှမ်း
၃၃ ။ ကော

တင်သန်းယု (မြန်မာခရီးသွား) ဧည့်လမ်းညွှန်နှင့် ၀န်ဆောင်မှုလုပ်ငန်း (အခြေခံ) စာအုပ်မှ ကောက်နုတ် တင်ပြသည်။ 

×××

 

Unicode

တိုင်းရင်းသား ၁၃၅မျိုး

၁။ ဗမာ        -        ၉မျိုး
၂။ ကချင်      -        ၁၂မျိုး
၃။ ကယား     -        ၉မျိုး
၄။ ကရင်       -        ၁၁မျိုး
၅၊ ချင်း         -        ၅၃မျိုး
၆။ မွန်          -        ၁မျိုး
ရ။ ရခိုင်         -        ရမျိုး
၈။ ရှမ်း           -        ၃၃မျိုး
………………………………………………………………
စုစုပေါင်း    -       ၁၃၅မျိုး
………………………………………………………………

#ဗမာ        -        ၉မျိုး
၁။ ဗမာ
၂။ ထားဝယ်
၃။ မြိတ်
၄။ယော
၅။ ရဘိန်း
၆။ ကဒူး (ခုံးကူး)
ရ။ဂဏန်း
၈။ ဆလုံ
၉။ ဖုန်း (ဖွန်)

#ကချင်      -        ၁၂မျိုး
၁။ ကချင်
၂။ ကရို
၃ ။ ဒလောင်
၄။ ဂျိန်းဖော
၅။ ဂေါ်ရစ်
၆ ။ခခု
ရ။ ဒုရင်
၈။ မရု(လော်ဂေါ်)
၉။ ရဝမ်
၁၀။ လရှီ(လာချစ်)
၁၁။ အဇီး
၁၂ ။ လီဆူး

#ကယား     -        ၉မျိုး

၁။  ကယား
၂။ ဇယိမ်း
၃။ ကယမ်း (ပဒေါင်)
၄။ ဂေခို
၅။ ဂေဘား
၆။ ပရဲ(ကယော)
ရ။ မနူမနော်
၈။ ယင်းတလဲ
၉။ ယင်းတော်။

#ကရင်       -        ၁၁မျိုး

၁။ ကရင်
၂။ ကရင်ဖြူ
၃။ပလေကီး (ပလေချီ)
၄။ မွန်ကရင်
၅။ စကော(ကရင်)
၆။ တလေှပွာ
ရ။ ပကူး
၈။ ဘွဲ
၉။ မောနေပွား
၁၀။ မိုးပွာ
၁၁။ ပိုး(ကရင်)

#ချင်း         -        ၅၃မျိုး
၁။ ချင်း
၂။ မယ်တိုင် (ကသဲ)
၃။ ဆလိုင်း
၄။ ကလင်တော(လူရေှ)
၅။ ခမီ
၆။ အောဝခမီ
ရ။ ခေါနွိုး
၈။ ခေါင်စို
၉။ ခေါင်ဆိုင်ချင်း
၁၀။ ခွာဆင်းမ်
၁၁။ ခွန်လီ (ခေဧ) ဆင်မ်
၁၂။ ဂန်ဘဲ
၁၃။ ဂွေးတဲ
၁၄။ ငွန်း
၁၅။ ဆီစာန်
၁၆။ဆင်ထန်
၁၇။ ဆိုင်းတန်
၁၈။ ဇာတောင်
၁၉။ ဇိုထုံး
၂၀။ ဇိုဖေ
၂၁။ ဇို
၂၂။ ဇန်ညှပ်(ဇန်နိယပ်)
၂၃။ တပေါင်
၂၄။ တီးတိန် (တဲဒင်မ်)
၂၅။ တေဇန်
၂၆။ တိုင်ချွန်း
၂၇။ တာ့ ဒိုး
၂၈။ တောရ်
၂၉။ ဒင်မ်
၃၀။ ဒိုင်(ယင်ဒူး)
၃၁။ နာဂ
၃၂။ တန်ဒူး
၃၃။ မာရင်
၃၄။ ပနမ်း
၃၅။ မကန်း
၃၆။ မဟူ
၃၇။ မီရမ် (ခေါ်) မရာ
၃၈။ မီအဲ
၃၉။ မွင်း
၄၀။ လူရွိုင်း (လူရေှ)
၄၁။ ဟွာလ်ငို
၄၂။ လေးမြို
၄၃။ လင်တဲ့
၄၄။ လောက်ထူ
၄၅။ လိုင်
၄၆။ လိုင်ဇို
၄၇။ ပါကင်းမ်(ခေါ်)မရို
၄၈။ အနူး
၄၉။ အနန်
၅၀။ အူပူ
၅၁။ လျင်းတု
၅၂။ အရွိုချင်း (မြေပြန့်)
၅၃။ ရောင်ထု

#မွန်          -        ၁မျိုး
၁။ မွန်

#ရခိုင်         -        ရမျိုး

၁။  ရခိုင်
၂။ ကမန်
၃။ ခမွီး
၄။ ဒိုင်းနက်
၅။ မရမာကြီး၊
၆။ မြို
ရ။ သက်

#ရှမ်း           -        ၃၃မျိုး
၁။  ရှမ်း
၂။ ယွန်း (လအို)
၃။ ကွီ
၄။ ဖျင်
၅။ သအို
၆။ စနော
ရ။ ပလေး
၈။ အင်
၉။ စုံ (ဆံ)
၁၀။ခမူ
၁၁။ ကော် ( အခါအိ)
၁၂။ ကိုးကန့်
၁၃။ ခန္တီးရှမ်း
၁၄။  ဂုံ(ခွန်)
၁၅။ တောင်ရိုးူ
၁၆။ ပလောင်
၁၇။ မြောင်ဇီး
၁၈။ ယင်းကြား
၁၉။ ယင်းနက်
၂၀။ ဓနု
၂၁။ ရှမ်းကြီး
၂၂။ လားဟူ
၂၃။ လွယ်လ
၂၄။ အင်းသား
၂၅။ အိုက်တွယ်
၂၆။ ပအိုဝ့် (တောင်သူ)
၂၇။ တိုင်းလွယ်
၂၈။ တိုင်းလျမ်
၂၉။ တိုင်းလုံ
၃၀။ တိုင်းလေ့
၃၁။ မိုင်းသာ
၃၂။ မောရှမ်း
၃၃ ။ ကော

တင်သန်းယု (မြန်မာခရီးသွား) ဧည့်လမ်းညွွန်နှင့် ၀န်ဆောင်မွုလုပ်ငန်း (အခြေခံ) စာအုပ်မှ ကောက်နုတ် တင်ပြသည်။

 

 

Monday, October 4, 2021

သီတင်းကျွတ် မီးထွန်းဖို့ မီးပုံးလေးတွေ လုပ်ကြပြီ







 







5-10-2021

×××

Unicode

 သီတင်းကျွတ်ကာလ ဘုရားမီးပူဇော်ရန် အတွက် မီးထွန်းပွဲ ပြုလုပ်ကျင်းပဖို့ အတွက် တောင်ကြီးမြို့မှာ ရိုးရာ မီးပုံးလေးများကို လုပ်ရောင်းနေကြပြီ ဖြစ်ပါတယ်။

ခု မြင်တွေ့နေရတဲ့ မီးပုံးလေးတွေကတော့ ဆင်ခြေထောက်လို့ ခေါ်တဲ့ မီးပုံးဝိုင်း ( ငါးလက်မ ) ရိုးရိုး မီးပုံးလေး တွေပဲ ဖြစ်ပါတယ်။ ဒီမီးပုံးလေးတွေဟာ အရောင်းသွက် လူကြိုက်များတဲ့အတွက် အများဆုံး ပြုလုပ်ရောင်းချ နေရတဲ့ ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။ တခြား ဒီဇိုင်း လေးငါးခြောက်မျိုးလောက် ပြုလုပ်ပါသေးတယ်။ အဲဒါ တွေကတော့ ယုန်ရုပ်၊ ကြယ်ရုပ်၊ ရှစ်မြောင့်၊ ပန်းဆွဲ၊ အသည်းပုံ ဒီဇိုင်း တို့ပဲ ဖြစ်ပါတယ်။ အောက်မှာ ယုန်ရုပ် လေးကို ကြည့်နိုင်ပါတယ်။

သီတင်းကျွတ်ကာလ မီးထွန်းဖို့ အတွက် ၀ါဝင်ပြီ ဆိုတာနဲ့ လုပ်ငန်းစတင်ကြရပြီ ဖြစ်ပါတယ်။ တောင်ကြီးမြို့ ကနေ ကျေးရွာများ အတွက် ပြုလုပ်ရောင်းချပေးနေပါတယ်။ သြော် - ရိုးရိုး မီးပုံးပျံ အငယ်လေးတွေ လည်း ရောင်းပေးပါတယ်နော်။


အောက်ပါ ဗီဒီယို လင့်မှာလည်း သွားရောက် ကြည့်လို့ ရပါသေးတယ်။

တောင်ကြီးအလွမ်းပြေ ရိုက်ကူး တင်ဆက်ပေးထားပါတယ်။

 

အားပေးမှု အတွက် ကျေးဇူးတင်ပါသည်။

ဝေဖန် အကြံပေးမှုများကို ကြိုဆိုပါသည်။


5-10-2021

×××


Aung Hein - နည်းပညာ