Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Tuesday, September 27, 2022

အင်းလေးဒေသမှစကားထာအချို့

  အင်းလေးဒေသမှစကားထာအချို့


 


 အင်းလေးဒေသတွင်တိုက်တေး(သို့မဟုတ်)တေးချိုးကဗျာများကို လူပျိုလှည့်တေးအဖြစ်အသုံးပြုကြသည် ။ယင်းလူပျို အပျိုလှည့်တေးကဗျာများကို ရိုးရိုးရှင်းရှင်းမဟုတ်ဘဲ စကာထာ (ပဟေဠိ)ဝှက်ကြသည် ။ထိုလူပျိုအပျိုလှည့်တေး(သို့မဟုတ်)အင်းလေးဒေသတွင်အသုံးပြုသော စကာထာများသည် ထိုကဲပင်ဖြစ်လေသည်။ပထမမောင်လူပျိုက............
                                                                            မောင် ။ ရေမှာနေကုန်းမှာဥ ၊ ခြေလေးခုသတ္တဝါ ၊မေးတဲ့ပုစ္ဆာ ၊သည်ပုစ္ဆာဖော်နိုင်လျင်ဖော်ကြ ၊ရွှေတစ်ရာငွေတစ်သောင်း ၊ လောင်းမယ်ခုည။ ဟုမေးလေသည်။
                                                                                   
                                                                             မယ်။ရေမှာနေကုန်းမှာဥ ၊ ခြေလေးခုသတ္တဝါ၊မေးတဲ့ပုစ္ဆာ၊သည်ပုစ္ဆာဖြေနိုင်တယ်မယ်က ၊ကျောက်ကုန်းမှာသဝေထိုး ၊တွားတဲ့လိပ်မျိုး....ဟုဖြေလေသည်  ။
       
 ထိုနောက်မောင်လူပျိုက....ကုန်း့မှာနေရေမှာဥ ၊အတောင်လေးခုသတ္တဝါ ၊မေးတဲ့ပုစ္ဆာ ၊သည်ပုစ္ဆာဖော်နိုင်လျှင်ဖော်ကြ ၊ရွှေတစ်ရာငွေတစ်သောင်းလောင်းမယ်ခုည ။ဟုဆိုလိုက်သည်  .........။

                                              မယ်  ။ ကုန်း့မှာနေရေမှာဥ ၊အတောင်လေးခုသတ္တဝါ ၊မေးတဲ့ပုစ္ဆာ၊သည်ပုစ္ဆာဖြေနိုင်တယ်မယ်က ၊ကျူပင်ငယ်ထိပ်ဖျား ၊နားတဲ့ပရား (ပျား) ဟုဖြေဆိုလေသည်...........။

 တို့အင်းလေးမှလှေလှော်ဟန်
  အင်းလေးကန်ဆီလှိုင်းပြာရီ ၊ဝေစည်ပွင့်ေတောကြာညိုပေါ ၊လေ့လေ့ဟောလေ့လေ့ဟော ....။
  တို့အင်းမှာလေကျင်းမြဲပေ ၊ ပြိုင်လှေသင်းဖြောပွဲခင်းသော ၊လေ့လေ့ဟောလေ့လေ့ဟော......။
   မိုးကမခေါင်ရေကဖောင် ၊နေရောင်ဆမ်းသောလှိုင်းဖွေးငေါ ၊လေ့လေ့ဟောလေ့လေ့ဟော.....။
   လေးဆယ်မှရာလှော်သားပါ ၊လှေမှာရှည်မျောမဲနက်ကျော ၊လေ့လေ့ဟောလေ့လေ့ဟော.....။
   ခြေထောက်မှာတက်လှော်ခတ်ချက် ၊ရေပွက်ပန်းကြောပြာလျောလျော ၊လေ့လေ့ဟောလေ့လေ့ဟော...။
    ပန်းသီးလှေကိုင်ဒို့လှေနိုင် ၊တက်ကိုင်မြှောက်တောကြွားသံနှော ၊လေ့လေ့ဟောလေ့လေ့ဟော..။
    နိုင်သူအများပြန်အသွား ၊ ရွာသားပျိုချောဆီးကြိုမော ၊လေ့လေ့ဟောလေ့လေ့ဟော.....။
 ___+++
အင်းလေး စကားပုံများ

၁။ လူစားလျှင် နတ်ထည့်လိမ့်မည်။ (လူငတ်လျှင်၊ နတ်ဖြည့်လိမ့်မည်)

၂။ အင်းလယ်ရောက်မှ ဆန်ချေးတောင်းသည်။

၃။ မလိုတမာခါး၊ လိုသကာပျား။

၄။ အများစားတော့ဝမ်း၊ အများလုပ်တော့တော့တွင်။

၅။ မရှိလျှင်ဖားတစ်ကောင်၊ ရှိလျှင် ကျားတကောင်

၆။ ကျားစားစား၊ ကျားငတ်ငတ် ။

၇။ ဖားလိုမခုန်ဘဲ၊ ငါးကဲ့သို့ကျင့်ရသည်။

၈။ ပန်းလည်းလှစေ၊ ဖျားလည်းဝစေ။

၉။ ပဲပုပ်ထောင်းပြီး၊ ခေါင်းပြားအောင်အိပ်။

၁၀။ ကံယုံပြီးရေပေါ်လမ်းမလျှောက်နှင့်။

၁၁။ ကြံနက်လျှင် အေး၊ လူနက်လျှင် မွေး။

၁၂။ ကွဲ (ကျွဲ) ပါးစောင်းတီး၊ ကလီး (ကျီး) နားစာဖတ်။

၁၃။ ခေါင်းလောင်းနဲ့ ခလောက်မလဲနှင့်။

၁၄။ ခြေမသန်ပဲနဲ့ ခြေပယ် မကောက်နဲ့။

၁၅။ ခွေးမြီးကောက်ကျည်ထောက်စွပ်။ စွပ်တုံးခဏပင်။

၁၆။ ငါးရံကူး (ကြီး) စာကောင်းတပေါင်းလ။

၁၇။ ငါးအုံမက် တကောင်ကြောင့် တလှေလုံး န (နံ)

၁၈။ စပါးဖျင်းပြင် လူဖျင်းရွာပြင်။

၁၉။ တဖောင်းသီးပင် ကလီး(ကျီး)နားသလို။

၂၀။ မီးလောင်မှ ရေပွေ့ရိုးရှည် ရှာသလို။

၂၁။ မြောက်ပိုင်းသူကိုကွမ်းအစ်မပြနဲ့ တောင်ပိုင်းသူကိုစကားမစနဲ့။

၂၂။ လူပုခလာကျယ် လူရှည်နေရာရှား။

၂၃။ သူခိုးပွန်(ပြေး) မှလှံကွန်(ပစ်)။

၂၄။ သံယောင်နှင့် မင်းမပေါင်းနှင့်။

၂၅။ အထုပ်ကြီးလည်းမထမ်းနဲ့ စပ်သီ(ငရုတ်သီး)လည်းမစားနဲ့။

၂၆။ အိုးသခင် ဆန်စိမ်းဝါး မြင်းသခင် ခြေလျင်သွား။

၂၇။ တနေ့မင်းတနေ့ယင်း။

၂၈။ လှေဆင်းတက် မေ့

၂၉။ တက်ကောက်နဲ့ချိတ်၊ တကျိတ်လောက်ပါ။

၃၀။ လူပုလျှင်ပြဲလှေပုလျှင်ဝဲ။

၃၁။ လှေမျော၊ လှေနှင့်ငင်။

၃၂။ လှေပျောက်မှ လှေကြိုးရှာအထည်ပျောက်မှ အိမ်အောက်ထံရံကာ။

Credit

No comments:

Post a Comment


Aung Hein - နည္​းပညာ